လူငယ်တို့၏သဘာဝမှာ လျင်မြန်ခြင်း၊ နိုးကြားတက်ကြွခြင်း၊ ခွန်အားရှိခြင်း၊ စူးစမ်းတတ်ခြင်း၊ စွန့်စားခြင်း၊ ရဲရင့်ခြင်း၊ တတ်မြောက်လွယ်ခြင်းနှင့် ဖန်တီးနိုင်စွမ်းအား ရှိသူများဖြစ်ကြပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်ကို တာဝန်ယူကြရမည့်သူများ ဖြစ်ပေရာ လူငယ်များကိုစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးရှိအောင် ပြုစုပျိုးထောင်ခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကို အလှဆင်ကြရမည်ဖြစ်ပါသည်။ လူငယ်များ၏အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန် ၁၉၉၁ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ပထမအကြိမ် လူငယ်ဖိုရမ်ကို ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်မှအပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကျင်းပနိုင်ရန် အဆိုပြုခဲ့ရာမှ ၁၉၉၈ ခုနှစ်တွင် ပေါ်တူဂီနိုင်ငံ၌ ကုလသမဂ္ဂနှင့် ပူးပေါင်း၍ ပထမအကြိမ် လူငယ်ဆိုင်ရာဝန်ကြီးများ၏ ကမ္ဘာ့ညီလာခံက ဩဂုတ်လ ၁၂ ရက်ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် အကြံပြုခဲ့သည်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးမှ ဆုံးဖြတ်ချက်အမှတ်(၅၄/၁၂၀)ဖြင့် ဩဂုတ်လ ၁၂ ရက်ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၂၅ ခုနှစ်အတွက်ဆောင်ပုဒ်မှာ “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင်ဆီသို့” ဟူ၍သတ်မှတ်ပေးထားသည်။ ထို့အတွက် အောက်ဖော်ပြပါအကြောင်းအရာများကို အသိပညာဗဟုသုတ ရရှိစေရန် ရေးသားတင်ပြလိုက်ရပါသည်-
လူငယ်နှင့်ပညာရေး
လူငယ်များသည် အနာဂတ်လူ့ဘောင်ကို ပုံဖော်ပေးကြမည့်သူများဖြစ်ပြီး အနာဂတ်လူ့ဘောင်ကို ဖန်တီးတည်ဆောက်ကြမည့်နိုင်င ံ့အရင်းအမြစ်များဖြစ်ကြသည်။ လူငယ်များကို စိတ်ဓာတ်မြင့်မားသူ၊ အတွေးအခေါ် မှန်ကန်သူ၊ ရိုးသားဖြောင့်မတ်သူ၊ စွမ်းရည်ပြည့်စုံကြသည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်သည်။ လူငယ်များစနစ်တကျမှန်မှန်ကန်ကန် လေ့ကျင့်ပျိုးထောင်ပေးနိုင်မှသာ အနာဂတ်နိုင်ငံတော်ကို မြင့်မားတိုးတက်အောင် တည်ဆောက်သွားနိုင်မည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်မှု၏အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များ ပေါများခြင်းပင်ဖြစ်သည်။ ပညာဆိုသည်မှာ အသေးစိတ်သိခြင်း၊ သိအောင်လုပ်ခြင်း၊ ကျယ်ကျယ်ပြန့်ပြန့်သိခြင်းတို့ဖြစ်သည်။
ပညာသင်ကြားခြင်းဆိုရာတွင် ကျောင်းသင်ခန်းစာများကို သင်ယူခြင်းအပြင် ကျောင်းပြင်ပသင်ယူခြင်းနှင့် အတွေ့အကြုံများမှ ကိုယ်တိုင်လေ့လာ သင်ယူသွားကြရမည်ဖြစ်သည်။ ပညာတတ်ဖြစ်မှသာ လူ့ဘဝရှင်သန် ရပ်တည်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေးများကိုရရှိပြီး စဉ်းစားတွေးခေါ်မှု၊ ပြဿနာကိုဖြေရှင်းတတ်မှု၊ ဝေဖန်ပိုင်းခြားတတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု စသည့်ပင်ကိုအရည်အသွေးများကို ပိုင်ဆိုင်လာမည်ဖြစ်သည်။
အရည်အသွေးမြင့်သည့် ပညာရပ်များကို တတ်ကျွမ်းသူများသည် ကောင်းမွန်သည့်အလုပ်အကိုင်ကောင်းများကို ရရှိနိုင်သည်။ ဆန်းသစ်တီထွင်တတ်သူ၊ ဉာဏ်ရည်မြင့်မားသူ၊ ဝီရိယရှိပြီး ကြိုးစားအားထုတ်သူများသည် သက်ဆိုင်ရာလုပ်ငန်းများတွင် အောင်မြင်သူများဖြစ်လာကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေ
ရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ ထို့ပြင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။
လူငယ်နှင့်စာပေ
လူငယ်ဘဝ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို ပြောမည်ဆိုပါက လူငယ်နှင့်စာပေမှာ ခွဲခြား၍မရပေ။ လူငယ်များသည် စာပေနှင့်ပတ်သက်၍ ဖတ်ရှုလေ့လာခြင်း၊ ကြည့်ရှုလေ့လာခြင်းတို့ဖြင့် ရရှိလာသည့် ဗဟုသုတအတွေ့အကြုံများဖြင့် အနာဂတ်ဘဝကို ပုံဖော်ရမည်ဖြစ်သည်။
ဖတ်ရှုလေ့လာခြင်း(Reading and Studying)ဆိုသည်မှာ စာပေ၊ အချက်အလက် သို့မဟုတ် အကြောင်းအရာတစ်ခုကို စနစ်တကျဖတ်ရှုပြီး နားလည်သဘောပေါက်၍ လက်တွေ့အသုံးချနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ စာမေးပွဲအတွက် လေ့လာခြင်း၊ ဘာသာရပ်အသစ်ကို သင်ယူခြင်းတို့တွင် အသိပညာ၊ အတွေ့အကြုံ သို့မဟုတ် ကျွမ်းကျင်မှုရရှိရန် ရည်မှန်းချက်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဖတ်ရှုရမည်။ ဖတ်ရှုလေ့လာခြင်းမှတစ်ဆင့် ပညာရှာမှီးရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရန်၊ အတွေးအခေါ်၊ ဉာဏ်ရည်နှင့်ဆုံးဖြတ်ချက်များ ပိုမိုကောင်းမွန်စေရန်၊ဘဝအတွေ့အကြုံများကို ကျယ်ပြန့်စွာနားလည်နိုင်ရန် အရေးကြီးပါသည်။ ထို့ကြောင့် ဖတ်ရှုလေ့လာခြင်းသည် စာသားများကိုသာမက လောကကြီး၏ အရှိတရားများကိုပါ နက်ရှိုင်းစွာနားလည်နိုင်သည့်အ ခြေခံလိုအပ်ချက် တစ်ရပ်လည်းဖြစ်သည်။
ကြည့်ရှုလေ့လာခြင်း(Observation and Study)ဆိုသည်မှာ မျက်စိ၊ နား သို့မဟုတ် အခြားအာရုံခံနိုင်သောကိရိယာများဖြင့် အရာဝတ္ထု၊ ဖြစ်စဉ်၊ အပြုအမူ သို့မဟုတ် ပတ်ဝန်းကျင်ကိုစနစ်တကျ သတိပြု၍ မှတ်သားကာ နားလည် သဘောပေါက်အောင် ဆောင်ရွက်ခြင်းဖြစ်သည်။ ၎င်းသည် သိပ္ပံနည်းကျလေ့လာမှု၊ လက်တွေ့ဘဝအတွေ့အကြုံနှင့် ပညာရေးဆိုင်ရာလုပ်ငန်းစဉ် တစ်ခုလည်းဖြစ်သည်။ ကြည့်ရှုလေ့လာခြင်း၏ အဓိကလက္ခဏာများမှာ အာရုံစိုက်မှတ်သားခြင်း၊ အချက်အလက်စုဆောင်းခြင်း၊ ဆန်းစစ်သုံးသပ်ခြင်း၊ ရလဒ်များကို သုံးချခြင်းတို့ဖြစ်သည်။ ကြည့်ရှုလေ့လာခြင်း၏ အရေးပါမှုများမှာ သဘာဝတရားကို လေ့လာခြင်းဖြင့် နည်းပညာ အသစ်ျား တီထွင်နိုင်ခြင်း၊ ဈေးကွက်လိုအပ်ချက်ကို လေ့လာပြီး စီးပွားရေးအစီအမံများ ရေးဆွဲခြင်း၊ အတွေ့အကြုံမှတစ်ဆင့် အမှားအမှန်ကို ဆင်ခြင်တတ်ခြင်းတို့ဖြစ်သည်။ ထို့ကြောင့် ကြည့်ရှုလေ့လာခြင်းသည် လက်တွေ့ဘဝနှင့် သုတေသနလုပ်ငန်းများအတွက် အခြေခံကျသော စွမ်းရည်တစ်ရပ်ဖြစ်သည်။
လူငယ်နှင့် Social Mediaမြန်မာနိုင်ငံတွင် လူငယ်အများစုသည် Facebook၊ TikTok၊ Instagram၊ YouTube စသည့် Social Media ပလက်ဖောင်းများကို အချိန်အကြာကြီး အသုံးပြုလျက်ရှိသည်။ အထူးသဖြင့် စမတ်ဖုန်းများ လွယ်ကူစွာရရှိလာခြင်း၊ အင်တာနက်လိုင်းများ ပိုမိုမြန်ဆန်လာခြင်းတို့ကြောင့် Social Media အသုံးပြုမှုနှုန်းသိသိသာသာမြင့်တက်လာပါသည်။
Social Media ကိုအသုံးပြုခြင်းဖြင့် သတင်းအချက် အလက်နှင့်အသိပညာ ရရှိခြင်း၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ဆက်သွယ်နိုင်ခြင်း၊ အနုပညာ၊ စီးပွားရေးနှင့်ကိုယ်ရေးကိုယ်တာအခွင့်အလမ်းများ ဖန်တီးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သော်လည်း ထိခိုက်မှုများကိုမူ သတိကြီးစွာ ထားရပါမည်။
တစ်နေ့လျှင် ၂-၃ နာရီထက်မပိုစေရန် Screen Time ကို ကန့်သတ်ခြင်း၊ Social Media ကို အလုပ်မစတင်မီ၊ အိပ်ရာမဝင်မီ အချိန်တိုသာသုံး၍ အချိန်စီမံခန့်ခွဲမှု(Time Management)ထားခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များ (ဖုန်းနံပါတ်၊ လိပ်စာ)ကို Public မထားပါဘဲ Privacy & Security ကို အလေးထားခြင်း၊ မိသားစု၊ သူငယ်ချင်းများနှင့်တွေ့ဆုံပြီး အားကစား၊ စာဖတ်ခြင်း၊ အနုပညာလှုပ်ရှားမှုများလုပ်ခြင်း၊ စကားပြောချိန်များများဖန်တီးပြီး Real-Life Interaction ကို ဦးစားပေးခြင်း၊ Social Media အစား ပညာရေး၊ ကျန်းမာရေး၊ Skill Development ဆိုင်ရာ Page/Channel များကို Follow လုပ်ကာ အသိပညာတိုးပွားစေရန် Positive Content များကို ရွေးချယ်ကြည့်ရှုခြင်း၊ Fake News နှင့် အကြမ်းဖက်အကြောင်းအရာများကို Report & Block လုပ်ခြင်းတို့ဖြင့် Social Media ကြောင့် ထိခိုက်မှုများမဖြစ်စေရန် ဆောင်ရွက်သင့်သည်။
လူငယ်နှင့်သိပ္ပံနည်းပညာ ခေတ်သစ်ကမ္ဘာတွင် နည်းပညာသည် လူမှုရေး၊ စီးပွားရေးနှင့် ပညာရေးကဏ္ဍများကို အခြေခံမှပြောင်းလဲနေသည်။ လူငယ်များအနေဖြင့် နည်းပညာကိုအသုံးချ၍ ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ(Multi-Stakeholder Collaboration) မြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့်နိုင်သည်။ နည်းပညာခေတ်တွင် လူငယ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် ဒစ်ဂျစ်တယ်နည်းလမ်းများက အရေးပါလာသည်။ လူငယ်များသည် Zoom၊ Slack၊ Trello၊ Microsoft Teams စသည့် Online Colla-boration Tools များကိုအသုံးပြု၍ အုပ်စုလိုက်ဆွေးနွေးခြင်း(Virtual Meetings)၊ လုပ်ငန်းတာဝန်များခွဲဝေခြင်း(Task Management)၊ ပရောဂျက်များကို အချိန်နှင့်တစ်ပြေးညီ စီမံခြင်း(Real-Time Collaboration) စသည့်ဒစ်ဂျစ်တယ် ပလက်ဖောင်းများမှတစ်ဆင့် အဝေးမှပူးပေါင်း အလုပ်လုပ်ခြင်းတို့ကို လွယ်ကူစွာ လုပ်ဆောင်နိုင်သည်။
ဒေတာမျှဝေခြင်း(Cloud Computing & AI)ဖြင့် အချက်အလက်များ လျင်မြန်စွာဆွေးနွေးနိုင်ခြင်းဖြင့် Cloud Storage (Google Drive၊ Dropbox) ဖြင့် ဖိုင်များကို အဖွဲ့ဝင်အားလုံး အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်ခြင်း၊ AI-Based Tools (ChatGPT၊ Notion AI)များဖြင့် အလိုအလျောက် အချက်အလက်စုစည်းခြင်း၊ အစီရင်ခံစာများပြုစုခြင်း စသည့်နည်းပညာသည် အချက်အလက် မျှဝေမှုကို လွယ်ကူမြန်ဆန်စေသည်။ လူငယ်များသည် အွန်လိုင်းပလက်ဖောင်းများကို အသုံးပြု၍ အခမဲ့အွန်လိုင်းသင်တန်းများ(Coursera၊ edX၊ Khan Academy)တက်ရောက်ကာ ကျွမ်းကျင်မှုများ တိုးတက်အောင်လုပ်ခြင်း၊ Facebook Groups၊ LinkedIn၊ Discord စသည့်အသိုင်းအဝိုင်းများတွင် ပညာရပ်ဆိုင်ရာဆွေးနွေးခြင်း၊ Mentorship ရယူခြင်း စသည့်အွန်လိုင်းပညာရေးနှင့်လူမှုအသိုင်းအဝိုင်းများမှ တစ်ဆင့် အသိပညာဖလှယ်ခြင်း တို့ကို ပြုလုပ်နိုင်သည်။
လူငယ်နှင့် Game
မြန်မာနိုင်ငံရှိ လူငယ်အများအပြားသည် အွန်လိုင်း/အော့ဖ်လိုင်းဂိမ်းများကို အချိန်ကြာမြင့်စွာကစားခြင်း၊ စွဲလမ်းခြင်းပြဿနာနှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် Mobile Legends၊ Free Fire၊ PUBG၊ Roblox စသည့် Online Multiplayer Games များကို အလွန်အကျွံကစားခြင်းကြောင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ဂိမ်းကစားချိန်များလွန်းပါက စာကျက်ချိန်နည်းပြီး စာမေးပွဲအမှတ်ကျဆင်းကာ ပညာရေးတွင် နောက်ကျကျန်ရစ်နိုင်သည်။ ဂိမ်းကစားပြီးနောက် စာသင်ခန်းတွင် စိတ်မပါဖြစ်ကာ အာရုံစူးစိုက်မှုလျော့နည်းခြင်း၊ သင်ယူမှုစွမ်းရည်ကျဆင်းခြင်းများဖြစ်တတ်သည်။
မိဘအုပ်ထိန်းသူများ၊ ဆရာများအနေဖြင့် လူငယ်များ အလွန်အကျွံ Game ကစားခြင်းမှ ကာကွယ်ရန်အတွက် ကလေး၏ Screen Time ကို တစ်နေ့ ၂-၃ နာရီထက် မပိုစေရန်ကန့်သတ်ခြင်း၊ အခြားအားကစား/အနုပညာ လှုပ်ရှားမှုများကို အားပေးခြင်း၊ ပညာရေးတွင် အာရုံစူးစိုက်မှုပိုမို ရရှိလာအောင် အချိန်ပေးခြင်းတို့ဆောင်ရွက်သင့်သည်။
လူငယ်နှင့် မူးယစ်ဆေးဝါး လူငယ်လူရွယ်များကို လုံးဝဖျက်ဆီးပစ်နိုင်သည့် တစ်ခုတည်းသောအရာမှာ မူးယစ်ဆေးဝါးပင်ဖြစ်သည်။ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေးအနေဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများနှင့် ကျောင်းပြင်ပစခန်းများတွင် မူးယစ်ဆေးဝါးကင်းစင် နယ်မြေဖြစ်စေရေးအတွက် မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့်လူငယ် စကားဝိုင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဘုတ်များ စိုက်ထူခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။
မူးယစ်ဆေးဝါးစကားလုံးသည် အလွန်ကျယ်ပြန့်လှသည်။ ကွမ်းယာစားသုံးခြင်းမှစ၍ အရက်၊ ဆေးလိပ်၊ ဘီယာသောက်သုံးခြင်း၊ စိတ်ငြိမ်ဆေး၊ ဆေးပြား၊ ဘိန်းဖြူ၊ ဘိန်းမည်းများ သုံးစွဲခြင်းအထိ ပါဝင်သည်။ ယနေ့ခေတ်သည် တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လူငယ်များအတွက် အားကစားနှင့်ကစားခုန်စား လှုပ်ရှားမှုများပြုလုပ်ခြင်း၊ အားကစားသင်တန်းများ တက်ရောက်သင်ကြားခြင်း၊ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခြင်း စသောအားလပ်ချိန်အား အကျိုးရှိစွာ အသုံးချမှုများသည် လူငယ်များ၏စိတ်ဓာတ်ဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကိုယ်ကာယကြံ့ခိုင်ဖွံ့ဖြိုးမှုများအတွက်လည်း အရေးကြီးလှသည်။
လူငယ်နှင့်အားကစားအနာဂတ်ကာလတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပခုံးပြောင်းတာဝန်ယူ ဆောင်ရွက်သွားကြရမည့် လူငယ်များအား အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပြုစုပျိုးထောင်နိုင်ရေးအတွက် နိုင်ငံသားများအား အားကစားမှတစ်ဆင့် လူ့အဖွဲ့အစည်းအတွင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန်နှင့် လူမှုဝန်ထမ်း လုပ်ငန်းများကို စိတ်ပါဝင်စားစွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လာစေရေး စည်းရုံးဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်၍ မျိုးဆက်သစ် လူငယ်လူရွယ်များအား အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ကျန်းမာကြံ့ခိုင်စေရေးအတွက် ကျောင်းပိတ်ရက်များတွင် အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ(အခြေခံနှင့်အဆင့်မြင့်)အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းများဖြင့် အားလပ်ချိန်များတွင် စိတ်လေလွင့်နေမည့်လူငယ်များကို အားကစားဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးနေခြင်းတို့သည် နိုင်ငံတော်ကို အားကစားဖြင့် အကျိုးပြုနေသည့်အချက်တစ်ချက်ဖြစ်ကြောင်း တွေ့ရှိရသည်။
လူငယ်နှင့် ဖွံ့ဖြိုးတိုးတက်ရေး
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအကျဆုံးကိုညွှန်းဆိုရပါလျှင် လူငယ်ကဏ္ဍပင်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် လူငယ်များကို အထူးအလေးထားသောအားဖြင့် လူငယ်များ၏အနာဂတ်ကောင်းများကို ဖန်တီးတည်ဆောက် ပေးလျက်ရှိသည်။ နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြသည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် လူငယ်များပညာသင်ယူခြင်းနှင့်အတူ အားကစားလိုက်စား၍ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ရေး ရည်ရွယ်လျက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနကိုဖွင့်လှစ်ခဲ့သည်။ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ခေတ် လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာ့အခင်းအကျင်းတွင် လူငယ်များသည် အပြောင်းအလဲ၏ အဓိကမောင်းနှင်အားများအဖြစ်ပေါ်ထွက်လာပြီး နိုင်ငံတကာစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နည်းပညာနှင့်ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ၏ စွမ်းအားကို အသုံးချနေကြသည်။
