ကဏ္ဍများ

ဖိလစ်ပိုင်နှင့် အိန္ဒိယတို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် တည်ဆောက်လိုက်ပြီ ဖြစ်ကြောင်း ကြေညာ

ယမန်နေ့ သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာနှင့် အိန္ဒိယဝန်ကြီးချုပ်နာရိန်ဒရာ မိုဒီတို့ ဦးဆောင်သည့် နှစ်ဖက်ဆွေးနွေးပွဲများအပြီး “မဟာဗျူဟာမြောက်မိတ်ဖက်” အဖြစ် ထူထောင်လိုက်ကြောင်း ဖိလစ်ပိုင် နှင့် အိန္ဒိယတို့က ကြေညာလိုက်သည်ဟု ဩဂုတ်လ ၆ ရက်နေ့ The Diplomat သတင်းတွင် ဖော်ပြ ပါရှိပါသည်။

နှစ်နိုင်ငံခေါင်းဆောင်များရှေ့မှောက်တွင် ၂၀၂၉ ခုနှစ်အထိ ဆောင်ရွက်ကြမည့် မဟာဗျူဟာ မိတ်ဖက်သစ်အဖြစ် ကြေညာစာတမ်းနှင့် ဆက်စပ်ဆောင်ရွက်ရမည့် “action plan” များ အပါအဝင်  သဘောတူညီစာချုပ် ၁၃ ခုကို ချုပ်ဆိုခဲ့ကြပါသည်။

မဟာဗျူဟာမိတ်ဖက်ပြုရေး ကြေညာသည့် အချိန်အခါသည် ဖိလစ်ပိုင်နှင့် အိန္ဒိယ သံတမန် ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်မြောက်နှင့်လည်း တိုက်ဆိုင်နေပါကြောင်း “အနာဂတ် နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် နှစ်နိုင်ငံ အပြည့်အဝပူးပေါင်း ဆောင်ရွက်မည့် ရှေ့ အလားအလာအတွက် စာမျက်နှာသစ် ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါသည်။” ဟု ထုတ်ပြန်ပါသည်။ချမှတ်ထားသည့် ပန်းတိုင်များတွင်  ရေရှည်တည်တံ့ခိုင်မြဲစေမည့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများမှသည် ကုန်သွယ်ရေး၊ ကူးလူးဆက်ဆံရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံရေးစသည့် နယ်ပယ်အသီးသီးအထိ ပါဝင်ပါသည်။

ပူးတွဲသတင်းစာရှင်းလင်းပွဲတွင်“ယနေ့အခါသမယသည် မိမိတို့၏ ဆက်ဆံရေး ခေတ်သစ်သို့ ဝင်ရောက်လာခြင်းဖြစ်ပါသည်” “အိန္ဒိယသည် ဖိလစ်ပိုင်နိုင်ငံ၏ ပဉ္စမမြောက် မဟာဗျူဟာ မိတ်ဖက် ဖြစ်လာပါပြီ”ဟု နယူးဒေလီရှိ Hyderabad House၌ မားကို့စ်က ပြောကြားပါသည်။ 

ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် ပင်လယ်ရေကြောင်း ပိုင်နက်နယ်မြေတွင် ပူးပေါင်း ဆောင်ရွက်ခြင်း၊  တောင်တရုတ်ပင်လယ်အတွင်း ကျူးကျော် ရန်စမှုများအပေါ် မျှဝေ ခံစားပေးခြင်း သည် အဓိကကျသော မဟာဗျူဟာမိတ်ဖက်ဖြစ်ပါသည်။ ယခုရက်သတ္တပတ် အစောပိုင်း အိန္ဒိယနှင့် ဖိလစ်ပိုင်တို့အကြား တောင်တရုတ် ပင်လယ်အတွင်း ပထမအကြိမ် ရေတပ်ပူးတွဲလေ့ကျင့်မှု ပြုလုပ် ခဲ့ပါသည်။  နှစ်ရက်ကြာ လေ့ကျင့်မှုကို ဖိလစ်ပိုင် ကမ်းရိုးတန်း အနောက်ဖက်တွင် ကျင်းပခဲ့ရာ “နည်းဗျူဟာဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပူးတွဲလေ့ကျင့်မှုဖြင့် ရေကြောင်းစွမ်းရည်ကို အားကောင်း စေရန် ရည်ရွယ်သည့် အဆင့်မြင့် ရေတပ်စစ်ဆင်ရေးအတွဲလိုက် ဘက်စုံလေ့ကျင့်ခဲ့ပါကြောင်း”ဖိလစ်ပိုင် တပ်မတော်က ထုတ်ပြန်ပါသည်။

အိန္ဒိယနိုင်ငံ၏ “Act East Policy” နှင့် “Mahagasar” ရည်မှန်းချက်တို့အရ ဖိလစ်ပိုင်နိုင်ငံသည် အရေးပါသော မိတ်ဖက်တစ်နိုင်ငံဖြစ်ရာ၊ အရှေ့တောင်အာရှနှင့် ခိုင်မာသည့်ဆက်ဆံရေး ထူထောင်ရာ လည်းကောင်း၊ ဒေသတွင်း တည်ငြိမ်ရေးကို တည်ဆောက်ရာတွင် လည်းကောင်း အရေးပါသည့် နိုင်ငံတစ်နိုင်ဖြစ်ပါကြောင်း သတင်းစာရှင်းလင်းပွဲတွင် မိုဒီက ပြောကြားလိုက်ပါသည်။ 

“အားကောင်းခိုင်မာသည့် စစ်ဖက်ဆက်ဆံရေးသည် နက်ရှိုင်းသော အပြန်အလှန် ယုံကြည်မှု၏ သင်္ကေတဖြစ်ပါကြောင်း၊ ပင်လယ်သမုဒ္ဒရာနှင့် ဆက်စပ်သောနိုင်ငံများ၊ နှစ်နိုင်ငံရေကြောင်း ပူးပေါင်း ဆောင်ရွက်ရေးသည် နှစ်ဖက်လုံးအတွက် သဘာဝကျပြီး အရေးပါပါကြောင်း” နယူးဒေလီမြို့ Hyderabad Houseတွင် မားကို့စ်နှင့်တွေ့ဆုံအပြီး သတင်းထောက်များကို ပြောကြားလိုက်ပါသည်။ အိန္ဒိယခေါင်းဆောင်က ၎င်း၏နိုင်ငံသည် “အင်ဒို-ပစိဖိတ် ဒေသအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ သာယာဝပြောရေးနှင့် တရားဥပဒေကို အခြေခံလုပ်ဆောင်ပါကြောင်း”နှင့် “နိုင်ငံတကာ ဥပဒေ များနှင့်အညီ ပင်လယ်ရေကြောင်း လွတ်လပ်စွာသွားလာခြင်းကို အားပေးထောက်ခံပါကြောင်း” ပြောကြားပါသည်။ ယမန်နေ့ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် အိန္ဒိယသည် ဖိလစ်ပိုင်နိုင်ငံ၏ ရေငုတ်သင်္ဘော အခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ ကြကြောင်း  အိန္ဒိယပြည်ပရေးရာဝန်ကြီး ဌာနက ပြောကြားပါသည်။ 

ကိုးကား- The Diplomat

ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ၊ ဝန်ကြီးဌာန (၂)

တရုတ်-ရုရှား “ပင်လယ်ပြင် ပူးတွဲလေ့ကျင့်ရေး-၂၀၂၅” ပူးတွဲလေ့ကျင့်မှု ပင်လယ်ပြင်လေ့ကျင့်ရေး အဆင့် ရောက်ရှိ

