ယခု အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) ဟု ခေါ်တွင်သော အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ (SEAP Games) ကို ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ စတင်ကျင်းပခဲ့သည်။
ပထမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲ

အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲကျင်းပရန် စဉ်းစားစိုင်းပြင်းခဲ့သည်မှာ ၁၉၅၈ ခုနှစ် တိုကျိုအာရှအိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်စဉ်ကဖြစ်သည်။ ထိုင်းနိုင်ငံက ဦးဆောင် လှုံ့ဆော်ကာ မြန်မာ၊ လာအို၊ မလေးယား (ယခု မလေးရှား) တို့ကို ဖိတ်ကြားပြီး အိမ်နီးချင်းအရှေ့တောင်အာရှကျွန်းဆွယ်နိုင်ငံများ၏ အားကစားတိုးတက်ရေးအတွက် အားကစားပြိုင်ပွဲတစ်ရပ် ပြုလုပ်သင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေး၌ အရှေ့တောင်အာရှကျွန်းဆွယ်နိုင်ငံများမှ အားကစားသမားများသည် အာရှ အိုလံပစ်နှင့် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် နိုင်ငံတကာအတွေ့အကြုံ၊ အရည်အချင်းနှင့် စွမ်းရည်ပြည့်ဝရန်လိုအပ်သည်။ အဆိုပါအရည်အချင်း၊ စွမ်းရည်များပြည့်ဝရန် အတွက် အဆင့်အတန်းတူညီသည့် ကျွန်းဆွယ်နိုင်ငံအချင်းချင်း ယှဉ်ပြိုင်စမ်းသပ် အကဲခတ်ရန်လိုသည်။ ထို့ပြင် အာရှအိုလံပစ်နှင့် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများ ကြားတွင် ကျွန်းဆွယ်ပြိုင်ပွဲကို ပြုလုပ်ခြင်းဖြင့် ကျွန်းဆွယ်အားကစားသမားများ အဆင့်အတန်းကို ခန့်မှန်းနိုင်သည်စသည်ဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ပထမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲကို ၁၉၅၉ ခုနှစ်တွင် ဗန်ကောက်မြို့၌ ပြုလုပ်ရန်နှင့် ပြိုင်ပွဲကို နှစ်နှစ်လျှင် တစ်ကြိမ်ပြုလုပ်ရန်၊ ကမ္ဘောဒီးယားနှင့် ထိုစဉ်က တောင်ဗီယက်နမ်တို့ကိုလည်း လက်ခံရန် ဆုံးဖြတ်ခဲ့ကြသည်။
ထို့နောက် ၁၉၅၉ ခုနှစ် ဇွန်လတွင် ဗန်ကောက်မြို့၌ ကျွန်းဆွယ်အားကစားအဖွဲ့ချုပ် အစည်းအဝေး ပွဲတစ်ရပ်ပြုလုပ်ပြီး ပြိုင်ပွဲစည်းကမ်းများရေးဆွဲခဲ့ကြသည်။ ကမ္ဘာ့အားကစားအဖွဲ့ချုပ်များက အသိအမှတ်ပြုထားသော အားကစားပြိုင်ပွဲများကိုသာ ထည့်သွင်းကျင်းပရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။ ထို့ပြင် စင်ကာပူနိုင်ငံကိုလည်း အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။ သို့သော် ပထမအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ ကျင်းပသည့်အခါ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ ပြဿနာဖြစ်နေ၍ ကမ္ဘောဒီးယားက လာရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့ချေ။
သို့ဖြစ်၍ ပထမအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲသို့ အိမ်ရှင် ထိုင်း၊ မြန်မာ၊ မလေးယား (ယခု မလေးရှား)၊ စင်ကာပူ၊ တောင်ဗီယက်နမ်နှင့် လာအိုနိုင်ငံ စုစုပေါင်း ခြောက်နိုင်ငံမှသာ လာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မပျက်မကွက် ပါဝင်ဆင်နွှဲခဲ့
မြန်မာနိုင်ငံအနေဖြင့်မူ အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ စတင်သန္ဓေတည် ပေါ်ပေါက်လာရန်ကြိုးပမ်းခဲ့သည့် ဦးဆောင်နိုင်ငံပီပီ ပထမအကြိမ်ပြိုင်ပွဲမှ ယခုလာမည့် (၃၃)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတိုင်အကြိမ်တိုင်း မပျက်မကွက် ပါဝင်ဆင်နွှဲခဲ့သည်။
အိမ်ရှင်နိုင်ငံအနေဖြင့်လည်း ၁၉၆၁ ခုနှစ် ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲနှင့် ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ်မြောက် အရှေ့တောင် အာရှကျွန်းဆွယ်ပြိုင်ပွဲကို ရန်ကုန်မြို့၌လည်းကောင်း၊ ၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို နေပြည်တော်၌လည်းကောင်း အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည်။ အောင်မြင်မှုအစဉ်အလာနှင့် ရွှေရောင် တောက်ပခဲ့သော သမိုင်းမှတ်တမ်းကောင်းများစွာ ကိုလည်း ရေးထိုးနိုင်ခဲ့သည်။
ဗွေဆော်ဦးကျင်းပသည့် ၁၉၅၉ ခုနှစ် ပထမအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ်အားကစား ပြိုင်ပွဲမှာပင် မြန်မာအားကစားအဖွဲ့သည် အုပ်ချုပ်သူ ၂၄ ဦး၊ အမျိုးသားအားကစားသမား ၉၈ ဦး၊ အမျိုးသမီးအားကစားသမား လေးဦးတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေ ၁၁ ခု၊ ငွေ ၁၅ ခု၊ ကြေး ၁၄ ခုဖြင့် စုစုပေါင်း ဆုတံဆိပ် ၄၀ ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် ဒုတိယရရှိခဲ့သည်။
အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခဲ့သည့် ၁၉၆၁ ခုနှစ် ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့သည် ရွှေ ၃၅၊ ငွေ ၂၆၊ ကြေး ၄၃ ဖြင့် စုစုပေါင်း ၁၀၄ ခု ဆွတ်ခူး ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် ပထမရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၆၅ ခုနှစ် တတိယအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေ ၈၊ ငွေ ၇၊ ကြေး ၁၈ ဖြင့် စုစုပေါင်း ၃၃ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၆ နိုင်ငံအနက် စတုတ္ထရရှိခဲ့သည်။
ထိုင်းနိုင်ငံ၌ကျင်းပသည့် ၁၉၆၇ ခုနှစ် စတုတ္ထအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေ ၁၁၊ ငွေ ၂၆၊ ကြေး ၃၂ ဖြင့် စုစုပေါင်း ၆၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၆ နိုင်ငံအနက် စတုတ္ထရရှိခဲ့သည်။
ဒုတိယအကြိမ်မြောက် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့
မြန်မာနိုင်ငံက ဒုတိယအကြိမ်မြောက် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့သည့် ၁၉၆၉ ခုနှစ် ပဉ္စမ အကြိမ်မြောက်ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့သည် ရွှေ ၅၇၊ ငွေ ၄၆၊ ကြေး ၄၆ ဖြင့် စုစုပေါင်း ၁၄၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၆ နိုင်ငံအနက် ပထမရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၇၁ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေ ၂၀၊ ငွေ ၂၈၊ ကြေး ၁၃ ဖြင့် စုစုပေါင်း ၆၁ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် စတုတ္ထရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ဆက်လက်ကျင်းပသည့် ၁၉၇၃ ခုနှစ် သတ္တမအကြိမ်မြောက် ကျွန်းဆွယ် ပြိုင်ပွဲတွင် ရွှေ ၂၈ ၊ ငွေ ၂၄၊ ကြေး ၁၅ ဖြင့် စုစုပေါင်း ၆၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် စတုတ္ထရရှိခဲ့သည်။
ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၁၉၇၅ ခုနှစ် အဋ္ဌမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေ ၂၈၊ ငွေ ၃၅၊ ကြေး ၃၃ ဖြင့် စုစုပေါင်း ၉၆ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၄ နိုင်ငံအနက် တတိယရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၇၇ ခုနှစ် နဝမအကြိမ်ပြိုင်ပွဲတွင်မူ ကျွန်းဆွယ်မဟုတ်သည့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့ပါဝင်လာ၍ ကျွန်းဆွယ်အမည်ဖြုတ်ပြီး အရှေ့တောင်အာရှအားကစား ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့သည်။ သို့ရာတွင် ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုတို့ ပါဝင် ယှဉ်ပြိုင်ခြင်းမရှိ၍ မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံ အပါအဝင် စုစုပေါင်း ၇ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာအားကစားအဖွဲ့က ရွှေ ၂၅၊ ငွေ ၄၂၊ ကြေး ၄၃ ဖြင့် စုစုပေါင်း ၁၁၀ ဆွတ်ခူးရရှိခဲ့ပြီး စတုတ္ထ ရရှိခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၇၉ ခုနှစ် ဒသမအကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၂၆၊ ငွေ ၂၆၊ ကြေး ၂၄ ဖြင့် စုစုပေါင်း ၇၆ ခု ဆွတ်ခူးရရှိ ခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် တတိယရရှိခဲ့ သည်။
ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် ၁၉၈၁ ခုနှစ် (၁၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၅၊ ငွေ ၁၉၊ ကြေး ၂၇ ဖြင့် စုစုပေါင်း ၆၁ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် ပဉ္စမရရှိခဲ့သည်။
စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ၁၉၈၃ ခုနှစ် (၁၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၈၊ ငွေ ၁၅၊ ကြေး ၁၇ ဖြင့် စုစုပေါင်း ၅၀ ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၈ နိုင်ငံအနက် ပဉ္စမရရှိခဲ့သည်။
ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၁၉၈၅ ခုနှစ် (၁၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၃၊ ငွေ ၁၉၊ ကြေး ၃၄ ဖြင့် စုစုပေါင်း ၆၆ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၈ နိုင်ငံအနက် ဆဋ္ဌမရရှိခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၈၇ ခုနှစ် (၁၄) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၃၊ ငွေ ၁၅၊ ကြေး ၂၁ ဖြင့် စုစုပေါင်း ၄၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၈ နိုင်ငံအနက် ဆဋ္ဌမရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၈၉ ခုနှစ် (၁၅) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၀၊ ငွေ ၁၄၊ ကြေး ၂၀ ဖြင့် စုစုပေါင်း ၄၄ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၉ နိုင်ငံအနက် ဆဋ္ဌမရရှိခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် ၁၉၉၁ ခုနှစ် (၁၆) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၂၊ ငွေ ၁၆၊ ကြေး ၂၉ ဖြင့် စုစုပေါင်း ၅၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၉ နိုင်ငံအနက် ဆဋ္ဌမရရှိခဲ့သည်။
စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ၁၉၉၃ ခုနှစ် (၁၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၈၊ ငွေ ၁၃၊ ကြေး ၁၆ ဖြင့် စုစုပေါင်း ၃၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၉ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၁၉၉၅ ခုနှစ် (၁၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၄၊ ငွေ ၂၁၊ ကြေး ၃၇ ဖြင့်စုစုပေါင်း ၆၂ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၉၇ ခုနှစ် (၁၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၈၊ ငွေ ၃၄၊ ကြေး ၄၄ ဖြင့် စုစုပေါင်း ၈၆ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ဘရူနိုင်းနိုင်ငံ၌ ကျင်းပသည့် ၁၉၉၉ ခုနှစ် အကြိမ် (၂၀) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင်မူ ရွှေ ၃၊ ငွေ ၁၀၊ ကြေး ၁၀ ဖြင့် စုစုပေါင်း ၂၃ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ နိုင်ငံအနက် အဋ္ဌမရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၂၀၀၁ ခုနှစ် (၂၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၉၊ ငွေ ၁၄၊ ကြေး ၅၃ ဖြင့် စုစုပေါင်း ၈၆ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် ၂၀၀၃ ခုနှစ် (၂၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၆၊ ငွေ ၄၃၊ ကြေး ၅၀ ဖြင့်စုစုပေါင်း ၁၀၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် ၂၀၀၅ ခုနှစ် (၂၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၇၊ ငွေ ၃၄၊ ကြေး ၄၈ ဖြင့် စုစုပေါင်း ၉၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၂၀၀၇ ခုနှစ် (၂၄) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၄၊ ငွေ ၂၆၊ ကြေး ၄၇ ဖြင့် စုစုပေါင်း ၈၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
လာအိုနိုင်ငံ၌ ကျင်းပသည့် ၂၀၀၉ ခုနှစ် (၂၅) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၂၊ ငွေ ၂၂၊ ကြေး ၃၇ ဖြင့် စုစုပေါင်း ၇၁ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဋ္ဌမရရှိခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ၂၀၁၁ ခုနှစ် (၂၆) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၆၊ ငွေ ၂၇၊ ကြေး ၃၇ ဖြင့် စုစုပေါင်း ၈၂ ခုဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
မြန်မာနိုင်ငံက တတိယအကြိမ်မြောက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သော ၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင်မူ မြန်မာ အားကစားအဖွဲ့သည် ရွှေ ၈၄၊ ငွေ ၆၃၊ ကြေး ၈၄ ဖြင့် စုစုပေါင်း ၂၃၁ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် ဒုတိယရရှိခဲ့သည်။
စင်ကာပူနိုင်ငံ၌ကျင်းပသည့် ၂၀၁၅ ခုနှစ် (၂၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၂၊ ငွေ ၂၆၊ ကြေး ၃၁ ဖြင့် စုစုပေါင်း ၆၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၂၀၁၇ ခုနှစ် (၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၇၊ ငွေ ၁၀၊ ကြေး ၂၀ ဖြင့် စုစုပေါင်း ၃၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပခဲ့သည့် ၂၀၁၉ ခုနှစ် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၄၊ ငွေ ၁၈၊ ကြေး ၅၁ ဖြင့် စုစုပေါင်း ၇၃ ခု ဆွတ်ခူးရရှိခဲ့ ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ဗီယက်နမ်နိုင်ငံ၌ကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၉၊ ငွေ ၁၈၊ ကြေး ၃၅ ဖြင့် စုစုပေါင်း ၆၂ ခု ဆွတ်ခူးရရှိ ခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပသည့် ၂၀၂၃ ခုနှစ် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၂၁၊ ငွေ ၂၅၊ ကြေး ၆၈ ဖြင့် စုစုပေါင်း ၁၁၄ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဋ္ဌမရရှိခဲ့သည်။
အောင်မြင်မှုစံနှုန်းကို အမြင့်မားဆုံး စိုက်ထူစွမ်းဆောင်နိုင်ခဲ့
ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်နှင့် နိုင်ငံအလိုက် အဆင့်ရပ်တည်မှုစာရင်းဇယားများကို လေ့လာ ကြည့်လျှင် မြန်မာအားကစားအဖွဲ့သည် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့သည့် ၁၉၆၁ ခုနှစ် ဒုတိယ ကျွန်းဆွယ်ပြိုင်ပွဲနှင့် ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတို့တွင် ပထမ၊ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ဒုတိယ၊ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ၁၉၇၅ ခုနှစ် အဋ္ဌမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲနှင့် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ဒသမအကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတို့တွင် တတိယဖြင့် အောင်မြင်မှုစံနှုန်းကို အမြင့်မားဆုံး စိုက်ထူစွမ်းဆောင်နိုင်ခဲ့သည်။
ထို့အတူ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ၁၉၉၅ ခုနှစ် (၁၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၊ ဘရူနိုင်း နိုင်ငံ၌ ကျင်းပခဲ့သည့် ၁၉၉၉ ခုနှစ် အကြိမ် ၂၀ မြောက် ဆီးဂိမ်းပြိုင်ပွဲနှင့် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့ သည့် ၂၀၁၉ ခုနှစ် အကြိမ် ၃၀ မြောက် ဆီးဂိမ်းပြိုင်ပွဲတို့တွင် မြန်မာအားကစားအဖွဲ့သည် ရွှေတံဆိပ် ၄ ခု၊ ရွှေတံဆိပ် ၃ ခုနှင့် ရွှေတံဆိပ် ၄ ခုသာ ရရှိခဲ့၍ ကျွန်းဆွယ်ပြိုင်ပွဲနှင့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် ရွှေတံဆိပ် အနည်းဆုံးပြိုင်ပွဲများအဖြစ် တွေ့မြင်ရမည်ဖြစ်ပေ သည်။
ခေတ်ဦးကျွန်းဆွယ်ပြိုင်ပွဲနှင့် အရှေ့တောင်အာရှဆီးဂိမ်းအားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံ အတွက် ရွှေတံဆိပ်အများဆုံးဆွတ်ခူးရရှိရန် အဓိကဒေါက်တိုင်အဖြစ် မတည်ပေးခဲ့သော အားကစား နည်းများမှာ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ လက်ဝှေ့၊ ဘောလုံးနှင့် ဘော်လီဘောအားကစားနည်းများ ဖြစ်ပေသည်။
ငါးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဆိုလျှင် ၁၉၆၅၊ ၁၉၆၇၊ ၁၉၆၉၊ ၁၉၇၁ နှင့် ၁၉၇၃ ခုနှစ် အရှေ့ တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲတို့တွင် ငါးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ရုံမက ၁၉၆၆ ခုနှစ် နှင့် ၁၉၇၀ ပြည့်နှစ် အာရှအားကစားပြိုင်ပွဲချန်ပီယံ၊ ၁၉၆၈ ခုနှစ် အာရှဖလားဘောလုံးပြိုင်ပွဲတွင် ဒုတိယ၊ ၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုတို့အပြင် ဖိတ်ခေါ်ဖလားပြိုင်ပွဲများ ချန်ပီယံဆုရှင်အဖြစ် အောင်မြင်မှုသမိုင်းအစဉ် အလာကြီးမားခဲ့သည်။
ထို့အတူ အလေးမအားကစားနည်းဆိုလျှင်လည်း ၁၉၆၅ ခုနှစ် တတိယအကြိမ် ကျွန်းဆွယ် ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ဆွတ်ခူးရရှိခဲ့သည့် ရွှေတံဆိပ် ၈ ခု၊ ငွေတံဆိပ် ၇ ခုနှင့် ကြေးတံဆိပ် ၁၈ ခုအနက် မြန်မာအလေးမအားကစားအဖွဲ့က ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၃ ခုဖြင့် အများဆုံးရယူပေး နိုင်ခဲ့သည်။
မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့ဆိုမူ ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂၀၊ ၁၉၇၁ ခုနှစ် ဆဋ္ဌမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ထိုင်း၊ စင်ကာပူတို့ကို အနိုင်ရကာ ရွှေတံဆိပ် ၆ ခု ရယူဆွတ်ခူးပေးခဲ့ပြီး ကျွန်းဆွယ်နှင့် အရှေ့တောင်အာရှဆီးဂိမ်းအားကစားပြိုင်ပွဲ၊ အာရှ အားကစားပြိုင်ပွဲများတွင် အောင်ပွဲအလီလီဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။
တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဖြစ်ကြသည့် ဂျင်နီဖာတင်လေး(သံလုံးပစ်)၊ မမိုးစံ (တာတိုပြေး)၊ ဂျင်မီကရမ်တန်(တာလတ်ပြေး)၊ ရှင်မွေဂန်း(တာဝေးပြေး)၊ မမိုးအေး(ခ)ဂရေစီကား (ပြေးခုန်ပစ်)၊ စိုးမရ(ဝါးလုံးထောက်ခုန်)၊ မဖြူဖြူ (ဘော်လီဘော)၊ ကြည်ညွန့်(ကြက်တောင်)၊ တင်မောင်နီ(ရေကူး)၊ တင်ထွန်း(လက်ဝှေ့)၊ သိန်းမြင့် (လက်ဝှေ့)၊ ထွန်းမောင်(အလေးမ)၊ ချစ်မြ(အလေးမ)၊ ဦးစိန်လှိုင်(ဘောလုံး)၊ ဗဟာဒူး(ဘောလုံး)၊ တင်အောင် (ဘောလုံး)၊ လှဌေး(ဘောလုံး)တို့၏ အားကစားအောင်မြင်မှုများကို အားကစားကလောင်ရှင် ဆရာမောင်ရဲဝင်းက “မြန်မာ့အားကစား လူရည်ချွန်များ” အမည်ဖြင့် စာအုပ်ရေးသားထုတ်ဝေခဲ့သည်။
