မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသော နိုင်ငံဖြစ်သည်။ နှစ်ပေါင်းရာထောင်ချီ ရှည်လျားရပ်တည်ဖြစ်ထွန်းလာခဲ့သည့် သမိုင်းဝင်သာသနိက ရှေးဟောင်းအမွေအနှစ်များနှင့် သမိုင်းဝင်အဆောက်အအုံများကို မူလအခြေအနေမပျက် ဆက်လက်ထိန်းသိမ်းမြှင့်တင်ထားခြင်းသည် နိုင်ငံတော်နှင့် လူမျိုး၏ ဂုဏ်ဒြပ်များ မြင့်မားတိုးတက်စေသည့်အပြင် နိုင်ငံသူနိုင်ငံသားများ၊ မျိုးဆက်သစ်များအား နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်မြင့်မားတိုးတက်စေသည်။

နိုင်ငံတော်အနေဖြင့် ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များကို အစဉ်အဆက်ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတစ်ဝန်း၌ ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံများ အမြောက်အမြား တည်ရှိလျက်ရှိသည်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဩဂုတ်လ ၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)၊ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) နှင့် ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တို့သို့ သွားရောက်၍ ခင်းကျင်းပြသထားမှုနှင့် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော နေအိမ်သမိုင်းပြတိုက်သည် ဗိုလ်ချုပ်အောင်ဆန်း၏ တစ်မူထူးခြားသည့်ဘဝဖြစ်စဉ်များနှင့် ရပ်တည်ရှင်သန်လှုပ်ရှားခဲ့သည့် သမိုင်းမှတ်တမ်းများကို မျက်မှောက်ကာလပြည်သူများနှင့် နောင်လာနောက်သားအဆက်ဆက်တို့ သတိတရအမှတ်ရနေစေခြင်းသာမက လေးစားဂုဏ်ယူထိုက်သည့် သမိုင်းအထောက်အထားများကို လေ့လာကြည့်ရှုအတုယူအားကျစေနိုင်သည့် အကျိုးများ ရရှိစေနိုင်သည်။ အဆိုပါသမိုင်းအမွေအနှစ်များကို မပျောက်မပျက်မူလအခြေအနေမပျက် ထိန်းသိမ်းစောင့်ရှောက်ထားခြင်းသည် မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာများဖြစ်သည်။ အထူးသဖြင့် နေအိမ်ခြံဝင်းအတွင်း မအားလပ်သည့်ကြားမှ သီးပင်စားပင်များ စိုက်ပျိုးထားသည်မှာ အတုယူအားကျဖွယ်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် (ရန်ကုန်) သည် ၁၉၂၁ ခုနှစ်တွင် တည်ဆောက်ထားသော အဆောက်အအုံဖြစ်ပြီး အနောက်တိုင်းဗိသုကာလက်ရာများ ရောနှောတည်ဆောက်ထားသော သမိုင်းဝင်အဆောက်အအုံဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် မိသားစုနှင့်အတူ အဆိုပါနေအိမ်၌ ၁၉၄၅ ခုနှစ် မေလမှ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့သည်။ အချိန်တိုကာလအတွင်း အမျိုးသားခေါင်းဆောင်ကြီး၏ သမိုင်းမှတ်တမ်းများမှာ မမေ့နိုင်စရာဖြစ်၍ လာရောက်လေ့လာကြသည့် ပြည်သူများ၏ မှတ်တမ်းများကို စနစ်တကျစာရင်းသွင်းထားရန်လိုပြီး ထူးခြားသည့် ကိန်းဂဏန်းများဖြစ်သည့် ရာပြည့်၊ ထောင်ပြည့် လာရောက်သူများအတွက် သင့်လျော်သည့် လက်ဆောင်ပစ္စည်းများ ပေးအပ်သွားရန် လမ်းညွှန်ထားသည်။
ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) သည် ကိုလိုနီခေတ်အုပ်ချုပ်ရေးယန္တရားလည်ပတ်ရာ အဆောက်အအုံကြီးတစ်ခုဖြစ်ခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရရှိမီ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် မြန်မာနိုင်ငံအစိုးရအဖွဲ့ ရုံးစိုက်ခဲ့ပြီး အကြမ်းဖက်သမားများ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များကျဆုံးခဲ့သော ရုံးခန်းကို မူလအနေအထားမပျက်ထိန်းသိမ်းထားရှိသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ခေတ်အဆက်ဆက်အစိုးရအဖွဲ့များသည် အဆိုပါဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အအုံတွင် ရုံးထိုင်လုပ်ကိုင်ခဲ့ပြီး တိုင်းကျိုးပြည်ပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံကြီးဖြစ်သည်။
