ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့
-

တောပင်ကို တော်တော်ခုတ်ကြပါ့

တောပြုတ်လိမ့် နောက်နောင်။

တောခုတ်လို့ တောပြောင်

မိုးခေါင်တော့မှာပဲ။

မိုးခေါင်လို့ ရေမကြွယ်

သဲပင်လယ် ဖြစ်လိမ့်မလွဲ။

       အမျိုးသားစာဆို ကဗျာဆရာကြီးဇော်ဂျီ၏ ကဗျာတစ်ပုဒ်မှဖြစ်သည်။ ၁၉၅၉ ခုနှစ် နိုဝင်ဘာလထုတ် မြဝတီမဂ္ဂဇင်းတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

     သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အလွန်ခေတ်ရှေ့ပြေးသော ရေးသားဖွဲ့ဆိုချက်ဟုဆိုရမည်။ အမြော်အမြင်ကြီးမားစွာ သတိပေးနှိုးဆော် ခဲ့သည်ဟုလည်း ဆိုနိုင်သည်။

ယနေ့အချိန်တွင် ကမ္ဘာတစ်ဝန်း ရေကြီးခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြစ်ချောင်းများ တိမ်ကောမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်လာခြင်း စသည်ဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာရသည့် ဘေးအန္တရာယ်များကို မကြာခဏရင်ဆိုင်ကြုံတွေ့နေကြရသည်။

မြန်မာနိုင်ငံ၌လည်း လွန်ခဲ့သည့်နှစ်က နိုင်ငံအတွင်း မုန်တိုင်းမိုးကြောင့် ရေကြီးရေလျှံမှုများကို ခါးသီးစွာ ခံစားခဲ့ရသည်။ ထို့အတူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့်လည်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများ များစွာဖြစ်ပေါ်ခဲ့ရသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများမှာ လူသားများကြောင့် ပျက်စီးမှုများရှိသကဲ့သို့  သဘာ၀တရားကြီး၏ Climate Change ပြောင်းလဲမှုများကြောင့် ထိခိုက်မှုများလည်းရှိနေသည်။ ထို့ကြောင့် အသိဉာဏ်ရှိသည့် လူသားများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက် သွားကြရမည်ဖြစ်သည်။

ယနေ့ကမ္ဘာ့လူသားများ၏ စားဝတ်နေရေးနှင့် အသက်ရှင်ရပ်တည်နိုင်ရေးကို အနှောင့်အယှက်မဖြစ်စေရန်၊ ကောင်းမွန်သော အနာဂတ်ကမ္ဘာကို နောင်လာနောက်သားများ အတွက် ထားရှိပေးနိုင်ရန် တို့ကိုလည်း  အလေးထားဂရုပြု ဆောင်ရွက်ကြရမည်ဖြစ်သည်။ သဘာဝကပေးထားသည့် စိမ်းလန်းစိုပြည်မှုများ မပျက်စီးစေရန် လူသားများကပင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။  စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်လျော့နည်းလာသည့်အခါတွင်လည်း လူသားများကပင် ပြန်လည်ထိန်းသိမ်း ဖန်တီးပေးရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်က ပြဋ္ဌာန်းထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၌ ပတ်ဝန်းကျင်ဆိုသည်မှာ “မြေထု၊ ရေထု၊ လေထု၊ ရာသီဥတု၊ အသံ၊ အနံ့၊ အရသာတို့ပါဝင်သည့် လူသားတို့ဝန်းကျင်ရှိ ရုပ်ပိုင်းဆိုင်ရာအကြောင်း အချက်များကိုလည်းကောင်း၊ တိရစ္ဆာန်နှင့် အပင်အမျိုးမျိုးတို့၏ သက်ရှိဇီဝဆိုင်ရာ အကြောင်းအချက်များကို လည်းကောင်း၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့်ပသာဒ အလှအပဆိုင်ရာ အကြောင်းအချက်များကိုလည်း ကောင်းဆိုသည်” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

လူသားများ ဖန်တီးပြုလုပ်ထားခြင်းမဟုတ်ဘဲ သဘာဝအတိုင်းဖြစ်ပေါ်နေသည့် သဘာဝပတ်ဝန်းကျင်နှင့် လူတို့၏ပယောဂဖြင့် ဖန်တီးထားသော ပတ်ဝန်းကျင်တို့ပါဝင်သည်။  သဘာဝပတ်ဝန်းကျင်သည် သဘာဝတွင်သာ တည်ရှိပြီး လူတို့ဖန်တီးထားသည့် ပတ်ဝန်းကျင်ကို လူ့ပတ်ဝန်းကျင်တွင် တွေ့ရမည်ဖြစ်သည်။

ပတ်ဝန်းကျင်တွင် ဤကမ္ဘာမြေ သို့မဟုတ် ကမ္ဘာမြေဝန်းကျင် သို့မဟုတ် ကမ္ဘာမြေအစိတ်အပိုင်းများရှိ တိရစ္ဆာန်၊ အပင်နှင့် သဘာဝသယံဇာတအရင်းအမြစ်များ  စသည်တို့အပြင် လူတို့ဖန်တီးပြုလုပ်ထား သောအရာများပါဝင်သည့် သဘာဝသည် ဟန်ချက်ညီမျှနေမှသာ သဘာဝနှင့် လူသားအပါအဝင် သက်ရှိများရေရှည် တည်တံ့နေမည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသားများ၏ လူမှုအဆင့်အတန်း မြင့်မားရေးအတွက် အခြေခံသည့် အကြောင်းများအနက် အရည်အသွေးကောင်းသည့် ပတ်ဝန်းကျင်နှင့် ပေါများကြွယ်ဝသည့် သဘာဝသယံဇာတပိုင်ဆိုင်မှုလည်း ပါဝင်သည်။ ပတ်ဝန်းကျင်ကောင်းကို ထိန်းသိမ်း၍ ထိခိုက်မှုမရှိအောင် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ရမည်ဖြစ်သည်။ သို့မှသာ သဘာဝသယံဇာတများကို အရှည်သဖြင့် စဉ်ဆက်မပြတ်ထုတ်ယူ သုံးစွဲနိုင်စွမ်းရှိမည်ဖြစ်သည်။

ပတ်ဝန်းကျင်ထိခိုက်ပျက်စီးရသည့် အခြေခံအကြောင်းရင်းသည် လူနှင့်သဘာဝဘေး အန္တရာယ်များကြောင့်ဖြစ်ရာ ပတ်ဝန်းကျင်ကောင်း ဖြစ်စေရန်အတွက် လူတို့ကပင် ဖန်တီးရမည်ဖြစ်သကဲ့သို့ ကောင်းမွန်သည့် ပတ်ဝန်းကျင်သည် သဘာဝဘေးအန္တရာယ်များကို တားဆီးပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံသားများသည် ဘိုးဘေးဘီဘင်တို့ လက်ထက်ကပင် ဘဝပေးအသိဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အပေါ် အလေးထားခဲ့ကြသည်။ နမူနာတင်ပြပါအံ့။ ကျေးရွာတစ်ရွာတွင် သာမှုနာမှုကိစ္စအတွက် ကြော်လှော်ရာတွင် ညှော်နံ့ကြောင့် ပတ်ဝန်းကျင်အနှောင့်အယှက်မဖြစ်အောင် ရွာပြင်လယ်ကွင်းစပ် လူသူနှင့်ဝေးရာနေရာတွင် ကြော်လှော်ခြင်း၊ အိမ်နားနီးချင်းအိမ်များမှ ညှော်နံ့ကြောင့် ဘေးဥပဒ်မဖြစ်စေရေး တားဆီးကာကွယ်ရှောင်ရှားနိုင်ရန်အတွက် “ညှော် မယ် ဗျိုး”ဟု ကြိုတင် ဟစ်အော် သတိပေးခြင်းများရှိခဲ့သည်။

ကျောင်းသင်ခန်းစာများ၌ “အိမ် လမ်း ရွာ ကျောင်း၊ သန့်ရှင်းကြောင်း၊ စုပေါင်းအမှိုက်သိမ်း” ကဲ့သို့ ဖတ်မှတ်လွယ်သော ကဗျာစာသားများဖြင့် ရှေးယခင်ကတည်းကပင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ  အသိပညာပေးခြင်းမျိုးကို အခြေခံပညာမူလတန်းအဆင့် သူငယ်တန်းကလေးများကို စတင်သင်ကြားခဲ့သည်။

မျက်မှောက်ခေတ်တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်တက္ကသိုလ် ဖွင့်လှစ်ခြင်း၊ ပြည်ပနိုင်ငံများသို့ ပတ်ဝန်းကျင်ဆိုင်ရာ အထူးပြုဘာသာရပ်များ လေ့လာသင်ယူစေပြီး ပညာရှင်များ မွေးထုတ်ပေးခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနဖွဲ့စည်းခြင်းတို့ဖြင့် အလေးထား ဆောင်ရွက်လျက်ရှိသည်။

ပြည်သူလူထု၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသောပတ်ဝန်းကျင်၊ ကောင်းမွန်သော ဂေဟစနစ်တို့ကို ထိန်းသိမ်းရန်မျှော်မှန်း၍ နိုင်ငံတကာတွင် မြန်မာနိုင်ငံအမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒကို ချပြပြီး   ပတ်ဝန်းကျင်ရေးရာများကို အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာနှင့်  နိုင်ငံအချင်းချင်းအကြားတွင် လည်းကောင်း၊  အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း၊   အစိုးရမဟုတ်သော အဖွဲ့အစည်း၊  ပုဂ္ဂလိကတို့နှင့် ပူးပေါင်း ဆောင်ရွက်မှုကို လည်းကောင်းမြှင့်တင်ပြီး   ထဲထဲဝင်ဝင် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၅ အရ “နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရမည်” ဟု ပြဋ္ဌာန်းထားသလို ပုဒ်မ ၃၉၀ (ခ) အရ “နိုင်ငံသားတိုင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ကိစ္စရပ်တွင် နိုင်ငံတော်အားကူညီရန် တာဝန်ရှိသည်” ဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။ အဆိုပါပြဋ္ဌာန်းချက်များမှာ ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်၏   ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုတွင်   အမြင့်ဆုံးသော ကတိကဝတ်ကို ဖော်ပြနေခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို  နိုင်ငံသားတိုင်းကိုလည်း ပါဝင်စေရန် တာဝန်မျှဝေထားရာ နိုင်ငံသားတိုင်းကလည်း မိမိတို့၏ ပစ္စုပ္ပန်အနာဂတ် အကျိုးအတွက် ပတ်ဝန်းကျင်ဆိုင်ရာ နိုးကြားတက်ကြွသော အသိများဖြင့် “ဥစ္စာရင်လို ဥစ္စာရင်ခဲ” စွမ်းဆောင်ရည် ပြည့်ဝစွာပူးပေါင်း ပါဝင်ရန်လိုအပ်သည်။   လက်တွေ့အလုပ်များဖြင့် သက်သေထူကြရန်လည်း လိုအပ်လှသည်။

အလျဉ်းသင့်၍ လူနှင့်ပတ်ဝန်းကျင်၌ ကောင်းမွန်သည့် အခြေအနေဖြစ်စေရန် ထင်ဟပ်ပုံဖော်နေသည့် ယခင်ပထမတန်း မြန်မာဖတ်စာပါ ပျဉ်းမနားမောင်နီသင်း ရေးစပ်သီဖွဲ့သည့် “ဆုတောင်း” ကဗျာလေးအား ကူးယူဖော်ပြလိုပါသည်။

 “ဆုတောင်း”

စပါးဝါရွှေ ဝင်းပါစေ

ပန်းတွေ သင်းပါစေ၊

ငှက်ကလေးတွေ မိုးတိမ်ကြား

ပျံနိုင်ကြစေသား။

နေရောင်ခြည်လည်း ဖွေးပါစေ

လေပြည်အေးပါစေ၊

ချစ်မိတ်ဆွေ ပေါင်းဖော်များ

ကျန်းမာကြစေသား။

သဘာဝပတ်ဝန်းကျင်ကောင်းမွန်ခြင်းသည် ရာသီဥတုကို ညီညွတ်မျှတစေသည်။ ရာသီဥတု ညီညွတ်မျှတသော မြေဆီလွှာကောင်းသည် ကောက်ပဲသီးနှံတို့ကို ဖြစ်ထွန်းစေသည်။ စားရေရိက္ခာတို့ကို ပြည့်စုံစေသည်။ သစ်ပင်ပန်းမန်တို့ကို ဖူးချိန်တန်ဖူး ပွင့်ချိန်တန်ပွင့်ဖြင့် ရာသီစက်ဝန်းမှန်စွာ အကျိုးပြုစေသည်။ ဖြစ်ထွန်းအောင်မြင်စေသည်။ ကျေးငှက်သာရကာအပါအဝင် ဇီဝမျိုးစုံမျိုးကွဲတို့ကို ကြွယ်ဝစေသည်။

နွေးထွေးသောနေရောင်ခြည်၊ အေးမြသန့်စင်သော လေပြည်လေညင်းတို့ကို ဖြစ်ပေါ်စေသည်။ အပူအအေးလွန်ကဲမှုဖြစ်ပေါ်ခြင်း၊ လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း အစရှိသည့်သဘာဝဘေးတို့ကို  လျော့ကျစေနိုင်သည်။  ကောင်းမွန်သောဂေဟစနစ်ဝန်ဆောင်မှုတန်ဖိုးကို အများအပြားပေးစွမ်း၍ လူတို့ကိုစိတ်ရွှင်လန်းစေ ကိုယ်ကျန်းမာစေသည်။ လူမှုစီးပွားဘဝများ တိုးတက်လာစေ၍ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားစေသည်။ ကောင်းမွန်သော ပတ်ဝန်းကျင်ကြောင့် နေရာဒေသအလိုက်ရှိ နိုင်ငံသားတစ်ဦးချင်းစီမှသည် မိသားစုတိုင်း၊ အဖွဲ့အစည်းတိုင်း ကိုယ်စိတ်ချမ်းသာကြလျှင်ဖြင့် နိုင်ငံတော်ကြီးလည်း အေးချမ်းသာယာလာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသဖြင့် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။       ။

MWD

အုန်းလွင်လေး(သစ်တော)

မြေလျှိုးမိုးရေ
-

လူ့ကိုယ်ခန္ဓာပြင်ပအစိတ်အပိုင်းများ အနာတရဖြစ်လျှင် အလွယ်တကူသိကာ ဆေးဝါးကုသမှုခံယူပြီး ကျန်းမာရေးမယိုယွင်းအောင် ထိန်းသိမ်းနိုင်ကြသော်လည်း မမြင်နိုင်သောကိုယ်တွင်းအင်္ဂါများ ချို့ယွင်းလျှင်အများအားဖြင့်အချိန်ကြာမှသိပြီး ကုသရခက်ခဲသည်တို့ကို မကြာခဏကြုံကြရသည်။ ထို့အတူလူတို့ သောက်နေသုံးစွဲနေသော ရေအရင်းအမြစ်များအနက်မြစ်ချောင်းကန်တို့ထဲရှိ မြေပေါ်ရေများလျော့နည်းလာလျှင် ပြန်ဖြည့်ရန်အနှေးနှင့်အမြန်အားထုတ်ကြသော်လည်းမြေအောက်ရေများလျော့နည်းလာနေသည်ကိုမူ ကန်ရေခန်းခြောက်သကဲ့သို့ မမြင်သာသဖြင့် အရေးတယူမရှိခဲ့သောကြောင့်ကမ္ဘာ့အချို့ဒေသများရှိ မြေအောက်ရေအရင်းအမြစ်သည် စိုးရိမ်ရသောအခြေအနေသ

လူ့ကိုယ်ခန္ဓာပြင်ပအစိတ်အပိုင်းများ အနာတရဖြစ်လျှင် အလွယ်တကူသိကာ ဆေးဝါးကုသမှုခံယူပြီး ကျန်းမာရေးမယိုယွင်းအောင် ထိန်းသိမ်းနိုင်ကြသော်လည်း မမြင်နိုင်သောကိုယ်တွင်းအင်္ဂါများ ချို့ယွင်းလျှင်အများအားဖြင့်အချိန်ကြာမှသိပြီး ကုသရခက်ခဲသည်တို့ကို မကြာခဏကြုံကြရသည်။ ထို့အတူလူတို့ သောက်နေသုံးစွဲနေသော ရေအရင်းအမြစ်များအနက်မြစ်ချောင်းကန်တို့ထဲရှိ မြေပေါ်ရေများလျော့နည်းလာလျှင် ပြန်ဖြည့်ရန်အနှေးနှင့်အမြန်အားထုတ်ကြသော်လည်းမြေအောက်ရေများလျော့နည်းလာနေသည်ကိုမူ ကန်ရေခန်းခြောက်သကဲ့သို့ မမြင်သာသဖြင့် အရေးတယူမရှိခဲ့သောကြောင့်ကမ္ဘာ့အချို့ဒေသများရှိ မြေအောက်ရေအရင်းအမြစ်သည် စိုးရိမ်ရသောအခြေအနေသို့ ရောက်နေပြီဖြစ်သည်။

ခန်းခြောက်ရေကြောများ

ဂြိုဟ်တုတိုင်းတာချက်များကကမ္ဘာ့မြေအောက်ရေကြောအများအပြားခန်းခြောက်လာလျက်ရှိကြောင်းဖော်ထုတ်ပေးခဲ့ရာအိန္ဒိယတိုက်ငယ်အနောက်မြောက်ပိုင်းအိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံနယ်နိမိတ်ချင်းထိစပ်ရာဒေသရှိရေကြောသည်၂၀ဝ၂ခုနှစ်နှင့်၂၀ဝ၈ခုနှစ်ကြားတွင်တစ်နှစ်လျှင်၄ကုဗမိုင်ကျော်(ဂါလန်သန်းပေါင်း ၃၇၀ဝဝဝ၀) မျှလျော့နည်းလာနေခဲ့ကြောင်း သိရသည်။  

အလားတူ  အာဖရိကတိုက်  ဆာဟာရအနောက်မြောက်ဒေသ၊ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားအလယ်ပိုင်းချိုင့်ဝှမ်းနှင့်အနောက်ပိုင်း အိုဂါလာလာရေကြော၊ အာဂျင်တီးနား၊  ဘရာဇီး၊  ပါရာဂွေး၊ ဥရုဂွေးနိုင်ငံတို့၏အောက်ရှိ ဂွာရာနီရေကြော၊ အီရတ်၊ ဂျော်ဒန်၊ အိုမန်၊ ဆော်ဒီ၊ ကာတာ၊   ယူအေအီး၊   ယီမင်နိုင်ငံတို့အောက်ရှိ  အာရေးဗီးယားရေကြော၊ တရုတ်နိုင်ငံမြောက်ပိုင်း    ရေကြောတို့သည်လည်း လျော့နည်းလာနေသည်။ မြန်မာနိုင်ငံ၌ ရန်ကုန်အပါအဝင် ဒေသအချို့တွင်  အဝီစိတွင်းများရေနည်းလာသည်ကို တွေ့နေရသည်။

အရည်အသွေးပါထိခိုက်

ထိုသို့ဖြစ်ရခြင်း၏အဓိကအကြောင်းရင်းမှာ လူတို့ထုတ်ယူသုံးစွဲမှုများလွန်းလာ၍ဖြစ်သည်။ ကမ္ဘာ့သောက်သုံးရေ၏ ထက်ဝက်နီးနီး စိုက်ပျိုးရေ၏ ၄၃ ရာခိုင်နှုန်းသည် မြေအောက်ရေများဖြစ်ကြရာ လူဦးရေများလာ၊ တစ်ဦးချင်း ရေသုံးမှုများလာသဖြင့်  မြေအောက်ရေသုံးစွဲမှုသည် ၁၉၆၀ ပြည့်နှစ်နှင့် ၂၀၁၀ ပြည့်နှစ်အကြား နှစ်ပေါင်း ၅၀ အတွင်း သုံးဆမျှတိုးမြင့်လာခဲ့သည်။ အလွန်အကျွံထုတ်ယူမှုကြောင့်  မြေအောက်ရေမျက်နှာပြင်နိမ့်ကျခြင်း၊  အဝီစိတွင်းများ ခန်းခြောက်ခြင်း၊ ဆားငန်ရည်တိုးဝင်လာခြင်းတို့ကို ကြုံတွေ့နေရသည်။ အထုတ်လွန်ခြင်းက မြေအောက်ရေပမာဏကိုသာထိခိုက်စေသည်မဟုတ်အချို့နေရာများတွင်အရည်အသွေးကိုပါ သက်ရောက်မှုရှိနေသည်။ လူ့ကျန်းမာရေးကို  ထိခိုက်စေသည့်အာဆင်းနစ်ကဲ့သို့သောဓာတ်များသည် မြေလွှာအချို့တွင် သဘာဝအလျောက်ပါရှိသော်လည်း မြေအောက်ရေမျက်နှာပြင်အောက်၌    ရှိနေသမျှ ရေတွင်ပျော်ဝင်ခြင်းမရှိချေ။ ရေအထုတ်လွန်၍ မြေအောက်ရေပြင်နိမ့်ဆင်းသွားသောအခါ မြေလွှာထဲရှိ အာဆင်းနစ်သည် မြေအောက်ရှိ အောက်ဆီဂျင်ဓာတ်နှင့် ထိတွေ့ဓာတ်ပြုကာ  ရေတွင်ပျော်ဝင်သွားပြီး သောက်မိသူများကို အန္တရာယ်ပြုသည်။မြေအောက်ရေပိုထုတ်လေမြေလွှာများထဲမှအာဆင်းနစ်များ ရေတွင်ပျော်ဝင်အန္တရာယ်ပြုနိုင်သည့် အခွင့်အလမ်းပိုများလေဖြစ်သည်။ အလားတူ အောက်ရေပိုထုတ်လေ ဆားငန်ရည်ပို၍တိုးဝင်လာလေဖြစ်သည်။ ရေဆုံးရှုံးမှု အလွန်အမင်းဖြစ်လာလျှင် မြေပြင်နိမ့်ကျကျွံဝင်မည်။

ရန်ကုန်မြေပြင်နိမ့်ကျမှု

ထိုင်းနိုင်ငံ    ချူလာလောင်ကွန်းတက္ကသိုလ်နှင့်  မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ  ပညာရှင်များက  ဂြိုဟ်တုနည်းပညာများကိုအခြေခံကာ စုပေါင်းပြုစုပြီး ၂၀၁၄ ခုနှစ်ကထုတ်ပြန်ခဲ့သော “ရန်ကုန်မြေလွှာရွေ့လျားမှုဆန်းစစ်ချက်” စာတမ်းတွင်“ဒဂုံတက္ကသိုလ်ဝင်းနှင့်အရှေ့ဒဂုံစက်မှုဇုန်ကြားရှိ  မြေထုသည် တစ်နှစ်လျှင် နှစ်လက်မနှုန်းကျော်ကျော်ဖြင့်နိမ့်ဆင်းလျက်ရှိပြီး ထိုသို့နိမ့်ဆင်းမှု၏အကြောင်းရင်းသည် မြေအောက်ရေအလွန်အကျွံထုတ်ယူမှုကြောင့် ဖြစ်နိုင်ကြောင်း၊ ရန်ကုန်မြို့၏အခြားအပိုင်းများတွင်လည်း မြေအောက်ရေထုတ်ယူမှုကြောင့်ယင်းသို့မြေပြင်နိမ့်ကျမှုများဖြစ်ပေါ်နေနိုင်သော်လည်း တိကျသောတိုင်းတာမှုများမရှိသဖြင့်  အသေအချာပြောရန်ခက်ကြောင်း၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် ယင်းအချက်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း”စသဖြင့် ဖော်ပြသတိပေးထားသည်။

