ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကမ်းခြေစောင့်တပ်ဖွဲ့များကို မိမိနိုင်ငံ၏ရေကြောင်း ပထဝီဝင်အနေအထားအပေါ် မူတည်၍ ဖွဲ့စည်းထားကြသည်။ ကမ်းခြေစောင့်တပ် (Coast Guard)ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ပင်လယ်ပြင်နှင့် ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ပင်လယ်ပြင်ဆိုင်ရာ လုံခြုံရေးများကို အဓိက ကာကွယ်ရန်ဖြစ်သည်ဟု အကြမ်းဖျင်းမှတ်ယူရပါမည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကမ်းခြေစောင့်တပ်ဖွဲ့များကို မိမိနိုင်ငံ၏ရေကြောင်း ပထဝီဝင်အနေအထားအပေါ် မူတည်၍ ဖွဲ့စည်းထားကြသည်။ ကမ်းခြေစောင့်တပ် (Coast Guard)ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ပင်လယ်ပြင်နှင့် ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ပင်လယ်ပြင်ဆိုင်ရာ လုံခြုံရေးများကို အဓိက ကာကွယ်ရန်ဖြစ်သည်ဟု အကြမ်းဖျင်းမှတ်ယူရပါမည်။
မြန်မာနိုင်ငံသည် ကျယ်ဝန်းသည့် ပင်လယ်ပြင်ပိုင်နက်နှင့် ရှည်လျားသည့် ကမ်းရိုးတန်းပိုင်ဆိုင်သော ကမ်းရိုးတန်း နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အဆိုပါ ကမ်းရိုးတန်းတစ်လျှောက်တွင် ကျွန်းပေါင်းများစွာရှိသည်။ ထိုကျွန်းစုပေါင်း များစွာတည်ရှိသည့် ပင်လယ်ပြင်ကမ်းရိုးတန်းတစ်လျှောက်တွင် သဘာဝကပေးအပ်ထားသော ရေပေါ်ရေအောက် သယံဇာတ အရင်းအမြစ်များစွာရှိပေသည်။ သို့အတွက် စီးပွားရေးအခွင့်အလမ်းများစွာရှိသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်ကို ငြင်းဖွယ်ရာမရှိပေ။ သို့ကြောင့် နိုင်ငံတော်၏ ပိုင်နက်ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းကို အလုံးစုံ ကာကွယ်စောင့်ရှောက်နိုင်ရန် တပ်မတော်(ရေ)အပြင် ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးတာဝန်များကို အဓိက ထမ်းဆောင်နိုင်မည့် ကမ်းခြေစောင့်တပ်ဖွဲ့ တစ်ခုရှိရမည်ဖြစ်သည်။ ထိုသို့ ဖွဲ့စည်းထားရှိရန်အတွက် အခြားကမ္ဘာ့နိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့များ၏ ဖွဲ့စည်းစာရင်းကောက်ပုံများကို အချိန်ယူလေ့လာရန် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် ယခင်ကကမ်းခြေစောင့်တပ်ဖွဲ့ (Coast Guard) မရှိသည့်အတွက် ပိုင်နက်ပင်လယ်ပြင်နှင့်ရေကြောင်းအကျိုးစီးပွားများ၊ ရေကြောင်းသယံဇာတများကို ကာကွယ်စောင့်ရှောက်ရန်တာဝန်များကို တပ်မတော်(ရေ)က ဆောင်ရွက်ခဲ့ရသည်။ ယခုအချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေးပြီးဖြစ်သည့်အတွက် မြန်မာ့ပင်လယ်ကမ်းရိုးတန်း တစ်လျှောက် ပိုင်နက် ပင်လယ်ဇုန်များ၏ အချုပ်အခြာအာဏာနှင့်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကဏ္ဍများကို အဓိကထား ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ပြင် ရေကြောင်းအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေး၊ ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေးနှင့် ပင်လယ်ပြင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကိုလည်း လုပ်ဆောင်ရန် တာဝန်ရှိနေပြီ ဖြစ်သည်။
ကမ်းခြေစောင့်တပ်ဖွဲ့ (Coast Guard)နှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအချို့၏ ကမ်းခြေစောင့်တပ် အကြောင်းကို လေ့လာလျှင် နိုင်ငံတစ်ခုချင်းစီ၏ ပထဝီဝင်အရ မရှိမဖြစ်ရှိရမည့် အဖွဲ့အစည်းဖြစ်သည်။ အဆိုပါ နိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့သည် အထူးသတ်မှတ်ချက်အနေဖြင့် စနစ်တကျ ဖွဲ့စည်းထားသည်ကို တွေ့ရမည်ဖြစ်သည်။ အဓိကအားဖြင့် ပင်လယ်ပြင်လုံခြုံရေး၊ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာတာဝန်များကို ထမ်းဆောင်ကြသည်။ နိုင်ငံအလိုက် အမည်၊ တာဝန်နှင့် လုပ်ဆောင်ချက်များ ကွဲပြားခြားနား ကြသော်လည်း ကမ်းခြေစောင့်တပ်ဖွဲ့ အားလုံးသည် မိမိနိုင်ငံ၏ ပင်လယ်နယ်မြေဆိုင်ရာ လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ဆိုသည့် တူညီသည့် ရည်မှန်းချက်ပင် ဖြစ်သည်ကို တွေ့ရသည်။ အမေရိကန်ကမ်းခြေစောင့်တပ် (United State Coast Guard-USCG) တို့၏ ရည်မှန်းချက်တာဝန်များမှာ ပြည်တွင်းသင်္ဘောလမ်းကြောင်းအတွင်း လုံခြုံရေးဆောင်ရွက်ခြင်း၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးကုန်ကူးမှု တားဆီးခြင်းနှင့် သဘာဝဘေးအန္တရာယ်တွင် ကယ်ဆယ်ရေးဆောင်ရွက်ခြင်းဆိုသည့်အချက်များပင်ဖြစ်ပေသည်။ ထိုအဖွဲ့၏ ထူးခြားချက်မှာ အမေရိကန်တပ်မတော် အဖွဲ့အစည်းများအနက် တစ်ခုအဖြစ် လည်ပတ်ပြီး တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းဆောင်ရခြင်းပင် ဖြစ်သည်။ ဂျပန်ကမ်းခြေစောင့်တပ် (Japan Coast Guard-JCG)သည် ငါးဖမ်းနယ်မြေအတွင်း ဥပဒေအား ကာကွယ်ရေး၊ ရေငုပ်ခြင်းနှင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်ခြင်း၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် ကုန်ကူးမှုတားဆီးခြင်းဆိုသည့် ရည်မှန်းချက် တာဝန်တို့ကို ဆောင်ရွက်ရသည်။
ဂျပန်နိုင်ငံသည် ပင်လယ်နယ်မြေများသည့် နိုင်ငံဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထား ဆောင်ရွက်ရခြင်းပင်ဖြစ်သည်။ ထို့အတူ အိန္ဒိယကမ်းခြေစောင့်တပ် (Indian Coast Guard-ICG) သည် အိန္ဒိယ ပင်လယ်နယ်မြေများတွင် ဥပဒေစိုးမိုးရေးနှင့် ကယ်ဆယ်ရေး လုပ်ဆောင်ခြင်း၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးခြင်းဆိုသည့် ရည်မှန်းချက် တာဝန်များကို ထမ်းဆောင်ရသည်။ ICG ၏ ထူးခြားချက်မှာ အိန္ဒိယ၏ ကမ်းခြေအနီးရှိ ကျွန်းများနှင့် ပင်လယ်ဘေးကမ်းရိုးတန်း တစ်လျှောက်နယ်မြေများကို ထိန်းသိမ်း ရခြင်းပင်ဖြစ်သည်။
