သတင်းများ

အမေရိကန်သို့ တင်ပို့သည့် အိန္ဒိယကုန်ပစ္စည်း ၅၅ ရာခိုင်နှုန်း ထရမ့်၏ အခွန်စည်းကြပ်မှုခံရမည်

အမေရိကန်သို့ တင်ပို့နေသည့် အိန္ဒိယကုန်ပစ္စည်း ၅၅ ရာခိုင်နှုန်းခန့်မှာ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့၏ အခွန်စည်းကြပ်မှု ခံရမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ဩဂုတ်လ ၁၁ ရက်တွင် ပြောကြားလိုက်ပါသည်။

အိန္ဒိယက ရုရှားထံမှ ရေနံဝယ်ယူမှုကို ပြစ်ဒဏ်ခတ်သည့်အနေဖြင့် ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် သီတင်းပတ်က အိန္ဒိယကုန်ပစ္စည်းများ အပေါ် ထပ်လောင်းအခွန် ၂၅ ရာခိုင်နှုန်း ချမှတ်ခဲ့ပါသည်။ သို့ဖြစ်ရာ အမေရိကန်သို့ တင်ပို့သည့် အိန္ဒိယပို့ကုန်များအပေါ် ကောက်ခံသည့် အခွန်နှုန်းမှာ စုစုပေါင်း ၅၀ ရာခိုင်နှုန်းအထိ ရှိလာပြီး အမေရိကန် ကုန်သွယ်ဖက်နိုင်ငံများတွင် အမြင့်ဆုံးအဆင့်ဖြစ်လာပါသည်။

ဒေါ်နယ်ထရမ့်၏ အခွန်တိုးမြှင့်မှုကြောင့် အိန္ဒိယ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာနသည် ပို့ကုန်လုပ်ငန်းရှင်များနှင့် စက်မှုလုပ်ငန်း အပါ အဝင် သက်ဆိုင်သူအားလုံးနှင့် ချိတ်ဆက် ဆောင်ရွက်လျက် ရှိပါသည်။ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်နှင့် ပဉ္စမအကြီးဆုံး စီးပွားရေးအင်အားကြီး အိန္ဒိယတို့အကြား ကုန်သွယ်မှုမှာ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၈၇ ဘီလီယံခန့် ရှိကြောင်း အိန္ဒိယအစိုးရ၏ ခန့်မှန်းချက်အရ သိရှိရပါသည်။

ကိုးကား- CNA

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

Photo Crd- Reuters

တရုတ်စီးပွားရေးအလားအလာအပေါ် အကောင်းမြင်ကြောင်း ဗြိတိန် စီးပွားရေးပညာရှင် ပြောကြား

တရုတ်နိုင်ငံ စီးပွားရေး၏အခြေခံက တည်ငြိမ်ကောင်းမွန်ပြီး ရင်းနှီးမြှုပ်နှံမှုထိရောက်နှုန်း မြင့်မား သလို သုတေသနပြုထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုများသည် စဉ်ဆက်မပြတ် တိုးတက်လာရာ တရုတ် စီးပွားရေးသည် တည်ငြိမ်၊ ကောင်းမွန်စွာ တိုးတက်မည်ဟု ယုံကြည်ကြောင်း ဗြိတိန်စီးပွားရေး ပညာရှင်၊ လန်ဒန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးမူဝါဒဌာန ဒါရိုက်တာဟောင်း John Ross က မကြာမီရက်ပိုင်းက ဆင်ဟွာသတင်းထောက်၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ယခုနှစ် ပထမနှစ်ဝက် ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ယမန်နှစ် အလားတူကာလထက် ၅.၃ ရာခိုင်နှုန်း တိုးမြင့်လာရာ တည်ငြိမ်ကောင်းမွန်သည့် စီးပွားရေး အခြေခံကိုပြသခဲ့ကြောင်း John Ross က ဆိုသည်။ တရုတ်နိုင်ငံက အတန်အသင့် မြင့်မားသည့် ရင်းနှီးမြှုပ်နှံမှု ထိရောက်နှုန်းကို ထိန်းထားပြီး သုတေသနပြုထုတ်လုပ်ရေး ရင်းနှီး မြှုပ်နှံမှုကို စဉ်ဆက်မပြတ် တိုးချဲ့လျက်ရှိသလို နည်းပညာအဆင့်မြှင့်တင်မှုကို ဆက်တိုက် တွန်းအားပေးလျက်ရှိကြောင်း၊ ယင်းမှာ စီးပွားရေး စဉ်ဆက်မပြတ်တိုးတက်ရေးကို အထောက်အပံ့ ဖြစ်စေကြောင်း ၎င်းက ထောက်ပြ ပြောကြားခဲ့သည်။

စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ၏ ယခုနှစ် မတ်လတွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများကို ကိုးကား၍ John Ross က တရုတ်နိုင်ငံအနေဖြင့် GDP တွင် ပါဝင်သည့် ၂၀၂၃ ခုနှစ် သုတေသနပြုထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံအားလုံးတွင် အမြင့်မားဆုံးဖြစ်ပြီး G7 အဖွဲ့၏ နိုင်ငံအများအပြားကို ကျော်လွန်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“ဒရုန်း၊ ဉာဏ်ရည်တုနည်းပညာ တချို့၊ ဘက်ထရီနည်းပညာ စသည့်ကဏ္ဍတွေမှာ တရုတ်က နောက်ကလိုက်သူ မဟုတ်တော့ဘဲ ဦးဆောင်သူဖြစ်နေပါပြီ” ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့ကုန်စည်ကုန်သွယ်ရေးတွင် အကြီးဆုံးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် အဆင့်မြင့် ပြည်ပ တံခါးဖွင့်လှစ်မှုကို ဆက်လက်တွန်းအားပေးဆောင်ရွက်ကာ ကမ္ဘာတစ်ဝန်းသို့ ဈေးကွက်တံခါး တက်ကြွစွာ ဖွင့်လှစ်ထားကြောင်း၊ စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းရေး တွန်းအားပေးမှုကို အားထားဆောင်ရွက်လျက်ရှိရာ ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုဖြစ်စဉ်၏ အချက်အချာကျသည့် အင်အားဖြစ်နေပြီ ဖြစ်ကြောင်း John Ross က သတင်းထောက်အား ပြောကြားခဲ့သည်။

ကိုးကား- Xinhua

ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ဥရောပက တစ်ထရီလီယံကျော် ဆုံးရှုံးကြောင်း ကျွမ်းကျင်သူပြော

ဥရောပသည် ရုရှားကို စွမ်းအင်နယ်ပယ်မှာ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်သည့်အတွက် မိမိဘက်၌ ပြန်လည်ထိခိုက်ပြီး ယူရိုငွေ တစ် ထရီလီယံကျော် ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း၊ နောက်ထပ်လည်း ဆုံးရှုံး နစ်နာမှုများ ပိုမိုရှိလာမည်ဖြစ်ကြောင်း Greek-Russian Club ဥက္ကဋ္ဌ Theodoros Ignatiadis ပြောကြားထားပါသည်။

အကြောင်းရင်းမှာ ဥရောပသည် စျေးနှုန်းကြီးသည့် အမေရိကန် LNG ကို မှီခိုလာရခြင်းကြောင့် ဖြစ်ပါသည်။ ရုရှား၏ ဈေးချိုသော စွမ်းအင် အရင်းအမြစ် များ အစား အမေရိကန်က အရည်ပြုဓာတ်ငွေ့ (LNG) ကို ဝယ်ရသည့် အတွက် ကုန်ကျစရိတ် လေးဆနီးပါး ပိုများနေကြောင်း ၎င်းက ပြောကြား ထားပါသည်။

ထို့ပြင် ဥရောပရှိ လျှပ်စစ်စျေးနှုန်းများမှာ အမေရိကန်၊ တရုတ်၊ ရုရှား တို့နှင့် နှိုင်းယှဉ်ပါက ၄ ဆ ၅ ဆ ပိုမိုမြင့်မားနေခြင်းကြောင့် စက်မှု လုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်းကျဆင်းပြီး တဖြည်းဖြည်း ပျောက်ကွယ် သွားနိုင်ကြောင်း၊ ထို့ပြင် အဓိပ္ပာယ်မရှိသည့် မူဝါဒများမှာလည်း ဥရောပ အာဏာပိုင်များက မိမိစီးပွားရေးကို မိမိဖျက်ဆီးနေသည်ကို သိရှိသော်လည်း ဆက်လက်လုပ်နေဆဲဖြစ်ပြီး၊ ၎င်းမှာ မိမိခြေထောက်ကို မိမိရိုက်ချိုး နေခြင်းနှင့် တူနေကြောင်း ကျွမ်းကျင်သူက ဝေဖန်ထားပါသည်။