တရုတ်-ရုရှား “ပင်လယ်ပြင် ပူးတွဲလေ့ကျင့်ရေး-၂၀၂၅” ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဩဂုတ် ၃ ရက်မှ စ၍ ပင်လယ်ပြင်လေ့ကျင့်ရေးအဆင့်ရောက်ရှိခဲ့ရာ လေ့ကျင့်ရေးတွင် ပါဝင်သည့် နှစ်ဖက်ရေယာဉ် များက ရုရှားနိုင်ငံ ဗလာဒီဗော့စ်တော့ခ်မြို့ရှိ စစ်ဘက်ဆိပ်ကမ်းမှ ကြိုတင်သတ်မှတ်ထားသည့် ပင်လယ်ပြင်ဧရိယာသို့ ကဏ္ဍအလိုက် လေ့ကျင့်မှုများ လုပ်ဆောင်ရန် စတင်ထွက်ခွာခဲ့သည်။

ဒေသစံတော်ချိန် ဩဂုတ် ၃ ရက် နံနက် ၅ နာရီခန့်တွင် လေ့ကျင့်မှုတွင်ပါဝင်သော တရုတ်-ရုရှား ရေယာဉ်များသည် အစဉ်အလိုက် ဆိပ်ကမ်းမှ မောင်းနှင်ထွက်ခွာခဲ့ကြသည်။ ဆိပ်ကမ်းမှ ထွက်ခွာ ပြီးနောက် နှစ်ဖက်အနေဖြင့် တရုတ်-ရုရှား ရေယာဉ် ရောနှောစီစဉ်ထားသည့် အစီအစဉ်များအရ အုပ်စုဖွဲ့ကာ မစ်ရှင်ထမ်းဆောင်မည့် ပင်လယ်ပြင်ဧရိယာသို့ မောင်းနှင်ကာ နှစ်ဖက်ရေယာဉ်များသည် ဆက်သွယ်ရေးကွင်းဆက်လမ်းကြောင်းတည်ဆောက်ပြီး ပင်လယ်ပြင် မိုးလေဝသနှင့် ဇလဗေဒ၊ ပင်လယ်ပြင်နှင့် လေကြောင်းဆိုင်ရာ အခြေအနေ စသည့်သတင်းအချက်အလက်များကို အပြန်အလှန် သတင်းပို့ခဲ့ကြောင်း သိရသည်။

လေ့ကျင့်ရေးအစီအစဉ်များအရ တရုတ်-ရုရှား ပင်လယ်ပြင် ရေယာဉ်အဖွဲ့သည် ရေငုပ်ကူညီ ကယ်ဆယ်ရေး၊ ရေငုပ်သင်္ဘောပူးတွဲတိုက်ဖျက်ရေး၊ လေကြောင်းရန်ကာကွယ်ရေးနှင့် ဒုံးကျည် ကာကွယ်ရေး၊ ရေတပ်စစ်ဆင်ရေး စသည့်အခန်းကဏ္ဍများအပါအဝင် လက်နက်လက်တွေ့အသုံးချမှု လေ့ကျင့်ရေးများကို သုံးရက်ကြာ ပင်လယ်ပြင်လေ့ကျင့်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား-  Xinhua

ထိုင်းနိုင်ငံက ကုလသမဂ္ဂသို့ စာတစ်စောင်ပေးပို့ခဲ့ပြီး ကမ္ဘောဒီးယား နိုင်ငံ အား အရပ်သားများကို တိုက်ခိုက်မှုဖြင့် စွပ်စွဲ

ထိုင်းအစိုးရက ကုလသမဂ္ဂသို့ စာတစ်စောင် ပေးပို့ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအား နယ်စပ် တစ်လျှောက်ရှိ ပြည်နယ်လေးခုတွင် အရပ်သားများကို တိုက်ခိုက်မှုဖြင့် စွပ်စွဲခဲ့သည်။ ထိုတိုက်ခိုက်မှု များကြောင့် လူအများအပြား သေဆုံးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

"ဇူလိုင် ၂၄ ရက် နံနက် ၈:၂၀ တွင် ကမ္ဘောဒီးယား စစ်တပ်က ထိုင်းစစ်စခန်းတစ်ခုဖြစ်သော Ta Moan Thom ဒေသကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုင်းစစ်သား နှစ်ဦးကျဆုံးခဲ့ရသည်။ ကမ္ဘောဒီးယားက စစ်ဆင်ရေး ကို တိုးမြှင့်ကာ Buriram ၊ Surin ၊ Sisaket နှင့် Ubon Ratchathani စသော ပြည်နယ်လေးခုရှိ အရပ်ဘက်နေရာများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်" ဟု ဇူလိုင် ၂၅ ရက်တွင် ကုလသမဂ္ဂသို့ပေးပို့ခဲ့ သော ထိုင်းအစိုးရ၏ စာတွင် ဖော်ပြထားသည်။

ထိုင်း၏စာတွင် ကမ္ဘောဒီးယား၏ စစ်ဆင်ရေးကြောင့် အရပ်သား ၁၁ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရခဲ့ကာ ၎င်းတို့အနက် ၈ ဦးမှာ အခြေအနေဆိုးရွားသည်ဟု ဆိုသည်။ ထို့အပြင် လူပေါင်း ၁၀၂,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ထိုင်းအာဏာပိုင်များက ကမ္ဘောဒီးယားအား "ဆေးရုံများ၊ ဒဏ်ရာရသူများနှင့် နာမကျန်းသူများအား ကာကွယ်ပေးရန် ပြဋ္ဌာန်းထားသော ၁၉၄၉ ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်ကာ အရပ်သားများ၊ ဆေးရုံများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခဲ့သည်ဟု" စွပ်စွဲခဲ့သည်။ 

ထိုင်းဘက်မှ ကမ္ဘောဒီးယားအား PMN-2 လူသတ်မိုင်းများ ပိုင်ဆိုင်မှုဖြင့်လည်း စွပ်စွဲခဲ့ပြီး "ယင်းလက်နက်များကို တားမြစ်ထားသော အော့တဝါကွန်ဗန်းရှင်းပါ တာဝန်ချိုးဖောက်မှု" ဖြစ်သည်ဟု ဆိုကာ နယ်စပ်စောင့်ကြပ်စဉ် ထိုင်းစစ်သားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဘန်ကောက်က ၂၀၀၃ ခုနှစ်တွင် ၎င်းတို့၏ လူသတ်မိုင်းအားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး ကုလသမဂ္ဂသို့ အစီရင်ခံခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုင်းဘက်မှ များစွာထိန်းချုပ်ကာဆောင်ရွက်ခဲ့ကြောင်းဖော်ပြခဲ့ပြီး ၎င်းတို့၏ စစ်ဆင်ရေးများကို "ကမ္ဘောဒီးယားစစ်တပ်မှ ခြိမ်းခြောက်မှုကို ကာကွယ်ရန် တရားဝင်ကာကွယ်ရေးအဖြစ် ကန့်သတ် ထားသော ပစ်မှတ်ထားတိုက်ခိုက်မှုများ" အဖြစ် ရှင်းပြခဲ့သည်။

"အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် မိမိတို့၏ ပြတ်သားသော ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါသည်။ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများကို ဖြေရှင်းရာတွင် အားသုံးမှုကို အတိအလင်းပယ်ချပြီး ကမ္ဘောဒီးယားအား ရန်လိုသော လုပ်ရပ်များကို ရပ်တန့်ကာ စေ့စပ်ညှိနှိုင်း မှုများဆီသို့ သစ္စာရှိစွာ ပြန်လည်ရောက်ရှိရန် တိုက်တွန်းပါသည်" ဟု စာတွင် ဖော်ပြထားသည်။