၂၀၃၀ ပြည့်နှစ်တွင် လူငယ်လူဦးရေသည် ကမ္ဘာ့လူဦးရေစာရင်း၏ ၅၇ ရာခိုင်နှုန်းအထိ ပါဝင်လာမည်ဟုခန့်မှန်းထားပြီး လူငယ်များအား ဆုံးဖြတ်ချက်ချခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုတွင် အဓိပ္ပာယ်ပြည့်ဝသော အခန်းကဏ္ဍများ ပါရှိသည့်လူငယ်များအား အခွင့်အာဏာပေးရန် အရေးတကြီးလိုအပ်မှုကို အလေးပေးဖော်ပြလျက်ရှိသည်။ ဤလူဦးရေ အပြောင်းအရွှေ့သည် ဘက်စုံမူဝါဒများ၏အကျိုးခံစားခွင့်များသာမက လူငယ်များကို ပုံဖော်ရာတွင် မရှိမဖြစ်မိတ်ဖက်များ အဖြစ်နေရာယူထားသည်။
လူငယ်များနှင့် အောင်မြင်ရေး
လူငယ်များသည် နည်းပညာ၏ အရှိန်အဟုန်ကို အသုံးချ၍ ဘက်စုံပူးပေါင်း ဆောင်ရွက်မှုများကို ဦးဆောင်နိုင်စွမ်းရှိသည်။ ဒစ်ဂျစ်တယ်စွမ်းရည်၊ ဆန်းသစ်တီထွင်မှုနှင့် လူမှုအသိုင်းအဝိုင်းတို့ကို ပေါင်းစပ်ခြင်းဖြင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ဖော်ဆောင်နိုင်သည်။ ပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ်၏သော့ချက်ဖြစ်သည်ဆိုပါက နည်းပညာက ထိုသော့ကို ပိုမိုလွယ်ကူစွာ လှည့်နိုင်စေမည်ဖြစ်သည်။
ထို့ကြောင့် မိဘ၊ ဆရာများအနေဖြင့် လူငယ်များ၏ဘဝကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကို တိုးတက်ကောင်းမွန်လာအောင် စနစ်တကျပြုစုပျိုးထောင်ကြရန် အလွန်အရေးကြီးသလို ယနေ့ခတ်လူငယ်များအနေဖြင့်လည်း မိမိတို့၏စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများကို ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ကြိုးစား ဆောင်ရွက်ကြရန် အရေးကြီးသည်။ သို့မှသာ အနာဂတ်ကိုကောင်းမွန်စွာ ဦးဆောင်နိုင်မည့် လူငယ်လူရွယ် လူကောင်းလူတော်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ရေးသားရင်း ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုရေးသား ဖော်ပြလိုက်ရပါသည်။ ။
MWD
ယခု အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) ဟု ခေါ်တွင်သော အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ (SEAP Games) ကို ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ စတင်ကျင်းပခဲ့သည်။
ပထမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲ
အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲကျင်းပရန် စဉ်းစားစိုင်းပြင်းခဲ့သည်မှာ ၁၉၅၈ ခုနှစ် တိုကျိုအာရှအိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်စဉ်ကဖြစ်သည်။ ထိုင်းနိုင်ငံက ဦးဆောင် လှုံ့ဆော်ကာ မြန်မာ၊ လာအို၊ မလေးယား (ယခု မလေးရှား) တို့ကို ဖိတ်ကြားပြီး အိမ်နီးချင်းအရှေ့တောင်အာရှကျွန်းဆွယ်နိုင်ငံများ၏ အားကစားတိုးတက်ရေးအတွက် အားကစားပြိုင်ပွဲတစ်ရပ် ပြုလုပ်သင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေး၌ အရှေ့တောင်အာရှကျွန်းဆွယ်နိုင်ငံများမှ အားကစားသမားများသည် အာရှ အိုလံပစ်နှင့် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် နိုင်ငံတကာအတွေ့အကြုံ၊ အရည်အချင်းနှင့် စွမ်းရည်ပြည့်ဝရန်လိုအပ်သည်။ အဆိုပါအရည်အချင်း၊ စွမ်းရည်များပြည့်ဝရန် အတွက် အဆင့်အတန်းတူညီသည့် ကျွန်းဆွယ်နိုင်ငံအချင်းချင်း ယှဉ်ပြိုင်စမ်းသပ် အကဲခတ်ရန်လိုသည်။ ထို့ပြင် အာရှအိုလံပစ်နှင့် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများ ကြားတွင် ကျွန်းဆွယ်ပြိုင်ပွဲကို ပြုလုပ်ခြင်းဖြင့် ကျွန်းဆွယ်အားကစားသမားများ အဆင့်အတန်းကို ခန့်မှန်းနိုင်သည်စသည်ဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ပထမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲကို ၁၉၅၉ ခုနှစ်တွင် ဗန်ကောက်မြို့၌ ပြုလုပ်ရန်နှင့် ပြိုင်ပွဲကို နှစ်နှစ်လျှင် တစ်ကြိမ်ပြုလုပ်ရန်၊ ကမ္ဘောဒီးယားနှင့် ထိုစဉ်က တောင်ဗီယက်နမ်တို့ကိုလည်း လက်ခံရန် ဆုံးဖြတ်ခဲ့ကြသည်။
ထို့နောက် ၁၉၅၉ ခုနှစ် ဇွန်လတွင် ဗန်ကောက်မြို့၌ ကျွန်းဆွယ်အားကစားအဖွဲ့ချုပ် အစည်းအဝေး ပွဲတစ်ရပ်ပြုလုပ်ပြီး ပြိုင်ပွဲစည်းကမ်းများရေးဆွဲခဲ့ကြသည်။ ကမ္ဘာ့အားကစားအဖွဲ့ချုပ်များက အသိအမှတ်ပြုထားသော အားကစားပြိုင်ပွဲများကိုသာ ထည့်သွင်းကျင်းပရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။ ထို့ပြင် စင်ကာပူနိုင်ငံကိုလည်း အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။ သို့သော် ပထမအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ ကျင်းပသည့်အခါ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ ပြဿနာဖြစ်နေ၍ ကမ္ဘောဒီးယားက လာရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့ချေ။
သို့ဖြစ်၍ ပထမအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲသို့ အိမ်ရှင် ထိုင်း၊ မြန်မာ၊ မလေးယား (ယခု မလေးရှား)၊ စင်ကာပူ၊ တောင်ဗီယက်နမ်နှင့် လာအိုနိုင်ငံ စုစုပေါင်း ခြောက်နိုင်ငံမှသာ လာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မပျက်မကွက် ပါဝင်ဆင်နွှဲခဲ့
မြန်မာနိုင်ငံအနေဖြင့်မူ အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ စတင်သန္ဓေတည် ပေါ်ပေါက်လာရန်ကြိုးပမ်းခဲ့သည့် ဦးဆောင်နိုင်ငံပီပီ ပထမအကြိမ်ပြိုင်ပွဲမှ ယခုလာမည့် (၃၃)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတိုင်အကြိမ်တိုင်း မပျက်မကွက် ပါဝင်ဆင်နွှဲခဲ့သည်။
အိမ်ရှင်နိုင်ငံအနေဖြင့်လည်း ၁၉၆၁ ခုနှစ် ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲနှင့် ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ်မြောက် အရှေ့တောင် အာရှကျွန်းဆွယ်ပြိုင်ပွဲကို ရန်ကုန်မြို့၌လည်းကောင်း၊ ၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို နေပြည်တော်၌လည်းကောင်း အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည်။ အောင်မြင်မှုအစဉ်အလာနှင့် ရွှေရောင် တောက်ပခဲ့သော သမိုင်းမှတ်တမ်းကောင်းများစွာ ကိုလည်း ရေးထိုးနိုင်ခဲ့သည်။
ဗွေဆော်ဦးကျင်းပသည့် ၁၉၅၉ ခုနှစ် ပထမအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ်အားကစား ပြိုင်ပွဲမှာပင် မြန်မာအားကစားအဖွဲ့သည် အုပ်ချုပ်သူ ၂၄ ဦး၊ အမျိုးသားအားကစားသမား ၉၈ ဦး၊ အမျိုးသမီးအားကစားသမား လေးဦးတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေ ၁၁ ခု၊ ငွေ ၁၅ ခု၊ ကြေး ၁၄ ခုဖြင့် စုစုပေါင်း ဆုတံဆိပ် ၄၀ ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် ဒုတိယရရှိခဲ့သည်။
အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခဲ့သည့် ၁၉၆၁ ခုနှစ် ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့သည် ရွှေ ၃၅၊ ငွေ ၂၆၊ ကြေး ၄၃ ဖြင့် စုစုပေါင်း ၁၀၄ ခု ဆွတ်ခူး ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် ပထမရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၆၅ ခုနှစ် တတိယအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေ ၈၊ ငွေ ၇၊ ကြေး ၁၈ ဖြင့် စုစုပေါင်း ၃၃ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၆ နိုင်ငံအနက် စတုတ္ထရရှိခဲ့သည်။
ထိုင်းနိုင်ငံ၌ကျင်းပသည့် ၁၉၆၇ ခုနှစ် စတုတ္ထအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေ ၁၁၊ ငွေ ၂၆၊ ကြေး ၃၂ ဖြင့် စုစုပေါင်း ၆၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၆ နိုင်ငံအနက် စတုတ္ထရရှိခဲ့သည်။
ဒုတိယအကြိမ်မြောက် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့
မြန်မာနိုင်ငံက ဒုတိယအကြိမ်မြောက် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့သည့် ၁၉၆၉ ခုနှစ် ပဉ္စမ အကြိမ်မြောက်ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့သည် ရွှေ ၅၇၊ ငွေ ၄၆၊ ကြေး ၄၆ ဖြင့် စုစုပေါင်း ၁၄၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၆ နိုင်ငံအနက် ပထမရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၇၁ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေ ၂၀၊ ငွေ ၂၈၊ ကြေး ၁၃ ဖြင့် စုစုပေါင်း ၆၁ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် စတုတ္ထရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ဆက်လက်ကျင်းပသည့် ၁၉၇၃ ခုနှစ် သတ္တမအကြိမ်မြောက် ကျွန်းဆွယ် ပြိုင်ပွဲတွင် ရွှေ ၂၈ ၊ ငွေ ၂၄၊ ကြေး ၁၅ ဖြင့် စုစုပေါင်း ၆၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် စတုတ္ထရရှိခဲ့သည်။
ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၁၉၇၅ ခုနှစ် အဋ္ဌမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေ ၂၈၊ ငွေ ၃၅၊ ကြေး ၃၃ ဖြင့် စုစုပေါင်း ၉၆ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၄ နိုင်ငံအနက် တတိယရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၇၇ ခုနှစ် နဝမအကြိမ်ပြိုင်ပွဲတွင်မူ ကျွန်းဆွယ်မဟုတ်သည့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့ပါဝင်လာ၍ ကျွန်းဆွယ်အမည်ဖြုတ်ပြီး အရှေ့တောင်အာရှအားကစား ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့သည်။ သို့ရာတွင် ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုတို့ ပါဝင် ယှဉ်ပြိုင်ခြင်းမရှိ၍ မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံ အပါအဝင် စုစုပေါင်း ၇ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာအားကစားအဖွဲ့က ရွှေ ၂၅၊ ငွေ ၄၂၊ ကြေး ၄၃ ဖြင့် စုစုပေါင်း ၁၁၀ ဆွတ်ခူးရရှိခဲ့ပြီး စတုတ္ထ ရရှိခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၇၉ ခုနှစ် ဒသမအကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၂၆၊ ငွေ ၂၆၊ ကြေး ၂၄ ဖြင့် စုစုပေါင်း ၇၆ ခု ဆွတ်ခူးရရှိ ခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် တတိယရရှိခဲ့ သည်။
ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် ၁၉၈၁ ခုနှစ် (၁၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၅၊ ငွေ ၁၉၊ ကြေး ၂၇ ဖြင့် စုစုပေါင်း ၆၁ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် ပဉ္စမရရှိခဲ့သည်။
စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ၁၉၈၃ ခုနှစ် (၁၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၈၊ ငွေ ၁၅၊ ကြေး ၁၇ ဖြင့် စုစုပေါင်း ၅၀ ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၈ နိုင်ငံအနက် ပဉ္စမရရှိခဲ့သည်။
ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၁၉၈၅ ခုနှစ် (၁၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၃၊ ငွေ ၁၉၊ ကြေး ၃၄ ဖြင့် စုစုပေါင်း ၆၆ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၈ နိုင်ငံအနက် ဆဋ္ဌမရရှိခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၈၇ ခုနှစ် (၁၄) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၃၊ ငွေ ၁၅၊ ကြေး ၂၁ ဖြင့် စုစုပေါင်း ၄၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၈ နိုင်ငံအနက် ဆဋ္ဌမရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၈၉ ခုနှစ် (၁၅) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၀၊ ငွေ ၁၄၊ ကြေး ၂၀ ဖြင့် စုစုပေါင်း ၄၄ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၉ နိုင်ငံအနက် ဆဋ္ဌမရရှိခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် ၁၉၉၁ ခုနှစ် (၁၆) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၂၊ ငွေ ၁၆၊ ကြေး ၂၉ ဖြင့် စုစုပေါင်း ၅၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၉ နိုင်ငံအနက် ဆဋ္ဌမရရှိခဲ့သည်။
စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ၁၉၉၃ ခုနှစ် (၁၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၈၊ ငွေ ၁၃၊ ကြေး ၁၆ ဖြင့် စုစုပေါင်း ၃၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၉ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၁၉၉၅ ခုနှစ် (၁၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၄၊ ငွေ ၂၁၊ ကြေး ၃၇ ဖြင့်စုစုပေါင်း ၆၂ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၉၇ ခုနှစ် (၁၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၈၊ ငွေ ၃၄၊ ကြေး ၄၄ ဖြင့် စုစုပေါင်း ၈၆ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ဘရူနိုင်းနိုင်ငံ၌ ကျင်းပသည့် ၁၉၉၉ ခုနှစ် အကြိမ် (၂၀) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင်မူ ရွှေ ၃၊ ငွေ ၁၀၊ ကြေး ၁၀ ဖြင့် စုစုပေါင်း ၂၃ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ နိုင်ငံအနက် အဋ္ဌမရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၂၀၀၁ ခုနှစ် (၂၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၉၊ ငွေ ၁၄၊ ကြေး ၅၃ ဖြင့် စုစုပေါင်း ၈၆ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် ၂၀၀၃ ခုနှစ် (၂၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၆၊ ငွေ ၄၃၊ ကြေး ၅၀ ဖြင့်စုစုပေါင်း ၁၀၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် ၂၀၀၅ ခုနှစ် (၂၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၇၊ ငွေ ၃၄၊ ကြေး ၄၈ ဖြင့် စုစုပေါင်း ၉၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၂၀၀၇ ခုနှစ် (၂၄) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၄၊ ငွေ ၂၆၊ ကြေး ၄၇ ဖြင့် စုစုပေါင်း ၈၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
လာအိုနိုင်ငံ၌ ကျင်းပသည့် ၂၀၀၉ ခုနှစ် (၂၅) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၂၊ ငွေ ၂၂၊ ကြေး ၃၇ ဖြင့် စုစုပေါင်း ၇၁ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဋ္ဌမရရှိခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ၂၀၁၁ ခုနှစ် (၂၆) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၆၊ ငွေ ၂၇၊ ကြေး ၃၇ ဖြင့် စုစုပေါင်း ၈၂ ခုဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