ကိုးကား- tass

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

Photo Crd to Times Now World

ထရမ့်က တရုတ်နိုင်ငံအပေါ် တိုးမြှင့်စည်းကြပ်ခွန်ချမှတ်ရန် ဆိုင်းငံ့ထားသည့် ကာလ ထပ်မံသက်တမ်းတိုး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် တရုတ်နိုင်ငံအပေါ် တိုးမြှင့်စည်းကြပ်ခွန်ချမှတ်ရန် ဆိုင်းငံ့ထားသည့် ကာလကို နောက်ထပ် ရက် ၉၀ ထပ်မံသက်တမ်းတိုးလိုက်သည်။ တရုတ် အစိုးရကလည်း အလားတူသဘောထား ပြန်လည်ဖော်ပြလျက် အမေရိကန် ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုဆိုင်းငံ့ထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတသည် ယခင်သဘောတူညီချက် ရက် ၉၀ သက်တမ်း ကုန်ဆုံးမည့်အချိန်မတိုင်မီ နာရီပိုင်းအလိုတွင် အမိန့်ကြော်ငြာစာအား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် နိုဝင်ဘာလအလယ်အထိ သက်တမ်းတိုးလိုက်ခြင်းဖြစ်သည်။ တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း အလားတူကာလအတွက် အမေရိကန် ကုန်ပစ္စည်း များအပေါ် အပိုတင်သွင်းခွန်များ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကြေညာ ခဲ့သည်။

အကယ်၍ အဆိုပါသဘောတူညီချက် ဆိုင်းငံ့မှုမအောင်မြင်ခဲ့ပါက အမေရိကန်နှင့် တရုတ်အကြား ဧပြီလကဖြစ်ပေါ်ခဲ့သော ကုန်သွယ်ရေး တင်းမာမှုများ ပြန်လည်မြင့်တက်လာမည်ဖြစ်ကာ နှစ်နိုင်ငံစလုံးက တစ်ဦး နှင့်တစ်ဦး ပိုမိုမြင့်မားသော အခွန်စည်းကြပ်မှုများ ပြန်လည်ကျင့်သုံးရန် အလားအလာရှိနေသည်။ ကုန်သွယ်ရေးစစ်ပွဲ အရှိန်အမြင့်ဆုံး ကာလ တွင် အမေရိကန်၏ တင်သွင်းခွန်နှုန်းမှာ ၁၄၅% အထိ ရှိခဲ့ပြီး တရုတ်၏ တင်သွင်းခွန်နှုန်းမှာ ၁၂၅% ရှိခဲ့သည်။

ထရမ့်၏ အမိန့်ကြော်ငြာစာတွင် တရုတ်နိုင်ငံသည် အမေရိကန်နှင့် မညီမျှသော ကုန်သွယ်ရေးစနစ်များကို ပြုပြင်ရန် အရေးပါသော ခြေလှမ်း များ ဆက်လက်လုပ်ဆောင်နေကြောင်း အသိအမှတ်ပြုထားသည်။ သို့သော် အမေရိကန်၏ ကုန်သွယ်ရေးလိုငွေပြမှု မြင့်မားစွာဖြင့် ဆက်လက် တည်တံ့ နေဆဲဖြစ်ပြီး ၎င်းသည် နိုင်ငံ၏ "အမျိုးသားလုံခြုံရေးနှင့် စီးပွားရေး အတွက် ပုံမှန်မဟုတ်သော အထူးခြားဆုံးခြိမ်းခြောက်မှု" အဖြစ် ရှိနေကြောင်း ဖော်ပြထားသည်။