ထို့အတူ အားကစားကလောင်ရှင်ဆရာ ဗဟိုသိမ်းဆောင်ကလည်း “အာရှဘောလုံးနှင့် မြန်မာ့ ကြယ်ပွင့်များ”အမည်ဖြင့် ဗဟာဒူး၊ ခင်မောင်ထွန်း (ဂိုး)၊ ဘပု၊ မောင်မောင်၊ တင်အေး၊ အောင်ခင်၊ ဝင်းမောင်နှင့် စိုးမြင့်တို့၏ ဘဝတစေ့တစောင်းကို စာအုပ်အဖြစ် ရေးသားထုတ်ဝေခဲ့သည်။
အောင်ပွဲအလီလီ ရယူဆွတ်ခူးပေးခဲ့
တစ်ခေတ်တစ်ခါက နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့အားကစားလူရည်ချွန်များသည် ယခုမျက်မှောက် ခေတ်ကဲ့သို့ နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခြင်းကို မခံစား၊ မစံစားခဲ့ ကြရသော်လည်း နိုင်ငံနှင့် လူမျိုးအတွက်ဟူသည့် ခံယူချက်ဖြင့် အရိုးကြေကြေ အရေခန်းခန်း၊ မလျှော့ သောဇွဲလုံ့လ၊ ဝီရိယ၊ သတ္တိအပြည့်တို့ဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အနိုင်မခံ အရှုံးမပေးဘဲ အောင်ပွဲအလီလီ ရယူဆွတ်ခူးပေးခဲ့ကြပါသည်။
ကျွန်းဆွယ်အားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် မမိုးစံသည် အမျိုးသားတံခွန်စိုက် ပြေးခုန်ပစ်ပြိုင်ပွဲ တွင် ရှုံးနိမ့်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း စိတ်ဓာတ်မကျ၊ “ငါ တစ်နေ့နိုင်ရမည်” ဟူသော ခံယူချက်ဖြင့် အောင်စိတ်မွေးပြီး ရည်မှန်းချက်ပြည့်ဝ စေရန် ဆက်လက်ကြိုးစားလေ့ကျင့်ခဲ့သည်။
Burma’s Golden Boy ဟု ကျွန်းဆွယ်အားကစားပြိုင်ပွဲများတွင် ထင်ရှားကျော်ကြားခဲ့သော အာရှနှင့် ကျွန်းဆွယ်အားကစားပြိုင်ပွဲ တာလတ်အပြေးချန်ပီယံ ဂျင်မီကရမ်တန်ဆိုလျှင် ဆဋ္ဌမ ကျွန်းဆွယ်ပြိုင်ပွဲတွင် ခြေနာနေသောဒဏ်ကြောင့် ဖိနပ်မစီးဘဲ ယှဉ်ပြိုင်ခဲ့ရာ ခြေထောက်မှ သွေးများယိုစီးနေသော်လည်း အားမာန်မလျှော့ဘဲ ဆက်လက်ယှဉ်ပြိုင်ခဲ့ပါသည်။
သို့ဖြစ်၍ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှနှင့် အာရှအဆင့်အားကစားပြိုင်ပွဲများ တွင် မြန်မာအားကစားမောင်မယ်များသည် တစ်ခေတ်တစ်ခါက နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားလူရည်ချွန်များကဲ့သို့ အရိုးကြေကြေ အရေခန်းခန်း မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အောင်စိတ်မွေးမြူကာ အလှည့်ကျလျှင် မနွဲ့စတမ်း နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် ကြိုးပမ်းမြှင့်တင်ဆောင်ရွက်ကြပါစို့။ ။
MOI

သူတို့ ပြင်းပြင်းထန်ထန်ကြိုးစားလေ့ကျင့်နေတာကြည့်ပြီး မိမိတို့ကိုယ်တိုင်မှာ ယုံကြည်ချက်တွေ တိုးလာတယ်။ သေချာပါတယ်။ သူတို့ဆီမှာရှိနေတဲ့ အနိုင်ယူမယ်ဆိုတဲ့ ယုံကြည်ချက်၊ အောင်ပွဲအလီလီရယူ မယ်ဆိုတဲ့ခံယူချက်၊ တစ်နည်းအားဖြင့် အောင်စိတ်၊ မောပန်းရုံနဲ့မရပ်၊ နိုင်မှရပ်မယ်ဆိုတဲ့ အောင်စိတ်မျိုး။ အောင်စိတ်ချည်းပဲမဟုတ်ပြန်၊ အနိုင်ရအောင် ဘယ်လိုပြင်ဆင်မလဲ၊ ဘယ်လိုလေ့ကျင့်မလဲဆိုတဲ့ နည်းစနစ်၊ ဒါမှသာ အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသပြီး အကောင်းဆုံးယှဉ်ပြိုင်အနိုင်ယူ၊ ဆုတံဆိပ်တွေရပြီဆိုတဲ့ ရလဒ်ကောင်းကိုမြင်ရမယ်။

အနိုင်မခံ၊ အရှုံးမပေးခံယူချက်ရှိနေကြတဲ့အတွက် သူတို့ဟာနိုင်ငံအတွက် သူရဲကောင်းတွေ ဖြစ်မှာမလွဲ၊၊ ပြိုင်ပွဲအကြို ကြိုတင်မွေးထားရမယ့်ခံယူချက်နဲ့ စိတ်ဓာတ်တွေမှာ အရေးအကြီးဆုံးကကြုံရနိုင်တဲ့ စိုးရိမ်စိတ်တွေ၊ ဖိအားတွေပဲ၊ လျှော့ချထားရမယ်၊ ကြောက်စိတ်တွေ အငုံ့စိတ်တွေမထားရ၊ အရေးအကြီးဆုံးက စိတ်ဓာတ်ပါပဲ။ ကြောက်စိတ်နေရာမှာ အောင်ပွဲဆာလောင်စိတ်နဲ့ အစားထိုး၊ မိမိကိုယ်မိမိယုံကြည်မှုကို အမြင့်ဆုံးမှာတည်ဆောက်ကြဖို့ပဲ။
အားကစားမှာ 5 S’s ဖြစ်တဲ့ stamina, speed, strength, skill and spirit ဆိုတာရှိတယ်၊ သူတို့အားလုံး တစ်ခုနဲ့တစ်ခု ဟန်ချက်ညီနေရမယ်။ ခံနိုင်ရည်၊ ခွန်အား၊ အမြန်နှုန်း၊ ကျွမ်းကျင်မှုနဲ့ စိတ်ဓာတ်။ ထိုငါးချက်မှာ ကြိုတင်ပြင်ဆင်အောင်ပွဲဝင်၊ စိတ်ဓာတ်ကောင်းရင် အောင်ပွဲဆင် ဆိုတဲ့အတိုင်း မိမိတို့ရဲ့စိတ်ပိုင်းဆိုင်ရာစေ့ဆော်မှုတွေနဲ့အတူ ရုပ်ပိုင်းဆိုင်ရာ အင်အားတွေကို စုစည်းပြီး အကောင်းဆုံးသော အင်အားထုကြီးကို တည်ဆောက်ထားကြဖို့ပါပဲ။
အကောင်းဆုံးပြိုင်ပြီး အများဆုံးဆုတွေယူခဲ့ဖို့
အားလုံးသိတဲ့အတိုင်း ထိုင်းနိုင်ငံမှာ ကျင်းပမယ့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲကြီးက သုံးလသာလိုပါတော့တယ်။ နေရာသုံးနေရာခွဲပြီး ဆင်နွှဲကြမယ့်ပွဲမှာ အားကစားနည်း ၅၃ မျိုးထည့်သွင်းထားပြီး မြန်မာနိုင်ငံက အားကစားနည်း ၄၀ မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ပြိုင်ပွဲဝင်ကစားသမားအားလုံး ကြိုတင်လေ့ကျင့်ပြင်ဆင်နေကြပြီလည်း ဖြစ်ပါတယ်။ အောင်ပွဲဆိုတဲ့လမ်းဆုံးမရောက်မီ လေ့ကျင့်ပြင်ဆင်ခြင်းဆိုတဲ့ခရီလမ်းမှာ လျှောက်လှမ်းနေကြတဲ့ကာလတစ်ခုပါ။ ပြင်းပြင်းထန်ထန် လေ့ကျင့်ကြရင်းဖြင့် နိုင်ငံနဲ့ပြည်သူတစ်ရပ်လုံးရဲ့ အားပေးမှုနဲ့အတူ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ပြီးတွန်းအားပေးနေရတဲ့ အရေးကြီးဆုံးကာလအတွင်းမှာပါ။
ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးအစားပေါင်းက ပြိုင်ခဲ့ဖူးသမျှ အကြိမ်တိုင်းမှာ အခုပြိုင်ပွဲက ၇၅ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပါတယ်။ အားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူအရေအတွက်အားဖြင့်လည်း အများဆုံးဖြစ်ပါလိမ့်မယ်။ အရေးကြီးဆုံးက အခြားနိုင်ငံတွေမှာကျင်းပခဲ့တဲ့ ယခင်ပြိုင်ပွဲအားလုံးထက် ယခုဆီးဂိမ်းမှာ အကောင်းဆုံးဝင်ပြိုင်ပြီး ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်အများဆုံးရယူပေးနိုင်ဖို့ကသာ အဓိကဖြစ်တယ်။
စီမံမှုကောင်းတွေနဲ့အတူ ဖြစ်လာမယ့် အမှန်တကယ်အိပ်မက်
စိတ်ဓာတ်အင်အား၊ ရုပ်ပိုင်းအင်အားတွေကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ထားရမယ် လို့ဆိုခဲ့ပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်းကြံ့ခိုင်အောင်အတွက် စီမံမှုကောင်းတွေရှိပြီးဖြစ်ပေမယ့် မိမိကိုယ် မိမိတည်ဆောက်ရမယ့်အပိုင်းက ပိုပြီးအဓိကကျပါလိမ့်မယ်။ အခြေခံအားဖြင့်တော့ နိုင်ငံအတွက်၊ တစ်မျိုးသားလုံးအတွက် မြန်မာဆိုတဲ့စိတ်နဲ့ ပြိုင်နိုင်ရမယ်၊ အနိုင်ယူနိုင်ရမယ်။ ဆုတံဆိပ်တွေရခဲ့ရင် ပြည်သူနဲ့နိုင်ငံတော်က ချီးမြှင့်မယ့်ဆုလာဘ်တွေက မိမိတို့ရဲ့ပန်းတိုင်ကို တွန်းအားဖြစ်စေသလို ထိုချီးမြှောက်ခဲ့မှုများကပင် အောင်ပွဲဆီ အမှန်တကယ်လည်း ရှေးရှုပါတယ်။
အရေးအကြီးဆုံးက မိမိကိုယ်တိုင်သာလျှင်ပါ၊ လေ့ကျင့်မှုအပိုင်း၊ ပြင်ဆင်မှုအပိုင်းမှာ များစွာဝီရိယထားရပါမယ်။ နေ့ပေါင်းများစွာ၊ အပတ်ပေါင်း၊ လပေါင်းများစွာ အချိန်ယူလေ့ကျင့်ထားမှုအားလုံးက ရည်မှန်းချက်က တစ်ခုတည်းပါပဲ။ ပြိုင်ပွဲဝင် အားကစားသမားတွေဟာ အားကစားနဲ့ ဆေးဘက်ဆက်စပ်မှုအပိုင်းကို အထူးအလေးထားကြရပါတယ်။ နှလုံးအပါအဝင် ကျန်းမာရေးစစ်ဆေးမှု၊ ကြွက်သားအဆစ်ကြံ့ခိုင်မှု ဆန်းစစ်မှုတွေက နေ့စဉ်ဆောင်ရွက်ရတဲ့ အစီအစဉ်တွေဖြစ်ပါတယ်။
အာဟာရအပိုင်းမှာလည်း မိမိပြိုင်ပွဲဝင်မယ့်အားကစားနည်းနဲ့ သင့်တော်မယ့်အမျိုးအစား၊ ညီညွတ်မျှတတဲ့ အာဟာရမျိုးကို ရွေးချယ်စားသောက်ကြရတယ်။ နေ့စဉ်အစားအသောက် အစီအစဉ်အောက်မှာ အားကစားသမားတစ်ယောက် စားသင့်တဲ့ပမာဏဟာ ကျန်းမာရေးနဲ့ ညီညွတ်ရမယ့်အပြင် ပြင်းပြင်းထန်ထန်လေ့ကျင့်ထားလို့ ကုန်ခန်းသွားတဲ့ ကယ်လိုရီနဲ့ရေဓာတ်ကို ပြန်လည် ဖြည့်ဆည်းပေးရမယ့် အာဟာရအမျိုးအစား ပမာဏနဲ့ချိန်ပြီး စားသောက်ရတာမျိုးပါ။
ကြွက်သားဖွံ့ဖြိုးမှုကိုအားပေးပြီး ကိုယ်အလေးချိန်လည်းမတက်စေ၊ ကိုယ်ခံအားလည်း ကောင်းစေတဲ့ lean protein လို အစားအစာမျိုးတွေကို အားကစားအာဟာရပညာရှင်တွေရဲ့ လမ်းညွှန်မှုအောက်မှာ ကစားသမားအားလုံး တိတိကျကျ စားသောက်ကြရပါတယ်။ နောက်တစ်ချက်အရေးကြီးတဲ့ အားကစားဆိုင်ရာဆေးပညာကဏ္ဍမှာ ပြိုင်ပွဲဝင်ကစားသမားတွေရဲ့ ထိခိုက်ဒဏ်ရာရရှိ နိုင်မယ့်အန္တရာယ်ကိုလည်း ထည့်သွင်းတွက်ချက် ထားရတယ်။ မပြိုင်ခင်မှာ ထိခိုက်ဒဏ်ရာမရအောင် ကြိုတင်ကာကွယ်မှု၊ ဒဏ်ရာအနာတရဖြစ်ခဲ့ရင်လည်း ကုသမှုပရိုတိုကောလ် အစီအစဉ်တွေအတိုင်း လိုက်နာဆောင်ရွက်ကြရတယ်။
လေ့ကျင့်ပြင်ဆင်မှုအပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာနဲ့အတူ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုကလည်း အောင်မြင်မှုအတွက် အခရာကျလွန်းပါတယ်။ အနိုင်ရလိုစိတ် ပြင်းထန်လာတဲ့အခါ စိတ်ကိုလေ့ကျင့်ထားမှ ကြုံရမယ့်ဖိစီးမှုတွေ၊ စိတ်လှုပ်ရှားမှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ပြင်းပြတဲ့စိတ်ဓာတ်အပြင် တည်ငြိမ်တဲ့စိတ်ရှိနေဖို့လည်းလိုတယ်။ စိတ်တည်ငြိမ်ဖို့နဲ့ပတ်သက်ပြီး ပြိုင်ပွဲဝင်မယ့် အားကစားသမားတွေကို တရားထိုင်တဲ့ နည်းလမ်းတွေသုံးပြီး စိတ်ကိုလေ့ကျင့်ပေးကြတယ်လို့ဆိုပါတယ်။
နောက်တစ်ချက်က စည်းကမ်းပိုင်းပါ၊ ပြိုင်ပွဲစည်းကမ်းတွေဆိုတာ အလွန်အရေးကြီးပါတယ်။ လိုချင်တဲ့စိတ်နဲ့အတူ နာခံတဲ့စိတ်ရှိဖို့လည်းလိုတယ်။ အစားအသောက်ပုံစံ၊ အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်၊ နားချိန်ကအစပါ။ ပြိုင်ဘက်ကို အနိုင်ယူတဲ့အခါမှာ စည်းမျဉ်းစည်းကမ်းဘောင် အတွင်းက ကစားတတ်ဖို့၊ အနိုင်ယူတတ်ဖို့ အရေးကြီးပါတယ်။ တကယ်တော့ စည်းကမ်းဆိုတာ မိမိရောက်ရမယ့်ပန်းတိုင်နဲ့ ပြီးမြောက်မှုကြားက အကွာအဝေးခြားတစ်ခုသာ၊ ပန်းတိုင်နဲ့ပြီးမြောက်မှုအကြား ခင်းထားတဲ့ တံတားတစ်ခုမျှပါ။ အသင်းလိုက်ပြိုင်ပွဲတွေမှာ ပြိုင်ဘက်အသင်းနဲ့ ခိုက်ရန်ဖြစ်ပွားပြီး မိမိအသင်းအပေါ် အနုတ်လက္ခဏာ ဖြစ်မသွားအောင် စိတ်ကို ထိန်းသိမ်းနိုင်ဖို့လိုတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နောက်ဆက်တွဲနိုင်ငံနဲ့ လူမျိုးဂုဏ်သိက္ခာမထိခိုက်အောင် စောင့်ထိန်းရမယ့် စိတ်နေစိတ်ထားတွေ ရှိနေဖို့လိုပါတယ်။ လိုက်နာဖို့အပြင် ရင့်ကျက်မှုပါ ပြသနိုင်ဖို့လိုပါတယ်။
အောင်မြင်မှုပန်းတိုင်ဆီ ချီတက်မယ့်ခရီးလမ်းဘယ်လမ်းမဆို မချောမွေ့နိုင်ပါဘူး။ အခက်အခဲအတားအဆီးတွေရှိနိုင်တယ်။ ဘယ်လိုစီမံမှု၊ ဘယ်လိုပြိုင်ပွဲမဆို စိန်ခေါ်မှုဆိုတာ ရှိလာနိုင်တယ်။ မျှော်လင့်မထားတဲ့အချက်တွေကို ကြိုတင်မြော်တွေးထားရပါမယ်။ အထူးသဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာဖြစ်တယ်။ ဥပမာ-ရာသီဥတု အပြောင်းအလဲ၊ အစားအသောက်အပြောင်းအလဲ၊ နေရာအပြောင်းအလဲ၊ စိတ်ပိုင်းဆိုင်ရာဖိအား၊ စိတ်လှုပ်ရှားမှုတွေကနေ အိပ်စက်အနားယူခြင်းအပေါ် ထိခိုက်နိုင်မှုစတဲ့အချက်တွေကို ထည့်တွက်ရပါမယ်။ ဘယ်လိုစိန်ခေါ်မှုမျိုးဖြစ်ဖြစ်ပါ၊ စိန်ခေါ်မှုကို အခွင့်အလမ်းအဖြစ် ပြောင်းနိုင်စွမ်းရှိဖို့က ပိုအရေးကြီးပါတယ်။ ထိုသို့ပြောင်းနိုင်ခြင်းကပဲ ချန်ပီယံတစ်ယောက်၊ အောင်နိုင်သူတစ်ယောက်ရဲ့ လျှို့ဝှက်ချက်ဖြစ်ပါလိမ့်မယ်။
စိတ်ခွန်အားတွေ ပေးမြဲပေးလျက်
ဘာပဲဖြစ်ဖြစ် မြန်မာတစ်မျိုးသားလုံးက အားပေးလျက်ပါ။ မြန်မာတွေပါဝင်တဲ့ ပြိုင်ပွဲတိုင်း အားပေးနေပါတယ်။ ယခင့်ယခင်ခေတ်တွေနဲ့မတူအောင် နိုင်ငံတော်ဘက်ကလည်း အားကစားထူးချွန်သူတွေကို အလွန်အားပေးချီးမြှင့်မြှောက်စားတဲ့ အချိန်အခါကောင်းဖြစ်နေတယ်။ ပြည်သူတွေရဲ့ အားပေးမှုသြဘာသံတွေ၊ လက်ခုပ်သံတွေက သင်တို့ရဲ့စွမ်းဆောင်ရည်ကို မြင့်တက်စေမှာအမှန်ပါ။ ဒါကြောင့် နိုင်ငံ့ဂုဏ်ဆောင်မယ့် အားကစားသမားအားလုံး... မဆုတ်မနစ်သော လုံ့လနဲ့ ပုံမှန်လေ့ကျင့်ပြီး ကြိုးစားယှဉ်ပြိုင်ပေးကြပါ။
လေ့ကျင့်မှုဆိုတာ ဘယ်တော့မှပြီးဆုံးတယ်မရှိ၊ ဘယ်တော့မှလည်း အဆုံးသတ်တယ်မရှိ၊ လေ့ကျင့်နိုင်သမျှလေ့ကျင့်ပါ။ ကိုယ်ဝင်ပြိုင်မယ့် ကိုယ့်အားကစားကိုယ်ကိုယ်တိုင်ချစ်ပါ၊ တန်ဖိုးထားပါ၊ လေးစားပါ၊၊ လေ့ကျင့်မှုဆီကနေ အမြဲသင်ယူအမြဲလေ့လာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည် မှုအမြဲရှိပါ၊
ယုံကြည်မှုရှိရင် အောင်မြေတစ်ဝက် နင်းပြီလို့မှတ်၊ ဖိအားဒဏ်ခံနိုင်အောင် စိတ်ကိုအမြဲလေ့ကျင့်ပါ။ အောင်မြင်မှုဆိုတာ ကြိုးစားမှုကြောင့်ရလာတာ အရည်အချင်းရှိလို့ရတာ၊ တိုက်ဆိုင်မှုမဟုတ်ကြောင်း ပြနိုင်ရမယ်၊၊ လဲကျမသွားနဲ့၊ ပြိုလဲမသွားနဲ့၊ လဲရင်ရုန်းထ ဘယ်တော့မှမရှုံးစေနဲ့။ ဘယ်လို အခက်အခဲရှိရှိလုပ်မယ်၊ ကိုင်မယ်ဆိုတဲ့ စိတ်ဓာတ်ကသာ အခရာ။ အသင်းလိုက်မှာ သက်သောင့် သက်သာနဲ့လိုက်မယ်ဆိုတဲ့စိတ် ဘယ်တော့မှမတွေးပါနဲ့၊၊ ချွေးထွက်များမှ သွေးထွက်နည်းမယ်၊ အနာခံမှအသာစံရမယ့် စိတ်ဓာတ်နဲ့အတူ မိမိဘဝတစ်သက်တာဂုဏ်ယူနေရမယ့် ချန်ပီယံဆိုတဲ့ ဆုလာဘ်အတွက်ယခု ခဏတာနာကျင်မှုတွေကို မေ့ထားလိုက်ပါ၊ အနာဂတ်ဆိုတာ မျှော်မှန်းနေရုံနဲ့မပြီး၊ ဖန်တီးမှုရှိမှသာ လှပတဲ့အနာဂတ်ဖြစ်လာမှာပါ။
နေ့တိုင်းနေ့တိုင်းမှာ မနေ့ကထက် ဒီနေ့ငါဘယ်လောက် ပိုကောင်းအောင်လုပ်နိုင်သလဲ၊ အမြဲဆန်းစစ်နေပါ။ ဒါမှသာ ယနေ့နာကျင်မှုဟာ နောက်တစ်နေ့အတွက် ချိုမြိန်မှုဖြစ်ပါမယ်။ အားကစားပြိုင်ပွဲတစ်ခု အောင်မြင်မှုအတွက် ဆန္ဒ၊ အသိ၊ နည်းနာထိုသုံးခုမှာ ထက်သန်တဲ့ဆန္ဒက အရေးကြီးဆုံးလို့ ယူဆပါတယ်၊ ဆန္ဒပြင်းထန်မှုရှိနေရင် အင်အားနဲ့နည်းနာ နည်းပရိယာယ်တို့ကလည်း နောက်ကထက်ကြပ်လိုက်ပါလာမှာပဲ။ သေချာတာကတော့ ထက်သန်တဲ့စိတ်ဓာတ်မရှိဘဲ အောင်မြင်မှုဆိုတာ ဘယ်တော့မှရောက်မလာဘူးဆိုတာပဲ။ ဒီလိုကြိုးစားရင် ဒီလိုအောင်မြင်မှုရမယ်ဆိုတဲ့ မမှိတ်မသုန်ယုံကြည်ချက်ရှိနေရင် ဒီပုံဒီနည်းလမ်းအတိုင်း လုပ်မယ်ကြိုးစားမယ်ဆိုတဲ့ ခံယူချက်လည်း လိုက်လာမှာပဲ။ ခံယူတဲ့အတိုင်း ကြိုးစားခဲ့ရင်အောင်မြင်မှုက လက်တစ်ကမ်းမှာပါ၊၊
နောက်ဆုံးအချက် အားပေးချင်တာက အိပ်မက်ဆိုတာ ဘယ်အိပ်မက်မှ မကြိုးစားဘဲနဲ့တော့ မရနိုင်ပါဘူး၊ ခက်ခက်ခဲခဲကြိုးစားမှုရဲ့နောက်မှာ ချိုမြိန်တဲ့အောင်မြင်မှု ရှိနေတယ်ဆိုတဲ့အတွက် ကြောင့်... သူတို့အားလုံး ကောင်းကောင်းလုပ်နိုင်ကြမယ်၊ ယခင်စံချိန်ကောင်းတွေကို ချိုးနိုင်ကြမယ်၊ နိုင်ငံတော်အလံ ကွင်းအနှံ့လွှမ်းသွားမယ်၊ အဆုံးမှာအောင်ပွဲနဲ့အတူ ပြန်လာကြမယ်ဆိုတာ ဘယ်အချိန်၊ ဘယ်ကာလ၊ ဘယ်နေရာမှာမှ သံသယရှိမှာ မဟုတ်တော့ပါ။
အထူးသဖြင့် ယခုဆောင်းပါးဟာ (၃၃)ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲဝင်တွေအတွက် အဓိကရည်ရွယ်တဲ့ အားပေးမှု၊ လှုံ့ဆော်တိုက်တွန်းမှုတွေဖြစ်သော်လည်း... ကိုယ်စီကိုယ်စီကောင်းမွန်တဲ့ အနာဂတ်တစ်ခုအတွက် ရည်မှန်းချက်ထား ကြိုးစားနေကြသူတွေ၊ ဘဝကိုအနိုင်မခံအရှုံးမပေး ကြိုးစားနေကြသူအားလုံး.. အထူးသဖြင့် ကျောင်းသားလူငယ်တွေအတွက်လည်း ရည်ရွယ်ချက်တွေ ပါဝင်သွားခဲ့ပြီးဖြစ်ပါတယ်။ ။

အားကစားနည်းအမျိုးမျိုးတွင် မြန်မာပရိသတ်များ အမျှော်လင့်ဆုံး၊ အနှစ်သက်ဆုံးအားကစားနည်းမှာ ဘောလုံးအားကစားနည်းဖြစ်သည်။ တစ်ချိန်သောကာလက ပြည်နယ်နှင့် တိုင်းဘောလုံးအားကစားပြိုင်ပွဲနှင့် ကျွန်းဆွယ်၊ ဆီးဂိမ်း၊ အာရှအားကစားပြိုင်ပွဲများတွင် တိုင်းနှင့် ပြည်နယ်လက်ရွေးစင်၊ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ၏ ယှဉ်ပြိုင်ကစားခဲ့ကြပုံများကို ပြည်သူလူထုတစ်ရပ်လုံး တစ်ခဲနက်အားပေးခဲ့ကြသည်။ တစ်ရပ်ကွက်လုံး၊ တစ်မြို့နယ်လုံး၊ တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက် ဘဝဂ်ထိတိုင်ဆူညံသံများဖြင့် အားပေးခဲ့ကြသည်များကို ယနေ့ထက်တိုင်အောင် သတိရနေဆဲဖြစ်သည်။

မျိုးချစ်စိတ်ဓာတ်ရှင်သန်
မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ရေကုန်ရေခန်းအနိုင်မခံအရှုံးမပေးသည့် ပြောင်မြောက်သော ကစားပုံ၊ ကစားကွက်များမှာ ပရိသတ်အားလုံး၏ နှလုံးသားများကို စွဲငြိစေခဲ့သည်။ ရွှေတွဲလဲ၊ ငွေတွဲလဲနှင့် အောင်ပွဲမှပြန်လာကြသော မြန်မာ့လက်ရွေးစင်အားကစားသမားများကို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသော မြင်ကွင်းများမှာလည်း ယနေ့ထက်တိုင် မမေ့ပျောက်နိုင်သေးဘဲရှိသည်။ အောင်ပွဲရ မြန်မာ့လက်ရွေးစင်အသင်းများအပေါ် မြန်မာအားကစားပရိသတ်ထားရှိသည့် ယုံကြည်ကိုးစားမှု၊ ကျေနပ်နှစ်သက်မှု၊ ချစ်ခင်မြတ်နိုးမှုများမှာ လျော့နည်းသွားခြင်းမရှိပေ။ မြန်မာနိုင်ရမည်ဆိုသည့် အားကစားစိတ်ဓာတ်များ မြန်မာတစ်မျိုးသားလုံး၏ ရင်ထဲတွင်ကိန်းအောင်းနေဆဲ၊ အားကစားမှ ဖြစ်ပေါ်လာသော မြန်မာတို့၏ မျိုးချစ်စိတ်ဓာတ်ရှင်သန်နေဆဲ။
ပြီးခဲ့သည့် ဇူလိုင်လတတိယပတ်က အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် အာဆီယံယူ - ၂၃ ချန်ပီယံရှစ်ပြိုင်ပွဲများကို မြန်မာအားကစားပရိသတ် စိတ်ဝင်တစား အားပေးကြည့်ရှုခဲ့ကြသည်။ ဇူလိုင်လ ၂၂ ရက်နေ့အုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ဂိုးမရှိသရေပွဲကျခဲ့သည်။ အာဆီယံနိုင်ငံများတွင် အစဉ်အလာရှိသည့် ထိပ်တန်းထိုင်းအသင်းကို သရေကစားနိုင်သဖြင့်ကျေနပ်မိသည်။ သို့သော် အုပ်စုပထမပြိုင်ပွဲတွင် တီမောအသင်းကို မထင်မှတ်ဘဲ၊ မမျှော်လင့်ဘဲ သရေကစားခဲ့သည်ကိုမူ မြန်မာပရိသတ်များ မကျေမချမ်းဖြစ်ကြသည်။ မြန်မာတို့၏ မျိုးချစ်စိတ်ဓာတ်ကို တီမောအသင်းနှင့် ယှဉ်ပြိုင်ရာတွင် အထင်အရှားတွေ့ရသည်။ အနိုင်ရလျှင် တစ်နိုင်ငံလုံးပျော်မည်။ ရှုံးနိမ့်လျှင် ကြိတ်မနိုင်ခဲမရဖြစ်ကြသည်။
ပရိသတ်များမျှော်လင့်လျက်
ယခုကာလတွင် ယှဉ်ပြိုင်ကစားကြသော ပြည်တွင်း/ပြည်ပအားကစားပြိုင်ပွဲများ၏ အနိုင်/အရှုံးရလဒ်များသည် နှစ်ကုန်တွင်ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အကြိုခြေလှမ်းများဟု ဆိုနိုင်သည်။ အတိတ်တစ်ချိန်က ရွှေရောင်လွှမ်းခဲ့သော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့အားကစားဂုဏ်သည် အားကစားသမိုင်းတွင် ကမ္ပည်းမော်ကွန်းရေးထိုးထားသည်။ ခေတ်ကာလရွေ့လျောလာသည့်အလျောက် မြန်မာ့အားကစားရွှေရောင်များမှာ မှေးမှိန်လာခဲ့ပြီး မျက်မှောက်ကာလတွင်မူ အားကစားအဆင့်အတန်းမှာ ပြန်လည်ဦးမော့လာသည်ဟုဆိုနိုင်သည်။ အတိတ်က ရွှေရောင်အိပ်မက်များကို မမေ့နိုင်သေးသလို အနာဂတ်အတွက် ရွှေရောင်အိပ်မက်များကိုလည်း ပရိသတ်အားလုံး မျှော်လင့်လျက်ရှိသည်။
