အာရှတိုက်ရှိ အလွန်ရှေးကျသော နိုင်ငံများတွင် ဆီးရီးယားနိုင်ငံ အပါအဝင်ဖြစ်သည်။ ဆီးရီးယားနိုင်ငံ ဟောင်းမှာ မြေထဲပင်လယ်၏ အရှေ့ကမ်းရိုးတန်းမှ သည် ယခုခေတ် နိုင်ငံသစ်များဖြစ်ကြသော ဆီးရီးယား နိုင်ငံ၊ လက်ဘနွန်နိုင်ငံ၊ အစ္စရေးနိုင်ငံ၊ ဂျော်ဒန်နိုင်ငံနှင့် တစိတ်တစ်ဒေသအားဖြင့် မြောက်ပိုင်းအာရေဗျနိုင်ငံ တို့အထိ ကျယ်ပြန့်သည်၊ သို့ရာတွင် ယခုလက်ရှိ ဆီးရီးယားသမ္မတနိုင်ငံမှာ မြောက်ဘက်တွင် တူရကီ နိုင်ငံ၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် အီရတ် နိုင်ငံ၊ တောင်ဘက်တွင် ဂျော်ဒန်နိုင်ငံ၊ အနောက်ဘက်တွင် အစ္စရေးနိုင်ငံနှင့် လက်ဘနွန်နိုင်ငံဟူ၍ နယ်နိမိတ် ပိုင်းခြားသတ်မှတ်ထားသည်။

နိုင်ငံသမိုင်းအရဆိုလျှင် ရှေးဟောင်းဆီးရီးယားနိုင်ငံ သည် ဘီစီ၁၄၇၁ ခုနှစ်တွင် အီဂျစ်နိုင်ငံ၏ လက်အောက် သို့ကျရောက်ခဲ့သည်။ ဘီစီ ၆၄ ခုနှစ်၌ ရောမဘုရင် ပွန်ပီလက်ထက်တွင် ရောမနိုင်ငံပိုင်ပြည်နယ် ဖြစ်ခဲ့ရ ပြန်သည်။ ထို့နောက် ပါးရှင်းလူမျိုးတို့က မကြာခဏ ဆီးရီးယားပြည်ကို ဝင်ရောက်တိုက်ခိုက်ကြသည်။ အေဒီ ၆၃၅ ခုနှစ်၌မူ အာရပ်လူမျိုးများက ဆီးရီးယားကို သိမ်းပိုက်လိုက်သည်။ ၁၅၁၆ ခုနှစ်တွင် အော့တိုမန် တစ်ရက်လူမျိုးများ၏ လက်အောက်သို့ရောက်ခဲ့သည်။ ၁၇၈၉- ၁၇၉၉ ခုနှစ်၌ ပြင်သစ်တို့ဝင်ရောက်အုပ်စိုး၍ ၁၈၃၁-၁၈၃၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၃၉-၁၈၄ဝ ပြည့်နှစ်တွင် တစ်ကြိမ်၊ အီဂျစ် ဘုရင်ခံက ဝင်ရောက် သိမ်းပိုက်ခဲ့သည်။ ၁၈၆ဝ-၁၈၆၁ ခုနှစ်တွင် သူပုန်ထကြွ ပြီးလျှင် ၁၉၁၇ ခုနှစ်၌ တူရကီတို့ အုပ်စိုးခြင်း အဆုံးသတ် သွားသည်။ သို့သော် ၁၉၂ဝ ပြည့်နှစ်၌ ပြင်သစ်ဩဇာ လွှမ်းမိုးသောနယ် ဖြစ်လာသည်။၁၉၂၅ ခုနှစ်တွင် မူကား ဒမက်စကပ်နှင့် အလက်ဟူသော နယ်ကြီး နှစ်နယ်ပေါင်းစပ်၍ ဆီးရီးယားပြည်နယ်ဟု ခေါ်တွင် ပြီးလျှင် ၁၉၃ဝ ပြည့်နှစ်၌ ဆီးရီးယားသမ္မတနိုင်ငံဟု တည်ထောင်လိုက်သည်။
လက်ဘနွန်သမ္မတနိုင်ငံကိုကား ၁၉၂၆ ခုနှစ် တွင်တည်ထောင်သည်။ အချို့သောနယ်ငယ်များကိုမူ ၁၉၃၉ ခုနှစ်တွင် တူရကီနိုင်ငံသို့ လွှဲပြောင်းပေးအပ်လိုက်ရ သည်။ သမ္မတနိုင်ငံဟုဆိုသော်လည်း ပြင်သစ်ဩဇာခံ နိုင်ငံဖြစ်သောကြောင့် ပြင်သစ်အစိုးရ၏ အာဏာစက်မှ မလွတ်ကင်းချေ။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄ဝ-၁၉၄၁ ခုနှစ်တွင် ပြင်သစ်ဗီရှီအစိုးရ၏ စစ်အုပ်ချုပ်ရေး လက်အောက်တွင် ကျရောက်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဇူလိုင်လတွင် ဗြိတိသျှနှင့် လွတ်လပ်သော ပြင်သစ် မဟာမိတ်တပ်များက သိမ်းပိုက်လိုက်သည်။ ၁၉၄၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ဆီးရီးယားနိုင်ငံ သည် လွတ်လပ်ရေးကို ကြေညာခဲ့သည်။ သို့သော် ၁၉၄၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကျမှသာ ပြင်သစ်အစိုးရက ဆီးရီးယားအစိုးရအား အာဏာလွှဲပြောင်းပေး သည်။ ၁၉၄၆ ခုနှစ်၊ ဧပြီလတွင် နိုင်ငံခြားစစ်တပ်များ အားလုံး ဆုတ်ခွာပေးရာမှ လုံးဝလွတ်လပ်သောဘဝသို့ ရောက်ရသည်။ ဆီးရီးယားသမ္မတနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်း မိုင်ပေါင်း ၇၂,၂၃၄ မိုင်ရှိသည်။ ၁၉၅၃ ခုနှစ် ခန့်မှန်းခြေအရ လူဦးရေမှာ ၃,၆၅၅,၉ဝ၄ ဦးရှိသည်။ အာရပ်စကားမှာ အများသုံး ဘာသာစကား ဖြစ်သည်။ သို့ရာတွင် တူရကီ၊ အာမီးနီးယန်း၊ ပါးရှင်းနှင့် ဥရောပ ဘာသာစကားအမျိုးမျိုး ပြောဆိုကြသည်။ ကိုးကွယ်သောအယူဝါဒမှာ အများအားဖြင့် အစ္စလာမ် ဘာသာ ဖြစ်သည်။
ဆီးရီးယားသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်သည်၊ ဂျုံ၊ မုယော၊ ပြောင်း၊ ဆန်၊ ပဲ၊ စပျစ်သီး၊ သံလွင်ပင်၊ ဝါဂွမ်း စသည်တို့ကို စိုက်ပျိုးသည်။ သိုး၊ ဆိတ်၊ ကုလားအုပ်၊ မြင်း၊ မြည်း၊ လား၊ ကျွဲနွား၊ ကြက် စသည်တို့ကိုလည်း မွေးမြူသည်။ ဆီးရီးယား၌ တွင်းထွက်သတ္တုများနည်းပါးလှသည်။ သို့သော် ရေနံကို လိုက်လံ ရှာဖွေတူးဖော်လျက်ရှိသည်။ ဒမက်စကပ်မြို့မှာ ဆီးရီးယား နိုင်ငံ၏ မြို့တော်ဖြစ်သည်။
ကိုးကား - Wikipedia
အာရှတိုက်ရှိ အလွန်ရှေးကျသော နိုင်ငံများတွင် ဆီးရီးယားနိုင်ငံ အပါအဝင်ဖြစ်သည်။ ဆီးရီးယားနိုင်ငံ ဟောင်းမှာ မြေထဲပင်လယ်၏ အရှေ့ကမ်းရိုးတန်းမှ သည် ယခုခေတ် နိုင်ငံသစ်များဖြစ်ကြသော ဆီးရီးယား နိုင်ငံ၊ လက်ဘနွန်နိုင်ငံ၊ အစ္စရေးနိုင်ငံ၊ ဂျော်ဒန်နိုင်ငံနှင့် တစိတ်တစ်ဒေသအားဖြင့် မြောက်ပိုင်းအာရေဗျနိုင်ငံ တို့အထိ ကျယ်ပြန့်သည်၊ သို့ရာတွင် ယခုလက်ရှိ ဆီးရီးယားသမ္မတနိုင်ငံမှာ မြောက်ဘက်တွင် တူရကီ နိုင်ငံ၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် အီရတ် နိုင်ငံ၊ တောင်ဘက်တွင် ဂျော်ဒန်နိုင်ငံ၊ အနောက်ဘက်တွင် အစ္စရေးနိုင်ငံနှင့် လက်ဘနွန်နိုင်ငံဟူ၍ နယ်နိမိတ် ပိုင်းခြားသတ်မှတ်ထားသည်။