လူတို့သုံးစွဲခြင်းအပြင် ကမ္ဘာနှင့်ချီ၍ ပြောင်းလဲဖောက်ပြန်လာသော ရာသီဥတုကြောင့် မြေပေါ်ရေကောင်းရေသန့်အရင်းအမြစ်များ   လျော့နည်းကာ ညစ်ညမ်းလာလျက်ရှိသဖြင့် မြေအောက်ရေကို   ပိုသုံးလာနေကြခြင်းသည် မြေအောက်ရေနှင့်ပတ်သက်၍ အထူးသတိထားသုံးစွဲရန် လိုအပ်နေသည်။

ပြန်ဖြည့်ပေးနိုင်

မြေအောက်ရေ  လျော့နည်းမှုသည် ဆေးမမီတော့ခြင်းမဟုတ်ဘဲ အချက်နှစ်ချက်ကြောင့်  ကုစား၍ ရနိုင်သေးသည်။  ပထမအချက်မှာမြေအောက်ရေထုထည်ပမာဏသည် အလွန်ကြီးမားလှခြင်းကြောင့် လူတို့အသုံးမချရသေးသောရေကြောများကို ရှာဖွေထုတ်ယူနိုင်သေးသည်။ ဒုတိယနှင့်ပိုအရေးကြီးသောအချက်မှာပြန်လည်ဖြည့်တင်း၍ ရခြင်းဖြစ်သည်။

မြေအောက်ရေကို ပြန်လည်ဖြည့်တင်းရန် ရေကြောရှိသည့်နေရာနှင့် သိုလှောင်ပမာဏ၊  ယင်းရေကြောသို့  မြေပေါ်မှရေစီးဆင်းစိမ့်ဝင်နိုင်သည့်လမ်းကြောင်းတို့ကို  ဇလဘူမိဗေဒပညာရှင်များက ရှာဖွေထုတ်ဖော်ပေးနိုင်သည်။အချက်အလက်စုံလင်စွာရသည့်အခါ အခြေခံအဆောက်အဦများ တည်ဆောက်ကာ မိုးရွာချိန်၌ မည်သို့မျှမသုံးမစွဲရဘဲ အလဟဿစီးဆင်းပြီး နောက်ဆုံးပင်လယ်ထဲရောက်သွားသည့်မိုးရေများကိုစိမ့်ဝင်စေခြင်းဖြင့် ပြန်လည်ဖြည့်တင်းနိုင်သည်။

နမူနာအနေဖြင့် အိန္ဒိယနိုင်ငံကျေးလက်အချို့၏လုပ်ဆောင်ချက်ကို ကြည့်နိုင်သည်။ မိုးကုန်လျှင် ရေမစီးတော့သောချောင်းခြောက်များ၌    မူလချောင်းကြမ်းပြင်ထက် ပို၍နက်အောင်တူးကာ လူလုပ်ရေကန်ငယ်များ ဖန်တီးသည်။ တူး၍ထွက်လာသော     မြေစာတို့ကို ချောင်းကမ်းပါးနှစ်ဖက်နှင့်ကန်၏ထိပ်တွင်ဖို့ပြီး ရေလှောင်ဧရိယာအတွင်းသို့ အမှိုက်နှင့်နုန်းများ မဝင်အောင်ကာသည်။ မိုးပြတ်သွားသည့်နောက်တွင် မိုးရေများကန်ထဲ၌ ဆက်ရှိနေကာ မြေအောက်သို့ ဖြည်းဖြည်းချင်းစိမ့်ဝင်ပြီး မြေအောက်ရေကြောများကို ဖြည့်ပေးသည်။ ထိုသို့ဖြည့်ပေးနိုင်သဖြင့်  အနီးရှိ  ရေတွင်းများသည် ခန်းနေကျအချိန်တွင်   မခန်းတော့ဘဲ စိုက်ပျိုးရေ၊  သောက်သုံးရေများကိုထုတ်ယူနိုင်သည်။ ယင်းကန်များကို အိန္ဒိယနိုင်ငံတွင် “ဒို”ဟုခေါ်ကြသည်။ “ဒို” များသည် အများအားဖြင့် ၄ ပေအနက်၊ ပေ ၂၀ အကျယ်၊ အလျားပေ ၁၀ဝ ခန့်အထိရှိသည်။ ပျမ်းမျှရေကုဗပေ ၁၄၀ဝ၀ ခန့်အထိ ရေထိန်းထားပြီး မြေအောက်သို့စိမ့်ဝင်စေနိုင်သည်။

“ဒို”များကဲ့သို့ ရေစိမ့်ဝင်စေရန်ရည်ရွယ်ချက်ဖြင့်  လုပ်မထားသော်လည်း ကန်ရေများသည်  ဘေးပတ်ဝန်းကျင်မြေအောက်ရေကြောများကို  သဘာဝအလျောက်  ရေဖြည့်ပေးနေကြသည်။ ဥပမာ-အင်းယားကန်ရေသည်   ပြည်လမ်းမအနောက်ဘက်ခြမ်းရှိ မြေအောက်ရေကြောထဲသို့စိမ့်ဝင်ကာ  အဝီစိတွင်းအချို့ကို   ရေဖြည့်ပေးနေခြင်းမျိုးဖြစ်သည်။

သစ်ပင်နည်းပါးသောကတုံးဖြစ်လုလုတောင်ကုန်းများ၊ သစ်ပင်မရှိတော့သော တောင်ကတုံးများတွင် အမြင့်မှစီးကျလာသောရေများ၏လမ်းကြောင်းကို ကန့်လန့်ခံ၍ရေပြင်ညီလှေကားထစ်သဖွယ် မြောင်းများကို တစ်ခုနှင့်တစ်ခုချိတ်ဆက်၍ ဝင်္ကပါသဖွယ် ဖောက်လုပ်ထားလျှင် အမြင့်မှစီးကျလာသောရေသည် လှေကားထစ်ရေလမ်းဝင်္ကပါအတိုင်း ဘယ်မှညာ၊ ညာမှဘယ်တစ်ထစ်ပြီးတစ်ထစ်  ဆင်းလာရင်းဖြင့်   ရေစီးတုံ့နှေးသွားသည်သာမက မြေအောက်သို့စိမ့်ဝင်ချိန်လည်း ပိုရသွားသည်။ ရေစီးနှေးသဖြင့် ကုန်းမြေတိုက်စားခံရမှုသက်သာလာသည်။ ရေရှိနေခြင်းကြောင့် ရေပြင်ညီမြောင်းဝန်းကျင်တွင်  သစ်ပင်ပန်းပင်များ   ပေါက်ရောက်နိုင်သည်။   အနီးဝန်းကျင်ဒေသများတွင် မြစ်ရေချောင်းရေ   ပို၍ကြည်လင်လာသည်၊ မြေအောက်ရေပြင်တက်လာသဖြင့် စိမ့်ရေ၊ စမ်းရေများ ပိုထွက်လာသည်။

အချို့နေရာများတွင်မြစ်ချောင်းရေပြင်သည် ကမ်းဘေးမြေသားအောက်ရှိမြေအောက်ရေပြင်ထက်နိမ့်ရာမြေအောက်ရေများ မြစ်ထဲသို့ စီးဝင်ကြသည်မျိုးလည်းရှိသည်။ ယင်းနေရာမျိုးတွင်မြေအောက်ရေခန်းပါက မြစ်ရေသည်လည်း  လိုက်၍လျော့နည်းသည်။ သို့မဟုတ်  သဲနုန်းများအနည်ထိုင်လာသဖြင့် မြင့်တက်လာသော မြစ်ကြမ်းပြင်သည် မြေအောက်ရေပြင်ထက်မြင့်သွားသောအခါ မြစ်ထဲသို့မြေအောက်ရေစီးဝင်မှုလျော့နည်းရသည်။  ထို့ကြောင့်  မိုးရေများကို အလဟဿစီးဆင်းဆုံးရှုံးစေမည့်အစား  မြေအောက်သို့စီးဝင်စေခြင်းဖြင့် မြစ်ရေစီးကို ထိန်းသိမ်းနိုင်သည်။

ရေစိမ့်တွင်း

မိုးရေကို ကန်တစ်ခုထဲ၌ သိုလှောင်ထားပြီးကန်အလယ်တွင်  ရေစိမ့်တွင်း တည်ဆောက်ကာ  ယင်းတွင်းမှတစ်ဆင့် မိုးရေများကို မြေအောက်ရေကြောထဲဝင်စေသောနည်းဖြင့်လည်း မြေအောက်ရေကြောကိုပြန်ဖြည့်ပေးနိုင်သည်။ ရေစိမ့်တွင်းများသည် ၃ ပေမှ ၆ ပေအထိ အချင်းရှိပြီး မြေအောက်ရေကြောတည်နေရာကိုလိုက်၍ အများအားဖြင့် ပေ ၂၀ ခန့်နက်ကြသည်။ ပေ ၂၀ ထက်ပိုနက်သောရေကြောများကို ဖြည့်ပေးသည့်တွင်းများ တူးနိုင်သော်လည်း  ကုန်ကျစရိတ်သည် အနက်ပေကိုလိုက်၍ များလာသည်။

တွင်းကို ဆန်ခါပိုက်နှစ်ထပ်ဖြင့်  တည်ဆောက်သည်။ဆန်ခါပိုက်များကြားတွင် ကျောက်စရစ်များ   ထည့်ထားသည်။

ကန်ထဲရှိ ရေများတွင်းထဲသို့ တိုက်ရိုက်မဝင်နိုင်အောင် ပိုက်ကိုရေပြင်ပေါ်  ၃ ပေခန့်ဖော်ထားသည်။ တွင်းရှိရာသို့ စုဝင်လာသောကန်ရေထဲတွင်ပါသည့် အမှိုက်နှင့်အနည်များ မြေအောက်ရေကြောထဲ မရောက်စေရန် ကျောက်စရစ်က စစ်ပေးသည်။ ၃ ပေအချင်း၊  ပေ ၂၀ အနက်ရှိ ရေစိမ့်တွင်းတစ်ခုသည် တစ်နှစ်မိုးရေချိန် လက်မ ၄၀ ခန့်ရွာသောဒေသ၌ ရေဂါလန်နှစ်သိန်းခန့်အထိ မြေအောက်သို့စိမ့်ဝင်စေနိုင်သည်။ အမေရိကန်ဒေါ်လာ ၅၀ဝ၀ မှ ၁၀ဝဝဝ ကြား ကုန်ကျသည်။

အချို့နေရာများတွင် အသုံးမပြုတော့သည့်အဝီစိတွင်းများကိုရေစိမ့်တွင်းများအဖြစ်ပြောင်းလဲကာ မြေအောက်ရေဖြည့်တင်းပေးသည်။  မိုးရေများကို ကန်တစ်ခုထဲ၌ စုဆောင်းသိုလှောင်ကာ အဝီစိတွင်းထဲသို့ ရေစုပ်စက်ဖြင့်ပြန်လည်မှုတ်သွင်းသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းပြည်နယ်တစ်ခုတွင် မိုးရေများကို တစ်ရက်လျှင် ဂါလန် ၅၀ဝဝဝ နှုန်းဖြင့် ရက်ပေါင်း ၂၅၀ကြာမျှ မှုတ်သွင်းခဲ့သည်။ ယင်းတွင်းနှင့် ပေ ၅၀ဝ အကွာရှိ အသုံးပြုနေဆဲ အဝီစိတွင်းတွင် ရေမျက်နှာပြင်သည် ၃ ပေမျှ မြင့်တက်လာခဲ့ကြောင်း တွေ့ခဲ့ရသည်။

ရေစိမ့်ကန်များ၊ ရေစိမ့်တွင်းများဖြင့် မြေအောက်ရေကြောများကို ဖြည့်ပေးခြင်းသည် မြေအောက်ရေလှောင်ကန်များ တည်ဆောက်အသုံးပြုခြင်းပင်ဖြစ်သည်။ မြေအောက်   ရေလှောင်ကန်များသည် မြေပေါ်ကန်များကဲ့သို့ တည်ဆောက်စရိတ်မများ၊  ဂေဟစနစ်ကိုမထိခိုက်၊ ရေကြီးရေလျှံမှုကြောင့်  ကန်ထဲရေဝင်ပျက်စီးခြင်းမျိုးမရှိ၊   စိုက်ပျိုးခင်းနှင့် လူနေအိမ်များပြောင်းပေးရန်မလို၊ ငလျင်ဒဏ်ကြောင့်ကန်ကျိုးပေါက်ခြင်းမရှိနိုင်၊ အငွေ့ပြန်၍ရေမဆုံးရှုံး စသည့်အကျိုးကျေးဇူးများစွာ   ဖြစ်ထွန်းပေါ်ပေါက်စေသည်။ 

မြေအောက်ရေသိုလှောင်ရာ၌ သတိပြုရမည့်အချက်များမှာစိမ့်ဝင်မည့်ရေသည် တတ်နိုင်သမျှ အနည်အမှုန်ကင်းရန်လိုသည်။ အမှုန်များပါက  ရေကြောပိတ်နိုင်သည်။ ထို့ပြင် စိမ့်ရေသည်အန္တရာယ်ရှိ ဓာတုပစ္စည်းကင်းစင်ရမည်။ မြေပြင်နှင့်ကပ်နေသောရေကြောကို  ဖြည့်မိပါက ရေဝပ်ခြင်းကြောင့် မြေဆီလွှာပျက်စီးတတ်သည်။

ရေစိမ့်ကန်များ၊    ရေစိမ့်တွင်းများဖြင့်သာ မြေအောက်ရေကိုပြန်လည်ပြည့်စေနိုင်သည်မဟုတ်၊ မိမိတို့တွင် ခြံ သို့မဟုတ် မြေပိုအနည်းငယ်မျှရှိလျှင် ယင်းမြေပိုကိုတတ်နိုင်သမျှ ကွန်ကရစ်ရေပိတ်လွှာမလောင်းဘဲ သဘာဝအတိုင်းထားရှိခြင်းဖြင့်လည်း မြေအောက်ရေကို ပြည့်နေစေကာ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် အကူအညီပေးနိုင်ကြသည်။    ။ 

MWD

ကျော်ဦး

ဟိုတောင်ဆီမှာ ပြိုသည့်မိုး
-

မိုးမရွာ ရေမတက်လို့

အက်ကြောင်းနဲ့ ဗရပွေ

တို့မြေကွဲ့လယ်တော။

နေ့ချင်းကွယ် ရေလျှံလို့

ညချင်းကွယ် ရေလျှံလို့

တာတမံ အနိုင်တုတ်ရတယ်

စုပ်ရေကပေါ။

                         မင်းသုဝဏ်

မိုးမရွာ ရေမတက်လို့

အက်ကြောင်းနဲ့ ဗရပွေ

တို့မြေကွဲ့လယ်တော။

နေ့ချင်းကွယ် ရေလျှံလို့

ညချင်းကွယ် ရေလျှံလို့

တာတမံ အနိုင်တုတ်ရတယ်

စုပ်ရေကပေါ။

                         မင်းသုဝဏ်

“စိုက်ပျိုးရေလိုအပ်ချိန် နွေရာသီမှာ ရေခန်းခြောက်နေပေမယ့် စိုက်ပျိုးပြီး မိုးရာသီရောက်ရင်ရေဖုံးနေလို့ တောင်သူအများစု ဆင်းရဲတွင်းနက်နေပါတယ်”

“မိုးရေတစ်ခုကိုအားကိုးပြီး တစ်နှစ် တစ်ကြိမ်မီအောင် ကြိုးစားပမ်းစား စိုက်ရတဲ့ စားသုံးသီးနှံများ ယခင်ကလို မစိုက်နိုင်တာ နှစ်တွေကြာခဲ့ပါပြီ”

“ဆောက်ခဲ့တဲ့ ဆည်အချို့ဟာ ရေမရှိတဲ့ ဆည်ကောများသာဖြစ်နေတယ်၊ ရေရှိတဲ့ဆည်အချို့ကျတော့  မြောင်းမရှိလို့ ရေမသွယ်နိုင်ဘူး”

“မြောင်းရှိတဲ့ဆည်များရဲ့အနီးတစ်ဝိုက် အများဆုံးသုံးလေးမိုင်ခန့်သာ ရေသောက်သီးနှံစိုက်နိုင်တယ်”

ဤသည်တို့မှာ မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသ တောင်သူအချို့၏ ညည်းတွားသံ မကျေမနပ် ပြောဆိုသံများဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ ခြောက်သွေ့ဒေသသည် ရေသံသရာ ပျက်ယွင်းလာမှုကြောင့် မိုးတွင်း၌ ရေပို၍ကြီးလာ၊ မုတ်သုံကာလ တိုတောင်းလာသောဒဏ်ကို ခံနေရသော ဒေသများထဲတွင်ပါသည်။ သဘာဝက မိုးနည်းနေသော်လည်း အဆိုပါအနည်းငယ် ရွာကျသည့် မိုးရေများသည်ပင် စိုက်ပျိုးရေး၊ သောက်သုံးရေရရှိရေးတို့ကို မည်သို့မျှ   အကျိုးမပြုဘဲ  ခြောက်သွေ့ဒေသ တောင်သူများ၏ မျက်စိအောက်တွင်ပင်  ချောင်းများ၊  မြစ်များထဲသို့ စီးဆင်းသွားနေကြသည်မှာ ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု၌ အားနည်းချက်ကို ထုတ်ဖော်ပြသနေခြင်းပင်ဖြစ်သည်။

လျှံရေကို အသုံးချ

ခြောက်သွေ့ဒေသများတွင် မြေအောက်ရေ၊ မိုးတွင်း၌ရွာသော မိုးရေအသင့်အတင့်အပြင် ဒေသဝန်းကျင်ရှိ တောင်တန်းများ၊ ကုန်းမြင့်များမှ စီးဆင်းလာသော တောင်ကျရေများကိုလည်း ရယူအသုံးချနိုင်သည်။

တောင်ကျရေများ၏  သဘာဝအတိုင်း တောင်ပေါ်၌ မိုးရွာပြီးမကြာမီ ဝါးလုံးထိုးကျလာကာ အချို့သောချောင်းခြောက်များတွင် လျှံတက်လာသည်အထိ စီးဆင်းပြီး မိုးတိတ်သည်နှင့်   ရေပြန်ခန်းသွားရာ ယင်းရေများကို အသုံးမချနိုင်လျှင် ထီပေါက်ပြီး  လက်မှတ်ပျောက်သူ၏ အဖြစ်နှင့် အလားတူသည်။

အာဖရိက၊ အနောက်အာရှ၊ ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းနှင့်  မြောက်အမေရိကတိုက် တို့ရှိ ခြောက်သွေ့ဒေသများ၊ တစ်ဝက်တစ်ပျက် ခြောက်သွေ့ဒေသအချို့တွင် “လျှံရေရယူသိုလှောင် အသုံးချခြင်းစနစ်”ဟုခေါ်သည့် တောင်ကျရေဖြင့် စိုက်ပျိုးရေးနှင့်  သောက်သုံးရေရယူရေးကို လုပ်ဆောင်လျက်ရှိသည်။ ယင်းစနစ်သုံးစိုက်ပျိုးဧကသည် တစ်ကမ္ဘာလုံးတွင်  ဧကခြောက်သန်းကျော်မျှရှိသည်ဟု ခန့်မှန်းကြသည်။ မြန်မာနိုင်ငံတွင် လျှံရေစနစ်သုံး စိုက်ပျိုးမြေအချို့ကို တွေ့နိုင်သော်လည်း လက်ရှိထက် များစွာတိုးချဲ့နိုင်သေးသည်ဟု သိရသည်။ 

လျှံရေတားဆီးလွှဲယူသည့်   တမံကိုချောင်းအကျယ်အတိုင်းဖြစ်စေ၊ ချောင်းအကျယ်၏   တစ်စိတ်တစ်ပိုင်းဖြစ်စေတည်ဆောက်၍   ရေလွှဲယူနိုင်သည်။ ကွန်ကရစ်အုတ်စသည်ကို သုံး၍ အခိုင်အမာ တည်ဆောက်သည်လည်းရှိ၍ သစ်တုံး၊ သစ်ခက်၊ ကျောက်တုံး၊ မြေသား စသည်တို့ဖြင့်လည်း ယာယီတည်ဆောက်ကြသည်။ ယာယီတမံတို့သည် ဒေသတွင်းရနိုင်သော  ပစ္စည်းနှင့်လူအင်အားတို့ဖြင့် ဆောက်လုပ်သဖြင့် ကုန်ကျစရိတ် မများလှသော်လည်း လျှံရေပမာဏများ၍ အရှိန်ပြင်းသောအခါတွင် လည်းကောင်း၊ ချောင်းကြမ်းပြင် မြေသားမတည်ငြိမ်လျှင်လည်းကောင်း တမံများပြိုလဲပျက်စီးနိုင်သည့် အားနည်းချက်ရှိသည်။ အာဖရိကတိုက် ကျေးရွာအချို့တွင်  ချောင်းခြောက်ထဲ၌ ယာယီရေတားတမံလုပ်ပြီး တောင်ကျရေကို လွှဲယူကြသည်။ ရေစီးအားကောင်း၍ ယာယီတမံပြိုသောအခါ ရွာသားတို့၏ လုပ်အားဖြင့်   နောက်တမံတစ်ခု ထပ်ဆောက်ကြသည်။ ဝင်ငွေနည်းသောဒေသဖြစ်၍  ယင်းနည်းအတိုင်း ဒေသထွက်ပစ္စည်းများ၊ ရွာသားတို့၏ ညီညွတ်သော လုပ်အားတို့ဖြင့် လျှံရေရယူနေကြသည်။ ရေရှည်တည်တံ့သော လျှံရေတားတမံကိုဆောက်လျှင်မူ ဒေသ၏ ဇလဗေဒအချက်အလက်တို့ကို လေ့လာပြီးမှ ဒီဇိုင်းထုတ်တည်ဆောက်ရန် လိုအပ်သည်။ 

လျှံရေစနစ်သုံးဒေသများတွင် မိုးရေစတင်စီးဆင်းရာ မြေမှပါလာသောအနည်များသည် မြေဩဇာအာဟာရများအဖြစ် အပင်များကို အကျိုးပြုသည်။ သို့သော် အနည်ပို့ချမှုများလာသည့်အခါ  တမံထိန်းသိမ်းရေး၌ အခက်အခဲတွေ့နိုင်သည်။ မိုးပြတ်သည့်နောက် မြေဆီလွှာထဲတွင် တင်ကျန်ရစ်သောရေများကြောင့် အပင်များ ဆက်လက်ရှင်သန်နိုင်သည်။ ထို့ပြင် မြေပေါ်တွင် အချိန်အတိုင်းအတာ တစ်ခုအထိ  ကျန်နေသော  ရေများကြောင့် အပင်ကြီးများ ပေါက်ရောက်နိုင်သည်။