ထို့အတူ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ (Myanmar Coast Guard)ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်တွင် စတင်ဖွဲ့စည်းပြီးဖြစ်သည်။ မြန်မာ့ ပင်လယ်ပြင်အတွင်း တရားဥပဒေ စိုးမိုးရေးနှင့် ရေကြောင်းစီရင်ပိုင်ခွင့် အာဏာများ ထိန်းသိမ်းဆောင်ရွက်ရန်၊ ရေကြောင်းအကျိုးစီးပွားများ၊ ပင်လယ်ပြာ စီးပွားရေး လုပ်ငန်းများနှင့် ရေကြောင်းသဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရန်၊ ရေကြောင်းဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများဆောင်ရွက်ရန်၊ နိုင်ငံတကာ ကမ်းခြေစောင့်တပ်ဖွဲ့များ၊ ရေကြောင်းအဖွဲ့အစည်းများနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများ မြှင့်တင်ရန်နှင့် အရေးပေါ်အခြေအနေကာလတွင် တပ်မတော်(ရေ)အား အထောက် အကူပြုရန်ဆိုသည့် ရည်မှန်းချက်တာဝန်(၅)ရပ်ကို ထမ်းဆောင်နိုင်စေရန်အတွက် ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို နိုင်ငံတော်အကြီးအကဲကအမြော်အမြင်ကြီးမားစွာဖြင့် ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့သည့် ပထမဦးဆုံးသော မြန်မာနိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့ဖြစ်သည်။ စတင်ဖွဲ့စည်းချိန်တွင် အမြန်သွား ကင်းလှည့်ရေယာဉ် နှစ်စင်း၊ ကမ်းခြေစောင့်ကင်းလှည့်ရေယာဉ်နှစ်စင်း၊ အရာရှိ ၃၃ဦး၊ စစ်သည် ၂၃၀ ဦး တို့ဖြင့် ဦးစွာဖွဲ့စည်းခဲ့ကြသည်။ စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ယခုအခါ (၃) နှစ်ပြည့်မြောက်ပြီ ဖြစ်ပေရာ တပ်ဖွဲ့၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဖွဲ့စည်းပုံဆိုင်ရာများတွင် ယခင်ထက်ပြည့်စုံအောင် နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်၍လည်း ဖြည့်ဆည်းပေးနေမည်ဖြစ်သည်။
မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့အနေဖြင့် အခြားအိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများရှိ ကမ်းခြေစောင့်တပ်ဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပြီး ပေးအပ်ထားသည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရမည်ဖြစ်သည်။ ထိုသို့ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် တပ်ဖွဲ့ဝင်တစ်ဦးချင်း စဉ်ဆက်မပြတ် လေ့ကျင့်နေရန်ဖြစ်သည်။
ထိုသို့လေ့ကျင့်ရေးဆောင်ရွက်ခြင်းဖြင့်စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး တပ်ဖွဲ့ဝင်တစ်ဦးချင်းစီ၏ ယုံကြည်မှု၊ ကျွမ်းကျင်မှုများနှင့် ရေယာဉ်များ၏ စွမ်းပကားများကို အသုံးချနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ လေ့ကျင့်သားပြည့်ဝမှု၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်မှုတို့ဖြင့် ကမ်းခြေစောင့် တပ်ဖွဲ့၏ ဆောင်ပုဒ် ဖြစ်သည့် “စောင့်ရှောက်ကာကွယ်ဒို့ပင်လယ်” ဟူသော ရည်မှန်းချက်ကိုလည်း အောင်မြင်စွာ အကောင် အထည် ဖော်နိုင်မည်ဖြစ်သည်။၏
၂၀၂၁ခုနှစ်အောက်တိုဘာလ၆ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးကမ်းခြေစောင့်တပ်ဖွဲ့အား ကွပ်ကဲမှုဌာနချုပ်တစ်ခုနှင့်အမှတ်(၁)ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်စုအားစတင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၂၂ ခုနှစ်ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် ရုံးသစ်ဖွင့်ပွဲသို့ နိုင်ငံတော်အကြီးအကဲက တက်ရောက်ချီး မြှင့်ပေးခဲ့သည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း “နောင်ရိုး စစ်ဆင်ရေး” အမည်ဖြင့် ရေကြောင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ အဆိုပါ စစ်ဆင်ရေးတွင် လိုင်စင်မဲ့ရေယာဉ် နှစ်စင်း၊ တရားမဝင်ရေယာဉ် သုံးစင်း၊ ခိုးဝင် ဘင်္ဂါလီလှေ တစ်စင်း၊ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ရေယာဉ်တစ်စင်း၊ သစ်မှောင်ခိုလှေ နှစ်စင်း၊ ကုန်တင် (ကုန်မဲ့) လှေသုံးစင်းနှင့် ဆီအညစ်အကြေး စွန့်ပစ်သည့် ကွန်တိန်နာရေယာဉ်တစ်စင်းတို့အား ဖမ်းဆီးရမိခဲ့သည်။ ရှာဖွေကယ်ဆယ်ရေး အနေဖြင့် ရေဝင်တိမ်းစောင်း နစ်မြုပ်လျက်ရှိသည့် ကျားပိုက်ငါးဖမ်းလှေမှ ရေလုပ်သား ၂၂ ဦး၊ ကြိုးပြတ်၍ ရေမျောနေသည့် ကျားဖောင်ရေလုပ်သားသုံးဦးနှင့် ရေဝင်နစ်မြုပ်နေသည့် ဒေသခံချွန်းလှေမှ ရေလုပ်သား သုံးဦးတို့အား အသက်ဘေးမှ ကယ်ဆယ်နိုင်ခဲ့သည်။ ထို့ပြင် လေ့ကျင့်ရေးနှစ် များအလိုက် ပြည်ပနိုင်ငံများသို့ အရာရှိ၊ စစ်သည် ၅၅ ဦးတို့အား ပညာတော်သင်စေလွှတ်နိုင်ခဲ့သည်။ နိုင်ငံတကာဆက်ဆံရေး အနေဖြင့် ဒေသတွင်း နိုင်ငံများ၏ ကမ်းခြေစောင့် တပ်ဖွဲ့ဆိုင်ရာ ကိစ္စရပ်များကို အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့် အာဆီယံအဖွဲ့အစည်းတို့ဖြင့် တွေ့ဆုံညှိနှိုင်းခြင်း၊ Virtual စနစ်ဖြင့် အစည်းအဝေး တက်ရောက်ခြင်းတို့အား နှစ်စဉ်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ပြင်ကမ်းခြေစောင့် တပ်ဖွဲ့၏ သဘောသဘာဝအရ မြန်မာ့ပင်လယ်ပြင်အတွင်း နိုင်ငံတကာ ရေယာဉ်များအား စစ်ဆေးကြပ်မတ် ထိန်းသိမ်းရခြင်း၊ နိုင်ငံတကာကမ်းခြေစောင့် တပ်ဖွဲ့များ၊ ရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရခြင်းတို့ကြောင့် ရေကြောင်းဆိုင်ရာ ဥပဒေပညာရပ်များအား စစ်ဘက်/နယ်ဘက် တက္ကသိုလ်များတွင်လေ့လာသင်ယူစေခြင်းတို့အပြင်မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဥပဒေ(မူကြမ်း)ရေးဆွဲခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်။
မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သည် နှစ်အလိုက်ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ သုံးနှစ်တာ ကာလအတွင်း သတ်မှတ်လုပ်ငန်း တာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပေးအပ်ထားသည့် ၄၈ မီတာ အမြန်သွား ကင်းလှည့်ရေယာဉ် လေးစင်းတို့ကိုလည်း တပ်တော်ဝင်အခမ်းအနား ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါသည်။ ယခုဆိုလျှင် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့(Myanmar Coast Guard)တွင် ကမ်းလွန်ကင်းလှည့် ရေယာဉ်တစ်စင်း၊ အမြန်သွား ကင်းလှည့်ရေယာဉ် ခုနစ်စင်း၊ ကမ်းခြေစောင့်ကင်းလှည့်ရေယာဉ် ငါးစင်း၊ တွဲဆွဲ ရေယာဉ်တစ်စင်းနှင့် ရှာဖွေ ကယ်ဆယ်ရေး ကင်းလှည့်ရေယာဉ်လေးစင်း စုစုပေါင်း ၁၈ စင်းတို့ဖြင့် နိုင်ငံတော်၏ ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားတို့ကို ကာကွယ်စောင့်ရှောက်လျက်ရှိပေသည်။
ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရမည်ဟူသည့် နဂိုအရင်းခံစိတ်ဓာတ်ကောင်းများဖြင့် ဝင်ရောက်အမှုထမ်းသူများဖြစ်ကြသည်။ မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ ရှိရင်းစွဲစိတ်ဓာတ်ကောင်းများကို အခြေခံ၍ မိမိတို့ကို ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း “စောင့်ရှောက်ကာကွယ် ဒို့ပင်လယ်”ဟူသော ကမ်းခြေစောင့်တပ်ဖွဲ့၏ ဆောင်ပုဒ်ကိုမြှင့်တင်ကြရမည်ဖြစ်သည်။မြန်မာ့ပင်လယ်ပြင်လုံခြုံရေးနှင့်အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်သည့်စွမ်းရည်ထက်မြက်သော စံပြကမ်းခြေစောင့်တပ်ဖွဲ့အဖြစ်ထာဝရရပ်တည်နိုင်ပါစေကြောင်းဆုမွန်တောင်းရင်း (၃)နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ဂုဏ်ပြုရေးသားအပ်ပါသည်။ ။
Source-www.moi.gov.mm
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကမ်းခြေစောင့်တပ်ဖွဲ့များကို မိမိနိုင်ငံ၏ရေကြောင်း ပထဝီဝင်အနေအထားအပေါ် မူတည်၍ ဖွဲ့စည်းထားကြသည်။ ကမ်းခြေစောင့်တပ် (Coast Guard)ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ပင်လယ်ပြင်နှင့် ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ပင်လယ်ပြင်ဆိုင်ရာ လုံခြုံရေးများကို အဓိက ကာကွယ်ရန်ဖြစ်သည်ဟု အကြမ်းဖျင်းမှတ်ယူရပါမည်။
နိုင်ငံတော်ကာကွယ်ရေးလို့ ပြောလိုက်ရင် လူတော်တော်များများက ငါနဲ့မဆိုင်ဘူးလို့ ယူဆကြသူတွေ များပါတယ်။
နိုင်ငံတော်ကာကွယ်ရေးလို့ ပြောလိုက်ရင် လူတော်တော်များများက ငါနဲ့မဆိုင်ဘူးလို့ ယူဆကြသူတွေ များပါတယ်။
ငါ့အလုပ်မဟုတ်ဘူး၊ နိုင်ငံတော်ကာကွယ်ရေးဆိုတာ စစ်သားတွေတပ်မတော်သားတွေအလုပ်လို့ပဲ မြင်ကြပါတယ်။ အဲဒီစစ်သားတွေတပ်မတော်သားတွေဆိုတာ ဘယ်ကနေ ပေါ်ပေါက်လာတဲ့သူတွေလဲ။ သူလိုငါလို အများပြည်သူတွေထဲက ပေါ်ပေါက်လာတာပါ။ တပ်မတော်သားဆိုပြီး မိုးပေါ်က ကျလာ တာမဟုတ်ပါဘူး။ နိုင်ငံတော်ကာကွယ်ရေးဆိုတာ ငါနဲ့မဆိုင်ဘူးဆိုတဲ့ သူတွေများလာတဲ့အခါ ကာကွယ်ရေး တာဝန် ထမ်းဆောင်ဖို့ လူတွေနည်းပါးလာတာပါပဲ။ အမှန်တကယ်တော့ နိုင်ငံတော် ကာကွယ်ရေးဆိုတာ နိုင်ငံအတွင်းမှီတင်း နေထိုင်သူအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စပါပဲ။ အရွယ်ရောက်သူ တွေက လက်နက်ကိုင်စစ်မှုထမ်းဆောင်ကြသလို စစ်မှုမထမ်းဆောင်နိုင်ကြသူတွေက မိမိတို့တတ်နိုင် တဲ့ ဘက်ကပါဝင်ကူညီကြရမှာပါ။ အသက်အရွယ်ရလာတဲ့ သူတွေအနေနဲ့ လက်နက်စွဲကိုင်စရာ မလိုပေမယ့် မိမိတို့တတ်နိုင်တဲ့ဘက်က နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ပံ့ပိုးပေးကြရမှာပါ။
ဒါမှသာ ကျွန်တော်တို့အား လုံးစုပေါင်းနေထိုင်ကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုတာ ကမ္ဘာတည် သရွေ့ တည်တံ့နေမှာပါ။ တည်တံ့နေဖို့ရာကတော့ အားလုံးမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် လူငယ်တွေရဲ့ နှလုံးသားထဲမှာ အမြဲရှိနေရမှာပါ။ လူငယ်လို့ဆိုလိုက်တာက လူတိုင်းဟာ လူငယ်ဘဝကို ဖြတ်သန်းပြီးမှသာ လူကြီးဖြစ်လာကြသူတွေဖြစ်လို့ပါ။ လူငယ်တိုင်းက ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားတွေကို ငါတို့ကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ အသိရှိနေဖို့လိုပါတယ်။ လူငယ်ဘဝမှာ ဒီလိုအသိစိတ်ဓာတ် မရှိရင် လူကြီးဖြစ်လာရင် ပိုမိုဆိုးရွားသွားတော့မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ဒီကနေ့အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ တပ်မတော်ကိုဝိုင်းပြီး အပြစ်ထိုင်ပြော နေမယ့်အစား မိမိတို့ စွမ်းဆောင်နိုင်တဲ့နေရာကနေ တပ်မတော်ကို ကူညီပံ့ပိုးပေးသင့်ပါတယ်။ အပြစ်ထိုင်ပြောနေလို့ ဘာမှဖြစ်လာမှာ မဟုတ်တဲ့အပြင် အကြမ်းဖက်သောင်းကျန်းသူတွေဖျက်ဆီးလို့ မြို့ပျက်ရွာပျက်တွေဖြစ်ပြီး စစ်ဘေးရှောင်အဖြစ် ချို့တဲ့စွာ၊ စိတ်ဆင်းရဲစွာနေကြရမှာဖြစ်ပါတယ်။ လေးလေးနက်နက် စဉ်းစားကြည့်လိုက်ပါ။ အကယ်၍သာ ငါ့မြို့ငါ့ရွာမပျက်စီးဖို့အတွက် အကြမ်းဖက် အဖျက်သမား သူပုန်သောင်းကျန်းသူတွေရဲ့ သတင်းရခဲ့ရင်၊ မိမိရဲ့ပတ်ဝန်းကျင်မှာ ဘယ်သူဟာ အကြမ်းဖက် အဖျက်သမား အဖွဲ့ဝင်ဆိုတာသိနေကြရင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေဆီ ကြိုတင် သတင်းပေးကြရမှာဖြစ်ပါတယ်။ လူတစ်ယောက်၊ လူတစ်စုကိုငဲ့ညှာပြီးမသိချင်ယောင် ဆောင်လိုက် တဲ့အခါ မိမိတို့မိသားစုတွေပြေးရလွှားရ ပုန်းရှောင်ရတဲ့အခြေအနေ ကြုံလာတာဖြစ်ပါတယ်။
အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူ သူပုန်ဆိုတာ ဘာတရားဥပဒေမှမရှိတဲ့အတွက် သတ်ချင်တဲ့ သူသတ်မယ်။ ဖျက်ချင်တဲ့အိမ်ဖျက်မယ်။ မီးရှို့ချင်တဲ့ရွာတွေကို မီးရှို့မယ်။ ဘယ်သူကမှဘာမျှ မပြောရဲ ကြဘူး။ အခုဆိုရင် သူပုန်တွေကြီးစိုးတဲ့နေရာတွေက လမ်းလျှောက်တတ်တဲ့အရွယ်ကစပြီး အသက် ၅၀ အတွင်းရှိတဲ့ ယောကျ်ားလေး၊ မိန်းကလေးတွေကို အကုန်ဖမ်းပြီး သူတို့အဖွဲ့ထဲ မဝင်မနေရ လုပ်ဆောင် နေတယ်။ တချို့မိဘတွေက ငိုယိုပြီးရှိခိုးတောင်းပန်နေတဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်မှာ အားလုံး မြင်တွေ့ရပြီးဖြစ်ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေ၊ လက်နက်နဲ့လူနဲ့မမျှကိုင်ဆောင်နေတဲ့ ဗီဒီယိုဖိုင်တွေလည်း မမြင်ချင်အဆုံးပါပဲ။ ဒီကြားထဲမှာ ဗမာမလာရဆိုတဲ့ နယ်မြေကန့်သတ်ချက်တွေ ထုတ်ပြန်ထားပြီး ဗမာတွေကို ရိုက်နှက်ညှဉ်းပန်းနှိပ်စက်နေတာတွေဟာ အလွန်အကျည်းတန် အရုပ်ဆိုး လွန်းတဲ့ ယုတ်မာရက်စက်တဲ့ လုပ်ရပ်တွေပါပဲ။ ဒါတွေဟာ ကာကွယ်ရေးတာဝန်မှာ ငါတို့နဲ့မဆိုင်ဘူးလို့ တွေးမြင်လာတဲ့ အကျိုးရလဒ်တွေလို့ပြောရင် မမှားနိုင်ပါဘူး။
ဒီကနေ့တပ်မတော်ရဲ့ အခြေအနေကို လေ့လာမိသလောက်ပြောရရင် တပ်မတော်မှာ လူလက်နက် ခဲယမ်းအပြည့်အစုံရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပတ်သက်ရင် ငြိမ်းချမ်းရေး ရရှိထားတဲ့ ရလဒ်တွေ ပိုမိုကောင်းမွန်ဖို့အတွက် NCA သဘောတူညီချက်အတိုင်းအလေးထား လုပ်ဆောင်ပေးပါ တယ်။
ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်ပါတယ်။ စစ်တိုက်ဖြေရှင်းကြမယ့် အစားကွဲလွဲ နေတဲ့ သဘောထားတွေစားပွဲဝိုင်းမှာ အဖြေရှာကြမယ်ဆိုတဲ့မူကို တပ်မတော်က လက်ကိုင် ထားပါ တယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတာ ပြည်သူအားလုံး လိုလားနေတဲ့ ဆန္ဒအမှန်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တပ်မတော်က စိတ်ရှည်သည်းခံ လမ်းကြောင်း မှန်ကို ရွေးနေပါတယ်။ တပ်မတော်ဘက်က ၂၀၁၈ ခုနှစ်ကတည်းက တစ်ဖက်သတ် ပစ်ခတ် တိုက်ခိုက်မှုတွေမလုပ်ဘဲ နေခဲ့တာ ဒီကနေ့အထိပါပဲ။ ဒါဟာ တစ်နည်းပြောရရင် စာပေဟောပြောပွဲမှာ စာရေးဆရာချစ်ဦးညိုရဲ့ စကားအတိုင်းပဲ နေလိုက်တာလို့တောင် ယူဆလို့ရပါတယ်။ ချစ်ဦးညိုက တပ်မတော်က သွားမတိုက်ရင် ဘယ်တိုင်းရင်းသားကမှ မတိုက်ပါဘူးတဲ့။
အဲဒီတော့ တပ်က နှစ်ပေါင်း ၅ နှစ်ကျော် ၆ နှစ်နီးပါးမတိုက်ခိုက်ပါဘူး။ ဒီကနေ့အထိလည်း မတိုက် ခိုက်ပါဘူး။ တပ်ကမတိုက်ခိုက်တော့ ဒီကနေ့ဘာဖြစ်လာသလဲ။ စာဖတ်သူတို့အားလုံး မြင်တဲ့ အတိုင်း ပါပဲ။ တကယ့် သာသာယာယာနဲ့နေချင်စဖွယ် သဘာဝအလှပသာဒနဲ့ ပြည့်စုံလှတဲ့ လွိုင်ကော်မြို့ကို အကြမ်းဖက် အဖျက်သမား လက်နက်ကိုင်တွေ ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးပစ်လိုက်တာ ညက်ညက် ကြေမွသွားပါတယ်။
အလားတူ လားရှိုးမြို့အပါအဝင် အခြားသော မြို့ပြတွေမှာ အကြောင်းမဲ့ သက်သက်ပစ်ခတ် ဖျက်ဆီး လိုက်လို့ ပျက်စီးနေတာတွေ အများကြီးပါပဲ။ ဖြစ်လာတော့မှ တပ်မတော်ကို အပြစ်လာပုံ မချစေချင် ပါဘူး။ တပ်မတော်အနေနဲ့ NCA ဆိုတဲ့ ငြိမ်းချမ်းရေးကို အဓိကထားနေချိန်မှာ သူပုန်တွေအမြတ်ထုတ် လိုက်တာပါပဲ။ တပ်မတော်ကပြန်လည် တိုက်စစ်ဆင်ချေမှုန်းရင် မဟုတ်မမှန်သတင်းအတု၊ သတင်း အမှားတွေနဲ့ ဘယ်နေရာမှာတော့ တပ်မတော်က လက်နက်ကြီးတွေနဲ့ပစ်လို့ပြည်သူတွေ ဘယ်လို သေသွားခဲ့တယ်ဆိုတာမျိုး၊ ယာယီနေရပ်စွန့်ခွာလာသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးညှဉ်း ပန်းနှိပ်စက်နေတာမျိုး၊ အကြမ်းဖက်အားပေးတရားမဝင် ပြည်ဖျက်မီဒီယာတွေက အကြမ်းဖက် သူပုန်တွေရဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ဖို့နဲ့ တပ်အပေါ် အထင်အမြင်လွဲမှားအောင် ဖြန့်ဝေနေတာတွေဟာ အချိန်နဲ့အမျှပါပဲ။ နေ့စဉ်သတင်းစာနဲ့ ရုပ်မြင်သံကြားတွေမှာ ဒီလိုမျိုးသတင်းတု၊ သတင်းမှားတွေကို ဖြေရှင်းနေရတာကိုက အလုပ်တစ်ခုလို ဖြစ်နေပါတယ်။
ဒီလိုမျိုးပြည်ဖျက်မီဒီယာတွေသာမက အမေရိကန်လို အင်အားကြီးနိုင်ငံတွေ၊ ကုလသမဂ္ဂလို နေရာမျိုး တွေမှာလည်း တပ်မတော်က ဘယ်လိုပဲကောင်းတာတွေ လုပ်နေလုပ်နေ ကောင်းတာ မှန်သမျှရဲ့ ဆန့်ကျင်ဘက်တွေပဲ ပြောပါတယ်။
အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူတွေကို သွေးထိုးမြှောက်ပင့်ပေးပြီး မြန်မာနိုင်ငံ ပျက်စီး ရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေပါတယ်။ ဒါကိုတိုင်းပြည်နဲ့ လူမျိုးချစ်တဲ့ သူတိုင်းသိမြင် ကြပါတယ်။ သိမြင်ကြလို့လည်း တပ်မတော်ရဲ့ဆောင်ရွက်မှုတွေအပေါ်၊ သဘောထား ပျော့ပျောင်းနေမှု တွေအပေါ် အားမလိုအားမရ ဖြစ်နေမိကြပါတယ်။ ကျွန်တော်ထင်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော် တာဝန်အရပ်ရပ်ကို ယူထားရတဲ့အတွက် အနောက်အုပ်စုနိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘက်စုံ ပိတ်ဆို့ခံထားရမှုတွေကြောင့်လည်း ညင်ညင်သာသာ ကိုင်တွယ်ဖြေရှင်း နေတာလို့ မြင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ တပ်ရဲ့အခက်အခဲတွေကို သတိပြုမိပြီး တပ်မတော်ကို ငါတို့ ဘယ်လိုပံ့ပိုးပေးနိုင်သလဲ။ ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့ ငါတို့မှာလည်း တာဝန်ရှိ တယ်ဆိုတဲ့စိတ်မျိုးရှိနေရပါမယ်။ အထူးသဖြင့်လူငယ်တွေပေါ့။ ရှေ့တန်းရောက် တပ်မတော် သားနဲ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေအတွက် စားသောက်ဖွယ်ရာပေးပို့လှူဒါန်းမှုတွေ၊ အားပေးတဲ့စာလွှာတွေ၊ ပစ္စည်းတွေကို တပျော်တပါး ထုပ်ပိုးနေမှုတွေ၊ ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ ဌာနတွေ၊ ပြည်သူတွေရဲ့အားပေးမှုတွေဟာ တပ်မတော်သားတွေအတွက်၊ လုံခြုံရေးတပ်ဖွဲ့တွေအတွက် တကယ့်ကို အားတက်စေပါတယ်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုတဲ့အတိုင်း ပြည်သူ တွေရဲ့ အင်အားဟာ နိုင်ငံ့အင်အားပါပဲ။ အဲဒီလိုမျိုးတတ်နိုင်တဲ့ဘက်က ပါဝင်ကူညီနေကြသလို ကျွန်တော်တို့ လူငယ်လူရွယ်တွေကရော ကိုယ်တိုင်ကိုယ်ကျ နိုင်ငံတော်ကာကွယ်ရေးမှာ တက်တက် ကြွကြွ ပါဝင်ကြမယ်ဆိုရင် တပ်မတော်အင်အားရှိလာမယ်။ တိုင်းပြည်အင်အားရှိလာမယ်။ အဖျက်သမား သူပုန်တွေ နေရာကျဉ်းမြောင်းလာပါလိမ့်မယ်။