ရှန်းကျန့်မြို့ (Shenzhen)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အရှေ့တောင်ပိုင်း၊ ကွန်ဒုန်ရှန်ပြည်နယ် (Guangdong Sheng )၏ တောင်-အလယ်ပိုင်းတွင် တည်ရှိသည်။ တောင်တရုတ်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ဟောင်ကောင်၏မြောက်ဘက်တွင် တည်ရှိသည်။

၁၉၇၉ ခုနှစ်တွင် ရှန်းကျန့်မြို့သည် ဟောင်ကောင်မှ တရုတ်ပြည်မကြီးသို့ အကောက်ခွန်ဂိတ်အဖြစ်ရှိခဲ့ပြီး နေထိုင်သူ လူဦးရေ ၃၀,၀၀၀ ခန့်ရှိသော နယ်စပ်မြို့ငယ်လေး ဖြစ်သည်။ ထိုနှစ်တွင် ရှန်းကျန့်မြို့သည် ဗဟိုအစိုးရ၏ ခွင့်ပြုချက် တောင်းခံရန် လိုအပ်ခြင်း မရှိဘဲ နိုင်ငံခြားပိုင်၊ ဖက်စပ်နှင့် အခြားစီးပွားရေးလုပ်ငန်းများကို ထူထောင်ခြင်းဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု၊ နည်းပညာနှင့် စီမံခန့်ခွဲရေးဆိုင်ရာကျွမ်းကျင်မှုများကို လမ်းဖွင့်ပေးသည့် တရုတ် နိုင်ငံကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့အများအပြားအနက်မှ မြို့တစ်ခုဖြစ်လာကာ အထူး စီးပွားရေးဇုန်အဖြစ် ကြေညာခံခဲ့ရပါသည်။ အတွေ့အကြုံမရှိသေးသည့် မြို့ငယ်လေးသည် တိုးပွားလာသော လူဦးရေအတွက် လမ်းများ၊ အိမ်ရာများ၊ စာသင်ကျောင်းများနှင့် ရေ၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး အဆောက်အအုံအသစ်များ တည်ဆောက်ရာတွင် အသုံးပြုရန်အတွက် တရုတ် ဘဏ်များမှ ချေးငွေများကိုလည်း ရရှိခဲ့သည်။
၁၉၈၀ ခုနှစ်မှစတင်၍ ပြည်တွင်းနှင့်ပြည်ပ ရင်းနှီးမြုပ်နှံမှုများကြောင့် ရှန်းကျန့်သည် အံ့မခန်း တိုးတက်လာခဲ့သည်။ အထူးစီးပွားရေးဇုန်တွင် နေထိုင်သည့်လုပ်ခလစာနှင့် လူမှု စရိတ်စံနှုန်းများသည် တရုတ်နိုင်ငံ၏ ပျမ်းမျှစရိတ်ထက် သိသိသာသာ မြင့်မားနေပြီး လျှပ်စစ်၊ ဆေးဝါး၊ ဓာတုပစ္စည်း၊ အထည်အလိပ်၊ အိမ်ဆောက်ပစ္စည်းနှင့် အစားအစာများ ထုတ်လုပ်သည့် စက်ရုံများတွင် အလုပ်သမားများနှင့် ကျွမ်းကျင်ပညာရှင်များ အများအပြား ဝင်ရောက်လုပ်ကိုင် လာကြသည်။ အလားတူ အထူးစီးပွားရေးဇုန်တွင် အံ့မခန်း တိုးတက်လာမှုကလည်း အနီးနားရှိ စိုက်ပျိုးရေးနယ်ပယ်၏မွေးမြူရေးနှင့် ဟင်းသီးဟင်းရွက်များထုတ်လုပ်မှုကို လှုံ့ဆော်ပေးခဲ့သည်။