လျှံရေများကို ချောင်းဘေးစိုက်ခင်းများသို့ လွှဲယူသကဲ့သို့ မြစ်များ၊ တောင်ကြားများထဲတွင်  ရေစီး၏လားရာကို ကန့်လန့်ဖြတ်ရေတားတည်ဆောက်ပြီး လျှံရေကိုတန့်စေကာ မြစ်ကြမ်းပြင်အောက်မြေသားထဲ စိမ့်ဝင်စေခြင်းဖြင့်လည်း အပင်များကို ရေပေးစိုက်ပျိုးနိုင်သည်။ ပိုလျှံသောရေများသည် ရေတားကိုကျော်၍ ချောင်းရိုး၊ မြစ်ရိုးအတိုင်း  ဆက်လက်စီးဆင်း သွားသည်။ ရေကြီးရေလျှံမှုကို အထိုက်အလျောက် တားဆီးထားခြင်းဖြင့် မြေလွှာများရေ တိုက်စားခံရမှု လျော့နည်းခြင်း အကျိုးကိုလည်း ရသည်။ ပြန့်ပြူးသောမြေပြင်တွင် ဖြတ်စီးသောချောင်းကို ကန့်လန့်ဖြတ်၍ ရေတားကို တစ်ဖက်ပါပုံအတိုင်း တည်ဆောက်ခြင်းဖြင့် ရေစီးကိုဖြန့်ထုတ်ကာ ဘေးပတ်ဝန်းကျင်မြေပြင်ကို ဖုံးလွှမ်းစေခြင်း၊ မြေအောက်သို့စိမ့်ဝင်စေခြင်းဖြင့် အပင်စိုက်ဧရိယာကို ချဲ့ထုတ်သော စိုက်ခင်းများလည်းရှိသည်။

ရေစီးတွင်ပါလာပြီး တမံ၏နောက်တွင် ထိုင်ကျန်ခဲ့သော မြေသားနှင့် အနည်များသည်  စိုက်ခင်းဖြစ်လာသည်။ မြေသားထဲတွင်  စိမ့်ဝင်နေသောရေများကြောင့် အပင်များရှင်သန်သည်။ ပုံပါစနစ်သည် တည်ဆောက်စရိတ် အမေရိကန်ဒေါ်လာ ၃၀ဝ၀ ကုန်ပြီး ထိန်းသိမ်းစရိတ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၉၀ဝ ခန့်ရှိသည်။ တစ်နှစ်လျှင် ခုနစ်လခန့် စိုက်ပျိုးနိုင်သည်။

လျှံရေရယူခြင်းစနစ်ကို ထိန်းသိမ်းရန် ဒေသခံတို့၏လုပ်အားကို အဓိကမှီခိုရသည့်အတွက်  ယင်းတို့ဝင်ငွေကောင်းသော အခြားအလုပ်အကိုင်များ ရလာသည့်အခါတွင် လည်းကောင်း၊ မြေအောက်ရေရလာသည့်အခါတွင် လည်းကောင်း ယင်းစနစ်ကို ဆက်မသုံးတော့သဖြင့် လျှံရေရယူခြင်းစနစ်သည် ပို၍တွင်ကျယ်လာခြင်းမရှိပေ။ သို့သော် ခြောက်သွေ့ဒေသအများအပြားတွင် ဆက်သုံးနေကြဆဲဖြစ်သည်။

ပုံမှန်မိုးရေ

ရံဖန်ရံခါပေါ်လာသော မုန်တိုင်းကြောင့် အလုံးအရင်းနှင့် ရေကြီးရေလျှံကာ မုန်တိုင်းစဲသည်နှင့် ပြီးပြီးပျောက်ပျောက် ဖြစ်သွားခြင်းမဟုတ်ဘဲ တောင်တန်းနှင့် ကုန်းမြင့်တို့မှ မိုးကာလတစ်လျှောက်လုံး ရွာကျစီးဆင်းလာသော မိုးရေကို ခံယူအသုံးချသည့်စနစ်များလည်းရှိသည်။ ဤစနစ်တွင် မိုးရေများကို စိုက်ခင်းသို့ တိုက်ရိုက်ပို့ဆောင် အသုံးပြုကြသကဲ့သို့ အထက်ပုံပါအတိုင်း စိုက်ခင်းထဲမဝင်မီ ရေလှောင်ကန်ဖြင့် သိုလှောင်၍လည်း တစ်ဆင့်ခံအသုံးချနိုင်သည်။ ရေလှောင်ကန်ကြားခံခြင်းဖြင့် ရေဝေဒေသတွင် ရွာကျသော မိုးအနည်းအများကိုကြည့်၍ စိုက်ခင်းထဲဝင်သော ရေပမာဏကို  လိုသလိုထိန်းညှိပေးနိုင်သည်။   မိုးပြတ်ပြီးသည့်နောက်တွင် ဆက်လက်ရေပေးနိုင်သည်။ ကန်အောက်ခြေမှရေများ မြေအောက်သို့စိမ့်ဝင်ကာ မြေအောက်ရေကို ဖြည့်တင်းပြီးလည်း ဖြစ်သွားသည်။ မြေပေါ်ရေပြတ်သည့်အခါ မြေအောက်ရေကို စုပ်ယူအစားထိုးအသုံးပြုနိုင်သည်။ မိုးပြတ်ကာလရှည်ကြာသော ဒေသများ၊ မိုးရေချိန် အနည်းအများကွာဟမှု ကြီးမားသောဒေသများတွင် အသုံးတည့်သော စနစ်ဖြစ်သည်။

ဤစနစ်သည် အကြီးစားဆည်များနှင့် သဘောတရား တူညီသော်လည်း ပြင်ပအကူအညီ အနည်းဆုံးဖြင့် ဒေသတွင်း ပစ္စည်းကိရိယာ၊   ငွေကြေးအင်အား၊ လူသားအရင်းအမြစ်ကို သုံး၍ တည်ဆောက်ထိန်းသိမ်းနိုင်သော စနစ်များကိုသာ မိုးရေရယူသိုလှောင် အသုံးချခြင်းစနစ်ဟု ခေါ်ကြသည်။ ရေဝေဒေသ အကျယ်အဝန်းအားဖြင့် ၅ ဧကမှ အများဆုံး ဧက ၅၀ဝ အထိရှိသည်။

ဥပမာတစ်ခုအနေဖြင့် အာဖရိကတိုက် ဇမ်ဘီယာနိုင်ငံတွင် အသုံးများသည့် စနစ်တစ်ခု တည်ဆောက်ပုံကို လေ့လာနိုင်သည်။  တမံတူးမည့်မြစ်ကြမ်းပြင်ကို ကန့်လန့်ဖြတ်၍ ကျင်းငယ်တစ်ခုတူးသည်။

ကျင်းတစ်ဖက်တစ်ချက်တွင်လည်း ရွှံ့ရောသောမြေများကို စီ၍ချထားသည်။ ရေစိမ့်မထွက်နိုင်အောင် ရွှံ့များကို လူအား၊ စက်အားတို့ဖြင့် ကောင်းစွာသိပ်ထည့်သည်။ တမံမျက်နှာပြင်နှစ်ဖက်တွင် ရေတိုက်စားမှုမရှိအောင် မြက်စိုက်သည်။ တမံအလျားသည် ပေ ၁၅၀ ခန့်ရှည်ပြီး ရေအနက် ၁၅ ပေခန့် သိုလှောင်ထားနိုင်သည်။ ရေလှောင်ပမာဏမှာ ကုဗပေ ၁၇၀ဝဝဝ၀ ကျော်ဖြစ်သည်။ ဆောက်လုပ်စရိတ် အမေရိကန်ဒေါ်လာ  ၅၀ဝဝဝ  ခန့်ကုန်ကျသည်။ ဇမ်ဘီယာနိုင်ငံ၏တောင်ပိုင်း ပြည်နယ်တစ်ခုတည်းတွင်ပင် ယင်းတမံမျိုး ၃၀ဝ ခန့်ရှိပြီး လူတစ်သန်းကျော်၏ စိုက်ပျိုးမွေးမြူရေးနှင့်   သောက်သုံးရေတို့အတွက် အထောက်အကူပြုလျက်ရှိသည်။

တောင်တန်းနှင့်ကုန်းမြင့်တို့မှ စီးကျလာသော  လျှံရေနှင့် ပုံမှန်မိုးရေတို့ကို မိုးရေလှောင်ကန်ဖြင့် စုဆောင်းရယူခြင်း၏ အခြားကောင်းကျိုးမှာ မြေတိုက်စားခံရမှု သက်သာခြင်းဖြစ်သည်။ အဟုန်ပြင်းသောမိုးရေကြောင့် မြေသားတိုက်စားခံရပြီး သဲနုန်းမြေသားတို့ အနိမ့်ပိုင်းရှိ ချောင်းများ၊ မြစ်များ၊ ကန်များ စသည်တို့အတွင်းသို့ ဝင်ရောက်ကြသည်။ သဲနုန်းပို့ချခြင်းကြောင့် မြစ်ချောင်းကန်ကြမ်းပြင်များ မြင့်တက်လာပြီး ရေစီးနိုင်သည့်နေရာနည်းသွားခြင်းသည်  ရေကြီးရေလျှံမှုကိုဖြစ်စေသောအကြောင်းတစ်ရပ်ဖြစ်သည်။ ရေကြီး၍ ကမ်းပါးတိုက်စားခံရခြင်း၊ ရေကြောင်းပြောင်းခြင်း၊ ဆည်များထဲ ဝင်ရောက်ပို့ချလျှင် လှောင်ရေထုထည်နည်းသွားခြင်း စသည့် ဆိုးကျိုးများပေါ်ပေါက်သည်။ မိုးရေလှောင်ကန်များသည် ယင်းဆိုးကျိုးများကို လျော့ပါးစေသည်။

သဲတမံ

သဲတမံဟုဆိုရာတွင်  သဲဖြင့်တည် ဆောက်ထားသော ရေတားတမံဟု ဆိုလိုခြင်းမဟုတ်ပေ။ သဲချောင်းများ၊ သဲဆန်သော မြေသားရှိရာဒေသများတွင် ချောင်းထဲ၌ ရေတားတမံတည်ဆောက်ကာ တမံနောက်တွင် ဖြည်းဖြည်းချင်း ပြည့်တက်လာသော သဲများထဲတွင် ရေသိုလှောင်သောစနစ်ကို ခေါ်ခြင်းဖြစ်သည်။ တောင်တန်းနှင့်ကုန်းမြင့်တို့မှ စီးဆင်းလာသောမိုးရေများကို မြေပေါ်တွင်မဟုတ်ဘဲ ချောင်းကြမ်းပြင်ပေါ် မို့တက်လာသော သဲထုထဲတွင် သိုလှောင်အသုံးချခြင်းဖြစ်သည်။

သဲတမံတည်ဆောက်နည်းမှာ သဲချောင်းများထဲတွင်  ရေစီးကိုကန့်လန့်ဖြတ်၍ အောက်ခြေကျောက်လွှာ သို့မဟုတ် ရေမစိမ့်နိုင်သော မြေမာအထိရောက်အောင်တူးပြီး အုတ် သို့မဟုတ် ကွန်ကရစ်ဖြင့် တမံနိမ့်တည်ဆောက်ရသည်။ ရန်ပုံငွေမလုံလောက်မှုကြောင့် အုတ်နှင့်ကွန်ကရစ်ကို မသုံးနိုင်လျှင် အောက်ပိုင်းတွင် ရွှံ့စေးများကို    ရေဖြတ်မစီးနိုင်အောင်အထိ သိပ်ပေးကာ မြေတွင်ပေါ်နေသည့်အပိုင်းကို မြေမာများဖြင့် ခိုင်ခံ့အောင်စီမံ၍လည်း တမံတည်ဆောက်နိုင်သည်။ တမံပြီး၍ မိုးရေစီးဆင်း ဝင်ရောက်လာသည့်အခါ နုန်းများ၊ အရွယ်သေး၍ ပေါ့ပါးသောမြေမှုန်များသည် ရေနှင့်အတူ တမံကိုကျော်၍ ဆက်လက်စီးဆင်းသွားပြီး တမံနောက်တွင် သဲကြမ်းများ တဖြည်းဖြည်း မို့တက်လာကာ တမံထိပ်အထိ ရောက်လာသည်။

အချို့နေရာများတွင် မိုးတစ်ကြိမ်ရွာပြီးသည်နှင့်  သဲများဖြင့်ပြည့်သွားကြပြီး အချို့ဒေသများတွင်မူ မိုးနှစ်ကြိမ်သုံးကြိမ်ခန့် ရွာသောအခါမှ သဲပြည့်သည်။ မျက်မြင်၌  သဲကိုသာတွေ့ရသော်လည်း သဲပြင်အောက်သဲလုံးများကြားတွင် ရေများပြည့်နေသည်။ သဲထုထည် ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသည်   ရေများဖြစ်ကြသည်။

ဘေးနှစ်ဖက်မြေပြင်ရှိ သဲများထဲသို့လည်း ရေများစိမ့်ဝင်ကူးလူးကာ တင်ကျန်နေသည်။ ယင်းရေများကို လက်ယက်တွင်းများဖြင့်လည်းကောင်း၊ ဆန်ခါတပ်ထားသောပိုက်ဖြင့် တမံဘေးမှဖောက်၍လည်းကောင်း၊ ရေတွင်းများ လက်ဆွဲတုံကင်များဖြင့်လည်းကောင်း ရယူအသုံးချနိုင်သည်။

သဲတမံများသည် ရေဂါလန်ပေါင်းသိန်းနှင့်ချီ၍ သိုလှောင်ထားနိုင်ပြီး သုံးလိုက်၊ မိုးရွာလျှင် ပြန်ပြည့်လိုက်ဖြစ်နေသောကြောင့် လူဦးရေ ၁၀ဝ၀ ခန့်ကို တစ်နှစ်ပတ်လုံး သောက်သုံးရေ၊ စိုက်ရေများပေးနိုင်သည်။

သဲကြောထဲရှိရေများသည်  တိရစ္ဆာန်အညစ်အကြေး စသည်တို့ကြောင့် ညစ်ညမ်းမှုနည်းပါးသည့်အပြင် မြေပေါ်ရေကဲ့သို့ အငွေ့ပြန်ဆုံးရှုံးမှုမရှိသဖြင့် လှောင်ထားသောရေအား ကြာကြာသုံးရသော အကျိုးကိုရရှိသည်။ ခြင် စသည့်ပိုးမွှားများ ပေါက်ပွားခြင်းမပြုနိုင်။  အခြားတမံကြီးများကဲ့သို့ ဂေဟစနစ်ကို ထိခိုက်နိုင်ခြင်းမရှိ။

တမံကို   ချောင်း၏ကြမ်းပြင်ပေါ်အထိ မဆောက်ဘဲ မြေအောက်တွင်သာ မြှုပ်ထားခြင်းဖြင့် မြေအောက်တမံတည်ဆောက်ကာ မြေအောက်သဲလွှာများတွင်း၌ ရေသိုလှောင်ထားနိုင်သည်။

ယင်းနည်းဖြင့်   ဆောက်ထားသော သဲတမံများသည်  မိုးရေရယူသိုလှောင်အသုံးချစနစ် အမျိုးမျိုးတွင် ကုန်ကျစရိတ်အနည်းဆုံးဖြစ်သည်။ ရေအမြဲမစီးသည့် တောင်ကျချောင်းများ၌ တောင်ပေါ်တွင် မိုးရွာသည်နှင့် သဲနုန်းများ၊ သစ်ပင်များ၊ အမှိုက်သရိုက်များ အရှိန်ဖြင့်ဆင်းလာကာ စီးရာလမ်းတစ်လျှောက်  အပျက်အစီးများစွာ ဖြစ်ပေါ်စေနိုင်ရာ သဲတမံများက ယင်းအန္တရာယ်ကို လျော့နည်းစေသည်။

ရေထုထည် ကုဗပေ ၃၅၀ဝဝဝ မှ ကုဗပေ ၃၅၀ဝဝဝ၀ဝ အထိ သိုလှောင်နိုင်သော သဲတမံများကို ခြောက်သွေ့ဒေသများ၌ တွေ့နိုင်သည်။ အာဖရိကတိုက် ကင်ညာနိုင်ငံရှိ သဲတမံအများစုသည် ၆ ပေအမြင့် ပေ ၁၂၀ ခန့်ရှည်သည်။  ဘိလပ်မြေအိတ်  ၅၀ဝ  အပါအဝင်  ပစ္စည်းနှင့်လုပ်အားခ အမေရိကန်ဒေါ်လာ ၁၀ဝဝဝ ခန့်ကုန်ကျသည်။ ထိန်းသိမ်းစရိတ် အလွန်နည်းပါးသည်။   သဲတမံတစ်ခုသည်   ပျမ်းမျှနှစ်ပေါင်း ၅၀ ခန့်ခံသည်။ ကင်ညာနိုင်ငံရှိ ရေထုထည်ကုဗပေ ၇၀ဝဝဝ  ခန့်အထိ သိုလှောင်ထားနိုင်သော သဲတမံတစ်ခုက အနီးရှိရွာတစ်ရွာအပေါ်   အကျိုးပြုနိုင်မှုကို လေ့လာသည့်အခါ ပေါ်ထွက်လာသောရလဒ်မှာ   အောက်ပါအတိုင်းဖြစ်သည်။    ။

သဘာဝသယံဇာတအမွေအနှစ်ဖြစ်သည့် သစ်ပင်သစ်တောများကို ဝိုင်းဝန်းထိန်းသိမ်း
-

သဘာဝပတ်ဝန်းကျင်တွင် သစ်ပင်သစ်တောတို့သည် လူသားတို့အတွက် စိတ်ကြည်လင်မှု ရရှိစေနိုင်သော အလှတရားများဖြစ်သည်။ သစ်ပင်သစ်တောများထံမှ စိမ်းလန်းသော အလှတရားကို  ခံစားနိုင်သကဲ့သို့ အေးမြသောအရိပ်ကိုလည်း ရရှိစေနိုင်သည်။  သစ်ပင်သစ်တောများသည် ကမ္ဘာပေါ်တွင်ရှိသည့်  သက်ရှိများ ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးပါပြီး သက်ရှိများရှင်သန်ရေးအတွက် အဓိကလိုအပ်သည့် အောက်ဆီဂျင်ကို   ထုတ်လွှတ်ပေးလျက်ရှိသည်။ ထို့အတူ  ရာသီဥတုပြောင်းလဲမှုကိုဖြစ်ပေါ်စေပြီး ကျန်းမာရေး ထိခိုက်စေနိုင်သည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကိုလည်း     လေထုအတွင်းမှ စုပ်ယ

သဘာဝပတ်ဝန်းကျင်တွင် သစ်ပင်သစ်တောတို့သည် လူသားတို့အတွက် စိတ်ကြည်လင်မှု ရရှိစေနိုင်သော အလှတရားများဖြစ်သည်။ သစ်ပင်သစ်တောများထံမှ စိမ်းလန်းသော အလှတရားကို  ခံစားနိုင်သကဲ့သို့ အေးမြသောအရိပ်ကိုလည်း ရရှိစေနိုင်သည်။  သစ်ပင်သစ်တောများသည် ကမ္ဘာပေါ်တွင်ရှိသည့်  သက်ရှိများ ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးပါပြီး သက်ရှိများရှင်သန်ရေးအတွက် အဓိကလိုအပ်သည့် အောက်ဆီဂျင်ကို   ထုတ်လွှတ်ပေးလျက်ရှိသည်။ ထို့အတူ  ရာသီဥတုပြောင်းလဲမှုကိုဖြစ်ပေါ်စေပြီး ကျန်းမာရေး ထိခိုက်စေနိုင်သည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကိုလည်း     လေထုအတွင်းမှ စုပ်ယူဖယ်ရှားပေးနိုင်သည်။ ဤအချက်ကိုကြည့်ခြင်းအားဖြင့်ပင်  သစ်ပင်သစ်တောများသည်   လူသားတို့အတွက် မည်မျှအရေးပါသည်ကို သိသင့်ပေသည်။

သစ်ပင်သစ်တောများ     တည်ရှိခြင်းကြောင့် မိုးရွာသွန်းမှုကို    အချိန်မှန်မှန်ဖြစ်ပေါ်စေသည်။

သစ်ပင်သစ်တောများသည်   မိုးရေကိုစုပ်ယူထိန်းသိမ်းထားပြီး မြေအောက်မှတစ်ဖန် လျှိုမြောင်များ အကြား စိမ့်စမ်းရေများအဖြစ် ပြန်လည်ထွက်ရှိစေကာ သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုပေးလျက်ရှိသည်။

သစ်ပင်သစ်တောများက လေဒဏ်မိုးဒဏ်ကိုအကာအကွယ်ပေးသည့်အပြင် သစ်မြစ်များက မြေဆီလွှာကိုကုပ်တွယ် ထားသောကြောင့် မြေဆီလွှာဆုံးရှုံးပျက်စီးမှု၊ မြေပြိုမှုများကိုလည်း ထိန်းသိမ်းပေးသည်။ ဤသို့ဖြင့် သစ်ပင်သစ်တောတို့သည် လူသားများအတွက်သာမက တိရစ္ဆာန်နှင့်သဘာဝပတ်ဝန်းကျင်မြေဆီလွှာ၊ ရာသီဥတု၊ လေမုန်တိုင်း၊ သဘာဝဘေးအန္တရာယ်များ ကိုလည်း နည်းမျိုးစုံဖြင့် ကာကွယ်ပေးနေသဖြင့် သစ်ပင်သစ်တောများကို ချစ်ခင်သင့်ပေသည်။

ကမ္ဘာမြေပေါ်တွင် သစ်ပင်သစ်တောများ ယုတ်လျော့ပျက်စီးပြုန်းတီးလာခြင်းသည် ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုအတွက် အဓိကတွန်း အားပေးနေသည့် အကြောင်းရင်းတစ်ရပ်ပင်ဖြစ်သည်။“ဥတုရာသီတောကိုမှီ၏”ဆိုသည့်ဆောင်ပုဒ်အတိုင်း ရာသီဥတုဖောက်ပြန်မှုကိုဟန့်တားရာတွင်လည်း သစ်ပင်သစ်တောများသည်  အဓိကကျသောအခန်းကဏ္ဍမှပါဝင်နေသည်။ ယနေ့ကမ္ဘာတစ်ဝန်း     ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများမှာလည်း ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်း၊ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်း၊ သစ်တောပြုန်းတီးပျက်စီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်းတို့ပင်ဖြစ်သည်။ “အရင်းစစ်တော့အမြစ်မြေက”ဆိုသလို ခေတ်မီသိပ္ပံနှင့်စက်မှုပညာများ တိုးတက်ထွန်းကားလာမှုနှင့်အတူ သစ်ပင်သစ်တောများကို ကုန်ကြမ်းများအဖြစ် ထုတ်ယူအသုံးပြုလာကြခြင်းကြောင့် သစ်တောများ ပြုန်းတီးကာ အဘက်ဘက်မှဆိုးကျိုးများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ သစ်ပင်များကို စည်းကမ်းမဲ့ခုတ်လှဲကြသဖြင့်     သစ်ပင်များရှားပါးလာကာ ကမ္ဘာကြီးပူနွေးလာမှု၊ မိုးခေါင်ရေရှားမှု၊ အစာရေစာငတ်မွတ်ခေါင်းပါးမှု   စသည်တို့နှင့် ရင်ဆိုင်နေကြရပြီး  လူသားတို့၏ အသက်ပင်ဆုံးရှုံးသေဆုံးရသည်အထိ ဒုက္ခဆိုးအမျိုးမျိုးနှင့် ကြုံတွေ့နေရပေသည်။ သို့ဖြစ်၍ ဤကမ္ဘာမြေ သာယာလှပ စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များစိုက်ပျိုးကြရမည်။ လူသားများနှင့်အတူ မျှဝေနေထိုင်သော သတ္တဝါများ၏ဂေဟစနစ်မှန်ကန်စေရန်သဘာဝတောများကို ထိန်းသိမ်းကြရမည်ဖြစ်သည်။