၂၀၂၃ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစား နည်း ၁၉ နည်း၊ အားကစားသမား ၃၄၁ ဦး၊ အုပ်ချုပ်သူ/နည်းပြ ၁၀၄ ဦး စုစုပေါင်း မြန်မာအားကစားအဖွဲ့ဝင် ၄၄၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခု စုစုပေါင်း ဆုတံဆိပ် ၁၁၄ ခု နိုင်ငံ့ဂုဏ်ဆောင် ရယူပေးနိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာတွေ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၈၁ ခုနှစ် နောက်ပိုင်းအခြားအိမ်ရှင်နိုင်ငံများသို့ ဧည့်နိုင်ငံအဖြစ် သွားရောက်ယှဉ်ပြိုင်ကစားခဲ့သည့် ဆီဂိမ်းပြိုင်ပွဲ များတွင် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်အများဆုံး ဆောင်ကြဉ်းပေးနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့များ၏ ထူးခြားသော စွမ်းဆောင်မှုများကို တွေ့ရမည်ဖြစ်သည်။
ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့
ပါဝင်ယှဉ်ပြိုင်နိုင်မှုအင်အားတွင် (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ ပြိုင်ပွဲဝင် ၁၁ နိုင်ငံမှ အားကစားသမား ၆၂၁၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အိမ်ရှင်ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့သည် ပြိုင်ပွဲဝင် ၈၀၀ ကျော်စီပါဝင်သည့် အများဆုံးအင်အားဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ဗီယက်နမ်က အင်အား ၇၀၀ ကျော်၊ မလေးရှားက အင်အား ၆၀၀ ကျော်၊ အင်ဒိုနီးရှား၊ လာအိုနှင့် စင်ကာပူနိုင်ငံတို့က အင်အား ၅၀၀ ကျော်စီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်ကို တွေ့ရသည်။ အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်နိုင်မှု အခြေအနေကိုကြည့်လျှင် စုစုပေါင်းထည့်သွင်းကျင်းပသည့် အားကစားနည်း ၃၆ နည်းတွင် အိမ်ရှင်ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့က အားကစားနည်းအားလုံး ရာနှုန်းပြည့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ ငါးနိုင်ငံက အားကစားနည်း ၃၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မြန်မာနိုင်ငံက အားကစားနည်း ၁၉ နည်းသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်မှု ရာခိုင်နှုန်းအနေဖြင့် ၅၂ ဒသမ ၇၈ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ အားကစားသမားပါဝင်မှု အချိုးအစားကိုကြည့်လျှင် အာဆီယံနိုင်ငံအားလုံးက ပါဝင်ယှဉ်ပြိုင်သူအားလုံး၏ ၅ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်ကိုတွေ့ရသည်။ မြန်မာအားကစားအဖွဲ့များအနေဖြင့် အားကစားနည်းစနစ်အစုံအလင်နှင့် ပြိုင်ပွဲဝင်အားကစားသမားအပြည့်အစုံ ပါဝင်ယှဉ်ပြိုင်ကြသည့် အခြားနိုင်ငံများကြားတွင် အားကစားနည်း ၁၉ နည်းနှင့်ပြိုင်ပွဲဝင် ၃၄၁ ဦးဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရသော်လည်း အားကစားနည်းအရ ဆုတံဆိပ်ရရှိမှုတွင် မြန်မာနိုင်ငံက မြင့်မားနေသည်မှာ ဂုဏ်ယူဖွယ်ရာဖြစ်သည်။
အောင်မြင်မှုမြင့်မား
ထို့ပြင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲမှ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအထိ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သူအားကစားသမားဦးရေနှင့် ဆုတံဆိပ်ရရှိမှု ရာခိုင်နှုန်းတွက်ချက်မှုအရ မြန်မာနိုင်ငံ၏ အောင်မြင်မှုရာခိုင်နှုန်းသည် (၂၇)ကြိမ်မြောက်ပြိုင်ပွဲ၌ ၂၈ ရာခိုင်နှုန်း၊ (၂၈)ကြိမ်မြောက်ပြိုင်ပွဲ၌ ၁၇ ဒသမ ၈ ရာခိုင်နှုန်း၊ (၂၉)ကြိမ်မြောက် ပြိုင်ပွဲ၌ ၉ ဒသမ ၆၈ ရာခိုင်နှုန်း၊ အကြိမ် (၃၀) မြောက်ပြိုင်ပွဲ၌ ၇ ဒသမ ၆၆ ရာခိုင်နှုန်းနှင့် ၂၀၂၁ ခုနှစ် (၃၁) ကြိမ်မြောက်ပြိုင်ပွဲ၌ ၂၁ ဒသမ ၅၂ ရာခိုင်နှုန်းရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက်ပြိုင်ပွဲ၌ ၃၃ ဒသမ ၄၃ ရာခိုင်နှုန်းအထိရရှိခဲ့သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် မြန်မာ့အားကစား အောင်မြင်မှုများ မြင့်မားတိုးတက်လာသည်ကို တွေ့ရသည်။
ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်းပေါင်း ၅၃ နည်းထည့်သွင်းကျင်းပသွားမည်ဟု သိရသည်။ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်းပေါင်း ၄၀ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုအခါ အားကစားနည်းအလိုက်ပွဲမဝင်မီ ပြင်ဆင်လေ့ကျင့်နေကြသည်ကို တွေ့ရသည်။ (၃၃) ကြိမ်မြောက် ပြိုင်ပွဲတွင်ပါဝင်မည့် အားကစားနည်းအမျိုးအစားများလာသည့်အလျောက် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်းများအလိုက် တိုးတက်ယှဉ်ပြိုင်လာသည်ကို တွေ့နိုင်သည်။
စံချိန်သစ်ပေါ်ထွက်နိုင်
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ပွဲမဝင်မီကြိုတင်ပြင်ဆင် လေ့ကျင့်နေမှုများနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ်က နေပြည်တော်တွင် တခမ်းတနားကျင်းပခဲ့သည့်် ပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲမှတစ်ဆင့် အစပျိုးလာခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့သည့် အားကစားပွဲတော်ကြီးတွင် အားကစားသမားပေါင်း ၁၂၀၀၀ ခန့်နှင့်အားကစားနည်း ၂၃ မျိုး ယှဉ်ပြိုင်ခဲ့ကြခြင်းမှစတင်သည်။ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဂေါက်သီး၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်၊ အလေးမ၊ ရေကူး၊ ကြက်တောင်၊ ဘိလိယက်နှင့် စနူကာ၊ ကာယဗလ၊ ဂျူဒို၊ ကရာတေး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်၊ မြန်မာ့သိုင်း၊ လက်ဝှေ့စသည့် အားကစားနည်းများသည် လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာနိုင်ပြီး စံချိန်သစ်တင်နိုင်သော အားကစားနည်းများဖြစ်သည်။
မြန်မာအားကစားပရိသတ်များ စိတ်ဝင်စားသည့် ဘောလုံးပြိုင်ပွဲနှင့်ပတ်သက်၍ အတိတ်က ရွှေရောင်အိပ်မက်များကို အမီမလိုက်နိုင်သေးသော်လည်း ၂၀၀၅ ခုနှစ်မှစတင်၍ ဗိုလ်လုပွဲအဆင့်အထိ တက်လှမ်းလာနိုင်သဖြင့် အရှေ့တောင်အာရှဘောလုံးလောကတွင် မြန်မာဘောလုံးအသင်းများ၏ ခြေစွမ်းခြေစများမှာ အလားအလာကောင်းများ ရှိနေပြီဖြစ်သည်။ ပြီးခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသား/အမျိုးသမီးအသင်း နှစ်သင်းစလုံးအနေဖြင့် အကြိုဗိုလ်လုပွဲများသို့ တက်ရောက်နိုင်ခဲ့သည်မှာ မြန်မာနိုင်ငံနှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် အားတက်ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ အခြေအနေဖြစ်သည်။ မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့် အုပ်စုအဆင့်၌ ပြိုင်ဘက်အသင်းကောင်းများဖြစ်သည့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းများနှင့် ယှဉ်ပြိုင်ကစားခဲ့ကြရပြီး အကြိုဗိုလ်လုပွဲတွင် အာဆီယံ၌ အင်အားအကြီးဆုံး ထိုင်းနိုင်ငံအသင်းကို ဂုဏ်သိက္ခာရှိရှိအနိုင်ရရှိခဲ့သည်။
ဂုဏ်ပြုပေးအပ်ချီးမြှင့်
ထိုသို့အောင်မြင်မှုများ အဆင့်ဆင့်တက်လှမ်းပြီး မျက်မှောက်ကာလတွင် မြန်မာအားကစားကဏ္ဍ အဆင့်အတန်းတစ်ခုအထိ မြင့်မားတိုးတက်လာခြင်းသည် မြန်မာအားကစားသမားများအားလုံး၏ နိုင်ငံနှင့် လူမျိုးဂုဏ်သိက္ခာမြင့်မားရေးအတွက် အားကစားဖြင့် ရေကုန်ရေခန်း ကြိုးပမ်းဆောင်ရွက်မည်ဆိုသည့် အောင်စိတ်မြင့်မားမှုရှိနေကြခြင်းဖြစ်သည်။ ထို့ပြင် အားကစားအဆင့်အတန်း မြင့်မားတိုးတက်လာအောင် နိုင်ငံတော်အစိုးရ၏ အားပေးမြှင့်တင်ဖြည့်ဆည်းဆောင်ရွက်ပေးမှုများဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံအတွက် ဆုတံဆိပ်များရယူပေးနိုင်ခြင်းဖြစ်သည်။ ထိုသို့ နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာရောက်သည့်အပြင် အမိမြန်မာနိုင်ငံတော်အလံကို နိုင်ငံတကာအလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် လွှင့်တင်ပေးနိုင်ခဲ့သဖြင့် အုပ်ချုပ်သူနည်းပြများအပါအဝင် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များအား နိုင်ငံတော်အစိုးရက ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခြင်းများသည်လည်း အထောက်အပံ့ကောင်းများဖြစ်သည်။
သာဓကအားဖြင့် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထူးဆုများအဖြစ် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာအမျိုးသမီးဘောလုံးအသင်းကို အမေရိကန်ဒေါ်လာ ၅၀၀၀၀၊ အကြိုဗိုလ်လုပွဲသို့တက်ရောက်ခဲ့သည့် အမျိုးသားဘောလုံးအသင်းကို အမေရိကန်ဒေါ်လာ ၂၀၀၀၀ ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့သည့်အပြင် အခြားအားကစားနည်းအလိုက် ရွှေ၊ ငွေ၊ ကြေးတံဆိပ်ဆွတ်ခူးကြသော အားကစားမောင်မယ်များ၊ အသင်းလိုက်၊ အဖွဲ့အလိုက်ပါဝင်သူများ၊ အုပ်ချုပ်သူနည်းပြများပါမကျန် ပါဝင်စွမ်းဆောင်ခဲ့ကြသူအားလုံးကို ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။
သို့ဖြစ်ရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းများအလိုက် မြန်မာ့လက်ရွေးစင်အားကစားသမားများအားလုံးက မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ပွဲမဝင်မီ အစွမ်းကုန်ကြိုးပမ်းလေ့ကျင့်ပြင်ဆင်နေကြပြီဖြစ်ရာ ပြီးခဲ့သည့်ဆီးဂိမ်းပြိုင်ပွဲများတွင် ရွှေတွဲလဲ ငွေတွဲလဲ အောင်ပန်းဆင်နိုင်ခဲ့သည့် အခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်သည့် အောင်မြင်မှုများကို သယ်ဆောင်ရယူပေးပြီး အားကစားဖြင့်နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဆောင်ကြဉ်းပေးနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ကျင်းပမယ့်ရက်က တစ်စထက်တစ်စ နီးကပ်လာနေပါပြီ။ အခုလလက်ကျန်ရက်တွေကို ဖယ်လိုက်ရင် ကြားမှာလေးလသာ ကျန်ပါတော့တယ်။ ဒါကြောင့် အချို့အားကစားအဖွဲ့ချုပ်တွေက အပြီးသတ်လူရွေးချယ်တာ၊ အားကစားသမားတွေရဲ့ အရည်အသွေးတွေကို ဆန်းစစ်တာတွေလုပ်နေကြတာ တွေ့ရပါတယ်။ အားကစားအဖွဲ့ချုပ်အလိုက် လူရွေးချယ်တဲ့အလုပ်ကို ဒီလ(ဇူလိုင်လ)ကုန်မှာ အပြီးလုပ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို အချိန်မီတင်ပြကြရမှာဖြစ်သလို ဝန်ကြီးဌာနကလည်း အိမ်ရှင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ပြိုင်ပွဲဝင် အားကစားသမားတွေရဲ့ အမည်စာရင်းတွေ အချိန်မီပေးပို့သွားရမှာဖြစ်တယ်လို့ သိ
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ကျင်းပမယ့်ရက်က တစ်စထက်တစ်စ နီးကပ်လာနေပါပြီ။ အခုလလက်ကျန်ရက်တွေကို ဖယ်လိုက်ရင် ကြားမှာလေးလသာ ကျန်ပါတော့တယ်။ ဒါကြောင့် အချို့အားကစားအဖွဲ့ချုပ်တွေက အပြီးသတ်လူရွေးချယ်တာ၊ အားကစားသမားတွေရဲ့ အရည်အသွေးတွေကို ဆန်းစစ်တာတွေလုပ်နေကြတာ တွေ့ရပါတယ်။ အားကစားအဖွဲ့ချုပ်အလိုက် လူရွေးချယ်တဲ့အလုပ်ကို ဒီလ(ဇူလိုင်လ)ကုန်မှာ အပြီးလုပ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို အချိန်မီတင်ပြကြရမှာဖြစ်သလို ဝန်ကြီးဌာနကလည်း အိမ်ရှင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ပြိုင်ပွဲဝင် အားကစားသမားတွေရဲ့ အမည်စာရင်းတွေ အချိန်မီပေးပို့သွားရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီနှစ်ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Game) ကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး အားကစားနည်းပေါင်း ၅၃ နည်းကို ဘန်ကောက်၊ ချွန်ဘူရီနဲ့ ဆောင်ခလာ မြို့သုံးမြို့မှာနေရာခွဲပြီး ကျင်းပသွားမှာပါ။ မြန်မာနိုင်ငံအနေနဲ့ကတော့ အားကစားနည်းပေါင်း ၄၀ မှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့အတွက် စခန်းသွင်းပြင်ဆင်လေ့ကျင့်နေကြတယ်လို့ သိရပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ နှလုံးသွင်းထားကြရမှာက ပြိုင်ပွဲဝင်နိုင်ငံတိုင်း၊ အားကစားသမားတိုင်း၊ အားကစားအသင်းအဖွဲ့တိုင်းက မိမိတို့အနိုင်ယူအောင်ပွဲခံနိုင်ဖို့ အစွမ်းကုန်ကြိုးစားပြင်ဆင် လေ့ကျင့်နေကြတာဖြစ်လို့ ပြိုင်ပွဲက မကြေညာထားဘဲ အခုချိန်ကတည်းက စတင်ယှဉ်ပြိုင်နေကြပြီ ဆိုတာပါပဲ။ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်စုဖွဲ့တာ၊ လေ့ကျင့်တာ၊ စီမံချက်ရေးဆွဲတာ၊ နည်းဗျူဟာ ချမှတ်တာစသဖြင့် စနစ်တကျ၊ ညီညီညွတ်ညွတ်၊ တက်တက်ကြွကြွ၊ ပံ့ပိုးမှုကောင်းကောင်း၊ အားပေးမှုကောင်းကောင်း ဆောင်ရွက်ကြခြင်းဖြင့် အခြေခံအကြောင်းတရားတွေ ပေါင်းစုံတဲ့အခါ အကောင်းဆုံးသော ရလဒ်၊ အမြင့်ဆုံးသော အောင်ပွဲတွေ ဆွတ်ခူးနိုင်ကြမှာဖြစ်ပါတယ်။
အနီးဆုံးပြိုင်ပွဲကို ပြန်ကြည့်ရင် ၂၀၂၃ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၃၂)ကြိမ်မြောက် ဆီးဂိမ်းမှာအားကစားနည်း ၃၆ နည်း ထည့်သွင်း ကျင်းပခဲ့တဲ့အနက် မြန်မာနိုင်ငံက အားကစားနည်း ၁၉ နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အားကစားသမားပေါင်း ၃၄၁ ဦး၊ အုပ်ချုပ်နည်းပြ ၁၀၄ ဦး စုစုပေါင်း ၄၄၅ ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ကြရမှာ ရွှေ ၂၁ ခု၊ ငွေ ၂၅ ခုနဲ့ ကြေး ၆၈ ခု ဆုတံဆိပ် ၁၁၄ ခု ရယူပေးနိုင်ခဲ့တာမို့ ၁၉၈၁ ခုနှစ် နောက်ပိုင်း(နှစ်ပေါင်း ၄၀ ကျော်အတွင်း) အခြားနိုင်ငံတွေမှာ ကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲတွေမှာ မြန်မာအားကစားအဖွဲ့တွေ ရွှေ၊ ငွေ၊ ကြေး အများဆုံးရယူပေးနိုင်ခဲ့တဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ (၃၂)ကြိမ်မြောက် ဆီးဂိမ်းမှာ နိုင်ငံအလိုက်ဝင်ရောက်ယှဉ်ပြိုင်နိုင်သူဦးရေကို ပြန်ကြည့်ရင် ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၁၁ နိုင်ငံက ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း ၆၂၁၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင်ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်းတို့က ပြိုင်ပွဲဝင်သူ ၈၀၀ ကျော်စီ၊ ဗီယက်နမ်က ၇၀၀ ကျော်၊ မလေးရှားက ၆၀၀ ကျော်၊ အင်ဒိုနီးရှား၊ လာအို၊ စင်ကာပူတို့က ၅၀၀ ကျော်စီနဲ့ မြန်မာက ၃၄၁ ဦး ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အားကစားသမားအရေအတွက်နဲ့ ဆုတံဆိပ်ရရှိမှု ရာခိုင်နှုန်းတွက်ချက်မှုအရ ပြီးခဲ့တဲ့(၃၂)ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်းမှာ ၃၃ ဒသမ ၄၃ ရာခိုင်နှုန်းရရှိခဲ့ပြီး (၂၇)ကြိမ်မြောက် ဆီးဂိမ်းနောက်ပိုင်း အမြင့်ဆုံးသောအောင်မြင်မှုကို ရရှိနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက မြန်မာအမျိုးသား၊ အမျိုးသမီးဘောလုံးနှစ်သင်းစလုံး အကြိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ကြပါတယ်။ မြန်မာအမျိုးသမီးဘောလုံးအသင်းဆိုရင် အာဆီယံရဲ့အင်အားကြီးဖြစ်တဲ့ ထိုင်းနိုင်ငံအမျိုးသမီးဘောလုံးအသင်းကို ၂ ဂိုး အရှုံးနဲ့ နောက်ကလိုက်ကစားပြီးပွဲအပြီးမှာ ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့တာကိုလည်း အမှတ်ရနေကြဦးမှာပါ။ ဗိုလ်လုပွဲမှာတော့ ဗီယက်နမ် အမျိုးသမီးဘောလုံးအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ငွေဆုနဲ့နှစ်သိမ့်ခဲ့ရတာမို့ လက်ရှိမှာတော့ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ အာဆီယံရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ဆီးဂိမ်းပြိုင်ပွဲတွေမှာ ဆုတံဆိပ်ရရှိမှုဟာအား ကစားနည်းအလိုက် ပြိုင်ပွဲဝင်နိုင်တဲ့အရေအတွက်နဲ့ အားကစားသမားတွေရဲ့ အရည်အသွေးတို့အပေါ်မှာ မူတည်နေတာမို့ အားကစားအမျိုးအစားတိုင်းမှာ ဝင်ပြိုင်နိုင်မယ်၊ ကိုယ့်ရဲ့အားကစားသမားတွေ အားလုံးအရည်အသွေးမြင့်မားကြမယ်၊ စံချိန်ကောင်းကြမယ်ဆိုရင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တွေလည်း ပိုမိုရရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် ဆီးဂိမ်းရဲ့ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုတန်းစီဇယားမှာ ထိပ်ဆုံးပိုင်းကို ရောက်ရှိဖို့ဆိုရင် အားကစားသမားကောင်းတွေ ပိုမိုပြုစုပျိုးထောင်ဖို့၊ ပြိုင်ပွဲအားလုံးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့နဲ့ ပြိုင်ပွဲတိုင်း ဆုတံဆိပ်တွေဆွတ်ခူးနိုင်ဖို့ ရေရှည်မျှော်မှန်းချက်နဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။
အခုလာမယ့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းအတွက် မြန်မာနိုင်ငံရဲ့ကြိုတင်ပြင်ဆင်မှုဟာ ပြီးခဲ့တဲ့နှစ်က နေပြည်တော်မှာ တခမ်းတနားကျင်းပခဲ့တဲ့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပဲ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိကျင်းပခဲ့တဲ့ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကြီးမှာ အားကစားသမားပေါင်း ၁၂၀၀၀ လောက်နဲ့ အားကစားနည်း ၂၃ မျိုး ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဂေါက်သီး၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်၊ အလေးမ၊ ရေကူး၊ ကြက်တောင်၊ ဘိလိယက်စနူကာ၊ ကာယဗလနဲ့ ကာယကြံ့ခိုင်မှု၊ ဂျူဒို၊ ကရာတေး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်၊ မြန်မာ့သိုင်း၊ လက်ဝှေ့စတဲ့ အားကစားနည်းတွေပါဝင်ပါတယ်။ အမျိုးသားအားကစားပွဲတော်ကြီးက လက်ရွေးစင်အဆင့်မီ အားကစားသမားတွေပေါ်ထွက်လာပြီး စံချိန်သစ်တင်နိုင်ခဲ့တဲ့ အားကစားနည်းတွေလည်း ရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်ကနေ ၂၀ ရက်အထိ ကျင်းပခဲ့တဲ့ အမျိုးသားအားကစားပွဲတော်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်ကနေ ၂၀ ရက်အထိ ကျင်းပမယ့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းကို အဓိကဦးတည်ချက်ထားခဲ့တာဖြစ်ပြီး အချိန်ကာလအားဖြင့် တစ်နှစ်တိတိကွာပါတယ်။ အမျိုးသား အားကစားပွဲတော်ကထွက်ပေါ်လာတဲ့ စံချိန်ရှင်တွေ၊ လက်ရွေးစင်အားကစားသမားတွေကို ဆက်လက်လေ့ကျင့်ပေးပြီး (၃၃)ကြိမ်မြောက် ဆီးဂိမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် ပြင်ဆင်မှုကောင်းမွန်ပြီး ရလဒ်ကောင်းတွေ ပိုမိုပေါ်ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ကိုယ့်စိတ်အလိုကျဆိုရရင် မြန်မာအားကစားသမားတွေပြိုင်ပွဲတိုင်းမှာ ရွှေဆုကိုသာမလွဲမသွေ ရယူကြလိမ့်မယ်လို့ ရဲရဲတင်းတင်း ပြောလိုက်ချင်တာပါ။
အားကစားဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ ကျွမ်းကျင်မှုတွေကို လေ့ကျင့်မှုတွေနဲ့ အစွမ်းကုန်မြှင့်တင်ပြီး ယှဉ်ပြိုင်ကြရတဲ့ ဖျော်ဖြေမှုတစ်ရပ်လို့ ယေဘုယျအဓိပ္ပာယ် ဖွင့်ဆိုထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် အားကစားပွဲတွေကို နိုင်ငံအလိုက်၊ နိုင်ငံ့ကိုယ်စားပြုစသဖြင့် ယှဉ်ပြိုင်ကြတဲ့အခါ အနက်အဓိပ္ပာယ်နဲ့ အကျိုးသက်ရောက်မှုဟာ ဒီထက်များစွာပိုပြီး နက်ရှိုင်းကျယ်ဝန်းသွားပါတယ်။ အားကစားယှဉ်ပြိုင်မှုတွေက စစ်ပွဲတွေပမာဖြစ်သွားပါတယ်။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တွေကို အခြေခံရတာ၊ နည်းလမ်းပေါင်းစုံနဲ့ အနိုင်ရအောင် တိုက်ရတာချင်းတူပေမယ့် ကျန်တာတွေကတော့ ဆန့်ကျင်ဘက်ပါ။ အားကစားသည်အပြု၊ စစ်သည်အဖျက်။ အားကစားသည် ချစ်ကြည်ရင်းနှီးမှု၊ စစ်သည်မုန်းတီးနာကြည်းမှု၊ အားကစားသည်ငြိမ်းချမ်းရေး၊ စစ်သည်ပျက်သုဉ်းရေး၊ အားကစားသည် အပေါင်းလက္ခဏာသဘော၊ စစ်သည် အနုတ်လက္ခဏာသဘော စသည်ဖြင့် ဆန့်ကျင်ခြားနားပါတယ်။
အားကစားမှာယှဉ်ပြိုင်ခြင်းသည် အဓိကဆိုပေမယ့် ဒါကကျင့်ဝတ်သဘောသာ ပြောခြင်းဖြစ်ပါတယ်။ လက်တွေ့မှာတော့ ပြိုင်ပွဲဝင်အားကစားသမားတွေရော၊ အားပေးကြတဲ့ ပရိသတ်တွေပါ အောင်ပွဲကိုပဲ လိုချင်ကြတာပါ။ အနိုင်ရမှ အားရကြတာပါ။ အနိုင်ယူနိုင်မှ အားပေးကြတာလည်း သဘာဝပါ။ ဘောလုံး၊ ဘော်လီဘော၊ လက်ဝှေ့၊ ရေကူး၊ ပြေးခုန်ပစ်စတဲ့ အားကစားတွေမှာ မြန်မာအားကစားသမားတွေ အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်စသဖြင့် အောင်မြင်မှုတွေရခဲ့တဲ့အချိန်တုန်းက မြန်မာတွေအားကစားကို အားပေးခဲ့ကြပါတယ်။ မြန်မာ့အားကစားအတွက် မြန်မာတွေဂုဏ်ယူခဲ့ကြရပါတယ်။ မြန်မာ့ဂုဏ်ဆောင်အားကစားသမားတွေဟာလည်း မြန်မာတို့အဖို့ ဟီးရိုးတွေဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာ့အားကစားရွှေခေတ်ဟာ ရာစုနှစ်ဝက်လောက်မှာ ကျန်ရစ်ခဲ့ရပါတယ်။ အားကစားပရိသတ်တွေအဖို့လည်း ကြားကာလနှစ်တွေမှာ တစ်ခါတစ်ခါရတတ်တဲ့ အောင်ပွဲ တချို့တလေနဲ့ပဲ နှစ်သိမ့်နေခဲ့ကြရတာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာပရိသတ်တွေ သည်းသည်းလှုပ်အားပေးကြတဲ့ ဘောလုံးအားကစားနည်းမှာ မြန်မာအမျိုးသား၊ အမျိုးသမီးအသင်းတွေကို အရှေ့တောင် အာရှရဲ့ထိပ်ဆုံးနေရာတွေမှာ တွေ့ချင်၊ မြင်ချင်ကြတဲ့ အာသီသဟာ ကြီးမားပါတယ်။
(၃၃)ကြိမ်မြောက် ဆီးဂိမ်းမှာမြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်းတွေဟာ (၃၂) ကြိမ်မြောက် ဆီးဂိမ်းထက်နှစ်ဆကျော်ပိုမို များပြားလာသလို အားကစားသမားတွေနဲ့ အုပ်ချုပ်သူ နည်းပြများလည်း ပိုမိုများပြားလာမှာဖြစ်ပါတယ်။ အရေအတွက်အားဖြင့် ပိုမိုများပြားတဲ့နည်းတူ အရည်အသွေးမြင့်မားတဲ့ အားကစားသမားတွေဖြစ်အောင်၊ ပြိုင်ပွဲတိုင်းမှာ အောင်ပွဲခံနိုင်အောင် အဘက်ဘက်က ကြိုတင်ပြင်ဆင်ဖြည့်ဆည်းကြပြီး အောင်စိတ်ကိုအမြင့်ဆုံးမှာ မြှင့်တင်ထားကြရမှာလည်း ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့အဘက်ဘက်က ဖြည့်ဆည်းစီမံဆောင်ရွက်ပေးမှု၊ နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ အမြင့်မားဆုံးသော အားပေးမှုတွေနဲ့အတူ (၃၃) ကြိမ်မြောက် ဆီးဂိမ်းမှာ သမိုင်းတစ်ခုရေးထိုးနိုင်ကြရအောင် အချိန်ရှိခိုက် လုံ့လဝီရိယစိုက်ကြပါစို့ရဲ့ဗျား။ ။

အားကစားဟူသော ဝေါဟာရကို နိုင်ငံတကာ အဘိဓာန်များက “ယှဉ်ပြိုင်မှုရှိသော ရုပ်ပိုင်းဆိုင်ရာ ပြုမူဆောင်ရွက်မှုပုံစံအားလုံးကို အားကစား” ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။

အားကစား၏ အဓိကရည်မှန်းချက်မှာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုသည်ဆိုသော်လည်း ယခုအခါ အားကစားမှာ တစ်ဦးချင်းယှဉ်ပြိုင်ရသော ပြိုင်ပွဲများမှသည် လူပေါင်းရာထောင်ချီပါဝင်ယှဉ်ပြိုင်သော ပြိုင်ပွဲများအထိလည်းကောင်း၊ ကျေးလက်အဆင့် အားကစားပြိုင်ပွဲများမှသည် ကမ္ဘာနှင့်ချီသော အိုလံပစ်ပြိုင်ပွဲများအထိလည်းကောင်း ကျင်းပလျက်ရှိနေပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် အားကစားအောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင် ထည်ဝါခံ့ညားစေသည်။ ထိုမှတစ်ဆင့် အားကစားပြိုင်ပွဲများကို လက်နက်မပါသော တိုက်ပွဲများဟုပင် တင်စားခေါ်ဝေါ်လာနေကြပြီ ဖြစ်ပါသည်။
အားကစားသည် အမျိုးသားရေးတာဝန်
အားကစားသည် ပြောင်းလဲလာသော အခြေအနေအရပ်ရပ်နှင့်အညီ အရှိန်အဝါနှင့် အနေအထားအရပါ မြင့်မားလာသည်ဖြစ်ရာ ကျန်းမာရေးသက်သက်၊ အားကစားသက်သက်အဆင့်တွင်သာ ရပ်တန့်မနေဘဲ နိုင်ငံနှင့် လူမျိုးဂုဏ်ကို မြှင့်တင်ပေးသည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ အမျိုးသားရေးတာဝန်တစ်ရပ်၏ အဆင့်နှင့်အညီ အားကစားလှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲများကို အမျိုးသားအားကစားပွဲတော်အဖြစ် တစ်နိုင်ငံလုံးပါဝင်သည့် အားကစားပြိုင်ပွဲကြီးများ ကျင်းပပြီး အားကစားနည်းအလိုက် နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နိုင်မည့် လက်ရွေးစင်အားကစားသမားများကို စိစစ်ရွေးချယ်လာကြခြင်းမှာ မဖြစ်မနေဆောင်ရွက်ရမည့် အရေးပါသော အဓိကလုပ်ငန်းတစ်ရပ်လည်း ဖြစ်လာခဲ့ပါသည်။
မြန်မာနိုင်ငံ၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး ခေတ်အဆက်ဆက်ကပင် ကြိုးစားဆောင်ရွက်ခဲ့ကြပြီး ယခင့်ယခင်ကာလ များကပင် ပြည်နယ်/ တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနအဆင့် အားကစားပြိုင်ပွဲများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားအားကစားပြိုင်ပွဲများ ကျင်းပကာ နိုင်ငံ့ကိုယ်စားပြုလက်ရွေးစင်အားကစားသမားများကို ရွေးချယ်ပျိုးထောင်ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည့် သာဓကများလည်း ခိုင်ခိုင်မာမာရှိခဲ့ပြီး ဖြစ်ပါသည်။
သို့ရာတွင် ၁၉၈၀ ပြည့်နှစ်များနောက်ပိုင်းတွင် မြန်မာ့အားကစားအဆင့်မှာ အရှေ့တောင်အာရှတွင် တဖြည်းဖြည်းကျဆင်းလာခဲ့ပြီး နိုင်ငံအလိုက် ရပ်တည်မှုမှာ အဆင့် ၇ အထိ ရောက်ရှိလာခဲ့ပါသည်။ ထိုသို့သော အခြေအနေကို ကာကွယ်နိုင်ရန်အတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရ လက်ထက်ကပင် ကြိုတင်ပြင်ဆင်မှုများဖြင့် ကြိုးစားခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်နှင့် ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ် အမျိုးသားအားကစားပွဲတော်များအား ကျင်းပပေးခဲ့သည့်အပြင် ဒီမိုကရေစီအစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးအား ပြန်လည်ကျင်းပပေးခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။
အားကစားပြိုင်ပွဲများကျင်းပခြင်းသည် နိုင်ငံတကာပြိုင်ပွဲများ အောင်မြင်မှုရရှိရေးများစွာ အထောက်အကူပြုနေမှုများ
အမျိုးသားအားကစားပွဲတော်ကြီးကျင်းပခြင်းမှာ အားကစားနည်းအလိုက် မျိုးဆက်သစ်များ ပေါ်ထွက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ အောင်မြင်မှုရရှိရေးအဓိကထားရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများပင်လျှင် မိမိတို့နိုင်ငံ၏ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းအားကစားပြိုင်ပွဲမျိုးစုံနှင့် နိုင်ငံတကာ ဖိတ်ခေါ်အားကစားပြိုင်ပွဲများအား ပုံစံအမျိုးမျိုးဖြင့် စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိရာ အားကစားနည်းအလိုက် အားကစားသမားများ၏ စွမ်းဆောင်ရည်နှင့် စံချိန်စံညွှန်းများ တိုးတက်အောင် ဖော်ဆောင်ပေးလျက်ရှိပါသည်။
အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ပထမအကြိမ် ကျောင်းသားလူငယ်အားကစားပြိုင်ပွဲ The First Student (Youth) Game ကို နန်နင်းမြို့တွင် ကျင်းပခဲ့ရာ အဆိုပါလူငယ်အားကစားပြိုင်ပွဲမှ ကမ္ဘာ့လူငယ်စံချိန် ၁၁ ခု ချိုးနိုင်ခဲ့ပြီး ထိုစံချိန် ၁၁ ခုအနက်မှ ကမ္ဘာ့စံချိန်တစ်ခုချိုးနိုင်ခဲ့သည်အထိ အောင်မြင်မှုများ မြင့်မားခဲ့ကြောင်း သိရှိခဲ့ရပါသည်။
အဆိုပါပြိုင်ပွဲ၏ အကျိုးဆက်အဖြစ် ၂၀၂၄ ခုနှစ် ပြင်သစ်နိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် ပါရီအိုလံပစ်ပြိုင်ပွဲကြီးတွင် တရုတ်နိုင်ငံအနေဖြင့် ရွှေတံဆိပ် ၄၀ ရရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် ရွှေတံဆိပ်အရေအတွက် ရရှိမှုတူညီခဲ့သော်လည်း ငွေတံဆိပ်လျော့နည်းရရှိခဲ့မှုကြောင့် ဒုတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။ အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပခြင်းဖြင့် အားကစားနည်းအလိုက် မျိုးဆက်သစ်များ စဉ်ဆက်မပြတ်ပေါ်ထွက်နေရုံမျှမက လူငယ်ပြိုင်ပွဲများမှ ကမ္ဘာ့စံချိန်များကိုပင် ချိုးနိုင်ခဲ့ပြီး နောက်ဆုံးအဆင့် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများအထိပါ အထောက်အကူပြုလျက်ရှိခြင်းကို ထင်သာမြင်သာရှိသည့် သာဓကအဖြစ်မြင်တွေ့နိုင်ပါသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး
လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် မြန်မာ့အားကစားဖွံ့ဖြိုး တိုးတက်ရေးအား ရေရှည်အထောက်အကူပြုနိုင်မည့် အမျိုးသားရေးဦးတည်ချက်များဖြင့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ဝင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အားကစားကွင်း/အားကစားရုံများတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး မှာ ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ပြီးလျှင် အားကစားနည်းအများဆုံးနှင့် ပြိုင်ပွဲဝင်အားကစားသမားအများဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲကြီးတစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါသည်။
ပဉ္စမအကြိမ်အမျိုးသားအားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခဲ့သည့် အားကစားနည်းများ
ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးတွင် ဝန်ကြီးဌာနအဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်နှင့် မသန်စွမ်းအားကစားပြိုင်ပွဲဟူ၍ ပြိုင်ပွဲအား အဆင့်သုံးဆင့်ခွဲခြားကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးဌာနအဆင့်တွင် ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး)၊ ဘောလုံး(အမျိုးသား)၊ ဖူဆယ်(အမျိုးသား)၊ ဂေါက်သီး(အမျိုးသား)၊ ပိုက်ကျော်ခြင်း(အမျိုးသား)နှင့် ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဟူ၍ အားကစားနည်းခြောက်မျိုး ထည့်သွင်းကျင်းပပေးခဲ့ပါသည်။
ပြည်နယ်/တိုင်းဒေသကြီးအဆင့်တွင် အားကစားနည်း ၂၃ နည်း ထည့်သွင်းကျင်းပပေးခဲ့ပြီး ပြေးခုန် ပစ်(အမျိုးသား/အမျိုးသမီး)၊ ဘတ်စကက်ဘော (အမျိုးသား)၊ ကြက်တောင် (အမျိုးသား/ အမျိုးသမီး)၊ ဘိလိယက်/စနူကာ(အမျိုးသား)၊ လက်ဝှေ့ (အမျိုး သား/အမျိုးသမီး)၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု (အမျိုးသား/အမျိုးသမီး)၊ ခရစ်ကက် (အမျိုး သား/အမျိုးသမီး)၊ ဘောလုံး(အမျိုးသား/ အမျိုးသမီး)၊ ဖူဆယ်(အမျိုးသား/ အမျိုးသမီး)၊ ဂေါက်သီး (အမျိုးသား)၊ ဂျူဒို(အမျိုးသား/အမျိုးသမီး)၊ ကရာတေး (အမျိုး သား/အမျိုးသမီး)၊ ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)၊ ရေကူး(အမျိုးသား/ အမျိုးသမီး)၊ စားပွဲတင်တင်းနစ် (အမျိုးသား/အမျိုးသမီး)၊ တိုက်ကွမ်ဒို(အမျိုးသား/အမျိုးသမီး)၊ တင်းနစ် (အမျိုးသား/ အမျိုးသမီး)၊ ရိုးရာခြင်းလုံး(အမျိုးသား/ အမျိုးသမီး)၊ မြန်မာ့သိုင်း(အမျိုးသား/အမျိုးသမီး)၊ ဘော်လီဘော (အမျိုးသား/ အမျိုး သမီး)၊ ဗိုဗီနမ်(အမျိုး သား/အမျိုးသမီး)၊ အလေးမ(အမျိုးသား/အမျိုးသမီး)၊ ဝူရှူး (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများ ပါဝင်ပါသည်။
မသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် (အမျိုးသား/အမျိုးသမီး)၊ ရေကူး (အမျိုးသား/ အမျိုးသမီး)၊ ထိုင်လျက်ဘော်လီဘော(အမျိုးသား)နှင့် မျက်မမြင်စစ်တုရင် ( အမျိုးသား/အမျိုးသမီး) စသည့်အားကစားနည်းလေးမျိုး ထည့်သွင်းကျင်းပပေးခဲ့ပါသည်။
ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားအင်အားနှင့် ဒိုင်/ဂျူရီအင်အား
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားအင်အားအနေဖြင့် ဝန်ကြီးဌာနအဆင့် ပြိုင်ပွဲများတွင် ၂၅၀၄ ဦး၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများတွင် ၆၀၂၉ ဦး၊ မသန်စွမ်းအားကစားပြိုင်ပွဲများတွင် ၁၈၃ ဦး စုစုပေါင်း ၈၇၁၆ ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး အားကစားပြိုင်ပွဲအသီးသီးတွင် ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည့် ဒိုင်/ဂျူရီအင်အားအနေဖြင့် ၈၂၃ ဦးခန့် တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။
ချီးမြှင့်ပေးအပ်ခဲ့သည့် ဆုတံဆိပ်အရေအတွက်
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးတွင် ပြည်နယ်/တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲ ၂၃ မျိုးအတွက် ရွှေတံဆိပ် ၂၃၈ ခု၊ ငွေတံဆိပ် ၂၃၈ ခု၊ ကြေးတံဆိပ် ၃၃၁ ခု စုစုပေါင်း ၈၀၇ ခု၊ ဝန်ကြီးဌာနအဆင့် အားကစားပြိုင်ပွဲ ခြောက်မျိုးအတွက် ရွှေတံဆိပ် ၅၁ ခု၊ ငွေတံဆိပ် ၅၁ ခု၊ ကြေးတံဆိပ် ၅၁ ခု စုစုပေါင်း ၁၅၃ ခု၊ မသန်စွမ်းအားကစားပြိုင်ပွဲ လေးမျိုးအတွက် ရွှေတံဆိပ် ၅၀၊ ငွေတံဆိပ် ၅၀၊ ကြေးတံဆိပ် ၄၉ ခု၊ စုစုပေါင်း ၁၄၉ ခု၊ ပြိုင်ပွဲ သုံးရပ်လုံးအတွက် ရွှေတံဆိပ် ၃၃၉ ခု၊ ငွေတံဆိပ် ၃၃၉ ခု၊ ကြေးတံဆိပ် ၄၃၁ ခု စုစုပေါင်း ၁၁၀၉ ခု ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
ပြိုင်ပွဲကြီးအပြီးတွင် ရွေးချယ်ရရှိခဲ့သည့် မျိုးဆက်သစ်များနှင့် စံချိန်ချိုးခဲ့မှုမှတ်တမ်းများ
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးအပြီးတွင် အားကစားနည်း ၂၃ မျိုးအတွက် လူငယ်မျိုးဆက်သစ်အမျိုးသားအင်အား ၅၄၀ ကျော်၊ အမျိုးသမီးအင်အား ၃၀၀ ကျော် စုစုပေါင်းအင်အား ၈၄၀ ကျော်ရွေးချယ်ရရှိခဲ့ပြီး ပြေးခုန်ပစ်အားကစားနည်းမှ လမ်းလျှောက် Event တွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့က အနီးကပ်ဆုံးကျင်းပပြီးစီးခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲစံချိန်များအားလည်းကောင်း၊ အမျိုးသားတစ်ဦးက သံလုံးပစ်အားကစားနည်းတွင် ဝန်ကြီးဌာနစံချိန်နှင့် မြန်မာပြည်စံချိန်အားလည်းကောင်း၊ အလေးမပြိုင်ပွဲတွင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့က မြန်မာပြည်စံချိန်များအား ချိုး၍ စံချိန်သစ်များ တင်နိုင်ခဲ့ကြကြောင်း သိရှိရပါသည်။
မြန်မာ့အားကစား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဖော်ဆောင်ရမည့် လူထုအားကစား
မြန်မာ့အားကစားရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များစွာ ရှိသော်လည်း မဖြစ်မနေတစိုက်မတ်မတ်အကောင် အထည်ဖော်ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်းစဉ်တစ်ခုမှာ “လူထုအားကစားလှုပ်ရှားမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်လာစေရေးတွန်းအားပေး ကြပ်မတ်ဆောင်ရွက်ခြင်း၊ စည်းရုံးဆောင်ရွက်ခြင်းများအပြင် လူထုအားကစားလှုပ်ရှား ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများအား အများပြည်သူများ (ကျောင်းသား ကျောင်းသူများအပါအဝင်) ကျယ်ကျယ် ပြန့်ပြန့်သိရှိပြီး အင်တိုက်အားတိုက် လိုက်ပါဆောင်ရွက်လာစေရေးအတွက် အားကစားအသိပညာပေးလုပ်ငန်းများအား ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရေးပင်ဖြစ်ပါသည်။”
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပပေးခြင်း၏ အမျိုးသားရေးဦးတည်ချက်များ အောင်မြင်စေရေး
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးအား နိုင်ငံတော်က အမျိုးသားရေးဦးတည်ချက် (၅) ရပ်ဖြင့် ခမ်းနားထည်ဝါစွာ ကျင်းပပေးခဲ့ခြင်းဖြစ်ပါသည်။ ပြိုင်ပွဲကြီးမှ အားကစားနည်းအလိုက် မျိုးဆက်သစ်များလည်း မြောက်မြားစွာ ပေါ်ထွက်ခဲ့ပြီးဖြစ်ရာ ရရှိခဲ့သည့် မျိုးဆက်သစ်အားကစားသမားများနှင့် ယခင်ရှိပြီး မြန်မာ့လက်ရွေးစင်၊ ပဏာမလက်ရွေးစင် အားကစားသမားများအား ထိရောက်စွာအသုံးချ၍ မြန်မာ့အားကစားအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်လာစေရေးအတွက်လည်းကောင်း၊ မကြာမီကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ထိုက်ထိုက်တန်တန်အောင်မြင်မှု ရရှိစေရေးအတွက်လည်းကောင်း၊ ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အင်တိုက် အားတိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လာစေရေးအတွက်လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက်လည်းကောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များက ဆက်လက်အကောင်အထည်ဖော်ပေးကြပါရန် တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။ ။

နေပြည်တော်တွင် နှစ်ပေါင်း ၂၀ နီးပါး တာဝန်ထမ်းဆောင်စဉ် အတွင်း ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော မန္တလေးမြေငလျင်ကြီးသည် မိမိမွေးဖွားသည်မှ ယနေ့အသက် ၆၀ ကျော်ကာလအတွင်း ပထမဆုံးတွေ့ကြုံခဲ့ဖူးသော အပြင်းထန်ဆုံးသော သဘာဝဘေးငလျင်ဖြစ်သည်။

ငလျင်လှုပ်သည့်နေ့ မတ်လ ၂၈ ရက်တွင် ဌာနအကြီးအကဲများက ချက်ချင်းပင် မိမိဌာနဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု၊ ဝန်ထမ်းလိုင်းခန်းများ အပါအဝင် ရုံးအဆောက်အအုံ ပျက်စီးမှုများကို လိုက်လံစစ်ဆေးကြည့်ရှုကြရာ မိမိကိုင်တွယ်ရသော ဌာနခွဲမှာ မြန်မာ့အားကစားအမွေအနှစ်များ (ရုပ်တုများ၊ ဆုဖလားများ၊ ဆုတံဆိပ်မှတ်တမ်းများ၊ သမိုင်းဝင်ဓာတ်ပုံများ)ကို အများပြည်သူကြည့်ရှု လေ့လာနိုင်ရန် ပြခန်းများလည်းပါဝင်၍ လာရောက်စစ်ဆေးသူ အကြီးအကဲများက အဆိုပါ အားကစားအမွေအနှစ်ပစ္စည်းများအတွက် စိုးရိမ်ကာ ပြခန်းများအတွက် ညဂျူတီချရန် ညွှန်ကြားခဲ့ကြသည်။