ထိုင်းက ကျန်ရှိနေသော နယ်နိမိတ်အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရေး စက်တင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် နှစ်နိုင်ငံပူးပေါင်းနယ်စပ်ကော်မတီကဲ့သို့သော နှစ်ဘက်ညှိနှိုင်းရေးယန္တရားများတွင် ပါဝင်ရန် အဆင်သင့်ဖြစ်နေကြောင်း အတည်ပြုခဲ့သည်။

ကမ္ဘောဒီးယားဘက်မှ ထိုင်း၏စာကို မှတ်ချက်တစ်စုံတစ်ရာမပြုသေးပေ။ သို့သော် ကမ္ဘောဒီးယား မီဒီယာများက ထိုင်းဘက်မှ F-16 တိုက်လေယာဉ်များဖြင့် အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ သည်ဟု စွပ်စွဲခဲ့သည်။ ဘန်ကောက်က ယင်းစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး စစ်ရေးပစ်မှတ်များကိုသာ တိုက်ခိုက်ခဲ့ကြောင်း ခိုင်ခိုင်မာမာ ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား၏ ဝန်ကြီးချုပ် ဟွန်မာနက်က နယ်စပ်တိုက်ပွဲများ စတင်ပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ စာတစ်စောင်ပေးပို့ကာ အရေးပေါ်အစည်းအဝေးတစ်ခုကျင်းပရန် တောင်းဆိုခဲ့သည်။ ဟွန်မာနက်က ထိုင်းဘက်မှ ကမ္ဘောဒီးယား၏ နယ်မြေများစွာကို လက်နက် ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီး နိုင်ငံ၏တပ်မတော်မှ "အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရန် မိမိကိုယ်ကို ခုခံကာကွယ်ခဲ့သည်" ဟု ပြောကြားခဲ့သည်။ 

ဟွန်မာနက်က ထိုင်းနိုင်ငံအား ရန်လိုသော လုပ်ရပ်အားလုံးကို ချက်ချင်းရပ်တန့်ပြီး တပ်ဖွဲ့များကို ရုပ်သိမ်းကာ နောက်ထပ်မည်သည့်အရှိန်မြှင့်တင်သည့်လုပ်ရပ်ကိုမဆို ရှောင်ကြဉ်ရန် တောင်းဆိုခဲ့ပြီး ထိုင်းမှ "မကြာသေးမီက မိုင်းပေါက်ကွဲမှုနှင့်သက်ဆိုင်သော အခြေအမြစ်မရှိသည့်စွပ်စွဲချက်များကို မှန်ကန်ကြောင်းသက်သေပြရန်" "မြေပုံကို တစ်ဖက်သတ်ပြန်ဆွဲခဲ့သည်" ဟု ပြောကြားခဲ့သည်။

AFP ၏သတင်းအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဇူလိုင် ၂၅ ရက် ညနေပိုင်းတွင် အရေးပေါ် အစည်းအဝေးတစ်ခု ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပွဲကို တံခါးပိတ်ပုံစံဖြင့် ကျင်းပကာ ကမ္ဘောဒီးယား- ထိုင်းနယ်စပ်တွင် ဖြစ်ပွားနေဆဲတိုက်ပွဲများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရ သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့ရှိ သမ္မတအိမ်တော်နှင့် စစ်ဌာနချုပ်တို့အား အစ္စရေး တိုက်ခိုက်

အစ္စရေး စစ်လေယာဉ်များက ဆီးရီးယားနိုင်ငံ တောင်ပိုင်းတွင် ဇူလိုင် ၁၆ ရက်က လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ဒမတ်စကပ် မြို့လယ်ရှိ ဆီးရီးယားစစ်တပ်၏ တပ်ပေါင်းစုကွပ်ကဲရေးဌာနချုပ်နှင့် သမ္မတအိမ်တော်တို့အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒမတ်စကပ် မြို့လယ်အား ပစ်မှတ်ထား၍ အနည်းဆုံး သီးခြားလေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ရာ ထိုတိုက်ခိုက်မှုများအတွင်း အရပ်သားတစ်ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆီးရီးယား ကျန်းမာရေးဌာနတာဝန်ရှိသူများက ဆိုသည်။ ဆီးရီးယားစစ်တပ်၏ ပင်မကွပ်ကဲရေးဌာနချုပ် အဆောက်အအုံတည်ရှိရာ အူမေယက်ဒ်ရင်ပြင်မှ မီးခို

အစ္စရေး စစ်လေယာဉ်များက ဆီးရီးယားနိုင်ငံ တောင်ပိုင်းတွင် ဇူလိုင် ၁၆ ရက်က လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ဒမတ်စကပ် မြို့လယ်ရှိ ဆီးရီးယားစစ်တပ်၏ တပ်ပေါင်းစုကွပ်ကဲရေးဌာနချုပ်နှင့် သမ္မတအိမ်တော်တို့အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒမတ်စကပ် မြို့လယ်အား ပစ်မှတ်ထား၍ အနည်းဆုံး သီးခြားလေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ရာ ထိုတိုက်ခိုက်မှုများအတွင်း အရပ်သားတစ်ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆီးရီးယား ကျန်းမာရေးဌာနတာဝန်ရှိသူများက ဆိုသည်။ ဆီးရီးယားစစ်တပ်၏ ပင်မကွပ်ကဲရေးဌာနချုပ် အဆောက်အအုံတည်ရှိရာ အူမေယက်ဒ်ရင်ပြင်မှ မီးခိုးလုံးများ တက်လာသည့် ဗီဒီယိုမှတ်တမ်းကို ပြည်တွင်းရုပ်သံတစ်ခုက ထုတ်လွှင့်ပြသခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် ကွပ်ကဲရေးဌာနချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံ တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးခဲ့ကာ နောက်ဆက်တွဲ တိုက်ခိုက်မှုများကြောင့်လည်း အယ်လ်-မာလ်ကီ လူကုံထံရပ်ကွက်နှင့် သမ္မတအိမ်တော်အနီးရှိ အဆောက်အအုံများကို ထိမှန်ခဲ့သည်ဟုဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဆိုသည်။ ယင်းအဆောက်အအုံများတွင်ရှိသော အဆင့်မြင့် အစိုးရအရာရှိများ၏ အခြေအနေကိုမူ လတ်တလော မသိရှိရသေးပေ။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထိုစစ်ဆင်ရေးအား အတည်ပြုခဲ့ပြီး ဆီးရီးယားစစ်တပ်၏ တပ်မှူးများအနေဖြင့် ဒမတ်စကပ်မြို့ရှိ စစ်ဌာနချုပ်မှ ဆွီဒါဒေသသို့ တပ်များစေလွှတ်ခြင်း၊ စစ်ဆင်ရေး များ ကွပ်ကဲခြင်းတို့ကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒမတ်စကပ်မြို့ရှိ ဆီးရီးယားအစိုးရ၏ သမ္မတအိမ်တော်တည်ရှိရာ နေရာရှိ စစ်ရေးပစ်မှတ်တစ်ခု ကိုလည်း တိုက်ခိုက်ခဲ့သည်ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြ ထားသည်။
အစ္စရေးအနေဖြင့် ဆီးရီးယားနိုင်ငံတောင်ပိုင်း ဆွီဒါပြည်နယ်တွင် အစိုးရစစ်တပ် ယာဉ်တန်းများနှင့် တပ်စွဲထားသော နေရာများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အယ်လ်-မာဂျီမာဒေသတွင် အကြီးတန်းအရာရှိ သုံးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့၏အဆိုအရ သိရသည်။ ယင်းဒေသ၌ အစောပိုင်းက ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း ခုနစ်ဦးထက်မနည်း သေဆုံးခဲ့သဖြင့် စုစုပေါင်း ဆီးရီးယားတပ်ဖွဲ့ဝင် ၁၀ ဦးအထိ သေဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၆ ရက်နှောင်းပိုင်းက ပြုလုပ်ခဲ့သည့် နောက်ထပ် လေကြောင်းတိုက်ခိုက်မှုများအတွင်း အုပ်ချုပ်ရေးမှူးအိမ်တော်၊ စစ်ဘက်ထောက်လှမ်းရေးဌာနခွဲနှင့် နိုင်ငံသားမှတ်တမ်းရုံး အပါအဝင် ဒါရာမြို့နှင့် အနီးဝန်းကျင်ရှိ နေရာအများအပြားကို တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က ဆိုသည်။