သစ်တောများပြုန်းတီးခြင်း၏အဓိကအကြောင်းရင်းတစ်ရပ်တွင်   သစ်ထုတ်လုပ်ခြင်းလည်း ပါဝင်ပေသည်။

“ထင်းခုတ်ကြမဆင်မခြင်၊ တောသစ်ပင်တွေပြုန်း”ဆိုသကဲ့သို့ ထင်းမီးသွေးဖုတ်ရာမှ လည်းကောင်း၊ တောမီးလောင်ခြင်းကြောင့် လည်းကောင်း သစ်တောများပြုန်းတီးခြင်းဖြစ်သည်။ သစ်တောများ ပြုန်းတီးခြင်းကြောင့် မိုးခေါင်ခြင်း၊ ရာသီဥတုပူပြင်းခြောက်သွေ့ခြင်းကိုလည်း ဖြစ်ပေါ်စေသည်။ နှစ်ပေါင်း ၁၂၀ မှ ၁၂၀၀ အထိကြာမှသာ  တစ်လက်မအထူမျှဖြစ်လာသော သဘာဝမြေဆီလွှာသည် တစ်ခဏတာဖြင့် ပြုန်းတီးသွားရသည်။ အကျိုးဆက်ကား ရေကြီးရေလျှံခြင်း၊ မြေပြိုတောင် ပြိုခြင်းများနှင့် ဆေးဖက်ဝင်အပင်များ ဆုံးရှုံးခြင်းတို့ဖြစ်ပေါ်စေသည်။

လူသားတို့အနေဖြင့်  မိမိတို့ကြောင့်ပျက်စီးရသည့် သဘာဝပတ်ဝန်းကျင်များကို မိမိတို့ကပင် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် တာဝန်အရှိဆုံးဖြစ်ပေသည်။ သို့အတွက်ကြောင့် သစ်ပင်သစ်တောများကို ပြန်လည်စိုက်ပျိုးတည်ထောင်မှုပြုလုပ်နေကြရမည်ဖြစ်သည်။

ထိုသို့ပျက်စီးသွားသည့် သဘာဝဘေးအန္တရာယ်များကိုတားဆီးကာကွယ်ရန်နှင့် ပြန်လည် ကုစားရန်အတွက် အရိုးရှင်းဆုံးနည်းလမ်းမှာ သဘာဝကိုအခြေခံပြီး ပြဿနာများကို ဖြေရှင်းခြင်း တစ်နည်းအားဖြင့် သစ်ပင်များစိုက်ပျိုးခြင်းနှင့် သစ်တောများကို ထိန်းသိမ်းကာကွယ်ခြင်းပင်ဖြစ်သည်။ ယနေ့ကမ္ဘာတစ်ဝန်း၌ လေထုပူနွေးလာမှုနှင့်အတူ ရေ၊ မြေ၊ လေ၊ ရာသီဥတု စသည့်ရုပ်ပိုင်းဆိုင်ရာများ ယိုယွင်းလာခြင်းကြောင့် သစ်ပင်ပန်းမန်၊ တိရစ္ဆာန်   စသည့်သက်ရှိဇီဝဆိုင်ရာ ပြုန်းတီးမှုများ တွေ့ကြုံနေကြရသည်။  လေထုပူနွေးလာမှုကို တားဆီးလျှော့ချနိုင်ရေးအတွက် နိုင်ငံအများအပြားတွင် သစ်ပင်သစ်တောများကို တိုးချဲ့စိုက်ပျိုး ထိန်းသိမ်းနေကြပြီဖြစ်သည်။

ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးအတွက် သစ်တောဖုံးလွှမ်းမှုတိုးတက်လာစေရေးနှင့်  သစ်တောပြုန်းတီးမှု လျော့နည်းစေရေးကို အထူးအလေးပေး လုပ်ဆောင်လျက်ရှိသည်။  နှစ်စဉ်  ဇူလိုင်လကို သစ်ပင်စိုက်ပျိုးရေးလအဖြစ် သတ်မှတ်ပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် သစ်ပင်စိုက်ပွဲတော်များ ကျင်းပစိုက်ပျိုးနိုင်ခဲ့သည်။

နိုင်ငံအတွင်းသစ်တောသယံဇာတအရင်းအမြစ်များ ထာဝစဉ်တည်တံ့စေရေးအတွက် သစ်တော ထိန်းသိမ်းရေးလုပ်ငန်းစဉ်သည်  တစ်ခဏတာလုပ်ဆောင်ရမည်မဟုတ်ဘဲ သတ္တလောကကြီး တည်မြဲနေသမျှကာလပတ်လုံး   ရေရှည်လုပ်ဆောင်သွားကြရမည့်အလုပ်ဖြစ်သောကြောင့်   သစ်တောဦးစီးဌာန အနေဖြင့် သစ်တောဖုံးလွှမ်းမှုတိုးတက်လာစေရေးအတွက် သစ်တောနယ်မြေများ တိုးချဲ့ ဖွဲ့စည်းလျက်ရှိသည်။  မြန်မာနိုင်ငံတွင် သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း ၂ဝ၂၆-၂ဝ၂၇ ခုနှစ်အရ  နိုင်ငံပိုင်သစ်တောစိုက်ခင်းများတည်ထောင်ခြင်းနှင့် သဘာဝသစ်တောများ ပြုစုထိန်းသိမ်းခြင်းအပါအဝင် လုပ်ငန်း(၁၉)ရပ်ကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

နှစ်စဉ်နှစ်တိုင်း မိုးရာသီကာလသို့ရောက်ပြီဆိုပါက  နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲများ၊ အစိုးရဌာနအလိုက် သစ်ပင်စိုက်ပျိုးပွဲများနှင့် ကိုယ့်မြို့ကိုယ့်ရွာအလိုက် သစ်ပင်စိုက်ပျိုးပွဲများ စသည်ဖြင့်  သစ်ပင်စိုက်ပျိုးရေးကို အလေးထားဆောင်ရွက်နေကြောင်းတွေ့မြင်ကြရမည်ဖြစ်သည်။ ယနေ့လမ်းဘေးဝဲ/ယာတစ်လျှောက် မြင်တွေ့နေရသောသစ်ပင်များအပါအဝင် မြို့ပြများအနီး    မြင်တွေ့ရသော သစ်ပင်များသည် သစ်ပင်စိုက်ပျိုးရေးကို နှစ်စဉ်ဆောင်ရွက်နိုင်ခြင်း၏ အကျိုးရလဒ်များပင်ဖြစ်သည်။ “သစ်တောနှင့်သစ်ပင်၊ ချစ်ခင်တဲ့လူမျိုး၊ သစ်ပင်ကိုနှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုး” ဟူသောစကား မှာလည်း သစ်ပင်သစ်တောကို ချစ်ခင်သည့်လူမျိုးမှာ သစ်ပင်ကိုနှစ်စဉ်စိုက်ပျိုးကြကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် ရွှေတိုက်ကိုပင် ပိုင်စိုးရ ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးတရားများကို ပြဆိုကာ သစ်ပင်သစ်တောများကို ချစ်ခင်သင့်ကြောင်း ဖော်ညွှန်းပြနေခြင်းဖြစ်သည်။ 

သစ်တောရတနာသည်   လူသားတို့အတွက် အမှန်တကယ်တန်ဖိုးကြီးမားလှသည်။ သစ်ပင် သစ်တောများမှ ငွေကြေးနှင့်တန်ဖိုးမဖြတ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှု အထောက်အပံ့များစွာကိုလည်း ရရှိစေသည်။ အရိပ်ရသောသစ်ပင်ကိုစိုက်ပျိုးခြင်းဖြင့် လူနှင့်ကျေးငှက် တိရစ္ဆာန်တို့အတွက် နားခိုရာဖြစ်ပေါ်စေသကဲ့သို့ သီးပင်စားပင်များမှလည်း အာဟာရကိုရရှိစေသည်။ ထို့ကြောင့် သက်ရှိလူသားတိုင်း သစ်ပင်သစ်တောများကို အမှန်တကယ်ချစ်ခင် မြတ်နိုးထိန်းသိမ်း စောင့်ရှောက်ကြပြီး စနစ်တကျနှင့်စိုက်သမျှရှင်သန်အောင်စိုက်ပျိုးကြမည်ဆိုပါက နိုင်ငံတစ်ဝန်း မြို့ရွာဒေသပါမကျန် စိမ်းစိုသာယာလှပနေမည်ဖြစ်သည်။

“ပန်းမန်သစ်ပင်လေသန့်စင်၍ ဥယျာဉ်တောတန်းစိတ်ရွှင်လန်း၏” ဆိုသည့်အတိုင်း  သီးပင်စားပင်၊ အရိပ်ရပင်၊ ပန်းပင်များကို   အစဉ်တစိုက်စိုက်ပျိုးကြခြင်းဖြင့် မြို့ပြကျေးလက်တစ်ခွင် ဒေသအလိုက် စိမ်းလန်းစိုပြည်ဝေဆာလှပလာမည်ဖြစ်သည်။ ထိုသို့စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မည်သာမက ပြည်သူများ၏အခြေခံစားဝတ်နေရေးလိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် သစ်ပင်သစ်တောများကြောင့် သဘာဝပတ်ဝန်းကျင်  ရာသီဥတု ပြောင်းလဲမှုကိုပါ များစွာအကျိုးသက်ရောက်စေပြီး ဤကမ္ဘာမြေ အစဉ်ထာဝရ လှပနေစေရန်အတွက် လူတစ်ဦးလျှင် သစ်ပင်တစ်ပင်နှုန်းစိုက်ပျိုးသင့်သည်။ နောင်သားစဉ်မြေးဆက်အတွက် စိမ်းလန်းစိုပြည်ပြီး အေးချမ်းသာယာသည့် ပတ်ဝန်းကျင်ကောင်းနှင့် သဘာဝအရင်းအမြစ် ကြွယ်ဝသည့်နိုင်ငံအဖြစ် လက်ဆင့်ကမ်းပေးနိုင်ရန် သဘာဝသယံဇာတ အမွေအနှစ်ဖြစ်သည့်  သစ်ပင်သစ်တောများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း ပူးပေါင်းဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်။   ။

Photo - Nature

ဆုလတ်မေ       

ပန်းကလေးများ မနွမ်းစေဖို့
-

ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ(CSA- Child Sexual Abuse)ကို မီဒီယာများတွင် အကြိမ်ကြိမ် ကြားသိနေရသည်။ သို့သော် ကျွန်ုပ်တို့မြင်တွေ့နေရသည်မှာ ရေခဲတောင်ကြီး၏ ရေပေါ်တွင်ပေါ်နေသော အစိတ်အပိုင်း ငယ်လေးမျှသာဖြစ်ပြီး ရေအောက်တွင် နစ်မြုပ်လျက်ရှိသော အစိတ်အပိုင်းများ၏ ပမာဏကိုမူ မည်သူမျှ အပြည့်အဝ မသိနိုင်ကြပေ။ 

CSA သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် စိုးရိမ်ဖွယ်ရာ တိုးပွားလျက်ရှိသော လူမှုပြဿနာ တစ်ရပ်ဖြစ်သည်။ ကုလသမဂ္ဂ၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာ့ကလေးငယ်များ၏ ၂၀ ရာခိုင်နှုန်းခန့်သည် CSA ကို ကြုံတွေ့နေရသည်ဟု ခန့်မှန်းရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်ကပြဋ္ဌာန်းခဲ့သော  ကလေးသူငယ်အခွင့်အရေး ဥပဒေဖြင့် CSA ကို တင်းကျပ်စွာ တားမြစ်ထားသော်လည်း အမှန်တကယ် အရေးယူမှုနှုန်း နည်းပါးနေဆဲဖြစ်သည်။  U-Report ၏ မြန်မာနိုင်ငံအတွင်း CSA ဆိုင်ရာ သုတေသနစစ်တမ်းအတွင်း ပါဝင်ဖြေဆိုသူ အားလုံး၏ ၅၁ ရာခိုင်နှုန်းက မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် CSA များရှိကြောင်း  အတည်ပြုခဲ့သည်။

ဤပြဿနာ၏ပိုမိုနက်ရှိုင်းသော အချက်မှာ လူမှုရေးယဉ်ကျေးမှုအရ CSA ကို ဖုံးကွယ်လေ့ရှိခြင်းနှင့် အစီရင်ခံမှု နည်းပါးခြင်းတို့ကြောင့် စာရင်းဇယားများတွင် ဖော်ပြထားသည်ထက်  အမှန်တကယ်ဖြစ်ပွားနှုန်း ပိုမိုမြင့်မားနေခြင်းဖြစ်သည်။

CSA ၏အဓိပ္ပာယ်နှင့် အမျိုးအစားများ CSA(Child Sexual Abuse) ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများဆိုသည်မှာ လူကြီးတစ်ဦးဦး သို့မဟုတ် အသက်ပိုကြီးသူတစ်ဦးက ကလေးတစ်ဦးအား အာဏာ၊ ယုံကြည်မှု၊ စီးပွားရေးကို အလွဲသုံးစားပြု၍ လိင်မှုကိစ္စအတွက် စော်ကားခြင်းဖြစ်ပြီး  မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှုအဖြစ် ဥပဒေအရ အရေးယူခံရနိုင်သည်။ CSA ကို အဓိကအားဖြင့် ထိတွေ့ ကိုင်တွယ်မှုပါသော အလွဲသုံးစားမှုများ (ဥပမာ - လိင်အင်္ဂါထိတွေ့ခြင်း၊ အဓမ္မပြုကျင့်ခြင်း)နှင့် ထိတွေ့မှုမပါသော အလွဲသုံးစားမှုများ (ဥပမာ - လိင်ပိုင်းဆိုင်ရာရုပ်ပုံပြသခြင်း၊  အွန်လိုင်းမှနှောင့်ယှက်ခြင်း)ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၁ ခုနှစ် အချက်အလက်များအရ အသက် ၅ နှစ်မှ ၁၇ နှစ်အတွင်းရှိ ကလေးများသည် CSA ခံရနိုင်ခြေအမြင့်ဆုံးဖြစ်ပြီး  ကျူးလွန်သူများ၏ ၉၁ ရာခိုင်နှုန်းမှာ ကလေး၏ မိသားစုဝင်၊ ဆွေမျိုး  သို့မဟုတ် ရင်းနှီးကျွမ်းဝင်သူများ ဖြစ်နေတတ်သည်။ ဤအချက်က ကလေး၏ စိတ်ဒဏ်ရာကို ပိုမိုနက်ရှိုင်းစေသည်။  CSA  တွင် လိင်မှုဆိုင်ရာစကားများ အတင်းပြောစေခြင်း၊ ကလေးအား လိင်လုပ်သားအဖြစ် အသုံးချခြင်း(Child Trafficking)၊ ကလေးများအား   လိင်မှုကိစ္စအတွက် ဓာတ်ပုံ/ဗီဒီယိုရိုက်ကူးခြင်း၊  အွန်လိုင်းမှတစ်ဆင့် ခြိမ်းခြောက်ခြင်း(Cyber Grooming)ကဲ့သို့သော ရှုပ်ထွေးသည့်ပုံစံများလည်း ပါဝင်နိုင်သည်။ အထူးသတိပြုရမည့် အချက်မှာ CSA သည် မိန်းကလေးများတွင်သာမက  ယောက်ျားလေးများတွင်လည်း ဖြစ်ပွားနိုင်ပြီး ယောက်ျားလေးများတွင် အစီရင်ခံမှုနှုန်း ပိုမိုနည်းပါးလေ့ရှိသည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်မှစ၍ အွန်လိုင်းမှ CSA အမှုများတိုးပွားလာသည်ကို တွေ့ရှိရသည်။ CSA ၏အခြားသော အန္တရာယ်ရှိသည့်ပုံစံတစ်ခုမှာ “Child Marriage” (ကလေးအား အတင်းအကျပ် လက်ထပ်စေခြင်း)ဖြစ်ပြီး ကျေးလက်ဒေသများတွင် ပိုမိုအဖြစ်များလေ့ရှိသည်။

CSA ၏လက္ခဏာများနှင့် ရေရှည်ဆိုးကျိုးများ

CSA အပြုလုပ်ခံရသော ကလေးငယ်များတွင် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများအဖြစ် လိင်အင်္ဂါနာကျင်ခြင်း၊ ယားယံခြင်း၊ မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းနှင့် HIV/AIDS အပါအဝင် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ကူးစက်ခံရနိုင်ခြေမြင့်မားစွာ တွေ့ရှိရသည်။  စိတ်ပိုင်းဆိုင်ရာ လက္ခဏာများတွင် ကလေးငယ်များ ကြောက်ရွံ့လွန်ခြင်း၊ အိပ်မက်ဆိုးများမက်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် မိမိကိုယ်ကို သတ်သေရန် စဉ်းစားခြင်းများပါဝင်သည်။ ကလေး ၇၅ ရာခိုင်နှုန်းခန့်သည် CSA ဖြစ်စဉ်ကို အနည်းဆုံး ၅ နှစ်အထိ ဖုံးကွယ်ထားတတ်ပြီး ယင်းမှာ ကျူးလွန်သူ၏ ခြိမ်းခြောက်မှု၊ အပြစ်ရှိသည်ဟု ခံစားရမှုနှင့် မိသားစု ဂုဏ်သိက္ခာကို စိုးရိမ်ခြင်းတို့ကြောင့်ဖြစ်သည်။  လူမှုရေးဆိုင်ရာ ဆိုးကျိုးများအဖြစ် ကျောင်းစွမ်းဆောင်ရည် ကျဆင်းခြင်း၊ လူမှုဆက်ဆံရေးတွင် ယုံကြည်မှု ပျောက်ဆုံးခြင်းများဖြစ်ပေါ်တတ်သည်။ CSA အပြုလုပ်ခံရသော ကလေးများ၏ ၆၀ ရာခိုင်နှုန်းခန့်တွင် Post-Traumatic Stress Disorder (PTSD) စိတ်ဒဏ်ရာ နောက်ဆက်တွဲရောဂါ လက္ခဏာများဖြစ်ပေါ်တတ်ပြီး  ၄၅ ရာခိုင်နှုန်းခန့်တွင် နှစ်ရှည်လများ စိုးရိမ်စိတ်လွန်ကဲခြင်း (Anxiety Disorder) ကို ခံစားရတတ်သည်။  ရေရှည်တွင် CSA အပြုလုပ်ခံရသူများသည် အရွယ်ရောက်လာသည့်အခါ မူးယစ်ဆေးစွဲခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်းကဲ့သို့သော အန္တရာယ်ရှိသည့် အပြုအမူများကို ပိုမိုပြုလုပ်တတ်ပြီး  အိမ်ထောင်ရေးနှင့် အလုပ်အကိုင်ဘဝတွင် အခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်း သုတေသနတွေ့ရှိချက်များက ဖော်ပြထားသည်။ မိဘများအနေဖြင့်  သတိထားရမည့် အချက်များမှာ ကလေး၏ အပြုအမူများ ရုတ်တရက်ပြောင်းလဲခြင်း (ဥပမာ - ရေချိုးခန်းဝင်ရန် ငြင်းဆန်ခြင်း၊ အခြားသူများနှင့် ထိတွေ့ရန် ရှောင်ဖယ်ခြင်း)၊ အသက်အရွယ်နှင့် မလိုက်အောင် လိင်ပိုင်းဆိုင်ရာအကြောင်း အသိပညာ များပြားလာခြင်းတို့ဖြစ်သည်။ CSA ၏ ဆိုးရွားသော အချက်တစ်ခုမှာ ကလေးငယ်များ ဖွံ့ဖြိုးမှုဆိုင်ရာ  အာဟာရချို့တဲ့ခြင်း   (Stunted Growth)နှင့် ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးခြင်းတို့ကို ဖြစ်စေနိုင်သည့်အချက်ဖြစ်သည်။

CSA ကို ကာကွယ်ရန်နည်းလမ်းများ

ကလေးများကို CSA မှ ကာကွယ်ရန် “လုံခြုံသောထိတွေ့မှု” နှင့် “မလုံခြုံသောထိတွေ့မှု” တို့ကို ခွဲခြားသိရှိအောင် ပညာပေးရမည်။ ကလေးများအား ကိုယ်ခန္ဓာအကြောင်း သင်ကြားပေးပြီး တစ်ပါးသူ ထိတွေ့ခွင့်မပေးရမည့် အစိတ်အပိုင်းများ (Private Parts) အကြောင်း  ရှင်းလင်းစွာ ပြောပြရမည်။ “မိမိခန္ဓာကိုယ်ကို မိမိပိုင်ဆိုင်သည်” ဟူသော အသိစိတ်ကို ကလေးငယ်ဘဝကတည်းက မွေးမြူပေးခြင်းဖြင့် CSA ကိုကာကွယ်နိုင်သည်။ ကလေးများအား တစ်စုံတစ်ယောက်က ဘယ်သူ့မှမပြောနဲ့လို့ ခြိမ်းခြောက်လာပါက မိဘ/ယုံကြည်ရသူကို ချက်ချင်းပြောရန် သင်ကြားပေးရမည်။ မိဘများအနေဖြင့် ကလေး၏အပြုအမူ ပြောင်းလဲမှုကို နေ့စဉ်စောင့်ကြည့်ပါ။ ရုတ်တရက်စကားပြော နည်းလာခြင်း၊ အိပ်မက်ဆိုးမက်ခြင်း၊ ကျောင်းစွမ်းဆောင်ရည် ကျဆင်းခြင်းများကို သတိထားပါ။  ကျောင်းများတွင် CSA ကာကွယ်ရေး သင်ခန်းစာများ ထည့်သွင်း သင်ကြားပေးရမည်။ ကလေးများအား တစ်စုံတစ်ယောက်က CSA ပြုလုပ်လာပါက  လုပ်ဆောင်ရမည့်  “NO-GO-TELL” (ငြင်းဆို-ထွက်ပြေး-ပြောပြ) နည်းလမ်းကို လက်တွေ့သင်ကြားပေးခြင်းဖြင့် အန္တရာယ်ကိုတုံ့ပြန်နိုင်စွမ်း မြှင့်တင်ပေးနိုင်သည်။  အွန်လိုင်းလုံခြုံရေး အတွက် ကလေး၏ အင်တာနက် အသုံးပြုမှုကို စောင့်ကြည့်ပါ။ မသင့်လျော်သော ဆက်သွယ်မှုများ၊ ဗီဒီယိုစာမျက်နှာများမှ ကာကွယ်ရန် Parental Control Software များ တပ်ဆင်ပေးပါ။  မိဘနှင့် သားသမီးအကြား ယုံကြည်စိတ်ချရသော ဆက်ဆံရေးတည်ဆောက်ပါ။  CSA ကာကွယ်ရေးတွင် အရေးကြီးဆုံးအချက်မှာ ကလေးများ၏ စကားကိုနားထောင်ပေးခြင်းနှင့် ယုံကြည်မှုပေးခြင်းဖြစ်သည်။