မြန်မာနိုင်ငံက တတိယအကြိမ်မြောက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သော ၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင်မူ မြန်မာ အားကစားအဖွဲ့သည် ရွှေ ၈၄၊ ငွေ ၆၃၊ ကြေး ၈၄ ဖြင့် စုစုပေါင်း ၂၃၁ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် ဒုတိယရရှိခဲ့သည်။
စင်ကာပူနိုင်ငံ၌ကျင်းပသည့် ၂၀၁၅ ခုနှစ် (၂၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၂၊ ငွေ ၂၆၊ ကြေး ၃၁ ဖြင့် စုစုပေါင်း ၆၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၂၀၁၇ ခုနှစ် (၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၇၊ ငွေ ၁၀၊ ကြေး ၂၀ ဖြင့် စုစုပေါင်း ၃၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပခဲ့သည့် ၂၀၁၉ ခုနှစ် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၄၊ ငွေ ၁၈၊ ကြေး ၅၁ ဖြင့် စုစုပေါင်း ၇၃ ခု ဆွတ်ခူးရရှိခဲ့ ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ဗီယက်နမ်နိုင်ငံ၌ကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၉၊ ငွေ ၁၈၊ ကြေး ၃၅ ဖြင့် စုစုပေါင်း ၆၂ ခု ဆွတ်ခူးရရှိ ခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပသည့် ၂၀၂၃ ခုနှစ် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၂၁၊ ငွေ ၂၅၊ ကြေး ၆၈ ဖြင့် စုစုပေါင်း ၁၁၄ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဋ္ဌမရရှိခဲ့သည်။
အောင်မြင်မှုစံနှုန်းကို အမြင့်မားဆုံး စိုက်ထူစွမ်းဆောင်နိုင်ခဲ့
ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်နှင့် နိုင်ငံအလိုက် အဆင့်ရပ်တည်မှုစာရင်းဇယားများကို လေ့လာ ကြည့်လျှင် မြန်မာအားကစားအဖွဲ့သည် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့သည့် ၁၉၆၁ ခုနှစ် ဒုတိယ ကျွန်းဆွယ်ပြိုင်ပွဲနှင့် ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတို့တွင် ပထမ၊ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ဒုတိယ၊ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ၁၉၇၅ ခုနှစ် အဋ္ဌမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲနှင့် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ဒသမအကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတို့တွင် တတိယဖြင့် အောင်မြင်မှုစံနှုန်းကို အမြင့်မားဆုံး စိုက်ထူစွမ်းဆောင်နိုင်ခဲ့သည်။
ထို့အတူ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ၁၉၉၅ ခုနှစ် (၁၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၊ ဘရူနိုင်း နိုင်ငံ၌ ကျင်းပခဲ့သည့် ၁၉၉၉ ခုနှစ် အကြိမ် ၂၀ မြောက် ဆီးဂိမ်းပြိုင်ပွဲနှင့် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့ သည့် ၂၀၁၉ ခုနှစ် အကြိမ် ၃၀ မြောက် ဆီးဂိမ်းပြိုင်ပွဲတို့တွင် မြန်မာအားကစားအဖွဲ့သည် ရွှေတံဆိပ် ၄ ခု၊ ရွှေတံဆိပ် ၃ ခုနှင့် ရွှေတံဆိပ် ၄ ခုသာ ရရှိခဲ့၍ ကျွန်းဆွယ်ပြိုင်ပွဲနှင့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် ရွှေတံဆိပ် အနည်းဆုံးပြိုင်ပွဲများအဖြစ် တွေ့မြင်ရမည်ဖြစ်ပေ သည်။
ခေတ်ဦးကျွန်းဆွယ်ပြိုင်ပွဲနှင့် အရှေ့တောင်အာရှဆီးဂိမ်းအားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံ အတွက် ရွှေတံဆိပ်အများဆုံးဆွတ်ခူးရရှိရန် အဓိကဒေါက်တိုင်အဖြစ် မတည်ပေးခဲ့သော အားကစား နည်းများမှာ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ လက်ဝှေ့၊ ဘောလုံးနှင့် ဘော်လီဘောအားကစားနည်းများ ဖြစ်ပေသည်။
ငါးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဆိုလျှင် ၁၉၆၅၊ ၁၉၆၇၊ ၁၉၆၉၊ ၁၉၇၁ နှင့် ၁၉၇၃ ခုနှစ် အရှေ့ တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲတို့တွင် ငါးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ရုံမက ၁၉၆၆ ခုနှစ် နှင့် ၁၉၇၀ ပြည့်နှစ် အာရှအားကစားပြိုင်ပွဲချန်ပီယံ၊ ၁၉၆၈ ခုနှစ် အာရှဖလားဘောလုံးပြိုင်ပွဲတွင် ဒုတိယ၊ ၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုတို့အပြင် ဖိတ်ခေါ်ဖလားပြိုင်ပွဲများ ချန်ပီယံဆုရှင်အဖြစ် အောင်မြင်မှုသမိုင်းအစဉ် အလာကြီးမားခဲ့သည်။
ထို့အတူ အလေးမအားကစားနည်းဆိုလျှင်လည်း ၁၉၆၅ ခုနှစ် တတိယအကြိမ် ကျွန်းဆွယ် ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ဆွတ်ခူးရရှိခဲ့သည့် ရွှေတံဆိပ် ၈ ခု၊ ငွေတံဆိပ် ၇ ခုနှင့် ကြေးတံဆိပ် ၁၈ ခုအနက် မြန်မာအလေးမအားကစားအဖွဲ့က ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၃ ခုဖြင့် အများဆုံးရယူပေး နိုင်ခဲ့သည်။
မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့ဆိုမူ ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂၀၊ ၁၉၇၁ ခုနှစ် ဆဋ္ဌမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ထိုင်း၊ စင်ကာပူတို့ကို အနိုင်ရကာ ရွှေတံဆိပ် ၆ ခု ရယူဆွတ်ခူးပေးခဲ့ပြီး ကျွန်းဆွယ်နှင့် အရှေ့တောင်အာရှဆီးဂိမ်းအားကစားပြိုင်ပွဲ၊ အာရှ အားကစားပြိုင်ပွဲများတွင် အောင်ပွဲအလီလီဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။
တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဖြစ်ကြသည့် ဂျင်နီဖာတင်လေး(သံလုံးပစ်)၊ မမိုးစံ (တာတိုပြေး)၊ ဂျင်မီကရမ်တန်(တာလတ်ပြေး)၊ ရှင်မွေဂန်း(တာဝေးပြေး)၊ မမိုးအေး(ခ)ဂရေစီကား (ပြေးခုန်ပစ်)၊ စိုးမရ(ဝါးလုံးထောက်ခုန်)၊ မဖြူဖြူ (ဘော်လီဘော)၊ ကြည်ညွန့်(ကြက်တောင်)၊ တင်မောင်နီ(ရေကူး)၊ တင်ထွန်း(လက်ဝှေ့)၊ သိန်းမြင့် (လက်ဝှေ့)၊ ထွန်းမောင်(အလေးမ)၊ ချစ်မြ(အလေးမ)၊ ဦးစိန်လှိုင်(ဘောလုံး)၊ ဗဟာဒူး(ဘောလုံး)၊ တင်အောင် (ဘောလုံး)၊ လှဌေး(ဘောလုံး)တို့၏ အားကစားအောင်မြင်မှုများကို အားကစားကလောင်ရှင် ဆရာမောင်ရဲဝင်းက “မြန်မာ့အားကစား လူရည်ချွန်များ” အမည်ဖြင့် စာအုပ်ရေးသားထုတ်ဝေခဲ့သည်။
ထို့အတူ အားကစားကလောင်ရှင်ဆရာ ဗဟိုသိမ်းဆောင်ကလည်း “အာရှဘောလုံးနှင့် မြန်မာ့ ကြယ်ပွင့်များ”အမည်ဖြင့် ဗဟာဒူး၊ ခင်မောင်ထွန်း (ဂိုး)၊ ဘပု၊ မောင်မောင်၊ တင်အေး၊ အောင်ခင်၊ ဝင်းမောင်နှင့် စိုးမြင့်တို့၏ ဘဝတစေ့တစောင်းကို စာအုပ်အဖြစ် ရေးသားထုတ်ဝေခဲ့သည်။
အောင်ပွဲအလီလီ ရယူဆွတ်ခူးပေးခဲ့
တစ်ခေတ်တစ်ခါက နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့အားကစားလူရည်ချွန်များသည် ယခုမျက်မှောက် ခေတ်ကဲ့သို့ နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခြင်းကို မခံစား၊ မစံစားခဲ့ ကြရသော်လည်း နိုင်ငံနှင့် လူမျိုးအတွက်ဟူသည့် ခံယူချက်ဖြင့် အရိုးကြေကြေ အရေခန်းခန်း၊ မလျှော့ သောဇွဲလုံ့လ၊ ဝီရိယ၊ သတ္တိအပြည့်တို့ဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အနိုင်မခံ အရှုံးမပေးဘဲ အောင်ပွဲအလီလီ ရယူဆွတ်ခူးပေးခဲ့ကြပါသည်။
ကျွန်းဆွယ်အားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် မမိုးစံသည် အမျိုးသားတံခွန်စိုက် ပြေးခုန်ပစ်ပြိုင်ပွဲ တွင် ရှုံးနိမ့်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း စိတ်ဓာတ်မကျ၊ “ငါ တစ်နေ့နိုင်ရမည်” ဟူသော ခံယူချက်ဖြင့် အောင်စိတ်မွေးပြီး ရည်မှန်းချက်ပြည့်ဝ စေရန် ဆက်လက်ကြိုးစားလေ့ကျင့်ခဲ့သည်။
Burma’s Golden Boy ဟု ကျွန်းဆွယ်အားကစားပြိုင်ပွဲများတွင် ထင်ရှားကျော်ကြားခဲ့သော အာရှနှင့် ကျွန်းဆွယ်အားကစားပြိုင်ပွဲ တာလတ်အပြေးချန်ပီယံ ဂျင်မီကရမ်တန်ဆိုလျှင် ဆဋ္ဌမ ကျွန်းဆွယ်ပြိုင်ပွဲတွင် ခြေနာနေသောဒဏ်ကြောင့် ဖိနပ်မစီးဘဲ ယှဉ်ပြိုင်ခဲ့ရာ ခြေထောက်မှ သွေးများယိုစီးနေသော်လည်း အားမာန်မလျှော့ဘဲ ဆက်လက်ယှဉ်ပြိုင်ခဲ့ပါသည်။
သို့ဖြစ်၍ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှနှင့် အာရှအဆင့်အားကစားပြိုင်ပွဲများ တွင် မြန်မာအားကစားမောင်မယ်များသည် တစ်ခေတ်တစ်ခါက နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားလူရည်ချွန်များကဲ့သို့ အရိုးကြေကြေ အရေခန်းခန်း မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အောင်စိတ်မွေးမြူကာ အလှည့်ကျလျှင် မနွဲ့စတမ်း နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် ကြိုးပမ်းမြှင့်တင်ဆောင်ရွက်ကြပါစို့။ ။
MOI
လူငယ်တို့၏သဘာဝမှာ လျင်မြန်ခြင်း၊ နိုးကြားတက်ကြွခြင်း၊ ခွန်အားရှိခြင်း၊ စူးစမ်းတတ်ခြင်း၊ စွန့်စားခြင်း၊ ရဲရင့်ခြင်း၊ တတ်မြောက်လွယ်ခြင်းနှင့် ဖန်တီးနိုင်စွမ်းအား ရှိသူများဖြစ်ကြပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်ကို တာဝန်ယူကြရမည့်သူများ ဖြစ်ပေရာ လူငယ်များကိုစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးရှိအောင် ပြုစုပျိုးထောင်ခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကို အလှဆင်ကြရမည်ဖြစ်ပါသည်။ လူငယ်များ၏အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန် ၁၉၉၁ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ပထမအကြိမ် လူငယ်ဖိုရမ်ကို ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်မှအပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကျင်းပနိုင်ရန် အဆိုပြုခဲ့ရာမှ ၁၉၉၈ ခုနှစ်တွင် ပေါ်တူဂီနိုင်ငံ၌ ကုလသမဂ္ဂနှင့် ပူးပေါင်း၍ ပထမအကြိမ် လူငယ်ဆိုင်ရာဝန်ကြီးများ၏ ကမ္ဘာ့ညီလာခံက ဩဂုတ်လ ၁၂ ရက်ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် အကြံပြုခဲ့သည်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးမှ ဆုံးဖြတ်ချက်အမှတ်(၅၄/၁၂၀)ဖြင့် ဩဂုတ်လ ၁၂ ရက်ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၂၅ ခုနှစ်အတွက်ဆောင်ပုဒ်မှာ “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင်ဆီသို့” ဟူ၍သတ်မှတ်ပေးထားသည်။ ထို့အတွက် အောက်ဖော်ပြပါအကြောင်းအရာများကို အသိပညာဗဟုသုတ ရရှိစေရန် ရေးသားတင်ပြလိုက်ရပါသည်-
လူငယ်နှင့်ပညာရေး
လူငယ်များသည် အနာဂတ်လူ့ဘောင်ကို ပုံဖော်ပေးကြမည့်သူများဖြစ်ပြီး အနာဂတ်လူ့ဘောင်ကို ဖန်တီးတည်ဆောက်ကြမည့်နိုင်င ံ့အရင်းအမြစ်များဖြစ်ကြသည်။ လူငယ်များကို စိတ်ဓာတ်မြင့်မားသူ၊ အတွေးအခေါ် မှန်ကန်သူ၊ ရိုးသားဖြောင့်မတ်သူ၊ စွမ်းရည်ပြည့်စုံကြသည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်သည်။ လူငယ်များစနစ်တကျမှန်မှန်ကန်ကန် လေ့ကျင့်ပျိုးထောင်ပေးနိုင်မှသာ အနာဂတ်နိုင်ငံတော်ကို မြင့်မားတိုးတက်အောင် တည်ဆောက်သွားနိုင်မည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်မှု၏အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များ ပေါများခြင်းပင်ဖြစ်သည်။ ပညာဆိုသည်မှာ အသေးစိတ်သိခြင်း၊ သိအောင်လုပ်ခြင်း၊ ကျယ်ကျယ်ပြန့်ပြန့်သိခြင်းတို့ဖြစ်သည်။
ပညာသင်ကြားခြင်းဆိုရာတွင် ကျောင်းသင်ခန်းစာများကို သင်ယူခြင်းအပြင် ကျောင်းပြင်ပသင်ယူခြင်းနှင့် အတွေ့အကြုံများမှ ကိုယ်တိုင်လေ့လာ သင်ယူသွားကြရမည်ဖြစ်သည်။ ပညာတတ်ဖြစ်မှသာ လူ့ဘဝရှင်သန် ရပ်တည်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေးများကိုရရှိပြီး စဉ်းစားတွေးခေါ်မှု၊ ပြဿနာကိုဖြေရှင်းတတ်မှု၊ ဝေဖန်ပိုင်းခြားတတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု စသည့်ပင်ကိုအရည်အသွေးများကို ပိုင်ဆိုင်လာမည်ဖြစ်သည်။
အရည်အသွေးမြင့်သည့် ပညာရပ်များကို တတ်ကျွမ်းသူများသည် ကောင်းမွန်သည့်အလုပ်အကိုင်ကောင်းများကို ရရှိနိုင်သည်။ ဆန်းသစ်တီထွင်တတ်သူ၊ ဉာဏ်ရည်မြင့်မားသူ၊ ဝီရိယရှိပြီး ကြိုးစားအားထုတ်သူများသည် သက်ဆိုင်ရာလုပ်ငန်းများတွင် အောင်မြင်သူများဖြစ်လာကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေ
ရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ ထို့ပြင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။
လူငယ်နှင့်စာပေ
လူငယ်ဘဝ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို ပြောမည်ဆိုပါက လူငယ်နှင့်စာပေမှာ ခွဲခြား၍မရပေ။ လူငယ်များသည် စာပေနှင့်ပတ်သက်၍ ဖတ်ရှုလေ့လာခြင်း၊ ကြည့်ရှုလေ့လာခြင်းတို့ဖြင့် ရရှိလာသည့် ဗဟုသုတအတွေ့အကြုံများဖြင့် အနာဂတ်ဘဝကို ပုံဖော်ရမည်ဖြစ်သည်။
ဖတ်ရှုလေ့လာခြင်း(Reading and Studying)ဆိုသည်မှာ စာပေ၊ အချက်အလက် သို့မဟုတ် အကြောင်းအရာတစ်ခုကို စနစ်တကျဖတ်ရှုပြီး နားလည်သဘောပေါက်၍ လက်တွေ့အသုံးချနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ စာမေးပွဲအတွက် လေ့လာခြင်း၊ ဘာသာရပ်အသစ်ကို သင်ယူခြင်းတို့တွင် အသိပညာ၊ အတွေ့အကြုံ သို့မဟုတ် ကျွမ်းကျင်မှုရရှိရန် ရည်မှန်းချက်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဖတ်ရှုရမည်။ ဖတ်ရှုလေ့လာခြင်းမှတစ်ဆင့် ပညာရှာမှီးရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရန်၊ အတွေးအခေါ်၊ ဉာဏ်ရည်နှင့်ဆုံးဖြတ်ချက်များ ပိုမိုကောင်းမွန်စေရန်၊ ဘဝအတွေ့အကြုံများကို ကျယ်ပြန့်စွာနားလည်နိုင်ရန် အရေးကြီးပါသည်။ ထို့ကြောင့် ဖတ်ရှုလေ့လာခြင်းသည် စာသားများကိုသာမက လောကကြီး၏ အရှိတရားများကိုပါ နက်ရှိုင်းစွာနားလည်နိုင်သည့်အ ခြေခံလိုအပ်ချက် တစ်ရပ်လည်းဖြစ်သည်။
ကြည့်ရှုလေ့လာခြင်း(Observation and Study)ဆိုသည်မှာ မျက်စိ၊ နား သို့မဟုတ် အခြားအာရုံခံနိုင်သောကိရိယာများဖြင့် အရာဝတ္ထု၊ ဖြစ်စဉ်၊ အပြုအမူ သို့မဟုတ် ပတ်ဝန်းကျင်ကိုစနစ်တကျ သတိပြု၍ မှတ်သားကာ နားလည် သဘောပေါက်အောင် ဆောင်ရွက်ခြင်းဖြစ်သည်။ ၎င်းသည် သိပ္ပံနည်းကျလေ့လာမှု၊ လက်တွေ့ဘဝအတွေ့အကြုံနှင့် ပညာရေးဆိုင်ရာလုပ်ငန်းစဉ် တစ်ခုလည်းဖြစ်သည်။ ကြည့်ရှုလေ့လာခြင်း၏ အဓိကလက္ခဏာများမှာ အာရုံစိုက်မှတ်သားခြင်း၊ အချက်အလက်စုဆောင်းခြင်း၊ ဆန်းစစ်သုံးသပ်ခြင်း၊ ရလဒ်များကို သုံးချခြင်းတို့ဖြစ်သည်။ ကြည့်ရှုလေ့လာခြင်း၏ အရေးပါမှုများမှာ သဘာဝတရားကို လေ့လာခြင်းဖြင့် နည်းပညာ အသစ်ျား တီထွင်နိုင်ခြင်း၊ ဈေးကွက်လိုအပ်ချက်ကို လေ့လာပြီး စီးပွားရေးအစီအမံများ ရေးဆွဲခြင်း၊ အတွေ့အကြုံမှတစ်ဆင့် အမှားအမှန်ကို ဆင်ခြင်တတ်ခြင်းတို့ဖြစ်သည်။ ထို့ကြောင့် ကြည့်ရှုလေ့လာခြင်းသည် လက်တွေ့ဘဝနှင့် သုတေသနလုပ်ငန်းများအတွက် အခြေခံကျသော စွမ်းရည်တစ်ရပ်ဖြစ်သည်။