အစ္စရေး ဂျက်တိုက်လေယာဉ်များက ဒမတ်စကပ်မြို့ ကျေးလက်ဒေသဖြစ်သော အယ်လ်-ကီဆဝါမြို့ ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လတ်တလောတွင်မူ လူအသေအပျောက် ဖြစ်ပွားခဲ့သည့် သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးပေ။

ဆီးရီးယားနိုင်ငံရှိ ဒရုစ်ဇ် အသိုင်းအဝိုင်း၏ ဗဟိုချက်ဖြစ်သော ဆွီဒါပြည်နယ်တွင် ဆီးရီးယားအစိုးရ တပ်များနှင့် ဒရုစ်ဇ်လက်နက်ကိုင်အဖွဲ့များကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့ပြီးနောက် အစ္စရေး၏ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဒေသ၌ ဇူလိုင် ၁၃ ရက်မှစ၍ လူပေါင်း ၂၄၈ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်ဟု စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။ 

ဒရုစ်ဇ် အသိုင်းအဝိုင်းမှာ အစ္စလာမ်ဘာသာမှ အခြေတည်ပေါ်ထွန်းလာသည့် ဘာသာအယူဝါဒနှင့် လူမျိုးစုအရ လူနည်းစုအသိုင်းအဝိုင်းဖြစ်ကာ ဆီးရီးယား၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် အဓိက နေထိုင်ပြီး ဂျော်ဒန်နှင့် အခြားနေရာများတွင်လည်း အနည်းငယ်စီ နေထိုင်လျက်ရှိကြောင်း သိရသည်။

အစ္စရေးအနေဖြင့် ဒရုစ်ဇ်လူနည်းစုများအား ရန်ပြုတိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန် ရည်ရွယ်လျက် ဒမတ်စကပ်မြို့နှင့် ဆွီဒါပြည်နယ်တို့ကို တိုက်ခိုက်မှုအများအပြား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ကိုးကား- ဆင်ဟွာ

အမေရိကန်လေတပ်က အီရန်ရှိ နျူကလီးယားစက်ရုံတည်ရှိရာ နေရာ သုံးနေရာကို အောင်မြင်စွာ တိုက်ခိုက်ခဲ့ကြောင်း ဒေါ်နယ်ထရမ့် ကြေညာ

အမေရိကန်လေတပ်သည် အီရန်၏ နျူကလီးယားစက်ရုံသုံးခုကို ဇွန် ၂၂ ရက် (တနင်္ဂနွေနေ့) နံနက်အစောပိုင်းတွင် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး ယင်းလေယာဉ်အားလုံး အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Truth Social တွင် ရေးသားခဲ့သည်။ 

ထို့ပြင် “အီရန်ရှိ နျူကလီးယား စက်ရုံသုံးခုဖြစ်သည့် Fordow၊ Natanz နှင့် Esfahan တို့ကို အောင်မြင်စွာ တိုက်ခိုက်ခဲ့ပြီး ယခုအခါ လေယာဉ် အားလုံးဘေးကင်းစွာဖြင့် အိမ်ပြန်လမ်းတွင် ရောက်ရှိနေပါပြီ” ဟု ထရမ့် က ဖြည့်စွက်ပြောကြားခဲ့သည်။ 

အဆိုပါတိုက်ခိုက်မှုတွင် ပစိဖိတ်ဒေသရှိ အမေရိကန်ပြည်ထောင်စုပိုင် ဂူအမ်ကျွန်းသို့ ပြောင်းရွှေ့ထား‌သော B-2 ဗုံးကြဲလေယာဉ်များလည်း ပါဝင်ကြောင်း၊ အဆိုပါလေယာဉ်များသည် GBU-57 ဘန်ကာ-ဘာစတာ ဗုံးများကို သယ်ဆောင်နိုင်စွမ်းရှိပြီး ယင်းဘန်ကာ-ဘာစတာဗုံးများသည် မြေအောက်တွင် အခိုင်အမာ တည်ဆောက်ထားသော ပစ်မှတ်များကို ထိုးဖောက်တိုက်ခိုက်နိုင်ရန် အထူးတီထွင်ထားခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။

အဆိုပါဗုံးအမျိုးအစားကို အီရန်မြေမျက်နှာပြင်အောက် မီတာ ၉၀ ခန့် အနက်တွင် နက်ရှိုင်းစွာ တည်ဆောက်ထားသည့် Fordow နျူကလီးယား စက်ရုံကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။

ကိုးကား -TASS

ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

ကမ္ဘာကြီးသည် နျူအင်အားကြီး နိုင်ငံများလက်နက်အပြိုင်အဆိုင်တိုးချဲ့သော ခေတ်သစ်ကို‌ရောက်လာ

ကမ္ဘာ့နျူကလီးယားလက်နက်ပိုင် နိုင်ငံများသည် ၎င်းတို့၏ အဏုမြူလက်နက်အရေအတွက်ကို တိုးမြှင့်နေကာ လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်များမှ သွေဖယ်ပြီး စစ်အေးခေတ်နောက်ပိုင်း လက်နက်သိုလှောင်မှုကို ဆယ်စုနှစ်များစွာ လျှော့ချလာခဲ့ခြင်းကိုအဆုံးသတ်စေမည့် ခြိမ်းခြောက်မှုခေတ်သစ်ကို ဖန်တီးနေသည်ဟု ညဏ်ကြီးရှင်အဖွဲ့တစ်ခုက တနင်္လာနေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

၂၀၂၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ခန့်မှန်းခြေ နျူကလီးယားထိပ်ဖူးသိုလှောင်ထားရှိမှုသည် ၁၂,၂၄၁ ခုရှိပြီး ထိပ်ဖူး ၉,၆၁၄ ခုခန့်သည် အသုံးပြုရန်အလားအလာရှိသော စစ်ဖက်လက်နက်တိုက်များတွင်ရှိနေကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျူ့က ၎င်း၏ ကမ္ဘာ့အန္တရာယ်အများဆုံး လက်နက်များဆိုင်ရာ နှစ်စဉ်စာရင်း အနှစ်ချုပ်စာအုပ်တွင် ဖော်ပြခဲ့သည်။

တပ်ဖြန့်ထားသော ထိပ်ဖူး ၂,၁၀၀ ဝန်းကျင်သည် ပဲ့ထိန်းဒုံးကျည်များတွင် စစ်ဆင်ရေးဆိုင်ရာ တပ်လှန့်မှုမြင့်မားသော အခြေအနေတွင်ထားရှိထားပြီး ၎င်းထိပ်ဖူးအားလုံးနီးပါးသည် အမေရိကနှင့် ရုရှားတို့မှဖြစ်သည်ဟု ဆိုသည်။