အလားတူ ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အအုံသည် ကိုလိုနီလက်ထက်မှစ၍ လွတ်လပ်ရေးရရှိပြီး အစိုးရအဆက်ဆက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်အထိ တရားရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ခဲ့သော သမိုင်းဝင်အဆောက်အအုံဖြစ်သည်။ အဆိုပါအဆောက်အအုံများသည် ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများဖြစ်၍ ရေရှည်တည်တံ့ခိုင်မြဲနေစေရေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို မူလလက်ရာများအတိုင်း စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် ရှေးမီနောက်မီပညာရှင်များနှင့် စနစ်တကျသုတေသနပြုဆောင်ရွက်သွားကြခြင်းဖြင့် နိုင်ငံတော်နှင့် လူမျိုးအတွက် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် စသည့်သမိုင်းမှတ်တမ်းအကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း။ ။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် အစောဆုံးမြို့ပြများ ထူထောင်နိုင်ခဲ့သော သမိုင်းရှိသည့် နိုင်ငံဖြစ်သည်။ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာစသည့် ပျူခေတ်မြို့ပြနိုင်ငံများမှသည် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် စသည်ဖြင့် နှစ်ပေါင်းထောင်ချီ၍ စိုးစံခဲ့သည့် မင်းအဆက်ဆက်တို့၏လက်ထက်များတွင် မြို့များ အများအပြားတည်ဆောက်ခဲ့သော်လည်း မြေပြင်ပေါ်တွင် လက်ညှိုးထိုးပြစရာတစ်ခုမျှမရှိခဲ့။

တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး မြန်မာတို့၏ နောက်ဆုံးဘုရင်ဖြစ်သော သီပေါမင်းနှင့် မိဖုရားတို့ကို အိန္ဒိယသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက်တွင် အင်္ဂလိပ်တို့လက်ထဲသို့ ကျရောက်ခဲ့သော မန္တလေးနန်းတော်၏ သက်တမ်းမှာ ၂၆ နှစ်မျှသာရှိသေးသည်။ မြန်မာနိုင်ငံ ကိုလိုနီဘဝကျရောက်ချိန်တွင် သမိုင်းအစဉ်အလာကြီးသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ရှေးဟောင်းနန်းတော်ရာများအပါအဝင် ယဉ်ကျေးမှုအမွေအနှစ် အများအပြားရှိနေခဲ့ရာ နယ်ချဲ့တို့၏ အကွက်ချဖျက်ဆီးမှုများကြောင့် အများအပြားပျက်စီးခဲ့ရသည်။ ရှေးဟောင်းစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ၊ မြို့ရိုးများမှအုတ်များကို ဖြိုဖျက်ယူ၍ လမ်းခင်းခြင်း၊ မြို့ရိုးများကိုဖျက်၍ ရထားလမ်းများဖောက်ခြင်း၊ ရှေးဟောင်းမြို့ရိုးပေါ်တွင် ကားလမ်းတင်၍ဖောက်ခြင်း၊ နန်းတော်ရာများပေါ်တွင် အကျဉ်းထောင်ဆောက်လုပ်ခြင်း၊ မြန်မာတို့အထွတ်အမြတ်ထားသည့်နေရာတို့တွင် သင်္ချိုင်းများအဖြစ် ချထားပေးခြင်း၊ အောင်မြေကဲ့သို့သော နေရာတွင် ကြိုးစင်ဆောက်လုပ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။