တိုးမြှင့်စည်းကြပ်ခွန်ချမှတ်ရန် ဆိုင်းငံ့ထားသည့်ကာလကို သက်တမ်း တိုးခြင်းသည် အမေရိကန်က တရုတ်အပါအဝင် ရုရှား၏ ရေနံအဓိက ဝယ်လက်များကို အခြားအခွန်တိုးမြှင့်မှုဖြင့် ခြိမ်းခြောက်ပြီးနောက် ဖြစ်ပေါ် လာခြင်းဖြစ်သည်။ အမေရိကန်က ထိုသို့သော ကုန်သွယ်မှုများသည် ယူကရိန်းပဋိပက္ခကို ထောက်ပံ့နေသည်ဟု စွပ်စွဲခဲ့သည်။ တရုတ်ဘက်မှ အဆိုပါခြိမ်းခြောက်မှုကို လျစ်လျူရှုကာ မော်စကိုနှင့် ၎င်း၏ မိတ်ဖက် ဆက်ဆံရေးမှာ တစ်သမတ်တည်းနှင့် ရှင်းလင်းပြတ်သားမှုရှိပြီး မိမိနိုင်ငံ ၏ အကျိုးစီးပွားနှင့် အကိုက်ညီဆုံး ကုန်သွယ်မှုများ ဆောင်ရွက်ရန် အပြည့်အဝ အခွင့်အရေးရှိကြောင်း အတိအလင်း ပြောကြားခဲ့သည်။

"တရုတ်နိုင်ငံအနေဖြင့် ရုရှားအပါအဝင် အခြားနိုင်ငံများနှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဥပဒေ နှင့်အညီ တရားဝင်ဖြစ်ပါသည်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကွမ်ကျီကွန်က သောကြာနေ့ (ဩဂုတ် ၈) တွင် ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ "မိမိတို့အနေဖြင့် မိမိနိုင်ငံ၏ အကျိုးစီးပွားအပေါ် အခြေခံ၍ တရုတ်နိုင်ငံအတွက် မှန်ကန်သော စွမ်းအင် ထောက်ပံ့မှုဆိုင်ရာ အစီအမံများကို ဆက်လက်ဆောင်ရွက်သွားမည်" ဟု ၎င်းက ထပ်လောင်းဖော်ပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

US ၏ အခွန်စည်းကြပ်မှုနှင့်စပ်လျဉ်း၍ အိန္ဒိယဝန်ကြီးချုပ်က အရေးပေါ် အစည်းအဝေး ခေါ်ယူ

အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီသည် အမေရိကန်ပြည်ထောင်စုက အိန္ဒိယနိုင်ငံအပေါ် ချမှတ်လိုက်သည့် ကုန်သွယ်ခွန်များနှင့်စပ်လျဉ်း၍အရေးပေါ်အစည်းအဝေးတစ်ရပ်ကို သောကြာနေ့တွင် ခေါ်ယူမည် ဖြစ်ကြောင်း အိန္ဒိယရုပ်မြင်သံကြားက ကြေညာထားပါသည်။

အိန္ဒိယက ရုရှားထံမှ ရေနံဝယ်ယူမှုအတွက် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး တောင်အာရှနိုင်ငံများအပေါ် အများဆုံး အခွန်နှုန်း ၅၀ ရာခိုင်နှုန်းအထိ စည်းကြပ်ခဲ့သည်။ ထိုလုပ်ဆောင်ချက်မှာ မျှတမှု မရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ထား ပါသည်။ 

မိုဒီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီက ဝါရှင်တန်သို့ သွားရောက်ခဲ့စဉ်က အမေရိကန်နှင့် အရေးကြီးကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေး မှုများ ပြုလုပ်ခဲ့သည်။ ၂၀၃၀ ပြည့်နှစ်အရောက်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏကို ဒေါ်လာ ၅၀၀ ဘီလီယံအထိ နှစ်ဆတိုးမြှင့်ရန် ရည်မှန်းထားသည့် သဘောတူညီချက်အတွက် အိန္ဒိယ အရာရှိများသည် ဝါရှင်တန်သို့ မကြာခဏ သွားရောက်ဆွေးနွေးနေကြပါသည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဩဂုတ် ၂၄ ရက်တွင် ဆဋ္ဌမ အကြိမ်မြောက် ဆွေးနွေးပွဲအတွက် နယူးဒေလီသို့ ရောက်ရှိလာမည်ဟု မျှော်မှန်းထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