ဒေသတွင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို "ရှန်းကျန့်၏ တိုးတက်မှုအရှိန်အဟုန်” (Shenzhen speed) ဟု တရုတ်နိုင်ငံတွင် လူသိများလာပြီး စီမံကိန်း၏ အောင်မြင်မှုက တရုတ် အစိုးရအား အခြားသောကမ်းရိုးတန်းဒေသအများအပြားကိုလည်း အထူးစီးပွားရေးဇုန်များအဖြစ် ပြောင်းလဲစေကာ နယ်ပယ်အသီးသီးတွင် ခေတ်မီတိုးတက်ရေးကို အားပေးတိုက်တွန်းခဲ့သည်။ ရှန်းကျန့်မြို့ (Shenzhen) သည် တရုတ်စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ဖြေလျှော့မှုအတွက် စမ်းသပ်ဇုန်ဖြစ်လာခဲ့သည်။ စတော့ရှယ်ယာဈေးကွက်များ ပြန်လည်ထူထောင်ရေးကဲ့သို့သော စမ်းသပ်ဆောင်ရွက်မှုများကို ရှန်းကျန့်မြို့တွင် စတင်လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် အသွင် ကူးပြောင်းမှုကို ချောမွေ့စေရန်အတွက် တရုတ်နိုင်ငံ၏အခြားနေရာများတွင်လည်း မူဝါဒအသစ်များ ချမှတ်ခဲ့သည်။
ရှန်းကျန့်မှ မီးရထားလမ်းများသည် အနောက်မြောက်ဘက်ရှိ ကွမ်ကျိုးမြို့(Guangzhou)၊ မြောက်ဘက်ရှိ ဘေကျင်းမြို့(Beijing) အထိ၊ အရှေ့ဘက်တွင် ဖူကျန့်ပြည်နယ်(Fujian) အထိ ဖောက်လုပ်ထားပြီး အမြန်လမ်းများသည် ကွမ်ကျိုးမြို့နှင့် ပြည်နယ်ရှိ အခြားကမ်းရိုးတန်း ဒေသများနှင့်လည်း ချိတ်ဆက်ပေးသည်။ ရှန်းကျန့်၏ မြို့စွန်တွင် အဓိက အပြည်ပြည်ဆိုင်ရာ လေဆိပ် ၁ ခုနှင့် ကွန်တိန်နာသင်္ဘာဂိတ်ကြီးများပါဝင်သည့် ပင်လယ်ဆိပ်ကမ်းကြီး ၁ ခု တည်ဆောက်ထားသည်။ ရှန်းကျန့်မြို့သည် ရှန်းကျန့်တက္ကသိုလ် (၁၉၈၃ခုနှစ်) အပါအဝင် ကိုယ်ပိုင်တက္ကသိုလ်နှင့် ကောလိပ်များကိုလည်း တည်ထောင်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ အဆင့်မြင့်ပညာရေးသင်တန်းကျောင်းအချို့လည်းရှိပြီး အထူးသဖြင့် ပီကင်းတက္ကသိုလ်နှင့် ကျင်းဟွာ (Qinghua) တက္ကသိုလ်တို့တွင် ကျောင်းခွဲများ ဖွင့်လှစ်ထားသည်။ ရှန်းကျန့်မြို့သည် ကမ္ဘာ့ အမြင့်ဆုံး အဆောက်အဦများအနက် တစ်ခုဖြစ်သည့် အထပ် ၁၁၅ ထပ်ရှိ ပင်အန်ဘဏ္ဍာရေး စင်တာ (Ping An Finance Center) ရှိရာ မြို့တော်လည်း ဖြစ်သည်။ ပင်အန်ဘဏ္ဍာရေးစင်တာ (Ping An Finance Center) ကို ၂၀၁၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ရှန်းကျန့်တွင် အမြင့်ဆုံးမိုးမျှော်အဆောက်အဦ၊ တရုတ်နိုင်ငံတွင် ဒုတိယအမြင့်ဆုံးမိုးမျှော်အဆောက်အဦနှင့် ပဥ္စမမြောက်ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အဦလည်း ဖြစ်ပါသည်။
ရှန်းကျန့်၏ GDP ကဘယ်လောက်လဲ?