လူငယ်နှင့် Social Mediaမြန်မာနိုင်ငံတွင် လူငယ်အများစုသည် Facebook၊ TikTok၊ Instagram၊ YouTube စသည့် Social Media ပလက်ဖောင်းများကို အချိန်အကြာကြီး အသုံးပြုလျက်ရှိသည်။ အထူးသဖြင့် စမတ်ဖုန်းများ လွယ်ကူစွာရရှိလာခြင်း၊ အင်တာနက်လိုင်းများ ပိုမိုမြန်ဆန်လာခြင်းတို့ကြောင့် Social Media အသုံးပြုမှုနှုန်းသိသိသာသာမြင့်တက်လာပါသည်။
Social Media ကိုအသုံးပြုခြင်းဖြင့် သတင်းအချက် အလက်နှင့်အသိပညာ ရရှိခြင်း၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ဆက်သွယ်နိုင်ခြင်း၊ အနုပညာ၊ စီးပွားရေးနှင့်ကိုယ်ရေးကိုယ်တာအခွင့်အလမ်းများ ဖန်တီးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သော်လည်း ထိခိုက်မှုများကိုမူ သတိကြီးစွာ ထားရပါမည်။
တစ်နေ့လျှင် ၂-၃ နာရီထက်မပိုစေရန် Screen Time ကို ကန့်သတ်ခြင်း၊ Social Media ကို အလုပ်မစတင်မီ၊ အိပ်ရာမဝင်မီ အချိန်တိုသာသုံး၍ အချိန်စီမံခန့်ခွဲမှု(Time Management)ထားခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များ (ဖုန်းနံပါတ်၊ လိပ်စာ)ကို Public မထားပါဘဲ Privacy & Security ကို အလေးထားခြင်း၊ မိသားစု၊ သူငယ်ချင်းများနှင့်တွေ့ဆုံပြီး အားကစား၊ စာဖတ်ခြင်း၊ အနုပညာလှုပ်ရှားမှုများလုပ်ခြင်း၊ စကားပြောချိန်များများဖန်တီးပြီး Real-Life Interaction ကို ဦးစားပေးခြင်း၊ Social Media အစား ပညာရေး၊ ကျန်းမာရေး၊ Skill Development ဆိုင်ရာ Page/Channel များကို Follow လုပ်ကာ အသိပညာတိုးပွားစေရန် Positive Content များကို ရွေးချယ်ကြည့်ရှုခြင်း၊ Fake News နှင့် အကြမ်းဖက်အကြောင်းအရာများကို Report & Block လုပ်ခြင်းတို့ဖြင့် Social Media ကြောင့် ထိခိုက်မှုများမဖြစ်စေရန် ဆောင်ရွက်သင့်သည်။
လူငယ်နှင့်သိပ္ပံနည်းပညာ ခေတ်သစ်ကမ္ဘာတွင် နည်းပညာသည် လူမှုရေး၊ စီးပွားရေးနှင့် ပညာရေးကဏ္ဍများကို အခြေခံမှပြောင်းလဲနေသည်။ လူငယ်များအနေဖြင့် နည်းပညာကိုအသုံးချ၍ ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ(Multi-Stakeholder Collaboration) မြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့်နိုင်သည်။ နည်းပညာခေတ်တွင် လူငယ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် ဒစ်ဂျစ်တယ်နည်းလမ်းများက အရေးပါလာသည်။ လူငယ်များသည် Zoom၊ Slack၊ Trello၊ Microsoft Teams စသည့် Online Colla-boration Tools များကိုအသုံးပြု၍ အုပ်စုလိုက်ဆွေးနွေးခြင်း(Virtual Meetings)၊ လုပ်ငန်းတာဝန်များခွဲဝေခြင်း(Task Management)၊ ပရောဂျက်များကို အချိန်နှင့်တစ်ပြေးညီ စီမံခြင်း(Real-Time Collaboration) စသည့်ဒစ်ဂျစ်တယ် ပလက်ဖောင်းများမှတစ်ဆင့် အဝေးမှပူးပေါင်း အလုပ်လုပ်ခြင်းတို့ကို လွယ်ကူစွာ လုပ်ဆောင်နိုင်သည်။
ဒေတာမျှဝေခြင်း(Cloud Computing & AI)ဖြင့် အချက်အလက်များ လျင်မြန်စွာဆွေးနွေးနိုင်ခြင်းဖြင့် Cloud Storage (Google Drive၊ Dropbox) ဖြင့် ဖိုင်များကို အဖွဲ့ဝင်အားလုံး အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်ခြင်း၊ AI-Based Tools (ChatGPT၊ Notion AI)များဖြင့် အလိုအလျောက် အချက်အလက်စုစည်းခြင်း၊ အစီရင်ခံစာများပြုစုခြင်း စသည့်နည်းပညာသည် အချက်အလက် မျှဝေမှုကို လွယ်ကူမြန်ဆန်စေသည်။ လူငယ်များသည် အွန်လိုင်းပလက်ဖောင်းများကို အသုံးပြု၍ အခမဲ့အွန်လိုင်းသင်တန်းများ(Coursera၊ edX၊ Khan Academy)တက်ရောက်ကာ ကျွမ်းကျင်မှုများ တိုးတက်အောင်လုပ်ခြင်း၊ Facebook Groups၊ LinkedIn၊ Discord စသည့်အသိုင်းအဝိုင်းများတွင် ပညာရပ်ဆိုင်ရာဆွေးနွေးခြင်း၊ Mentorship ရယူခြင်း စသည့်အွန်လိုင်းပညာရေးနှင့်လူမှုအသိုင်းအဝိုင်းများမှ တစ်ဆင့် အသိပညာဖလှယ်ခြင်း တို့ကို ပြုလုပ်နိုင်သည်။
လူငယ်နှင့် Game
မြန်မာနိုင်ငံရှိ လူငယ်အများအပြားသည် အွန်လိုင်း/အော့ဖ်လိုင်းဂိမ်းများကို အချိန်ကြာမြင့်စွာကစားခြင်း၊ စွဲလမ်းခြင်းပြဿနာနှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် Mobile Legends၊ Free Fire၊ PUBG၊ Roblox စသည့် Online Multiplayer Games များကို အလွန်အကျွံကစားခြင်းကြောင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ဂိမ်းကစားချိန်များလွန်းပါက စာကျက်ချိန်နည်းပြီး စာမေးပွဲအမှတ်ကျဆင်းကာ ပညာရေးတွင် နောက်ကျကျန်ရစ်နိုင်သည်။ ဂိမ်းကစားပြီးနောက် စာသင်ခန်းတွင် စိတ်မပါဖြစ်ကာ အာရုံစူးစိုက်မှုလျော့နည်းခြင်း၊ သင်ယူမှုစွမ်းရည်ကျဆင်းခြင်းများဖြစ်တတ်သည်။
မိဘအုပ်ထိန်းသူများ၊ ဆရာများအနေဖြင့် လူငယ်များ အလွန်အကျွံ Game ကစားခြင်းမှ ကာကွယ်ရန်အတွက် ကလေး၏ Screen Time ကို တစ်နေ့ ၂-၃ နာရီထက် မပိုစေရန်ကန့်သတ်ခြင်း၊ အခြားအားကစား/အနုပညာ လှုပ်ရှားမှုများကို အားပေးခြင်း၊ ပညာရေးတွင် အာရုံစူးစိုက်မှုပိုမို ရရှိလာအောင် အချိန်ပေးခြင်းတို့ဆောင်ရွက်သင့်သည်။
လူငယ်နှင့် မူးယစ်ဆေးဝါး လူငယ်လူရွယ်များကို လုံးဝဖျက်ဆီးပစ်နိုင်သည့် တစ်ခုတည်းသောအရာမှာ မူးယစ်ဆေးဝါးပင်ဖြစ်သည်။ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေးအနေဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများနှင့် ကျောင်းပြင်ပစခန်းများတွင် မူးယစ်ဆေးဝါးကင်းစင် နယ်မြေဖြစ်စေရေးအတွက် မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့်လူငယ် စကားဝိုင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဘုတ်များ စိုက်ထူခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။
မူးယစ်ဆေးဝါးစကားလုံးသည် အလွန်ကျယ်ပြန့်လှသည်။ ကွမ်းယာစားသုံးခြင်းမှစ၍ အရက်၊ ဆေးလိပ်၊ ဘီယာသောက်သုံးခြင်း၊ စိတ်ငြိမ်ဆေး၊ ဆေးပြား၊ ဘိန်းဖြူ၊ ဘိန်းမည်းများ သုံးစွဲခြင်းအထိ ပါဝင်သည်။ ယနေ့ခေတ်သည် တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လူငယ်များအတွက် အားကစားနှင့်ကစားခုန်စား လှုပ်ရှားမှုများပြုလုပ်ခြင်း၊ အားကစားသင်တန်းများ တက်ရောက်သင်ကြားခြင်း၊ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခြင်း စသောအားလပ်ချိန်အား အကျိုးရှိစွာ အသုံးချမှုများသည် လူငယ်များ၏စိတ်ဓာတ်ဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကိုယ်ကာယကြံ့ခိုင်ဖွံ့ဖြိုးမှုများအတွက်လည်း အရေးကြီးလှသည်။
လူငယ်နှင့်အားကစားအနာဂတ်ကာလတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပခုံးပြောင်းတာဝန်ယူ ဆောင်ရွက်သွားကြရမည့် လူငယ်များအား အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပြုစုပျိုးထောင်နိုင်ရေးအတွက် နိုင်ငံသားများအား အားကစားမှတစ်ဆင့် လူ့အဖွဲ့အစည်းအတွင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန်နှင့် လူမှုဝန်ထမ်း လုပ်ငန်းများကို စိတ်ပါဝင်စားစွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လာစေရေး စည်းရုံးဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်၍ မျိုးဆက်သစ် လူငယ်လူရွယ်များအား အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ကျန်းမာကြံ့ခိုင်စေရေးအတွက် ကျောင်းပိတ်ရက်များတွင် အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ(အခြေခံနှင့်အဆင့်မြင့်)အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းများဖြင့် အားလပ်ချိန်များတွင် စိတ်လေလွင့်နေမည့်လူငယ်များကို အားကစားဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးနေခြင်းတို့သည် နိုင်ငံတော်ကို အားကစားဖြင့် အကျိုးပြုနေသည့်အချက်တစ်ချက်ဖြစ်ကြောင်း တွေ့ရှိရသည်။
လူငယ်နှင့် ဖွံ့ဖြိုးတိုးတက်ရေး
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအကျဆုံးကိုညွှန်းဆိုရပါလျှင် လူငယ်ကဏ္ဍပင်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် လူငယ်များကို အထူးအလေးထားသောအားဖြင့် လူငယ်များ၏အနာဂတ်ကောင်းများကို ဖန်တီးတည်ဆောက် ပေးလျက်ရှိသည်။ နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြသည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် လူငယ်များပညာသင်ယူခြင်းနှင့်အတူ အားကစားလိုက်စား၍ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ရေး ရည်ရွယ်လျက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနကိုဖွင့်လှစ်ခဲ့သည်။ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ခေတ် လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာ့အခင်းအကျင်းတွင် လူငယ်များသည် အပြောင်းအလဲ၏ အဓိကမောင်းနှင်အားများအဖြစ်ပေါ်ထွက်လာပြီး နိုင်ငံတကာစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နည်းပညာနှင့်ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ၏ စွမ်းအားကို အသုံးချနေကြသည်။
၂၀၃၀ ပြည့်နှစ်တွင် လူငယ်လူဦးရေသည် ကမ္ဘာ့လူဦးရေစာရင်း၏ ၅၇ ရာခိုင်နှုန်းအထိ ပါဝင်လာမည်ဟုခန့်မှန်းထားပြီး လူငယ်များအား ဆုံးဖြတ်ချက်ချခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုတွင် အဓိပ္ပာယ်ပြည့်ဝသော အခန်းကဏ္ဍများ ပါရှိသည့်လူငယ်များအား အခွင့်အာဏာပေးရန် အရေးတကြီးလိုအပ်မှုကို အလေးပေးဖော်ပြလျက်ရှိသည်။ ဤလူဦးရေ အပြောင်းအရွှေ့သည် ဘက်စုံမူဝါဒများ၏အကျိုးခံစားခွင့်များသာမက လူငယ်များကို ပုံဖော်ရာတွင် မရှိမဖြစ်မိတ်ဖက်များ အဖြစ်နေရာယူထားသည်။
လူငယ်များနှင့် အောင်မြင်ရေး
လူငယ်များသည် နည်းပညာ၏ အရှိန်အဟုန်ကို အသုံးချ၍ ဘက်စုံပူးပေါင်း ဆောင်ရွက်မှုများကို ဦးဆောင်နိုင်စွမ်းရှိသည်။ ဒစ်ဂျစ်တယ်စွမ်းရည်၊ ဆန်းသစ်တီထွင်မှုနှင့် လူမှုအသိုင်းအဝိုင်းတို့ကို ပေါင်းစပ်ခြင်းဖြင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ဖော်ဆောင်နိုင်သည်။ ပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ်၏သော့ချက်ဖြစ်သည်ဆိုပါက နည်းပညာက ထိုသော့ကို ပိုမိုလွယ်ကူစွာ လှည့်နိုင်စေမည်ဖြစ်သည်။
ထို့ကြောင့် မိဘ၊ ဆရာများအနေဖြင့် လူငယ်များ၏ဘဝကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကို တိုးတက်ကောင်းမွန်လာအောင် စနစ်တကျပြုစုပျိုးထောင်ကြရန် အလွန်အရေးကြီးသလို ယနေ့ခတ်လူငယ်များအနေဖြင့်လည်း မိမိတို့၏စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများကို ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ကြိုးစား ဆောင်ရွက်ကြရန် အရေးကြီးသည်။ သို့မှသာ အနာဂတ်ကိုကောင်းမွန်စွာ ဦးဆောင်နိုင်မည့် လူငယ်လူရွယ် လူကောင်းလူတော်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ရေးသားရင်း ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုရေးသား ဖော်ပြလိုက်ရပါသည်။ ။
MWD
အသက်ရှည်သူတို့၏ ပတ်ဝန်းကျင်တွင် စီးဆင်းနေသောရေပြင်ကို တွေ့ရစမြဲဖြစ်သည်။ လေကောင်းလေသန့်ရှိသော နေရာမျိုးဖြစ်သည်။ မွန်းကျပ်ခြင်းကင်းသော ကွင်းပြင်သည် တစ်ဖက်တွင်ရှိပြီး ကျောထောက်နောက်ခံ သဖွယ်ဖြစ်သော တောင်တန်းသည် အဝေးတစ်နေရာတွင် တွေ့မြင်နေရသည်။ တောင်ပေါ်မှ စီးဆင်းလာသော ရေနှင့် ကွင်းပြင်မှ ဖြတ်တိုက်လာသောလေတို့ ပေါင်းဆုံရာ နေရာဖြစ်သည်။
ရေကို မြင်ရသောနေရာသည် အသက်ရှည်စေသည့်နေရာ၊ ရေစီးသံကို ကြားနေရသော နေရာသည် အသက်ရှည် စေသောအသံ၊ ရေကိုစိမ်ချိုးရခြင်းသည် အသက်ရှည်ခြင်းအကြောင်း၊ ကြည်လင် သောရေကို သောက်သုံးရခြင်းသည် ကျန်းမာခြင်း၏အကြောင်း၊ အေးမြသော ရေကိုသောက်သုံးရခြင်းသည် အပူအပင် ကင်းခြင်းအကြောင်း၊ သန့်စင်သောရေကို သောက်သုံးရခြင်းသည် ခွန်အားကိုဖြစ်စေ ခြင်းအကြောင်းဟု ရှေးအယူအဆများသည် ယနေ့အထိမှန်ကန်နေမြဲဖြစ်သည်။
မြို့ပြ၏မွန်းကျပ်မှုများတွင် မည်မျှပင် ဝင်ငွေကောင်းပါစေ အသက်ရှည်ကျန်းမာ ရန်မလွယ်ကူနိုင်ပါ။ နေ့စဉ်တွေ့ကြုံနေရ သည့် မော်တော်ယာဉ်နှင့် စက်ရုံများမှထုတ်လွှတ်သော ကာဗွန်အခိုးအငွေ့များ၊ ပိုက်နှင့်သွယ်တန်းထားသည့် ပိုးသတ် ဆေးခတ်ထားသောရေများ၊ လျှပ်စစ်ပစ္စည်းအသုံးအဆောင်များ၊ လက်ကိုင်ဖုန်း များ၊ တုန်ခါဆူညံသောအသံများကို တစ်နာရီခံစားရလျှင် ငါးမိနစ် အသက်တိုစေမည့် အကြောင်းအရာများဖြစ်သည်။
ထိုသို့သောနေရာ၌ နေထိုင်သူများ သည် အလုပ်အားလပ်ချိန်တွင် မြို့ပြင်သို့ ထွက်ပြီး လယ်ကွင်းပြင်၊ မြစ်ချောင်းရှိ သောနေရာများသို့ အသက်ရှူရန် သွားသင့်သည်။ မြစ်ဆိပ်နှင့်နီးလျှင် မြစ်ဆိပ်သို့သွားပြီး ရေလယ်တွင် သွားလာနေသော လှေ၊ သင်္ဘောများကိုကြည့်ခြင်းဖြင့် စိတ်ပူ ပန်မှုများကို လျော့ကျစေနိုင်သည်ဟု အဆိုရှိသည်။ ရေပြင်တွင် စီးမျောနေ သောအရာကိုကြည့်လျှင် စိတ်ပူပန်မှုများ ကိုလျော့ကျစေသည်။ စိတ်တင်းကျပ်မှု များကို ပြေလျော့စေသည်။
တစ်ခါတစ်ရံ တကယ့်ရေပြင်မြစ်ဆိပ် ကိုမသွားရောက်နိုင်သည့်အခါ ပန်းချီကားထဲမှ ရှုခင်းကပင် စိတ်ကိုပေါ့ပါးလန်းဆန်းစေနိုင်သည်။
ပန်းချီပြပွဲတစ်ခုတွင် တွေ့ခဲ့ဖူးသော ပန်းချီကားတစ်ချပ်ကို အမှတ်ရမိသေး သည်။ ပန်းချီ၊ ပန်းပုကျောင်းဆင်းသင်တန်း သားတစ်ဦး၏လက်ရာဖြစ်သည်။ မြစ်ကမ်း ဆိပ်တစ်ခုတွင် အဝတ်လျှော်နေသူ မိန်းမ တစ်ဦး၊ ရေချိုးနေသူကလေးငယ်နှစ်ဦးနှင့် ဝါးဖောင်များကို ရေးဆွဲထားသည်။ အလွန် အသက်ဝင်ပြီး သဘာဝကျသောရေဆေး ပန်းချီကားဖြစ်သည်။
ရေပြင်ကိုမြင်ရသဖြင့် စိတ်ကိုနူးညံ့ ပျော့ပျောင်းစေသည်။ သို့သော် စိတ်အား ငယ်စေခြင်းကား မဟုတ်ပါ။ အမေရိကန် စစ်ဘက်ဆိုင်ရာ စိတ်ပညာသုတေသီတို့၏ လေ့လာတွေ့ရှိချက်များအရ မိမိကိုယ်မိမိ သတ်သေသောစစ်သားများသည် မြေပြင် နှင့် သဲကန္တာရတို့တွင် တာဝန်ထမ်းဆောင် ရသူများဖြစ်လေ့ရှိပြီး ရေတပ်စစ်သင်္ဘောကြီးများနှင့် ပင်လယ်ပြင်တွင် တာဝန်ထမ်းဆောင်နေသူသင်္ဘောသားများမှာ မိမိကိုယ်ကိုသတ်သေမှု အလွန်နည်းကြောင်း လေ့လာတွေ့ရှိရသည်ဟုဆိုသည်။ ဤသည်မှာ ရေပြင်မှပေးသော စိတ်ချမ်းသာမှုဖြစ်သည်။
စိတ်ပညာရှင်များ၏အဆိုအရ အပန်း ဖြေခရီးထွက်ကြသူများအတွက် အသင့် လျော်ဆုံး၊ စိတ်ချမ်းသာမှုအပေးနိုင်ဆုံး နေရာမှာ ကမ်းခြေဟိုတယ်နှင့် အပန်းဖြေ စခန်းများဖြစ်သည်။ မြန်မာနိုင်ငံတွင် ငွေဆောင်၊ ချောင်းသာ၊ မောင်းမကန်စသော အပန်းဖြေစခန်းများရှိသကဲ့သို့ ထိုင်းနိုင်ငံတွင်လည်း ပတ္တရား စသော ကမ်းခြေများသည် ကမ္ဘာလှည့်ခရီးသည်များ အလည်ပတ်ဆုံး ပင်လယ်ကမ်းခြေ များဖြစ်သည်။