လူလာနှင့် မိုဒီတို့က အမေရိကန်၏ ကုန်သွယ်ခွန်မြှင့်တင်မှုများကို ပြန်လည်တုံ့ပြန်

ဘရာဇီးနှင့် အိန္ဒိယခေါင်းဆောင်များသည် အမေရိကန်၏ ကုန်သွယ်ခွန် မြှင့်တင်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဘက်ပေါင်းစုံ ပူးပေါင်း ဆောင်ရွက် မှုနှင့် တရားမျှတသော ကုန်သွယ်ရေးကို ထောက်ခံကြောင်း ဘရာဇီး အစိုးရ ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါ ဆေးလ်ဗာ သည် အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီ နှင့် ကမ္ဘာ့ စီးပွားရေးအခြေအနေနှင့် ကုန်သွယ်ရေးတင်းမာမှုများကို ဖြေရှင်းရန် ကြာသပတေးနေ့ (ဩဂုတ် ၇) တွင် တစ်နာရီကြာ ဖုန်းဆက် ပြောဆို ဆွေးနွေး ခဲ့ကြသည်။

ထုတ်ပြန်ချက်အရ ခေါင်းဆောင်နှစ်ဦးသည် ဘက်ပေါင်းစုံပူးပေါင်းမှုကို ကာကွယ်ရန်နှင့် လက်ရှိကမ္ဘာ့စိန်ခေါ်မှုများကိုရင်ဆိုင်ရန် အရေးကြီးပုံကို ထပ်လောင်းအတည်ပြုခဲ့ကြပြီး နှစ်နိုင်ငံအကြား နက်ရှိုင်းသော ပူးပေါင်း ဆောင်ရွက်မှုများလုပ်ဆောင်နိုင်ရန် ညှိနှိုင်းခဲ့ကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘရာဇီးသမ္မတဟောင်း ဂျိုင်ယာ ဘိုလ်ဆိုနာရိုအား ၂၀၂၂ ရွေးကောက်ပွဲအရေးနိမ့်ပြီးနောက် အာဏာသိမ်းရန် ကြံစည်မှုဖြင့် တရားစွဲဆိုနေသည့်ကိစ္စနှင့်ဆက်စပ်၍ ဇူလိုင် ၃၀ ရက်တွင် ဘရာဇီးကုန်ပစ္စည်းများအပေါ် ၅၀% ကုန်သွယ်ခွန် စတင်ကောက်ခံမှု နောက်ပိုင်း တိုက်ရိုက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ထရမ့်က ဘရာဇီး ကို အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် စွပ်စွဲခဲ့ပြီး ၎င်း၏နိုင်ငံရေးမူဝါဒများကို ဝေဖန်ခဲ့သည်။ ဘရာဇီးအစိုးရက ယင်းစွပ်စွဲချက်ကို ၎င်း၏ပြည်တွင်းရေးကိစ္စများတွင် တရားမဝင် ဝင်ရောက် စွက်ဖက်မှုအဖြစ် ရှုတ်ချခဲ့သည်။ တရုတ်နိုင်ငံက ဘရာဇီးကို ထောက်ခံ ခဲ့ပြီး အမေရိကန်၏ အနိုင်ကျင့်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း သဘာဝဘေးများကြောင့် ကမ္ဘာတစ်ဝန်း၌ ဒေါ်လာ ၁၃၅ ဘီလီယံဆုံးရှုံး

၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်းဖြစ်ပွားသော သဘာဝဘေးများကြောင့် ကမ္ဘာတစ်ဝန်း၌ စီးပွားရေးအရဆုံးရှုံးမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၃၅ ဘီလီယံအထိရှိကြောင်း အာမခံကုမ္ပဏီတစ်ခုဖြစ်သည့် Swiss Re ကုမ္ပဏီက ဩဂုတ်လ ၆ ရက်တွင်ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ်၏ ပထမနှစ်ဝက်အတွင်း သဘာဝဘေးများကြောင့်ဆုံးရှုံးမှုပမာဏသည် ဒေါ်လာ ၁၂၃ ဘီလီယံသာရှိသည့် အတွက် ယခုနှစ်တွင်ဆုံးရှုံးမှုပမာဏက ပိုမိုများပြားလာခြင်းဖြစ်သည်ကိုတွေ့ရှိရသည်။