ကမ္ဘာတစ်ဝန်း တင်းမာမှုများသည် နျူကလီးယားလက်နက်ပိုင် ၉ နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုရီးယားနှင့် အစ္စရေးတို့တွင် တွေ့မြင်နေရပြီး ၎င်းနိုင်ငံများသည် ၎င်းတို့၏ လက်နက်သိုလှောင်မှုကို တိုးမြှင့်ရန် စီစဉ်နေကြကြောင်း SIPRI က ဆိုသည်။

“စစ်အေးတိုက်ပွဲပြီးကတည်းက ကြာမြင့်လှပြီဖြစ်တဲ့ ကမ္ဘာမှာ နျူကလီးယားလက်နက်အရေအတွက် လျှော့ချရေးခေတ်က ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ အဲဒီအစား နျူကလီးယားထိပ်ဖူးတွေ တိုးပွားလာမှု၊ နျူကလီးယားခြိမ်းခြောက်သံတွေပေးလာမှုနဲ့ လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်တွေကို စွန့်လွှတ်လာမှုရဲ့ ရှင်းလင်းသောလမ်းကြောင်းကို ကျွန်တော်တို့ မြင်တွေ့လာရပါတယ်” ဟု SIPRI က ပြောဆိုသည်။

နျူကလီးယားလက်နက်အားလုံး၏ ၉၀ ရာခိုင်နှုန်းကို ခွဲဝေပိုင်ဆိုင်ထားသည့် ရုရှားနှင့် အမေရိကတို့သည် ၎င်းတို့၏ သက်ဆိုင်ရာ အသုံးပြုနိုင်သော ထိပ်ဖူးများ၏ ပမာဏကို ၂၀၂၄ ခုနှစ်တွင် တည်ငြိမ်အောင်ထိန်းထားနိုင်ခဲ့သည်ဟု SIPRI က ဆိုသည်။ သို့ရာတွင် အဆိုပါနှစ်နိုင်ငံသည် အနာဂတ်တွင် ၎င်းတို့ လက်နက်များ၏ ပမာဏကို တိုးလာစေမည့် ကျယ်ပြန့်သော ခေတ်မီပရိုဂရမ်များကို အကောင်အထည်ဖော်နေကြသည်။

အလျင်အမြန်တိုးလာနေသော လက်နက်တိုက်မှာ တရုတ်နိုင်ငံမှဖြစ်ပြီး ပေကျင်းသည် ၂၀၂၃ ခုနှစ်စ၍ တစ်နှစ်လျှင် ထိပ်ဖူးသစ် ၁၀၀ ခန့် ဖြည့်စွက်လျက်ရှိသည်။ တရုတ်နိုင်ငံသည် ဆယ်စုနှစ်အတွင်း ရုရှား သို့မဟုတ် အမေရိကကဲ့သို့ တိုက်ချင်းပစ်ဒုံးကျည်အမြောက်အမြားကို ပိုင်ဆိုင်လာနိုင်ခြေရှိသည်။

ခန့်မှန်းမှုများအရ ရုရှားနှင့် အမေရိကတို့သည် နျူကလီးယားထိပ်ဖူး ၅,၄၅၉ ခုနှင့် ၅,၁၇၇ ခုဖြင့် အသီးသီး ပိုင်ဆိုင်ထားကြပြီး တရုတ်နိုင်ငံက ထိပ်ဖူး ၆၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။

ကိုးကား : Popular Myanmar

အစ္စရေးစစ်ဘက်က အီရန်နျူကလီးယား အခြေစိုက်စခန်းများနှင့် စစ်ဘက်ထိပ်တန်း ခေါင်းဆောင်များအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း

အစ္စရေးစစ်ဘက်သည် အီရန်နိုင်ငံ၏ နျူကလီးယားအခြေစိုက်စခန်းများနှင့် စစ်ဘက် ထိပ်တန်းခေါင်းဆောင်များ တည်ရှိရာနေရာများအား ပစ်မှတ်ထား တိုက်ခိုက်မှုကို စတင် လုပ်ဆောင် လာခဲ့ပါသည်။ အစ္စရေးက အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှု အသစ်တစ်ခု စတင်ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် ထိုညမှာပင် နျူကလီးယားစမ်းသပ်ရေးစခန်းများနှင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပါသည်။ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် အီရန်ရှိ ဒုံးကျည်ပစ်လွှတ်စင်များနှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံများကို ဆက်လက် တိုက်ခိုက်လျက်ရှိကြောင်း အစ္စရေးလေတပ်က ထုတ်ဖော်ပြောကြားခဲ့သည်။ အီရန်

အစ္စရေးစစ်ဘက်သည် အီရန်နိုင်ငံ၏ နျူကလီးယားအခြေစိုက်စခန်းများနှင့် စစ်ဘက် ထိပ်တန်းခေါင်းဆောင်များ တည်ရှိရာနေရာများအား ပစ်မှတ်ထား တိုက်ခိုက်မှုကို စတင် လုပ်ဆောင် လာခဲ့ပါသည်။ အစ္စရေးက အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှု အသစ်တစ်ခု စတင်ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် ထိုညမှာပင် နျူကလီးယားစမ်းသပ်ရေးစခန်းများနှင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပါသည်။ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် အီရန်ရှိ ဒုံးကျည်ပစ်လွှတ်စင်များနှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံများကို ဆက်လက် တိုက်ခိုက်လျက်ရှိကြောင်း အစ္စရေးလေတပ်က ထုတ်ဖော်ပြောကြားခဲ့သည်။ အီရန်၏ မြို့တော် တီဟီရန်အနီးတွင် ဇွန်လ ၁၃ ရက် ညနေပိုင်းတွင် အနည်းဆုံး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဘီဘီစီသတင်းဌာနက အတည်ပြုထုတ်ပြန်ခဲ့သော်လည်း အီရန်ဘက် မည်သည့်မှတ်ချက်မျှ ထုတ်ပြန်ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် အီရန်အတွက် အဓိကအားထားရသည့် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ စစ်ဘက်အကြီးအကဲတစ်ဦးဖြစ်သည့် Hossein Salami အပါအဝင် အဆင့်မြင့် အရာရှိကြီးများနှင့် နျူကလီးယား သိပ္ပံပညာရှင်များစွာကို ထိခိုက်သေဆုံးစေခဲ့သည်ဟု အီရန် သတင်းရင်းမြစ်များကို ကိုးကား၍ ဘီဘီစီ က ဖော်ပြခဲ့ပါသည်။ ၎င်းဖြစ်စဉ်အတွင်း ကလေး သူငယ်များ အပါအဝင် အရပ်သားများ သေဆုံးခဲ့ကြရကြောင်း အီရန်အစိုးရဘက်က သတင်း ထုတ်ပြန်ခဲ့သည်။ တီဟီရန်ရှိ လူနေရပ်ကွက်များ ထိခိုက်ပျက်ဆီးခဲ့ပြီး မြို့တော်၏ အရှေ့ မြောက်ပိုင်းတွင်လည်း ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်း တွင် ဖော်ပြခဲ့ပါသည်။

အလားတူ အီရန်ဘက်က ထိုနေ့ နံနက်ပိုင်းတွင် အစ္စရေးဘက်သို့ ဒရုန်း ၁၀၀ ခန့် ပစ်လွှတ် ခဲ့ရာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ကြားဖြတ်ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ လတ်တလော တွင် အစ္စရေး၌ အရေးပေါ်အခြေအနေ ကြေညာထားပြီး နိုင်ငံတစ်ဝှမ်းရှိ ဒေသခံများအား “အကာ အကွယ်ရှိသော နေရာများအတွင်း၌ နေထိုင်ရန်” အစ္စရေးစစ်ဘက်က ထုတ်ဖော်ကြေညာခဲ့ပါ သည်။ 