CSA ကြုံလာပါက တုံ့ပြန်ဆောင်ရွက်နည်းများ

ကလေး၏စကားကို အပြစ်မတင်ဘဲ နားထောင်ပါ။ ကလေးကိုယုံကြည်ကြောင်း၊ ကလေးမှာ  အပြစ်မရှိကြောင်း ရှင်းလင်းစွာ ပြောဆိုပါ။  သံသယဖြစ်ဖွယ် အခြေအနေများတွေ့ပါက   ရဲတပ်ဖွဲ့(အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ)၊ ဖုန်း 199 (မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရေးပေါ်ဖုန်း)၊ အနီးစပ်ဆုံးရဲစခန်းသို့ ဆက်သွယ်ပါ။ နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ သွားရောက်ကာ ဒဏ်ရာများ၊ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများနှင့် စိတ်ဒဏ်ရာများအတွက် ချက်ချင်း စစ်ဆေးကုသမှု ခံယူပါ။ ဖြစ်စဉ်ကို လူမှုကွန်ရက်ပေါ်တွင် မဖော်ပြဘဲ သက်ဆိုင်ရာ အာဏာပိုင်များသို့သာ အကြောင်းကြားပါ။  တရားဥပဒေဆိုင်ရာ အကူအညီရယူရန် ရဲစခန်းတွင် အမှုဖွင့်ပါ။ သက်သေ အထောက်အထားများ (အဝတ်အစား၊ မက်ဆေ့ချ်များ) ကို မဖျက်ဘဲ သိမ်းဆည်းထားပါ။ ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးဥပဒေအရ CSA ကျူးလွန်သူများအား ထောင်ဒဏ် နှစ်၂၀ မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည်။   လိုအပ်လျှင်  ကလေးသူငယ် စိတ်ကျန်းမာရေး ပညာရှင်နှင့်ချိတ်ဆက်ကာ  ကုသမှုခံယူပါ။  ကျူးလွန်သူနှင့် ထပ်မံမထိတွေ့စေရန် ယုံကြည်စိတ်ချရသော မိသားစုဝင်များနှင့်သာ နေထိုင်စေပါ။အခြားကလေးများနှင့် အတူတူထားပါ။ တစ်ယောက်တည်း မနေစေရ။ CSA ခံရသော ကလေးများသည် နှစ်ပေါင်းများစွာ စိတ်ဒဏ်ရာကို ခံစားရနိုင်သဖြင့် မိသားစုအနေဖြင့် စိတ်ရှည်လက်ရှည် စောင့်ရှောက်ပေးရန် လိုအပ်သည်။

CSA သည် ကလေးများ၏ ရုပ်ပိုင်းနှင့်   စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို   ထိခိုက်စေသည့် ကြီးမားသောအန္တရာယ် တစ်ခုဖြစ်ပြီး ကျွန်ုပ်တို့လူ့အဖွဲ့အစည်း၏ အနာဂတ်ကို ခြိမ်းခြောက်နေသော ပြဿနာဖြစ်သည်။ ထို့ပြင် CSA အပြုလုပ်ခံရသော ကလေးများ သေချာစွာပြုစု စောင့်ရှောက်မှုမခံရဘဲ ကြီးပြင်းလာပါက လူကြီးဘဝတွင် အလားတူ အကြမ်းဖက်မှုများ ပြုလုပ်နိုင်ခြေ သုံးဆပိုများကြောင်း သုတေသနတွေ့ရှိချက်များက ဖော်ပြထားရာ ဤပြဿနာသည် မျိုးဆက်တစ်ခုမှ တစ်ခုသို့ ကူးစက်တတ်သော အရာတစ်ခုအဖြစ်ရှိနိုင်သည်ကို  သတိပြုရန် လိုအပ်သည်။ 

သို့ဖြစ်၍ CSA ဖြစ်ပွားမှုမှကာကွယ်ရန် မိဘများ၊ ဆရာများနှင့် လူမှုအသိုင်းအဝိုင်း တစ်ရပ်လုံး ပူးပေါင်းပါဝင်ရန်  အရေးကြီးသည်။ CSA ကို ထိရောက်စွာ တားဆီးနိုင်ရန်အတွက်  ကလေးများအား လုံခြုံစွာနေထိုင်နည်း ပညာပေးခြင်း၊ ဥပဒေအရအရေးယူ ဆောင်ရွက်ခြင်းနှင့်  စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများပေးခြင်းတို့ကို  အချိန်မီဆောင်ရွက်ရမည်။ ကလေးတိုင်းသည် မိမိတို့၏ ခန္ဓာကိုယ်နှင့် စိတ်ကို  လုံခြုံစွာကာကွယ်နိုင်စွမ်း ရှိရမည်ဖြစ်ပြီး  ဤအခွင့်အရေးသည်  ၎င်းတို့၏အခြေခံ လူ့အခွင့်အရေးတစ်ရပ်လည်းဖြစ်သည်။ ထို့ကြောင့် “ကလေးတိုင်းသည် လုံခြုံစိတ်ချရသော ဘဝတစ်ခုကို ရပိုင်ခွင့်ရှိသည်” ဟူသော အသိဖြင့် လူတိုင်းက CSA ကာကွယ်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အလေးထားတိုက်တွန်း နှိုးဆော်အပ်ပါသည်။   ။

MWD Web Portal

အမည်မသိ

ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း
-

သဘာဝပတ်ဝန်းကျင်တွင် သစ်ပင်သစ်တောတို့သည် လူသားတို့အတွက် စိတ်ကြည်လင်မှုရရှိစေနိုင်သော အလှတရားများဖြစ်သည်။ သစ်ပင်သစ်တောများထံမှ စိမ်းလန်းသောအလှတရားကို ခံစားနိုင်သကဲ့သို့ အေးမြသောအရိပ်ကိုလည်း ရရှိစေနိုင်သည်။ သစ်ပင်သစ်တောများသည် ကမ္ဘာပေါ်တွင်ရှိသည့် သက်ရှိများရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးပါပြီး သက်ရှိများရှင်သန်ရေးအတွက် အဓိကလိုအပ်သည့် အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးလျက်ရှိသည်။ ထို့အတူ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေပြီး ကျန်းမာရေးထိခိုက်စေနိုင်သည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကိုလည်း လေထုအတွင်းမှ စုပ်ယူဖယ်ရှားပေးနိုင်သည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့်ပင် သစ်ပင်သစ်တ

သဘာဝပတ်ဝန်းကျင်တွင် သစ်ပင်သစ်တောတို့သည် လူသားတို့အတွက် စိတ်ကြည်လင်မှုရရှိစေနိုင်သော အလှတရားများဖြစ်သည်။ သစ်ပင်သစ်တောများထံမှ စိမ်းလန်းသောအလှတရားကို ခံစားနိုင်သကဲ့သို့ အေးမြသောအရိပ်ကိုလည်း ရရှိစေနိုင်သည်။ သစ်ပင်သစ်တောများသည် ကမ္ဘာပေါ်တွင်ရှိသည့် သက်ရှိများရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးပါပြီး သက်ရှိများရှင်သန်ရေးအတွက် အဓိကလိုအပ်သည့် အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးလျက်ရှိသည်။ ထို့အတူ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေပြီး ကျန်းမာရေးထိခိုက်စေနိုင်သည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကိုလည်း လေထုအတွင်းမှ စုပ်ယူဖယ်ရှားပေးနိုင်သည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့်ပင် သစ်ပင်သစ်တောများသည် လူသားတို့အတွက် မည်မျှအရေးပါသည်ကို သိသင့်ပေသည်။

သစ်ပင်သစ်တောများတည်ရှိခြင်းကြောင့် မိုးရွာသွန်းမှုကိုလည်း အချိန်မှန်မှန် ဖြစ်ပေါ်စေသည်။ သစ်ပင်သစ်တောများသည် မိုးရေကို စုပ်ယူထိန်းသိမ်းထားပြီးမြေအောက်မှတစ်ဖန် လျှိုမြောင်များအကြား စိမ့်စမ်းရေများအဖြစ် ပြန်လည်ထွက်ရှိစေကာသဘာဝပတ်ဝန်းကျင်ကို အကျိုးပြုပေးလျက်ရှိသည်။ သစ်ပင်သစ်တောများက လေဒဏ်မိုးဒဏ်ကို အကာအကွယ်ပေးသည့်အပြင် သစ်မြစ်များက မြေဆီလွှာကို ကုပ်တွယ်ထားသောကြောင့် မြေဆီလွှာဆုံးရှုံးပျက်စီးမှု၊ မြေပြိုမှုများကိုလည်း ထိန်းသိမ်းပေးသည်။ ဤသို့ဖြင့် သစ်ပင်သစ်တောတို့သည် လူသားများအတွက်သာမက တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင်မြေဆီလွှာ၊ ရာသီဥတု၊ လေမုန်တိုင်း၊ သဘာဝဘေးအန္တရာယ်များကိုလည်း နည်းမျိုးစုံဖြင့်ကာကွယ်ပေးနေသဖြင့် သစ်ပင်သစ်တောများကို ချစ်ခင်ကြရမည်ဖြစ်သည်။

သဘာဝတောများကို ထိန်းသိမ်း

ကမ္ဘာမြေပေါ်တွင် သစ်ပင်သစ်တောများ ယုတ်လျော့ပျက်စီးပြုန်းတီးလာခြင်းသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုအတွက် အဓိကတွန်းအားပေးနေသည့် အကြောင်းရင်းတစ်ရပ်ပင် ဖြစ်သည်။ “ဥတုရာသီတောကိုမှီ၏” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရာသီဥတုဖောက်ပြန်မှုကို ဟန့်တားရာတွင်လည်း သစ်ပင်သစ်တောများသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်နေသည်။ ယနေ့ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများမှာလည်း ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်း၊ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးခြင်း၊ သစ်တောပြုန်းတီးပျက်စီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းတို့ပင်ဖြစ်သည်။ အရင်းစစ်တော့ အမြစ်မြေဆိုသလို ခေတ်မီသိပ္ပံနှင့် စက်မှုပညာများ တိုးတက်ထွန်းကားလာမှုနှင့်အတူ သစ်ပင်သစ်တောများကို ကုန်ကြမ်းများအဖြစ် ထုတ်ယူအသုံးပြုလာကြခြင်းကြောင့် သစ်တောများ ပြုန်းတီးကာ အဘက်ဘက်မှဆိုးကျိုးများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ သစ်ပင်များကို စည်းကမ်းမဲ့ခုတ်လှဲကြသဖြင့် သစ်ပင်များရှားပါးလာခြင်းကြောင့် ကမ္ဘာကြီးပူနွေးလာမှု၊ မိုးခေါင်ရေရှားမှု၊ အစာရေစာငတ်မွတ်ခေါင်းပါးမှု စသည်တို့နှင့် ရင်ဆိုင်နေကြရပြီး လူသားတို့၏ အသက်ပင်ဆုံးရှုံးသေဆုံးရသည်အထိ ဒုက္ခဆိုးအမျိုးမျိုးနှင့် ကြုံတွေ့နေရပေသည်။ သို့ဖြစ်၍ ဤကမ္ဘာမြေသာယာလှပစိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များစိုက်ပျိုးကြရမည်။ လူသားများနှင့်အတူ မျှဝေနေထိုင်သော သတ္တဝါများ၏ ဂေဟစနစ်မှန်ကန်စေရန် သဘာဝတောများကို ထိန်းသိမ်းကြရမည်။

သစ်တောများပြုန်းတီးခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်တွင် သစ်ထုတ်လုပ်ခြင်းလည်း ပါဝင်ပေသည်။ “ထင်းခုတ်ကြမဆင်မခြင်၊ တောသစ်ပင်တွေပြုန်း” ဆိုသကဲ့သို့ ထင်းမီးသွေးဖုတ်ရာမှ လည်းကောင်း၊ တောမီးလောင်ခြင်းကြောင့် လည်းကောင်း သစ်တောများပြုန်းတီးခြင်းဖြစ်သည်။ သစ်တောများပြုန်းတီးခြင်းကြောင့် မိုးခေါင်ခြင်း၊ ရာသီဥတုပူပြင်းခြောက်သွေ့ခြင်းကိုလည်း ဖြစ်ပေါ်စေသည်။ နှစ်ပေါင်း ၁၂၀ မှ ၁၂၀၀ အထိကြာမှသာ တစ်လက်မအထူမျှ ဖြစ်လာသော သဘာဝမြေဆီလွှာသည် တစ်ခဏတာဖြင့်ပြုန်းတီးသွားရသည်။ အကျိုးဆက်ကား ရေကြီးရေလျှံခြင်း၊ မြေပြိုတောင်ပြိုခြင်းများနှင့် ဆေးဖက်ဝင်အပင်များ ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်စေသည်။

တိုးချဲ့စိုက်ပျိုး

လူသားတို့အနေဖြင့် မိမိတို့ကြောင့် ပျက်စီးရသည့် သဘာဝပတ်ဝန်းကျင်များကို မိမိတို့ကပင် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် တာဝန်အရှိဆုံးဖြစ်ပေသည်။ သို့အတွက်ကြောင့် သစ်ပင်သစ်တောများကို ပြန်လည်စိုက်ပျိုးတည်ထောင်မှု ပြုလုပ်နေကြရမည်ဖြစ်သည်။ ထိုသို့ပျက်စီးသွားသည့် သဘာဝဘေးအန္တရာယ်များကို တားဆီးကာကွယ်ရန်နှင့် ပြန်လည်ကုစားရန်အတွက် အရိုးရှင်းဆုံးနည်းလမ်းမှာ သဘာဝကိုအခြေခံပြီး ပြဿနာများကိုဖြေရှင်းခြင်း တစ်နည်းအားဖြင့် သစ်ပင်များ စိုက်ပျိုးခြင်းနှင့် သစ်တောများကို ထိန်းသိမ်းကာကွယ်ခြင်းပင်ဖြစ်သည်။ ယနေ့ကမ္ဘာတစ်ဝန်း၌ လေထုပူနွေးလာမှုနှင့်အတူ ရေ၊ မြေ၊ လေ၊ ရာသီဥတုစသည့်ရုပ်ပိုင်းဆိုင်ရာများ ယိုယွင်းလာခြင်းကြောင့် သစ်ပင်ပန်းမန်၊ တိရစ္ဆာန် စသည့် သက်ရှိဇီဝဆိုင်ရာပြုန်းတီးမှုများ တွေ့ကြုံနေကြရသည်။ လေထုပူနွေးလာမှုကို တားဆီးလျှော့ချနိုင်ရေးအတွက် နိုင်ငံအများအပြားတွင် သစ်ပင်သစ်တောများကို တိုးချဲ့စိုက်ပျိုးထိန်းသိမ်းနေကြပြီဖြစ်သည်။

ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးအတွက် သစ်တောဖုံးလွှမ်းမှုတိုးတက်လာစေရေးနှင့် သစ်တောပြုန်းတီးမှု လျော့နည်းစေရေးကို အထူးအလေးပေးလုပ်ဆောင်လျက်ရှိသည်။ နှစ်စဉ်ဇူလိုင်လကို သစ်ပင်စိုက်ပျိုးရေးလအဖြစ် သတ်မှတ်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် သစ်ပင်စိုက်ပွဲတော်များ ကျင်းပစိုက်ပျိုးနိုင်ခဲ့သည်။

နိုင်ငံအတွင်း သစ်တောသယံဇာတအရင်းအမြစ်များ ထာဝစဉ်တည်တံ့စေရေးအတွက် သစ်တောထိန်းသိမ်းရေးလုပ်ငန်းစဉ်သည် တစ်ခဏတာ လုပ်ဆောင်ရမည်မဟုတ်ဘဲ သတ္တလောကကြီး တည်မြဲနေသမျှကာလပတ်လုံး ရေရှည်လုပ်ဆောင်သွားကြရမည့် အလုပ်ဖြစ်သောကြောင့် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရေးအတွက် သစ်တောနယ်မြေများ တိုးချဲ့ဖွဲ့စည်းလျက်ရှိသည်။ မြန်မာနိုင်ငံတွင် သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း (၂ဝ၂၆-၂ဝ၂၇) ခုနှစ်အရ နိုင်ငံပိုင်သစ်တောစိုက်ခင်းများတည်ထောင်ခြင်းနှင့် သဘာဝသစ်တောများ ပြုစုထိန်းသိမ်းခြင်းအပါအဝင် လုပ်ငန်း ၁၉ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

တစ်ပင်စိုက်လျှင် တစ်ပင်ရှင်အောင်စိုက်ပျိုး

မြန်မာနိုင်ငံသည် ရေ၊ မြေ၊ တောတောင်သဘာဝသယံဇာတများနှင့် ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝသည့်နိုင်ငံဖြစ်ပြီး အာဆီယံနှင့် ဒေသတွင်းနိုင်ငံများအနက် သစ်တောဖုံးလွှမ်းမှု ကောင်းမွန်ပြီး သစ်တောဖုံးလွှမ်းမှုဧရိယာ ဒုတိယအများဆုံး ပိုင်ဆိုင်သည့်နိုင်ငံဖြစ်သည်။ နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၂၀၁၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ် ပဏာမအစီရင်ခံစာ အရ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိသည်ကို တွေ့ရသည့်အတွက် သစ်တောပြုန်းတီးမှု အနည်းငယ်ရှိကြောင်း သိရသည်။ နိုင်ငံတော်အနေဖြင့် ၂၀၂၁ ခုနှစ် မိုးရာသီမှ ၂၀၂၄ ခုနှစ် မိုးရာသီအထိ နိုင်ငံတစ်ဝန်းတွင် ပျိုးပင်စုစုပေါင်း ၉၀ ဒသမ ၁၅ သန်းကျော် ဖြန့်ဝေပေးနိုင်ခဲ့ပြီး လက်ရှိအချိန်ထိအပင် ပေါင်း ၃၂၀၉၇၀၃ ပင် စိုက်ပျိုးပေးနိုင်ခဲ့သည်။ ထို့အတူ စိုက်ပျိုးသည့်သစ်ပင်များ ရာနှုန်းပြည့် အောင်မြင်ရှင်သန်စေရန်အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ပြီး တစ်ပင်စိုက်လျှင် တစ်ပင် “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း” သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားသည်။

နှစ်စဉ်နှစ်တိုင်း မိုးရာသီကာလသို့ ရောက်ပြီဆိုပါက သက်ဆိုင်ရာ မြို့နယ်သစ်တောဦးစီးဌာနများနှင့် ဌာနဆိုင်ရာများ၊ ပြည်သူများပူးပေါင်း၍ သစ်ပင်စိုက်ပျိုးရေးကို အလေးထားဆောင်ရွက်နေသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ ယနေ့လမ်းဘေးဝဲယာတစ်လျှောက် မြင်တွေ့နေရသော သစ်ပင်များအပါအဝင် မြို့ပြများအနီးမြင်တွေ့ရသော သစ်ပင်များသည် သစ်ပင်စိုက်ပျိုးရေးကို နှစ်စဉ်ဆောင်ရွက်နိုင်ခြင်း၏ အကျိုးရလဒ်များပင်ဖြစ်သည်။ “သစ်တောနှင့်သစ်ပင်၊ ချစ်ခင်တဲ့ လူမျိုး၊ သစ်ပင်ကိုနှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုး” ဟူသောစကားမှာလည်း သစ်ပင်သစ်တောကို ချစ်ခင်သည့်လူမျိုးမှာ သစ်ပင်ကိုနှစ်စဉ်စိုက်ပျိုးကြကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် ရွှေတိုက်ကိုပင်ပိုင်စိုးရကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးတရားများကိုပြဆိုကာ သစ်ပင်သစ်တောများကို ချစ်ခင်သင့်ကြောင်း ဖော်ညွှန်းပြနေခြင်းဖြစ်သည်။ ယခု ၂၀၂၅ ခုနှစ် မိုးရာသီတွင် အမြင့်ပေနှစ်ပေ အထက်ပျိုးပင် ၂၀ ဒသမ ၅၉ သန်းကို နိုင်ငံတစ်ဝန်းဖြန့်ဝေပေးထားပြီး စိုက်ပျိုးပေးသွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်မှသာ မြန်မာနိုင်ငံ၏ ဦးတည်ရာပန်းတိုင်ဖြစ်သော စိမ်းလန်းသော စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု (Green Economic and Green Development) လုပ်ငန်းစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

သစ်တောရတနာသည် လူသားတို့အတွက် အမှန်တကယ်တန်ဖိုးကြီးမားလှသည်။ သစ်ပင်သစ်တောများမှ ငွေကြေးနှင့်တန်ဖိုးမဖြတ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအထောက်အပံ့များစွာကိုလည်း ရရှိစေသည်။ အရိပ်ရသော သစ်ပင်ကိုစိုက်ပျိုးခြင်းဖြင့် လူနှင့်ကျေးငှက်တိရစ္ဆာန်တို့အတွက် နားခိုရာဖြစ်ပေါ်စေသကဲ့သို့ သီးပင်စားပင်များမှလည်း အာဟာရကိုရရှိစေသည်။ ထို့ကြောင့် သက်ရှိလူသားတိုင်း သစ်ပင်သစ်တောများကို အမှန်တကယ်ချစ်ခင်မြတ်နိုး ထိန်းသိမ်းစောင့်ရှောက်ကြပြီး စနစ်တကျနှင့် စိုက်သမျှ ရှင်သန်အောင် စိုက်ပျိုးကြမည်ဆိုပါက နိုင်ငံတစ်ဝန်း မြို့ရွာဒေသပါမကျန် စိမ်းစိုသာယာလှပနေမည်ဖြစ်သည်။

“ပန်းမန်သစ်ပင်လေသန့်စင်၍ ဥယျာဉ် တောတန်းစိတ်ရွှင်လန်း၏” ဆိုသည့်အတိုင်း သီးပင်စားပင်၊ အရိပ်ရပင်၊ ပန်းပင်များကို အစဉ်တစိုက်စိုက်ပျိုးကြခြင်းဖြင့် မြို့ပြကျေးလက်တစ်ခွင် ဒေသအလိုက် စိမ်းလန်းစိုပြည်ဝေဆာလှပလာမည်ဖြစ်သည်။ ထိုသို့စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မည်သာမက ပြည်သူများ၏ အခြေခံစားဝတ်နေရေးလိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် သစ်ပင်သစ်တောများကြောင့် သဘာဝပတ်ဝန်းကျင်ရာသီဥတုပြောင်းလဲမှုကိုပါ များစွာအကျိုးသက်ရောက်စေပြီး ဤကမ္ဘာမြေ အစဉ်ထာဝရလှပနေစေရန်အတွက် လူတစ်ဦးလျှင် သစ်ပင်တစ်ပင်နှုန်းစိုက်ပျိုးသင့်သည်။ နောင်သားစဉ်မြေးဆက်အတွက် စိမ်းလန်းစိုပြည်ပြီး အေးချမ်းသာယာသည့် ပတ်ဝန်းကျင်ကောင်းနှင့် သဘာဝအရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံအဖြစ် လက်ဆင့်ကမ်းပေးနိုင်ရန် သဘာဝသယံဇာတအမွေအနှစ်ဖြစ်သည့် သစ်ပင်သစ်တောများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။  ။