မိမိအပါအဝင် ဝန်ထမ်းများ အိမ်ရာရွှေ့ပြောင်းရေးကိစ္စ ညှိနှိုင်းအစည်းအဝေး ကျင်းပအပြီးမှာ ကျွန်တော်လည်းပဲ နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းအတွင်း နေအိမ်ခန်းတစ်ခန်း ရရှိခဲ့၍ နေထိုင်ရေး အဆင်ပြေခဲ့သည်။ အားကစားဌာန ဝန်ထမ်းဖြစ်ရတာကို ယခုအချိန်တွင် ဂုဏ်ယူမိသည်။ ကျေးဇူးတင်ထိုက်သူအပေါင်းကို ကျေးဇူးတင်မိသည်။ အဆိုပါအားကစားလေ့ကျင့်ရေးစခန်းတွင်ပင် စခန်းဝင် အားကစား သမားများသည်လည်း ထိုအတောအတွင်း အဆောင်ရှေ့များ၌ ထွက်အိပ်ကြသည်ကို တွေ့ရသည်။
လျှပ်စစ်မီးနှင့် ရေကလည်းမလာ၍ အားလုံးစိတ်ညစ်နေကြသည်။ အဆိုပါပြဿနာများကို ပြည်ထောင်စုဝန်ကြီး ဦးစီး၍ ဒုတိယဝန်ကြီးများ အပါအဝင် ဌာနအကြီးအကဲများ စုပေါင်းတိုင်ပင် ညှိနှိုင်းကာ ဝန်ထမ်းများနှင့် မှီခိုသူမိသားစုများ၊ အားကစားသမားများ၊ နည်းပြများအားလုံး၏ နေထိုင်ရေး၊ စားသောက်ရေးအတွက် ထမင်းဘူးများဖြန့်ဝေပေးခြင်း၊ ရေကားများနှင့် ရေဖြန့်ဝေပေးခြင်း၊ သောက်ရေသန့် အဆင်ပြေအောင် ဆောင်ရွက်ပေးခြင်းတို့ကို စီစဉ်ပေးနိုင်ခဲ့သည်မှာ ကျေးဇူးတင် ဝမ်းသာစရာဖြစ်ခဲ့သည်။ တစ်ပတ်ခန့်အကြာမှာပင် လျှပ်စစ်မီး ပြန်လည်ရရှိခဲ့သည်။
ရေကတော့ ငလျင်လှုပ်မှုကြောင့် မြေအောက်ရေပိုက်လိုင်းများ ကွဲခြင်း၊ ပြတ်တောက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့၍ သက်ဆိုင်ရာဌာနများက အချိန်ယူပြီး ပင်ပင်ပန်းပန်း ဆောင်ရွက်ပေးကြသဖြင့် ကျေးဇူးတင်ထိုက်သူများတွင် သူတို့လည်းပါဝင်ကြသည်။ အဆိုပါကာလအတွင်း အရေးပေါ်လုပ်ငန်း ဆောင်တာများတွင် အားကစားနည်းပြကြီးများ၊ အားကစားသမားများက အင်တိုက်အားတိုက် ပါဝင်ကူညီဆောင်ရွက်ကြသည်ကို တွေ့ရ၍ လွန်စွာကျေးဇူးတင်မိသည်။ ရန်ကုန်တိုင်းဒေသကြီး အားကစားထောက်အကူပြုအဖွဲ့မှ မိမိတို့ဝန်ကြီးဌာနသို့ ဆန်၊ ဆီ၊ ကြက်ဥ၊ ရေသန့်အပါအဝင် လက်နှိပ်ဓာတ်မီးကအစ ဦးဦးဖျားဖျား တကူးတက လာရောက်လှူဒါန်းသွားသည်မှာ ကျေးဇူးတင်အမှတ်တရဖြစ်စေခဲ့သည်။ထို့ပြင် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌကြီးများအပါအဝင် ရပ်ဝေးဒေသ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ အားကစား မိသားစုများကလည်း လာရောက်လှူဒါန်းကြ၍ အလှူရှင်များနှင့် ဌာနအကြီးအကဲများကို များစွာကျေးဇူးတင်မိသည်။ ဌာနခွဲအသီးသီးရှိ ရုံးများမှာလည်း လတ်တလောအခြေအနေအရ ပြောင်းရွှေ့ရ၍ စားပွဲခုံ၊ ဗီရို၊ မိတ္တူကူးစက်များ၊ ကွန်ပျူတာများ၊ ဆက်တီများ၊ အနှစ်နှစ်အလလက ရုံးစာဖိုင်များကို ရွှေ့ပြောင်းသယ်ယူရာမှာလည်း အမှန်တကယ် မိမိအပါအဝင် အမျိုးသားဝန်ထမ်းများက ပိုမိုပင်ပန်းကြရသည်။ နောက်ပိုင်းတွင် ဌာနအကြီးအကဲများ၏ ညှိနှိုင်းစီစဉ်ပေးမှုဖြင့် တပ်မတော်သားများ အပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လေးလံသော အားကစားဆိုင်ရာ ပစ္စည်းများကို ဝိုင်းဝန်းကူညီ သယ်ပိုးပေးမှုကြောင့်လည်း တပ်မတော်သားများနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအပါအဝင် ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးသော အကြီးအကဲများကို အထူးလေးစားကြည်ညိုမိသည်။
မိမိသည်လည်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သည့် အားလျော်စွာ မိမိဝန်ကြီးဌာန၏ တာဝန်ကြီးတစ်ရပ်ဖြစ်သော လာမည့်ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အဆင့်မီမီပါဝင်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင် ဆောင်ရွက်နေမှု အရှိန်အဟုန်များ လျော့ပါးသွားမည်ကို စိုးရိမ်ပူပန်မိသည်။
ရေအခက်အခဲ၊ လျှပ်စစ်မီးအခက်အခဲအပါအဝင် လေ့ကျင့်ရန်နေရာများနှင့် စားသုံးသည့် အစားအစာများမှ ရသင့်ရထိုက်သော အာဟာရတန်ဖိုး ကယ်လိုရီများ လျော့နည်းသွားမည်ကိုပင် စိုးရိမ်မိသည်။ ဆုတံဆိပ်များ ရရှိရေးအတွက် စနစ်တကျဆောင်ရွက်လျက်ရှိပြီး လေ့ကျင့်မှုအရှိန်အဟုန် ပျက်မည်ကို စိုးရိမ်ပူပန်လျက်ရှိစဉ် ထိုအပူသောကကို ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများက နာယကဂုဏ် ခြောက်ပါးနှင့်လျော်ညီစွာ စီမံခန့်ခွဲကာ ဖြေရှင်းပေးနေသည်ကို တွေ့မြင်ရသည်။
၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများက နောင်လာမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများအတွက် လက်ရွေးစင်အားကစားသမားများ၊ တိုင်းဒေသကြီး /ပြည်နယ်ပြိုင်ပွဲများမှ အလားအလာရှိသော လူငယ်လက်ရွေးစင်များကို အားကစားလေ့ကျင့်ရေးစခန်း (နေပြည်တော်)တွင် စခန်းသွင်းလေ့ကျင့်စေရေး စီမံဆောင်ရွက် ထားသည်။ အဆိုပါ အားကစားသမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး ဌာနဆိုင်ရာ ဝန်ထမ်းများဖြစ်အောင် စီမံဆောင်ရွက်ပေးထားသည်။ ငလျင်လှုပ်ချိန်ကာလအတွင်း နေပြည်တော်ရှိ ဝန်ထမ်းများ အပါအဝင် စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားသမားများ ငလျင်ဒဏ်ကို အသီးသီးကိုယ်တွေ့ ခံစားခဲ့ကြရသည်။ အဆိုပါအချိန်အတွင်း အားကစားသမားများ၏ လေ့ကျင့်မှု အရှိန်အဟုန် မလျော့ပါးစေရေးအတွက် ဌာနအကြီးအကဲများက စီမံထားသည်။ နေပြည်တော်အတွင်း လျှပ်စစ်မီးနှင့် ရေအခက်အခဲရှိနေစဉ် အားကစားအဖွဲ့၏ စွမ်းဆောင်ရည်ကျဆင်းမှု မရှိစေရေးကို ပြည်ထောင်စုဝန်ကြီးက လိုက်လံစစ်ဆေးကာ လိုအပ်ချက်များကို ဖြည့်စွက်ပေးသည်။ ငလျင်လှုပ်ပြီး တစ်ပတ်ခန့်အကြာတွင် ရန်ကုန်မြို့ရှိ အားကစားနည်းအလိုက် လေ့ကျင့်ရေးစခန်းများကို စနစ်တကျ ပြင်ဆင်ခဲ့သည်။ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လေ့ကျင့်သည့် အားကစားနည်းများမှာ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဘိလိယက်စနူကာ၊ ပန်ကြပ်စီလပ်၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ဘော်လီဘောအားကစားနည်း စသည်တို့ဖြစ်သည်။ ဘတ်စကက်ဘော၊ သေနတ်ပစ်၊ လှေလှော်အပါအဝင် ကရာတေး အားကစားနည်းတို့မှာမူလကတည်းက ရန်ကုန်တွင် လေ့ကျင့်လျက်ရှိသည်။
လာမည့် (၃၃) ကြိမ်မြောက် SEA Games တွင် အိမ်ရှင်ထိုင်းက အားကစားနည်း ၅၀ နည်း ထည့်သွင်းကျင်းပရန်စီစဉ်ဆောင်ရွက်လျက်ရှိရာ မြန်မာအားကစားအဖွဲ့ကလည်း အားကစားနည်းအမျိုးအစား ၃၀ ခန့်တွင် အရည်အချင်းမီမီဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများ၏ စေတနာ၊ ဝါသနာ၊ အနစ်နာခံကာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး မိမိဌာနအကြီးအကဲများက ဖြစ်နိုင်သမျှဆောင်ရွက်ပေးနေပြီး ကျရာတာဝန်အပေါ် စေတနာထပ်ဆောင်း ဝီရိယလောင်းရင်း တာဝန်ကျေပွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း မိမိအနေဖြင့် သိမြင်မိသည်။ လက်ရွေးစင်အားကစားသမားများကလည်း“ ကြိုတင်ပြင်ဆင်အောင်ပွဲဝင်”ဆိုသည့်အတိုင်း မြန်မာဟူသော ငါ့လူမျိုး၊ ငါ့နိုင်ငံအတွက် တိုင်းတစ်ပါးမြေတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့အလံကို တိုင်ထိပ် ရောက်အောင် လွှင့်ထူဖို့ ငါတို့သွေး၊ ငါတို့ချွေး၊ ငါတို့ရဲ့အားမာန်ဖြင့် ပြိုင်ပွဲတွင် ဖြစ်နိုင်သမျှ နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အချိန်အထိ ကြိုးစားယှဉ်ပြိုင်အနိုင်ယူမည်ဟူသောအောင်နိုင်စိတ်ဖြင့် ပြင်ဆင် လေ့ကျင့်လျက်ရှိသည်။
အားကစားသမားများ အားကစားနည်းအလိုက် ကယ်လိုရီနှင့်ကိုက်ညီအောင် အတတ်နိုင်ဆုံး ကျွေးမွေးရေး၊ တားမြစ်ဆေးဝါးများ သုံးစွဲမှုကင်းရှင်းနိုင်ရေးအတွက် အားကစားဆေးဘက်ဆိုင်ရာ ဌာနခွဲအပါအဝင် မြန်မာနိုင်ငံတားမြစ်ဆေးဝါး သုံးစွဲမှု ဆန့်ကျင်ရေး အဖွဲ့အစည်း (MADO)ကလည်း အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပေးခြင်းများ၊ စားရိပ်သာအပါအဝင် အားကစားပရိဝုဏ်အတွင်း အသိပညာပေးဆောင်ပုဒ်များ ချိတ်ဆွဲခြင်းတို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရမည်။ နိုင်ငံတော်ကလည်း လက်ရွေးစင် အားကစားသမားများအတွက် စားစရိတ်ကို ယခင်ထက် ပိုမိုတိုးမြှင့်ခွင့်ပြုပေးသည့်အတွက် ပူးပေါင်းဆောင်ရွက်ပေးသော ဆက်စပ်ဝန်ကြီးဌာနများနှင့် နိုင်ငံတော်အကြီးအကဲကို အထူးကျေးဇူးတင် လေးစားမိသည်။
ငလျင်လှုပ်ခတ်ပြီး မရှေးမနှောင်း ကာလအတွင်း နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်အကြောင်း ယခုဆောင်းပါးတွင် ထည့်သွင်းဖော်ပြလိုသည်။ မြန်မာနိုင်ငံဂျူဒို အားကစားအဖွဲ့ချုပ်မှာ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် နေပြည်တော်တွင် ရက်ရှည်စခန်းသွင်း လေ့ကျင့်နေသော အားကစားအဖွဲ့ချုပ်တစ်ခုဖြစ်သည်။ ငလျင်လှုပ်
ပြီးချိန်တွင်လည်း လေ့ကျင့်မှုမပျက်စေရေး အာရုံစိုက်လုပ်ဆောင်ဆဲပင်ဖြစ်သည်။ မျိုးဆက်သစ် ဂျူနီယာတန်းတွင် အသက် ၁၀ နှစ်အောက် လေးဦး၊ အသက် ၁၂ နှစ်အောက် နှစ်ဦး၊ အသက် ၁၈ နှစ်အောက်တစ်ဦး၊ စီနီယာတန်းတွင် Youth Camp မှတစ်ဦး၊ ပဏာမ လက်ရွေးစင် လေးဦးအပါအဝင် စုစုပေါင်း ၁၂ ဦးပါအသင်းက မလေးရှားနိုင်ငံတွင် ဧပြီလ ၁၁ ရက် မှ ၁၃ ရက်အထိကျင်းပသော PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေ (၅)ဆု၊ ငွေ (၄)ဆု၊ ကြေး (၃)ဆုဖြင့် ပြိုင်ပွဲဝင် အားကစားသမား ၁၂ ဦးလုံး ဆုအသီးသီး ဆွတ်ခူးခဲ့ကြသည်ကို အဖွဲ့ချုပ်အတွက်၊ ဝန်ကြီးဌာနအတွက်သာမက နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဖွယ်ဖြစ်ခဲ့သည်။
တိုးတက်အောင်မြင်မှုတိုင်းသည် ရေရှည်စဉ်ဆက်မပြတ်ဖြစ်ရန် Sustainable Development လိုအပ်သည်။ Sustainable Development နှင့်ပတ်သက်၍ ဂျူဒိုအားကစားအဖွဲ့ချုပ်၏ ဆောင်ရွက်ချက်ကို ဥပမာပေး၍ ဖော်ပြလိုသည်။ ဆောင်းပါးရှင် အထက်မှာဖော်ပြခဲ့ပြီးသော မလေးရှားနိုင်ငံ ပီနန်းမြို့သို့ သွားရောက်ယှဉ်ပြိုင်သည့် မြန်မာဂျူဒိုအားကစားအဖွဲ့ ပြည်ပသို့မထွက်ခွာမီ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၏ ဩဝါဒခံယူသည့်နေ့တွင် အသင်းနည်းပြအား ဝန်ကြီးက “ယခုပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ဖို့ မည်သို့ပြင်ဆင် လေ့ကျင့်ပေးထားပါသလဲ” ဟု မေးမြန်းရာတွင် နည်းပြက“အထူးသီးသန့်တော့ ပြင်ဆင်လေ့ကျင့်ပေးထားခြင်း မရှိပါ။
လပေါင်းများစွာ ရေရှည်စခန်းဝင် ပုံမှန်လေ့ကျင့်ပေးထားပြီးသား ဖြစ်၍ အားကစားသမားများအားလုံး မိမိတို့လေ့ကျင့်ပေးထားသည့်အတိုင်း သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း” ဖြေကြားခဲ့သည်မှာ အမှတ်ရဖွယ်ဖြစ်ခဲ့ပြီး ပြိုင်ပွဲမှပြန်ရောက်လာချိန် ပြိုင်ပွဲဝင် ၁၂ ဦးလုံး ရွှေတံဆိပ်အပါအဝင် ဆုအသီးသီး ဆွတ်ခူးပေးနိုင်သည်မှာ Sustainable Training ၏ အကျိုးဆက်ဆိုသည်မှာ လယ်ပြင်မှာ ဆင်သွားသကဲ့သို့ သိသာထင်ရှားပေသည်။ မြန်မာဂျူဒိုအသင်းအတွက် နည်းပြတာဝန်ထမ်းဆောင်နေသည့် ဂျပန်နည်းပြ Yamato Hiranuma ကလည်း စေတနာ၊ ဝါသနာအပြည့်ဖြင့် မြန်မာအသင်းကို ကိုင်တွယ်ပေးနေသည်။ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံသြဝါဒခံယူသောနေ့တွင် မြန်မာလိုနှုတ်ဆက် တင်ပြသွားသည်မှာ လေးစားစရာ အမူအရာအသွင်အပြင်ကို တွေ့ရသည်။
မြန်မာအသင်းကို ကိုင်တွယ်နေသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်နေသော ဂျူဒိုမြက်ဖျာများရရှိရေး အပါအဝင် ဂျူဒိုမျိုးဆက်သစ်များ ပေါ်ထွန်းရေးအတွက် Judo in School အစီအစဉ်ကို တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး မြန်မာဂျူဒိုအသင်းအောင်မြင်မှု ရရှိနေသည်မှာလည်း သူ့ကျေးဇူးမကင်း၍ ဂျူဒိုအားကစားဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အထောက်အပံ့ဖြစ်မည်ဟု မိမိအနေဖြင့် ယုံကြည်မိသည်။
ယခု မေလ ၈ ရက်တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး အားကစားသမားဆုများ၊ အကောင်းဆုံးအုပ်ချုပ်သူနှင့် နည်းပြဆုများ၊ စွမ်းဆောင်ရည်အကောင်းဆုံး အားကစားအဖွဲ့ချုပ်ကို ဆုရွေးချယ်ပေးအပ်ရာတွင် ဆုချီးမြှင့်ခံရသူ အားကစားသမားများ၊ နည်းပြ၊ အုပ်ချုပ်သူတို့သည် အားကစားလောကတွင် နှစ်ပေါင်းများစွာ တစိုက်မတ်မတ် အားကစားကို ကိုယ်ရောစိတ်ပါ ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြသူများဖြစ်ကြ၍ ရွှေတံဆိပ်အပါအဝင် ဆုတံဆိပ်များစွာ ဆွတ်ခူးရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ကို စွမ်းဆောင်ရည် အကောင်းဆုံးအဖွဲ့ချုပ်ဆုပေးအပ်ခဲ့သည်မှာ Sustainable Development ဖြစ်အောင် ဆောင်ရွက်နိုင်မှုကြောင့်ဟု ချီးမွမ်းလိုသည်။ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ယခုလို Sustainable Development ဖြစ်အောင် စွမ်းဆောင်နိုင်သော မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့မှာ ဆုတံဆိပ်များမလွတ်တမ်း ဆွတ်ခူးနိုင်မည်ဟု ယုံကြည်မျှော်လင့်မိသည်။
အလားတူ မြန်မာပြေးခုန်ပစ် အားကစားအဖွဲ့သည်လည်း ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်မှ ၂၅ ရက်အထိ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော (၈၅)ကြိမ်မြောက် စင်ကာပူဖိတ်ခေါ် ပြေးခုန်ပစ်ပြိုင်ပွဲသို့ အားကစားသမားလေးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ရွှေတံဆိပ်လေးဆု ဆွတ်ခူးရရှိခဲ့သည်မှာလည်း အိုလံပစ်အားကစားနည်း တစ်ခုဖြစ်သော ရွှေ၊ ငွေ၊ ကြေး အရေအတွက် ၄၀ ကျော်စီ ချီးမြှင့်လေ့ရှိသော ကျွန်းဆွယ်ပွဲ (ယခုအခေါ် “အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ”)တွင် မြန်မာတို့ ဝင်ရောက်ယှဉ်ပြိုင်သော အားကစားနည်းများအနက် ရွှေ၊ ငွေ၊ ကြေး ဆုအရေအတွက် အများဆုံး ဆွတ်ခူးခဲ့ဖူးသော မြန်မာတို့ ယခုအချိန်ထိ လက်လှမ်းကွာနေသေးသော ပြေးခုန်ပစ်အားကစားနည်းသည် လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် မျှော်လင့်ခြင်းရောင်ခြည်များ ထင်ရှားစွာပေးတော့မည့် အနေအထားပင်ဖြစ်သည်။
ထို့ကြောင့် အားကစားလောက တိုးတက်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်များ (Human Resourses) အားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူ၊ နည်းစနစ်ကျွမ်းကျင်သူ၊ နည်းစနစ်ညွှန်ကြားရေးမှူး(Technical Director)၊ နိုင်ငံတကာဒိုင်များဖြင့် စနစ်တကျဖွဲ့စည်းထားကာ နိုင်ငံတကာ အားကစားအဖွဲ့ချုပ်များနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အားကစားအဖွဲ့ချုပ်များ ရှိဖို့လိုသလို ငွေကြေးအပါအဝင် လိုအပ်သည်များ ပံ့ပိုးသူ စပွန်ဆာများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအပါအဝင် နိုင်ငံတော်အစိုးရ၏ ဝိုင်းဝန်းပံ့ပိုး အားပေးမှုများကလည်း ခွန်အားတစ်ရပ်ပင်ဖြစ်သည်။
ထို့ပြင် လူငယ်လူရွယ်များအပါအဝင် ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားပြီး အားပေး ဆောင်ရွက်လာစေရေးနှင့် အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်ရေးတို့အတွက် နိုင်ငံတကာအိုလံပစ် ကော်မတီ၊ အာရှအိုလံပစ်ကောင်စီတို့နှင့် စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုရှိသော နိုင်ငံများသို့ ပူးတွဲလေ့ကျင့်ရန်(Joint-Training) စေလွှတ်ခြင်းအပါအဝင် ပြိုင်ပွဲအတွေ့အကြုံ ရရှိရေးအတွက် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများသို့ စေလွှတ်ခြင်း၊ နည်းပြသင်တန်း ဒိုင်သင်တန်းများသို့ စေလွှတ်ခြင်း၊ အလျဉ်းသင့်သလို မြန်မာနိုင်ငံ၌လည်း ပြည်ပအားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း၊ အားကစားနည်းအလိုက် လုပ်ငန်းအထောက်အကူပြု Seminar၊ Workshop များ ကျင်းပခြင်းတို့ကို အားကြိုးမာန်တက် ဆောင်ရွက်ကြရမည်ဖြစ်သည်။
တစ်ဆက်တည်းပင် အာရှနိုင်ငံတစ်ခုဖြစ်သော ဂျပန်နိုင်ငံ Tohoku မြို့တွင် ၂၀၁၁ ခုနှစ် မတ်လ ၃ ရက်က ပြင်းအား ၉ ဒသမ ၁ ရစ်ချ်တာစကေးရှိ ငလျင်ဘေးဒဏ်ခံစားခဲ့ရသော်လည်း အားကစားသမိုင်းတွင် အောင်မြင်ခဲ့သည့် အကြောင်းကို ဆက်စပ်ဖော်ပြလိုသည်။ အဆိုပါ ငလျင်ဘေးဒဏ်ခံခဲ့ရာတွင် အစိုးရအရာရှိအကြီးအကဲများ ကိုယ်တိုင် သေပျောက်မှုတွင်ပါဝင်ကြောင်း၊ မြေငလျင်ဘေး နောက်ဆက်တွဲအဖြစ် ဆူနာမီမုန်တိုင်းကြောင့် ပင်လယ်ဒီရေကြီးမြင့်မှုဒဏ်ကိုပါ နောက်ဆက်တွဲခံခဲ့ရ၍ Fukushima Power Plant စက်ရုံနှစ်ခု ပေါက်ကွဲမှုပါဖြစ်ပွားခဲ့ကြောင်း၊ Toyota မော်တော်ကားကုမ္ပဏီများ ထုတ်လုပ်မှုလျှော့ချခဲ့ရကြောင်း၊ လူပေါင်း ၁၅၈၉၄ ဦး သေဆုံးကာ ဒဏ်ရာရသူ ၆၁၅၂ ဦးရှိပြီး ၂၅၆၂ ဦး ပျောက်ဆုံးခဲ့ကြောင်း၊ ဒုက္ခသည်ပြည်သူ ၂၅၀၀၀၀ ကို အရေးပေါ်နေရာရွှေ့ပြောင်းပေးရာတွင် မြို့ရှိ အကြီးအကဲများမရှိသဖြင့် ဒေသခံပြည်သူတို့မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ၎င်းတို့အစီအစဉ်နှင့် လုပ်ရကြောင်း၊ သီးနှံများပျက်စီးသည့်အပြင် National Eco System များ ပျက်စီးခဲ့ရကြောင်းသိရသည်။
ငလျင်ဘေးဒဏ်ခံရသည့် ၂၀၁၁ ခုနှစ်အတွင်းကျင်းပမည့် အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် စခန်းဝင် လေ့ကျင့်နေသည့် ဘောလုံးအားကစားသမားများ၏ မိသားစုဝင်များပင်လျှင် အဆိုပါ သဘာဝငလျင်ဘေးဒဏ်ကို ခံစားရသည့်အပြင် လေ့ကျင့်ရေးစခန်းများ Training Camps ပျက်စီးမှုကြောင့် ပုံမှန်လေ့ကျင့်ခွင့်ပင်မရခဲ့ကြ။ ထိုသို့သော အခက်အခဲများကြားမှပင် ၂၀၁၁ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဂျပန်အမျိုးသမီး လက်ရွေးစင်အသင်းက နောက်ဆုံးဗိုလ်လုပွဲ၌ အမေရိကန်အသင်းကိုနိုင်ပြီး ကမ္ဘာ့ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ကျင်းပသည့် အချိန်မှသည် ၂၀၁၁ ခုနှစ်အထိ အာရှနိုင်ငံများမှ ပါဝင်ယှဉ်ပြိုင်လျက်ရှိသော ခြေစစ်ပွဲအောင်သော အမျိုးသားဘောလုံးအသင်းများနှင့် အမျိုးသမီးဘောလုံးအသင်းများအနက် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်သည့်အသင်းမှာ ဂျပန်အမျိုးသမီးဘောလုံးအသင်း တစ်သင်းသာရှိသည်မှာ အာရှနိုင်ငံများအတွက် ဂုဏ်ယူဖွယ်ဖြစ်ပေသည်။