ယခုနှစ်ဇန်နဝါရီလတွင် ဖြစ်ပွားသော လော့အိန်ဂျလိမြို့၌ တောမီးလောင်မှုက ဆုံးရှုံးမှုပမာဏအများဆုံးဖြစ်ပြီး အာမခံ ကုမ္ပဏီများအနေဖြင့် ဒေါ်လာဘီလီယံ ၄၀ အထိပေးလျော်ရကြောင်း Swiss Re ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ မတ်လတွင်  မြန်မာနိုင်ငံ၌ ဖြစ်ပွားသော ငလျင်လှုပ်ခတ်မှုသည်လည်း ယခုနှစ်၏ ပထမခြောက်လအတွင်း ဆုံးရှုံးမှု အများဆုံးသော သဘာဝဘေးတစ်ခုဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများကိုပင်  ရိုက်ခတ်

စေခဲ့သည့် ထိုငလျင်ကြောင့် ထိုင်းနိုင်ငံတစ်ခုတည်းမှာပင် အာမခံကုမ္ပဏီများအနေဖြင့် ဒေါ်လာ တစ်ဘီလီယံခွဲအထိ လျော်ကြေးပေးရသည်ဟု  Swiss Re ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ပုံမှန်အားဖြင့်  မြောက်အတ္တလန္တိတ် ဟာရီကိန်းရာသီဖြစ်သည့် ဒုတိယနှစ်ဝက်ကာလတွင် ဆုံးရှုံးမှုပမာဏ ပိုမိုများပြားလေ့ရှိကြောင်း  အာမခံကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။    

 Ref: AGC

MWD Web Portal

အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ကုန်သွယ်ဖက်များကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိဟု ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ပြော

အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ယင်းတို့၏ အကျိုးစီးပွားအပေါ်အခြေခံ၍ ကုန်သွယ်ရေးနှင့် စီးပွားရေးမိတ်ဖက်များကို ရွေးချယ်ခွင့်ရှိကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။

“အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်များကို အမှီအခိုကင်းစွာ ရွေးချယ်ခွင့်ရှိသလို ၎င်းတို့၏ အကျိုးစီးပွားနှင့် ကိုက်ညီသည့် ပူးပေါင်းဆောင်ရွက်မှုပုံစံတွေကိုလည်း ဆုံးဖြတ်ခွင့်ရှိပါသည်” ဟု အိန္ဒိယအပေါ် အမေရိကန်၏ စည်းကြပ်ခွန်ဆိုင်ရာ ခြိမ်းခြောက်မှုများနှင့်စပ်လျဉ်း၍ ပက်စ်ကော့ဗ်က မှတ်ချက်ပြု ခဲ့သည်။ ရုရှားနှင့် ကုန်သွယ်ရေး ဆိုင်ရာ ဆက်ဆံမှုများ ဖြတ်တောက်ရန်အတွက် ကမ္ဘာ့နိုင်ငံများအား အကျပ်ကိုင်ရန် ရည်ရွယ်သည့် ကြေညာချက်များ ထွက်ပေါ်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ခြိမ်းခြောက် ပြောဆိုမှုများမှာ တရားဝင်မှု မရှိဟုယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။

အပြည့်အစုံဖတ်ရှုရန် 
https://sacministry.gov.mm/my/subject/10879

ထရမ့်၏ ကုန်သွယ်ခွန်အသစ်အပေါ် အိန္ဒိယက တုံ့ပြန်ဝေဖန်

အိန္ဒိယက ရုရှားနှင့် ရေနံဆိုင်ရာကုန်သွယ်မှုများ ဆက်လက်ပြုလုပ်နေခြင်းကြောင့် ချမှတ်ခဲ့သော အမေရိကန်၏ အခွန်စည်းကြပ်မှုအသစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ယင်းလုပ်ရပ်အား အလွန်ဆိုးရွားသော လုပ်ဆောင်မှုအဖြစ်ရှုတ်ချကာ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် ရှေးရှုလုပ်ဆောင်မည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။