MOI

ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆောင်ရွက်သည်ဆိုရာဝယ် . . .
-

မကြာသေးခင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့၌ ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပသည့် အစားအစာနှင့် ခရီးသွားပြပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုခရီးသွားမြှင့်တင်ရေးပြခန်း ပါဝင်ပြသခဲ့သည့် သတင်းကို ဖတ်ရှုလိုက်ရသည်။ ပြခန်းတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသနှင့် ခရီးသွားဆွဲဆောင်မှုများ၊ အစားအစာပြပွဲဆိုသည့်အတွက် မြန်မာ့ရိုးရာအစားအစာများ ထည့်သွင်းပြသမှုအပြင် အခြားသော မြန်မာ့ရိုးရာအကအလှနှင့် တင်ဆက်မှုများကို မြိုင်မြိုင်ဆိုင်ဆိုင်ပြုလုပ်ခဲ့ရာပြခန်းသို့ လာရောက်လေ့လာကြည့်ရှုသူများ အထူးစိတ်ပါဝင်စားနှစ်ခြိုက်ခဲ့ကြကြောင်း သိရှိရပါသည်။

ယနေ့ကာလတွင် ခရီးသွားလုပ်ငန်းသည် ကမ္ဘာတစ်ဝန်းတွင် အရေးပါသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ခရီးသွားလုပ်ငန်းမှတစ်ဆင့် အကျိုးရလဒ်များရရှိစေရန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ခရီးသွားလုပ်ငန်းသည် တိုင်းပြည်အတွက် အခွန်ဘဏ္ဍာနှင့် နိုင်ငံခြားဝင်ငွေကို ရရှိစေပြီး အစိုးရနှင့် ဒေသခံများအတွက် ဝင်ငွေကို တိုးတက်ရရှိစေပါသည်။

ခရီးသွားဧည့်သည်များ ဝင်ရောက်လာခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအပါအဝင် ဒေသ၏ စီးပွားရေး လုပ်ငန်းစုများကို သက်ဝင်လှုပ်ရှားလာစေပြီး ဟိုတယ်နှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးနှင့် ဧည့်လမ်းညွှန်လုပ်ငန်းများ၊ အစားအစာနှင့် အဖျော်ယမကာထုတ်လုပ်ရောင်းချရေးလုပ်ငန်းများ၊ ဖျော်ဖြေရေးနှင့် အမှတ်တရပစ္စည်းထုတ်လုပ်ရောင်းချရေး လုပ်ငန်းများအထိ အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်ပါသည်။

ယင်းသို့ စီးပွားရေးအခန်းကဏ္ဍအပြင် ခရီးသွားဧည့်သည်များနှင့် ဒေသခံများအကြား ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ ဖလှယ်နိုင်ခြင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးသော ဒေသများ၌ လမ်း၊ တံတား၊ ရေ၊ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးစသော အခြေခံအဆောက်အအုံများ၊ လိုအပ်ချက်များ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတို့၌ အသိပညာဗဟုသုတများ တိုးပွားလာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေပါသည်။ သို့ဖြစ်ရာ ခရီးသွားလုပ်ငန်းသည် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများစွာကို ဖြစ်ထွန်းစေသော အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်ပါသည်။

ထိုထိုသော အကြောင်းအရာများကြောင့် နိုင်ငံများက ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို နည်းလမ်းအသွယ်သွယ်အသုံးပြု၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်ကို တွေ့မြင်နေရပါသည်။ ယင်းသို့ ခရီးသွားမြှင့်တင်ရေးဆောင်ရွက်နေမှုများကို နတ်ကရာကျီးမော့ရင်း လွန်ခဲ့သော ၁၀ နှစ် ခန့်က ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုဘာသာရပ်ကို လေ့လာသင်ယူခဲ့စဉ် ဆရာသမားတစ်ဦးပြောကြားသည့် စကားတစ်ခုကို အမှတ်ရမိသည်။ ဆရာသမားက ခရီးသွားလုပ်ငန်းလုပ်ဆောင်ရာမှာ “သိအောင်လုပ်၊ လာအောင်လုပ်၊ အဆင်ပြေအောင်လုပ်” ဟူ၍ ဖြစ်ပါသည်။

သိအောင်လုပ်ဆိုသည်မှာ မိမိနိုင်ငံ၊ မိမိခရီးစဉ်ဒေသကို ကမ္ဘာကသိအောင်လုပ်ရမည်။ သိပြီးနောက် လာအောင်လုပ်ဆိုသည်မှာ မိမိနိုင်ငံသို့ လာနိုင်အောင် ဖန်တီးလုပ်ဆောင်ပေးရမည်။ လာပြီးနောက် လာရောက်လည်ပတ်သည့် ဧည့်သည်ကို အဆင်ပြေအောင် ဆောင်ရွက်ပေးရမည်ဟူသော အပိုင်းဖြစ်သည်။ ယနေ့ခရီးသွားလုပ်ငန်းဆိုင်ရာ သီအိုရီများကို လက်လှမ်းမီသလောက်ရှာဖွေဖတ်ရှုလေ့လာခဲ့ရာမှ ဆရာသမားပြောကြားသည့် သိအောင်လုပ်ဆိုသည်မှာ ခရီးသွားမြှင့်တင်ခြင်း (Promotion)၊ လာအောင်လုပ်ဆိုသည်မှာ (mar-keting)၊ အဆင်ပြေအောင်လုပ်ဆိုသည်မှာ (Mana-ging) သဘောတရားများဖြစ်သည်ကို ဆက်စပ်စေ့ငုမိပါသည်။

ယခင်က ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆောင်ရွက်ရာတွင် ခရီးစဉ်ဒေသဆိုင်ရာဆွဲဆောင်မှုများဖြစ်သည့် ရေမြေတောတောင်သဘာဝအလှအပများ၊ ဘုရားစေတီပုထိုးများ၊ တိုင်းရင်းသားများ၏ ဝတ်စားနေထိုင်မှုပုံစံများ၏ ဓာတ်ပုံများကို ဆိုင်ရာအချက်အလက်များ၊ Storytelling ပုံစံရေးသားဖော်ထုတ်ချက်များဖြင့် စာအုပ် (Booklet)၊ လက်ကမ်းစာစောင် (Pamphlet) များရိုက်နှိပ်၍ ထုတ်ဝေဖြန့်ချိရသည်။ ပြည်ပနိုင်ငံရှိ သံရုံးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်ပို့ဆောင်၍ ဖြန့်ဝေရသည်။ ပြည်ပနိုင်ငံများသို့ အလုပ်ရုံဆွေးနွေးပွဲ၊ အစည်းအဝေးသွားရောက်သူများနှင့် ထည့်ပေး၍ ကိုယ့်နိုင်ငံရှိ ခရီးသွားဆွဲဆောင်မှုများကို သိရှိရန်ဆောင်ရွက်စေရသည်။ ထို့နောက် နိုင်ငံတကာတွင် ကျင်းပပြုလုပ်သောခရီးသွားပြပွဲများတွင် သွားရောက်ပါဝင်ပြသရသည်။ ကိုယ်ဈေးကွက်ရှာဖွေဖိတ်ခေါ်လိုသော နိုင်ငံများမှ ခရီးသွားလုပ်ငန်းဆောင်ရွက်သူများ၊ မီဒီယာများကို မိမိနိုင်ငံသို့ရင်းနှီးကျွမ်းဝင်မှုရှိစေရေးအတွက် အလည်အပတ်ခရီးစဉ်ခေါ်ဆောင်ခြင်း (Famili-arization Trip)တို့ကို လုပ်ဆောင်ရသည်။ သိအောင် လုပ်ခြင်း (Promotion) ဖြစ်ပါသည်။

ယနေ့ကာလတွင် နည်းပညာပိုင်းဆိုင်ရာ တိုးတက်ဖြစ်ထွန်းလာသည်နှင့်အတူ ခရီးသွားမြှင့်တင်ခြင်းသည်လည်း သမားရိုးကျလုပ်ငန်းစဉ်များမှ ဖောက်ထွက်ကာ အပြိုင်အဆိုင်ဖြစ်လာသည်ကို တွေ့ရှိလာရသည်။ ထင်ရှားကျော်ကြားသူများအား ခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ်စေကာ လူမှုကွန်ရက်မှ မြှင့်တင်ကြော်ငြာကြသည်။ ခရီးသွားဝက်ဘ်ဆိုက်များ တည်ထောင်၍ ဘာသာစကားမျိုးစုံဖြင့် ဖတ်ရှုနိုင်စေရန် လုပ်ဆောင်ကြသည်။ မိမိဝက်ဘ်ဆိုက် ပိုမိုလူသိများစေရန် Search Engine Optimization (SEO) ပြုလုပ်ကြသည်။

ခရီးသွားလုပ်ငန်းမြှင့်တင်မှုမီဒီယံ (Medium) သည် သိသာထင်ရှားစွာ ပြောင်းလဲသွားသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ထိတွေ့ကိုင်တွယ်နိုင် သော ခရီးသွားမြှင့်တင်ရေး(Tangible) မှသည် ထိတွေ့ကိုင်တွယ်မရသော ခရီးသွားမြှင့်တင်ရေး (Intangible) အသွင်သို့ ပြောင်းလဲသွားခြင်းဖြစ်ပါသည်။ အကျိုးရလဒ်မှာ ရွှေ့ပြောင်းသယ်ဆောင်ရမှု ဝန်ထုပ်ဝန်ပိုးလျော့ကျ၍ ပိုမိုမြန်ဆန်ထိရောက်မှုရှိလာသည့် သဘောဖြစ်ပါသည်။ သို့သော် များပြားလှသော ဒစ်ဂျစ်တယ်ပရိုမိုးရှင်းများကြားတွင် မိမိ၏ထုတ်ကုန်သည် စွဲထင်ကျန်ရစ်စေရန် ခက်ခဲလာသည်။ ထိတွေ့ကိုင်တွယ်၍မရသော (Intangible Promotion) များသည် ပျောက်ကွယ်လွယ်သော (Perishable) စိန်ခေါ်မှုအခက်အခဲရှိသည်။ ထို့ကြောင့် ဆန်းသစ်သော စိတ်ကူးဉာဏ် (Innovative Thinking) တီထွင်ဖန်တီးမှုများဖြင့် ယှဉ်ပြိုင်ထုတ်ဖော်လာကြသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။

ခရီးသွားမြှင့်တင်သည်ဟုဆိုရာတွင် မည်သို့မြှင့်တင်သည်ကိုဖော်ပြပြီးသော် ခရီးသွားလုပ်ငန်းသည် ကျယ်ပြန့်သော သဘောသဘာဝရှိသည့် အလျောက်မည်သည်ကို မြှင့်တင်ရပါမည်နည်းဟူသော မေးခွန်းသည် ဆက်လက်ပေါ်ပေါက်လာခဲ့သည်။ ရိုးရှင်းစွာတင်ပြရပါလျှင် ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းသည် ခရီးသွားထုတ်ကုန်များ (Touri-sm Products) များကို မြှင့်တင်ခြင်းပင် ဖြစ်ပါသည်။

Tourism Product နှင့်ပတ်သက်၍ ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်းမှ မိတ်ဆွေတော်တော်များများက စာရေးသူထံ ဆွေးနွေးမေးမြန်းမှုများရှိခဲ့ပါသည်။ ခရီးသွားလုပ်ငန်းနယ်ပယ်မှ မဟုတ်သော မိတ်ဆွေအချို့လည်း လှမ်းဆက်သွယ်မေးမြန်းကြတာရှိပါသည်။ အချို့က မုန့်ဟင်းခါးသည် Tourism Product ဟုတ်ပါသလားဟု မေးမြန်းသည်ပင်ရှိပါသည်။ မြန်မာ့ခရီးသွားလုပ်ငန်းနယ်ပယ်တွင် Tour Operation လုပ်သောပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှလွဲ၍ Tourism Product နှင့် စပ်လျဉ်း၍ ထဲထဲဝင်ဝင် သုံးသပ်ဆွေးနွေးမှုမျိုးများစွာမရှိလှသည်ကို သတိပြုခဲ့မိပါသည်။ မိမိအနေဖြင့် မိမိနားလည်လက်ခံထားသော အသိပညာဗဟုသုတအနည်းငယ်အတွင်းမှပင် လက်လှမ်းမီသလောက် ပြန်လည်ရှင်းလင်းဆွေးနွေးဖြစ်ခဲ့ပါသည်။

Tourism Product ကို ခရီးသွားလုပ်ငန်းထုတ်ကုန်ဟု မြန်မာမှုပြုကြသည်ကို တွေ့ရလေ့ရှိရာ ထုတ်လုပ်မှုထုတ်ကုန် (A product of a manufacturing) နှင့် ရောထွေးနားလည်ကြဟန်တူပါသည်။ ဤနေရာတွင် Product ထုတ်ကုန်ဟု ခေါ်ဝေါ်သုံးစွဲရသည်မှာ ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏ ဝန်ဆောင်မှုပို့ကုန်ကဏ္ဍ Export Sector တစ်ခုအဖြစ် သတ်မှတ်ကြသောကြောင့် ဖြစ်ပါသည်။ မိမိသိမှတ်နားလည်ထားမှုအရမူ Tourism Product ဆိုသည်မှာ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ ခရီးစဉ်ဒေသသို့ လာရောက်လေ့လာ လည်ပတ်စားသုံးသော အရာကို Tourism Product ဟု ခေါ်ဆိုနိုင်သည်ဟု သုံးသပ်ပါသည်။ ဥပမာ- မုန့်ဟင်းခါးသည် မြန်မာ့ရိုးရာအစားအစာ တစ်မျိုးဖြစ်ပါသည်။ ပြည်တွင်း(သို့မဟုတ်) ပြည်ပဧည့်သည်များသည် (ဒေသတစ်ခုသို့) အဆိုပါမုန့်ဟင်းခါးကို မြည်းစမ်းစားသုံးရန် သွားရောက်လည်ပတ်သည်ဆိုလျှင် မုန့်ဟင်းခါးသည် ခရီးစဉ်ဒေသ၏ ခရီးသွားလုပ်ငန်းထုတ်ကုန် (Tourism Product) ပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ယဉ်ကျေးမှုနှင့် ရေမြေတောတောင်သဘာဝအလှအပများကို တွေ့ထိခံစားလို၍ လာရောက်လည်ပတ်ကြသည်ဆိုပါက အဆိုပါရေမြေတောတောင် သဘာဝများနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများသည် Product များ ပင်ဖြစ်ပါသည်။ ဤတွင် တွေ့ထိခံစားလို၍ဟုဆိုရာ Product များသည် ထိတွေ့ကိုင်တွယ်နိုင်သော Tangible များဖြစ်နိုင်သလို ခံစားရုံသက်သက်ဖြစ်သော Intangible များလည်း ဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။

အကယ်စင်စစ် Tourism Product များသည် ကွဲပြားရှုပ်ထွေးသော သဘောသဘာဝရှိပါသည်။ ခရီးသွားလုပ်ငန်းသဘောသဘာဝအရ များပြားသော စီးပွားရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုအစိတ်အပိုင်းများပါဝင်နေခြင်းကပင် Tourism Product များတွင် မတူကွဲပြားသောအရာများ ဟန်ချက်ညီစွာပါဝင်နေသည်ကို သိနိုင်ပါသည်။ Tourism Product များသည် ခရီးသွားဧည့်သည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသောအရာများ ဖြစ်ပါသည်။ လူသားများ မိမိနေထိုင်ရာဒေသမှ အခြားဒေသတစ်ခုသို့ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ခရီးသွားလာရာတွင် ၎င်းတို့လိုအပ်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့်အရာများ ဖြစ်ပါသည်။

ယင်းလိုအပ်ချက်များတွင် ဦးစားပေးလိုအပ်ချက်နှင့် အဖြည့်ခံလိုအပ်ချက်ဟူ၍ နှစ်မျိုးထပ်မံခွဲခြားနိုင်ပါသည်။ ဥပမာအားဖြင့် ကမ္ဘာလှည့်ခရီးသွားတစ်ယောက်သည် ပုဂံသို့ လာရောက်လည်ပတ်ရာတွင် ပုဂံ၏ရှေးဟောင်းယဉ်ကျေးမှု ဝိသေသလက္ခဏာများကို စူးစမ်းလေ့လာလိုခြင်းသည် ၎င်း၏ ဦးစားပေးကနဦးလိုအပ်ချက်ဖြစ်ပြီး ပုဂံဒေသသို့ လာရောက်ရာတွင် တည်းခိုနေထိုင်ခြင်း၊ တစ်နေရာမှ တစ်နေရာသို့ သွားလာရေးအတွက် သယ်ယူပို့ဆောင်ရေးယာဉ်အသုံးပြုခြင်း၊ အစားအစာများ ဝယ်ယူစားသောက်ခြင်းတို့သည် အဖြည့်ခံလိုအပ်ချက်များပင် ဖြစ်ပါသည်။ အဆိုပါဧည့်သည်၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော ပုဂံ၏ယဉ်ကျေးမှုဝိသေသလက္ခဏာများ၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့် သယ်ယူပို့ဆောင်ရေးတို့သည် Tourism Product များပင် ဖြစ်ပါသည်။

Tourism Product များသည် အခြားသောထုတ်လုပ်မှု ထုတ်ကုန်များကဲ့သို့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတစ်ခုတည်းက ထုတ်လုပ်ပေးနိုင်သော အရာများမဟုတ်ပေ။ ခရီးသွားဧည့်သည်တစ်ဦး၏ ပြီးပြည့်စုံသော ခရီးစဉ်အတွေ့အကြုံကို များစွာသော Tourism Product များက ပံ့ပိုးဖြည့်ဆည်းပေးရပါသည်။ လေကြောင်းလိုင်းများနှင့် မော်တော်ယာဉ်များ၊ ဟိုတယ်အခန်းများ၊ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းများနှင့် ခရီးသွားလုပ်ငန်းအေဂျင်စီများမှ ရောင်းချပေးလိုက်သော လှည့်လည်ပြသရေးခရီးစဉ်များသည် ခရီးသွားဧည့်သည်များ၏ ခရီးစဉ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးသော ထုတ်ကုန်များ ဖြစ်ပါသည်။

အမေရိကန်စီးပွားရေးနှင့် ဈေးကွက်ပညာရှင်ဖိလစ်ကော့တလာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ Product များသည် ဈေးကွက်၏ အာရုံစူးစိုက်မှုကိုရရှိပြီး ဝယ်ယူသုံးစွဲမှုနှင့် စားသုံးမှုရရှိစေသော အရာကိုခေါ်ဆိုပါသည်။ ယင်းအရာသည် လိုအင်ဆန္ဒတစ်ခု (သို့မဟုတ်) လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးနိုင်သောအရာများ ဖြစ်ပါသည်။ သို့ဆိုလျှင် Tourism Product များသည် ခရီးသွားဧည့်သည်များ လာရောက်လေ့လာလည်ပတ်နိုင်စေရန်ဈေးကွက်တွင် တင်သွင်းရောင်းချနိုင်သော အရာများဖြစ်ရပါမည်။ ထိုသို့ဆိုလျှင် ဈေးကွက်သို့ တင်သွင်းရောင်းချခြင်းမပြုနိုင်သော အရာများကို Tourism Product ဟုခေါ်ဆို၍ ရနိုင်မည် မဟုတ်ပေ။

ယနေ့ခေတ်ကာလတွင် လူသားတို့၏ ကွဲပြားခြားနားသော စရိုက်လက္ခဏာ၊ ရည်ရွယ်ချက်နှင့် ဝါသနာတို့အပေါ်မူတည်၍ ခရီးသွားလုပ်ငန်းအမျိုးအစားများစွာဖြစ်ပေါ်လာခဲ့ရာ Tourism Product များသည်လည်း ပိုမိုကွဲပြားစွာပေါ်ထွက်လာသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ဆေးကုသမှုပြုလုပ်ရန် ဆောင်ရွက်သော ခရီးသွားလုပ်ငန်း၊ အားကစားနှင့်ပတ်သက်သော ခရီးသွားလုပ်ငန်း၊ ပညာရေး၊ စီးပွားရေးနှင့် ပတ်သက်သော ခရီးသွားလုပ်ငန်းစသည်တို့တွင် Tourism Product များသည် အခြားသော ခရီးသွားလုပ်ငန်းများနှင့် များစွာခြားနားသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။

 ခရီးသွားလုပ်ငန်းထုတ်ကုန်များကို မြှင့်တင်ခြင်းသည် ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းပင်ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းထုတ်ကုန် Tourism Product များကို ချဲ့ထွင်ဆောင်ရွက်သော်လည်း မြှင့်တင်ခြင်း (Promotion) လုပ်ငန်းစဉ်ဆောင်ရွက်ချက်မပါဝင်ပါက ပြီးပြည့်စုံသော လုပ်ငန်းကဏ္ဍအဖြစ် ထွက်ပေါ်လာမည်မဟုတ်ပေ။ ထို့ကြောင့် ခရီးသွားလုပ်ငန်းထုတ်ကုန်နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆောင်ရွက်ချက်တို့ ဟန်ချက်ညီညီပေါ်ထွက်လာစေရေး ခရီးသွားလုပ်ငန်း အကျိုးမျှော်၍ နှိုးဆော်ရေးသားလိုက်ရပါသည်။      ။

MOI

စည်သူကျော်

အမှန်တကယ် အလုပ်လုပ်ရန်သာ လိုပါသည်
-

စီးပွားရေးနှင့် ပြည်သူ့ဘဝသည် ဆက်စပ်မှုရှိသကဲ့သို့ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုသည်လည်း တစ်ခုနှင့်တစ်ခု အမှီသဟဲပြုနေပါသည်။ ဆက်စပ်မှုအားလုံးက အပြန်အလှန်ဖြစ်နေသည့်သဘော ဆောင်ပါသည်။ တစ်ခုကောင်းလျှင် ကျန်တာအားလုံး လိုက်ပါကောင်းမွန်လာမည်၊ ကျွဲကူးရေပါဖြစ်ပါသည်။ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ အပြန်အလှန် အထောက်အကူပြုမှုများလည်းပါနေမည်၊၊ ဤသို့ သဘောများနှင့်အတူ မြန်မာနိုင်ငံအရေးတွင်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို တစ်ပြိုင်တည်းတိုးတက်ရန်အတွက် ဟန်ချက်ညီညီဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် နေကြသည်ကို တွေ့မြင်ရ

စီးပွားရေးနှင့် ပြည်သူ့ဘဝသည် ဆက်စပ်မှုရှိသကဲ့သို့ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုသည်လည်း တစ်ခုနှင့်တစ်ခု အမှီသဟဲပြုနေပါသည်။ ဆက်စပ်မှုအားလုံးက အပြန်အလှန်ဖြစ်နေသည့်သဘော ဆောင်ပါသည်။ တစ်ခုကောင်းလျှင် ကျန်တာအားလုံး လိုက်ပါကောင်းမွန်လာမည်၊ ကျွဲကူးရေပါဖြစ်ပါသည်။ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ အပြန်အလှန် အထောက်အကူပြုမှုများလည်းပါနေမည်၊၊ ဤသို့ သဘောများနှင့်အတူ မြန်မာနိုင်ငံအရေးတွင်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို တစ်ပြိုင်တည်းတိုးတက်ရန်အတွက် ဟန်ချက်ညီညီဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် နေကြသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။

