၂၂ ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲ စင်ကာပူတွင် စတင်ကျင်းပ

News Image

၂၂ ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲ စင်ကာပူတွင် စတင်ကျင်းပ

၂၂ ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲကို မေ ၃၀ ရက် ညပိုင်းက စင်ကာပူနိုင်ငံတွင် စတင်ကျင်းပခဲ့ရာ နိုင်ငံနှင့်ဒေသပေါင်း ၄၀ ကျော်မှ အစိုးရအဓိကအရာရှိများ၊ ကာကွယ်ရေးအရာရှိများနှင့် ကျွမ်းကျင်ပညာရှင် များ စုစုပေါင်း ၅၅၀ ကျော် တက်ရောက်ခဲ့ကြသည်။

တူရကီအာဏာပိုင်များက အတိုက်အခံများဦးဆောင်သော အစ္စတန်ဘူလ် မြူနီစီပယ်အား ပိုမိုတင်းကျပ်စွာ ဖိနှိပ်မှုများ ဆောင်ရွက်လျက်ရှိ

News Image

တူရကီအာဏာပိုင်များက အတိုက်အခံများဦးဆောင်သော အစ္စတန်ဘူလ် မြူနီစီပယ်အား ပိုမိုတင်းကျပ်စွာ ဖိနှိပ်မှုများ ဆောင်ရွက်လျက်ရှိ

တူရကီအာဏာပိုင်များသည် စနေနေ့ (မေ ၃၁) တွင် အတိုက်အခံ ခေါင်းဆောင် မြို့တော်ဝန် Ekrem Imamoglu ဦးဆောင်သော အစ္စတန်ဘူလ် မြို့တော်ဝန်ရုံးအပေါ် အဂတိလိုက်စားမှုစွပ်စွဲချက်များဖြင့် ဖိနှိပ်မှုကို အရှိန်မြှင့်လိုက်ပြီး လူ ၃၀ ခန့်ကို ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူများတွင် အဓိကအတိုက်အခံပါတီဖြစ်သော CHP ၏ လွှတ်တော် အမတ်ဟောင်းတစ်ဦးနှင့် CHP အုပ်ချုပ်သော အစ္စတန်ဘူလ်ရှိ ခရိုင် ၃ ခု ၏ မြို့တော်ဝန်များ ပါဝင်သည်။

ရုရှားတွင် ရထားပေါ်သို့ တံတားပြိုကျမှုကြောင့် လူ ၇ ဦးသေဆုံး

News Image

ရုရှားတွင် ရထားပေါ်သို့ တံတားပြိုကျမှုကြောင့် လူ ၇ ဦးသေဆုံး

ရုရှားနိုင်ငံ အနောက်ပိုင်း Bryansk ဒေသတွင် တနင်္ဂနွေနေ့ (ဇွန် ၁) က ခရီးသည်တင် ရထားတစ်စီးပေါ်သို့ တံတားပြိုကျမှုဖြစ်ပွားမှုကြောင့် လူ ၇ ဦးသေဆုံးကာ ၃၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအုပ်ချုပ်ရေးမှူး Alexander Bogomaz က ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်၏ တိကျသော အကြောင်းရင်းကို အတည်မပြုရသေးသော်လည်း ရုရှားရထားပို့ဆောင်ရေးဌာနက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို နှောင့်ယှက်တိုက်ခိုက်ခြင်းကြောင့် တံတားတိုင် ပြိုကျခဲ့သည်ဟု ဆိုသည်။

ဆီးရီးယားခေါင်းဆောင်ကို ၎င်းအား အာဏာရရှိရန် ကူညီခဲ့သည့် လက်နက်ကိုင်အကြမ်းဖက်သမားများက ခြိမ်းခြောက်နေ

News Image

ဆီးရီးယားခေါင်းဆောင်ကို ၎င်းအား အာဏာရရှိရန် ကူညီခဲ့သည့် လက်နက်ကိုင်အကြမ်းဖက်သမားများက ခြိမ်းခြောက်နေ

ယခင်ဆီးရီးယားခေါင်းဆောင် ဘာရှာ အာဆက်အစိုးရကို ဖယ်ရှားပြီး ယာယီသမ္မတ Ahmed al-Sharaa အာဏာရရှိရန် ကူညီခဲ့သည့် လက်နက်ကိုင် သူပုန်များသည် ယခုအခါ ၎င်း၏အာဏာတည်မြဲမှုကို ခြိမ်းခြောက်လာနိုင်သည်ဟု ဝါရှင်တန်ပို့စ်သတင်းစာက စနေနေ့ (မေ ၃၁) တွင် ဖော်ပြခဲ့သည်။