ထို့ကြောင့် မိမိတို့နိုင်ငံနှင့်နှိုင်းယှဉ်လျှင် များစွာဆိုးဝါးသည့်ငလျင်နှင့် ဆူနာမီရေဘေးဒဏ်ကို ရင်ဆိုင်ခဲ့ရသော ဂျပန်လက်ရွေးစင်အမျိုးသမီး ဘောလုံးကစားသမားများကို စံအတုယူလျက် မြန်မာ့ လက်ရွေးစင် အားကစားသမားများသည်လည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံတွင်ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီး၏ နောက်ဆက်တွဲဘေးဒုက္ခများကြောင့် မိမိတို့ကိုယ်စီ လေ့ကျင့်ထားသော စွမ်းရည်ကို မဆုတ်ယုတ်စေဘဲ အခက်အခဲမှန်သမျှကို ကျော်လွှား Overcome လုပ်နိုင်ကာ ပြိုင်ပွဲတိုင်းတွင် မိမိရှိရင်းစွမ်းဆောင်မှုထက် အဆပေါင်းများစွာ ဖော်ထုတ်ယှဉ်ပြိုင်နိုင်ကြပါစေကြောင်း၊ လျင်မြန်သွက်လက်လျက် ကျောက်နံရံလို မာကျောသောစိတ်ဓာတ် ခံနိုင်ရည်အပြည့်ဖြင့် ထွန်းပြောင်ခဲ့သည့် မြန်မာ့သမိုင်းရာဇဝင် အစဉ်အလာရှိခဲ့ဖူးသည်များကို အမှတ်ရလျက် မြန်မာ့သမိုင်းအစဉ်အလာမပျက် ထိုင်းနိုင်ငံမြေတွင် မြန်မာအလံကို တိုင်ထိပ်အရောက် အကြိမ်ကြိမ်အလီလီ လွှင့်ထူနိုင်သော အားကစားသူရဲကောင်းများဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နိုင်ငံချစ်သူနိုင်ငံသား ဝန်ထမ်းတစ်ယောက်အနေနှင့် ဤဆောင်းပါးဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည်။
Source: Myawady Web Portal

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် လက်ဝှေ့ပွဲများစီစဉ်သည့် MMAG တို့ ပူးပေါင်းပြီး ၂၀၂၅ ခုနှစ် မတ်လမှစ၍ လစဉ်မျိုးဆက်သစ်ရိုးရာလက်ဝှေ့ပွဲများ ကျင်းပတော့မည်ဟု သိရသည်။
ထိုပွဲများအတွက် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က အဓိကပံ့ပိုးကူညီပေးထားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စကိုင်းနက်ရုပ်သံ၊ မွန်မင်းလမ်းကုမ္ပဏီလီမိတက်နှင့် အောင်ပြီဟေ့ဖယောင်းတိုင်လုပ်ငန်းတို့က ပူးတွဲပံ့ပိုးပေးထားသည်။

ရွှေခါးပတ်ရှင် လက်ဝှေ့ကျော်များကို မွေးထုတ်နိုင်ခဲ့ မျိုးဆက်သစ်ရိုးရာလက်ဝှေ့ပွဲများကို ၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက် အိုလံပစ်နေ့မှစ၍ Myanmar Fight ဟူသော အမည်ဖြင့် ရန်ကုန်၊ ပုဂံ၊ မြောင်းမြမြို့များတွင် ပွဲစဉ် (၁) မှ (၁၉) အထိ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် လက်ဝှေ့ပွဲများစီစဉ်သည့် MMAG တို့ ပူးပေါင်းစီစဉ်ခဲ့ပြီးဖြစ်သည်။ ထိုစဉ်က လက်ဝှေ့သမားများ မျိုးဆက်ပြတ်တောက်မည့် အရေးကို မြင်ခဲ့သော တာဝန်ရှိသူများက မျိုးဆက်သစ်ရိုးရာလက်ဝှေ့ပွဲများကို စီစဉ်ပေးခဲ့သည့်အတွက် ယခုမြန်မာ့လက်ဝှေ့လောကတွင် နာမည်ကျော်ကြားနေသော ကျော်စွာဝင်း၊ ထွန်းလွင်မိုး၊ ကောင်းကောင်း၊ ကိုကို၊ စွမ်းထက်နိုင်၊ ကျန်ကျောင်း၊ သွေးသစ်မောင်နှင့် အမျိုးသမီးလက်ဝှေ့ကျော် ဘရောနီကာအစရှိသည့် ရွှေခါးပတ်ရှင် လက်ဝှေ့ကျော်များကို မွေးထုတ်နိုင်ခဲ့သည်။
ထိုသို့ မျိုးဆက်သစ်ပွဲများ အရှိန်အဟုန်ကောင်းနေစဉ်ပွဲစီစဉ်သူတစ်ဦးက သူသာစီစဉ်ခွင့်ရလျှင် မျိုးဆက်သစ်ပွဲများကို ထိုးသတ်ကြေးများစွာပေးမည်ဟု တောင်းဆိုလာသဖြင့် ထိုစဉ်က ရိုးရာလက်ဝှေ့အဖွဲ့ချုပ်သည် မျိုးဆက်သစ်ပွဲများ ကျင်းပပေးနေသည့် MMAG နှင့် လက်တွဲဖြုတ်ကာ အဆိုပါပွဲစီစဉ်သူကို မျိုးဆက်သစ်ပွဲ ကျင်းပခွင့်ပြုခဲ့သည်။ သို့သော်လည်း ပွဲစဉ်သုံးပွဲအပြီးတွင် ဆက်မလုပ်လိုတော့ဟုဆိုကာ ရပ်တန့်သွားခဲ့သည်။
ယခုလည်း မြန်မာလက်ဝှေ့ကျော်များသည် ထိုးသတ်ကြေးပိုမိုရရှိသော ပြည်ပကိုယ်ခံပညာပြိုင်ပွဲများသို့ ကူးပြောင်းယှဉ်ပြိုင်လျက်ရှိရာ ပြည်တွင်းတွင် ရိုးရာလက်ဝှေ့သမားများ မျိုးဆက်ပြတ်တောက်မည့် အခြေအနေနှင့် စတင်ရင်ဆိုင်နေရသည်။ ထို့အတွက် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများက မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌနှင့် သွားရောက်တွေ့ဆုံ၍ မျိုးဆက်သစ်ပွဲများ ကျင်းပရန် မေတ္တာရပ်ခံအကူအညီတောင်းခံခဲ့သည်။ ထိုတွေ့ဆုံမှုရလဒ်အဖြစ် မျိုးဆက်သစ်ရိုးရာ လက်ဝှေ့ပွဲများကို လစဉ်မြင်တွေ့ရတော့မည်ဖြစ်ပြီး ရန်ကုန်မြို့သို့ လာရောက်မကြည့်ရှုနိုင်သော ရိုးရာလက်ဝှေ့ချစ်ပရိသတ်များအတွက် စကိုင်းနက်ရုပ်သံမှ တစ်နိုင်ငံလုံးသို့ ပြသပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် ၂၀၁၅ ခုနှစ်က မျိုးဆက်သစ် ရိုးရာလက်ဝှေ့ပွဲများကျင်းပရန် ပံ့ပိုးကူညီခဲ့ရုံမျှမက ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မြန်မာ့ရိုးရာလက်ဝှေ့ကျော်များ ဂျပန်နိုင်ငံသို့ ၁၅ ပွဲ သွားရောက်ယှဉ်ပြိုင်ခဲ့ရာတွင်လည်း အဓိကပံ့ပိုးကူညီပေးခဲ့သည်။ ထိုစဉ်က သွားရောက်ယှဉ်ပြိုင်သည့် ရိုးရာလက်ဝှေ့ကျော်များထဲတွင် မျိုးဆက်သစ်ရိုးရာလက်ဝှေ့ပွဲများမှ မွေးထုတ်လိုက်သော လက်ဝှေ့ကျော်များစွာ ပါဝင်ခဲ့သည်။ ထို့အပြင် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် တောင်ငူမြို့တွင် ကျင်းပသော လွတ်လပ်ရေးနေ့ ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို ရှစ်နှစ်ဆက်တိုက်ပံ့ပိုးကူညီခဲ့သည့် မြန်မာ့ရိုးရာလက်ဝှေ့တိုးတက်ရေးအတွက် အဓိကပံ့ပိုးခဲ့သော ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။
ရွက်ပုန်းသီးလက်ဝှေ့ထူးချွန်သူများ များစွာရှိ
မျိုးဆက်သစ် လက်ဝှေ့သမားများတွင် ရွက်ပုန်းသီးလက်ဝှေ့ထူးချွန်သူများ များစွာရှိနေပြီး ထိုမျိုးဆက်သစ်များကို မြေတောင်မြှောက်စင်တင်ပေးမည့် အခွင့်အရေးကို ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က စီစဉ်ပေးလိုက်ခြင်းဖြစ်သည်။ ရိုးရာလက်ဝှေ့၏ မိခင်မြေဖြစ်သော သိမ်ဖြူရိုးရာလက်ဝှေ့ခန်းမ၌ မျိုးဆက်သစ်လက်ဝှေ့သမားများသည် မီးရောင်စုံအောက်တွင် ပြိုင်ပွဲကြီးတစ်ခုကို ယှဉ်ပြိုင်နေရသကဲ့သို့ စီစဉ်ပေးမည်ဖြစ်ရာ သူတို့အတွက် အတွေ့အကြုံကောင်းများ ရရှိစေမည်ဖြစ်သည်။
ထို့အပြင် လစဉ်ကျင်းပမည့် မျိုးဆက်သစ်လက်ဝှေ့ကျော်များထဲမှ ထူးချွန်သူများအား ရွေးချယ်ပြီး ထပ်မံ၍ ပွဲစီစဉ်ပေးခြင်းဖြင့် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝကို အချိန်တိုအတွင်း ရရှိစေနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် လက်ဝှေ့ပွဲစီစဉ်သူ MMAG Co., Ltd. တို့က မျိုးဆက်သစ်လက်ဝှေ့ပွဲများ စီစဉ်နေသလိုမြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ၂၀၂၅ ခုနှစ်အတွင်း GYM ပေါင်းစုံရိုးရာလက်ဝှေ့ပြိုင်ပွဲကို ကျင်းပရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ယခုအခါ မြန်မာ့ရိုးရာလက်ဝှေ့သည် နိုင်ငံတကာတွင် စိတ်ဝင်စားမှုများပြားလာပြီး မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်သို့ ဒေသဆိုင်ရာကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသည့် ပြည်ပနိုင်ငံများစွာက ဆက်သွယ်လျက်ရှိသည်။ လက်ရှိတွင် ရုရှား၊ ဗြိတိန်၊ ဂျပန်၊ မော်ရိုကို၊ ဟန်ဂေရီ၊ တူကီယဲ၊ ထိုင်းနိုင်ငံနှင့် တရုတ်တိုင်ပေတို့တွင် မြန်မာ့ရိုးရာလက်ဝှေ့ဒေသဆိုင်ရာ ကိုယ်စားလှယ်များ ခန့်အပ်ပြီးဖြစ်သည်။ ထို့အပြင် ရိုးရာလက်ဝှေ့ဆိုသောအမည်ဖြင့် ဂျပန်နိုင်ငံတွင် ၁၅ ပွဲ၊ ထိုင်းနိုင်ငံတွင် နှစ်ပွဲ၊ တရုတ်တိုင်ပေတွင် တစ်ပွဲကျင်းပခဲ့ပြီးဖြစ်သည်။ ထိုပွဲများတွင် မြန်မာ့ရိုးရာလက်ဝှေ့သမားအမျိုးသား ၈၀ နှင့် အမျိုးသမီးငါးဦးတို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မီးခဲပြာဖုံးမျိုးဆက်သစ်များအား မြေတောင်မြှောက်ပေး
လက်ရှိချန်ပီယံများသည် မျိုးဆက်သစ်မျက်နှာသစ်ကစားသမားဘဝမှ ကျားကုတ်ကျားခဲကြိုးစားအားထုတ်ရင်း တန်းဝင်လက်ဝှေ့ကျော်များဘဝသို့ ရောက်ရှိလာရသည်ဖြစ်ရာ အဆိုပါမီးခဲပြာဖုံးမျိုးဆက်သစ်များအား မြေတောင်မြှောက်ပေးရန်၊ စင်တင်ပေးရန်မှာ ရိုးရာလက်ဝှေ့ကလပ်များ၊ ပွဲစီစဉ်သူများနှင့် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်တွင် တာဝန်ရှိသလို ပြိုင်ပွဲများကျင်းပရာတွင် ကုန်ကျစရိတ်များရှိသည့်အတွက် ပံ့ပိုးမည့်စီးပွားရေးလုပ်ငန်းများ၊ ဝါသနာရှင် စီးပွားရေးလုပ်ငန်းရှင်များ၏ ပံ့ပိုးမှုကလည်း မရှိမဖြစ်လိုအပ်သည့်အရာ ဖြစ်သည်။
ထိုလိုအပ်ချက် နှစ်ခုစလုံးကို မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၊ ပွဲစီစဉ်သည့် MMAG Co., Ltd.၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စကိုင်းနက်ရုပ်သံ၊ မွန်မင်းလမ်းကုမ္ပဏီ လီမိတက်နှင့် အောင်ပြီဟေ့ ဖယောင်းတိုင်လုပ်ငန်းတို့က ဖြည့်ဆည်းပြီးဖြစ်ရာ ကြိုးစားအားထုတ်ရမည်မှာ ရည်မှန်းချက်ကြီးမားသော မျိုးဆက်သစ်ရိုးရာလက်ဝှေ့သမားများနှင့် သူတို့ကို လေ့ကျင့်ပေးနေသည့် ရိုးရာလက်ဝှေ့နည်းပြများ၊ ကလပ်များ၏ တာဝန်သာကျန်ပေတော့သည်။
ပြည်တွင်း ပြည်ပတွင် ရိုးရာလက်ဝှေ့ပွဲများ ကျင်းပနေသော MMAG Co.,Ltd. ၏ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ ပြည်ပသုံးနိုင်ငံမှာ ရိုးရာလက်ဝှေ့သီးသန့်ပြိုင်ပွဲ ၁၈ ပွဲ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲတွေကို နာမည်ကြီးလက်ဝှေ့ကျော်တွေသာမက မျိုးဆက်သစ်လက်ဝှေ့သမားလေးတွေပါ အချိုးကျခေါ်သွားပြီး ပြည်ပအတွေ့အကြုံရရှိအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ အခုမျိုးဆက်သစ်ပြိုင်ပွဲကလည်း ၁၀ နှစ်အကြာမှာ ပြန်လည်ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး ဒီပြိုင်ပွဲက တောက်ကြွားလာမယ့် မျိုးဆက်သစ်လက်ဝှေ့ကျော်တွေကို ပြည်ပနိုင်ငံတွေအထိ ခေါ်ယူပွဲပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌကလည်း “မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရိုးရာလက်ဝှေ့ကို စိတ်ဝင်စားသလို ရိုးရာလက်ဝှေ့သမားတွေက တစ်နိုင်ငံလုံးမှာရှိပါတယ်။ ဒီကလေးတွေကို ပြိုင်ပွဲအတွေ့အကြုံရအောင် ဆောင်ရွက်ပေးဖို့က ကျွန်တော်တို့အဖွဲ့ချုပ်ရဲ့ တာဝန်ပါ။ ပွဲကို နှစ်လုံးပေါက်ကျင်းပရမှာ ဖြစ်တဲ့အတွက် ကုန်ကျစရိတ်လည်းများပြားပါတယ်။ အခမဲ့ပြိုင်ပွဲဖြစ်ပေမယ့် ကစားသမားတွေအတွက် ခရီးစရိတ်၊ စားစရိတ်၊ ထိုးသတ်ကြေးတွေပေးရသလို ဒိုင်စရိတ်၊ ဆေးအဖွဲ့ စရိတ်၊ ဆိုင်း၊ မီး၊ အသံ၊ မော်ဒယ်စရိတ်တွေလည်း ရှိပါတယ်။ အခုမြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်က အဓိကပံ့ပိုးကူညီပေးပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စကိုင်းနက်ရုပ်သံ၊ မွန်မင်းလမ်းကုမ္ပဏီလီမိတက်၊ အောင်ပြီဟေ့ ဖယောင်းတိုင်တို့က ဝိုင်းဝန်းပံ့ပိုးကူညီတဲ့အတွက် အခုလိုပြိုင်ပွဲဖြစ်မြောက်အောင် ဆောင်ရွက်နိုင်တာပါ” ဟု ပြောပြသည်။
မြန်မာဖိုက် (Myanmar Fight) အမည်ဖြင့် ကျင်းပမည့် ရိုးရာလက်ဝှေ့မျိုးဆက်သစ်ပြိုင်ပွဲကြီးသည် ယခုမတ်လမှစ၍ လစဉ်ကျင်းပတော့မည်ဖြစ်ရာ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ရိုးရာလက်ဝှေ့မျိုးဆက်သစ်ကစားသမားများအနေဖြင့် ပြိုင်ပွဲဝင်အသင့်ဖြစ်နေစေရန် ယခုကပင်ပြင်းပြင်းထန်ထန် လေ့ကျင့်အားထုတ်သင့်ပါကြောင်း အသိပေးတင်ပြလိုက်ရပါသည်။
Source: www.moi.gov.mm

နွေရာသီကျောင်းပိတ်ပြီ၊ တစ်နှစ်ပညာသင်နှစ်ပြီးဆုံးလို့ စာမေးပွဲကို အတတ်နိုင်ဆုံး ကြိုးစား ဖြေဆိုကာ သုံးလတာ ကျောင်းတက်ပညာသင်ယူမှုမှ ကင်းလွတ်ကြပြီပေါ့။ ကိုယ်ငယ်စဉ်က စာမေးပွဲ ဖြေဆိုဖို့ အိမ်ထဲမှာမိဘမျက်စိအောက် စာကြိုးစားကျက်စဉ် လမ်းပေါ်မှာစာမကျက်ဘဲ ဆော့ကစား နေကြတဲ့ အိမ်နီးချင်းကိုယ့် သူငယ်ချင်းများကို အားကျမိခဲ့သည်။ အခုတော့ မိဘရဲ့စေတနာ တန်ဖိုးကိုနားလည်မိသည်။ ဘဝကံကြမ္မာအလှည့် အပြောင်းအရ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှာ အရာထမ်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ယခင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ အငယ်တန်း စာရေးဘဝကနေ ပြန်တ
နွေရာသီကျောင်းပိတ်ပြီ၊ တစ်နှစ်ပညာသင်နှစ်ပြီးဆုံးလို့ စာမေးပွဲကို အတတ်နိုင်ဆုံး ကြိုးစား ဖြေဆိုကာ သုံးလတာ ကျောင်းတက်ပညာသင်ယူမှုမှ ကင်းလွတ်ကြပြီပေါ့။ ကိုယ်ငယ်စဉ်က စာမေးပွဲ ဖြေဆိုဖို့ အိမ်ထဲမှာမိဘမျက်စိအောက် စာကြိုးစားကျက်စဉ် လမ်းပေါ်မှာစာမကျက်ဘဲ ဆော့ကစား နေကြတဲ့ အိမ်နီးချင်းကိုယ့် သူငယ်ချင်းများကို အားကျမိခဲ့သည်။ အခုတော့ မိဘရဲ့စေတနာ တန်ဖိုးကိုနားလည်မိသည်။ ဘဝကံကြမ္မာအလှည့် အပြောင်းအရ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှာ အရာထမ်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ယခင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ အငယ်တန်း စာရေးဘဝကနေ ပြန်တမ်းဝင် အရာရှိတစ်ယောက်ဖြစ်အောင် ဆယ်စုနှစ် ဝက်နီးပါးထိ အချိန်ယူကာ ယခင်အခေါ်ဝန်ထမ်းရွေးချယ်ရေးအဖွဲ့က နေ့စဉ်ထုတ်သတင်းစာများမှခေါ်ယူသော မိမိဘွဲ့နှင့်ကိုက်ညီသော ရာထူးဝင်ရောက် ဖြေဆိုရင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှာ ဦးစီးအရာရှိ(စီမံ)ရာထူးဖြင့် ရွေးချယ်ခန့်အပ် ခြင်းခံရသည်။ အားကစားဆိုင်ရာရုံးလုပ်ငန်းများကို ဦးစီးဌာနနှင့်ဝန်ကြီးရုံးတွင် တစ်လှည့်စီပေးအပ်ရာ တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရာက ယခုအားကစားနှင့်ကာယပညာဦးစီးဌာန လူထုအားကစားနှင့်ပညာပေးဌာနခွဲတွင် တာဝန်ယူရသည်။ အလုပ်စတင်ဝင်စဉ်က ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲအပြည်ပြည်ဆိုင်ရာအားကစားရေးရာဌာနစုမှာ အားကစားတာဝန်ဖြင့် ပြည်ပထွက်ခွာမည့်အဖွဲ့များအတွက် အစိုးရအဖွဲ့ရုံးသို့ အမှာစာတင်ပြခြင်းကအစ နိုင်ငံကူးလက်မှတ်ရရှိရေးဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားငွေလဲလှယ်ဆောင်ရွက်ပေးရခြင်းမှသည် လေဆိပ်ထိပို့ဆောင်ခြင်း၊ ကြိုဆိုခြင်းလုပ်ငန်းတို့ကို ရုံးပိတ်ရက်မကျန် တာဝန်ကျေအောင်ဆောင်ရွက်ပေးရသည်။
ထိုမှတစ်ဖန် ဝန်ကြီးရုံးတစ်လှည့် တာဝန်ထမ်းဆောင်ရပြန်သည်။ နောက်တစ်ဖန် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားစီမံကိန်းနှင့် သုတေသနဌာနခွဲတွင် ညွှန်ကြားရေးမှူးတာဝန်ပေးအပ်ခြင်းခံရပြန်တော့အတတ်နိုင်ဆုံး အားကစားစီမံကိန်းနှင့်သုတေသနကော်မတီနဲ့ စီနီယာပညာရှင်များရဲ့ အကြံဉာဏ်နဲ့အဓိကအားဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲတွေမှာ အားကစားအသင်းတွေရဲ့ နည်းပြ/အုပ်ချုပ်အားကစားသမားများရဲ့စစ်တမ်းကောက်ယူပြုစုပြီး ပြိုင်ပွဲ၏ရလဒ်ပေါ်မူတည်၍ တစ်သင်းချင်း၏အားသာချက်၊ အားနည်းချက်များကို ဌာနအကြီးအကဲထံ တင်ပြခဲ့မှုအပေါ်ပြည်ထောင်စုဝန်ကြီး၏အရေးတယူနဲ့မှတ်ချက်ကောင်းတွေ၊ လမ်းညွှန်မှုတွေပေးခြင်းခံရတာကို ဂုဏ်ယူမိခဲ့သည်။
ထိုမှတစ်ဖန် နှစ်စဉ်ကျင်းပနေကျ ဒီဇင်ဘာလလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲကိုလည်း မိမိရဲ့အားကစားဌာနမှာ တာဝန်ထမ်းဆောင်ရတဲ့အတွေ့အကြုံကလေးတွေနဲ့ဝင်ပြိုင်ဖြစ်ခဲ့ပါတယ်။ ဒုတိယအကြိမ်မြောက်ဝင်ပြိုင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ဆောင်းပါးပြိုင်ပွဲမှာ ဒုတိယဆုရရှိခဲ့သည်။ အဲဒီဆုရရှိခြင်းကလည်း ကျွန်တော့်ကိုအခြားဌာနခွဲတစ်ခုဖြစ်တဲ့ ယခုလက်ရှိတာဝန်ယူနေရသော လူထုအားကစားနှင့်ပညာပေးဌာနခွဲကို ပြောင်းရွှေ့စေခြင်းခံရပါတယ်။ ယခင်ညွှန်ကြားရေးမှူး ဦးဌေးအောင်(သက်ပြည့်အငြိမ်းစား)ယူချိန် ပြည်ထောင်စုဝန်ကြီးက ကျွန်တော့်ကို “ခင်ဗျားကဆောင်းပါးဆုရရှိထားတော့ ဒီဌာနနှင့်သင့်လျော်လို့ပြောင်းပေးတာ”ဆိုပြီး ရာထူးတိုးသူများနှင့် ပြောင်းရွှေ့သူများကို ခေါ်ယူတွေ့ဆုံဩဝါဒပေးတဲ့နေ့တွင် အများရှေ့မှာ ဂုဏ်ပြုပြောဆိုခဲ့လို့ ကျွန်တော်အံ့အားသင့်ခဲ့ရပါတယ်။ ယခုတစ်ဖန်လည်း တစ်ချိန်က ကျွန်တော့်ရဲ့ဦးစီးအရာရှိဘဝ ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တဲ့ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ၊ညွှန်ကြားရေးမှူး တာဝန်ယူခဲ့ဖူးတဲ့လက်ရှိပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်း EC အစည်းအဝေးမှာ “နေ့စဉ်ထုတ်သတင်းစာတွေမှာ အားကစားဆိုင်ရာဆောင်းပါးတွေ တစ်လတစ်ပုဒ်လောက်တော့ရေးပါ”လို့တာဝန်ပေးအပ်ပြန်တော့ကျွန်တော်ယခုဆောင်းပါးကို စတင်ရေးသားရပါတော့တယ်။ ကိုယ့်အတွေ့အကြုံနဲ့ ဌာနအကျိုးပြု၊ နိုင်ငံ့အကျိုးပြုစာပေများ ရေးသားလိုစိတ်ရှိတဲ့အတွက် ယခုလိုကြိုးစားရေးသားရခြင်းဖြစ်ပါတယ်။
ယခုရေးတဲ့ဆောင်းပါးက လက်ရှိကျောင်းပိတ်ရာသီနဲ့ကိုက်ညီတဲ့ဆောင်းပါးလေးပါ။ မိမိဌာနခွဲတာဝန်များအနက်နွေရာသီအားကစားသင်တန်းများဆိုင်ရာကိစ္စလည်းပါဝင်ပါတယ်။ ဟိုယခင်နှစ်များကလို ပြည်နယ်နှင့်တိုင်းဒေသကြီးများရဲ့ အားကစားလှုပ်ရှားမှုတွေကိုအကဲဖြတ်အမှတ်ပေးရာမှာ ဒီ Topic လည်း အရေးပါပါတယ်။ ယခုနှစ်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးတွေအားလုံး နွေရာသီအားကစားသင်တန်းများဖွင့်လှစ်ကြဖို့ အမှန်တကယ်ဆောင်ရွက်နိုင်မည့် အားကစားသင်တန်းများဖွင့်လှစ်ရေးစီမံချက်ကိုတောင်းခံပြီး ဌာနအကြီးအကဲထံပြုစုတင်ပြခဲ့ပြီးဖြစ်ပါတယ်။ယခုတစ်ဖန် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာနများမှာရှိတဲ့ဝန်ထမ်းသားသမီး ကျောင်းသား၊ကျောင်းသူများ နွေရာသီကျောင်းအားလပ်ရက်ကို အကျိုးရှိစွာဖြတ်သန်းနိုင်စေရန် နိုင်ငံအကျိုးပြု ဗလငါးတန်ဖွံ့ဖြိုးသော လူငယ်လူရွယ်များဖြစ်လာစေရေး တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရေးအလို့ငှာ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်ရေးကို ဌာနအကြီးအကဲက တာဝန်ပေးလို့ ပြေးခုန်ပစ်၊ ရေကူး၊ တိုက်ကွမ်ဒို၊ ဝူရှူးနှင့်ဘောလုံးအားကစားနည်း ငါးနည်းကို ပြည်ထောင်စုဝန်ကြီးဌာနများသို့ တရားဝင်အကြောင်းကြားပေးပို့ဆောင်ရွက်ထားရှိသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကလည်း ပြီးသွားတာမကြာသေးပါဘူး။ ကျွန်တော်တို့ဌာနကလည်း လူထုအားကစား(လူများစုပါဝင်ကစားခွင့်)မှသည် ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့လက်ရွေးစင်အားကစားသမားများထွက်ပေါ်လာပါက တိုင်းတစ်ပါးမြေမှာ အမိနိုင်ငံတော်ရဲ့အလံကို ပြိုင်ဘက်နိုင်ငံအလံများရဲ့ထိပ်(အလံတိုင်ထိပ်)ထိရောက်အောင် စွမ်းဆောင်နိုင်မည့်အားကစားသူရဲကောင်းတွေပေါ်ထွက်အောင်ကြိုးစားရမည့်တာဝန်က အခြားဌာနတွေထက် ပိုအရေးကြီးတယ်၊ ပိုမိုမွန်မြတ်တယ်လို့ ခံယူထားပါတယ်။ ဒါကြောင့် ကျွန်တော်လည်း အလုပ်ဝင်ခါစကကျွန်တော့်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးမောင်ဝင်းရဲ့လမ်းညွှန်စကားဖြစ်တဲ့ “ဝန်ထမ်းဘဝမှာ ကိုယ်ကျရာတာဝန်ကို စေတနာနဲ့ပေါင်းဖက်လုပ်ပါ”ဆိုတဲ့စကားကို ယနေ့ထိ သတိရ၊အမှတ်တရနှင့်ပင်စင်ယူချိန်ထိနာခံလျက်ကြိုးစားတာဝန်ထမ်းရွက်နေမှာပါ။