IAEA အကြီးအကဲ Rafael Grossi က နျူကလီးယားအဆောက်အအုံများကို “ဘယ်တော့မှ တိုက်ခိုက်ခြင်းမပြုရ” ဟု ပြောကြားခဲ့ပြီး ယင်းကဲ့သို့သော တိုက်ခိုက်မှုများသည် “နျူကလီးယား ဘေးကင်းလုံခြုံရေးအပြင် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် သိသိ သာသာ သက်ရောက်မှုရှိသည်” ဟု ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းက “နျူကလီးယား အဆောက်အအုံများ၏ ဘေးကင်းလုံခြုံမှုကို ထိခိုက်စေနိုင်သည့် မည်သည့်စစ်ရေးလှုပ်ရှားမှုမျိုးကို မဆို လက်မခံကြောင်း၊ အဆိုပါတိုက်ခိုက်မှု၏ အကျိုးဆက်ကို အီရန်ပြည်သူများအပြင် အခြား သော ဒေသရှိ ပြည်သူများသို့ ဆိုးဝါးသော အကျိုးသက်ရောက်မှု များ ရှိစေသည်” ဟု ပြောကြား ခဲ့သည်။ 

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က ယခုစစ်ဆင်ရေးကို “Operation Rising Lion” ဟု အမည်ပေးထားကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုသည် “အစ္စရေး၏ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်လာသည့် အီရန်၏အန္တရာယ်ကို တွန်းလှန်ရန် ဤစစ်ဆင်ရေးကို စတင် ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် နေတန်ယာဟုက အီရန်သည် မကြာသေးမီလများ အတွင်း “လက်နက်များ” ထုတ်လုပ်ရန် ခြေလှမ်းများ စတင်နေကြောင်း စုံစမ်းရရှိသည့် သတင်း အချက်အလက်များအရ ထုတ်ဖော်ပြောကြားခဲ့ပြီး အီရန်၏ လုပ်ရပ်ကို ရပ်တန့်နိုင်ခြင်းမရှိပါက အချိန်တိုအတွင်း အီရန်သည် နျူကလီးယားလက်နက်များ ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာ နိုင်ကြောင်း ပြောကြားခဲ့သည်။

သတင်းအရင်းအမြစ်- https://www.bbc.com/news/articles/cdj9vj8glg2o

ဘာသာပြန်ဆိုသူ- ဦးညီညီအောင်စိုး၊ ညွှန်ကြားရေးမှူး၊ နစက-၄

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် မြို့တော်ဝန်က ဇွန် ၁၀ ရက် ညပိုင်းမှစ၍ ညမထွက်ရအမိန့် ကျင့်သုံးကြောင်း ကြေညာ

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တော်ဝန် Karen Bass က ဒေသစံတော်ချိန် ဇွန် ၁၀ ရက် ၂၀ နာရီမှ ၁၁ ရက် ၆ နာရီအထိ မြို့လယ်ခေါင် အချို့သောနေရာများတွင် ညမထွက်ရအမိန့် ကျင့်သုံး မည်ဖြစ်ကြောင်း ဇွန် ၁၀ ရက် ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။

ညမထွက်ရအမိန့် ကျင့်သုံးသည့်ဧရိယာသည် မြို့လယ်ခေါင် ၁ စတုရန်းမိုင်ခန့် (၂.၅၉ စတုရန်း ကီလိုမီတာခန့်) သာဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ လှုပ်ရှားမှုသည် ညမထွက်ရအမိန့် ကန့်သတ်မှုမခံရကြောင်း၊ ညမထွက်ရမူဝါဒအား မည်သည့်အချိန်ထိ ကျင့်သုံးမည်မှာ ညမထွက်ရ အချိန်ပြီးမှ အခြေအနေကိုအကဲဖြတ်ပြီး သတ်မှတ်မည်ဖြစ်ကြောင်း Karen Bass က ပြောကြားခဲ့ သည်။

ညမထွက်ရမူဝါဒနှင့်စပ်လျဉ်း၍ စဉ်းစားနေသည်မှာ ရက်အနည်းငယ်ရှိပြီဖြစ်ကြောင်း၊ ဇွန် ၁၀ ရက် ညပိုင်းတွင် စတင်ကျင့်သုံးရသည်မှာ ဇွန် ၉ ရက်ညပိုင်းတွင် ဆန္ဒပြမှုပြီးဆုံးပြီးနောက် မြို့လယ်ခေါင် တွင် ဈေးဆိုင်များအား လုယက်မှုနှင့် နေရာအနှံ့ ဆေးမှုတ်အရောင်ဆိုးမှုများစွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု Karen Bass က ပြောကြားခဲ့သည်။ ဇွန် ၉ ရက် ညပိုင်းတွင် မြို့လယ်ခေါင်၌ လူအယောက် ၁၀၀ ကျော် ဖမ်းဆီးခဲ့ပြီး ၎င်းအနက် လုယက်သူများလည်း ပါဝင်ကြောင်း လော့စ်အိန်ဂျလိစ် ရဲစခန်းကဆိုသည်။

လက်ရှိတွင် ဆန္ဒပြသူပေါင်း ၄၀၀ ခန့်က လော့စ်အိန်ဂျလိစ်မြို့လယ်ခေါင်၌ လှည့်လည်ဆန္ဒပြ နေဆဲဖြစ်သည်။ ဇွန် ၁၀ ရက် အစောပိုင်းတွင် အချို့သော ဆန္ဒပြသူများက မြို့လယ်ခေါင်ကို ဖြတ်သန်းသွားသည့် အမှတ် ၁၀၁ အဝေးပြေးလမ်းမကြီးကို ထပ်မံဖြတ်တောက်ခဲ့ကြသည်။

ဇွန် ၁၀ ရက် ညနေပိုင်းတွင် ဆန္ဒပြသူလူအုပ်က ကယ်လီဖိုးနီးယားပြည်နယ် Orange ခရိုင် Santa Ana မြို့နှင့် Ventura ခရိုင် Oxnard မြို့တွင်စုဝေးခဲ့ကြသည်။ ထိုနေ့တွင် အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနှင့် အကောက်ခွန် တရားဥပဒေစိုးမိုးရေးဌာန စသည့် ဖက်ဒရယ်အဖွဲ့အစည်းများက ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းဒေသ၌ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ဦးတည် သည့် ရှာဖွေဖမ်းဆီးရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဒေသတွင်းရုပ်သံလွှင့်ဌာန များ၏ ရိုက်ကူးထားသော ရုပ်ပုံထဲတွင် တရားဥပဒေစိုးမိုးရေးဝန်ထမ်းများက စိုက်ခင်းများအတွင်းသို့ ဝင်ရောက်၍ စတော်ဘယ်ရီဆွတ်ခူးနေသော နိုင်ငံခြားသားအလုပ်သမားများအား လိုက်လံဖမ်းဆီး နေသည်ကို တွေ့မြင်ရသည်။ ရှာဖွေဖမ်းဆီးရေး လှုပ်ရှားမှုများကြောင့် ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း၌ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ 

ကိုးကား - ဆင်ဟွာ

အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခအကြောင်း သိကောင်းစရာအချက်များ

အငြင်းပွားဖွယ်ကက်ရှ်မီးယားဒေသတွင် ခရီးသွားများအပေါ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုများ ပိုမိုမြင့်တက်ခဲ့သည်။ ယင်းနောက် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ဒုံးကျည်များနှင့် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် နှစ်ပေါင်းများစွာကြာပြီးနောက် နှစ်နိုင်ငံကြား အဆိုးရွားဆုံး တိုက်ခိုက်မှု ဖြစ်လာခဲ့သည်။