ဒီကနေ့ ပေါ်ပေါက်လာတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ အမှန်တကယ်တော့ ဒီမိုကရေစီစနစ်ကို စတင် ကျင့်သုံးကတည်းက ပြဋ္ဌာန်းသင့်တဲ့ ဥပဒေတစ်ခုလို့ မြင်မိပါတယ်။ နိုင်ငံအတွက်ရှိသင့်တဲ့ ဥပဒေ တစ်ခုပါပဲ။ နိုင်ငံတချို့မှာတော့ ကျင့်သုံးနေတာကြာပြီဖြစ်ပါတယ်။ သူတို့နိုင်ငံတွေမှာတော့ အရွယ် ရောက်ပြီး သတ်မှတ်ချက်တွေနဲ့ ညီညွတ်ရဲ့သားနဲ့ စစ်မှုထမ်းဖို့ရှောင်ပြေးနေရင် တကယ့်ကို ရှက်စရာ ကောင်းတဲ့အဖြစ်မို့ ဘယ်သူကမှ အားမပေးပါဘူး။ နောက်ဆုံးပိတ်ရုပ်ရှင်မင်းသားရွေးချယ်တာတောင်မှ စစ်မှုထမ်းဖို့ပျက်ကွက်ခဲ့ရင် မရွေးချယ်ပါဘူး။ သူတို့နိုင်ငံတွေမှာ တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်းနဲ့ စစ်မှုထမ်းရတာကို ပျော်ပွဲစားထွက်ရသလိုမျိုး ပျော်ရွှင်နေကြတာတွေ့ရတော့ ဪ--ငါတို့ မြန်မာ နိုင်ငံသားတွေ၊ လူငယ်တွေမှာ ဒီလိုစိတ်မျိုးရှိစေချင်လိုက်တာလို့ တွေးမိပါတယ်။
တချို့မေးကြမှာပေါ့။ သူတို့တပ်မတော်ကို သူတို့ချစ်ကြတာကိုးလို့။ အဲဒီလိုဆိုရင် ကျွန်တော်တို့ မြန်မာ့ တပ်မတော်ကိုရော ပြည်သူတွေမချစ်ကြဘူးလား။ ချစ်တဲ့သူတွေမှအများကြီး။ သို့ပေမယ့် တပ်မတော်နဲ့ ပတ်သက်တဲ့ အတိတ်သမိုင်းတွေ ပြန်ပြောင်း တွေးကြည့်မယ်ဆိုရင် တပ်မတော်ပြိုကွဲအောင်၊ ပြည်သူတွေက တပ်မတော်ကို မုန်းတီးနေအောင် ဖန်တီးသွားသူတွေ ရှိပါတယ်။ NLD အစိုးရ လက်ထက် Debate တစ်ခုမှာ တပ်မတော်အပေါ် အကောင်းမြင်စိတ်မရှိသူတစ်ဦးက “တိုင်းရင်းသားနယ်မြေတွေမှာ စစ်တပ်က မုဒိမ်းကျင့်တယ်။ လူသတ်တယ်။ ပေါ်တာဆွဲတယ်” ဆိုတဲ့ စကားမျိုးပြောလာပါတယ်။ အဲဒီအခါမှာ အခြားတစ်ယောက်က ‘‘ဒီမှာဒီကိစ္စတွေ တပ်ကလုပ်တယ်ဆိုတာ ခင်ဗျားမြင်လား၊ ခင်ဗျား မှာ သက်သေအခိုင်အလုံရှိပါသလား။ ရှိရင် ကျွန်တော်ကိုယ်တိုင်တပ်ကိုတရားစွဲ ပေးမယ်။ အထက်ကို လည်းသိအောင် တိုင်ကြားပေးမယ်၊ ပြောပါ” ဆိုတော့၊ ပထမလူက ဘာမှပြန်မပြောနိုင်ပါဘူး။
ကျွန်တော်တို့ ငယ်ငယ်ကစကားနဲ့ပြောရရင် ‘‘ဗြောသံကြားတရားနာ” ဆိုသလို တပ်အပေါ် အကောင်း မြင်စိတ်မရှိသူဟာ ငါအပိုင်တွယ်လိုက်မယ်ဆိုတဲ့ သဘောမျိုးပြောတာဖြစ်ပေမယ့် သူ့မှာ လက်ဆုပ် လက်ကိုင် ခိုင်မာတဲ့သက်သေ အထောက်အထားတစ်ခုမှ မရှိပါဘူး။ ဒီလိုမျိုးမဟုတ်တဲ့ အကြောင်း အချက်တွေတော်တော်များများနဲ့ တပ်မတော်ကို တိုက်ခိုက်နေတာ ဘယ်သူတွေလဲ။
ဘာကြောင့်သည်လိုလူတွေရဲ့စိတ်ထဲမှာ တပ်မတော်မုန်းတီးရေး ဖြစ်နေရတာလဲ။ ကျွန်တော် တွေ့မြင် သမျှတော့ တပ်မတော်က နယ်လှည့်ဆေးကုပေးတယ်။ ဆင်းရဲချို့တဲ့သူတွေကို ဆန်နဲ့အခြား ရိက္ခာတွေ ထောက်ပံ့ပေးတယ်။
ကိုဗစ်-၁၉ ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်နေချိန်မှာ တပ်မတော်က ငွေကုန်ကြေးကျ အများကြီးကျခံပြီး နေရာတွေပေးတယ်။ ထမင်းကျွေးတယ်။ ရောဂါပျောက်တဲ့အထိ ကုသပေးတယ်။ တပ်မတော်က ကယ်တင်ခဲ့လို့ အသက်ရှင်တဲ့သူတွေ ကိုဗစ်-၁၉ ရောဂါကာလမှာအများကြီးရှိပါတယ်။ သဘာဝဘေး ကျရောက်ရင်လည်း ဒီတပ်မတော်သားတွေပဲကယ်တင်နေရတာပါ။ အနီးစပ်ဆုံးဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မိုခါမုန်တိုင်းမှာလည်း ဒီတပ်မတော်သားတွေပါပဲ။ တပ်မတော်က လေယာဉ်တွေ၊ ရေယာဉ်တွေပဲ အသုံးပြုခဲ့ကြတာပါပဲ။
ဒါဖြင့် ဘာကြောင့်တပ်မတော်ကို မုန်းတီးရေးတွေဖြစ်လာရတာလဲ။ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ လွှတ်တော် နှစ်ရပ်မှာ (အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်) အဲဒီတုန်းက လွှတ်တော် ကိုယ်စား လှယ်တွေဟာ တပ်မတော်နဲ့ အတိုက်အခံပြုနေရတာကိုပဲသူတို့အတွက် ဂုဏ်တစ်ခုလို့မြင်နေကြတယ်။ ကိုယ်စားလှယ်တိုင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အာဏာရပါတီရဲ့ ကိုယ်စားလှယ်ကများလို့ ကိုယ်စား လှယ်တွေသုံးလိုက်တာပါ။ သူတို့မှာသာ နိုင်ငံချစ်စိတ်အမှန်တကယ်ရှိရင် တပ်မတော်ဆိုတာ နိုင်ငံမှာ မရှိမဖြစ်တဲ့ အဖွဲ့အစည်းပါလား။ ဒီအဖွဲ့အစည်းရှိနေလို့ အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံဆိုတာ ရှိနေပါလားဆိုတဲ့ စိတ်ရှိသင့်ပါလျက် မရှိခဲ့ဘူး။ ဘာကြောင့်မရှိရသလဲ။
ပြည်ပစွက်ဖက်နှောင့်ယှက်မှုတွေ၊ သွေးထိုးမှုတွေ၊ အမိန့်ပေးစေခိုင်းနေတာတွေ ကြောင့်ပါပဲ။ ဒါ့အပြင် ပြည်ပအကြံပေး ၁၀၀ ကျော်က ဝန်ကြီးဌာနတွေကို ချုပ်ကိုင်ထားတယ်။ အစိုးရကလည်း ဒီမိုကရေစီ စစ်စစ်အစိုးရလို့ ပြောနေပေမယ့် လူမှုကွန်ရက်ကို ငွေကျပ်သန်းပေါင်း ခြောက်ထောင်ကျော် အကုန် အကျခံငှားရမ်းထားတယ်။ တပ်မတော်နဲ့ပတ်သက်တဲ့ လူမှုကွန်ရက်တွေ ပိတ်ဆို့တားဆီးတယ်။ ဖျက်ဆီး တယ်။ အဆိုးရွားဆုံးကတော့ ဗုဒ္ဓဘာသာရဟန်းတော်တွေနဲ့ အခြားဘာသာဝင် လူသားတွေကို တန်းညှိတယ်။ ဒါက ပြည်သူတိုင်းမြင်တွေ့နေတဲ့မြင်ကွင်းတွေပါ။
၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့မဲမသမာမှု ၁၁ သန်းကျော်ရှိခဲ့တာဟာ ဖြစ်ရပ်မှန်ပဲ။ သူတို့ကို ထောက်ခံနေတဲ့ မီဒီယာအချို့ကပင် မဲလိမ်မဲခိုး၊ မဲမသမာမှုရှိကြောင်း ပြောဆိုတာမျိုး လူမှုကွန်ရက်မှာ တွေ့ရပါတယ်။ ဒီလိုဖြစ်လာတဲ့ကိစ္စကို အားလုံးက ညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင်ဖြေရှင်းလိုက်ရင်ရတဲ့ ကိစ္စဖြစ်ပေမယ့် တပ်မတော်မုန်းတီးရေး စိတ်အခံနဲ့နိုင်ငံဖြစ်ချင်ရာဖြစ် ပြန်လည်မဖြေရှင်းဘဲနေပြီး လွှတ်တော်ကို အတင်းခေါ်ယူဖို့ ကြိုးစားတယ်။ ဒါ့ကြောင့် ဒီကနေ့အရေးပေါ် ကာလအခြေအနေ ဆိုက်ရောက်ခဲ့ရတာပါပဲ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ သဘောထားရိုးဖြောင့်စွာနဲ့ နေပြည်တော်မှာ ရောက်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နေရပ်ပြန်ခွင့်ပြုခဲ့တယ်။ ဆူဆူပူပူနဲ့ ဆန္ဒပြတဲ့သူတွေ၊ စက်ရုံမီးရှို့သူတွေကို အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်နဲ့ ညင်သာစွာ ဖြေရှင်း ခဲ့တယ်။
လမ်းမှားကို လျှောက်လှမ်းသွားတဲ့ဝန်ထမ်းတွေ၊ ကျောင်းသားတွေအားလုံးကို ပြန်လည်ခေါ်ယူတယ်။ ပြည်သူတွေကိုလည်း ပြန်လည်ခေါ်ယူတယ်။ ဒီမိုကရေစီကို လျှောက်လှမ်းမှာဖြစ်လို့ ပါတီတွေဖွဲ့ပြီး ရွေးကောက်ပွဲဝင်ကြမယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း NCA လမ်းကြောင်းပေါ် ဆက်လျှောက်မယ်။
လက်နက်ကိုင် လမ်းစဉ်စွန့်ပြီး ပါတီထောင်ရွေးကောက်ပွဲဝင်ဖို့ အခွင့်အလမ်းတွေပေးထားပါတယ်။ အရေးပေါ်ကာလဟာ ၁ နှစ်၊ ဒါမှမဟုတ် ၂ နှစ်အတွင်းပြီးမြောက်ပြီး ရွေးကောက်ပွဲ ကျင်းပရမယ့် အနေအထားပါပဲ။ ဒါပေမဲ့ လွှတ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်ပထွက်ပြေးတယ်။ စင်ပြိုင် အစိုးရဆိုပြီးဖွဲ့တယ်။ ပြည်သူ့ကာကွယ်ရေး အမည်ခံပြီး ပြည်သူကို သတ်ဖြတ်နေတဲ့ အဖွဲ့တွေ ဖွဲ့တယ်။
တောမီးလောင်တောကြောင် လက်ခမောင်းခတ်ဆိုတဲ့အတိုင်း သစ္စာမရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကလည်း NUG၊ CRPH နဲ့ PDF တွေကိုအကြမ်းဖက်သင်တန်းတွေပေးပြီး နိုင်ငံပျက်စီးရေးကို ဦးတည် လုပ်ဆောင်စေခဲ့တယ်။ အမေရိကန်လို ပြည်ပနိုင်ငံအချို့ကလည်းငွေကြေးတွေ၊ အကြမ်းဖက် နည်းပညာတွေ ထောက်ပံ့ကူညီပေးတယ်။ အကြမ်းဖက်အားလုံးအနေနဲ့ မြန်မာနိုင်ငံမှာ သူတို့တွေတည် ဆောက်ထားတဲ့ လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ၊ တာဝါတိုင်၊ မီးရထားလမ်းတစ်ခုမှမရှိပေမယ့် သူတို့ ဖျက်ဆီးလိုက်တဲ့ ပြည်သူပိုင်အဆောက်အအုံတွေကအများကြီးပါပဲ။ PDF တွေအကြောင်းအမျိုးမျိုးပြပြီး သတ်ဖြတ်ခံရတဲ့ ရဟန်း၊ သံဃာတွေ၊ ဆရာဝန်တွေ၊ ကျောင်းဆရာ၊ ဆရာမတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ အခြားပါတီဝင်၊ ပြည်သူတွေအရေအတွက်ဟာ အလွန်ပဲများပြားပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရဟန်း/သံဃာ ၈၄ ပါး ပျံလွန်တော်မူပါတယ်။ အပြစ်မဲ့ပြည်သူ/နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦးသေဆုံးခဲ့ပါတယ်။ ဖျက်ဆီးခံရတဲ့အဆောက်အအုံ ၁၀၉၃၀ ရှိပါတယ်။
ဖျက်လို့ရတာ အကုန်ဖျက်မယ်ဆိုတဲ့စိတ်ယုတ်မာနဲ့ ပြည်သူတွေသက်သောင့်သက်သာသွားလာနေတဲ့ မီးရထားလမ်းတွေကိုလည်း မိုင်းထောင်၊ မိုင်းခွဲဖျက်ဆီးပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့ သတင်းစာမှာ ဖတ်လိုက်ရတာ အကြမ်းဖက် သောင်းကျန်းသူတွေအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး ယခုအချိန်အထိ ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း ၇၉ ကြိမ်၊ ရထား တံတား/သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း ၁၇၁ ကြိမ်၊ ဘူတာအဆောက်အအုံနဲ့ ဝန်ထမ်း နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၆ ကြိမ်ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်အဖျက်သမားတွေ ချုပ်ငြိမ်းဖို့ဆိုတာ နိုင်ငံတော်၊ ပြည်သူနဲ့ တပ်မတော်တို့ စုစည်းညီညွတ်စွာ ဖြေရှင်းသွားရမှာဖြစ်တယ်ဆိုတာ ထင်ရှားလှပါတယ်။ ဒါ့ကြောင့် ပြည်သူလူထု တစ်ရပ်လုံးက ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားတွေကို ငါတို့ကာကွယ်ရမယ်ဆိုတဲ့အသိနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် အကြမ်းဖက် အဖျက်သမားတွေ ပျောက်ကွယ်သွားမှာ အမှန်ဖြစ်ပါကြောင်း ရေးသားလိုက်ပါတယ်။ ။
Source-Myawady Webportal
နိုင်ငံတော်ကာကွယ်ရေးလို့ ပြောလိုက်ရင် လူတော်တော်များများက ငါနဲ့မဆိုင်ဘူးလို့ ယူဆကြသူတွေ များပါတယ်။
ဘင်းမ်စတက်အဖွဲ့အတွင်းက မြန်မာနိုင်ငံ
စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး (4th BIMSTEC National Security Chiefs’ Meeting) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
ဘင်းမ်စတက်အဖွဲ့အတွင်းက မြန်မာနိုင်ငံ
စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး (4th BIMSTEC National Security Chiefs’ Meeting) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံများကအမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာများနှင့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ၊ သက်ဆိုင်ရာလုံခြုံရေးကဏ္ဍအလိုက် ထိရောက်သည့် သတင်းအချက်အလက်များ ပိုမိုပူးပေါင်း မျှဝေနိုင်ရေး၊ ဒေသတွင်းလက်ရှိဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာ အခြေအနေ၊ ကြုံတွေ့လာနိုင်သည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ထားရှိရမည့်အခြေအနေနှင့်အကောင်အထည် ဖော် ဆောင်ရွက်ကြရမည့် နည်းလမ်းများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