မိဘများကလည်းနွေရာသီအားကစားသင်တန်းများကို မိမိတို့သားသမီးများကိုအရောက်ပို့ဖို့ရန် အမျိုးသားရေးတာဝန် (National Task)လို့ သဘောထားကာ ဆောင်ရွက်စေလိုပါတယ်။ ကျွန်တော့်ဌာနခွဲမှာ “အားကစားပြတိုက်”ရှိပါတယ်။ ဧည့်သည်တွေလာကြည့်ရင် ဗိုလ်ကြီးတင်အောင်(ဂိုး)၊ ဗိုလ်မှူးဗဟာဒူး၊ ဗိုလ်ကြီးမောင်မောင်၊ဆပ်သီး(ခ)သန်းစိုး၊ ဦးအေးမောင်ကြီး၊ ဗိုလ်ကြီးအေးမောင်လေးတို့ခေတ်က အာရှလူငယ်ဘောလုံးပြိုင်ပွဲတွေမှာချန်ပီယံသုံးကြိမ်ဖြစ်ခဲ့ဖူးတာ၊ကျွန်းဆွယ်ပွဲ (အရှေ့တောင်အာရှ)အားကစားပြိုင်ပွဲမှာ မြန်မာဘောလုံးအသင်း ငါးကြိမ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ဖူးတာ၊ ဦးမြင့်အောင်က ကျွန်းဆွယ်ပြိုင်ပွဲတစ်ခုတည်းမှာ ကျွမ်းဘားအားကစားနည်းနဲ့ရွှေခြောက်ခု၊ ဒေါ်ဂျနီဖာတင်လေးက ကျွန်းဆွယ်ပွဲတစ်ခုတည်းမှာ မတူညီတဲ့အားကစားနည်းနှစ်ခုဖြစ်တဲ့ အပစ်အားကစားနဲ့ ဘော်လီဘောအားကစားနည်းနှစ်ခုလုံးမှာ ရွှေတံဆိပ်နှစ်ခုယူနိုင်ခဲ့တာ၊ သူတို့ရဲ့ငယ်ရွယ်နုပျိုတဲ့ဘဝကို အားကစားလောကထဲမှာ မြှုပ်နှံကာ နိုင်ငံတော်အတွက်ပေးဆပ်ကာ တာဝန်ကျေခဲ့ကြကြောင်း စသဖြင့်စိတ်ဓာတ်ခွန်အားတက်ကြွအောင် ပြောရပါတယ်။ လက်ရှိ နိုင်ငံတော်အစိုးရလက်ထက်မှာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြတဲ့ လက်ရွေးစင်အားကစားသမားဟောင်းကြီများအပါအဝင် လက်ရှိနိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို ယခင်ကထက်အဆပေါင်းများစွာရရှိအောင် ပံ့ပိုးနေတယ်ဆိုတာပြောပြီး ကျောင်းသားလူငယ်တွေအားကစားကို စိတ်ပါဝင်စားဖို့လိုကြောင်း တိုက်တွန်းနှိုးဆော်ပြောကြားရပါတယ်။
မြန်မာ့အားကစားအောင်မြင်မှုသမိုင်းပြန်သုံးသပ်ရလျှင် မြန်မာ့အားကစားအဖွဲ့တွင် ဘောလုံး၊ ဘော်လီဘော၊ ရေကူး၊ပြေးခုန်ပစ်၊ ကျွမ်းဘားတို့ ရွှေရောင်လွှမ်းသည့်ခေတ်က အမျိုးသားအားကစားပွဲတော်တစ်ကြိမ်မျှကျင်းပခဲ့ခြင်းမရှိတာကိုလေ့လာကြည့်ရင်သိရှိရမှာဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်ကျွန်တော်တို့ကျောင်းသားခေတ်ကဆိုလျှင်ရပ်ကွက်/ ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ အခြေခံမူလတန်းကျောင်းအားကစားပြိုင်ပွဲများ၊ ဘောလုံးပြိုင်ပွဲများခြိမ့်ခြိမ့်သဲကျင်းပခဲ့တာ အမှတ်ရမိပါတယ်။ကျောင်းသားအရွယ်ဆိုတာ အပူပင်ကင်းပါတယ်၊ အသွေးအရောင်ကင်းပါတယ်၊ကျွန်တော်တို့က လမ်းကြောင်းမှန်(အားကစားလမ်းကြောင်း)ပေါ် ဝိုင်းဝန်းတွန်းတင်ပေးကြဖို့လိုပါတယ်။
ကျွန်တော်ဆိုလည်း ကျောင်းသားအရွယ်က ယနေ့ထိ အားကစားကို ခုံမင်စွာကစားဆဲပါ။ သို့သော်ကျွန်တော်မထူးချွန်ပါ၊ဘာကြောင့်လဲဆိုတော့ နည်းပြကောင်းတွေဆီမှာ စနစ်တကျမသင်ယူခဲ့ဖူးလို့ပါ။ ကျွန်တော့်အနေဖြင့် ပြည်သူ့ကောင်စီခေတ်က မြို့နယ်ဌာနပေါင်းစုံဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများအဆင့်ထိသာ ကစားဖူးပါတယ်။ ဒါကြောင့် ယနေ့ခေတ်ကျောင်းသားလူငယ်များ ကျွန်တော်တို့အားကစားနှင့်ကာယပညာဦးစီးဌာနက ခန့်အပ်ထားတဲ့ ဝါရင့်သမ္ဘာရင့်အားကစားနည်းပြတွေဆီမှာ မိမိတို့ရဲ့ရင်သွေးငယ် ကျောင်းသား၊ ကျောင်းသူများကို နှစ်သက်တဲ့ အားကစားနည်းတစ်ခုခုမှာ လာရောက်သင်ယူကြပါလို့ တိုက်တွန်းလိုပါတယ်။
၁၄-၂-၂၀၂၅ ရက်နေ့က နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် ကာယပညာနှင့်အားကစားနည်းပြ(မွမ်းမံ)သင်တန်းအမှတ်စဉ်(၂) သင်တန်းသား၊ သင်တန်းသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က သိမှတ်ဖွယ်ရာများကို အမှာစကားပြောကြားခဲ့သည့် အပြင်ကျွန်တော်တို့ဌာန ညွှန်ကြားရေးမှူးချုပ်က Sport Lecture ပို့ချရာတွင်လည်း “အခြေခံပညာဦးစီးဌာနက ကာယဆရာ၊ ဆရာမများအနေနဲ့ တာဝန်ကျရာဒေသမှာ အားကစားသင်တန်း၊ အားကစားပြိုင်ပွဲများကျင်းပရင် ကျွန်တော်တို့ဌာနမှ အားကစားအရာရှိများနဲ့လက်တွဲညှိနှိုင်း ဆောင်ရွက်ကြဖို့၊ အားကစားနှင့်ပတ်သက်ပြီး လိုအပ်တာရှိရင် ပူးပေါင်းဆက်သွယ်ပေးဖို့’’ တာဝန်နှင့်စေတနာပေါင်းစပ်မှာကြားသွားခဲ့တာ တွေ့ရပါတယ်။
ကျွန်တော်တို့ရဲ့အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့မှာ ယခင်နှစ်က ပထမအကြိမ် ကျောင်းသားလူငယ်ပွဲတော် 1st Student (Youth) Games ကျင်းပခဲ့ရာကျောင်းသားလူငယ်အားကစားသမားများက တရုတ်နိုင်ငံ၏ပြည်တွင်းစံချိန်များသာမက ကမ္ဘာ့လူငယ်စံချိန်များကို ချိုးခဲ့တာ တွေ့ရပါတယ်။ အကျိုးဆက်အနေနဲ့ (၃၃)ကြိမ်မြောက် ပြင်သစ်နိုင်ငံပါရီအိုလံပစ်ပြိုင်ပွဲမှာ ပထမရတဲ့ အမေရိကန်နိုင်ငံနဲ့ ရွှေတံဆိပ်အရေအတွက်တူညီကာ ငွေတံဆိပ်အရေအတွက်ကွာခြားမှုနဲ့ နိုင်ငံအလိုက်ဒုတိယဆုရရှိခဲ့တာတရုတ်ကျောင်းသားလူငယ်များရဲ့အစွမ်းလို့ပဲ မိမိအနေနဲ့မှတ်ယူမိပါတယ်။ ယနေ့မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကလည်း ကျောင်းသားဗဟိုပြုစဉ်ဆက်မပြတ် အကဲဖြတ် အတန်းတင်ပေးနေတဲ့စနစ် တစ်နည်းအားဖြင့် အခြေခံပညာအဆင့်မှာ Grade - 12 မှလွဲ၍ အကျမရှိတဲ့စနစ်ဖြစ်လို့ လက်ရှိပညာရေးစနစ်ကလည်း အားကစားနဲ့ပညာရေးကို ယခင်ခေတ်များထက် ပိုမိုပေါင်းစပ်ဆောင်ရွက်နိုင်တဲ့အနေအထားမှာရှိပါတယ်။၂၀၂၄ ခုနှစ်ဒီဇင်ဘာလ၉ ရက်က နေပြည်တော်တွင်ကျင်းပသော ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲမိန့်ခွန်းမှာလည်း“ပညာရေးဝန်ကြီးဌာနက ယနေ့ခေတ်ကျောင်းသားဗဟိုပြုပညာရေးစနစ်တွင် ကျောင်းသားတိုင်း အားကစားနည်းတစ်ခုခုကို မသင်မနေရ ထည့်သွင်းပြဋ္ဌာန်းပေးထားကြောင်းနှင့် အားကစားကိုအမှတ်ပေးစနစ်တွင် ထည့်သွင်းပေးထားကြောင်း” နိုင်ငံတော်အကြီးအကဲက မိန့်ကြားခဲ့သည်ကိုလည်း နာယူမှတ်သားခဲ့ရပါတယ်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေနဲ့ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ကျောင်းသူ၊လူငယ်၊ လူရွယ်များ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အားကစားကွင်း/အားကစားရုံများတွင် နွေရာသီအခြေခံနှင့်အဆင့်မြင့်အားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် နေပြည်တော်အခြေစိုက် ပြည်ထောင်စုဝန်ကြီးဌာနရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းမိသားစုဝင် ကျောင်းသား၊ကျောင်းသူများကို နွေရာသီအခြေခံအားကစားသင်တန်းအဖြစ် အားကစားနည်း (၅)မျိုး ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးသွားရန် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဘောလုံးနှင့် ပြေးခုန်ပစ်အားကစားနည်းကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း(၃)တွင် လည်းကောင်း၊ တိုက်ကွမ်ဒိုအားကစားနည်းကို ဝဏ္ဏသိဒ္ဓိ(Sports Complex)အတွင်းရှိ တိုက်ကွမ်ဒိုရုံတွင်လည်းကောင်း၊ ရေကူးအားကစားနည်းကို ဝဏ္ဏသိဒ္ဓိရေကူးကန်တွင်လည်းကောင်း၊ ဝူရှူးအားကစားနည်းကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Social Zone)တွင်လည်းကောင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၅)ကို ၁၀-၃-၂၀၂၅ ရက်နေ့မှ ၄-၄-၂၀၂၅ ရက်နေ့ထိ ဖွင့်လှစ်လျက်ရှိပြီး အမှတ်စဉ်(၂/၂၀၂၅) ကို ၂၈-၄-၂၀၂၅ ရက်နေ့မှ ၂၃-၅-၂၀၂၅ ရက်နေ့ထိ ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်သည်။ သင်တန်းတက်ရောက်လိုသောကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖုန်း-၀၆၇-၈၁၀၄၃၃၅ သို့ ဆက်သွယ်စုံစမ်းတက်ရောက်နိုင်ပါသည်။
သို့ဖြစ်ရာ အားကစားကို ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားမှုပိုမိုမြင့်မားအောင် မိဘဆရာများကလည်း တိုက်တွန်းအားပေးခြင်းဖြင့် နွေရာသီအားကစားသင်တန်းများသို့ ကျောင်းသား၊ကျောင်းသူများတက်ရောက်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြပါရန် ရေးသားတင်ပြလိုက်ပါသည်။ ။
ကလောင်အမည် - ရဲလွင်အောင်(ရန်ကုန်တက္ကသိုလ်)
အမည် - ဦးရဲလွင်
လိပ်စာ - အားကစားနှင့်ကာယပညာဦးစီးဌာန။ ညွှန်ကြားရေးမှူး
Source: https://myawady.net.mm/stories

၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစား ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်က အထူးပဲစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အမျိုးသား အားကစားပွဲတော်ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် မှတ်တမ်းတင်ထိုက်တဲ့ ပွဲတော်တစ်ခုဖြစ်တာမို့ ပွဲတော်အခမ်းအနားကြီး မစတင်မီမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇနီးဒေါ်ကြူကြူလှတို့က ၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်ကိုစိုက်ပျိုးပေးပြီး အထိမ်းအ
၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစား ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်က အထူးပဲစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အမျိုးသား အားကစားပွဲတော်ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် မှတ်တမ်းတင်ထိုက်တဲ့ ပွဲတော်တစ်ခုဖြစ်တာမို့ ပွဲတော်အခမ်းအနားကြီး မစတင်မီမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇနီးဒေါ်ကြူကြူလှတို့က ၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်ကိုစိုက်ပျိုးပေးပြီး အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးခြင်း ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပါတယ်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား စတင်ကျင်းပတဲ့ အခါမှာလည်း အလွတ်ခုန် လေထီးစစ်သည်တွေက အမျိုးသားအားကစားပွဲတော်အလံနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အလံတွေကို ဝေဟင်ထက်မှ မြေပြင်သို့ချိတ်ဆွဲသယ်ဆောင်ပြီး ကွင်းအတွင်းသို့ ဂုဏ်ပြုဆင်းသက်ခဲ့ကြပါတယ်။
တေးသံရှင်တွေကလည်း မြန်မာ့ဆိုင်းဝိုင်း၊ မြန်မာ့တူရိယာများနဲ့ ခေတ်မီဆန်းသစ်စွာ မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်သီဆိုကြပါတယ်။
ထို့အတူ မီးအလှပြမှုတွေကိုလည်း တင်ဆက်ပြသပါတယ်။ အခမ်းအနားဖွင့်လှစ်ပြီး တစ်ချိန်တည်းမှာပဲ မီးရှူးမီးပန်းတွေပစ်ဖောက်ခြင်းနဲ့အတူ လှပချစ်စရာတို့ ရွှေမြန်မာတေးသီချင်းနဲ့ သရုပ်ဖော် တင်ဆက်ကပြကြပါတယ်။ ဒါတွေကတော့ ဒီဇင်ဘာလ ၉ ရက်မှာ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပြီးဖြစ်လို့ ပြည်တွင်းမှာသာမက နိုင်ငံတကာကပါမြင်တွေ့ကြပြီးဖြစ်ပါတယ်။
တကယ့်ကိုပဲ ခမ်းနားကြီးကျယ်လှတဲ့မြင်ကွင်းတွေပါပဲ။
ဒီလိုမျိုး အမျိုးသားအားကစားပွဲတော်တွေကို အောင်အောင်မြင်မြင်ကျင်းပနေတာဟာ မြန်မာ့အားကစား အဆင့်အတန်း အမြင့်မားဆုံးအခြေအနေသို့ ရောက်ရှိပြီး ကမ္ဘာကိုလွှမ်းနိုင်တဲ့အဆင့်ထိ မျှော်မှန်းပြီး ကျင်းပပေးနေတာဖြစ်ပါတယ်။ ပြိုင်ပွဲတွေရှိနေမှလည်း ထူးချွန်ထက်မြက်တဲ့ အားကစားသမားကောင်းတွေ ပေါ်ထွက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သူတွေ ဖြစ်လာမှာပါ။ ပြိုင်ပွဲကျင်းပပေးတဲ့ ရည်ရွယ်ချက်တွေကိုကြည့်မယ်ဆိုရင် ‘‘နိုင်ငံတော်၏အားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှု ရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည် ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက် လာနိုင်စေရန်နှင့် ပြည်သူလူထုတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန်’’ ဆိုတဲ့ဦးတည်ချက်တွေနဲ့ ကျင်းပနေတာဖြစ်ပါတယ်။
အမျိုးသားအားကစားပွဲတော် ကျင်းပခြင်းနဲ့ပတ်သက်လို့ ပြန်လည်လေ့လာ ကြည့်မယ်ဆိုရင် အမျိုးသား အားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်၊ ၁၉၉၄ ခုနှစ်၊ ၁၉၉၇ ခုနှစ်နဲ့ ၂ဝ၁၅ ခုနှစ်တို့မှာလေးကြိမ် ကျင်းပခဲ့ပြီးယခု ၂ဝ၂၄ ခုနှစ်မှာတော့ ပဉ္စမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့တာဝန်အရပ်ရပ်ကို တပ်မတော်က ဦးဆောင်ထမ်းရွက်ရတဲ့အခါတိုင်းမှာ အမျိုးသား အားကစားပွဲတော်တွေကို ခမ်းခမ်းနားနား ကြီးကျယ်စည်ကားစွာ ကျင်းပပေးနိုင်တာ တွေ့ရှိရပါတယ်။ ဒါကလည်း သေသေချာချာတွေးဆကြည့်မယ်ဆိုရင် တပ်မတော်က နိုင်ငံတော်အပေါ်၊ ပြည်သူများအပေါ်ထားရှိတဲ့ ကောင်းမွန်တဲ့စေတနာမှန်တွေလို့ ပြောလို့ရပါတယ်။ အားကစားဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် အမြဲရှင်သန်လှုပ်ရှားနေရမယ့် အရာမျိုးဖြစ်ပါတယ်။
လူသားတိုင်းအသက်ရှင်သန် ရပ်တည်နေထိုင်ရေးအတွက် အဓိကလိုအပ်ချက်မှာ ကျန်းမာရေး ကောင်းမွန်နေရေးဖြစ်ပါတယ်။ ကျန်းမာရေးကောင်းမွန်ဖို့ဆိုရင် အားကစားတစ်ခုခုကို လေ့ကျင့်နေရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက အားကစားနဲ့ကျန်းမာရေးဆိုတာ လူတိုင်းအတွက်မရှိမဖြစ်တဲ့ အရာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ လူမှုရေးဦးတည်ချက်မှာ ‘‘တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး’’ ကိုထည့်သွင်းထားတာဖြစ်ပါတယ်။ ဦးတည်ချက်ထားရှိခြင်းနဲ့အတူ ဦးတည်ချက်ကိုအောင်မြင်အောင် အားသွန်ခွန်စိုက်ကြိုးပမ်း လုပ်ဆောင်နေပါတယ်။ နိုင်ငံအတွင်းမှာအားကစားနဲ့ ပတ်သက်လို့ကျင်းပပေးနိုင်တဲ့ ပြိုင်ပွဲမှန်သမျှ ငွေကုန်ကြေးကျခံကာ ကျင်းပပေးနေတာဟာ အားကစားကဏ္ဍ မြင့်မားတိုးတက်စေရေးအတွက် ရည်ရွယ်တာဖြစ်ပါတယ်။
၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်မှာ ဝန်ကြီးဌာနအဆင့်မှာ ပြေးခုန်ပစ်၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီး၊ ပိုက်ကျော်ခြင်းနဲ့ ဘော်လီဘောပြိုင်ပွဲဆိုပြီး အားကစားနည်း ခြောက်မျိုးထည့်သွင်း ထားပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှာ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ဘိလိယက်/စနူကာ၊ လက်ဝှေ့၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု၊ ခရစ်ကက်၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီး၊ ဂျူဒို၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ ရိုးရာခြင်းလုံး၊ မြန်မာ့သိုင်း၊ ဘော်လီဘော၊ ဗိုဗီနမ်၊ အလေးမ၊ ဝူရှူးဆိုပြီး အားကစားနည်း၂၃ မျိုး ယှဉ်ပြိုင်ကြရပါတယ်။ မသန်စွမ်းပြိုင်ပွဲဝင်တွေအတွက် အားကစားနည်း လေးမျိုး ယှဉ်ပြိုင်ကြရပါတယ်။ အားကစားနည်းဆိုတာ နည်းတစ်နည်းမှာပင် ပြိုင်ရတဲ့အမျိုးအစားက များပြားပါတယ်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်သူတွေရဲ့ စကားသံတွေမှာ အားလုံးတူညီစွာပြောဆိုကြတဲ့ အချက်တွေကတော့ အခုလိုမျိုးအမျိုးသား အားကစားပြိုင်ပွဲကြီးကျင်းပပေးလို့ နိုင်ငံ တော်အစိုးရကို အထူးပဲကျေးဇူးတင် ရှိပါကြောင်းနဲ့ အခုလိုမျိုး အမျိုးသားအားကစား ပွဲတော်တွေကို နှစ်စဉ်ကျင်းပပေးစေလိုကြောင်း ဆိုတဲ့အချက်တွေဖြစ်ပါတယ်။ သူတို့တွေခမျာ ပြိုင်ပွဲတွေမရှိလို့ သူတို့ရဲ့အစွမ်းအစတွေပြသခွင့်မရခဲ့သလို နိုင်ငံတော်အတွက် ထူးချွန်တဲ့ အားကစားသမားတွေလည်း ရွေးချယ်နိုင်ခြင်း မရှိခဲ့ပါဘူး။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နှစ်စဉ်ကျင်းပတဲ့အခါ ရွက်ပုန်း သီးပညာရှင်တွေ ပေါ်ပေါက်လာသလိုအားကစားမှာလည်း နှစ်စဉ်ကျင်းပပေးမယ်ဆိုရင် စဉ်ဆက်မပြတ်တဲ့ အားကစားထူးချွန်တဲ့ရွက်ပုန်းသီးတွေအများကြီး ပေါ်ထွန်းလာမှာဖြစ်ပါတယ်။
အမျိုးသားအားကစားပွဲတော်ကြီးမှာ ပြိုင်ပွဲဝင်ကြတဲ့ အားကစားမောင်မယ်တွေအနေနဲ့ အားကစားစိတ်ဓာတ်အပြည့်အဝ ရှိကြပါတယ်။ အားကစားစိတ်ဓာတ်မှာ လူငယ်လူရွယ်တို့ရဲ့ ဘဝအနိမ့်အမြင့်၊ အနာဂတ်ကံကြမ္မာကို ပီပြင်အောင် ရုပ်လုံးဖော်ပေးနိုင်စွမ်းရှိတဲ့ ပင်မအခြေခံအင်အားတစ်ရပ်ဖြစ်ပါတယ်။ အားကစားသမားကောင်းတစ်ဦးဖြစ်လိုလျှင် သည်းခံမှု၊ ဇွဲရှိမှု၊ အနစ်နာခံမှု၊ တစ်ကိုယ်ကောင်းမဆန်မှု၊ ရေသာမခိုမှု၊ စုပေါင်းစိတ်ဓာတ်ရှိမှု၊ ဥပဒေကို လေးစားတတ်မှု၊ မှန်ကန်သော ဆုံးဖြတ်ချက်ကို မငြိုမငြင်ခံယူတတ်မှု၊ အရှုံးကိုအပြုံးဖြင့် ရင်ဆိုင်တတ်မှုစတဲ့ စိတ်ဓာတ်ထားရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် တရားသောယှဉ်ပြိုင်မှုနဲ့ အောင်မြင်မှုကိုရယူဖန်တီးတတ်မှုစတဲ့ အရည်အချင်းကောင်းများလည်း ရှိထားကြရမှာဖြစ်ပါတယ်။
အားကစားဆိုတာ ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းနေရုံနဲ့မပြီးသေးပါဘူး။ စိတ်ပိုင်းဆိုင်ရာမှာလည်း သန်စွမ်းနေရပါမယ်။ အားကစားပြိုင်ပွဲမှာ မိမိယှဉ်ပြိုင်ဘက် အပေါ်လေးစားခြင်း၊ အနိုင်ရယူလိုစိတ်ရှိခြင်း၊ စည်းကမ်းလိုက်နာနိုင်ခြင်း၊ အဖွဲ့လိုက် အားကစားနည်းတွေကြောင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် လုပ်ဆောင်တတ်ခြင်း၊ အပေးအယူမျှမျှတတဖြင့် ပေါင်းသင်းဆက်ဆံရေးကောင်းခြင်း၊ စာနာနားလည်နိုင်ပြီး အသိအမှတ်ပြုတတ်လာခြင်း၊ အကျင့်စာရိတ္တကောင်းမွန်လာခြင်း၊ အရှုံးကိုလက်ခံနိုင်သလို အနိုင်ရလဒ်အပေါ်မှာ လည်းမောက်မာမှုကင်းခြင်း၊ ပြိုင်ပွဲမှာ မိမိရဲ့အားသာချက်၊ အားနည်းချက်ကို ရှာဖွေဖော်ထုတ်ခြင်း စတာတွေဟာ အလွန်ပဲချစ်စရာကောင်းတဲ့ အားကစားစိတ်ဓာတ်ပါ။ အမျိုးသားအားကစားပွဲတော်မှာ ဒီလိုမျိုးစိတ်ဓာတ်ကောင်းတွေနဲ့ ယှဉ်ပြိုင်ကြတာ တွေ့မြင်ရပါတယ်။
မည်သည့်အားကစားနည်းတွင်မဆို အားကစားစိတ်ဓာတ်နဲ့ အရည်အချင်းကောင်းများ ပြည့်ဝနေတဲ့အားကစားသမားများ ရှိနေပါက အောင်မြင်မှုလမ်းကြောင်းဆီသို့ ဦးတည်နေပြီလို့ ယူဆနိုင်ပါတယ်။
အဲဒီလိုမျိုး စိတ်ဓာတ်ကောင်းရန်၊ အရည်အချင်းပြည့်ဝရန်မှာ ပြုပြင်လေ့ကျင့်ယူရပါမယ်။ လေ့ကျင့်သားပြည့်ဝနေမှသာ အောင်မြင်မှုကို မျှော်မှန်းနိုင်ကြမှာပါ။
လေ့ကျင့်သားပြည့်ဝနေစေရန်မှာ နည်းပြများရဲ့ သင်ကြားပို့ချမှု လက်တွေ့လေ့ကျင့်ခန်းများကို မခိုမကတ်၊ မညည်းမညူလိုက်ပါ လုပ်ဆောင်ကြရပါမယ်။ ချွေးထွက်များမှသွေးထွက်နည်းမယ်ဆိုတဲ့စကားဟာ အောင်မြင်မှုကို ညွှန်းဆိုခြင်းဖြစ်ပါတယ်။ လေ့ကျင့်
သားပြည့်ဝမှုဟာ အောင်မြင်မှုကို လမ်းခင်း ပေးခြင်းဖြစ်ပါတယ်။
အမျိုးသားအားကစား ပွဲတော်ကြီးမှာ မြန်မာ့သိုင်းနဲ့ မြန်မာတို့ရဲ့ဆွေစဉ်မျိုးဆက် ကစားနည်းဖြစ်တဲ့ မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲ ထည့်သွင်းကျင်းပ ပေးတာကလည်း တကယ့်ကိုကောင်းမွန်တဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။