စာရေးသူ၏ မွေးရာဇာတိမြို့ငယ်လေးမှာ ရန်ကုန်တိုင်းဒေသကြီး အစွန်အဖျားမှ မြို့ငယ်လေးတစ်မြို့ဖြစ်သည်။ မြို့လယ်တွင် နှစ်ဖာလုံပတ်လည်ခန့် ကျယ်သည့် ရေကန်ကြီးရှိသည်။ တစ်မြို့လုံးက သောက်သုံးရေကို ထိုရေကန်ကြီးမှ လာခပ်ကြသည်။ ရေစည်လှည်းများနှင့် ရေခပ်သူ ပျိုဖြူများဖြင့် ညနေနေဝင်ချိန် တွင် စည်ကားလှသည်။ ကန်လယ်တွင် ကြာဖြူ၊ ကြာနီပန်းများ ပွင့်လျက်ရှိသည်။ ငယ်စဉ်က နေဝင်ချိန်ကို ထိုကန်ပေါင်ပေါ် ထိုင်ပြီး ရေပြင်အရိပ်မှတစ်ဆင့်ကြည့်ရ ခြင်းကို အသက်ကြီးသောအခါ မကြာခဏ သတိရမိပါသည်။
အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ ပန်းနာ ရောဂါ စသည့်ရောဂါရှိသူများသည် အသက်ပြင်းပြင်းရှူသော လေ့ကျင့်ခန်းကို နှစ်ရှည်လများ မှန်မှန်ပြုလုပ်လျှင် ရောဂါလုံးဝ ပျောက်ကင်းသွားသူများ ရှိကြောင်း အထောက်အထားများလည်းရှိသည်။
အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်မည့် နေရာသည် ရေပြင်ကို မျက်နှာပြုပြီး လေ တိုက်ခတ်သောအချိန်တွင်ပြုလုပ်လျှင် ပို၍ကောင်းသည်။ ရေပြင်မှဖြတ်သန်း တိုက်ခတ်လာသောလေသည် ပိုမိုအေးမြ သန့်ရှင်းပြီး အဆုတ်မှ သွေးလှည့်အဖွဲ့ကို အားကောင်းစေသည်။ အောက်ဆီဂျင် ဓာတ်ကို အပြည့်အဝရရှိစေနိုင်သည်။
အသက်ရှူလေ့ကျင့်ပေးသောဆရာ များ၏အဆိုမှာ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းပြီး ခေတ္တမျှအောင့်ထားပါ။ ပြန်ထုတ်သောအခါ ပါးစပ်ဟပြီး လေကုန်အောင် ပြန်ထုတ်ပါ။ ရှူလျှင် နှာခေါင်းဖြင့် အားပါးတရရှူပြီး ပြန်ထုတ်လျှင် ပါးစပ်မှ ပြန်ထုတ်ရမည်ဟု ဆိုလိုသည်။
ဤအသက်ရှူနည်းကို မှန်မှန်တစ်လခန့် ပြုလုပ်ပြီးသောအခါ နှလုံးနှင့်ရင်ဘတ် အောင့်သူ၊ အမောရောဂါရှိသူ၊ ရင်ကျပ်ရောဂါရှိသူများ ကောင်းစွာသက်သာသွား ကြောင်း သိရသည်။
အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်သောအချိန်မှာ နံနက်စောစော နေထွက်ခါစ အချိန်တွင် ပို၍ကောင်းသည်။ ညနေပိုင်း အချိန်တွင်လည်း ပြုလုပ်နိုင်သည်။
အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ချိန်တွင် တင်းကျပ်သော အင်္ကျီ၊ ဘောင်းဘီများမဝတ်ဆင်ဘဲ ပွ၍ချောင်ချိသော အဝတ်အထည်များ၊ ချည်ထည်များ ဝတ်ဆင်ခြင်းက ပို၍ကောင်းသည်။
ရှေးက ယောဂီများသည် ရေဆိပ်၊ မြစ် ဆိပ်ရှိ သစ်ပင်ကြီးများအောက်တွင် တင် ပျဉ်ခွေထိုင်ပြီး အချိန်ကြာမြင့်စွာ ရေက သိုဏ်းရှုသည်ဟု ဖတ်ခဲ့ဖူးသည်။ ရသေ့ ကြီးများမှာလည်း ဤနည်းကို ကျင့်ကြံကြ ကြောင်း တွေ့ရသည်။ ဤနည်းသည် နိဗ္ဗာန်ရောက်ကြောင်း သမထနည်းမဟုတ် နိုင်ပေ။ ယောဂ ခေါ် ကျင့်စဉ်များနှင့်တူသည်။ ဝိဇ္ဇာလိုင်းကျင့်စဉ်တချို့တွင်လည်း ရေကသိုဏ်းရှုနည်းရှိသည်။ အသက်ရှည်အောင်၊ အနာမဲ့အောင်ကျင့်ကြံသော နည်းလမ်းများဖြစ်သည်။
ရေသည် အရောင်၊ အဆင်း၊ အနံ့၊ အရသာမရှိဟုဆိုသည်။ မူလဓာတ်မှာ သီတဓာတ်ဖြစ်သဖြင့် အအေးကိုပေးသည် မှာ အမှန်ပင်ဖြစ်သည်။ အပူမှန်သမျှကို အအေးဓာတ်ဖြင့် ငြှိမ်းနိုင်သည်။ အေး သောအရာကိုမြင်ရုံမျှဖြင့် စိတ်ထဲတွင်အေးချမ်းမှု ရရှိစေမည်ဖြစ်သည်။
လောကသဘာဝ အလုပ်တာဝန်ဝတ္တရား အမျိုးမျိုးတို့၏ဒဏ်ကြောင့် စိတ် ဖိစီးမှုများရှိသောအခါ စိတ်ဖြေလျော့မှုပြုလုပ်ပေးရန် လိုအပ်သည်။ အပန်းဖြေရန် လိုအပ်သည်။ မွန်းကျပ်မှုမှ ထွက်ပေါက်ပေးရန် လိုအပ်သည်။ ထိုသို့ ထွက်ပေါက်မပေးနိုင်သည့်အခါ ပေါက်ကွဲမှုဖြစ်တတ်သည်။ ဒေါသကြောင့် ပူလောင်မှုဖြစ်ရတတ်သည်။
ထိုသို့ဖြစ်ရသောအခါမျိုးတွင် အပူ သောကများ ဖြေလျော့စီးမျောသွားစေရန် အကြံပေးလိုသည်မှာ မြစ်ဆိပ်၊ ချောင်း၊ ရေကန် စသည်တစ်ခုခုသို့သွားပါ။ ရေပြင် ကိုကြည့်ပါ။ မိမိအပူအပင်သောကမီးမှန် သမျှ ထိုရေပြင်ထဲသို့ ပစ်ချလိုက်သည်ဟု စိတ်ကမှတ်ယူကြည့်ပါ။ ကြည်လင်သော ရေပြင်သည် သင့်စိတ်ကို ကုစားနိုင်သည့် ကြေးမုံပြင် တစ်ချပ်ဖြစ်လာပါလိမ့်မည်။
MWD
Photo Crd- Unsplash
တောပင်ကို တော်တော်ခုတ်ကြပါ့
တောပြုတ်လိမ့် နောက်နောင်။
တောခုတ်လို့ တောပြောင်
မိုးခေါင်တော့မှာပဲ။
မိုးခေါင်လို့ ရေမကြွယ်
သဲပင်လယ် ဖြစ်လိမ့်မလွဲ။
အမျိုးသားစာဆို ကဗျာဆရာကြီးဇော်ဂျီ၏ ကဗျာတစ်ပုဒ်မှဖြစ်သည်။ ၁၉၅၉ ခုနှစ် နိုဝင်ဘာလထုတ် မြဝတီမဂ္ဂဇင်းတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အလွန်ခေတ်ရှေ့ပြေးသော ရေးသားဖွဲ့ဆိုချက်ဟုဆိုရမည်။ အမြော်အမြင်ကြီးမားစွာ သတိပေးနှိုးဆော် ခဲ့သည်ဟုလည်း ဆိုနိုင်သည်။
ယနေ့အချိန်တွင် ကမ္ဘာတစ်ဝန်း ရေကြီးခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြစ်ချောင်းများ တိမ်ကောမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်လာခြင်း စသည်ဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာရသည့် ဘေးအန္တရာယ်များကို မကြာခဏရင်ဆိုင်ကြုံတွေ့နေကြရသည်။
မြန်မာနိုင်ငံ၌လည်း လွန်ခဲ့သည့်နှစ်က နိုင်ငံအတွင်း မုန်တိုင်းမိုးကြောင့် ရေကြီးရေလျှံမှုများကို ခါးသီးစွာ ခံစားခဲ့ရသည်။ ထို့အတူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့်လည်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများ များစွာဖြစ်ပေါ်ခဲ့ရသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများမှာ လူသားများကြောင့် ပျက်စီးမှုများရှိသကဲ့သို့ သဘာ၀တရားကြီး၏ Climate Change ပြောင်းလဲမှုများကြောင့် ထိခိုက်မှုများလည်းရှိနေသည်။ ထို့ကြောင့် အသိဉာဏ်ရှိသည့် လူသားများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက် သွားကြရမည်ဖြစ်သည်။
ယနေ့ကမ္ဘာ့လူသားများ၏ စားဝတ်နေရေးနှင့် အသက်ရှင်ရပ်တည်နိုင်ရေးကို အနှောင့်အယှက်မဖြစ်စေရန်၊ ကောင်းမွန်သော အနာဂတ်ကမ္ဘာကို နောင်လာနောက်သားများ အတွက် ထားရှိပေးနိုင်ရန် တို့ကိုလည်း အလေးထားဂရုပြု ဆောင်ရွက်ကြရမည်ဖြစ်သည်။ သဘာဝကပေးထားသည့် စိမ်းလန်းစိုပြည်မှုများ မပျက်စီးစေရန် လူသားများကပင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်လျော့နည်းလာသည့်အခါတွင်လည်း လူသားများကပင် ပြန်လည်ထိန်းသိမ်း ဖန်တီးပေးရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်က ပြဋ္ဌာန်းထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၌ ပတ်ဝန်းကျင်ဆိုသည်မှာ “မြေထု၊ ရေထု၊ လေထု၊ ရာသီဥတု၊ အသံ၊ အနံ့၊ အရသာတို့ပါဝင်သည့် လူသားတို့ဝန်းကျင်ရှိ ရုပ်ပိုင်းဆိုင်ရာအကြောင်း အချက်များကိုလည်းကောင်း၊ တိရစ္ဆာန်နှင့် အပင်အမျိုးမျိုးတို့၏ သက်ရှိဇီဝဆိုင်ရာ အကြောင်းအချက်များကို လည်းကောင်း၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့်ပသာဒ အလှအပဆိုင်ရာ အကြောင်းအချက်များကိုလည်း ကောင်းဆိုသည်” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
လူသားများ ဖန်တီးပြုလုပ်ထားခြင်းမဟုတ်ဘဲ သဘာဝအတိုင်းဖြစ်ပေါ်နေသည့် သဘာဝပတ်ဝန်းကျင်နှင့် လူတို့၏ပယောဂဖြင့် ဖန်တီးထားသော ပတ်ဝန်းကျင်တို့ပါဝင်သည်။ သဘာဝပတ်ဝန်းကျင်သည် သဘာဝတွင်သာ တည်ရှိပြီး လူတို့ဖန်တီးထားသည့် ပတ်ဝန်းကျင်ကို လူ့ပတ်ဝန်းကျင်တွင် တွေ့ရမည်ဖြစ်သည်။
ပတ်ဝန်းကျင်တွင် ဤကမ္ဘာမြေ သို့မဟုတ် ကမ္ဘာမြေဝန်းကျင် သို့မဟုတ် ကမ္ဘာမြေအစိတ်အပိုင်းများရှိ တိရစ္ဆာန်၊ အပင်နှင့် သဘာဝသယံဇာတအရင်းအမြစ်များ စသည်တို့အပြင် လူတို့ဖန်တီးပြုလုပ်ထား သောအရာများပါဝင်သည့် သဘာဝသည် ဟန်ချက်ညီမျှနေမှသာ သဘာဝနှင့် လူသားအပါအဝင် သက်ရှိများရေရှည် တည်တံ့နေမည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသားများ၏ လူမှုအဆင့်အတန်း မြင့်မားရေးအတွက် အခြေခံသည့် အကြောင်းများအနက် အရည်အသွေးကောင်းသည့် ပတ်ဝန်းကျင်နှင့် ပေါများကြွယ်ဝသည့် သဘာဝသယံဇာတပိုင်ဆိုင်မှုလည်း ပါဝင်သည်။ ပတ်ဝန်းကျင်ကောင်းကို ထိန်းသိမ်း၍ ထိခိုက်မှုမရှိအောင် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ရမည်ဖြစ်သည်။ သို့မှသာ သဘာဝသယံဇာတများကို အရှည်သဖြင့် စဉ်ဆက်မပြတ်ထုတ်ယူ သုံးစွဲနိုင်စွမ်းရှိမည်ဖြစ်သည်။
ပတ်ဝန်းကျင်ထိခိုက်ပျက်စီးရသည့် အခြေခံအကြောင်းရင်းသည် လူနှင့်သဘာဝဘေး အန္တရာယ်များကြောင့်ဖြစ်ရာ ပတ်ဝန်းကျင်ကောင်း ဖြစ်စေရန်အတွက် လူတို့ကပင် ဖန်တီးရမည်ဖြစ်သကဲ့သို့ ကောင်းမွန်သည့် ပတ်ဝန်းကျင်သည် သဘာဝဘေးအန္တရာယ်များကို တားဆီးပေးမည်ဖြစ်သည်။
မြန်မာနိုင်ငံသားများသည် ဘိုးဘေးဘီဘင်တို့ လက်ထက်ကပင် ဘဝပေးအသိဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အပေါ် အလေးထားခဲ့ကြသည်။ နမူနာတင်ပြပါအံ့။ ကျေးရွာတစ်ရွာတွင် သာမှုနာမှုကိစ္စအတွက် ကြော်လှော်ရာတွင် ညှော်နံ့ကြောင့် ပတ်ဝန်းကျင်အနှောင့်အယှက်မဖြစ်အောင် ရွာပြင်လယ်ကွင်းစပ် လူသူနှင့်ဝေးရာနေရာတွင် ကြော်လှော်ခြင်း၊ အိမ်နားနီးချင်းအိမ်များမှ ညှော်နံ့ကြောင့် ဘေးဥပဒ်မဖြစ်စေရေး တားဆီးကာကွယ်ရှောင်ရှားနိုင်ရန်အတွက် “ညှော် မယ် ဗျိုး”ဟု ကြိုတင် ဟစ်အော် သတိပေးခြင်းများရှိခဲ့သည်။
ကျောင်းသင်ခန်းစာများ၌ “အိမ် လမ်း ရွာ ကျောင်း၊ သန့်ရှင်းကြောင်း၊ စုပေါင်းအမှိုက်သိမ်း” ကဲ့သို့ ဖတ်မှတ်လွယ်သော ကဗျာစာသားများဖြင့် ရှေးယခင်ကတည်းကပင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းမျိုးကို အခြေခံပညာမူလတန်းအဆင့် သူငယ်တန်းကလေးများကို စတင်သင်ကြားခဲ့သည်။
မျက်မှောက်ခေတ်တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်တက္ကသိုလ် ဖွင့်လှစ်ခြင်း၊ ပြည်ပနိုင်ငံများသို့ ပတ်ဝန်းကျင်ဆိုင်ရာ အထူးပြုဘာသာရပ်များ လေ့လာသင်ယူစေပြီး ပညာရှင်များ မွေးထုတ်ပေးခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနဖွဲ့စည်းခြင်းတို့ဖြင့် အလေးထား ဆောင်ရွက်လျက်ရှိသည်။
ပြည်သူလူထု၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသောပတ်ဝန်းကျင်၊ ကောင်းမွန်သော ဂေဟစနစ်တို့ကို ထိန်းသိမ်းရန်မျှော်မှန်း၍ နိုင်ငံတကာတွင် မြန်မာနိုင်ငံအမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒကို ချပြပြီး ပတ်ဝန်းကျင်ရေးရာများကို အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နိုင်ငံအချင်းချင်းအကြားတွင် လည်းကောင်း၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်း၊ ပုဂ္ဂလိကတို့နှင့် ပူးပေါင်း ဆောင်ရွက်မှုကို လည်းကောင်းမြှင့်တင်ပြီး ထဲထဲဝင်ဝင် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၅ အရ “နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရမည်” ဟု ပြဋ္ဌာန်းထားသလို ပုဒ်မ ၃၉၀ (ခ) အရ “နိုင်ငံသားတိုင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ကိစ္စရပ်တွင် နိုင်ငံတော်အားကူညီရန် တာဝန်ရှိသည်” ဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။ အဆိုပါပြဋ္ဌာန်းချက်များမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုတွင် အမြင့်ဆုံးသော ကတိကဝတ်ကို ဖော်ပြနေခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို နိုင်ငံသားတိုင်းကိုလည်း ပါဝင်စေရန် တာဝန်မျှဝေထားရာ နိုင်ငံသားတိုင်းကလည်း မိမိတို့၏ ပစ္စုပ္ပန်အနာဂတ် အကျိုးအတွက် ပတ်ဝန်းကျင်ဆိုင်ရာ နိုးကြားတက်ကြွသော အသိများဖြင့် “ဥစ္စာရင်လို ဥစ္စာရင်ခဲ” စွမ်းဆောင်ရည် ပြည့်ဝစွာပူးပေါင်း ပါဝင်ရန်လိုအပ်သည်။ လက်တွေ့အလုပ်များဖြင့် သက်သေထူကြရန်လည်း လိုအပ်လှသည်။
အလျဉ်းသင့်၍ လူနှင့်ပတ်ဝန်းကျင်၌ ကောင်းမွန်သည့် အခြေအနေဖြစ်စေရန် ထင်ဟပ်ပုံဖော်နေသည့် ယခင်ပထမတန်း မြန်မာဖတ်စာပါ ပျဉ်းမနားမောင်နီသင်း ရေးစပ်သီဖွဲ့သည့် “ဆုတောင်း” ကဗျာလေးအား ကူးယူဖော်ပြလိုပါသည်။
“ဆုတောင်း”
စပါးဝါရွှေ ဝင်းပါစေ
ပန်းတွေ သင်းပါစေ၊
ငှက်ကလေးတွေ မိုးတိမ်ကြား
ပျံနိုင်ကြစေသား။
နေရောင်ခြည်လည်း ဖွေးပါစေ
လေပြည်အေးပါစေ၊
ချစ်မိတ်ဆွေ ပေါင်းဖော်များ
ကျန်းမာကြစေသား။
သဘာဝပတ်ဝန်းကျင်ကောင်းမွန်ခြင်းသည် ရာသီဥတုကို ညီညွတ်မျှတစေသည်။ ရာသီဥတု ညီညွတ်မျှတသော မြေဆီလွှာကောင်းသည် ကောက်ပဲသီးနှံတို့ကို ဖြစ်ထွန်းစေသည်။ စားရေရိက္ခာတို့ကို ပြည့်စုံစေသည်။ သစ်ပင်ပန်းမန်တို့ကို ဖူးချိန်တန်ဖူး ပွင့်ချိန်တန်ပွင့်ဖြင့် ရာသီစက်ဝန်းမှန်စွာ အကျိုးပြုစေသည်။ ဖြစ်ထွန်းအောင်မြင်စေသည်။ ကျေးငှက်သာရကာအပါအဝင် ဇီဝမျိုးစုံမျိုးကွဲတို့ကို ကြွယ်ဝစေသည်။
နွေးထွေးသောနေရောင်ခြည်၊ အေးမြသန့်စင်သော လေပြည်လေညင်းတို့ကို ဖြစ်ပေါ်စေသည်။ အပူအအေးလွန်ကဲမှုဖြစ်ပေါ်ခြင်း၊ လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း အစရှိသည့်သဘာဝဘေးတို့ကို လျော့ကျစေနိုင်သည်။ ကောင်းမွန်သောဂေဟစနစ်ဝန်ဆောင်မှုတန်ဖိုးကို အများအပြားပေးစွမ်း၍ လူတို့ကိုစိတ်ရွှင်လန်းစေ ကိုယ်ကျန်းမာစေသည်။ လူမှုစီးပွားဘဝများ တိုးတက်လာစေ၍ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားစေသည်။ ကောင်းမွန်သော ပတ်ဝန်းကျင်ကြောင့် နေရာဒေသအလိုက်ရှိ နိုင်ငံသားတစ်ဦးချင်းစီမှသည် မိသားစုတိုင်း၊ အဖွဲ့အစည်းတိုင်း ကိုယ်စိတ်ချမ်းသာကြလျှင်ဖြင့် နိုင်ငံတော်ကြီးလည်း အေးချမ်းသာယာလာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသဖြင့် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
MWD
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့ နှစ်ဦး လာမည့် ဩဂုတ် ၁၅ ရက်မှာ အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တစ်ခု ဖြစ်သည့် အလက်စကာတွင် တွေ့ဆုံရန် စီစဉ်ထားပြီး ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်နောက်ပိုင်း ရုရှားသမ္မတတစ်ဦး၏ အမေရိကန်မြေသို့ ပထမဆုံး လာရောက်သည့် ခရီးစဉ်ဟုလည်း ဆိုရပါမည်။
ဘာကြောင့် အလက်စကာကို ရွေးချယ်သလဲ
အလက်စကာကို ရွေးချယ်လိုက်ခြင်းသည် အဓိပ္ပာယ်တွေ အများကြီးရှိပါသည်။ နှစ်နိုင်ငံလုံးက နယ်နိမိတ်ချင်း နီးကပ်နေသည့် အိမ်နီးချင်းဆိုတာ သတိပြုမိကြမှာပါ။ ဘာရိန်းရေလက်ကြားကို ဖြတ်ကျော်ပြီး အလက်စကာမှာ ယခုခေါင်းဆောင် နှစ်ဦးကြား မျှော်လင့်ထားသည့် အရေးကြီးသော တွေ့ဆုံမှုမျိုး ဖြစ်ခဲ့ပါက သမိုင်းဝင်တစ်ခု ဖြစ်လာမှာပါ။