အိမ်ဖြူတော်က ဩဂုတ်လ ၆ ရက်နေ့တွင် အိန္ဒိယထုတ်ကုန်များအပေါ် ထပ်ဆောင်းအခွန် ၂၅% တိုးမြှင့်မည်ဟု ကြေညာခဲ့ပြီး ၎င်းတို့၏ အဓိက ကုန်သွယ်ဖက်နိုင်ငံအပေါ် ယခင်က စည်းကြပ်ရန်သတ်မှတ်ထားသော အခွန်ကို ၅၀% အထိ နှစ်ဆတိုးမြှင့်လိုက်သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးထားသော အမိန့်အရ အဆိုပါ အခွန်နှုန်း အသစ်များသည် ၂၁ ရက်အတွင်း (သြဂုတ်လကုန်) တွင် စတင် အသက် ဝင်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဝါရှင်တန်သည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ၏ စွမ်းအင် လုံခြုံရေးကို ထိပါးနေသည်ဟု ထောက်ပြခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူက "ရုရှားမှ ရေနံတင်သွင်းမှုများသည် ဈေးကွက် အခြေအနေအပေါ် အခြေခံပြီး အိန္ဒိယနိုင်ငံရှိ လူဦးရေ ၁.၄ ဘီလီယံ၏ စွမ်းအင်လုံခြုံရေးကို သေချာစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ထို့အပြင် ၎င်းက "အဆိုပါ လုပ်ရပ်များသည် တရားမျှတမှုမရှိပါ" ဟု ထပ်လောင်းပြောကြားခဲ့ပြီး အခြားနိုင်ငံများစွာသည်လည်း ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားနှင့်အညီ ရုရှားနှင့် ဆက်လက်ကုန်သွယ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယသည် ယခုသီတင်းပတ်အစောပိုင်းတွင် အနောက်နိုင်ငံများ၏ နှစ်ထပ်မူဝါဒများကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ဩဂုတ် ၄ ရက်နေ့က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က မော်စကိုနှင့် အိန္ဒိယ၏ ကာကွယ်ရေးနှင့် စွမ်းအင်ချိတ်ဆက်မှုများကို ဝေဖန်နေစဉ် ၎င်းတို့ကိုယ်တိုင် ရုရှားနှင့် ပိုမိုမြင့်မားသောကုန်သွယ်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း နယူးဒေလီက အတိအလင်း ဖော်ပြခဲ့သည်။ 

အမေရိကန်အရာရှိများက အိန္ဒိယ၏ မော်စကိုနှင့် နီးကပ်သော ဆက်ဆံရေး ကို ဝေဖန်ကာ မကြာသေးမီသီတင်းပတ်များအတွင်း နယူးဒေလီအပေါ် ပိုမိုတင်းမာသည့် သဘောထားရှိသည့် ဖော်ပြမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့က အိန္ဒိယနိုင်ငံအား ရုရှားဆီမှ ရေနံစိမ်းအမြောက်အမြား ဝယ်ယူခြင်းဖြင့် ယူကရိန်းနှင့် ရုရှားပဋိပက္ခကို ထိထိရောက်ရောက် ငွေကြေးထောက်ပံ့ပေးနေသည်ဟု စွပ်စွဲခဲ့သည်။

အိန္ဒိယက အဆိုပါစွပ်စွဲချက်ကို ပယ်ချခဲ့ပြီး ၎င်း၏စွမ်းအင်မူဝါဒသည် စီးပွားရေးလိုအပ်ချက်နှင့် ပြည်သူများ၏ သာယာဝပြောရေးအပေါ် အခြေခံကြောင်း ခိုင်ခိုင်မာမာ ပြောဆိုခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ယူကရိန်း ပဋိပက္ခ မြင့်တက်လာသည့်အချိန်မှစ၍ ရုရှားသည် အိန္ဒိယ၏ အဓိက ရေနံစိမ်းတင်သွင်းသူဖြစ်လာခဲ့ပြီး အိန္ဒိယသည် ယခုအခါ သန့်စင်ပြီး လောင်စာဆီများကို ဥရောပသမဂ္ဂဝယ်လက်များထံ အကြီးအကျယ် တင်ပို့လျက်ရှိသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

အမေရိကန်ပြည်ထောင်စုသည် ဗီဇာအတွက် ဒေါ်လာ ၁၅၀၀၀ အာမခံ ငွေပေးသွင်းမှုစနစ်ကို စမ်းသပ်အကောင်အထည်ဖော်မည်