မြန်မာ့ရိုးရာခြင်းလုံးခတ် ကစားနည်းဟာ ရိုးရာအားကစားနည်း အစစ်အမှန်ဖြစ်လို့ ပြည်တွင်းပြိုင်ပွဲတွေသာမက အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွေမှာလည်း အမြဲမပြတ် ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ယခုအမျိုးသား အားကစားပွဲတော်ကြီးမှာ မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲနဲ့ ပတ်သက်လို့ ပြိုင်ပွဲဝင်စည်းကမ်း သတ်မှတ်ချက်ကလည်း စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။
မြန်မာ့ရိုးရာ ခြင်းလုံးခတ်ပြိုင်ပွဲမှာ သတိပြုရမယ့်အချက်တွေအနေနဲ့ မူးယစ်ဆေးဝါး၊ အရက်သေစာ၊ ကွမ်း၊ ဆေးလိပ်၊ တားမြစ်ဆေးဝါးတွေ သုံးစွဲမှုမရှိဖို့ အားကစားသမားတိုင်း ဆင်ခြင်ရပါမယ်။ အထူးသဖြင့် ခြင်းလုံးခတ်ပြိုင်ပွဲဟာ မြန်မာ့ရိုးရာအားကစားနည်း ဖြစ်တဲ့အတွက် အမျိုးသားတွေ နားကပ်ဝတ်ဆင်တာ၊ ဆံပင်တွေအရောင်ဆိုးတာခွင့်မပြုပါဘူး။ ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲဟာ မြန်မာနိုင်ငံမှာကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ စပြီးပါဝင်ခဲ့တာဖြစ်ပါတယ်။ ရိုးရာခြင်းလုံးခတ်တဲ့ ကစားနည်းဆယ်မျိုးထဲက မန္တလာခြေဖျား၊ မြင်းစီး ဖနောင့်၊ သမင်လည်ပြန်ဖနောင့်၊ လျှပ်ထိပ်တင်ဒူး စတဲ့ကစားနည်းတွေဟာ လူကြိုက်အများဆုံးဖြစ်သလို ကစားသမားတွေရဲ့ ခြင်းခတ်ကွက်တွေဟာ လှပပြီးနှစ်သက်ဖွယ်ဖြစ်ပါတယ်။
ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်ကြီးမှာ ထည့်သွင်းကျင်းပတဲ့ အားကစားနည်းတွေက များပြားလှသလို ပါဝင်ယှဉ်ပြိုင်ကြတဲ့ အရေအတွက်ကလည်း များပြားလှတာမို့ ပွဲတော်ဖွင့်ပွဲမတိုင်မီ ဒီဇင်ဘာလ ၂ ရက်ကစတင်ပြီး အုပ်စုပွဲစဉ်တွေ စတင်ကျင်းပပေးခဲ့တာဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲတွေထဲမှာ ထူးခြားမှုတစ်ခုကတော့ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ အမျိုးသား၊အမျိုးသမီး လမ်းလျှောက်ပြိုင်ပွဲမှာရရှိခဲ့တဲ့ စံချိန်ဟောင်းထက် ယခုပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှာ သာလွန်ကောင်းမွန်တဲ့ စံချိန်သစ်တွေ ရရှိခဲ့ကြတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မောင်နိုင်လင်းထွန်းနဲ့ ပြည်ထဲရေးဝန်ကြီးဌာနမှ မဇင်မေထက်တို့ကို မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်က မော်တော်ဆိုင်ကယ်တစ်စီးစီ အထူးဆု ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပါတယ်။ ဒါဟာ ဝမ်းသာဖွယ်ကောင်းတဲ့ ကြည်နူးမှုဖြစ်ပါတယ်။
ဒါ့ထက် ပိုမိုပြီးကြည်နူးဖွယ်ကောင်းတဲ့ သတင်းကောင်းတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ မြန်မာတစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကလည်းအမျိုးသားအားကစားပွဲတော် ကျင်းပတဲ့ကာလမှာ ပေါ်ပေါက်လာတဲ့သတင်းကောင်းဖြစ်ပါတယ်။
အဲဒါကတော့ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ပါဝင်ခြင်း သတင်းကောင်းဖြစ်ပါတယ်။ အတာသင်္ကြန်ဆိုတာ ကမ္ဘာက အသိအမှတ်ပြုလိုက်တဲ့ မြန်မာရဲ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သွားတာဟာ အားရဝမ်းသာဂုဏ်ယူဖွယ်ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း ယူနက်စကိုရဲ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ပါဝင်ခွင့်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဒီဇင်ဘာလ ၁ဝ ရက် နံနက်ပိုင်းမှာ ရန်ကုန်မြို့ကို လေကြောင်းခရီးနဲ့ ပြန်လည်ရောက်ရှိလာတဲ့အခါ ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။ အနုပညာရှင်တွေကလည်း သင်္ကြန်သီချင်းတွေသီဆိုကြပြီး ပြည်သူတွေကလည်း အကအဖွဲ့တွေနဲ့အတူ ပါဝင်ကပြကြိုဆိုခဲ့ကြပါတယ်။ ပျော်စရာမြင်ကွင်းပါ။ ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်ပိတ်ပွဲအခမ်းအနားမှာ ‘‘ရိုးရာအမွေ လက်ဆင့်ကမ်း အတာသင်္ကြန်တစ်ခေတ်ဆန်း အစီအစဉ်တင်ဆက်ခြင်း’’ အစီအစဉ်ကိုထည့်သွင်းပြီး ဂုဏ်ပြုထားပါတယ်။ ပိတ်ပွဲအခမ်းအနားရဲ့ မြင်ကွင်းများကိုလည်း တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တာမို့ အများပြည်သူတွေနဲ့အတူ ကမ္ဘာ့ပြည်သူတွေလည်း မြင်တွေ့ခဲ့ကြပြီးဖြစ်လို့ အခမ်းအနားကျင်းပပုံကို အသေးစိတ်မရေးတော့ပါဘူး။ မြန်မာနိုင်ငံရဲ့ အားကစားသမိုင်းမှာတော့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးရဲ့ ကြီးကျယ်စည်ကားများပြားမှု၊ ပြည်သူတွေတစ်ခဲနက်အားပေးမှု၊ ပါဝင်ယှဉ်ပြိုင်သူတွေ များပြားမှု၊ ဆုတွေအများကြီးချီးမြှင့်မှုတွေဟာ သမိုင်းတစ်ခေတ်ရဲ့မှတ်တမ်းဖြစ်ခဲ့ပါပြီ။ ဒါကနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုအောင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့်မို့ ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင်နှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သော အမျိုးသား အားကစားပွဲတော်ကြီးကို အထူးပင်ဝမ်းမြောက် ဝမ်းသာစွာဂုဏ်ပြုပါကြောင်း ရေးသားလိုက်ရပါတယ်။ ။
Source- Myawady Webportal

နေပြည်တော် ဇေယျာသီရိ အားကစားကွင်းကြီး၌ စက်တင်ဘာလ ၂၅ ရက် ညနေပိုင်းတွင် “၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ’’ဖွင့်ပွဲအခမ်းအနား ကျင်းပမှုအား ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းကို ကြည့်ရှုလိုက်ရသည်။ ထိုသို့ကြည့်ရှုလိုက်ရသောကြောင့် ယခင်ရက်ပိုင်းကာလက ပုဗ္ဗသီရိမြို့ပတ်လမ်း တစ်လျှောက် မြင်တွေ့ခဲ့ရသော သံဝေဂရဖွယ်၊ စိတ်ထိခိုက်ဖွယ် ရေဘေးသင့်မြင်ကွင်းများကို မြင်၍ စိတ်မချမ်းမသာဖြစ်ခဲ့ရသော စာရေးသူအနေဖြင့် အဆိုပါ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကိုကြည့်ရှုလိုက်ရသောအခါ စိတ်ထဲအေးမြခြင်းနှင့် အတူ သက်သာသလို ခံစားမိသည
နေပြည်တော် ဇေယျာသီရိ အားကစားကွင်းကြီး၌ စက်တင်ဘာလ ၂၅ ရက် ညနေပိုင်းတွင် “၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ’’ဖွင့်ပွဲအခမ်းအနား ကျင်းပမှုအား ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းကို ကြည့်ရှုလိုက်ရသည်။ ထိုသို့ကြည့်ရှုလိုက်ရသောကြောင့် ယခင်ရက်ပိုင်းကာလက ပုဗ္ဗသီရိမြို့ပတ်လမ်း တစ်လျှောက် မြင်တွေ့ခဲ့ရသော သံဝေဂရဖွယ်၊ စိတ်ထိခိုက်ဖွယ် ရေဘေးသင့်မြင်ကွင်းများကို မြင်၍ စိတ်မချမ်းမသာဖြစ်ခဲ့ရသော စာရေးသူအနေဖြင့် အဆိုပါ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကိုကြည့်ရှုလိုက်ရသောအခါ စိတ်ထဲအေးမြခြင်းနှင့် အတူ သက်သာသလို ခံစားမိသည်။
တိုင်ဖွန်းမုန်တိုင်းရာဂိ၏ အရှိန်ကြောင့် စက်တင်ဘာလ ၁၀ ရက်မှစတင်ကာ မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြား မိုးအဆက်မပြတ်ရွာသွန်းခဲ့ကာ နေပြည်တော်ကောင်စီအတွင်းရှိ နယ်မြေများအပါအဝင် အချို့သော တိုင်းဒေသကြီးများတွင် ပြည်သူများ ရေဘေးဒဏ်သင့်ခဲ့ရသည်။ စာရေးသူတို့မျက်စိရှေ့တွင်ပင် သိုက်ချောင်းတံတား(ဆင်သေချောင်းကူး) ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ လွန်ခဲ့သော ၁၀ ရက်ခန့်က စိမ်းစိုဝေဆာနေသော မြို့ပတ်လမ်းဘေးမှ လယ်ကွင်းများသည် သဘာဝဘေး၏ ခေါ်ဆောင်ရာနောက် မလွှဲမရှောင်သာ ဝပ်ဆင်းခဲ့ရသည်။ လမ်းတံတားများလည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အတူ တာဝန်ရှိသူများ၏ အချိန်နှင့်တစ်ပြေးညီ နေ့ညမနား ကြိုးစားဆောင်ရွက်မှုကြောင့် ယာယီ ဘေလီတံတားများကို အမြန်ဆုံး အစားထိုး တည်ဆောက်နိုင်ခဲ့ကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုဒဏ်ကို ရေရှည်မခံစားခဲ့ရခြင်းဖြစ်သည်။ ထိုကာလအတွင်း တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများနှင့် တာဝန်သိ လုပ်သားပြည်သူများ၊ ပရဟိတသမားများက ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးလုပ်ငန်းများအပြင် ရေလွှမ်းမိုးခဲ့သည့် နေရာများအား သန့်ရှင်းရေးလုပ်ငန်းများကို နေပူမရှောင် မိုးရွာမရှောင် ဆောင်ရွက်ခဲ့ကြသည်။ စေတနာရှင် အလှူရှင်များကလည်း ရေဘေးကယ်ဆယ်ရေး စခန်းများတွင် လည်းကောင်း၊ ကျေးရွာများအထိ သွားရောက်၍ လည်းကောင်း မြန်မာတို့၏ စေတနာသဒ္ဓါတရားကို ပြသခဲ့ကြသည်။ သိုက်ချောင်းတံတား မရောက်မီ ရေလွှမ်းခဲ့သော လမ်းဘေးရှုခင်းများနှင့် ယင်းတို့မှထွက်ပေါ်နေဆဲဖြစ်သော ရွှံ့နုန်းမြေအနံ့များသည် ယခင်ခံစားနေကျ လယ်ကွင်းရနံ့များနှင့် ဆန့်ကျင်ဘက်ဖြစ်လို့ နေပါ၏။ ထိုအနံ့များကို မသိကျိုးကျွန်ပြုကာ သန့်ရှင်းရေးလုပ်ငန်းများ၊ တံတားတည်ဆောက်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်နေကြသည့် တပ်မတော်သားများ၏ ပုံရိပ်များနှင့် အားကစားကဏ္ဍဖြင့် နိုင်ငံတော်၏ အမျိုးသားရေး တာဝန်ကို တစ်ဖက်တစ်လမ်းမှ ကျေပွန်စွာ ထမ်းဆောင်ကြမည့် တပ်မတော်သားတို့၏ ပုံရိပ်များက စာရေးသူ၏မျက်ဝန်းထဲ ထင်ထင်ရှားရှား ပေါ်လာခဲ့ရပြန်သည်။
နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်သုံးခုသည် တပ်မတော်၏ အဓိကလုပ်ငန်း တာဝန်ကြီးများပင်ဖြစ်ပေသည်။ ပြည်တွင်းပြည်ပ အဖျက်သမားများ၏ တိုင်းရင်းသားပြည်သူများအား နှိပ်စက်ညှဉ်းပန်းမှုနှင့် အချုပ်အခြာအာဏာ ထိပါးလာမှုအပေါ် ကာကွယ်ခြင်းသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ဖြစ်ပြီး ထိုကာကွယ်ရေးတာဝန် ဆောင်ရွက်နိုင်ရန် လေ့ကျင့်သား ပြည့်ဝစေရန်အတွက်လည်း တစ်ချိန်တည်းမှာပဲ လေ့ကျင့်မှုများကို ဆောင်ရွက်ရပြန်ပါသည်။
ပြည်တွင်းပြည်ပ အဖျက်သမားများ၏ ရန်ကို နှိမ်နင်းရင်း၊ လေ့ကျင့်ရေးများ မပြတ်ဆောင်ရွက်ရင်း တစ်ဖက်မှာလည်း ပြည်သူ့အကျိုးပြု လုပ်ငန်းများကို နေ့နေ့ညည ဆောင်ရွက်ပေးလျက် ရှိနေပါသည်။ အနီးစပ်ဆုံးအထက်တွင် တင်ပြခဲ့သည့် ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်လျက် ရှိသည့်ပုံရိပ်လွှာများက အထင်အရှား သက်သေတို့ပင်ဖြစ်ပါ၏။
ထိုများပြားလှသည့် တာဝန်များကြားမှပင် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သော အားကစားပြိုင်ပွဲများကိုလည်း မပျက်မကွက်ကျင်းပကာ နိုင်ငံတော်အတွက် ရွက်ပုန်းသီး အားကစားသမားများကို ရှာဖွေဖော်ထုတ်ပေးလျက် ရှိပါသည်။
ပြည်သူကြားကပေါက်ဖွားလာသော ပြည်သူ့တပ်မတော်သားများ ပီပီ လူတန်းစားစုံသကဲ့သို့ အတတ်ပညာများကလည်း စုံလင်လှသည်။ မိမိတို့တွင် ပါလာခဲ့သော အားကစားပါရမီ၊ အနုပညာပါရမီတို့သည် တပ်မတော်တွင် စနစ်တကျ ထပ်မံလေ့လာ ဆည်းပူးမှုဖြင့် ပိုမို၍အရောင်အသွေး တောက်ပသူများအဖြစ် ရပ်တည်နိုင်ခဲ့ကြသည်။ အနုပညာရှင်များ၊ အားကစားသမားကောင်းများသာမက ပြည်သူက အားကိုးရသော တပ်မတော်သား ဆရာဝန်များ၊ အင်ဂျင်နီယာပညာရှင်များကို မြင်တွေ့ရသည်မှာ တပ်မတော်အတွက် သာမက နိုင်ငံတော်အတွက်ပင် ဂုဏ်ယူဖွယ်ကောင်းလှပါသည်။ “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် နေခြင်းဖြစ်ပါသည်”ဟူသည့်အတိုင်း နိုင်ငံတော်၏ အားကစားကဏ္ဍ မြင့်မားစေရေးကို အထောက်အကူပြုနိုင်ရန် တပ်မတော်အတွင်း တပ်ရင်းအဆင့် ပြိုင်ပွဲများမှသည် တပ်နယ်၊ တပ်မ၊ တိုင်းစစ်ဌာနချုပ်ပြိုင်ပွဲ အသီးသီးကို ကျင်းပပြီး ထိုပြိုင်ပွဲများမှ လက်ရွေးစင်များကို စုဖွဲ့ကာ တပ်မတော်(ကြည်း၊ ရေ၊ လေ)ပြိုင်ပွဲကြီးဆီ ဝင်ရောက်ယှဉ်ပြိုင် စေခဲ့ကြသည်။ ထိုသို့ကျင်းပရခြင်းမှာ တပ်မတော်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်နှင့် မကြာခင်ကျင်းပမည့် အမျိုးသား အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင် ကစားနိုင်ရေး ထူးချွန်သည့် လက်ရွေးစင်တပ်မတော်သား အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ကျင်းပခြင်း ဖြစ်သည်။
တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲတွင် ထည့်သွင်းယှဉ်ပြိုင်သော သေနတ်ပစ်၊ မြန်မာ့သိုင်း၊ ကရာတေး၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ လက်ဝှေ့ကစားနည်းတို့သည် ကာကွယ်ရေး အထောက်အကူပြု အားကစား နည်းများပင်ဖြစ်ပေသည်။ မည်သည့်အားကစားနည်းမဆို အတွေးအခေါ် ရင့်သန်မှုကိုရရှိစေကာ ကိုယ်ကာယကြံ့ခိုင်မှု အကျိုးအမြတ်ကိုလည်း ရရှိစေသည်ဖြစ်၏။ အားကစားနည်းတိုင်းတွင် ဉာဏစွမ်းရည်ကို ရှေ့တန်းတင်ရပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စိတ်ဓာတ်ခိုင်မာမှုတို့က ပံ့ပိုးပေးရလေ့ရှိသည်။ အစုအဖွဲ့နှင့် ယှဉ်ပြိုင်ရသော အားကစားနည်းတိုင်းသည် တစ်ဦးကောင်းဖြင့်မရဘဲ စည်းလုံးညီညွတ်မှု၊ တစ်ကိုယ်ကောင်းစိတ်မရှိမှု၊ သက်လုံကောင်းမွန်မှုတို့က စကားပြောလာသည်။ မိမိထက် အင်အားကြီးသော အသင်း၊ ပြိုင်ဘက်ပင်ဖြစ်လင့်ကစား ကွင်းအတွင်း ပြိုင်ဘက်ကို လေ့လာသုံးသပ် နည်းစနစ်မှန်ကန်စွာ ဉာဏ်ပညာသက်လုံပေါင်းလျက် ယှဉ်ပြိုင်နိုင်သူက အောင်ပွဲဆင်လေ့ရှိကြောင်း ကမ္ဘာ့သမိုင်း အားကစားမှတ်တမ်းများက အထင်အရှား သက်သေပြလျက်ရှိနေပါသည်။ ထိုနည်းလမ်းဖြင့် မည်သူမျှ ထင်မှတ်မထားသော အောင်မြင်မှုကို ၁၉၉၂ ခုနှစ်တွင် ဒိန်းမတ်အသင်း၊ ၂၀၀၄ ခုနှစ်တွင် ဂရိအသင်း၊ ၂၀၀၇ ခုနှစ်တွင် အီရတ်အသင်း၊ ၂၀၁၁ ခုနှစ်တွင် ဂျပန်အမျိုးသမီး ဘောလုံးအသင်းတို့က အသီးသီးအောင်ပွဲ ယူပြနိုင်ခဲ့ကြသည်။ စစ်တို့၏သဘောသည် အင်အားအနည်းအများ ပဓာနမကျသကဲ့သို့ အားကစားသည်လည်း နာမည်ကြီး အားကစားသမားများ စုဖွဲ့ထားခြင်း မစုဖွဲ့ထားခြင်းတို့က အရေးအကြီးဆုံးမဟုတ်ဘဲ လက်တွေ့ယှဉ်ပြိုင်နိုင်မှု စွမ်းရည်တို့ကသာ အခရာကျပါသည်။
သို့သော် အောင်ပွဲဆွတ်ခူးနိုင်ရန် အတွက်မူ လေ့ကျင့်သားပြည့်ဝရပါမည်။ ကျွမ်းကျင်မှုရှိရပါမည်။ နည်းစနစ်ကျရပါမည်။ ကြံ့ခိုင်သန်စွမ်းမှုနှင့်အတူ စိတ်ဓာတ်စည်းကမ်းပါ ကောင်းရပါဦးမည်။ ထိုအရာများမရှိပါဘဲ အောင်မြင်မှု အလွယ်တကူ မရနိုင်ပါချေ။
မြန်မာ့အားကစား အောင်မြင်မှု မှတ်တမ်းများကို လေ့လာကြည့်ရာတွင် တပ်မတော်သား အားကစားသမားများ၏ မှတ်တမ်းကောင်းများကို ဂုဏ်ယူဖွယ် တွေ့ရှိရပေမည်။ တစ်ခါဆီက ကျွန်းဆွယ်ပြိုင်ပွဲများနှင့် အာရှ အိုလံပစ် ပြိုင်ပွဲများတွင် တပ်မတော်ဂုဏ်နှင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ပေးခဲ့ကြသော အားကစားနည်း အမျိုးမျိုးမှ အားကစားသမားများစွာ ပေါ်ထွက်ခဲ့ကြသည်။ ယနေ့ထက်တိုင်လည်း ဒေသတွင်းနှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် အောင်ပွဲ ဆွတ်ခူးပေးနေကြသော တပ်မတော်သား အားကစားသမားများကို တွေ့မြင်နေရသည့်အတွက် စာရေးသူအနေဖြင့် ဝမ်းသာပီတိဖြစ်မိသည်။ ထိုအစဉ်အလာကောင်းများ မပျောက်ပျက်သွားစေရေးနှင့် နိုင်ငံတော် ကာကွယ်ရေး အတွက် အသင့်ဖြစ်နေစေရန် ယခုကဲ့သို့ အားကစားပြိုင်ပွဲကြီးကို ကျင်းပပေးနေခြင်းဖြစ်သည်ဟု စာရေးသူ ယုံကြည်မိပါသည်။ ထိုသို့ကျင်းပပေးခြင်းအားဖြင့် မျိုးဆက်သစ်အားကစား ဝါသနာရှင်များအတွက်လည်း အခွင့်အလမ်းကောင်းများကို ရရှိစေမည်ဖြစ်ပေသည်။
ယနေ့အချိန်တွင် နိုင်ငံတော်အနေဖြင့်လည်း “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး”ဟူသည့် အချက်အား ဦးတည်ချက်(၉)ရပ်တွင် ထည့်သွင်းပြဋ္ဌာန်းထားပြီး ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အကောင်အထည်ဖော်လျက် ရှိနေသည်ကို တွေ့ရှိရပါသည်။ အားကစားအောင်မြင်မှုသည် ဒြပ်မဲ့နည်းလမ်းဖြင့် နိုင်ငံတစ်နိုင်ငံ၏ စည်းလုံးကြံ့ခိုင်မှုကို ဖော်ညွှန်းနေသော အရာတစ်ခုပင်ဖြစ်၏။ အားကစားသည် ကွင်းအတွင်း ယှဉ်ပြိုင်နေကြသော ကစားသမားများနှင့်သာ တိုက်ရိုက်သက်ဆိုင်သည် မဟုတ်ဘဲ ယင်းတို့နှင့်ဆက်နွှယ်နေသည့် တိုင်းရင်းသားပြည်သူများမှသည် နိုင်ငံတော်အထိ ကိုယ်စားပြုနေခြင်းဖြစ်သည်။ ထို့ကြောင့်ပဲ အားကစားသမား တိုင်းသည် မိမိတို့၏ ယှဉ်ပြိုင်ခြင်းမှာ အားကစားဆိုသည်ထက် အမျိုးသားရေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြခြင်းဖြစ်ကြောင်း ခံယူကာ မဆုတ်မနစ် ကြိုးစားယှဉ်ပြိုင်ကြခြင်း ဖြစ်ပေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာလ ၂၅ ရက်နေ့ နေပြည်တော် ဇေယျာသီရိအားကစားကွင်း၌ ကျင်းပသော ၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ရေ၊ လေ)အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားစဉ်“တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲတွင် မိမိတို့တိုင်းစစ်ဌာနချုပ်၏ ဂုဏ်ကိုဆောင်နိုင်သူ အားကစားသမား ဖြစ်ရမည်ဟူသည့် ရည်မှန်းချက်ထား ယှဉ်ပြိုင်သွားကြရန်၊ ရှိပြီးဖြစ်သည့် ကာယ၊ ဉာဏစွမ်းအားများကို ရေကုန်ရေခန်းထုတ်ဖော်ပြသပြီး တပ်မတော်ဂုဏ်ဆောင် အဆင့်မှ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အဆင့်ထိရောက်အောင် ကြိုးပမ်းသွားကြရန်၊ ကာကွယ်ရေးတာဝန် ကျေပွန်သည့်တပ်မတော်သားကောင်း အဖြစ်သာမက တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားကောင်းများ ဖြစ်အောင် မလျော့သောဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း”ထည့်သွင်းပြောကြားခဲ့သည်။
တပ်မတော်သား အားကစားသမားတို့သည်လည်း တပ်မတော်၏ စိတ်ဓာတ်များဖြစ်သည့် လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်၊ တပ်မတော်၏ အစဉ်အလာကို အသက်ပေး စောင့်ထိန်းလိုသည့် စိတ်ဓာတ်များဖြင့် ယခုဆိုလျှင် မိမိတို့ပါဝင် ယှဉ်ပြိုင်ကြမည့် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲကြီးအတွက် အသင့်ရှိနေကြပြီဟု ယုံကြည်မိပါသည်။ စာလုံး သုံးလုံးတည်းသာရှိသော်ငြား များစွာလေးနက်မှုရှိသည့် “အားကစား”ဟူသော ဝေါဟာရ၏နောက်ကွယ်တွင် မမြင်ရနိုင်သော စွမ်းအားများရှိနေပါသည်။ ထိုစွမ်းအားများသည် တိုင်းပြည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာ အထောက်အကူပြုလျက်ရှိနေပါသည်။ ယင်းစွမ်းအားများ စဉ်ဆက်မပြတ် ပေါ်ထွန်းနိုင်ရေးအတွက် တပ်မတော်သည် အဓိက လုပ်ငန်းတာဝန်ကြီးသုံးခုအပြင် အမျိုးသားရေးတာဝန်ဖြစ်သော အားကစားကဏ္ဍကိုလည်း ဟန်ချက်ညီညီ အကောင်အထည် ဖော်လျက်ရှိနေပါသည်။ ဆိုရပါလျှင် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲကြီးသည် တပ်မတော်သားတို့သာ ဝင်ရောက်ယှဉ်ပြိုင်ရသည့် အားကစားပွဲကြီးဖြစ်သည်မှာ မှန်သော်ငြား အားကစားသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည့် အမျိုးသားရေး တာဝန်တစ်ရပ်ပင် ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်ခင်ဗျာ။ ။
Source-Myawady Webportal