တပ်မတော်အစိုးရလက်ထက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ရည်ရွယ်ချက်များဖြင့် ရှေးခေတ်က အထင်အရှားတည်ရှိခဲ့သော နန်းတော်ရာများအနက် အနော်ရထာမင်းတရားကြီး၏ သီရိဇေယျဘူမိရွှေနန်းတော်(ပုဂံခေတ်)၊ ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီ ရွှေနန်းတော်(ဟံသာဝတီခေတ်)၊ အလောင်းမင်းတရားကြီး၏ ရွှေဘုံရတနာမင်္ဂလာရွှေနန်းတော် (ကုန်းဘောင်ခေတ်)၊ မင်းတုန်းမင်းတရားကြီး၏ မြနန်းစံကျော်ရွှေနန်းတော် (ရတနာပုံခေတ်)တို့ကို ရှေးဟောင်းစာပေနှင့် ရုပ်ပုံမှတ်တမ်းများ၊ ပန္နက်ရာများ၊ နန်းတော်အကြွင်းအကျန်များနှင့် တိုက်ဆိုင်ကာ မူလပုံစံနှင့်ပုံစံတူနန်းတော်များကို ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ပြန်လည်ဆောက်လုပ်ခဲ့သည်။
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ယဉ်ကျေးမှုအစဉ်အလာကြီးမားသည့် နိုင်ငံကြီးများဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် နှစ်ပေါင်းထောင်ချီနေသည့် ယဉ်ကျေးမှုအမွေအနှစ်များ၊ နန်းတော်ကြီးများကို အထင်အရှားတွေ့မြင်နိုင်ပြီး ကောင်းမွန်စွာထိန်းသိမ်းထားကြသည်ကို အတုယူဖွယ်တွေ့မြင်ရသည်။ အဆိုပါရှေးဟောင်းအမွေအနှစ်များသည် နိုင်ငံနှင့် လူမျိုးတို့၏ ဂုဏ်ယူဖွယ်ရာ သမိုင်းကြောင်းထည်ဝါမှုကို ဖော်ထုတ်ပြသသည့်နေရာများဖြစ်ပြီး ပြည်ပမှလာရောက်ကြသည့် လေ့လာသူများ၊ ခရီးသည်များကို ဆွဲဆောင်သည့်နေရာများလည်းဖြစ်သည်။
လက်ရှိနိုင်ငံတော်အစိုးရလက်ထက်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း ဟံသာဝတီမြို့ဟောင်း၊ မြို့ရိုးနှင့် ကျုံးတို့ကို ပြန်လည်တူးဖော်ထိန်းသိမ်းခြင်း၊ ကေတုမတီတောင်ငူမြို့ဟောင်း ဖော်ထုတ်ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ တိမ်မြုပ်ပျောက်ကွယ်နေသည့် နိုင်ငံ့သမိုင်းတစ်လျှောက်မှ ကြီးကျယ်ခမ်းနားခဲ့သည့် ပုံရိပ်မြင်ကွင်းများမှာ ပြန်လည်မှန်းဆကြည့်နိုင်အောင် ပေါ်ထွက်လာကြမည်ဖြစ်သည်။ ရှေးဟောင်းသမိုင်းဝင် အထင်ကရအမွေအနှစ်များ ပြန်လည်ထိန်းသိမ်းမှု ပြည့်စုံလာသည်နှင့်အမျှ ဒေသ၏အထင်ကရ အထိမ်းအမှတ်နေရာတစ်ခုအဖြစ် ဂုဏ်ယူဖွယ်ရာ ပေါ်ထွက်လာမည်ဖြစ်ပြီး ဒေသအတွက်လည်း အခွင့်အလမ်းကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းတွင် နိုင်ငံတော်အားကူညီရန် တာဝန်ရှိသည့်အလျောက် လူတိုင်းကိုယ်စီ နိုင်ငံတာဝန်ကျေပွန်ကြရပါမည့်အကြောင်း။ ။

ဘာစီလိုနာမြို့သည် စပိန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းရိုးတန်းရှိမြို့တစ်မြို့ဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ်များ ကြွယ်ဝမှု၊ အရေးပါသောယဉ်ကျေးမှုအချက်အချာနေရာနှင့် အဓိကခရီးသွား နေရာတစ်ခု အဖြစ် နာမည်ကျော်ကြားကြောင်းသိရသည်။ ဘာစီလိုနာမြို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော Catalonia ၏ အကြီးဆုံးမြို့နှင့်မြို့တော်ဖြစ်ပြီး ၎င်းတွင်နေထိုင်သူလူဦးရေမှာ (၁ ဒသမ ၆)သန်းကျော်ရှိ ကြောင်းသိရသည်။ ထို့ပြင် ဘာစီလိုနာ မြို့ပြဧရိယာတွင် နေထိုင်သူလူဦးရေမှာ (၅ ဒသမ ၃) သန်း ဝန်း ကျင်ရှိပြီး ပဲရစ်၊ Ruhr area၊ မက်ဒရစ် နှင့် မီလန်မြို့တို့ပြီးလျှင် ဥရောပသမဂ္ဂတွင် (၅)ခု မြောက် လူဦး ရေအထူထပ်ဆုံး
