ဆွေးနွေးချက်များ

-

နိုင်ငံ့စီးပွားမြင့်မားရေးဆောင်ရွက်ရာတွင်လည်း ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက် နိုင်မှသာ နိုင်ငံ၏ GDP များ တိုးတက်လာမည်ဖြစ်သည့်အတွက် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတိုးတက်ရေး ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။ အခြေခံကုန်ထုတ် လုပ်မှုမရှိဘဲ GDP တက်လာရန် မဖြစ်နိုင်ပါ။ နိုင်ငံတော်အစိုးရမှ တာဝန်ယူသည့်အချိန်က ကိုဗစ်-၁၉ ပြင်းထန်စွာဖြစ်ပွားနေပြီး စီးပွားရေးကျဆင်းနေသည့်ကာလဖြစ်ပါသည်။ ၂၀၂၀-၂၀၂၁ ခုနှစ် GDP တိုးတက်မှုသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိရာမှ ရှိထားသည့် အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထား အား

နိုင်ငံ့စီးပွားမြင့်မားရေးဆောင်ရွက်ရာတွင်လည်း ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက် နိုင်မှသာ နိုင်ငံ၏ GDP များ တိုးတက်လာမည်ဖြစ်သည့်အတွက် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတိုးတက်ရေး ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။ အခြေခံကုန်ထုတ် လုပ်မှုမရှိဘဲ GDP တက်လာရန် မဖြစ်နိုင်ပါ။ နိုင်ငံတော်အစိုးရမှ တာဝန်ယူသည့်အချိန်က ကိုဗစ်-၁၉ ပြင်းထန်စွာဖြစ်ပွားနေပြီး စီးပွားရေးကျဆင်းနေသည့်ကာလဖြစ်ပါသည်။ ၂၀၂၀-၂၀၂၁ ခုနှစ် GDP တိုးတက်မှုသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိရာမှ ရှိထားသည့် အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထား အားသွန်ခွန်စိုက်ဆောင်ရွက်မှုကြောင့် ၂၀၂၁-၂၀၂၂ ခုနှစ် ၆ လတာတွင် အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ပါသည်။ ၈ ဒသမ ၃ ရာခိုင်နှုန်းမျှ တက်လာခြင်း ဖြစ်ပါသည်။ ၂ဝ၂၂-၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၂၃-၂ဝ၂၄ ခုနှစ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်း စီးပွားရေးတိုးတက်မှုရခဲ့ပါသည်။၊ ယခု ၂ဝ၂၄-၂၀၂၅ ခုနှစ်တွင် ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်အောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေပါသည်။ နိုင်ငံ့စီးပွားရေးကျဆင်းပါက ကျန်သည့်အကျိုးဆက်များလည်း ရှိလာမည်ဖြစ်သဖြင့် ပြည်ပနိုင်ငံအချို့သည် စီးပွားရေးပိတ်ဆို့ခြင်း၊ ဘဏ်များလုပ်ကိုင်နိုင်မှု မရှိအောင် ပိတ်ဆို့ခြင်း၊ နယ်စပ်ကုန်သွယ်ရေးမပြုလုပ်နိုင်အောင် နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်ခြင်း၊ ၎င်းတို့အကျိုးအမြတ်ရရှိရေး၊ လက်ဝါးကြီးအုပ်ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နည်းလမ်းပေါင်းစုံနှင့် အားပေးကူညီခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အခြေခိုင်ပြီးဖြစ်သည့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းမှ ထုတ်ကုန်များ ထုတ်လုပ်မှုမြင့်မားစေရေး အဓိကတွန်းအားပေးဆောင်ရွက်နေခြင်းဖြစ်ပါသည်။MSME လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်လျက်ရှိပါသည်။

ပြီးခဲ့သည့်ဧပြီလအတွင်း မသမာသူဝိသမစီးပွားရေးသမားများအနေဖြင့် ငွေကြေးတန်ဖိုး ကမောက်ကမဖြစ်စေရန် ဆောင်ရွက်ခဲ့သောကြောင့် ရွှေဈေးနှင့် ငွေကြေးဈေးနှုန်းများ သဘာဝမကျဘဲ အဆမတန် ပြောင်းလဲလာအောင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ခြင်း၊ ဘဏ်စနစ်များထိခိုက်ပြိုလဲအောင် လုပ်ဆောင်ခြင်း၊ ငွေကြေးများကမောက်ကမဖြစ်အောင် လုပ်ဆောင်ခြင်းများကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသောကြောင့် လိုအပ်သည့် စည်းကမ်းဥပဒေနှင့်အညီ စိစစ်ခြင်းများဆောင်ရွက်ခဲ့ပါသည်။ ငွေကြေးတန်ဖိုးတက်ခြင်း၊ ကျခြင်းထက် ငွေကြေး ခိုင်မာမှုရှိစေရန် လိုအပ်သောကြောင့် ငွေကြေးခိုင်မာမှုရှိအောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရမှ တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း နိုင်ငံတော်တွင် စားသုံးဆီနှင့် စက်သုံးဆီကိစ္စများနှင့် ပတ်သက်ပြီး ပြည်သူလူထုက စိုးရိမ်စိတ်မြင့်မားအောင် ဝိသမလောဘသားများက ကောလာဟလများဖြန့်ပြီး လုပ်ဆောင်ခဲ့သည့် ဖြစ်စဉ်များစွာရှိခဲ့သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် မှန်ကန်သည့် လုပ်ဆောင်ချက်များ၊ တိကျပြတ်သားသည့် မူများချမှတ်ပေးပြီး ပြည်သူလူထု အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဆန်နှင့်ပတ်သက်၍လည်း ဈေးနှုန်းကမောက်ကမ ဖြစ်လာနိုင်ဖွယ်ရှိသည်ကို သုံးသပ်တွေ့ရှိရသည့်အတွက် လိုအပ်သောစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး တည်ငြိမ်စေရန် ဆောင်ရွက်ခဲ့ပါသည်။အခြေခံပြည်သူလူထုစားရေးကိစ္စအဆင်ပြေစေရန် မိသားစုအလိုက် လိုအပ်နိုင်မည့် ဆန်ပမာဏများကို နိုင်ငံတစ်ဝန်းရောင်းချပေးလျက်ရှိပါသည်။ နိုင်ငံရေးသည် စီးပွားရေးပင်ဖြစ်သည်ဟုခံယူပြီး ပြည်သူများ စားဝတ်နေရေးပြေလည်မှုမှတစ်ဆင့် လူနေမှုအဆင့်အတန်း မြင့်မားလာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် အဓိကရည်မှန်းချက်ထားပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြင့်မားအောင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို သိရှိ လိုပါသည်။

နိုင်ငံ့စီးပွားမြင့်မားရေးဆောင်ရွက်ရာတွင်လည်း ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက် နိုင်မှသာ နိုင်ငံ၏ GDP များ တိုးတက်လာမည်ဖြစ်သည့်အတွက် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတိုးတက်ရေး ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။ အခြေခံကုန်ထုတ် လုပ်မှုမရှိဘဲ GDP တက်လာရန် မဖြစ်နိုင်ပါ။ နိုင်ငံတော်အစိုးရမှ တာဝန်ယူသည့်အချိန်က ကိုဗစ်-၁၉ ပြင်းထန်စွာဖြစ်ပွားနေပြီး စီးပွားရေးကျဆင်းနေသည့်ကာလဖြစ်ပါသည်။ ၂၀၂၀-၂၀၂၁ ခုနှစ် GDP တိုးတက်မှုသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိရာမှ ရှိထားသည့် အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထား အား