အစည်းအဝေးတက်ရောက်လာကြတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များဟာ သက်ဆိုင်ရာ နိုင်ငံများအလိုက် အစိုးရအဖွဲ့တွေမှာ ဩဇာအာဏာ ရှိသူများဖြစ်ပြီး သူတို့နိုင်ငံတွေရဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ အမျိုးသားလုံခြုံရေး ကိစ္စရပ်များမှာ မူဝါဒချမှတ်သူများ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် ဒီလိုပုဂ္ဂိုလ်ကြီးတွေ ကိုယ်တိုင် စုံစုံညီညီတက်ရောက်လာပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးပြောဆိုမှုတွေဟာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရအတွက် များစွာအထောက်အကူဖြစ်စေပြီး ဒီလိုအဆင့်မြင့် အရာရှိ ကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရရဲ့ Legitimacy ကို အားကောင်းစေသလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းကောင်းများနဲ့ သံတမန်ရေး ဂုဏ်သိက္ခာတွေကို ရရှိခဲ့ပါတယ်။
အထူးသဖြင့် ဘင်းမ်စတက်အဖွဲ့ထဲမှာ မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံများ ပါဝင်တာကြောင့် နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခများနဲ့ မူးယစ် ဆေးဝါး မှောင်ခိုရောင်းဝယ်မှုများကို ပူးပေါင်းနှိမ်နင်းနိုင်မယ့် နည်းလမ်းများကိုလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။
BIMSTEC အဖွဲ့ဟာ ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းအနောက်နိုင်ငံတွေနဲ့ စီးပွားရေး တိုးချဲ့ ဆက်သွယ် ဆောင်ရွက်လိုသော Look West Policy၊ အိန္ဒိယနိုင်ငံရဲ့ အရှေ့ တောင်အာရှဒေသနိုင်ငံများနဲ့ စီးပွားရေးအရ ပိုမိုနီးကပ်စွာဆောင်ရွက်လိုတဲ့Look East Policy တို့ရဲ့ ပေါင်းစည်းထားတဲ့ ရလဒ်ကနေဖြစ်ပေါ်လာတဲ့ ဒေသတွင်းခိုင်မာအားကောင်းတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
အဆိုပါအဖွဲ့ကို ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဲဒီအချိန်တုန်းက ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်း လေးနိုင်ငံသာပါဝင်ကာ (Bangladesh-India-Srilanka-Thailand Economic Cooperation) BISTEC ဟုခေါ်ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီး (Bangladesh-India-Myanmar-Srilanka-Thailand-Economic Cooperation) BIMSTEC ဟု အမည်ပြောင်းလဲခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဘူတန်နဲ့ နီပေါနိုင်ငံတွေဟာ အဖွဲ့ဝင် နိုင်ငံသစ်များအဖြစ် ပါဝင်လာခဲ့ပါတယ်။ BIMSTEC ဒေသတစ်ခုလုံးရဲ့ လူဦးရေဟာ ၁ ဒသမ ၈ ဘီလီယံ(၂၀၂၃) ရှိပြီး တစ်ကမ္ဘာလုံး လူဦးရေ၏ ၂၂ ရာခိုင်နှုန်း ရှိပါတယ်။ ကုန်ထုတ်လုပ်မှုမှာလည်း စုစုပေါင်း ၃ ဒသမ ၆ ထရီလီယံ(၂၀၂၃) ရှိပါတယ်။ ဘင်းမ်စတက်အဖွဲ့ဟာ တောင်အာရှနှင့် အရှေ့တောင်အာရှ၊ ထိုမှတစ်ဆင့် အရှေ့အာရှဒေသသို့ ဆက်သွယ် ပေါင်းကူးရေးအတွက် အရေးကြီးသော အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဘင်းမ်စတက်အဖွဲ့ရဲ့ မူဘောင်အောက်မှာရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် တွေဟာ ဆိုရင် အချုပ်အခြာအာဏာ တန်းတူရည်တူရှိရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေး၊ နိုင်ငံရေး အမှီအခို ကင်းရေး၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရေး၊ ကျူးကျော်မှုမပြုရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အပြန်အလှန် လေးစားရေးနှင့် အပြန်အလှန်အကျိုး ဖြစ်ထွန်းစေရေးတို့အပေါ်တွင် အခြေခံရေးနှင့် ဆုံးဖြတ်ချက်အားလုံးကို တူညီဆန္ဒ(Consensus)အပေါ်တွင်သာ အခြေခံနိုင်ရေး အတွက် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားပါတယ်။
ဘင်းမ်စတက်အဖွဲ့ဟာ အခြားအဖွဲ့အစည်းများနဲ့မတူဘဲ ကွဲပြားခြားနားမှု တွေက နေထိုင်မှုပုံစံ၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှုစတဲ့ အချက်တွေ ကွဲပြားကြတဲ့ နိုင်ငံ များနဲ့ ဖွဲ့စည်းတည်ထောင်ထားပြီးတော့ အဖွဲ့ဝင် နိုင်ငံများအားလုံးဟာလည်း ဒေသတွင်း အကျိုးရှိစေမည့် စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့် နည်းပညာကဏ္ဍတွေမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အပြန်အလှန် အကူအညီပေးရေးတို့ကို လုပ်ဆောင်လျက်ရှိပါတယ်။
ဘင်းမ်စတက်အဖွဲ့ဟာဆိုရင် ထိပ်သီးအစည်းအဝေး၊ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ ဘင်းမ်စတက်လုပ်ငန်းအဖွဲ့အစည်းအဝေးဆိုပြီး အဓိကယန္တရား (၄)ရပ် ဖြင့် အဆင့်ဆင့် လည်ပတ်လျက်ရှိပါတယ်။
BIMSTEC အဖွဲ့စတင်တည်ထောင်ချိန်တုန်းက စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကို ဦးတည်ခဲ့သော်လည်း ပထဝီဝင်နိုင်ငံရေး အခြေအနေ၊ နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှုများ၊ လက်နက် နှင့်မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကြောင့် လုံခြုံရေးကဏ္ဍကိုလည်း သမားရိုးကျ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ (Traditional Security Threats) အပြင် သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ၊ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တို့ကြောင့် ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေး (Maritime Security) ကိစ္စရပ်များကိုပါ ထည့်သွင်းစဉ်းစားလာကြပြီ ဖြစ်ပါတယ်။
ဒါ့ကြောင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးမှာ “အကြမ်းဖက်ဝါဒနှင့် တရားမဝင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဒေသတွင်းနိုင်ငံများ ပူးပေါင်း ဆောင်ရွက်ခြင်း”ခေါင်းစဉ်နဲ့ဒေသတွင်းမှာ အစွန်းရောက်အကြမ်းဖက်မှုအတွေးအခေါ်များ မပျံ့နှံ့စေရေးနှင့် တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုများ ပပျောက်စေရေးတို့ အတွက် အဖွဲ့ဝင်နိုင်ငံများရဲ့ အတွေ့အကြုံများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။ အိမ်ရှင်ဖြစ်တဲ့ မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းအကြမ်းဖက် နှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက်မှုများအတွက်နည်းလမ်းများ၊ အခွင့်အလမ်းများ၊ အကြံဉာဏ်များ ရရှိခဲ့သလို သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများ(Non-Traditional Security Threats)ကိုလည်း ဝိုင်းဝန်းကာကွယ်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းများကို ဖော်ထုတ်ဆွေးနွေး ခဲ့ကြပါတယ်။
မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ အာဆီယံနဲ့ တောင်အာရှဒေသရဲ့ အချိတ်အဆက် နိုင်ငံတစ်ခုဖြစ်တာကြောင့် အာဆီယံနဲ့ ဘင်းမ်စတက်အဖွဲ့အစည်း အတွင်းမှာ အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ယခုလို ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးကို အောင်မြင်စွာ ဦးဆောင် ကျင်းပပြုလုပ်နိုင်ခြင်းဟာ မြန်မာနိုင်ငံအတွက် သံတမန်ရေးအရ အောင်မြင်တဲ့လှုပ်ရှားမှု ဖြစ်ပြီး စီးပွားရေးအရ လည်း အဖွဲ့ဝင်နိုင်ငံများနဲ့ ကုန်သွယ်မှုများပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မယ့် အလားအလာကောင်းတွေကို ရရှိခဲ့ပါတယ်။
နယ်စပ်ကုန်သွယ်ရေးမှာ အရှေ့ဘက်မှာရှိတဲ့ တရုတ်တစ်နိုင်ငံတည်းကို မှီခို နေရတာထက် အနောက်ဘက်မှာရှိတဲ့ လူဦးရေ၁ ဒသမ ၄ဘီလီယံနေထိုင်ရာ အိန္ဒိယနဲ့ပါ ရင်းနှီးပွင့်လင်းစွာပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ အများအပြား ရရှိခဲ့ပါတယ်။ ဘင်းမ်စတက် အဖွဲ့ဝင်တွေထဲက ဦးဆောင်နိုင်ငံဖြစ်တဲ့ အိန္ဒိယမှ တစ်ဆင့် အရှေ့အလယ်ပိုင်းနဲ့ ဥရောပနိုင်ငံများကိုပါ ကူးသန်းရောင်းဝယ်မှု ချိတ်ဆက်နိုင်ရေး ပိုမိုအားကောင်းအောင် လုပ်ဆောင်နိုင်မယ့် လမ်းကြောင်းတွေရှာဖွေနိုင်ခဲ့ပါတယ်။
ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေထဲမှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (Association of Southeast Asian Nations- ASEAN)မှာ ပါဝင်တဲ့ နိုင်ငံများ ပါရှိသလို တောင်အာရှဒေသ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (South Asian Association for Regional Cooperation - SAARC)တွင်လည်း ပါဝင်တဲ့နိုင်ငံတွေဖြစ် တဲ့အတွက်ကြောင့် ဘင်းမ်စတက်အဖွဲ့ကြီးဟာ ယင်းဒေသအတွင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း နှစ်ခုကို ဆက်စပ်ပေါင်းကူးပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။
အာဆီယံမှာမြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်းနဲ့ လာအိုတို့ပါတယ်။ ဘင်းမ်စတက်အဖွဲ့ မှာလည်း မြန်မာအိမ်နီးချင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ ပါဝင်ပါတယ်။ ဘင်းမ်စတက်အဖွဲ့ထဲက အိမ်နီးချင်းများဟာ သဘောထားမှန်ကန်ပြီး နှစ်နိုင်ငံအကျိုးစီးပွားအတွက် မျှတတဲ့အမြင်နဲ့ပူးပေါင်း ဆောင်ရွက် ကူညီမှုတွေ ရှိနေပါတယ်။ သံတမန်ရေးအရ ထိုးနှက်ပိတ်ဆို့ခံနေရတဲ့ နစက အစိုးရဟာ ဘင်းမ်စတက်အဖွဲ့ထဲမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဟာ ဘင်းမ်စတက်အဖွဲ့အတွက်သာမက မြန်မာနိုင်ငံအတွက် အလွန်အကျိုးရှိပါတယ်။
နိုင်ငံတကာအကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းတွေဟာ ဘင်းမ်စတက် ဒေသတွင်း စီးပွားရေးနဲ့ လူမှုရေးတိုးတက်မှုကို ခြိမ်းခြောက်နေတာကြောင့် ပူးပေါင်းတိုက်ဖျက်ဖို့နဲ့ အထူးသဖြင့် သတင်း ဖလှယ်ရေး အပါအဝင် အကြမ်းဖက်မှုနဲ့ နိုင်ငံဖြတ်ကျော် မှုခင်းတွေကို ထိထိရောက်ရောက် တိုက်ဖျက်မည့် အစီအစဉ် တွေနဲ့ ဆောင်ရွက်မယ့်မူဝါဒတွေကို ချမှတ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း တွေမှာ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။
ယနေ့အချိန်ကာလမှာ ကမ္ဘာ့နိုင်ငံအများစုဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးအခြေအနေတို့ကြောင့် မိမိနိုင်ငံတစ်နိုင်ငံတည်း ရပ်တည်နိုင်ရန် မဖြစ်နိုင်တော့သည့်အတွက် အခြားနိုင်ငံတစ်နိုင်ငံနှင့်သော် လည်းကောင်း၊ အခြားနိုင်ငံ အများစုနှင့်သော် လည်းကောင်း၊ ပူးပေါင်းပြီးရပ်တည်နိုင်မှသာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးကဏ္ဍတွေမှာ တိုးတက်ဖွံ့ဖြိုးသော အကျိုး သက်ရောက်မှုများ ရှိပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အကူရရှိ နိုင်မှာဖြစ်လို့ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဘင်းမ်စတက်၊ အာဆီယံကဲ့သို့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့များ ဖွဲ့စည်းလာခဲ့ကြခြင်းဖြစ်ပါတယ်။
ဒါကြောင့် ပထဝီနိုင်ငံရေးအရ အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံများအကြား ကုန်းတွင်းအချိတ်အဆက် ဖြစ်တဲ့ မြန်မာနိုင်ငံဟာ ဘင်းမ်စတက်နဲ့ အာဆီယံအကြား ပေါင်းကူးပေးနိုင်သလို လုံခြုံရေးကဏ္ဍ အကြမ်းဖက် နှိမ်နင်းရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက်သာမက ဘင်းမ်စတက်အဖွဲ့ကြီးရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဒေသခွဲအတွင်း စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေမယ့် အခြေအနေနဲ့ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်တဲ့ အချက်အချာနိုင်ငံတစ်ခု ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
Source- www.moi.gov.mm
ဘင်းမ်စတက်အဖွဲ့အတွင်းက မြန်မာနိုင်ငံ
စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး (4th BIMSTEC National Security Chiefs’ Meeting) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။