၂၀၂၃ ခုနှစ်တွင် ဂွမ်ဒေါင်- ဟောင်ကောင်- မကာအို မဟာပင်လယ်အော်ဒေသ (Guangdong - Hong Kong - Macao Greater Bay Area )၏ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်ကုန် (GDP) သည် အမေရိကန်ဒေါ်လာ နှစ်ထရီလီယံနီးပါးရှိသည်။ ရှန်းကျန့်မြို့၏ တစ်ဦးချင်း ပြည်တွင်း အသားတင်ထုတ်ကုန် (GDP) သည် ယွမ် ၁၉၅.၂ဝဝ ဝန်းကျင်ရှိပြီး ယမန်နှစ်က ယွမ် ၁၈၃.၈ဝဝဝ မှမြင့်တက်ခဲ့သည်။ ထိုနှစ်တွင် ရှန်းကျန့်မြို့တစ်ခုတည်း၏ GDP သည် အမေရိကန်ဒေါ်လာ ၄၈၉ ဘီလီယံဝန်းကျင်ရှိပြီးမဟာပင်လယ်အော်ဒေသရှိ မြို့များအနက်ပထမအဆင့်ဖြစ်သည်။ ရှန်းကျန့် သည် Huawei၊ DJI နှင့် Tencent ကဲ့သို့သော တရုတ်နည်းပညာကုမ္ပဏီကြီး အချို့တည်ရှိရာ ဒေသလည်းဖြစ်သည်။
ရှန်းကျန့်မှာ ပျမ်းမျှ ၀င်ငွေက ဘယ်လောက်လဲ?
ရှန်းကျန့်သည် လုပ်ခလစာအများဆုံးဖြစ်သည့် ဘေဂျင်း၊ ရှန်ဟိုင်းတို့၏နောက် နံပါတ်စဉ် ၃ နေရာ၌ ရှိသည်။ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးပလက်ဖောင်းဖြစ်သည့် Zhaopin ၏ အစီရင်ခံစာအရ ရှန်းကျန့်သည် တရုတ်ပြည်မကြီးရှိ မြို့ကြီးများကြားတွင် ယွမ် ၁၂,၄၀၀ ဖြင့် လစဉ်ပျမ်းမျှလစာတတိယအများဆုံးရရှိထားကြောင်း ဖော်ပြခဲ့သည်။ ရှန်းကျန့်ရှိ ပျမ်းမျှလစာမှာ ယွမ် ၁၀,၀၀၀ ဖြစ်သည်။
ရှန်းကျန့်မြို့တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အဆင့်ဘယ်လောက်လဲ?
၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ရှန်းကျန့်၏ GDP သည် ဒေသတွင်း စီးပွားရေးသည် ပြန်လည်နာလန်ထူလာကာ ကောင်းမွန်သော အစပြုလာမှုများကြောင့် တစ်နှစ်ထက်တစ်နှစ် (year-on-year) တိုးတက်မှုနှုန်း ၆.၄ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ယွမ် ၈၃၁.၄၉၈ ဘီလီယံ ရှိလာခဲ့သည်။
ရှန်းကျန့်ရှိ အဓိကစက်မှုလုပ်ငန်းကဘာလဲ?
ရှန်းကျန့်၏ ထိပ်တန်းနည်းပညာသုံး ကဏ္ဍသုံးရပ်မှာ အီလက်ထရွန်နစ်သတင်း အချက် အလက်၊ ဇီဝဆေးဝါးများနှင့် စွမ်းအင်အသစ်နှင့် ပစ္စည်းအသစ်များဖြစ်သည်။
ရှန်းကျန့်မြို့သည် မည်သို့ အရှိန်အဟုန်ဖြင့် တိုးတက်လာသနည်း?
အလားတူကာလအတွင်း ရှန်းကျန့်၏ ပြည်တွင်း GDP သည် ယွမ် ၃.၄၆ ထရီလီယံ (ဒေါ်လာ ၄၈၀ ဘီလီယံ) ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၆ ရာခိုင်နှုန်း တိုးလာကာ တရုတ်နိုင်ငံရှိ ပထမအဆင့်မြို့များဖြစ်သည့် ဘေဂျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုးတို့၏ တိုးတက်မှုကို ကျော်လွန် ခဲ့ကာ ပထမအဆင့် နေရာရောက်ရှိခဲ့သည်။
ရှန်းကျန့်သည် စီးပွားရေးအတွက် အဘယ်ကြောင့် အရေးကြီးသနည်း?