လွန်ခဲ့သည့်သီတင်းနှစ်ပတ်ခန့်က အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၆ ဦး သေဆုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုအတွက် အိန္ဒိယအစိုးရက ပါကစ္စတန် အစိုးရကို အပြစ်တင်ထားသည်။

ယင်းနောက်ပိုင်းတွင် နှစ်နိုင်ငံလုံးသည် တစ်ဖက်နှင့်တစ်ဖက် ငြင်းခုံမှုများနှင့် သတိပေးမှုများ လုပ်ဆောင်လာခဲ့သည်။ အိန္ဒိယက မေ ၇ ရက်အစောပိုင်းတွင် ပါကစ္စတန်ကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

နှစ်နိုင်ငံကြား အကျပ်အတည်းအခြေအနေနှင့် ယင်းနောက်ကွယ်မှ အကြောင်းအရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။

နောက်ဆုံးရအခြေအနေ

အိန္ဒိယက ပါကစ္စတန်ဘက်ခြမ်း ကက်ရှ်မီးယားဒေသရှိ အကြမ်းဖက်သမားများ၏ စခန်းများကို တိတိကျကျ ပစ်မှတ်ထား၍တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အိန္ဒိယက နေရာခြောက်နေရာထက်မနည်းတွင် လေကြောင်းတိုက်ခိုက်မှုနှင့်နယ်စပ်တစ်လျှောက် ပစ်ခတ်မှုများကြောင့် အရပ်သား ၂၆ ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်က ထုတ်ပြန်ထားသည်။

အိန္ဒိယက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် နေရာများတွင် ပါကစ္စတန်ဘက်ခြမ်းမှ ကက်ရှ်မီးယားဒေသအပြင် ဟာဝယ်ပူရနှင့်မူရစ်ခီ မြို့များလည်းပါဝင်သည်။ ယင်းမြို့များသည် အိန္ဒိယနယ်စပ်နှင့်ထိစပ် နေသော ပါကစ္စတန်၏ လူဦးရေအထူထပ်ဆုံး ပန်ဂျပ်ပြည်နယ်၏မြို့များဖြစ်သည်။

ပါကစ္စတန်စစ်တပ်က ၎င်း၏အချုပ်အခြာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထိပါးလာလျှင် အချိန်မရွေး လက်တုံ့ပြန် သွားမည်ဟု အစောပိုင်းကပြောကြားခဲ့သည်။ ယခုအိန္ဒိယ၏တိုက်ခိုက်မှုကိုလည်း လက်တုံ့ပြန်တိုက်ခိုက် ခဲ့ကြောင်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာမူဟာမတ်အဆစ်က ဆိုသည်။

အိန္ဒိယက ပါကစ္စတန်သည် ကက်ရှ်မီးယားနယ်စပ်ရှိ ထိန်းချုပ်ရေးမျဉ်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အရပ်သားသုံးဦးသေဆုံးခဲ့ကြောင်း စွပ်စွဲထားသည်။

ပြဿနာဖြစ်လာစေသောအကြောင်းအရင်း

ဧပြီ ၂၂ ရက်က အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားဒေသရှိ ခရီးသွားများလာရောက်လည်ပတ်လေ့ရှိသော ပါဟယ်ဂမ်မြို့တွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ဟိန္ဒူအများစုအပါအဝင် လူ ၂၆ ဦးသေဆုံး ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် အိန္ဒိယသည် အလွန်အမျက်ထွက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း မည်သည့်အဖွဲ့မှ ထုတ်ပြန်ထားခြင်းမရှိပေ။ သို့သော် အိန္ဒိယအစိုးရ ကမူ ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအဖွဲ့ဖြစ်သည့် လက်ရှ်ကာအီးတိုင်ဘာအဖွဲ့မှ သေနတ်သမားများ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ လက်ရှ်ကာအီးတိုင်ဘာအဖွဲ့သည် အိန္ဒိယမြေပေါ်တွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် သမိုင်းကြောင်းရှိခြင်းနှင့်အတူ ကုလသမဂ္ဂက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ထားသည်။

ယင်းအဖွဲ့ကို ပါကစ္စတန်အစိုးရကဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ကာလကြာရှည် ကောလာဟလများ ထွက်ပေါ်လျက်ရှိသည်။ သို့သော် ပါကစ္စတန်အစိုးရက ငြင်းဆိုထားသည်။

အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီက ပါကစ္စတန်သည် နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုကို အားပေးထောက်ပံ့ နေကြောင်း စွပ်စွဲထားသည်။ ထို့ပြင် မိုဒီက ယင်းကိုတုံ့ပြန်ရန် ၎င်း၏စစ်တပ်အား အပြည့်အဝ လွတ်လပ်ခွင့် ပေးထားကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်လုံးက သံတမန်များကို နှင်ထုတ်ခဲ့ကြသည်။ ပါကစ္စတန်ကမူ လွန်ခဲ့သည့် သီတင်းပတ်က အိန္ဒိယသည် စစ်ရေးအရတိုက်ခိုက်ရန် ပြင်ဆင်နေကြောင်းခိုင်လုံသည့် ထောက်လှမ်းမှုများအရသိရသည်ဟု ထုတ်ပြန် ခဲ့သည်။

ကက်ရှ်မီးယားကို မည်သူထိန်းချုပ်ထားသနည်း

ဗြိတိသျှအုပ်ချုပ်မှု အဆုံးသတ်ပြီးနောက် ၁၉၄၇ ခုနှစ်တွင် နှစ်နိုင်ငံပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း သာယာ လှပသောကက်ရှ်မီးယားဒေသသည် အိန္ဒိယနှင့် ပါကစ္စတန်ကြား အဓိကပြဿနာဖြစ်စေသည့် အကြောင်း အရင်းကြီးဖြစ်လာသည်။

ကြိုတင်ပြင်ဆင်မှုအားနည်းသော နှစ်ပိုင်းကွဲပြားမှုသည် သွေးကြောင်းစီးမှုကိုဖြစ်စေကာ ပျမ်းမျှလူတစ်သန်း ကျော် သေဆုံးခဲ့ပြီး လူ ၁၅ သန်းခန့် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ကြသည်။ နှစ်နိုင်ငံကြားတွင် တည်ရှိပြီး ဟိမဝန္တာတောင်တန်းများအောက်တွင် တည်ရှိသော မွတ်စလင်အများစုနေထိုင်ရာ ကက်ရှ်မီးယား၏ ဘုရင်သည် အိန္ဒိယ သို့မဟုတ် ပါကစ္စတန်၏ အုပ်စိုးမှုကိုလက်ခံသင့်၊ မသင့် ဝေခွဲမရဖြစ်လျက်ရှိသည်။

ဘုရင်စနစ်၏ အုပ်စိုးမှုကို ဆန့်ကျင်သည့် လူထုအုံကြွမှုကို နှိမ်နင်းရန်အတွက် အိန္ဒိယ၏အကူအညီကို ရယူမှုသည်နှစ်နိုင်ငံကြား စစ်ပွဲတစ်ရပ်ကို အလျင်အမြန်ဖြစ်ပေါ်စေခဲ့ပြီး ပါကစ္စတန်ကျောထောက် နောက်ခံပြု စစ်သွေးကြွများက ကက်ရှ်မီးယားကို တိုက်ခိုက်ခဲ့သည်။