ဘာစီလိုနာမြို့သည် စပိန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းရိုးတန်းရှိမြို့တစ်မြို့ဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ်များ ကြွယ်ဝမှု၊ အရေးပါသောယဉ်ကျေးမှုအချက်အချာနေရာနှင့် အဓိကခရီးသွား နေရာတစ်ခု အဖြစ် နာမည်ကျော်ကြားကြောင်းသိရသည်။ ဘာစီလိုနာမြို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော Catalonia ၏ အကြီးဆုံးမြို့နှင့်မြို့တော်ဖြစ်ပြီး ၎င်းတွင်နေထိုင်သူလူဦးရေမှာ (၁ ဒသမ ၆)သန်းကျော်ရှိ ကြောင်းသိရသည်။ ထို့ပြင် ဘာစီလိုနာ မြို့ပြဧရိယာတွင် နေထိုင်သူလူဦးရေမှာ (၅ ဒသမ ၃) သန်း ဝန်း ကျင်ရှိပြီး ပဲရစ်၊ Ruhr area၊ မက်ဒရစ် နှင့် မီလန်မြို့တို့ပြီးလျှင် ဥရောပသမဂ္ဂတွင် (၅)ခု မြောက် လူဦး ရေအထူထပ်ဆုံးမြို့ပြဧရိယာတစ်ခုလည်းဖြစ်သည်။ ဘာစီလိုနာမြို့ပြဧရိယာသည် အနောက်ဘက်တွင် Serra de Collserola တောင်တန်းများဖြင့် နယ်နိမိတ်ချင်းထိစပ်နေသော Llobregat နှင့် Besòs မြစ်များ အကြားကမ်းရိုးတန်းတွင်တည်ရှိပြီး မြေထဲပင်လယ်တွင်းတွင် အကြီး ဆုံးမြို့ပြဧရိယာများထဲမှတစ်ခု ဖြစ် ကြောင်းသိရသည်။
သမိုင်းကြောင်းနှင့် ခေတ်သစ်
အစဉ်အလာများအရ ဘာစီလိုနာမြို့ကို Catalonian ကမ်းရိုးတန်းတစ်လျှောက်တွင် ကုန်သွယ် ရေးစခန်းများရှိသည့် Phoenicians သို့ မဟုတ် Carthaginians လူမျိုးများက စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ အလယ်ခေတ်များအတွင်း ဘာစီလိုနာမြို့သည် ဘာစီလိုနာ ကောင်တီ၏မြို့ တော် ဖြစ်လာခဲ့ကြောင်းလည်းသိရသည်။ ထို့နောက် ဘာစီလိုနာမြို့သည် Catalan ဘာသာစကားခွဲ ထွက်ရေးအချက်အချာနေရာတစ်ခုဖြစ်လာခဲ့ပြီး (၁၇)ရာစု Reapers' War အတွင်း ပြင်သစ်နိုင်ငံ၏ တစ် စိတ်တစ်ပိုင်းဖြစ်လာခဲ့ကာ (၁၈၁၂)ခုနှစ်မှ (၁၈၁၄)ခုနှစ်အထိ နပိုလီယန်၏ လက်အောက်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။ ဘာစီလိုနာမြို့သည် (၁၉)ရာစုနှင့်(၂၀) ရာစုအစောပိုင်းအတွင်း စက်မှု ထွန်းကားရေးနှင့် အလုပ်သမားလှုပ်ရှားမှုများစွာကို ကြုံတွေ့ခဲ့ရပြီး (၁၉၃၁)ခုနှစ်တွင် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ Catalonia ၏ မြို့တော်ဖြစ်လာခဲ့ကြောင်းသိရ သည်။ ထို့ပြင် ဘာစီလိုနာမြို့သည် ယဉ်ကျေး မှုအမွေအနှစ်များ ကြွယ်ဝပြီး ယနေ့ခေတ်တွင် အရေးပါသော ယဉ်ကျေးမှုအချက်အချာနေရာနှင့် အဓိက ခရီးသွားနေရာတစ်ခုဖြစ်ကြောင်းသိရသည်။ ဘာစီလိုနာမြို့သည် အထူးသဖြင့် ယူနက်စကိုကမ္ဘာ့အမွေ အနှစ်နေရာများအဖြစ် သတ်မှတ်ခံထားရသော Antoni Gaudí နှင့် Lluís Domènech i Montaner တို့၏ ဗိသုကာလက်ရာများကြောင့် နာမည်ကျော်ကြားကြောင်းလည်းသိရသည်။ ဘာစီလိုနာ မြို့သည် စပိန် နိုင်ငံတွင် အကျော်ကြားဆုံးတက္ကသိုလ်နှစ်ခုဖြစ်သည့် ဘာစီလိုနာတက္ကသိုလ်နှင့် Pompeu Fabra တက္ကသိုလ်တို့ တည်ရှိရာနေရာတစ်ခုလည်းဖြစ်ပြီး မြေထဲပင်လယ်အတွက် သမဂ္ဂ၏ရုံးချုပ်များ အခြေ စိုက်ရာ နေရာတစ်ခုလည်း ဖြစ်သည်။ ထို့ပြင် ဘာစီလိုနာမြို့သည် (၁၉၉၂)ခုနှစ် နွေရာသီအိုလံပစ်အပြင် ကမ္ဘာ့အဆင့်မီ ညီလာခံများနှင့်ပြပွဲများကို လက်ခံကျင်းပမှုအတွက် နာမည်ကြီးပြီး ၎င်းတွင် နိုင်ငံတကာ အားကစားပြိုင်ပွဲများစွာကိုလည်း ကျင်းပခဲ့ကြောင်းသိရသည်။ ဘာစီလိုနာမြို့သည် ဥရောပ အနောက် တောင်ပိုင်းတွင် ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အဓိကအချက်အချာနေရာ တစ်ခုဖြစ်ပြီး စပိန်တွင် အဓိကဇီဝနည်းပညာဆိုင်ရာအချက် အချာနေရာတစ်ခုလည်းဖြစ်သည်။ ဘာစီလိုနာ ဆိပ်ကမ်း သည် ဥရောပ၏ အဓိကဆိပ်ကမ်းများနှင့် အ လုပ်အများဆုံးဥရောပခရီးသည်တင်ဆိပ်ကမ်း ဖြစ်သည့် အပြင် ၎င်းတွင် နိုင်ငံတကာလေဆိပ်နှင့် ပြင်သစ်နှင့်ဥရောပရှိအခြားသောအစိတ်အပိုင်းများကို ဆက် သွယ်ထားသည့် မြန်နှုန်းမြင့်ရထားလမ်းများရှိသောကြောင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အချက်အချာ နေရာတစ်ခုလည်းဖြစ်ကြောင်းသိရသည်။