နိုင်ငံ၏ စုစုပေါင်း GDP သည်၁၉၈၀ ခုနှစ်နှင့် ၁၉၈၄ ခုနှစ်အကြားတွင် ၁၀ ရာခိုင်နှုန်း တိုးလာသော်လည်း ရှန်းကျန့်မြို့ ကိုယ်တိုင်က အထင်ကြီးလောက်သော ကိန်းဂဏန်းတစ်ခု ဖြစ်သည့် ၅၈ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ရှန်းကျန့်သည် ဘဏ္ဍာရေး၊ နည်းပညာနှင့် ယဉ်ကျေးမှုတို့၏ ဗဟိုချက်ဖြစ်သည်။ ထိုအရာက မြို့ပြ ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်နေသူများ ဆယ်စုနှစ်များကြာအောင် ကြိုးစားခဲ့ရသည့်အရာဖြစ်ပါသည်။ ရှန်းကျန့်၏ကနဦးတိုးတက်မှုသည် ရှင်းလင်းသည့် အကြောင်းအရင်းတစ်ခုဖြစ်ပါသည်။
ရှန်းကျန့်မြို့ (Shenzhen)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အရှေ့တောင်ပိုင်း၊ ကွန်ဒုန်ရှန်ပြည်နယ် (Guangdong Sheng )၏ တောင်-အလယ်ပိုင်းတွင် တည်ရှိသည်။ တောင်တရုတ်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ဟောင်ကောင်၏မြောက်ဘက်တွင် တည်ရှိသည်။
Atul Aneja သည် နိုင်ငံခြားရေးရာအထူးပြု ဝါရင့် သတင်းထောက်တစ်ဦးဖြစ်ပါသည်။ ၎င်းသည် India Narrative website ၏ အယ်ဒီတာဟောင်းတစ်ဦးဖြစ်ပြီး ဟိန္ဒူသတင်းစာ၏ မဟာဗျူဟာ ရေးရာ အယ်ဒီတာလည်း ဖြစ်ပါသည်။
Atul Aneja သည် နိုင်ငံခြားရေးရာအထူးပြု ဝါရင့် သတင်းထောက်တစ်ဦးဖြစ်ပါသည်။ ၎င်းသည် India Narrative website ၏ အယ်ဒီတာဟောင်းတစ်ဦးဖြစ်ပြီး ဟိန္ဒူသတင်းစာ၏ မဟာဗျူဟာ ရေးရာ အယ်ဒီတာလည်း ဖြစ်ပါသည်။
Atul Aneja သည် တရုတ်နိုင်ငံ၊ အနောက်အာရှ၊ ယူရေးရှားနှင့် တောင်အာရှတို့ကို အခြေပြု၍ နိုင်ငံတကာ သတင်းထောက်အဖြစ် ၁၇ နှစ်ကြာ လုပ်ကိုင်ခဲ့ပါသည်။ ၎င်းသည် The Hindu's Associate ၏ အယ်ဒီတာအဖြစ် (၂၀၁၄ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အထိ) ဘေဂျင်းတွင် တာဝန်ချထား ခြင်းခံရပြီး သမ္မတရှီကျင့်ဖျင်ခေတ်တွင် တိဗက်နိုင်ငံသို့ ရှားရှားပါးပါး ၂ ကြိမ် အလည်အပတ် သွားရောက်ခဲ့ရမှု အပါအဝင် တရုတ်နိုင်ငံ၏ ကျယ်ပြန့်သော နယ်ပယ်အသီးသီးမှ အစီရင်ခံ တင်ပြချက်များကိုအခြေခံ၍ တရုတ်နိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလကို နီးကပ်စွာ လေ့လာခွင့် ရရှိရန် ရှားရှားပါးပါး အခွင့်အလမ်းရရှိခဲ့ပါသည်။