အလက်စကာက မြောက်အမေရိကတိုက်၏ အနောက်မြောက်ဘက်စွန်းမှာ တည်ရှိပါသည်။ ဧရိယာအရဆို အမေရိကန်ပြည်နယ်များထဲ အကြီးဆုံးပြည်နယ် ဖြစ်ပါသည်။ ၁၇၃၂ ခုနှစ်မှာ ရုရှားလေ့လာရေးအဖွဲ့က ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် ရုရှားပိုင် အင်ပါယာ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ရောက်ရှိခဲ့ပါသည်။ သို့သော် ငွေကြေး အခက်အခဲဖြစ်သဖြင့် ရုရှားက အလက်စကာကို ၁၈၆၇ ခုနှစ်မှာ အမေရိကန်ထံ ရောင်းချလိုက်ပါသည်။ ထိုအချိန် က အမေရိကန်ဒေါ်လာ ၇.၂ သန်းကျော်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည် ။ ဘာရိန်း ရေလက်ကြားက ရုရှားဖက်ဒရေးရှင်းနှင့် အလက်စကာကို ပိုင်းခြားထားပါသည်။ အနီးဆုံးကျွန်းတွေက ကီလိုမီတာ ၄၀ ခန့်သာ ကွာဝေးပါသည်။
မြောက်အမေရိကနှင့် အာရှလမ်းဆုံများပေါ်တွင် အလက်စကာ၏ မဟာဗျူဟာမြောက် တည်နေရာကို မြောက်ဘက် မှာ အာတိတ်၊ တောင်ဘက်မှာ ပစိဖိတ်ဒေသ ဟု မှတ်သားရပါမည်။ အလက်စကာသည် အမေရိကန် ပြည်ထောင်စု၏ အမျိုးသားကာကွယ်ရေး၊ စွမ်းအင်လုံခြုံရေးအတွက် အာတိတ်မဟာဗျူဟာမှာ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ထို့ကြောင့် ဥရောပတို့ မြေက ယူကရိန်းပဋိပက္ခကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ပါဝင် ပတ်သက်နေရသည့် ဆွေးနွေးပွဲမျိုးကို အလက်စကာမှာ ပြုလုပ်ခြင်းသည် သင့်လျော်ပါသည်။ ထို့အပြင် ယခု တွေ့ဆုံပွဲသည် ပူတင်အတွက် ပထမဆုံး အလက်စကာသို့ ရောက်ရှိသည့် ရုရှားသမ္မတတစ်ဦးအဖြစ် မှတ်တမ်း ဝင်သွားမည်ဖြစ်ပါသည်။
အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးကြမှာလဲ
အမေရိကန်နှင့် ရုရှားနှစ်ဖက်လုံးကတော့ ယူကရိန်းအကျပ်အတည်းကို ရေရှည်တည်တံ့သည့် ပြေလည်မှု ရရှိရန် နည်းလမ်းတွေကို ဆွေးနွေးရန် ပြင်ဆင်နေကြကြောင်း ဆိုထားကြပါသည်။ ထရမ့်ကြားဝင်စေ့စပ်ပေးသည့် အဆိုပါပွဲမှာ ယူကရိန်း နယ်မြေအချို့ လဲလှယ်မှုတွေ ပါဝင်နိုင်ကြောင်း အိမ်ဖြူတော်က သောကြာနေ့ (ဩဂုတ် ၈) က ပြောကြားထားပါသည်။ ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ရန် နှစ်ဖက်စလုံးက အပေးအယူလုပ်ဖို့ လိုအပ်ပါသည်၊ အပစ်အခတ်ရပ်စဲရေးနှင့် နယ်မြေပြဿနာကို အဓိက ဖြေရှင်းရန် လိုအပ်ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို့ရူဘီယိုက ပြောကြားထားပါသည်။ အဆိုပါ တွေ့ဆုံပွဲက ရုရှား-အမေရိကန် အကြား ဆက်ဆံရေး နီးကပ်လာလိမ့်မည်ဟု လေ့လာသူများက မှတ်ချက်ပြုထားကြပါသည်။ ရုရှား-အမေရိကန် စီးပွားရေးအကျိုးစီးပွားများက အလက်စကာနှင့် အာတိတ်တို့တွင် ပေါင်းစည်းသွားပြီး အပြန်အလှန် အကျိုးရှိသည့် စီမံကိန်းများ အကောင်အထည်ဖော်ရန် အလားအလာများပေါ်ပေါက်လာနိုင်ကြောင်း ဆိုထားကြပါသည်။ အလက် စကာနှင့်ကပ်လျက် အာတိတ်ဒေသမှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရွှေနှင့် အခြားသယံဇာတအရင်းအမြစ်များ ကြွယ်ဝ ပါသည်။ အာတိတ်သင်္ဘောလမ်းကြောင်းများလို မဟာဗျူဟာကျသည့် ပင်လယ်လမ်းသွယ်များ တည်ရှိရာ နေရာ ဆိုလည်း မှားမည်မဟုတ်ပါ။
ဩဂုတ် ၁၅ တွေ့ဆုံပွဲ ဇီလန်စကီး တက်မှာလား
ယခုအချိန်ထိတော့ ဇီလန်စကီးကို ဖိတ်ကြားထားခြင်း မရှိပါ။ ယူကရိန်းသမ္မတနှင့် ပူတင်တို့ တွေ့ဆုံရန် အခြေအနေ မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်က ၎င်း၏ ဘဲဥပုံရုံးခန်းတွင် သတင်းထောက်တွေကို ပြောကြားထား ပါသည်။ ပူတင်ကလည်း ယူကရိန်းသမ္မတနှင့် တွေ့ဆုံမည့်ကိစ္စကို ယေဘုယျအားဖြင့် ကန့်ကွက်ခြင်းမျိုး မရှိ သော်လည်း ယခုဆွေးနွေးပွဲအတွက် ထိုကဲ့သို့ အခြေအနေ မဖြစ်နိုင်သေးဟု မှတ်ချက်ပြုထားပါသည်။
ဥရောပ သဘောထား
ဥရောပနိုင်ငံတွေကလည်း ထရမ့်နှင့် ပူတင်တို့ တွေ့ဆုံမှု မလုပ်ခင်မှာ ကြိုတင်ပြီး ကြေညာချက် ပူးတွဲ ထုတ်ပြန် လာပါသည်။ အပစ်အခတ်ရပ်စဲရေး ကိုသာ သီးသန့်ဆွေးနွေးကြရန်၊ နိုင်ငံတကာ နယ်နိမိတ်ကို အင်အားသုံး လုယူ၍ မရသည့် မူဝါဒကို ဥရောပက စွဲကိုင်ထားကြောင်း ၊ ဥရောပ၏ လုံခြုံရေးအတွက် ပူတင်နှင့် စကားပြော ပေးရန် ပူးတွဲကြေညာချက် ထုတ်ပြန်ထားလိုက်ကြပါသည်။
ဇီလန်စကီး ဘယ်လိုတုံ့ပြန်ထားလဲ
ယူကရိန်းသမ္မတဇီလန်စကီးက ယူကရိန်း၏ ပူးပေါင်းပါဝင်မှုမရှိသည့် မည်သည့်ငြိမ်းချမ်းရေး သဘော တူညီချက် မျိုးကိုမျှ လက်မခံနိုင်ကြောင်း ပြောကြားထားပါသည်။ ယူကရိန်းနယ်မြေတွေကို မည်သည့်အခြေအနေတွင်မဆို လက်မလွှတ်နိုင်ကြောင်း စနေနေ့(ဩဂုတ် ၉)က ၎င်း၏ Telegram မှာ တင်ထားသည့် ဗီဒီယိုမိန့်ခွန်းမှာ အလေးအနက် ပြောကြားထားပါသည်။ “မိမိတို့ကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက်၊ ယူကရိန်းမပါဝင်သည့် ဆုံးဖြတ်ချက်တွေက ငြိမ်းချမ်းရေးကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက်တွေပဲ ဖြစ်လာမှာပါ။ အဆိုပါ ဆုံးဖြတ်ချက် တွေက အလုပ်လည်း ဖြစ်လာမှာ မဟုတ်ပါ” ဟု တုံ့ပြန်ပြောကြားထားပါသည်။
မည်သို့ပင်ဆိုစေကာမူ လာမည့် အလက်စကာ တွေ့ဆုံပွဲကို တစ်ကမ္ဘာလုံးက အရမ်းစိတ်ဝင်စားနေကြမည်မှာကား အသေအချာပင်ဖြစ်ပါတော့သည်။
လူ့ကိုယ်ခန္ဓာပြင်ပအစိတ်အပိုင်းများ အနာတရဖြစ်လျှင် အလွယ်တကူသိကာ ဆေးဝါးကုသမှုခံယူပြီး ကျန်းမာရေးမယိုယွင်းအောင် ထိန်းသိမ်းနိုင်ကြသော်လည်း မမြင်နိုင်သောကိုယ်တွင်းအင်္ဂါများ ချို့ယွင်းလျှင်အများအားဖြင့်အချိန်ကြာမှသိပြီး ကုသရခက်ခဲသည်တို့ကို မကြာခဏကြုံကြရသည်။ ထို့အတူလူတို့ သောက်နေသုံးစွဲနေသော ရေအရင်းအမြစ်များအနက်မြစ်ချောင်းကန်တို့ထဲရှိ မြေပေါ်ရေများလျော့နည်းလာလျှင် ပြန်ဖြည့်ရန်အနှေးနှင့်အမြန်အားထုတ်ကြသော်လည်းမြေအောက်ရေများလျော့နည်းလာနေသည်ကိုမူ ကန်ရေခန်းခြောက်သကဲ့သို့ မမြင်သာသဖြင့် အရေးတယူမရှိခဲ့သောကြောင့်ကမ္ဘာ့အချို့ဒေသများရှိ မြေအောက်ရေအရင်းအမြစ်သည် စိုးရိမ်ရသောအခြေအနေသို့ ရောက်နေပြီဖြစ်သည်။
ခန်းခြောက်ရေကြောများ
ဂြိုဟ်တုတိုင်းတာချက်များကကမ္ဘာ့မြေအောက်ရေကြောအများအပြားခန်းခြောက်လာလျက်ရှိကြောင်းဖော်ထုတ်ပေးခဲ့ရာအိန္ဒိယတိုက်ငယ်အနောက်မြောက်ပိုင်းအိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံနယ်နိမိတ်ချင်းထိစပ်ရာဒေသရှိရေကြောသည်၂၀ဝ၂ခုနှစ်နှင့်၂၀ဝ၈ခုနှစ်ကြားတွင်တစ်နှစ်လျှင်၄ကုဗမိုင်ကျော်(ဂါလန်သန်းပေါင်း ၃၇၀ဝဝဝ၀) မျှလျော့နည်းလာနေခဲ့ကြောင်း သိရသည်။
အလားတူ အာဖရိကတိုက် ဆာဟာရအနောက်မြောက်ဒေသ၊ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားအလယ်ပိုင်းချိုင့်ဝှမ်းနှင့်အနောက်ပိုင်း အိုဂါလာလာရေကြော၊ အာဂျင်တီးနား၊ ဘရာဇီး၊ ပါရာဂွေး၊ ဥရုဂွေးနိုင်ငံတို့၏အောက်ရှိ ဂွာရာနီရေကြော၊ အီရတ်၊ ဂျော်ဒန်၊ အိုမန်၊ ဆော်ဒီ၊ ကာတာ၊ ယူအေအီး၊ ယီမင်နိုင်ငံတို့အောက်ရှိ အာရေးဗီးယားရေကြော၊ တရုတ်နိုင်ငံမြောက်ပိုင်း ရေကြောတို့သည်လည်း လျော့နည်းလာနေသည်။ မြန်မာနိုင်ငံ၌ ရန်ကုန်အပါအဝင် ဒေသအချို့တွင် အဝီစိတွင်းများရေနည်းလာသည်ကို တွေ့နေရသည်။
အရည်အသွေးပါထိခိုက်
ထိုသို့ဖြစ်ရခြင်း၏အဓိကအကြောင်းရင်းမှာ လူတို့ထုတ်ယူသုံးစွဲမှုများလွန်းလာ၍ဖြစ်သည်။ ကမ္ဘာ့သောက်သုံးရေ၏ ထက်ဝက်နီးနီး စိုက်ပျိုးရေ၏ ၄၃ ရာခိုင်နှုန်းသည် မြေအောက်ရေများဖြစ်ကြရာ လူဦးရေများလာ၊ တစ်ဦးချင်း ရေသုံးမှုများလာသဖြင့် မြေအောက်ရေသုံးစွဲမှုသည် ၁၉၆၀ ပြည့်နှစ်နှင့် ၂၀၁၀ ပြည့်နှစ်အကြား နှစ်ပေါင်း ၅၀ အတွင်း သုံးဆမျှတိုးမြင့်လာခဲ့သည်။ အလွန်အကျွံထုတ်ယူမှုကြောင့် မြေအောက်ရေမျက်နှာပြင်နိမ့်ကျခြင်း၊ အဝီစိတွင်းများ ခန်းခြောက်ခြင်း၊ ဆားငန်ရည်တိုးဝင်လာခြင်းတို့ကို ကြုံတွေ့နေရသည်။ အထုတ်လွန်ခြင်းက မြေအောက်ရေပမာဏကိုသာထိခိုက်စေသည်မဟုတ်အချို့နေရာများတွင်အရည်အသွေးကိုပါ သက်ရောက်မှုရှိနေသည်။ လူ့ကျန်းမာရေးကို ထိခိုက်စေသည့်အာဆင်းနစ်ကဲ့သို့သောဓာတ်များသည် မြေလွှာအချို့တွင် သဘာဝအလျောက်ပါရှိသော်လည်း မြေအောက်ရေမျက်နှာပြင်အောက်၌ ရှိနေသမျှ ရေတွင်ပျော်ဝင်ခြင်းမရှိချေ။ ရေအထုတ်လွန်၍ မြေအောက်ရေပြင်နိမ့်ဆင်းသွားသောအခါ မြေလွှာထဲရှိ အာဆင်းနစ်သည် မြေအောက်ရှိ အောက်ဆီဂျင်ဓာတ်နှင့် ထိတွေ့ဓာတ်ပြုကာ ရေတွင်ပျော်ဝင်သွားပြီး သောက်မိသူများကို အန္တရာယ်ပြုသည်။မြေအောက်ရေပိုထုတ်လေမြေလွှာများထဲမှအာဆင်းနစ်များ ရေတွင်ပျော်ဝင်အန္တရာယ်ပြုနိုင်သည့် အခွင့်အလမ်းပိုများလေဖြစ်သည်။ အလားတူ အောက်ရေပိုထုတ်လေ ဆားငန်ရည်ပို၍တိုးဝင်လာလေဖြစ်သည်။ ရေဆုံးရှုံးမှု အလွန်အမင်းဖြစ်လာလျှင် မြေပြင်နိမ့်ကျကျွံဝင်မည်။
ရန်ကုန်မြေပြင်နိမ့်ကျမှု
ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်နှင့် မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ပညာရှင်များက ဂြိုဟ်တုနည်းပညာများကိုအခြေခံကာ စုပေါင်းပြုစုပြီး ၂၀၁၄ ခုနှစ်ကထုတ်ပြန်ခဲ့သော “ရန်ကုန်မြေလွှာရွေ့လျားမှုဆန်းစစ်ချက်” စာတမ်းတွင်“ဒဂုံတက္ကသိုလ်ဝင်းနှင့်အရှေ့ဒဂုံစက်မှုဇုန်ကြားရှိ မြေထုသည် တစ်နှစ်လျှင် နှစ်လက်မနှုန်းကျော်ကျော်ဖြင့်နိမ့်ဆင်းလျက်ရှိပြီး ထိုသို့နိမ့်ဆင်းမှု၏အကြောင်းရင်းသည် မြေအောက်ရေအလွန်အကျွံထုတ်ယူမှုကြောင့် ဖြစ်နိုင်ကြောင်း၊ ရန်ကုန်မြို့၏အခြားအပိုင်းများတွင်လည်း မြေအောက်ရေထုတ်ယူမှုကြောင့်ယင်းသို့မြေပြင်နိမ့်ကျမှုများဖြစ်ပေါ်နေနိုင်သော်လည်း တိကျသောတိုင်းတာမှုများမရှိသဖြင့် အသေအချာပြောရန်ခက်ကြောင်း၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် ယင်းအချက်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း”စသဖြင့် ဖော်ပြသတိပေးထားသည်။
လူတို့သုံးစွဲခြင်းအပြင် ကမ္ဘာနှင့်ချီ၍ ပြောင်းလဲဖောက်ပြန်လာသော ရာသီဥတုကြောင့် မြေပေါ်ရေကောင်းရေသန့်အရင်းအမြစ်များ လျော့နည်းကာ ညစ်ညမ်းလာလျက်ရှိသဖြင့် မြေအောက်ရေကို ပိုသုံးလာနေကြခြင်းသည် မြေအောက်ရေနှင့်ပတ်သက်၍ အထူးသတိထားသုံးစွဲရန် လိုအပ်နေသည်။
ပြန်ဖြည့်ပေးနိုင်
မြေအောက်ရေ လျော့နည်းမှုသည် ဆေးမမီတော့ခြင်းမဟုတ်ဘဲ အချက်နှစ်ချက်ကြောင့် ကုစား၍ ရနိုင်သေးသည်။ ပထမအချက်မှာမြေအောက်ရေထုထည်ပမာဏသည် အလွန်ကြီးမားလှခြင်းကြောင့် လူတို့အသုံးမချရသေးသောရေကြောများကို ရှာဖွေထုတ်ယူနိုင်သေးသည်။ ဒုတိယနှင့်ပိုအရေးကြီးသောအချက်မှာပြန်လည်ဖြည့်တင်း၍ ရခြင်းဖြစ်သည်။
မြေအောက်ရေကို ပြန်လည်ဖြည့်တင်းရန် ရေကြောရှိသည့်နေရာနှင့် သိုလှောင်ပမာဏ၊ ယင်းရေကြောသို့ မြေပေါ်မှရေစီးဆင်းစိမ့်ဝင်နိုင်သည့်လမ်းကြောင်းတို့ကို ဇလဘူမိဗေဒပညာရှင်များက ရှာဖွေထုတ်ဖော်ပေးနိုင်သည်။အချက်အလက်စုံလင်စွာရသည့်အခါ အခြေခံအဆောက်အဦများ တည်ဆောက်ကာ မိုးရွာချိန်၌ မည်သို့မျှမသုံးမစွဲရဘဲ အလဟဿစီးဆင်းပြီး နောက်ဆုံးပင်လယ်ထဲရောက်သွားသည့်မိုးရေများကိုစိမ့်ဝင်စေခြင်းဖြင့် ပြန်လည်ဖြည့်တင်းနိုင်သည်။
နမူနာအနေဖြင့် အိန္ဒိယနိုင်ငံကျေးလက်အချို့၏လုပ်ဆောင်ချက်ကို ကြည့်နိုင်သည်။ မိုးကုန်လျှင် ရေမစီးတော့သောချောင်းခြောက်များ၌ မူလချောင်းကြမ်းပြင်ထက် ပို၍နက်အောင်တူးကာ လူလုပ်ရေကန်ငယ်များ ဖန်တီးသည်။ တူး၍ထွက်လာသော မြေစာတို့ကို ချောင်းကမ်းပါးနှစ်ဖက်နှင့်ကန်၏ထိပ်တွင်ဖို့ပြီး ရေလှောင်ဧရိယာအတွင်းသို့ အမှိုက်နှင့်နုန်းများ မဝင်အောင်ကာသည်။ မိုးပြတ်သွားသည့်နောက်တွင် မိုးရေများကန်ထဲ၌ ဆက်ရှိနေကာ မြေအောက်သို့ ဖြည်းဖြည်းချင်းစိမ့်ဝင်ပြီး မြေအောက်ရေကြောများကို ဖြည့်ပေးသည်။ ထိုသို့ဖြည့်ပေးနိုင်သဖြင့် အနီးရှိ ရေတွင်းများသည် ခန်းနေကျအချိန်တွင် မခန်းတော့ဘဲ စိုက်ပျိုးရေ၊ သောက်သုံးရေများကိုထုတ်ယူနိုင်သည်။ ယင်းကန်များကို အိန္ဒိယနိုင်ငံတွင် “ဒို”ဟုခေါ်ကြသည်။ “ဒို” များသည် အများအားဖြင့် ၄ ပေအနက်၊ ပေ ၂၀ အကျယ်၊ အလျားပေ ၁၀ဝ ခန့်အထိရှိသည်။ ပျမ်းမျှရေကုဗပေ ၁၄၀ဝ၀ ခန့်အထိ ရေထိန်းထားပြီး မြေအောက်သို့စိမ့်ဝင်စေနိုင်သည်။
“ဒို”များကဲ့သို့ ရေစိမ့်ဝင်စေရန်ရည်ရွယ်ချက်ဖြင့် လုပ်မထားသော်လည်း ကန်ရေများသည် ဘေးပတ်ဝန်းကျင်မြေအောက်ရေကြောများကို သဘာဝအလျောက် ရေဖြည့်ပေးနေကြသည်။ ဥပမာ-အင်းယားကန်ရေသည် ပြည်လမ်းမအနောက်ဘက်ခြမ်းရှိ မြေအောက်ရေကြောထဲသို့စိမ့်ဝင်ကာ အဝီစိတွင်းအချို့ကို ရေဖြည့်ပေးနေခြင်းမျိုးဖြစ်သည်။
သစ်ပင်နည်းပါးသောကတုံးဖြစ်လုလုတောင်ကုန်းများ၊ သစ်ပင်မရှိတော့သော တောင်ကတုံးများတွင် အမြင့်မှစီးကျလာသောရေများ၏လမ်းကြောင်းကို ကန့်လန့်ခံ၍ရေပြင်ညီလှေကားထစ်သဖွယ် မြောင်းများကို တစ်ခုနှင့်တစ်ခုချိတ်ဆက်၍ ဝင်္ကပါသဖွယ် ဖောက်လုပ်ထားလျှင် အမြင့်မှစီးကျလာသောရေသည် လှေကားထစ်ရေလမ်းဝင်္ကပါအတိုင်း ဘယ်မှညာ၊ ညာမှဘယ်တစ်ထစ်ပြီးတစ်ထစ် ဆင်းလာရင်းဖြင့် ရေစီးတုံ့နှေးသွားသည်သာမက မြေအောက်သို့စိမ့်ဝင်ချိန်လည်း ပိုရသွားသည်။ ရေစီးနှေးသဖြင့် ကုန်းမြေတိုက်စားခံရမှုသက်သာလာသည်။ ရေရှိနေခြင်းကြောင့် ရေပြင်ညီမြောင်းဝန်းကျင်တွင် သစ်ပင်ပန်းပင်များ ပေါက်ရောက်နိုင်သည်။ အနီးဝန်းကျင်ဒေသများတွင် မြစ်ရေချောင်းရေ ပို၍ကြည်လင်လာသည်၊ မြေအောက်ရေပြင်တက်လာသဖြင့် စိမ့်ရေ၊ စမ်းရေများ ပိုထွက်လာသည်။
အချို့နေရာများတွင်မြစ်ချောင်းရေပြင်သည် ကမ်းဘေးမြေသားအောက်ရှိမြေအောက်ရေပြင်ထက်နိမ့်ရာမြေအောက်ရေများ မြစ်ထဲသို့ စီးဝင်ကြသည်မျိုးလည်းရှိသည်။ ယင်းနေရာမျိုးတွင်မြေအောက်ရေခန်းပါက မြစ်ရေသည်လည်း လိုက်၍လျော့နည်းသည်။ သို့မဟုတ် သဲနုန်းများအနည်ထိုင်လာသဖြင့် မြင့်တက်လာသော မြစ်ကြမ်းပြင်သည် မြေအောက်ရေပြင်ထက်မြင့်သွားသောအခါ မြစ်ထဲသို့မြေအောက်ရေစီးဝင်မှုလျော့နည်းရသည်။ ထို့ကြောင့် မိုးရေများကို အလဟဿစီးဆင်းဆုံးရှုံးစေမည့်အစား မြေအောက်သို့စီးဝင်စေခြင်းဖြင့် မြစ်ရေစီးကို ထိန်းသိမ်းနိုင်သည်။
ရေစိမ့်တွင်း
မိုးရေကို ကန်တစ်ခုထဲ၌ သိုလှောင်ထားပြီးကန်အလယ်တွင် ရေစိမ့်တွင်း တည်ဆောက်ကာ ယင်းတွင်းမှတစ်ဆင့် မိုးရေများကို မြေအောက်ရေကြောထဲဝင်စေသောနည်းဖြင့်လည်း မြေအောက်ရေကြောကိုပြန်ဖြည့်ပေးနိုင်သည်။ ရေစိမ့်တွင်းများသည် ၃ ပေမှ ၆ ပေအထိ အချင်းရှိပြီး မြေအောက်ရေကြောတည်နေရာကိုလိုက်၍ အများအားဖြင့် ပေ ၂၀ ခန့်နက်ကြသည်။ ပေ ၂၀ ထက်ပိုနက်သောရေကြောများကို ဖြည့်ပေးသည့်တွင်းများ တူးနိုင်သော်လည်း ကုန်ကျစရိတ်သည် အနက်ပေကိုလိုက်၍ များလာသည်။
တွင်းကို ဆန်ခါပိုက်နှစ်ထပ်ဖြင့် တည်ဆောက်သည်။ဆန်ခါပိုက်များကြားတွင် ကျောက်စရစ်များ ထည့်ထားသည်။
ကန်ထဲရှိ ရေများတွင်းထဲသို့ တိုက်ရိုက်မဝင်နိုင်အောင် ပိုက်ကိုရေပြင်ပေါ် ၃ ပေခန့်ဖော်ထားသည်။ တွင်းရှိရာသို့ စုဝင်လာသောကန်ရေထဲတွင်ပါသည့် အမှိုက်နှင့်အနည်များ မြေအောက်ရေကြောထဲ မရောက်စေရန် ကျောက်စရစ်က စစ်ပေးသည်။ ၃ ပေအချင်း၊ ပေ ၂၀ အနက်ရှိ ရေစိမ့်တွင်းတစ်ခုသည် တစ်နှစ်မိုးရေချိန် လက်မ ၄၀ ခန့်ရွာသောဒေသ၌ ရေဂါလန်နှစ်သိန်းခန့်အထိ မြေအောက်သို့စိမ့်ဝင်စေနိုင်သည်။ အမေရိကန်ဒေါ်လာ ၅၀ဝ၀ မှ ၁၀ဝဝဝ ကြား ကုန်ကျသည်။