စီးပွားရေး
ဘာစီလိုနာမြို့ပြဧရိယာသည် ဥရောပတွင် အချမ်းသာဆုံးဒေသများထဲမှတစ်ခုဖြစ်သော Catalonia လူမျိုးများ၏(၆၆)ရာခိုင်နှုန်းကျော်ဖြင့် ဖွဲ့စည်းထားပြီး တစ်ဦးချင်းဂျီဒီပီမှာ ယူရို(၂၈၄၀ဝ)ရှိ ကြောင်းသိရသည်။ Eurostat ၏ အဆိုအရ (၂၀ဝ၄)ခုနှစ်တွင် ဘာစီလိုနာမြို့၏တစ်ဦးချင်းဂျီဒီပီမှာ ယူရို(၈၀၈၉၄)ထိ မြင့်မားခဲ့ကြောင်းလည်းသိရသည်။ နောက်ထပ်အနေဖြင့် ဘာစီလိုနာမြို့သည် ဥရောပ ၏ လေးခုမြောက်စီးပွားရေးအကောင်းဆုံးမြို့နှင့် ဥရောပတိုက်၏ တိုးတက်မှုအမြန်ဆုံးမြို့ဖြစ်ခဲ့ကာ (၂၀ဝ၉) ခုနှစ်အထိ တစ်နှစ်လျှင် (၁၇)ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းသိရသည်။ လူနေမှုပုံစံမဂ္ဂဇင်း Monocle ၏ အဆိုအရ (၂၀၁၅)ခုနှစ်တွင် ဘာစီလိုနာမြို့သည် ကမ္ဘာပေါ်တွင် (၂၄)ခုမြောက် နေထိုင်ရန် အကောင်း ဆုံးမြို့တစ်မြို့ဖြစ်ခဲ့ပြီး ဆန်းသစ်တီထွင်မှုဆိုင်ရာ လေ့လာဆန်းစစ်သူများ 2thinknow ၏ အဆိုအရ ဘာစီလိုနာမြို့သည် Innovation Cities™ Global Index တွင် ကမ္ဘာ့ အဆင့်(၁၃)နေရာကို ရယူထားကြောင်းသိရသည်။ တစ်ချိန်တည်းတွင်ပင် ဘာစီလိုနာမြို့သည် ဇိမ်ခံ လူနေမှုပုံစံအတွက် ကမ္ဘာပေါ်တွင် ဈေးအသက်သာဆုံးမြို့များထဲမှတစ်မြို့ဖြစ်ခဲ့ကြောင်း Global Wealth and Lifestyle Report 2020 အရ သိရသည်။
ခရီးသွားလုပ်ငန်း
(၂၀၂၃)ခုနှစ်တွင် ဘာစီလိုနာမြို့သည် ကမ္ဘာပေါ်တွင် (၉)ခုမြောက် နိုင်ငံတကာခရီးသွားများ လာရောက်လည်ပတ်မှုအများဆုံးမြို့နှင့် ပဲရစ်၊ မက် ဒရစ်၊ အမ်စတာဒမ်နှင့်ရောမမြို့တို့ပြီးလျှင် ဥရောပ တွင် (၅)ခုမြောက်လာရောက်လည်ပတ်မှုအများဆုံး မြို့တစ်မြို့လည်းဖြစ်ကာ နိုင်ငံတကာမှ လာရောက် လည်ပတ်သူ(၉)သန်းဝန်းကျင်ရှိကြောင်း သိရသည်။ ထို့ပြင် ဘာစီလိုနာမြို့သည် အပန်းဖြေနေရာများစွာ၊ ကမ္ဘာပေါ်တွင်အကောင်းဆုံးကမ်းခြေများထဲမှတစ်ခု၊ ကောင်းမွန်သောရာသီဥတု၊ ယူနက် စကိုကမ္ဘာ့ အမွေအနှစ်နေရာ (၈)ခုအပါအဝင် သမိုင်းဝင်အထိမ်းအမှတ်နေရာများ၊ ဟိုတယ်များ စွာနှင့် တိုးတက် ဖွံ့ဖြိုးသော ခရီးသွားအခြေခံအဆောက်အအုံများနှင့်အတူ နိုင်ငံတကာတွင် ကျော်ကြားသော ခရီးသွား နေရာတစ်ခုဖြစ်ကြောင်း သိရသည်။ သို့သော်လည်း နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားများ ပိုမိုများပြားလာ ခြင်းကြောင့် ဘာစီလိုနာမြို့ သည် အခြားခရီးသွားမြို့တော်များကဲ့သို့ပင် ပိုက်ဆံ အိတ်များနှင့် ပတ်စပို့ များ မကြာခဏ ခိုးယူခံရမှုများနှင့်အတူ ခါးပိုက်နှိုက်မှုများနှင့် ရင်ဆိုင်နေရကြောင်းလည်းသိရသည်။ ခါးပိုက်နှိုက်ခံရမှုနှုန်း အလယ်အလတ်တွင်ရှိနေသော်လည်း ဘာစီလိုနာမြို့သည် လုံခြုံရေးနှင့် ကိုယ်ရေး ကိုယ်တာလုံခြုံမှု ဆိုင်ရာ အလုံခြုံဆုံးမြို့များထဲမှတစ်မြို့အဖြစ် သတ်မှတ်ခံထားရကြောင်းသိရသည်။ ထို့ပြင် (၃)နှစ်ကျော်အတွင်း ရာဇဝတ်မှု(၃၂)ရာခိုင်နှုန်း ကျဆင်းသွားသည့် ဆန်းပြားသောရဲဘက် မဟာ ဗျူဟာများကြောင့် (၂၀၁၆)ခုနှစ်တွင် ဘာစီလိုနာမြို့ကို ကမ္ဘာ့ (၁၅)ခုမြောက်အလုံခြုံဆုံးမြို့အဖြစ် Business Insider က အဆင့်သတ်မှတ်ခဲ့ ကြောင်း သိရသည်။
NP News