အမေရိကန်ပြည်ထောင်စုသည် အချို့နိုင်ငံများမှ ခရီးသွားများအား ခရီးသွား သို့မဟုတ် စီးပွားရေးဗီဇာ (B-1/B-2) ရရှိရန် အမေရိကန် ဒေါ်လာ ၅,၀၀၀ မှ ၁၅,၀၀၀ အထိ အာမခံငွေပေးသွင်းရမည့် ရှေ့ပြေး အစီအစဉ်ကို ဩဂုတ်လ ၅ ရက်က ထုတ်ပြန်သည့် Federal Register တွင် ဖော်ပြထားမှုအရ သိရှိရသည်။

သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်မှု ကို အဓိကထားကာ နယ်စပ်လုံခြုံရေး တိုးမြှင့်ခြင်း၊ လူသားချင်းစာနာမှု အစီအစဉ်များ ဖြတ်တောက်ခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေးဆိုင်ရာ ရန်ပုံငွေသုံးဆတိုးခြင်းစသည့် လုပ်ဆောင်ချက်များ ဆောင်ရွက်ခဲ့သည်။

ယခုစမ်းသပ်အစီအစဉ်တွင် ဗီဇာသက်တမ်းကျော်နေထိုင်မှုနှုန်း မြင့်မားသော နိုင်ငံများ၊ စိစစ်ရန် အချက်အလက်အကန့်အသတ်ရှိသောနိုင်ငံများ သို့မဟုတ် နေထိုင်ခွင့်မလိုဘဲ ရင်းနှီးမြှုပ်နှံမှုဖြင့် နိုင်ငံသားဖြစ်ခွင့် ပေးသည့် နိုင်ငံများမှ စီးပွားရေး/ခရီးသွားဗီဇာ (B-1/B-2) လျှောက်ထားသူများ ပါဝင်မည်ဖြစ်ပြီး ၎င်းအစီအစဉ်ကို တစ်နှစ်ကြာ စမ်းသပ်ဆောင်ရွက်မည် ဖြစ်သည်။ ဗီဇာအတွက် ပေးသွင်းရမည့်  အာမခံငွေပမာဏကို ခရီးသွား ရည်ရွယ်ချက်၊ အလုပ်၊ ဝင်ငွေ၊ အရည်အချင်းနှင့် ပညာရေးစသည့် လျှောက်ထားသူ၏ "ကိုယ်ရေးအချက်အလက်" အပေါ် အခြေခံ၍ ဆုံးဖြတ်မည်ဖြစ်သည်။

ဒေါ်နယ်ထရမ့်၏ ယခင်ခရီးသွားတားမြစ်ပိတ်ပင်မှုစာရင်းတွင် ပါဝင်ခဲ့သည့် ချတ်ဒ်၊ အီရီထရီးယား၊ ဟေတီ၊ မြန်မာ၊ ယီမင် အပါအဝင် ဗီဇာ သက်တမ်းကျော်နှုန်းမြင့်နိုင်ငံများကို ဦးတည်နိုင်ကြောင်း ခန့်မှန်းရသည်။ ၂၀၂၃ ခုနှစ် အမေရိကန်နယ်စပ်လုံခြုံရေးအစီရင်ခံစာအရ ဗီဇာသက်တမ်းကျော် နေထိုင်သူ ငါးသိန်းကျော်ရှိပြီး မက္ကဆီကို (၄၉,၀၀၀) ၊ ကိုလံဘီယာ (၄၁,၀၀၀) ၊ဘရာဇီး၊ ဟေတီ၊ ဗင်နီဇွဲလား၊ ဒိုမီနီကန်သမ္မတနိုင်ငံ (၂၀,၀၀၀ ကျော်) တို့က ထိပ်ဆုံးတွင် ရပ်တည်နေသည်။

စီးပွားရေးပညာရှင်များက ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး တင်းကျပ်မှု များသည် စီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း သတိပေးထားသည်။ Moody's ၏ အကြီးတန်းစီးပွားရေးပညာရှင် Mark Zandi က "ရွှေ့ပြောင်း လုပ်သားနည်းပါးလာခြင်းသည် စီးပွားရေးအရွယ်အစား ကျုံ့သွားစေနိုင်ပြီး စီးပွားရေးကျဆင်းမှုကိုအစပျိုးနေသည်" ဟု ပြောကြားခဲ့သည်။