၁၉၄၉ ခုနှစ်တွင် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုသည့် ၄၇၈ မိုင်အကွာရှိ အပစ်အခတ် ရပ်စဲရေး မျဉ်းသည် ကက်ရှ်မီးယားကို ပိုင်းခြားထားသည့် ထိန်းချုပ်ရေးမျဉ်းဟု လူသိများကာ လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက စစ်အင်အားကြီးမားစွာချထားဆဲဖြစ်သည်။

နှစ်ဖက်စလုံးက ကက်ရှ်မီးယား၏အစိတ်အပိုင်းကို ထိန်းချုပ်ထားသော်လည်း ၎င်းတို့ကမူ ကက်ရှ်မီးယား နယ်မြေကို အပြည့်အဝပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုထားသည်။ ထို့ပြင် ထိန်းချုပ်ရေးမျဉ်းတွင်လည်း စောင့်ကြည့်ရန် စစ်တပ်များကို ချထားသည်။

၂၀၀၉ ခုနှစ်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အိန္ဒိယအရန်တပ်ဖွဲ့ဝင်စစ်သား ၄၁ ဦး သေဆုံးခဲ့ ပြီးနောက် အိန္ဒိယနှင့်ပါကစ္စတန်ကြား စစ်ပွဲဖြစ်ပွားလုနီးပါး တွေ့ကြုံခဲ့သည်။ အိန္ဒိယက ယင်းတိုက်ခိုက်မှုအတွက် ပါကစ္စတန်အခြေစိုက်စစ်သွေးကြွအဖွဲ့ကို အပြစ်တင်ထားသည်။

ကမ္ဘာ့နိုင်ငံများ၏တုံ့ပြန်မှု

အိန္ဒိယနှင့် ပါကစ္စတန်တို့သည်နျူကလီးယားလက်နက်များကို ပိုင်ဆိုင်ထားသည်။ ကက်ရှ်မီးယားသည် နျူကလီးယားစစ်ပွဲဖြစ်လာနိုင်ခြေရှိသည့် ကမ္ဘာ့အန္တရာယ်အများဆုံးနေရာများတွင် တစ်ခုအပါအဝင် အဖြစ် ကာလကြာရှည် ရှုမြင်ခံထားရသည်။

ရလဒ်အဖြစ် ဧပြီ ၂၂ ရက် တိုက်ခိုက်မှုဖြစ်ပွားခြင်းနှင့်အတူ နောက်ဆုံးအကြိမ်တင်းမာမှုများ ဖြစ်ပေါ် ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့နိုင်ငံများက တည်တည်ငြိမ်ငြိမ် ဖြေရှင်းကြရန်တိုက်တွန်းခဲ့ကြသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က စစ်ပွဲမဖြစ်ပွားစေရန်အတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်ဟု ၎င်း၏ပြောရေးဆိုခွင့်ရှိသူ စတီဗင်ဒူဂျာရတ်က ထုတ်ပြန် ထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကလည်း အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးများကို တွေ့ဆုံပြီး ဆွေးနွေးမှုဖြင့် အဖြေရှာကြရန် တိုက်တွန်းထားသည်။

နှစ်နိုင်ငံလုံးနှင့် အိမ်နီးချင်းဖြစ်သည့်အပြင် ပါကစ္စတန်၏ ရင်းနှီးသောမဟာမိတ်ဖြစ်သည့် တရုတ်ကလည်း မေ ၇ ရက်နံနက်ပိုင်းက အိန္ဒိယ၏ စစ်ရေးဆောင်ရွက်ချက်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ထုတ်ပြန် ထားသည်။

တရုတ်နိုင်ငံအနေဖြင့် လက်ရှိထိပ်တိုက်တွေ့မှုဖြစ်စဉ်အပေါ် စိုးရိမ်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘက်အရာချီက ကြားဝင်ဖျန်ဖြေပေးရန် ကြိုးပမ်းမှုအနေဖြင့် ပါကစ္စတန်ကို သွားရောက်ခဲ့ပြီးနောက် နှစ်ရက်အကြာ မေ ၇ ရက်တွင်အိန္ဒိယသို့ ရောက်ရှိခဲ့သည်။

ကိုးကား- Eleven Media Group

တရုတ်အစိုးရက ၂၀၂၅ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ၇.၂ ရာခိုင်နှုန်း တိုးမြှင့်သွားမည်

တရုတ်အစိုးရက ကာကွယ်ရေးအသုံးစရိတ်ကို ယခင် ၂၀၂၄ ခုနှစ်ကထက် ၇.၂ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲ သွားမည် ဖြစ်ကြောင်း မတ်လ ၅ ရက် ယနေ့တွင်ကျင်းပသည့် တရုတ်အမျိုးသားညီလာခံတွင် အဖွင့်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ပါသည်။ အဆိုပါကာကွယ်ရေးအသုံးစရိတ်မှာ ယွမ် ၁.၇၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၄၅ ဘီလီယံ)ခန့် ဖြစ်သည်။

တစ်နှစ်ထက်တစ်နှစ် ကာကွယ်ရေးအသုံးစရိတ် တိုးမြင့်လာမှုနှုန်းသည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်များတွင်လည်း တစ်ပြေးညီဖြစ်ခဲ့သည်။ ဤသည်မှာ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း‌ နှေးကွေးလာသော်လည်း စစ်အင်အား ဆက်လက်တိုးမြှင့်လုပ်ဆောင်မှုကို ပြသခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် အရှေ့နှင့် တောင်တရုတ်ပင်လယ်တို့အတွင်း ၎င်း၏ ရေကြောင်းအလေးသာမှုကို တိုးမြှင့် လုပ်ဆောင်လာခဲ့ပြီး ကမ္ဘာပေါ်တွင် စစ်သင်္ဘောအပါအဝင် အခြားသော သင်္ဘောအရေအတွက် အများဆုံးဖြစ်သည်။

ထို့အပြင် တရုတ်နိုင်ငံက ယခုနှစ်အစောပိုင်းအတွင်း ၎င်း၏ တတိယမြောက် လေယာဉ်တင်သင်္ဘော Fujian ကို တပ်တော်ဝင်နိုင်ရန် မျှော်မှန်းထားသည်။ အချို့သောလေ့လာသူများကမူ တရုတ်အနေဖြင့် နျူကလီးယား လေယာဉ်တင်သင်္ဘောတည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေနိုင်ကြောင်း သုံးသပ်ကြသည်။

တရုတ်နိုင်ငံ၌ သိုလှောင်သိမ်းဆည်းထားသည့် တိုက်ပွဲဝင်နျူကလီးယားထိပ်ဖူး ၆၀၀ ကျော်ရှိမည်ဟု ခန့်မှန်းရပြီး ဆက်လက်၍လည်း တိုးမြှင့်ထုတ်လုပ်ထားရှိနိုင်သည်။ ဤသည်မှာ အဆင့်မြင့်အရပ်ဘက်နည်းပညာများကို အသုံးပြု ခြင်းဖြင့် ဆိုက်ဘာ၊ အာကာသနှင့် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းအောင် လုပ်ဆောင်ခြင်းဖြစ်ပေမည်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်အား ကမ္ဘာ့အဆင့်မီဖြစ်ရေး မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်း လေ့လာသူအချို့ကမူ တရုတ်တပ်မတော်အနေဖြင့် စစ်လက်နက်ပစ္စည်းများ ပြည်ပမှမှာယူစရိတ်များနှင့် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအသုံးစရိတ်များကို ထည့်သွင်းတွက်ချက်မှုမရှိသည့် အတွက် တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ် သုံးစွဲမှုသည် ပကတိမြေပြင်အခြေအနေနှင့် ကွဲလွဲမှုရှိကြောင်း ထောက်ပြပြောဆိုကြကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား-NHK World

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)