ကမ္ဘာ့နိုင်ငံအလိုက်၊ လူမျိုးအလိုက် ကိုယ်ပိုင်ယဉ်ကျေးမှုများ ရှိကြသည်။ ရေအတိမ်အနက်ကို ကြာရိုးကြာစွယ်ကြည့်ခြင်းဖြင့် သိနိုင်သလို နိုင်ငံနှင့် လူမျိုးအဆင့်အတန်းကိုလည်း ယဉ်ကျေးမှုကိုကြည့်၍ စံပြုတိုင်းတာကြသည်။ မြန်မာ့ယဉ်ကျေးမှုသည် နှစ်ပေါင်းထောင်ချီ၍ ဖြစ်ထွန်းလာခြင်းဖြစ်ပြီး ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဓလေ့များဖြင့် ယနေ့တိုင်တည်တံ့ ခိုင်ခံ့လျက်ရှိသည်။

မြန်မာ့ယဉ်ကျေးမှု၏ဓလေ့ထုံးတမ်း၊ ကျင့်ဝတ်စည်းကမ်းတို့မှာ အဆင့်မြင့်လှသည်ဖြစ်ရာ နိုင်ငံတကာ အလယ်တွင် ဂုဏ်ယူဝင့်ကြွားနိုင်သည်။
ယဉ်ကျေးမှုသည် လူမျိုး၏ အသက်၊သိက္ခာဖြစ်ပြီး ယဉ်ကျေးမှုကင်းမဲ့ပါက နိုင်ငံ၏အဆင့်အတန်းလည်း နိမ့်ကျမည်ဖြစ်သည်။ မြန်မာတို့တွင် ကိုယ်ပိုင် ယဉ်ကျေးမှုဖြစ်သော သီချင်း(ဂီတ)၊ တူရိယာ၊ အဆို၊ အက၊ အတီးမျိုးစုံစွာရှိပြီး အဆင့်အတန်းမြင့်လှသည်။ သာယာငြိမ့်ညောင်းသော အသံတို့သည်နရီစည်းချက်မှန်မှန်၊ အသံအနိမ့်အမြင့် ပြေပြစ်စွာဖြစ်ပေါ်ခြင်းကို ဂီတဟု ခေါ်ဆိုကြသည်။ မြန်မာတို့၌ စာရေးစာဖတ်မပေါ်မီကပင် ဂီတသည်ပညာရပ်တစ်ခုအနေဖြင့် ရှိနှင့်နေပြီဟု ယူဆကြသည်။ စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်၍ ကောက်စိုက်သီချင်း၊ ကောက်ရိတ်သီချင်း၊ မောင်းထောင်းသီချင်း၊ ရက်ကန်းသီချင်းတို့ ပျံ့လွင့်လာသည်။ ခံစားချက်ကိုတေးသီဖွင့် ထုတ်ရာမှ ရိုးရာသီချင်းဖြစ်လာသည်။ ရိုးရာသီချင်းသည် ခေတ်၏လူနေမှုစနစ်နှင့် အခြေအနေ အရပ်ရပ်ကို ထပ်ဟပ်ပြသော ခေတ်၏ကြေးမုံတစ်မျိုးဖြစ်သည်။
ဗုဒ္ဓဘာသာမပေါ်မီ နတ်ကိုးကွယ်ရာမှ နတ်ချင်းဟူသော သီချင်းအဖွဲ့တစ်မျိုး ပေါ်ပေါက်ခဲ့သည်။ ဗုဒ္ဓဘာသာ ပျံ့နှံ့ပြီးနောက်ပိုင်းတွင်လည်း အယူဝါဒဆိုင်ရာ သီချင်းများစပ်ဆိုသီကုံးခဲ့ကြောင်း အထောက်အထားများရှိခဲ့သည်။ သရေခေတ္တရာခေတ်တွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး သွားရောက်ခဲ့သော ပျူယဉ်ကျေးမှုအဖွဲ့သည် ဘုရားဂုဏ်တော်ကို အလေးအမြတ်ပြုသော သီချင်းများ သီဆိုကပြခဲ့ကြောင်း တရုတ်မှတ်တမ်းများတွင် ဖော်ပြကြသည်။ ရှေးမြန်မာ မင်းခမ်းမင်းနားများ၌ ခံ့ညားသော သီဆိုတီးမှုတ်မှုသည် အခမ်းအနားတစ်စိတ်တစ်ဒေသအဖြစ်ပါဝင်သည်။ ရှေးမြန်မာသီချင်းကြီး သီချင်းခံများသည် ဂီတလောကတွင် ထည်ဝါခံ့ညားစွာ မြန်မာ့ဂုဏ်ကျက်သရေကို ဆောင်နိုင်ခဲ့သည်။ ဘုရင်တို့ချီးမြှောက်မှုကြောင့်လည်း သီချင်းဂီတ၏ အခြေအနေအဆင့်အတန်း တိုးတက်ခဲ့သည်။
မြန်မာစာပေတွင် ရှေးယခင်ကတည်းက လင်္ကာနှင့် သီချင်းနှစ်မျိုးကို ကဗျာ-လင်္ကာဟု မှတ်တမ်းတင်ထားရှိသည်။ သီချင်းတွင် ရကန်၊ ဟောစာ၊ သာချင်း၊ ကာချင်း၊ အဲချင်း၊ အိုင်ချင်း၊ လေးချိုး၊ သံချို၊ ယိုဒယား၊ ပတ်ပျိုး၊ ကြိုး၊ ဘွဲ့၊ ဘောလယ်အရိုး၊ တေးအရိုးအဆန်း၊ သဖြန်အရိုးအဆန်း၊ ငိုချင်းအရိုးအဆန်း၊ ဒုံးချင်းအရိုးအဆန်း၊ ဟန်ချင်းအရိုးအဆန်း၊ လှေချင်းအရိုးအဆန်း၊ နတ်သံ၊ မှာတမ်း၊ ဇာတ်စကားစပ်ပုံဟူ၍ ၂၂ မျိုး ပါဝင်သည်။ တေးဂီတသည်ကား ထက်မြက်သော အကျိုးပြုအာနိသင်နှင့် ပြည့်စုံသည်။
တေးဂီတလောကသည် ကျယ်ပြန့်သည်ထက်ပို၍ ကျယ်ပြန့်လာသည်ဖြစ်ရာ တိုင်းပြည်နှင့် လူမျိုး၏ ဂီတကိုအကဲခတ်ပြီး ယဉ်ကျေးမှုအဆင့်အတန်းကို သတ်မှတ်နိုင်သဖြင့် ကျန်ရှိသော တေးဂီတများကို ထိန်းသိမ်းကြမှသာ လူမျိုးလည်း တင့်တယ်မည်ဖြစ်သည်။
တူရိယာဟူသည် သာယာသောအသံများ ထွက်ပေါ်လာအောင် တီးမှုတ်အပ်သော ကိရိယာဖြစ်သည်။