လက်ရှိအခြေအနေနှင့် အတိတ်ပစ္စုပ္ပန်အခြေအနေများကို ချိန်ထိုး၍

မြန်မာနိုင်ငံသည် လက်ရှိကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးအလှုပ်အခတ်များစွာဖြင့် အရိုက်အပုတ်ခံရသည့် နိုင်ငံများစွာထဲက တစ်နိုင်ငံဖြစ်နေပါသည်။ နိုင်ငံများစွာတွင် ဖြစ်ပွားနေသော ပြင်းထန်ဆိုးရွားလှသည့် သဘာဝဘေး၊ အချို့စစ်ဘေးတို့ကြောင့် ကမ္ဘာကြီးတစ်ခုလုံး၌ တည်ငြိမ်မှုကင်းမဲ့နေသကဲ့သို့ပင် လွတ်လပ်ရေးနှင့်အတူပါလာသည့် သူတစ်လူ၊ ငါတစ်မင်း ပြည်တွင်းသောင်းကျန်းမှုမျိုးစုံ၊ ပြည်ပစွက်ဖက်မှုမျိုးစုံတို့ကို ဆန့်ကျင်အန်တုနေရသည့် မြန်မာနိုင်ငံတွင်လည်း တည်ငြိမ်အေးချမ်းမှုဆိုသည်ကို ခေတ်အဆက်ဆက် ကြိုးစားတည်ဆောက် နေရဆဲဖြစ်ပါသည်၊၊

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်နေရသကဲ့သို့ တစ်ဖက်တွင်လည်း စီးပွားရေးတိုးတက်ရန်နှင့်နိုင်ငံကို တည်ငြိမ်ပြီး ဘက်စုံဖွံ့ဖြိုးအောင် တစ်ပြိုင်တည်း ကြိုးပမ်းထမ်းဆောင်နေရသည့် အခြေအနေဖြစ်နေပါသည်။ လက်ရှိကမ္ဘာနှင့် မြန်မာ့အခြေအနေများအရ နိုင်ငံဖွံ့ဖြိုးရေး Agenda များစွာအနက် အချို့ကို တစ်ခုပြီးမှတစ်ခု၊ အချို့ကို တစ်ပြိုင်တည်းဆောင်ရွက်နေရသည့်အခြေအနေကို တွေ့ရမည်ဖြစ်ပါသည်။

ဤနေရာတွင် နိုင်ငံ့စီးပွားရေးကဏ္ဍ လက်ရှိအခြေအနေကို မီးမောင်းထိုးပြပြီး တိုးတက်မှုနှင့် လိုအပ်ချက်အချို့ကို လှစ်ဟနိုင်ခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ စီးပွားရေးနှင့်ပတ်သက်ပြီး ပြုလုပ်ခဲ့သော နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော် အကြီးအကဲပြောကြားခဲ့သည့် လမ်းညွှန်ချက်များမှ ကောက်နုတ်တင်ပြလိုသော အချက်များရှိပါသည်။

ယနေ့စီးပွားရေးအခြေအနေများအပေါ်၌

နိုင်ငံတော်အကြီးအကဲက ယနေ့ခေတ် မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်မြင်ရန် အမြဲတိုက်တွန်းမှာကြားလေ့ရှိပါသည်။ စိုက်ပျိုးမွေးမြူရေးအခြေခံကောင်းများရှိနေသည့် အခွင့်အလမ်းကို မလွတ်တမ်းဆုပ်ကိုင်နိုင်ရေး အရေးကြီးပုံကို ပြောကြားနေခြင်းဖြစ်ပါသည်။ လက်ရှိအခြေအနေအရ မိမိတို့နိုင်ငံ၌ ဆန်၊ ဆီ၊ အသားငါး စားရေရိက္ခာဖူလုံရန်နှင့် ပြည်ပသွင်းကုန်အစားထိုးနိုင်ရန် ပိုပြီးအဓိကကျနေပါသည်။ အခြေခံစားကုန်သောက် ကုန်များဖူလုံမှုရှိလျှင် သင့်တင့်သည့်နှုန်းထား တစ်ခုတွင် ကုန်စည်စျေးနှုန်းများလည်း ကျဆင်းသွားမည်ဖြစ်ကြောင်း သုံးသပ်ပြခဲ့ပါသည်။

ဆန်ဖူလုံမှုရှိသော်လည်း ဆီဖူလုံမှုမရှိသည့်အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး ထောက်ပြခဲ့ပါသည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးစသည့်မီးဖိုချောင်သုံးသီးနှံများကို ပိုမိုစိုက်ပျိုးထုတ်လုပ်ရန် လမ်းညွှန်ခဲ့သည်ကို တွေ့ရပါသည်။ ပြည်ပသွင်းကုန် အစားထိုးမည်ဆိုလျှင် ပြည်တွင်းစီးပွားရေးကို အားပေးရမည်။ ပြည်တွင်းစီးပွားရေးကို အားပေးမှသာ အရည်အသွေးမီထုတ်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပြည်တွင်းထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင် မှလည်း နိုင်ငံခြားဝင်ငွေတိုးလာမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

စိုက်ပျိုးမွေးမြူရေးတွင် ခေတ်မီပြီး အဆင့်မီအောင် တိုးတက်အောင် ဘယ်လိုလုပ်နိုင်မလဲ ဆိုသည့်နည်းလမ်းကို စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF ၂၀၂၅) မှ အပြန် စီးပွားရေးအခြေခံစက်မှုနိုင်ငံဖြစ်နေသည့် ဘယ်လာရုစ်နိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Republic of Buryatia တို့သို့ သွားရောက်လေ့လာပြီး အောင်မြင်နေသည့် စိုက်ပျိုးမွေးမြူရေးမှတစ်ဆင့် GDP တိုးတက်နေမှု အခြေအနေများကို ဥပမာပေးထောက်ပြခဲ့သည်ကို တွေ့ရပါသည်။ တစ်ဆက်တည်းတွင် မိမိပြည်တွင်း၌လည်း စပါးစိုက်ပျိုးရေး အထွက်နှုန်းတိုးစေရန်အတွက် စိုက်နည်းစနစ်ပိုင်းအထိ လမ်းညွှန်ချက်များပေးခဲ့သည်ကို တွေ့ရှိရပါသည်။

အညွှန်းကိန်းများမှတစ်ဆင့်

နောက်တစ်ချက်မှာ ဆင်းရဲမွဲတေမှု အညွှန်းကိန်းမြင့်တက်လာမှု အခြေအနေပါ။ ဆင်းရဲမွဲတေမှုနှင့်ပတ်သက်ပြီး သုံးသပ်မှုများရှိခဲ့သည့်အပေါ် စီးပွားရေးလုပ်ငန်းများ မတိုးတက်ရခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆက်နွှယ်မှု ဖြစ်နိုင်ခြေ အကြောင်းတရားများကို ရှာဖွေဖော်ထုတ်ပြီး ဆင်းရဲသူလူတန်းစားအရင်းအမြစ်ဖြစ်သည့် ကျေးလက်နေပြည်သူများအတွက် အဓိကထားပြီး ကိုယ်ချင်းစာစိတ်ဖြင့် အောင်မြင်အောင် အလုပ်လုပ်ရန် ထောက်ပြချက်က အလွန်အဖိုးတန်လှပါသည်။

ပြောကြားချက်များစွာအနက် နိုင်ငံတွင်ရှိသည့် အလုပ်လုပ်နိုင်သော လူ့စွမ်းအားအရင်းအမြစ်ကို အကျိုးရှိရှိအသုံးချရန် မှာကြားချက်တစ်ခုကိုလည်း သတိထားမိပါသည်။ နိုင်ငံတွင် အလုပ်လုပ်နိုင်မည့် ရေခံမြေခံကောင်းများရှိပြီးဖြစ်သည့်အတွက် “အမှန် တကယ်အလုပ်လုပ်ရန်သာ” လိုအပ်ကြောင်းနှင့် အလုပ်လုပ်နိုင်ရေးဖန်တီးပေးရန် လိုအပ်နေသည့် အချက်များကို ထပ်မံဖြည့်စွက်ပြီး သုံးသပ်မှာကြားသွားသည်ကို လေ့လာမိလိုက်ပါသည်။

သုံးသပ်ထောက်ပြမှုများထဲမှ မြန်မာနိုင်ငံ GDP မျှော်မှန်းချက်များကို ကမ္ဘာ့ဘဏ်ဖော်ပြချက်များနှင့် နှိုင်းယှဉ်ပြီး လေ့လာမိပါသည်။ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံစီးပွားရေးတိုးတက်မှုပြ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး/ စုစုပေါင်းပြည်တွင်း ဝင်ငွေ GDP တန်ဖိုးကို ယခင်က ၂ ဒသမ ၅ ရာခိုင်နှုန်းရှိရန် မျှော်မှန်းခဲ့ရာမှ ယခုအနုတ်၂ ဒသမ ၅ အထိ ကျဆင်းနိုင်ကြောင်း ခန့်မှန်းလာပါသည်။ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးတိုးတက်မှု မျှော်မှန်းချက်ကို ကြီးကြီးမားမားထားပြီး ကြိုးစားဆောင်ရွက် နေသည့်အတွက် ယခုလိုကမ္ဘာ့ဘဏ်ခန့်မှန်းချက်မှာ အနုတ်လက္ခဏာပြနေသည့် ကွာဟချက်များကို ကျဉ်းနိုင်သမျှ ကျဉ်းမြောင်းအောင် ဆောင်ရွက်ရမည့်တာဝန်များ မိမိတို့တွင်ရှိလာပြီ ဖြစ်ပါသည်။ အမှန်တကယ် ကြိုးစားဆောင်ရွက်ကြလျှင် စီးပွားရေးတိုးတက်မှုပြ Indicator များမြင့်တက်လာမည်ဖြစ်ကြောင်း မှာကြားခဲ့သည့်အပေါ် ယုံကြည်မှုရှိစွာ ဆောင်ရွက်ရမည်ဟု ခံယူပါသည်။

ယနေ့ နိုင်ငံအကြီးအကဲ၏ စေတနာနှင့် တိုက်တွန်းနှိုးဆော်ချက်များသည် အမှန်တကယ် လိုက်နာဆောင်ရွက်ရမည့်အချက်များ ဖြစ်ပါသည်။ အထူးသဖြင့် ယနေ့မျိုးဆက်သစ်လူငယ်များအနေဖြင့် စကားလုံးများအပေါ် အလေးအနက်ထားခံယူပြီး ပိုင်းခြားစိတ်ဖြာတတ်သည့်အကျင့် ရှိသင့်ပါသည်။ “အမှန်တကယ် အလုပ်လုပ်ရန်လိုပါမည်”ဟူ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့် ဆန့်ကျင်ဘက်သဘောမှာ လက်တွေ့နှင့်မကိုက်ညီဘဲ စိတ်ကူးယဉ်ဆန်စွာ အလုပ်လုပ်ပြခြင်း ဖြစ်ပါသည်။

နိုင်ငံတော်အကြီးအကဲ၏ မိန့်ခွန်းတွင် ထပ်တလဲလဲသုံးနှုန်းသွားသည့် “အမှန်တကယ်” ဆိုသောစကားလုံးမှာ စွမ်းဆောင်ရည်မြင့်မြင့် မားမား၊ ထိထိရောက်ရောက်ဖြင့် ကြိုးစားဆောင် ရွက်မည်ဆိုသော တိုးတက်မှုအမြင်များ ပါဝင်နေ သည်ဟု မြင်မိပါသည်။ မိမိတို့ အမှန်တကယ် အလုပ် လုပ်သည့်အခါ အမှားများ၊ မအောင်မြင်မှုများမှ ရုန်းထွက်နိုင်ရမည်၊ ပတ်ဝန်းကျင်နိုင်ငံများ၏ တိုးတက်မှုများမှ သင်ယူနိုင်ရမည်။ မည်သည့် အလုပ်ကိုလုပ်လုပ် မိမိကိုယ်မိမိ ယုံကြည်မှုရှိရန် လိုပါသည်။ တိုးတက်လိုသည့်စိတ်ဓာတ်ကို သားစဉ်မြေးဆက် မျိုးဆက်သစ်များအထိ သယ်ဆောင်သွား လိုသည့် ဖွံ့ဖြိုးမှုအမြင်အထိ ပေါင်းစပ်ပြီး နိုင်ငံအတွက် ပိုကောင်းအောင်ကြိုးစားနိုင်ရပါမည်၊၊ မိမိ တို့အားလုံး လက်တွေ့ကျသည့် တိုးတက်မှုအတွေးနှင့် ဖွံ့ဖြိုးမှုအမြင် (Growth and Development mindset) များကို အကောင်းဆုံးပုံဖော်ပြီး အမှန် တကယ် အလုပ်လုပ်ကြရန်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    ။

MOI

မိုးမြင့်

မေ့မရနိုင်သည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ပုံရိပ်
-

“နှစ်လနာရီ xxx  ခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့်  မမေ့သင့်ပါသလေ xxx ယနေ့ အဖြစ် သတိတရားထားဖို့အခြေ xx အများပြည်သူတွေ xxx အများပြည်သူတွေ xxxx အာဇာနည်နေ့ကိုလေတွေးရှုကာပဲ အလေးပြုပါမယ်လေ xxx ” ဆိုသည့် တေးသံရှင်မေလှမြိုင်၏ သီချင်းသံသည်နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ၏ မိုးရေစက်များကြားတွင် ပျံ့လွင့်နေဆဲဖြစ်သည်။ ထိုသီချင်းသံကို  ကြားရတိုင်း အာဇာနည်ကြီးများ၏   နိုင်ငံအတွက် စွန့်လွှတ်အနစ်နာခံမှု၊ မျိုးချစ်စိတ်ဓာတ်နှင့် မြင့်မြတ်သောစိတ်ထားတို့အား သတိရကြမြဲဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် အာဇာနည်ကြီးများ အသက်ပေးဆပ်ခဲ့သည့် အာဇာနည်နေ့သည် ၇၈ 

“နှစ်လနာရီ xxx  ခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့်  မမေ့သင့်ပါသလေ xxx ယနေ့ အဖြစ် သတိတရားထားဖို့အခြေ xx အများပြည်သူတွေ xxx အများပြည်သူတွေ xxxx အာဇာနည်နေ့ကိုလေတွေးရှုကာပဲ အလေးပြုပါမယ်လေ xxx ” ဆိုသည့် တေးသံရှင်မေလှမြိုင်၏ သီချင်းသံသည်နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ၏ မိုးရေစက်များကြားတွင် ပျံ့လွင့်နေဆဲဖြစ်သည်။ ထိုသီချင်းသံကို  ကြားရတိုင်း အာဇာနည်ကြီးများ၏   နိုင်ငံအတွက် စွန့်လွှတ်အနစ်နာခံမှု၊ မျိုးချစ်စိတ်ဓာတ်နှင့် မြင့်မြတ်သောစိတ်ထားတို့အား သတိရကြမြဲဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် အာဇာနည်ကြီးများ အသက်ပေးဆပ်ခဲ့သည့် အာဇာနည်နေ့သည် ၇၈  နှစ်တိုင်ခဲ့ပြီဖြစ်သည်။  အိန္ဒိယလူမျိုးတို့သည် ဂန္ဒီကိုမမေ့ကြသလို၊  ဗီယက်နမ်တို့သည်လည်း ဟိုချီမင်းကိုမမေ့ခဲ့ကြပေ။ အလားတူ မြန်မာလူမျိုးတို့သည်လည်း နှစ်ကာလများ မည်မျှပင်ကြာသွားပါစေ  ရင်ထဲ နှလုံးသားထဲတွင်  ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦးတို့အား  အစဉ်အမြဲသတိရလေးစားနေမည်သာဖြစ်သည်။

လွန်ခဲ့သည့် ၁၉၄၇ ခုနှစ် ဇူလိုင်လ၏ မိုးရေစက်များအောက်တွင် မြန်မာ့သမိုင်း၏တိုင်းပြည်အတွက်  ဆုံးရှုံးမှုကြီးမားသော   မမေ့နိုင်စရာဖြစ်ရပ်ဆိုးကြီး

ဖြစ်ပွားခဲ့သည်။     တိုင်းတစ်ပါးလက်အောက်မှ  လွတ်မြောက်အံ့ဆဲဆဲ ကာလတွင်ပင် နယ်ချဲ့လက်ပါးစေတို့၏  လုပ်ကြံသတ်ဖြတ်မှုကြောင့်  ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများသည် လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ပေးဆပ်ခဲ့ရရှာသည်။   ထိုနေ့တွင်   ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချို၊  ဦးဘဝင်း၊ ဦးရာဇတ်၊  သခင်မြ၊  မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊  မန်းဘခိုင်၊  အတွင်းဝန် ဦးအုန်းမောင်နှင့်  သက်တော်စောင့်  ရဲဘော်ကိုထွေးတို့  ကျဆုံးခဲ့ရသည်။   ဇူလိုင်မိုးဖွဲများနှင့်အတူ   ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်  တိုင်းပြည်အတွက် အစားထိုးမရနိုင်သောသူ ကြွေလွင့်သွားခဲ့ရသည်။

ထိုနေ့ကို  အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး ထိုနေ့ရောက်တိုင်း အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတစ်ဝန်းကျင်းပကာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခြင်း၊ ကျဆုံးချိန် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ  ဥဩဆွဲအချက်ပေးခြင်း၊ထိုအချိန်တွင်  သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ကာ ဟွန်းတီးခြင်းတို့ကို ပြုလုပ်ကြသည်။ လှည်းနေလှေအောင်း မြင်းဇောင်း မကျန်အောင် ပြည်သူအားလုံး ဦးညွှတ်အလေးပြုကြသည်။ ထို့ပြင် အနယ်နယ်အရပ်ရပ်၌ အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ကုသိုလ်ပြုအမျှဝေခြင်း အခမ်းအနားများကို ပြုလုပ်ကြသည်။

အာဇာနည်ဟူသည်

မြန်မာအဘိဓာန်တွင်  ကိုယ်ကျိုးကိုမကြည့်သူ၊ အကြောင်း ဟုတ်၊ မဟုတ်ကို ကောင်းစွာသိမြင်သူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည်ထူးကဲသာလွန်ပြီး အများအကျိုးအတွက် အသက်စွန့်ရန်ဝန်မလေးသူကို အာဇာနည်ဟုခေါ်ကြောင်း သိရသည်။ အာဇာနည်စိတ်ဓာတ်ဆိုသည်မှာ အမှန်တရားဘက်က မေတ္တာနှင့်သတ္တိတို့ဖြင့် ရပ်တည်သော စိတ်နေသဘောထားဖြစ်သည်။ အာဇာနည်စိတ်ဓာတ်ရှိသော ယောက်ျားကောင်း အာဇာနည်ဟူသည်   နေရာဒေသတိုင်း၌ မပေါ်ပေါက်နိုင်ပေ။ အာဇာနည်စိတ်ဓာတ်ရှိသော သူရဲကောင်းတို့မည်သည် ကိုယ်ကျိုး၊ ကိုယ့်ဆွေမျိုးအကျိုး၊ ကိုယ့်ပါတီအကျိုးသက်သက်ကိုသာ ကြည့်ရှုတတ်သူမဟုတ်။ နိုင်ငံ့အကျိုးကိုသာ ကြည့်ရှုတတ်သူဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံနှင့်ပြည်သူအပေါ်ထားရှိသည့်   စိတ်ဓာတ်များနှင့် ထူးခြားစွမ်းဆောင်နိုင်မှု၊  စွန့်လွှတ်စွန့်စားတတ်မှု၊ အေးဆေးတည်ငြိမ်မှု စသည့်ဂုဏ်ဒြပ်များမှာ မြန်မာပြည်သူပြည်သားများအားလုံး လေးစားဂုဏ်ယူကြရသည်ဖြစ်သလို မျိုးဆက်သစ်များအနေဖြင့်လည်း အတုယူအားကျစိတ်များဖြင့်  ဗိုလ်ချုပ်အောင်ဆန်းနှင့်သက်ဆိုင်သော အမှတ်တရများကို အောက်မေ့သတိရ မှတ်သားကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ အင်္ဂလိပ်တို့သည် တောင်တန်းဒေသနှင့် မြေပြန့်ဒေသဟူ၍  နှစ်မျိုးခွဲကာ သွေးခွဲအုပ်ချုပ်ခဲ့သည်။  အင်္ဂလိပ်တို့သည်  တောင်တန်းဒေသကို ချန်လှပ်၍  မြေပြန့်ဒေသကို လွတ်လပ်ရေး ပေးမည်ဟု ပြောသောအခါ မြန်မာတို့သည် တောင်တန်းဒေသကိုချန်၍ လွတ်လပ်ရေးမရလိုပေ။ ထို့ကြောင့် တောင်တန်းနှင့်မြေပြန့် သွေးစည်းညီညွတ်ရေးအတွက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ  ၁၂  ရက်တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ပင်လုံစာချုပ်ကြီးကိုချုပ်ဆိုကာ ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ သွေးစည်းညီညွတ်မှုကို နယ်ချဲ့တို့အားပြသနိုင်ခဲ့သည်။ ဗိုလ်ချုပ်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် လွတ်လပ်ရေးသည် အရေးကြီးသဖြင့် တောင်ပေါ်မြေပြန့်ဒေသအားလုံးကို မနားမ‌နေသွားရောက် စည်းရုံးခဲ့သည်။ စည်းလုံးညီညွတ်ရေး သမိုင်းမှတ်တိုင်ကို ပင်လုံမြေတွင် အခိုင်အမာစိုက်ထူခဲ့ကြသည်။  ဗိုလ်ချုပ်သည် တစ်နှစ်အတွင်း လွတ်လပ်ရေးရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထိုကဲ့သို့ အနုနည်းဖြင့် လွတ်လပ်ရေးပန်းတိုင်ကို တက်လှမ်းလာသော ဗိုလ်ချုပ်ကို မနာလို မရှုဆိတ်၊ မနှစ်သက်သော နယ်ချဲ့လက်ပါးစေ မျက်ကန်းနိုင်ငံရေးသမားက အကြမ်းဖက်သမားများကို လက်နက်ပေးစေခိုင်း၍ ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခဲ့သည်။

ကမ္ဘာကျော် အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီးနေရူးသည် ဗိုလ်ချုပ်အောင်ဆန်းကို “အောင်ဆန်း၏ အသိဉာဏ်နှင့် အမြော်အမြင်ကြီးမားမှုသည် သူ၏အသက်အရွယ်နှင့် မလိုက်အောင်ပင် ထူးချွန်ထက်မြက်ကြောင်း”   သုံးသပ်ခဲ့သည်။   နိုင်ငံအသီးသီးမှ ခေါင်းဆောင်များအနက် ငယ်ရွယ်နုပျိုသော၊  ထူးချွန်ထက်မြက်သော၊ သတ္တိဗျတ္တိနှင့်ပြည့်စုံသော ဗိုလ်ချုပ်အောင်ဆန်းကို နေရူးက အထူးပင်နှစ်သက်ခဲ့ကာ “အောင်ဆန်းကျဆုံးတာဟာ မြန်မာနိုင်ငံအတွက်သာမဟုတ်  အာရှနိုင်ငံအားလုံးအတွက်  အလွန်ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦး ဆုံးရှုံးရခြင်းဖြစ်တယ်” ဟု နှမြောတသစွာ မှတ်ချက်ချချီးကျူးခဲ့သည်။