အချို့နေရာများတွင် အသုံးမပြုတော့သည့်အဝီစိတွင်းများကိုရေစိမ့်တွင်းများအဖြစ်ပြောင်းလဲကာ မြေအောက်ရေဖြည့်တင်းပေးသည်။ မိုးရေများကို ကန်တစ်ခုထဲ၌ စုဆောင်းသိုလှောင်ကာ အဝီစိတွင်းထဲသို့ ရေစုပ်စက်ဖြင့်ပြန်လည်မှုတ်သွင်းသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းပြည်နယ်တစ်ခုတွင် မိုးရေများကို တစ်ရက်လျှင် ဂါလန် ၅၀ဝဝဝ နှုန်းဖြင့် ရက်ပေါင်း ၂၅၀ကြာမျှ မှုတ်သွင်းခဲ့သည်။ ယင်းတွင်းနှင့် ပေ ၅၀ဝ အကွာရှိ အသုံးပြုနေဆဲ အဝီစိတွင်းတွင် ရေမျက်နှာပြင်သည် ၃ ပေမျှ မြင့်တက်လာခဲ့ကြောင်း တွေ့ခဲ့ရသည်။
ရေစိမ့်ကန်များ၊ ရေစိမ့်တွင်းများဖြင့် မြေအောက်ရေကြောများကို ဖြည့်ပေးခြင်းသည် မြေအောက်ရေလှောင်ကန်များ တည်ဆောက်အသုံးပြုခြင်းပင်ဖြစ်သည်။ မြေအောက် ရေလှောင်ကန်များသည် မြေပေါ်ကန်များကဲ့သို့ တည်ဆောက်စရိတ်မများ၊ ဂေဟစနစ်ကိုမထိခိုက်၊ ရေကြီးရေလျှံမှုကြောင့် ကန်ထဲရေဝင်ပျက်စီးခြင်းမျိုးမရှိ၊ စိုက်ပျိုးခင်းနှင့် လူနေအိမ်များပြောင်းပေးရန်မလို၊ ငလျင်ဒဏ်ကြောင့်ကန်ကျိုးပေါက်ခြင်းမရှိနိုင်၊ အငွေ့ပြန်၍ရေမဆုံးရှုံး စသည့်အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းပေါ်ပေါက်စေသည်။
မြေအောက်ရေသိုလှောင်ရာ၌ သတိပြုရမည့်အချက်များမှာစိမ့်ဝင်မည့်ရေသည် တတ်နိုင်သမျှ အနည်အမှုန်ကင်းရန်လိုသည်။ အမှုန်များပါက ရေကြောပိတ်နိုင်သည်။ ထို့ပြင် စိမ့်ရေသည်အန္တရာယ်ရှိ ဓာတုပစ္စည်းကင်းစင်ရမည်။ မြေပြင်နှင့်ကပ်နေသောရေကြောကို ဖြည့်မိပါက ရေဝပ်ခြင်းကြောင့် မြေဆီလွှာပျက်စီးတတ်သည်။
ရေစိမ့်ကန်များ၊ ရေစိမ့်တွင်းများဖြင့်သာ မြေအောက်ရေကိုပြန်လည်ပြည့်စေနိုင်သည်မဟုတ်၊ မိမိတို့တွင် ခြံ သို့မဟုတ် မြေပိုအနည်းငယ်မျှရှိလျှင် ယင်းမြေပိုကိုတတ်နိုင်သမျှ ကွန်ကရစ်ရေပိတ်လွှာမလောင်းဘဲ သဘာဝအတိုင်းထားရှိခြင်းဖြင့်လည်း မြေအောက်ရေကို ပြည့်နေစေကာ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် အကူအညီပေးနိုင်ကြသည်။ ။
MWD
လူထဲကလူ သိပ်တော်သောလူတစ်ယောက်ဖြစ်လိုလျှင် ပညာလေ့လာသင်ကြား အားထုတ်ရမည်ဖြစ် သည်။ ပညာသည် ဦးနှောက်ကိုကောင်းစွာအလုပ်ပေးနိုင်သဖြင့် စဉ်းစားတွေးခေါ်မှု၊ ဉာဏ်ရည် ဉာဏ်သွေး သာလွန်ထက်မြက်စေသည်။ စွမ်းရည်ပြည့်ဝသော လူ့အသိုက်အဝန်းတစ်ရပ် ပီပြင်စွာအကောင်အထည် ဖော်ရာတွင် လူတစ်ဦးချင်းစီ၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်းသည် လွန်စွာအရေးပါလျက်ရှိ သည်။ လူ့ဘဝတစ်လျှောက်တွင် အခက်အခဲဆုံးသော အလုပ်များဖြင့် ပြည့်နှက်နေလေ့ရှိပြီး လောကဓမ္မ၊ လောကဓံတရားများနှင့် ရင်ဆိုင်ကြရာတွင် သူ့နေရာနှင့်သူ အံဝင်ခွင်ကျဖြေရှင်းဆောင်ရွက်နိုင်ရေးမှာမူ အရေးကြီးလှပေသည်။
သက်ဝင်လှုပ်ရှားမှုရှိသော ပြောင်းလဲမှုများကို ခံနိုင်ရည်ရှိရှိဖြင့် ဖြေရှင်းဆောင်ရွက်၍ ဘဝကို ထူထောင်ကြရသည်။ ဘဝရပ်တည်ရေးအတွက် ငွေကြေးသည် ဝင်သက်ထွက်သက်နှင့်အတူဖြစ်တည် လေ့ရှိသည်။ နေ့စဉ်ဘဝ ပိုက်ဆံငွေကြေးရရှိရေး ပုံစံမျိုးစုံ၊ အလုပ်မျိုးစုံ လုပ်ကိုင်ဆောင်ရွက်ကြရသည်။ ကာယ၊ ဉာဏ၊ လုံ့လပြု၍ ဘဝအခြေပြုကာ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုပံ့ပိုးကူညီပေးကြသည်။ ကာယလုပ်သားကြီးများသည် အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှင့် ဝေးကွာခဲ့ရပြီး ခွန်အားဗလအရင်းအနှီးဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရသည်။ဉာဏလုပ်သားများမှာမူအရိပ်အောက်တွင်ကိုယ်ခန္ဓာမပင်ပန်း တစ်ဖက်တစ်လမ်းမှ နိုင်ငံက အားထားကြရပေသည်။
ပညာရေးသည် ဘဝအဆင့်ဆင့်မြင့်မားရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပေသည်။ ပညာသင်ကြားရာတွင် အဆင်ပြေမှု၊ အဆင်မပြေမှုကြားမှခြေလှမ်းစတင်ရခြင်းဖြစ်သည်။ ဘဝအခက်အခဲနှင့်ပညာသင် ကြားမှုဖြစ်စဉ် ကွဲပြားစွာနားလည်သိရှိမှသာပညာပန်းတိုင် လျှောက်လှမ်းနိုင်မည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံဘက်စုံဖွံ့ဖြိုးရေးအတွက် ပညာရေးသည် ကဏ္ဍတစ်ခုအနေဖြင့် ထိပ်ဆုံးမှ ရပ်တည်နေလေ့ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး၊ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများအောင်မြင်ရေး၊ အဆောက်အအုံနှင့် လမ်းတံတားတည်ဆောက်ရေး၊ အိုင်တီနည်း ပညာမြှင့်တင်ရေး၊ စက်မှုလုပ်ငန်းများအကောင်အထည်ဖော်ရေးအစရှိသောအရေးပါသည့် နယ်ပယ် အသီးသီးတွင် ပညာ၏အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိရမည်ဖြစ်သည်။ ဘဝအုတ်မြစ်ခိုင်ခံ့ အောင် တည်ဆောက်ကြရာတွင် ပညာရေးသည် အခြေခံအကျဆုံးဖြစ်သည်။
ကျောင်းတွင်းပညာသင်ယူခြင်းကို အစပြု၍ ဘဝကို ပိုမိုတောက်ပအောင် ဆောင်ရွက်ကြရပေသည်။
ပညာအရင်းအနှီးကြီးမားလှသည်။ သင်ယူနိုင်စွမ်းရှိသလောက် ဦးနှောက်ဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေသည်။ ဖြတ်ထိုးဉာဏ်နှင့် ဗဟုသုတအထွေထွေ တိုးပွားရရှိစေရန် များစွာအထောက်အကူပြုသည်။ ပညာလိုအိုသည့်တိုင်သင်ယူနိုင်စွမ်းရှိသဖြင့် ပညာ၏အရေးပါမှုကိုသိရှိနိုင်ပေသည်။
ပညာရေးသည် နိုင်ငံတော်၏ မျှော်မှန်းချက်၊ အခြေခံအုတ်မြစ်ဖြစ်သည်။ စိုက်ပျိုးရေးပညာ၊ မွေးမြူရေး ပညာ၊ စက်မှုပညာရပ်များကို လွယ်လင့်တကူသင်ကြားခွင့်ရရှိမှု ဦးတည်ချက်ထက်သာလွန်သော အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ပန်းတိုင်အထိရည်မှန်းထားပေသည်။ ပညာသင်ကြားသူတိုင်း အနာဂတ်အလင်းတန်းကို မြင်နိုင်ခွင့်ရှိသည်။ ပညာသင်ကြားရာတွင် သင်ကြားရသည့် ဘာသာရပ်တိုင်း အထူးချွန်ဆုံး၊ အထက်မြက်ဆုံးဖြစ်အောင် ကြိုးစားရမည်ဖြစ်သည်။ အားနည်းချက်၊ အားသာချက်များကို မိမိကိုယ်တိုင်သိရှိပြီး ပြုပြင်ပြောင်းလဲနိုင်မှုအလိုက် ကောင်းမွန်သောအခြေအနေသို့ရောက်ရှိအောင် မနှေးအမြန်အကောင်အထည်ဖော်ရမည်ဖြစ်သည်။ ပညာရေးနှင့် အလုပ်အကိုင် တွဲစပ်ဖော်ဆောင်သည့် ပညာရေးစနစ်တွင် ကျောင်းသား၊ ကျောင်းသူအားလုံး လိုက်ပါရမည်ဖြစ်သည်။ မိမိနှစ်သက်ရာ ဘာသာရပ်အလိုက်၊ ဝါသနာအလိုက်ရွေးချယ်ပြီး နိုင်ငံ၏စိုက်ပျိုးမွေးမြူရေးအခန်းကဏ္ဍ၊ စက်မှုနည်းပညာ ကဏ္ဍသစ်များကို ပီပီပြင်ပြင်ဖွင့်လှစ်သွားနိုင်မည်ဖြစ်သည်။
သို့ဖြစ်၍ ပညာခေတ်တွင် ပညာရှာဖွေရမည်ဖြစ်သည်။ ပညာရေး အလှမ်းမဝေးရအောင် အနာဂတ်ရင် သွေးများကို ပညာအမွေပေးရမည်ဖြစ်သည်။
ပညာရည်အဆင့်အတန်းမြင့်မားသော နိုင်ငံအများစုသည် ခေတ်မီဖွံ့ဖြိုးတိုးတက်ကြသည်။ ပညာရေး အဆင့်မြင့်မားမှုမှတစ်ဆင့် တီထွင်ဆန်းသစ်မှုကိုဖြစ်စေသည်။ တိုးတက်မှုအရင်းခံ အခြေခံပညာရေး သည် အဓိကဖြစ်ပေသည်။ အနာဂတ်ကာလတွင် သာမန်ဘွဲ့တစ်ခုတည်းဖြင့် ရပ်တည်နိုင်ရေး ခက်ခဲလာ နိုင်သည်။ ပညာခေတ်တွင် အကျုံးဝင်ပါဝင်မည့် ဘွဲ့လွန်ပညာ၊ ပါရဂူပညာတွေပါရရှိလာပြီး အခြား သူများထက် အဘက်ဘက်ကသာလွန်ရေး ကြိုးစားလုံ့လပြုရမည်ဖြစ်သည်။ ငယ်စဉ်အခါ ပညာရှာ ချိန်တွင် ဆရာ၊ ဆရာမများ သင်ကြားလမ်းညွှန်မှုကို ခံယူလျက် ရည်မှန်းချက်ကိုယ်စီ၊ ဘဝအိပ်မက် ကိုယ်စီဖြင့်ရှေ့သို့ချီတက်ရမည်ဖြစ်သည်။ ပညာသင်ကြားတတ်မြောက်ပြီးချိန်၌လည်း ဆင့်ကဲပညာများ တိုးပွားရရှိအောင် စဉ်ဆက်မပြတ် ကြိုးစားကြရမည်ဖြစ်သည်။ပညာသင်ကြားတပည့်ဘဝမှ ကိုယ်တိုင် ဆရာ၊ ဆရာမအဖြစ် လက်ဆင့်ကမ်းပညာသင်ကြားမျှဝေပေးနိုင်သည့် နိုင်ငံအားထား လူချွန်လူ ကောင်းများအဖြစ် ပါဝင်ခွင့်ရှိပေသည်။
မျက်မှောက်ကာလသည် အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များပေါများလာစေရေး ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် သာတူညီမျှ ပညာသင်ကြားခွင့် အခွင့်အလမ်းများ ပိုင်ဆိုင်ရရှိနေချိန်ဖြစ်သည်။ နိုင်ငံတော်၏ အထူးပညာရေး မျှော်မှန်းဆောင် ရွက်မှုအဖြစ် ကျောင်းအပ်နှံရာတွင် ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ အခမဲ့ရယူလျက် ကျောင်းသား၊ကျောင်းသူကလေးများကျောင်းနေပျော်အောင်စွမ်းဆောင်မှုဖြစ်သည်။ ကျောင်းနေ အရွယ် ကျောင်းသား၊ ကျောင်းသူကလေးများ ပညာရေးတွင် ဆုံးခန်းတိုင်ပြီးမြောက်အောင်သင်ယူလျက် ပိုမိုကောင်းမွန်သောပညာရေးစနစ်ကို ဦးတည်အကောင်အထည်ဖော်ရမည်ဖြစ်သည်။
အခြေခံပညာ၊ တက္ကသိုလ်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ယူပြီးမြောက်ပြီးနောက် သက်ဆိုင်ရာ လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများလည်း တစ်ပါတည်း လမ်းပွင့်သွားစေမည်ဖြစ်သည်။
အသိနှင့်ပညာသည် ယှဉ်တွဲတည်ရှိနေသည့် သဘောတရားဖြစ်သည်။ ပညာတတ်ဖြစ်အောင် ကျင့်ဆောင်ပြီး ဘဝကို တိုးတက်အောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာဖြင့် လူ့အရည်အချင်းပြောင်လက်အောင် စွမ်းဆောင်ရမည်ဖြစ်သည်။နိုင်ငံ၏အနာဂတ်နှင့် ပညာရည်မြင့်မားရေးအခန်းကဏ္ဍသည် ထင်ရှားလင်းလက်တောက်ပနေရမည်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် အရေးပါပြောင်မြောက်သည့်ပညာအရင်းအမြစ်ဖြင့် မှန်ကန်သောတွေးခေါ်ပုံ၊ အခက်အခဲမျိုးစုံ ကျော်လွှားနိုင်ပုံကို လက်တွေ့ကျကျ သိရှိရမည်ဖြစ်သည်။တစ်နည်းအားဖြင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့”ကြွေးကြော်မှုသည် ပညာရည် အဆင့်အတန်းမြင့်မားမှုမှသည် နိုင်ငံတော်ဖွံ့ဖြိုးအောင်စွမ်းဆောင်နိုင်မည့်ယုံကြည်ချက်ကို ကိုယ်စား ပြုပေသည်။လူ့စွမ်းအားအရင်းအမြစ်ကောင်းကို မွေးထုတ်ပေးနိုင်မှုကိုလည်းအထောက်အကူပြုစေသည်။ အလားတူ ပညာရေးသည် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး အစရှိသော ကဏ္ဍများကို အမှန်နှင့်အမှား လမ်းပြပေးနိုင်သည်။ မိသားစုနှင့် ဝန်းကျင် တစ်ခုလုံးကို ပညာပြည့်ဝနှလုံးလှအောင်စွမ်းဆောင်နိုင်စွမ်းရှိသည့်ပညာသင်ကြား၊ သင်ယူမှုဖြစ်စဉ်များကို ရပ်တန့်မပစ်ဘဲဝိုင်းဝန်းကြိုးပမ်းကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
MWD
Photo- Apeejay Newsroom
ယခုအခါ မျက်မှောက်ခေတ်လူသားတို့စားသုံးသော အစားအစာ များသည် လူသားအားလုံး၏ ကျန်းမာရေးကိုသာမကကမ္ဘာမြေကြီးတည်တံ့ခိုင်မြဲရေးကိုပါ အဆုံးအဖြတ်ပေးသည့် အရေးကြီးသော အချိန် ကာလတစ်ခုသို့ ရောက်ရှိနေပါသည်။ လူတို့၏ လက်ရှိစားသောက်မှု အလေ့အထသည် အသားအလွန်များသောအစားအစာများနှင့် အစားအစာများကိုသိုလှောင်သိမ်းဆည်းသည့်အလေ့အထကြောင့်လက်ရှိကမ္ဘာ့စားရေရိက္ခာစနစ်သည် ရေရှည်တည်တံ့မှုအားနည်းခြင်းနှင့် စွန့်ပစ်ပစ္စည်းများမြင့် မားခြင်းကြောင့်ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၊သစ်တောပြုန်းတီးမှု၊ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးမှုနှင့် တခြားသော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာပြဿနာများ ဖြစ်လာခဲ့သည်။
အစားအစာစနစ်များသည် လူသားတို့၏ကျန်းမာရေးကို ထိန်းသိမ်းပေး ပြီး ပတ်ဝန်းကျင်ရေရှည်တည်တံ့မှုကို ပံ့ပိုးပေးနိုင်သည့် အလားအလာရှိသော်လည်း ယနေ့ကမ္ဘာမြေကြီး၏လက်ရှိအခြေ အနေသည်နှစ်ခုစလုံးကိုခြိမ်းခြောက်လျက်ရှိသည်။
Planetary Health Diet သည် လူသားတို့၏ကျန်းမာရေးကို မြှင့်တင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေရန်အတွက် နိုင်ငံတကာသိပ္ပံပညာရှင်များအဖွဲ့မှ တီထွင်ထားသော အစားအသောက် ပုံစံ တစ်ခုဖြစ်သည်။ အနှစ်သာရအားဖြင့် Planetary Health Diet သည် လူသားနှင့်သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေသော လူသားတို့၏ ကျန်းမာရေးကိုပံ့ပိုးပေးနိုင်သည့် အာဟာရပြည့်ဝ သောစားသောက်မှု ပုံစံတစ်ခုဖြစ်ခြင်း၊ အသက်ရှည်ခြင်းနှင့်နာတာရှည်ရောဂါများဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ခြင်းတို့ကြောင့် ကမ္ဘာမြေကြီးကို ရေရှည် တည်တံ့ခိုင်မြဲစေရန် အထောက်အကူပြုသော စားသောက်မှုပုံစံတစ်ခု ဖြစ်သည်။
EAT-Lancet ကော်မရှင်သည် လူသားတို့၏ကမ္ဘာမြေကြီးကို ပျက်စီး မှုအနည်းဆုံးဖြစ်စေမည့် ရေရှည် တည်တံ့သောအစားအစာစနစ်များကိုသတ်မှတ်ရာတွင် တက်များပြားလာသောကမ္ဘာ့လူဦးရေကို ကျန်းမာ ရေးနှင့်ညီညွတ်သောအစားအစာများကျွေးရန်လိုအပ်ကြောင်း အကြံပြု ထားပါသည်။ EAT- Lancet ကော်မရှင်၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာသည် လူသားနှင့်ပတ်ဝန်းကျင်ကျန်းမာရေးကို ဦးစားပေး သည့် အစားအသောက် ပုံစံကိုအကြံပြုထားပြီး ရေရှည်အစားအစာဖူလုံမှုနှင့် အစားအစာစွန့်ပစ် မှုလျှော့ချရေးအစီအစဉ်များကို အကြံပြုထားသည်။ EAT- Lancet ကော်မရှင်သည် ပတ်ဝန်းကျင် ရေရှည်တည်တံ့မှုကိုအခြေခံ၍ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကို ရည်ညွှန်းဖော်ပြထား ပါသည်။ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများ (ဥပမာ-ဟင်းသီးဟင်း ရွက်၊ သစ်သီးများ၊ အစေ့ အဆန်များ၊ ပဲနှင့် အခွံမာသီးများ) စားသုံးမှုတိုးလာခြင်းနှင့် ကျန်းမာရေးနှင့်မညီညွတ်သောအစားအစာများ(ဥပမာ-အနီရောင်အသား၊ သကြားနှင့်သန့်စင်ထားသောအစေ့အဆန်များ) စားသုံးမှုလျှော့ချခြင်း ကိုလိုက်နာရန် တိုက်တွန်းထားသည်။
Planetary Health Diet ၏အဓိကအစိတ်အပိုင်းများ
Planetary Health Diet ကဲ့သို့သော သက်ရှည်ကျန်းမာရေးကိုမြှင့်တင် ပေးနိုင်သည့်အစားအစာပုံစံတွင် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊အစေ့အဆန်များ၊ ပဲပင်များ (ပဲစေ့နှင့်ပဲအမျိုးမျိုးကဲ့သို့) နှင့် အခွံမာသီးများ ကဲ့သို့ အပင်အခြေခံအစားအစာများကို အဓိကထားကာ ကြက်သားနှင့် ငါးများကို မျှတစွာ စားသုံးရန်နှင့် အနီရောင်အသားစားသုံးမှု၊ သကြား နှင့် သန့်စင်ထားသောအစေ့အဆန် များစားသုံးမှု အထူးသဖြင့် အလွန်အကျွံပြုပြင်ထားသောအစားအစာများစားသုံးမှုကိုကန့်သတ်ထား သည်။ ပြည့်ဝဆီများထက် သံလွင်ဆီကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ် သော မပြည့်ဝဆီများကို ပို၍ဦးစား ပေးပါသည်။ အပင်အခြေခံအစားအစာများကို အဓိကအာရုံစိုက်သော်လည်း နို့ထွက်ပစ္စည်း အလယ် အလတ် ပမာဏနှင့် ကစီဓာတ်အနည်းငယ်ပါဝင်သည့် ဟင်းသီးဟင်းရွက်များ လည်း ပါဝင်ပါသည်။ သက်သတ်လွတ်စားသူများအတွက် တစ်ဦးချင်း လိုအပ်ချက်များနှင့် ယဉ်ကျေးမှုဆိုင်ရာနှစ်သက်မှုများ နှင့် လိုက်လျော ညီထွေဖြစ်စေရန် ရွေးချယ်နိုင်သည်။ ဤအစားအစာသည် လူသားများ ၏အာဟာရ အတွက်အကျိုးပြုပြီး အသက်ရှည်စေရန်နှင့် နာတာရှည်ရောဂါများဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည့် အပြင် ကာဗွန်ထုတ်လွှတ် မှု သိသိသာသာနည်းပါးစေပြီး စွန့်ပစ်ပစ္စည်းများကို လျော့နည်းစေခြင်း ဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုလျှော့ချရန် ရည်ရွယ်ခြင်းဖြစ်ပါ သည်။