တီးမှုတ်ခြင်းကို အခြေခံသောတူရိယာကို ပိုင်းခြားလျှင် တီးရသောတူရိယာနှင့် မှုတ်ရသောတူရိယာဟူ၍ နှစ်မျိုးတွေ့ရသည်။ စောင်းကောက်၊ ပတ္တလား၊ ဆိုင်းဝိုင်းတို့မှာ တီးရသော တူရိယာဖြစ်ပြီး နှဲ၊ ပလွေတို့မှာ မှုတ်ရသောတူရိယာများဖြစ်သည်။ လေတုန်ခါ
မှု၊ ကြိုးတုန်ခါမှု၊ သားရေတုန်ခါမှုတို့ကြောင့် သဘာဝကိုခွဲခြား၍ ကြိုးတပ်တူရိယာ၊ လေမှုတ်တူရိယာနှင့် တီးခတ်တူရိယာဟူ၍ တူရိယာသုံးမျိုးကွဲပြားသည်။ မြန်မာတို့၏ တူရိယာများကို ပြုလုပ်သည့်ပစ္စည်းပေါ်မူတည်၍ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်ဟု ခွဲခြားသတ်မှတ်သည်။ တူရိယာတို့တွင် မြန်မာ့စောင်းကောက်သည်ကား ယနေ့အချိန်ထိ ကမ္ဘာကစိတ်ဝင်စားသော တူရိယာတစ်မျိုးဖြစ်သည်။
မြန်မာ့ဆိုင်းဝိုင်းသည်လည်း နိုင်ငံတကာကစိတ်ဝင်စားသော မြန်မာတူရိယာ ပစ္စည်းဖြစ်သည်။
ဆိုင်းဝိုင်းတွင် ကြေးဝိုင်း၊ မောင်းဆိုင်း၊ ပတ်မကြီး၊ နှဲစသည်တို့ပါဝင်သည်။ မြန်မာ့တူရိယာပစ္စည်းများတွင် မြန်မာဂီတ၊ ဘင်ဂျို၊ ဒုံမင်း၊ မယ်ဒလင်၊ ဝါးလက်ခုပ်၊ လင်းကွင်း၊ စည်း၊ ဝါး၊ ဒိုးပတ်၊ အိုးစည်၊ ဗုံကြီး၊ ဗြော စသည်တို့ပါဝင်သည်။ မြန်မာတူရိယာတို့သည် တီးမှုတ်လိုက်ခြင်းအားဖြင့် အေးငြိမ်သာယာကြည်နူးမှု၊ စိတ်ဓာတ်တက်ကြွမှု၊ ပျော်ပါးမြူးထူးမှု၊ လွမ်းဆွေးသတိရမှုအစရှိသည့် ခံစားမှုရသမျိုးစုံကိုပေးစွမ်းနိုင်သည်။ ထို့ပြင်နိုင်ငံတကာ၌ မရှိသည့် သာရေးတွင် သာရေးအတီးအမှုတ်၊ နာရေးတွင် နာရေးအတီးအမှုတ်တို့ခွဲခြားထားပြီး သာရေးတွင် သုံးသည့်သံစဉ်ကို နာရေးတွင်မသုံးသလို နာရေးသံစဉ်ကိုလည်း သာရေးတွင်မသုံးမှုက မြန်မာတို့၏ ရှေးရိုးအစဉ်အလာပင်ဖြစ်သည်။
မြန်မာတို့၏ သီဆိုတီးမှုတ်ကခုန်မှု သဘင်ပညာသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ခန့်မှစ၍ ဆင်းသက်ပေါက်ဖွားလာသော ပညာဖြစ်သည်။ ပုဂံခေတ်ကျောက်စာများအရ ကခြေသဘင်ဟူသော ဝေါဟာရစကားများကို တွေ့ရသည့်အပြင် ပုဂံဂူဘုရားနံရံများရှိ အချို့ပန်းချီဆေးရေးကားများတွင် ကဟန်အမူအရာများ အမျိုးမျိုးတွေ့မြင်နိုင်သည်။ မြန်မာတို့၏ ရှေးရိုးတစ်ပင်တိုင်အကသည် ညက်ညောသိမ်မွေ့စွာ ကပြရသော ကကွက်များဖြစ်သည့် အလျောက် နရီ၊ စည်း၊ ဝါး၊ အနှေး၊ အမြန်နှင့်ကကွက် ပြောင်းစေကာမူ ငြိမ့်ညောင်းစွာ လှုပ်ရှားကပြရသော အကတစ်မျိုးဖြစ်သည်။ ရှေးရိုးတစ်ပင်တိုင်အက ၁၂ မျိုးရှိသည်။ ဗောင်းတော်ပြင်၊ မှန်တော်ရှု၊ ပန်းစိုက်၊ သားပိုက်၊ ကျောက်ကောက်၊ ဆံတော်သိမ်း၊ ဖျင်းချင်၊ ဖျင်းဖျတ်ဖျတ်၊ ချွတ်၊ ချွတ်အသေး၊ ကပီ၊ ကရောင်းဟူ၍ဖြစ်သည်။ ထို ၁၂ မျိုးအနက် ပထမပိုင်းခြောက်ပိုင်းသည်အနုပိုင်းဖြစ်ပြီးအမျိုးသမီးက၍ အနု-ခြောက်ခန်းဟုခေါ်သည်။ ဒုတိယပိုင်းခြောက်ပိုင်းသည်ကား အကြမ်းပိုင်းဖြစ်၍ အမျိုးသားကပြီး အကြမ်း-ခြောက်ခန်းဟုခေါ်သည်။ ထိုကကွက်များကိုပင် တစ်နည်းဆိုသော်ယိုးဒယားချခန်းဟု ရှေးကခေါ်တွင်ခဲ့သည်။
အဆိုပါရှေးရိုးတစ်ပင်တိုင်အက(ဝါ) ယိုးဒယားချခန်းကိုပင် ကကွက်၊ ကဟန်များကိုလိုက်၍ ကန်တော့ခန်း၊ သားပိုက်၊ အဝေးမျှော်၊ အနီးမျှော်၊ ကျောက်ကောက်၊ သမင်လိုက်၊ ဖျင်းချင်၊ ကိန္နရာလည်ပြန်၊ ကပီ၊ ဆံသိမ်း၊ ချွတ်၊ မှန်တော်ရှု၊ ပန်းစိုက်၊ ဗောင်းတော်ပြင်ဟူ၍လည်း ၁၄ မျိုးခွဲခြားဖော်ပြထားသည်လည်း ရှိသေးသည်။ မြန်မာ့ရှေးရိုးအကပညာသည် ခက်ခဲရှုပ်ထွေး၍ ကြိုးစားသင်နိုင်မှ အကပညာရရှိသည်။ ခြေဖျားမှ ဦးခေါင်းအထိ ဘယ်ခြေညာလက်၊ ဘယ်မြှောက်ညာချ၊ အင်္ဂါများလှုပ်ရှားပုံ၊ ရင်၊ ခါး၊ ဦးခေါင်းငဲ့၊ မေးတိမ်း၊ လက်ဖျားမှောက်လှန်၊ လက်ချောင်းထားပုံ ကကွက်များကို ဂရုပြုရသည်။