နှစ်စဉ် နိုင်ငံတော်မှ နောင်လာနောက်သား  လူငယ်မောင်မယ်များ လေ့လာအတုယူနိုင်ရန် အာဇာနည်နေ့ အထူးပြပွဲအဖြစ် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချိုရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နှင့် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ   ဗိုလ်ချုပ်ပြတိုက်တို့ကို အများပြည်သူတို့ လေ့လာကြည့်ရှုနိုင်ရန် အခမဲ့ဖွင့်လှစ်ပြသပေးလျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးကြိုးပမ်းမှု ကာလအတွင်း  နေထိုင်လုပ်ကိုင်ခဲ့သည်ကို ပြန်လည်သိရှိကြရန်အတွက်ဖြစ်သည်။ အလားတူ ရန်ကုန်မြို့   အတွင်းဝန်ရုံးတွင်လည်း   ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များ  အစည်းအဝေးပြုလုပ်စဉ်  မသမာသူများ၏ လက်ချက်ကြောင့် ကျဆုံးခဲ့ရသည့်နေရာနှင့် အမှတ်တရများကို အာဇာနည်နေ့တွင်ပင် အခမဲ့ဖွင့်လှစ် ပြသပေးလျက်ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့သည် ဆင်းရဲဒုက္ခအမျိုးမျိုးခံကာ တိုင်းပြည်အတွက် အသက်ကိုပဓာနမထားဘဲ လျှို့ဝှက်စွာစွန့်စားမှုများ ပြုလုပ်ခဲ့ကြသည်။ ဗိုလ်ချုပ်နှင့် ဗမာ့တပ်မတော်၊ ပြည်သူလူထုတို့ လက်တွဲကာ ဖက်ဆစ်ဂျပန်များကို မောင်းထုတ်နိုင်ခဲ့သည်။ လွတ်လပ်ရေးရရန်အတွက် ဘိလပ်သို့သွားကာ အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုသည်။  လွတ်လပ်ရေးရရန်  လပိုင်းလောက်သာလိုတော့သည့် အချိန်တွင် သစ္စာဖောက်တို့၏ လက်ဦးမှုကိုခံလိုက်ရသဖြင့်  လွတ်လပ်ရေးရသည်ကို မြင်မသွားရရှာပေ။ အကြွေစောလွန်းသည့် ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ကြီးများအတွက် ဝမ်းနည်းမဆုံးအောင်ဖြစ်ကြရသည်။

မျက်မှောက်ကာလ အတုယူ

မျက်မှောက်ကာလတွင်လည်း ပထဝီနိုင်ငံရေးအရ အရေးပါသော မြန်မာနိုင်ငံအား  ကိုလိုနီနယ်ချဲ့ လက်ဟောင်း၊ လက်သစ်တို့က နိုင်ငံပျက်စီးစေရန်နှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုပျက်ပြားစေရန် သွေးထိုး လှုံ့ဆော်ဖန်တီး လုပ်ဆောင်နေကြဆဲပင်ဖြစ်သည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုဖြင့် လွတ်လပ်ရေးရခဲ့သော်လည်း နိုင်ငံပြန်လည်ထူထောင်ရေးအတွက် တက်ညီလက်ညီ အင်တိုက်အားတိုက် လုပ်ကြရမည့် အစား  စည်းလုံးညီညွတ်မှုတို့ပြိုကွဲကာ  နှစ်ရှည်လများကြာမြင့်စွာဖြစ်ပေါ်နေသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် လည်းကောင်း၊ လက်ရှိကာလတွင်လည်း  နိုင်ငံရေး အခက်အခဲပြဿနာကို   နိုင်ငံရေးနည်းလမ်းဖြင့် စေ့စပ်ဆွေးနွေး အဖြေရှာကြရမည့်အစား အကြမ်းဖက်ဝါဒနှင့် လက်နက်ကိုင်လိုသော  အသိမဲ့လူတန်းစားအချို့ရှိနေသည့် အတွက်လည်းကောင်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများစွာ နှောင့်နှေးခဲ့ရသည်။ အာဇာနည်ကြီးများကို လေးစားတန်ဖိုးထားသကဲ့သို့   ၎င်းတို့ချမှတ်ခဲ့သည့်   အမျိုးသားစည်းလုံး ညီညွတ်မှု၊ တိုင်းရင်းသားအားလုံး  ချစ်ကြည်ရင်းနှီးမှုများကိုလည်း  အလေးထားလိုက်နာရန် လိုအပ်ပေသည်။

သို့မှသာ အာဇာနည်ကြီးများအပေါ် သစ္စာစောင့်သိရာ၊  ကျေးဇူးဆပ်ရာ ရောက်မည်ဖြစ်သည်။ ထို့အတူ ယနေ့နိုင်ငံတော်မှ မျှော်မှန်းထားသည့် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့်       ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်  ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက်  နိုင်ငံတော်နှင့်  ပြည်သူပူးပေါင်း၍  အကောင်အထည်ဖော် သွားရမည်ဖြစ်သည်။ သို့ဖြစ်ရာ    ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် အပေါင်းတို့အား အမှန်တကယ်လေးစား မြတ်နိုးတန်ဖိုးထားကြမည်ဆိုလျှင် အာဇာနည်တို့၏ အသက်သွေးချွေးများစွာဖြင့် ပေးဆပ်ကာ အရယူပေးခဲ့သည့် လွတ်လပ်ရေးအမွေကို  မျိုးချစ်စိတ်ဓာတ်ထက်သန်ပြည့်ဝစွာဖြင့်     ကာကွယ်ထိန်းသိမ်းကာ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် ကျရာကဏ္ဍမှ ပါဝင်ရင်း   အာဇာနည်ကြီးများ၏ ပေးဆပ်မှုကို အစဉ်အမြဲသတိရ နေကြရမည်ဖြစ်ပေသည်။    ။

စံယူကြိုးစား အာဇာနည်စိတ်ထား
-

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ  သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ စဝ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊   ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့သည် နယ်ချဲ့လက်ပါးစေ မသမာသူလူ တစ်စု၏လက်ချက်ဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ကျဆုံးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများသည် ရည်မှန်းထားသော လွတ်လပ်ရေးရရှိရေး အတွက် အသက်နှင့်ခန္ဓာကို ရင်းနှီးပေးဆပ်ခဲ့သည်ဖြစ်ရာ ဇူလိုင်လ ၁၉ ရက်ကို “အာဇာနည်နေ့”   အဖြစ်သတ်မှတ်ကာ   နှစ်စဉ်ထိုနေ့ရောက်တိုင်း     အာဇာနည်ကြီးများအား အလေးပြုလျက်ရှ

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ  သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ စဝ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊   ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့သည် နယ်ချဲ့လက်ပါးစေ မသမာသူလူ တစ်စု၏လက်ချက်ဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ကျဆုံးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများသည် ရည်မှန်းထားသော လွတ်လပ်ရေးရရှိရေး အတွက် အသက်နှင့်ခန္ဓာကို ရင်းနှီးပေးဆပ်ခဲ့သည်ဖြစ်ရာ ဇူလိုင်လ ၁၉ ရက်ကို “အာဇာနည်နေ့”   အဖြစ်သတ်မှတ်ကာ   နှစ်စဉ်ထိုနေ့ရောက်တိုင်း     အာဇာနည်ကြီးများအား အလေးပြုလျက်ရှိသည်။

အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအားရည်စူး၍ ဆရာတော်၊ သံဃာတော် များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အာဇာနည်ဗိမာန်၊ အာဇာနည်ကျောက်တိုင်၊ ဗိုလ်ချုပ်ကြေးရုပ် သို့မဟုတ် ရုပ်တုရှေ့တွင် လူအများစုဝေးကာ လွမ်းသူ့ပန်းခွေချအလေးပြုခြင်း၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥဩဆွဲခြင်း၊ သွားလာသူများခေတ္တရပ်တန့်ဂါရဝပြုခြင်းများပြုလုပ်ကြသည်။ နိုင်ငံတော်အလံ ကို  တစ်ဝက်လွှင့်ထူကာ အလေးအမြတ်ပြုကြသည်။ ထိုအစဉ်အလာသည် ကောင်းမြတ်သောအစဉ် အလာတစ်ခုဖြစ်သည်။ ပို၍လေးနက်စေသည်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဖြစ်စေလိုသောဆန္ဒသဘောထားများပါရှိသည့်  မိန့်ခွန်းများနှင့်အညီ   ကျင့်ကြံအားထုတ်ကြခြင်းပင်ဖြစ် သည်။

ဗိုလ်ချုပ်သည်    နိုင်ငံလွတ်လပ်ရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်စဉ် နေရာဌာနအသီးသီး၌ အလျဉ်းသင့်သလိုမိန့်ခွန်းပြောကြားသည်။စည်းလုံးညီညွတ်ရေး၊တိုင်းပြည်ကြီးပွားရေး၊ စုပေါင်းအကောင် အထည်ဖော်ရေး၊ လုံ့လဝီရိယရှိရေး၊ စည်းကမ်းတကျရှိရေး၊ ဒီမိုကရေစီရေး၊ အမြော်အမြင်ကြီးမားရေး၊  အလုပ်လုပ်ကြရေး၊ ခေါင်းဆောင်မှုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ထွန်းကား ရေးစသည်ဖြင့်များလှစွာ သောမိန့်ခွန်းများပြောကြားခဲ့သည်။ ၁၉၄၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင် ကျင်းပသော   အရှေ့အာရှ တိုက်စစ် တစ်နှစ်ပြည့်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်တွင် “မိမိတို့ယုံကြည်သော ဝါဒအတွက် အသက်ကိုပင်စွန့်သွားကြသော အာဇာနည်များအား မိမိသည်ချီးကျူးကြောင်း၊ ထိုစိတ်မျိုးကို ကျန်ခဲ့ သူများက ထပ်တလဲလဲမွေးမြူအပ်ကြောင်း၊ အမျိုးဘာသာနှင့်နိုင်ငံအတွက်အသက်စွန့်ရန်ကြောက် နေသောနိုင်ငံတိုင်းမှာ မကြီးပွားနိုင်ကြောင်း”ထည့်သွင်းမိန့်ကြားခဲ့သည်။ ဤကားဗိုလ်ချုပ်၏ အာဇာ နည်စိတ်ဓာတ်ကိုအလေးထားသည့်  ပြယုဂ်တစ်ခုပင်ဖြစ်သည်။

အာဇာနည်ဟူသောဝေါဟာရကို   မြန်မာအဘိဓာန်တွင်  ဖွင့်ဆိုထားသည်မှာ “အကြောင်း ဟုတ်၊ မဟုတ် ကို ကောင်းစွာသိသောသူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ”ဟူ၍ဖြစ်သည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် “မိုက်ရူးရဲမဆန်ခြင်း၊ အကြောင်းကောင်းဟုတ်၊ မဟုတ်သိမြင်တတ်သော ပညာဉာဏ်အသိရှိခြင်း၊   ရဲဝံ့ပြတ်သားစွာ စွန့်လွှတ်စွန့်စားအားထုတ်ဆောင်ရွက်တတ်ခြင်း”တို့ကို တွေ့မြင်နိုင်သည်။

အထူးသဖြင့် အာဇာနည်ပုဂ္ဂိုလ်များသည် အရေးကြုံလျှင် သက်လုံကောင်းတတ်ကြသည်။ သာဓက အားဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများက  အတိအလင်း စံနမူနာပြ သပြီးဖြစ်သည်။ မြန်မာ့သမိုင်းတွင် မှတ်တမ်းမတင်၊ စာမဝင်သော်လည်း အာဇာနည်စိတ်ဓာတ်ဖြင့် တိုင်းပြည်နှင့်လူမျိုးအတွက်    သက်စွန့်ကြိုးပမ်းခဲ့သူများစွာရှိကြောင်း တွေ့ရသည်။

အမိမြန်မာနိုင်ငံတော်ကို နယ်ချဲ့ဗြိတိသျှတို့က ကျူးကျော်စစ်သုံးကြိမ်ဖြင့် မတရားသိမ်းပိုက်အုပ်ချုပ် ခဲ့သည်။  မြန်မာ့သွေးချင်းတိုင်းရင်းသားအပေါင်းတို့သည် နယ်ချဲ့ကျူးကျော်လာမှုကို အင်္ဂလိပ်၊ မြန်မာစစ် ပွဲများ၌လည်းကောင်း၊   နယ်ချဲ့တို့အုပ်ချုပ်စဉ်ကာလ၌လည်းကောင်း၊    ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုး သားလွတ်မြောက်ရေးကာလတစ်လျှောက်လုံး၌လည်းကောင်း စွန့်လွှတ်စွန့်စားစွာ ရွပ်ရွပ်ချွံချွံတိုက်ပွဲ ဝင်ခဲ့ကြသည်။   ကိုလိုနီခေတ်ဦး၊ ခေတ်လယ်၊ ခေတ်နှောင်း ကာလသုံးပါးလုံးတွင် တော်လှန်ရေး သမိုင်း ဝင်အာဇာနည်တို့၏   သူရဲကောင်းပီသသည့်စိတ်ဓာတ်ကို အထင်အရှားတွေ့မြင်နိုင်သည်။

နယ်ချဲ့ဗြိတိသျှတို့အား တော်လှန်ခဲ့သော မျိုးချစ်သူရဲကောင်းများသည် မြန်မာပြည်အရပ်ရပ်၌ သူ့နေရာ နှင့်သူ ရှိနေကြသည်။ အကြီးမားဆုံးတိုက်ပွဲများရှိသလို တိုက်ပွဲငယ်များလည်းရှိသည်။ သွေးကပြောသော တော်လှန်ရေးဖြစ်၍ အရေးကြီးသော်သွေးနီးပြီး နယ်ချဲ့ကိုတွန်းလှန်ခဲ့ကြသည်။ သာဓကအားဖြင့် ဓနုဖြူမှ  ဗိုလ်မြတ်ထွန်း၊ မလွန်မြို့ဝန် ဦးဘို၊ မင်းဘူးနယ်မှ ဗိုလ်ဥတ္တမ၊ ဗိုလ်ရွဲ၊ ဗိုလ်စောဦး၊ ဗိုလ်စောပု၊ ဗိုလ်မြိုင်ကြီး၊ မြင်းခြံနယ်မှ ဗိုလ်ရာညွန့်၊ ဗိုလ်ချို၊ ဗိုလ်လှကျော်၊ ဗိုလ်ဘိုးဆင်၊ ရမည်းသင်းမှ ဗိုလ်အောင်ဘော်၊ ဗိုလ်သီဟရာဇာ၊  နတ်မောက်မှ ဗိုလ်မင်းရောင်၊ ဝန်းသိုမှ ဦးအောင်မြတ်၊ မိုးကောင်းမှ ဦးရွှေသား၊ ဗန်းမော်မှ ဗိုလ်ဘိုးစော၊  ရှမ်းပြည်တောင်ပိုင်းမှ မြင်းစိုင်းမင်းသား၊ ဗိုလ်ရိုင်း၊ ရွှေဘိုချင်းတွင်း နယ်မှ ဗိုလ်အဂ္ဂ၊ ဗိုလ်သုံ၊  မြောက်ပိုင်းရှမ်းပြည်မှ စောရန်နိုင်၊ စောရန်ပိုင်၊ စောခမ်းလှိုင်၊ စစ်ကိုင်းနယ်မှ ဗိုလ်မင်းမို၊ ဗိုလ်ညိုဦး၊ ချင်းတောင်တန်းဒေသမှ ဗိုလ်ဆွန်ပက်၊ ဗိုလ်တွန်းဇံ၊  တောင်ပိုင်းရှမ်းပြည်မှ လင်းပင်မင်းသား၊ မိုးနဲစော်ဘွား၊   ကျိုင်းတုံစော်ဘွား၊ ကချင်ပြည်မှ ဖုန်ကန်ဒူးဝါး၊ ဆမားဒူးဝါး၊ ကယားမှ စောလှဘော်တို့မှာ ထင်ရှားသည်။

မြန်မာအမျိုးသားများနည်းတူ မျိုးချစ်မြန်မာအမျိုးသမီးများသည်လည်းအမိနိုင်ငံတော်ကို ချစ်ကြည်မြတ် နိုးစိတ်ကြီးမားစွာ မိမိတို့၏အသက်ကိုပင်မငဲ့ကွက်ဘဲ လွတ်လပ်ရေးအတွက် စွန့်စွန့်စားစားတိုက်ပွဲဝင် ခဲ့ကြသည်။ ၁၈၂၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်တွင် အထက်မြန်မာနိုင်ငံသို့ထိုးဖောက်ရန်  ချီတက်လာ သော နယ်ချဲ့တပ်မဟာနှစ်ခုကို ပြည်မြို့အရှေ့ဘက် ၁၆ မိုင်အကွာရှိ ဝက်ထီးကန်အရပ်၌ မြန်မာနှင့်ရှမ်း တပ်ဖွဲ့များက   ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်ခဲ့ကြရာထိုတိုက်ပွဲတွင် ရှမ်းအမျိုးသမီးသုံးဦးကလည်း   မိမိတို့၏အသက်ကိုပင်ပေးဆပ်၍ အမိနိုင်ငံလွတ်လပ်ရေးအတွက် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့ကြ သည်။

၁၈၈၉ ခုနှစ်တွင် တောင်ပေါ်ဒေသများကို သိမ်းပိုက်စိုးမိုးရန် ချီတက်လာသော နယ်ချဲ့ဗြိတိသျှတပ် များအား ချင်းမျိုးချစ်တော်လှန်ရေးတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့ကြသည်။ ယင်းသို့နယ် ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများအနက် ထင်ရှားသည့်တိုက်ပွဲမှာ ချင်းပြည်နယ် တာတန်ရွာရှယ်လုံးခံတပ်၌ ၁၈၈၉ ခုနှစ် မေလ ၄ ရက်ကဖြစ်ပွားခဲ့သော နယ်ချဲ့ဆန့်ကျင်ရေး ရှယ်လုံးခံတပ်တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲတွင် ချင်းအမျိုးသမီးများကိုယ်တိုင်   လက်နက်စွဲကိုင်တိုက်ပွဲဝင်ခဲ့ကြရာ တိုက်ပွဲအပြီး ချင်းမျိုး ချစ်တော်လှန်ရေးသမား ၂၇ ဦး ကျဆုံးခဲ့သည့်အနက် ချင်းအမျိုးသမီးတော်လှန်ရေးမယ် ရှစ်ဦးပါဝင်သွား ခဲ့သည်။

ထိုသို့ နယ်ချဲ့အားလက်နက်စွဲကိုင်တော်လှန်တိုက်ခိုက်ခဲ့ကြသော မြန်မာအမျိုးသမီးများစွာပေါ်ပေါက်ခဲ့ သလို နယ်ချဲ့တိုက်ပွဲဝင် တော်လှန်ရေးသမားများအတွက် အန္တရာယ်မျိုးစုံကိုရင်ဆိုင်ရင်း လက်နက်၊ ရိက္ခာဆက်သွယ်ပေးပို့ခြင်း၊ မြေပြင်ဆက်သားအဖြစ် စွန့်စွန့်စားစားဆောင်ရွက်ပေးခြင်း၊ နယ်ချဲ့ သတင်း ကိုလျှို့ဝှက်စွာထောက်လှမ်းသတင်းပေးခြင်းစသည့်မြန်မာအမျိုးသမီးသူရဲကောင်းတို့ မြောက်မြားစွာရှိခဲ့ သည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ မြန်မာအမျိုးသမီးများ၏ ဆောင်ရွက်ချက်များမှာ ဂုဏ်ယူလေးစားဖွယ်အထင်အရှားရှိကြောင်း လေ့လာသိရှိနိုင်ကြသည်။

မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝ၌ ဖိနှိပ်ချုပ်ချယ်ခြင်းခံရနေချိန် လွတ်လပ်ရေးကြိုးပမ်းမှုကာလ၌ သန္ဓေ တည်ပေါက်ဖွားခဲ့သောတပ်မတော်သည် ပြည်သူလူထုနှင့်အတူနယ်ချဲ့ဆန့်ကျင်ရေး၊  ဖက်ဆစ် တော်လှန်ရေးတိုက်ပွဲများကိုဆင်နွှဲရင်း ကောင်းမြတ်သော အစဉ်အလာများကို လက်ဆင့်ကမ်းထိန်း လာခဲ့သည်မှာ ယနေ့ကာလအထိဖြစ်သည်။ နောင်တွင်လည်း နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးကို ဦးထိပ်ပန်ဆင်လျက် အသက်သွေးချွေးစဉ်မနှေးဘဲ ပေးဆပ်နေမည်သာဖြစ်သည်။ မြန်မာ့တပ်မတော် သည် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသည့် ရဲဘော်သုံးကျိပ်မှစတင် ခဲ့သည် ဖြစ်ရာ ဗိုလ်ချုပ်သည် တပ်မတော်ကိုစတင်တည်ထောင်သူ တစ်နည်းဆိုသော် တပ်မတော်၏ဖခင်ဖြစ် သည်။

တပ်မတော်၏မွန်မြတ်သောအစဉ်အလာကောင်း(၁၂)ရပ်နှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် အရေးကြုံလာသည့်အခါတိုင်း   နိုင်ငံနှင့်ပြည်သူကို မျက်နှာမူလျက် အသက်သွေးချွေးပေးဆပ်ကာ စွန့်လွှတ်စွန့်စားစွာ   ကြိုးပမ်းအားထုတ်ကာကွယ်ထမ်းရွက်ခဲ့ကြောင်း မြန်မာ့သမိုင်းစဉ်က အတိအလင်း ပြဆိုသည်။

စစ်သည်တော်တို့သည် ပေးအပ်သည့်အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းရွက်ရင်း သူရဲကောင်း စိတ်ဓာတ်ကိုအခြေတည်လျက်  အာဇာနည်ခေါင်းဆောင်ကြီးများ၏  အာဇာနည်စိတ်ဓာတ်ကို စံနမူနာ ယူခဲ့သော တိုက်ပွဲကြီးငယ်ပေါင်းများစွာရှိသည်။ ထိုသို့စွန့်လွှတ်စွန့်စားစွာ တိုက်ပွဲဆင်နွှဲခဲ့ရာတွင် ကျဆုံး၊ ဒဏ်ရာရစစ်သည်တော်ပေါင်းအမြောက်အမြားရှိသည်။

စစ်သည်တော်အချို့သည် ထူးချွန်ပြောင်မြောက်သောတိုက်ပွဲဝင်စွမ်းရည်များကြောင့် စွမ်းရည်ဘွဲ့ဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးများကိုဂုဏ်ယူမြတ်နိုးဖွယ်ရာ ထိုက်ထိုက်တန်တန်ချီးမြှင့်ခြင်းခံခဲ့ရသည်။

အချုပ်အားဖြင့်ဆိုရသော် (၇၈)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏အာဇာနည်စိတ်ဓာတ်ကို စံနမူနာထားအတုယူလျက်နိုင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက်“တစ်ချပ်အုတ်ခဲ တစ်ပွင့်သဲ”အဖြစ် ကျရာအခန်းကဏ္ဍမှ ပါဝင်ထမ်းရွက်ကြမည်ဆိုလျှင် နိုင်ငံတော် အဓွန့်ရှည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသစ်များလောင်းပေးနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။   ။

MWD Web Portal
 
လင်းအရုဏ်ဦး(ပဲခူး)