Planetary Health Diet ၏အကျိုးကျေးဇူးများလေ့လာမှုများအရလူသားနှင့်သဘာဝပတ်ဝန်းကျင်ကို အကျိုးပြု သောစားသောက်မှုပုံစံကို လိုက်နာခြင်းသည် နှလုံးရောဂါ၊ ကင်ဆာနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါများကြောင့်အရွယ်မတိုင်မီသေဆုံးနိုင်ခြေနှင့် နာတာရှည်ရောဂါ များဖြစ် နိုင်ခြေကို လျှော့ချနိုင် သည်ဟု ဟားဗတ်ချန်းပြည်သူ့ကျန်းမာရေးကျောင်းမှ လေ့လာမှုတစ်ခု အရ သိရသည်။ သုတေသနများအရ Planetary Health Diet ကဲ့သို့သော အစားအသောက်များကို လိုက်နာ ခြင်းနှင့် သက်တမ်းပိုရှည်ခြင်းတို့ ဆက်စပ်မှုရှိကြောင်း Economic Times တွင် ဖော်ပြထားသောလေ့လာ မှုတစ်ခုအရ သိရသည်။
အသားစားသုံးမှုကိုလျှော့ချခြင်းဖြင့် အစားအစာရေရှည်ဖူလုံမှုရှိစေရန်၊သဘာဝပတ်ဝန်းကျင် ကိုမထိ ခိုက်စေရန်အထောက်အကူပြုပါသည်။အပင်အခြေခံအစားအသောက်များကိုကျယ်ကျယ်ပြန့်ပြန့် စားသုံးခြင်းဖြင့်ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၊ ဓာတ်မြေသြဇာလိုအပ်ချက်နှင့် စိုက်ပျိုးမြေ အသုံးပြုမှုသိသိသာသာလျော့ကျသွားနိုင် ကြောင်း တွေ့ရှိခဲ့သည်။
သက်တမ်း ၁၀၀ ထက်ကျော်လွန်၍အသက်ရှည်စေသောအစားအသောက်လေ့လာမှုများအရ အစား အသောက်သည် အသက်ရှည်ခြင်းကိုသက်ရောက်မှုရှိကြောင်း အကြံပြုထားသည်။ EAT-Lancet ကော်မရှင် မှမိတ်ဆက်ထားသော Planetary Health Diet (PHD) သည် ၂၀၂၅ ခုနှစ်အတွက် လူသားတို့၏ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှုအတွက်အကျိုးပြုသည့် အစား အစာအဖြစ် ဆွဲဆောင် မှုရှိနေသည်။ အပင်အခြေခံအစားအစာများကိုအလေးထားပြီး တိရစ္ဆာန် ထွက်ပစ္စည်းများလျှော့ချခြင်းသည် အဓိကရောဂါများဖြစ်နိုင်ခြေနည်းပါးခြင်းနှင့် သေဆုံးမှုလျှော့ချ ပေးနိုင်ခြင်းတို့နှင့် ဆက်စပ်နေသည်။
သုတေသီများသည်အရွယ်ရောက်ပြီးသူ ၁၁၀၀၀ ကျော်ကို ၁၄ နှစ် ကြာလေ့လာခဲ့ရာ သစ်သီးများ၊ နို့ထွက်ပစ္စည်းများ၊ မပြည့်ဝဆီများနှင့် အခွံမာသီးများပါဝင်သော အစားအစာများကို အဓိကစား သောက်ခြင်းဖြင့် သေဆုံးနိုင်ခြေနည်းပါးကြောင်းပြသခဲ့သည်။ ထို့ကြောင့် ကျန်းမာ ရေးနှင့်ညီညွတ် အောင်စားသောက်ခြင်းသည် အသက်ပိုရှည်ရန် အဓိက အချက်ဖြစ်နိုင်ပါသည်။ EAT-Lancet ကော်မရှင်မှ ၂၀၁၉ ခုနှစ် အစီရင် ခံစာတွင် Planetary Health Diet ဟူသောအသုံးအနှုန်းကို ရေရှည် တည်တံ့သောအစားအစာစနစ်များမှ ကျန်းမာသောအစားအစာများဆိုင်ရာခေါင်းစဉ်ဖြင့် မိတ်ဆက်ခဲ့ သည်။ လူသားတို့၏ကျန်းမာရေးနှင့်သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှုအတွက် အကျိုးပြုသည့် အစား အသောက်ပုံစံကို အလေးပေးထားပြီး အပင်အခြေခံအစားအစာများတိုးမြှင့်စားသုံးမှုနှင့် တိရစ္ဆာန်အခြေခံထွက်ကုန်များ စားသုံးမှုလျှော့ချရန် လှုံ့ဆော်ထားသည်။
Planetary Health Diet ကို လိုက်နာသူများသည် ကင်ဆာ၊ နှလုံးရောဂါ နှင့် အဆုတ်ရောဂါအပါအဝင် သေဆုံးနိုင်ခြေနည်းပါးကြောင်း မကြာ သေးမီက ဟားဗတ်ချန်းပြည်သူ့ကျန်းမာရေးကျောင်းမှ သုတေသီများ ၏လေ့လာမှုတစ်ခုအရ သိရသည်။ လေ့လာတွေ့ရှိချက်များကို The American Journal of Clinical Nutrition တွင် ထုတ်ဝေခဲ့သည်။ သုတေသီများသည် လူ ၂၀၀၀၀၀ ကျော်ထံမှကျန်းမာရေးအချက်အလက် များကို အသုံးပြုခဲ့သည်။ လေ့လာမှုစတင်ချိန်တွင် နာတာရှည်ရောဂါ ကင်းစင်သူများပါဝင်ခဲ့ပြီး အစားအသောက်မေးခွန်းလွှာများကို လေးနှစ် တစ်ကြိမ်နှင့် ၃၄ နှစ်အထိ ဖြေဆိုခဲ့ပါသည်။ Planetary Health Diet ကို အနီးကပ်ဆုံးလိုက်နာသူများသည် မလိုက်နာသူများထက် စောစီးစွာ သေဆုံးနိုင်ခြေ ၃၀ ရာခိုင်နှုန်းလျော့နည်းကြောင်း လေ့လာမှုကဖော်ပြ သည်။ အထူးသဖြင့် ပါဝင်သူများအနက်လိုက်နာမှုအကောင်းဆုံးထိပ်တန်း ၁၀ ရာခိုင်နှုန်းသည် အောက်ခြေ ၁၀ ရာခိုင်နှုန်း ထက် အရွယ်မတိုင်မီသေဆုံးနိုင်ခြေ ၃၀ ရာခိုင်နှုန်းလျော့နည်းကြောင်း သိရသည်။
ဆိုရှယ်မီဒီယာလောကတွင် လူအများစုသည် ကျန်းမာရေးကောင်း စေမည့်အစားအသောက်များ ကိုရှာဖွေရန် အာရုံစိုက်လာကြသည်။
တိရစ္ဆာန်များမှရရှိသော ပရိုတင်းဓာတ်သည် ကြွက်သားထိန်းသိမ်းမှုနှင့် ကျန်းမာရေးအတွက် မရှိမဖြစ်လို အပ်သော်လည်း အလွန်အကျွံစားသုံး မှုသည်ခန္ဓာကိုယ်အတွက်အမှန်တကယ်ကောင်း မွန်မှုမရှိကြောင်း တွေ့ရှိခဲ့သည်။ နှလုံးနှင့်ဇီဝဖြစ်စဉ်ကျန်းမာရေးအတွက် အရေးကြီးသော ရောင်ရမ်းမှုကို လျှော့ချရန်နှင့် ကြွက်သားထုထည်ကို ထိန်းသိမ်းရန် အတွက် အပင်အခြေခံပရိုတင်းစားသုံးမှုကို အလေးပေး သောအစား အသောက်သည် ကျန်းမာစွာအိုမင်းခြင်းအတွက် အကောင်းဆုံးဖြစ်သော ကြောင့် အသက် ၃၀ နှင့် ၆၅ နှစ်ကြားတွင် အပင်အခြေခံပရိုတင်းကို အဓိကစားသုံးရန် အကြံပြုထားသည်။ Planetary Health Diet ခေါ် အပင်အခြေခံအစားအစာများသည် လူသားတို့၏ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးကျေးဇူးများစွာကို ပေးဆောင်နိုင်သော် လည်း တိရစ္ဆာန်ရင်းမြစ် အစားအစာများ ထက် သံဓာတ်၊ ဇင့်၊ ဗီတာမင် B-12၊ ကယ်လ်စီယမ်နှင့် Omega-3 Fatty Acids ကဲ့သို့သော အာဟာရ ဓာတ်တချို့ရရှိမှုနည်းပါးနိုင်သောကြောင့် ဖြစ်နိုင်ခြေရှိသောအာဟာရချို့ တဲ့မှုများ ကိုရှောင်ရှားရန် ဂရုတစိုက်စီစဉ်ရန်လိုအပ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာမြေကြီးကိုကာကွယ်သည့် အစားအသောက်ရွေးချယ်မှုများသည် အသက်ရှည်ခြင်းနှင့်နာတာရှည်ရောဂါ များဖြစ်နိုင်ခြေကို လျှော့ချပေးသည်။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် မြေအသုံးချမှုလျှော့ချခြင်းကဲ့သို့သော သဘာဝပတ်ဝန်းကျင်ထိခိုက် မှုအနည်း ဆုံးဖြစ်စေသည့် အစားအသောက်ပုံစံများသည် လူသားများ၏ ကျန်းမာရေးအတွက်အသင့်တော်ဆုံး ဖြစ်နိုင်ပါသည်။ လူသားနှင့်သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေသောအစားအသောက်များကိုလူတိုင်းရွေးချယ်စားသောက်ခြင်းဖြင့် အသက်အရွယ်ကြီးရင့်လာမည်ကို စိုးရိမ်စရာမလိုဘဲကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
MWD
Photo -Inoqo
ရွှေဝါရောင်ကြီးမားထင်ရှားတဲ့မျက်နှာဖုံးနဲ့ ခြင်္သေ့ခေါင်းကိုတစ်ဦးကမြှောက်၍ အဝါရောင်၊ အနီရောင်ပိတ်စအမျှင်တွေနဲ့ အလှဆင်ထားတဲ့ ခန္ဓာကိုယ်နဲ့ အမြီးကို တစ်ဦးကကိုင်ကာ စည်တီးသံနဲ့ စည်းချက်ညီအောင် သရုပ်ဖော်ကပြနေပါတယ်။
ခြင်္သေ့အကက ပရိသတ်တွေကို စိတ်လှုပ်ရှားစေ
ခြင်္သေ့ပုံစံတစ်ခုမှာ အကသမားနှစ်ဦးပါဝင်ပြီး ခြင်္သေ့လေးကောင်က ခေါင်းကိုအပေါ်အောက်၊ ဘယ်ညာလှည့်ကာ၊ ခုန်ကာ၊ ပြေးလွှားကာနဲ့ စည်တီးသံ၊ လင်းကွင်းသံ၊ ခရာသံတွေနဲ့အညီလှုပ်ရှားနေပါတယ်။ ခြင်္သေ့အကမှာ လှုပ်ရှားမှုတွေက အားမာန်အပြည့်နဲ့ ခြင်္သေ့ရဲ့ စိတ်ခံစားမှုစွမ်းအင်ကို ဖော်ပြနေပါတယ်။ တူရိယာတီးမှုတ်သံတွေက ခြင်္သေ့ရဲ့လှုပ်ရှားမှုကို ပိုမိုသက်ဝင်စေပြီး ပရိသတ်တွေကို စိတ်လှုပ်ရှားစေပါတယ်။
တီယန်ကျင်းရိုးရာ ခြင်္သေ့အက (Tianjin Traditional Lion Dance) ဖြစ်ပြီး ကံကောင်းခြင်း၊ အောင်မြင်ခြင်း၊ သာယာဝပြောခြင်း၊ မကောင်းသောစွမ်းအင်တွေကို ဖယ်ရှားခြင်း အဓိပ္ပာယ်တွေကို ပေးစွမ်းပါတယ်။ တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ ရိုးရာယဉ်ကျေးမှုအနုပညာတစ်ခုဖြစ်ပြီး ပွဲတော်တွေ၊ အထူးအခမ်းအနားတွေမှာ ကပြလေ့ရှိပါတယ်။
တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံများအကြား သတင်းမီဒီယာပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာသတင်းဆက်သွယ်ရေးစင်တာ (China International Press Communication Center -CIPCC) အစီအစဉ်နဲ့ တီယန်ကျင်းမြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတကာ မှသတင်းထောက်တွေကို တီယန်ကျင်းရိုးရာခြင်္သေ့အကနဲ့ ကပြဖျော်ဖြေနေခြင်း ဖြစ်ပါတယ်။
ရိုးရာယဉ်ကျေးမှုနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွေ ယှဉ်တွဲတည်ရှိနေတဲ့ တီယန်ကျင်း (Tianjin) မြို့က ပေကျင်းမြို့အနီး ၁၃၇ ကီလိုမီတာ (၈၅မိုင်)ခန့်အကွာမှာ တည်ရှိပါတယ်။ အမြန်ရထားနဲ့ဆိုရင် မိနစ် ၃၀ လောက်သာသွားရပါတယ်။ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ မြို့ကြီးလေးမြို့ထဲက တစ်မြို့ဖြစ်ပြီး ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတွေနဲ့ ဆက်သွယ်သွားလာနိုင်တဲ့ ကမ်းရိုးတန်း ဆိပ်ကမ်းမြို့ဖြစ်ပါတယ်။
၁၄၀၄ ခုနှစ်မှာ စတင်တည်ထောင် ခဲ့ပြီး “Tianjin”က“ကူးတို့ဆိပ်" အဓိပ္ပာယ်ရတယ်လို့ သိရပါတယ်။ ၁၈၆၀ ပြည့်နှစ်မှာ ကုန်သွယ်ဆိပ်ကမ်းမြို့အဖြစ် ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံမြောက်ပိုင်းရဲ့အရေးပါတဲ့ ဆိပ်ကမ်းမြို့တစ်ခု ဖြစ်ခဲ့ပါတယ်။
အကြီးဆုံးဆိပ်ကမ်းတစ်ခုဖြစ်
သမိုင်းနဲ့ယဉ်ကျေးမှု ဗဟိုချက်ဖြစ်သလို တရုတ်နိုင်ငံမြောက်ပိုင်း ဟိုင်းဟီမြစ်(Haihe River) ကမ်းပါးမှာ တည်ရှိပြီး ဘိုဟိုင်ပင်လယ်(Bohai)နဲ့ လည်း နီးပါတယ်။ မြစ်နဲ့ပင်လယ်တွေ့ဆုံရာမှာ တည်ရှိတဲ့အတွက် Tianjin Port ဟာ တရုတ်နိုင်ငံမြောက်ပိုင်းရဲ့ အကြီးဆုံး ကုန်စည်ပို့ဆောင်ရေးဆိပ်ကမ်းတစ်ခုဖြစ်ပါတယ်။
ကမ္ဘာ့အဆင့်မြင့် ဆိပ်ကမ်းတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ကျော်၊ ဒေသပေါင်း ၈၀၀ ကျော်မှာရှိတဲ့ ဆိပ်ကမ်းတွေနဲ့ ကုန်သွယ်မှုတွေဆောင်ရွက်လျက်ရှိပါတယ်။ ရေကြောင်း - ရထားပေါင်းစပ် သယ်ယူပို့ဆောင်ရေးလိုင်း ၄၀ ကျော်၊ ကွန်တိန်နာသင်္ဘောလိုင်း ၁၄၇ ခုနဲ့ လုပ်ငန်းလည်ပတ် ဆောင်ရွက်လျက်ရှိပါတယ်။
၂၀၂၄ ခုနှစ်မှာ Jin Gang Tong ပလက်ဖောင်း (tjgportnet.com) ကို မိတ်ဆက်ခဲ့ပြီး Global Shipping Busi-ness Network (GSBN)နဲ့ ချိတ်ဆက်ကာ အမေရိကန်အရှေ့ကမ်းရိုးတန်းနဲ့ တောင်အမေရိက အရှေ့ကမ်းရိုးတန်းကို တိုက်ရိုက်သင်္ဘောလိုင်းအသစ်တွေ စတင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဧပြီအထိ ကုန်စည်သယ်ယူမှုပမာဏတန်ချိန် ၁၆၂သန်းနဲ့ ကွန်တိန်နာသယ်ယူမှုပမာဏ ၇ ဒသမ ၇၁၄ သန်း(TEU) ရှိခဲ့တယ်လို့ သိရပါတယ်။
တီယန်ကျင်းမြို့မှာ နောက်ထပ်လေ့လာစရာနေရာကတော့ဟိုင်ဟီမြစ်ရဲ့ အနောက်ဘက်ကမ်းမှာတည်ရှိတဲ့ တီယန်ကျင်းရှေးဟောင်းယဉ်ကျေးမှုလမ်းဖြစ်ပြီး မြို့ရဲ့သမိုင်းနဲ့ယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ အထင်ကရနေရာတစ်ခုဖြစ်ပါတယ်။ ကျင်(Jin)၊ ယွမ်(Yaun)၊မင်း (Ming)၊ ချင်း (Qing) မင်းဆက်တွေက ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းထားပြီး သမိုင်းဝင်အဆောက်အအုံများစွာတည်ရှိပါတယ်။ ဒေသထွက်အစားအစာတွေ၊ ရိုးရာပြပွဲတွေ၊ အနုပညာလက်ရာတွေကို တွေ့မြင်ခံစားနိုင်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
ခရီးသွားအများစု စိတ်ဝင်စား
ညနေပိုင်းမှာ ဟိုင်ဟီမြစ်တစ်လျှောက် အပျော်စီးသင်္ဘောနဲ့ လှည့်လည်တဲ့ ခရီးစဉ်ကလည်း ခရီးသွားအများစု စိတ်ဝင်စားကြပါတယ်။ တီယန်ကျင်းမြို့ရဲ့ မြစ်ကမ်းပါးတစ်လျှောက် မြစ်ပြင်မြင်ကွင်းရှုခင်းတွေ၊ သမိုင်းဝင်ဗိသုကာလက်ရာတွေနဲ့ ခေတ်မီမိုးမျှော်တိုက်ကို ရောင်စုံမီးတွေနဲ့လှပစွာ ယှဉ်တွဲပေါင်းစပ်ထားပါတယ်။ တရုတ်နှင့် အနောက်တိုင်း ဗိသုကာပုံစံပေါင်းစပ်ထားပြီး မိုးမျှော်တိုက်တွေဆီက ဖြာထွက်တောက်ပနေတဲ့ ရောင်စုံမီးရောင်စုံတွေက မြစ်ပြင်ကို ဖြန့်ကြက်ထားတဲ့အတွက် ညနေခင်းရဲ့အမှောင်နဲ့ လိုက်ဖက်သက်ဝင်နေပါတယ်။
ဖြတ်သန်းသွားလာရာ မြစ်ကြောင်းတစ်လျှောက် ၃၂ ကီလိုမီတာရှိပြီး အဆောက်အအုံ ၂၁၆ ခု၊ တံတား ၁၃ စင်းရှိပါတယ်။ မြစ်ကမ်းတစ်လျှောက် ဆိပ်ကမ်းခုနစ်ခုရှိပြီး ရိုးရာယဉ်ကျေးမှု အမွေအနှစ်ပြပွဲတွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေ ကျင်းပလျက်ရှိတာကို တွေ့ရပါတယ်။ တီယန်ကျင်းမြို့ “ဟိုင်ဟီ မြစ်ရဲ့ ညအလှ”က မြစ်ပြင်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့လေနဲ့အတူ တေးသွားနဲ့ မီးရောင်စုံတွေကြောင့် ရေအစဉ်ကပါ လိုက်ပါကနေသယောင်ငေးမော၍ မဆုံးနိုင်အောင် ဖြစ်ရပါတယ်။
မြစ်ကမ်းဘေးတစ်လျှောက်မှာ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နေသူတွေ၊ မိသားစုနဲ့ အပန်းဖြေ လမ်းလျှောက်နေသူတွေ၊ ပြေးလွှားကစားနေတဲ့ကလေးငယ်တွေနဲ့ မိဘတွေကို တွေ့မြင်ရပါတယ်။ သူတို့မြို့ကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကို ဖော်ရွေပျူငှာစွာ ကြိုဆိုတဲ့အနေနဲ့ လက်ပြနှုတ်ဆက်နေကြပါတယ်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်သလို တီယန်ကျင်းမြို့က တရုတ်နိုင်ငံရဲ့ စက်မှုလုပ်ငန်းနဲ့ အထည်အလိပ်လုပ်ငန်းတွေ စတင်ရာနေရာဖြစ်ပြီး နိုင်ငံတကာနဲ့ ဆက်သွယ်ဆက်ဆံမှုရှိတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် ခန့်မှန်းချက်အရ တီယန်ကျင်းရဲ့ လူဦးရေဟာ ၁၄ သန်းကျော်ရှိပါတယ်။ တီယန်ကျင်းဆိပ်ကမ်းနဲ့ ကမ်းလွန် အင်ဂျင်နီယာကုမ္ပဏီတွေ တည်ရှိနေပြီး မော်တော်ကားစက်ရုံတွေ၊ ဓာတုဗေဒ၊ သံမဏိနဲ့ အီလက်ထရောနစ်လုပ်ငန်းတွေ၊ သတင်းအချက်အလက်နည်းပညာ၊ ခေတ်မီဆေးပညာဆိုင်ရာလုပ်ငန်းတွေ စုစည်းတည်ရှိနေပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အထူးအခွန်လျှော့ပေါ့မှု၊ သက်သာတဲ့ကုန်သွယ်မှု စည်းမျဉ်း၊ လုပ်ငန်းလည်ပတ်ရာမှာ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်တဲ့စနစ်တွေကို ဖန်တီးပေးထားတဲ့ ကုန်သွယ်မှုဇုန် (Tianjin Free Trade Zone) တည်ရှိပြီး နိုင်ငံတကာမှ နာမည်ကျော်ကုမ္ပဏီများစွာ လာရောက်ရင်းနှီး မြှုပ်နှံလျက်ရှိတယ်လို့ သိရပါတယ်။
တီယန်ကျင်းမြို့ရဲ့ စီးပွားရေးတိုးတက်မှု မောင်းနှင်အားက တရုတ်နိုင်ငံရဲ့ အကြီးဆုံးစက်မှုဇုန်တွေထဲက တစ်ခုဖြစ်တဲ့ ဘင်ဟိုင်းစီးပွားရေးဇုန်သစ်ဖြစ်ပါတယ်။ တီယန်ကျင်းမြို့ရဲ့ အရှေ့ဘက်မှာတည်ရှိပြီး ပေကျင်းမြို့နဲ့နီးတဲ့အတွက် မဟာဗျူဟာကျတဲ့နေရာတစ်ခုဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက် ဆောင်ရွက်နိုင်တဲ့အတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ဆွဲဆောင်မှု ရှိတဲ့နေရာတစ်ခု ဖြစ်ပါတယ်။
တီယန်ကျင်းမြို့က တရုတ်နိုင်ငံရဲ့ အရှေ့မြောက်၊ မြောက်ပိုင်းနဲ့ အနောက် မြောက်ဒေသတွေအတွက် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးတံခါးပေါက်အဖြစ် အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ သမိုင်းကြောင်းနဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝအလှတရားတွေကို တစ်ပြိုင်နက်တည်း ထိတွေ့နိုင်တဲ့နေရာတစ်ခုအဖြစ် ခံစားမိသမျှ ရေးသားဖော်ပြလိုက်ရပါတယ်။
MOI