မြန်မာကကွက်များ သရုပ်ဖော်ဇာတ်များသည် စည်းကမ်းနှင့်ဟန်အလွန်ကြီးသည်။ အတီးနှင့်အက၊အကနှင့်ခြေဟန်လက်ဟန်၊ ခြေဟန်လက်ဟန်နှင့် မျက်နှာထားသုံးမျိုး ညီညွတ်ရသည်။ ဟန်ဆိုသည်မှာ တိမ်တောင်တိမ်လိပ်တက်သကဲ့သို့ တစ်ဟန်မှနှစ်ဟန်သို့ တရိပ်ရိပ်ဖြင့် ကူးပြောင်းမှန်းမသိ သိမ်မွေ့စွာ ကူးပြောင်းခြင်းပင်ဖြစ်သည်။ ရာမဇာတ်တော်ကြီးတွင် ဘိုးတော်၊ ရာမ၊ လက္ခဏာ၊ သီတာတို့ထွက်လျှင် ဖရင်းချား သို့မဟုတ် ဖျင်းကိုတီးမှုတ်ပေးရသည်။
ဘီလူးထွက်လျှင်ထပ်တွန့် သို့မဟုတ် ကရောင်းကို တီးမှုတ်ရသည်။ မျောက်ထွက်လာလျှင် ချွတ် သို့မဟုတ် ကပီကိုတီးမှုတ်ပေးရသည်။ သူ့စည်းကမ်းနှင့်သူဖြစ်၍ အလွန်စည်းကမ်းကြီးသည်။
မြန်မာ့ရုပ်စုံသဘင်နှင့် အငြိမ့်သဘင် ပေါ်ပေါက်လာချိန်ကို လေ့လာလျှင်သုတေသန ပညာရှင်များကပုဂံခေတ်တွင် မြန်မာ့ကကြိုးဆွဲရုပ်သေးပညာ ပန္နက်ရိုက်ဟန်တူသည်ဟု ဆိုကြသည်။ သို့သော်ပေါ်ပေါက်ပြီးဖြစ်သည်ဟု တိတိကျကျ မပြောနိုင်ဘဲ အင်းဝခေတ်သို့ရောက်မှသာ မြန်မာ့ရုပ်စုံသဘင် အသေအချာ ပေါ်လာသည်ဟု မှတ်တမ်းထားရှိကြသည်။ ရုပ်သေးအတတ်ပညာသည် အင်းဝခေတ်ခရစ်နှစ် ၁၅ ရာစုအတွင်းကပင်ရှိပြီးဖြစ်သလို ကုန်းဘောင်ခေတ်တွင် စနစ်တကျတိုးချဲ့ခဲ့သည်။ အငြိမ့်သဘင်ပညာတွင် အနိမ့်သဘင်၊ အမြင့်သဘင်၊ အတီးသဘင်၊ အဆိုသဘင်ဟူ၍ စဉ့်ကူးမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၁၃၈ ခုနှစ် တပို့တွဲလဆန်း ၁၄ ရက်တွင်ထုတ်ပြန်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ရှေးခေတ်က အငြိမ့်အမျိုးမျိုးရှိရာ စောင်းအငြိမ့်၊ တယောအငြိမ့်၊မိကျောင်းအငြိမ့်၊ ပတ္တလားအငြိမ့်ဟူ၍ ရှိခဲ့ပြီး ၎င်းအငြိမ့်များတွင် အကအခုန်မပါဘဲ ယောက်ျား၊ မိန်းမတို့ထိုင်ဆိုကြသည်။ ဗဒုံမင်းလက်ထက်ညဉ့်ဦးယံတွင် ထိုင်ဆိုအငြိမ့် (နန်းတွင်းအငြိမ့်) ခေတ်စားစပြုလာသည်။ ထို့နောက်တွင်မှ နန်းတွင်းတစ်ပင်တိုင်အက(အငြိမ့်)ပေါ်ပေါက်လာရသည်။
မြန်မာ့သရုပ်မှန်အနုပညာသည် မျိုးချစ်စိတ်ဓာတ် ထက်သန်ရေးနှင့်ဇာတိသွေး၊ ဇာတိမာန်ရှင်သန်မှုကို ရှေးရှုသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးကို များစွာအထောက်အကူပြုသည်။ သရုပ်မှန်အနုပညာတွင် ရသမြောက်သော ဖျော်ဖြေမှုများပါဝင်ပြီး အမျိုးသားရေးကို သွေဖည်ဆန့်ကျင်ခြင်းလုံးဝမရှိပါ။ ယခုဆိုလျှင်(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့်ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန်ဖော်ထုတ်၊ထိန်းသိမ်း၊ မြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များ အကြားတွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် ထပ်တူအမျိုးသားရေး စိတ်ဓာတ်များ ပိုမိုထွန်းကား ပြန့်ပွားနေစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှု အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေးဟူသော ဦးတည်ချက်(၄)ရပ်နှင့်အညီ ထည်ဝါခံ့ညားစွာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် တိုင်းရင်းသားအားလုံး၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို အခြေခံသောခိုင်မာသည့် အမျိုးသားယဉ်ကျေးမှုသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
Source- Myawady Webportal