၂၀၀၂ ခုနှစ်၊ ဩဂုတ်လမှ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁ ရက်အထိ ဘာရိန်းနိုင်ငံနှင့် ဒူဘိုင်းနိုင်ငံတွင် အခြေစိုက်သည့် “The Hindu” အတွက် အနောက်အာရှ သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့ပြီး အစောပိုင်းကာလတွင် Atul သည် အီဂျစ်နိုင်ငံရှိ မြို့တော် ကိုင်ရို (Cairo) ၊ လစ်ဗျားနိုင်ငံရှိ မြို့တော် ဘန်ဂါဇီ (Benghazi) နှင့် တူနီးရှားနိုင်ငံရှိ မြို့တော် ကျူးနစ် (Tunis) တို့မှ အာရပ်နွေဦး၏ အလှည့် အပြောင်းများကို ကွင်းဆင်းအစီရင်ခံခြင်းဖြင့် နိုင်ငံတကာသတင်းထောက်တစ်ဦး၏ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ ၎င်းက ပဋိပက္ခဖြစ်ပွားရာဒေသများကို အဓိက အလေးပေး သတင်းရယူကာ လက်ဘနွန်နိုင်ငံရှိ မြို့တော် ဘေရွတ်၊ မြို့တော် ဇိဒုန်(Sidon) နှင့် ဆီးရီးယား နိုင်ငံရှိ မြို့တော် ဒမတ်စကတ် (Damascus) တို့မှ လက်ဘနွန်-ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့အကြား ၂၀၀၆ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လတွင် ဖြစ်ပွားခဲ့သည့် လက်ဘနွန်စစ်ပွဲကို အစီရင်ခံ တင်ပြခဲ့သည်။ ယင်းလက်ဘနွန်စစ်ပွဲအတွက် အစီရင်ခံမတင်ပြမီ ၂၀၀၃-၂၀၀၄ ခုနှစ်တွင် ဘဂ္ဂဒက်၊ နာဂျဖ်၊ ကာကူနှင့် အာဘီလ်မြို့တော်တို့မှ အင်္ဂလိပ်-အမေရိကန် ကျူးကျော်မှုအပြီး အီရတ်စစ်ပွဲအကြောင်း အစီရင်ခံတင်ပြခဲ့သည်။ Atul သည် ၉/၁၁ တိုက်ခိုက်မှုအပြီး အာဖဂန်နစ္စတန်နိုင်ငံရှိ မြို့တော် ကာဘူးလ် (Kabul) ၊ ကာဇက်စတန်နိုင်ငံရှိ မြို့တော် အန်မတီ (Almaty) နှင့် တာဂျစ်စတန်နိုင်ငံရှိ ဒရှန်ဘီ (Dushanbe ) မြို့တော်မှ အာဖဂန်နစ္စတန်ရှိ အခြေအနေများ၊ ကက်ရှ်မီးယားမှ ကာဂီ စစ်ပွဲ (၁၉၉၉)ခုနှစ်များအကြောင်း စစ်ပွဲသတင်းပေးပို့ခြင်းတွင် ၎င်း၏ သွားများကို ဖြတ်တောက်ခဲ့ သည်။ ၎င်းသည် ၁၉၉၆ ခုနှစ်ကတည်းက အီရန်သို့ မကြာခဏ အလည်အပတ်သွားရောက် ခဲ့သည်။
များစွာသော ပထဝီဝင်မြေပြင်အခြေအနေများ အတွေ့အကြုံရှိသည့် Atul သည် နိုင်ငံပေါင်းစုံ ပါဝင်သည့် ဆက်တင်တစ်ခုတွင် ကိုဗစ်ကာလအလွန် ကမ္ဘာ့အစီအစဉ် ပေါ်ပေါက်လာစဉ် ယူရေးရှား၊ တရုတ်၊ အရှေ့တောင်နှင့် ကမ္ဘာ့တောင်ဘက်တို့တွင် ယဉ်ကျေးမှုပေါင်းစုံနိုင်ငံ ( civiliz-ational state) အဖြစ် အိန္ဒိယ၏ အကျိုးစီးပွားမြှင့်တင်ရန် ၎င်း၏ အတွေ့အကြုံများကို အသုံးချ လိုပါသည်။
၎င်းသည် နယူးဒေလီရှိ Jawaharlal Nehru တက္ကသိုလ်, နိုင်ငံတကာဘာသာဗေဒကျောင်း (အာဖရိကဌာနခွဲ) မှ မဟာဝိဇ္ဇာဘွဲ့(ဒဿနိကဗေဒ) M.Phil ဘွဲ့ ရရှိထားသူဖြစ်သည်။
Reference: https://usanasfoundation.com/atul-aneja
Atul Aneja သည် နိုင်ငံခြားရေးရာအထူးပြု ဝါရင့် သတင်းထောက်တစ်ဦးဖြစ်ပါသည်။ ၎င်းသည် India Narrative website ၏ အယ်ဒီတာဟောင်းတစ်ဦးဖြစ်ပြီး ဟိန္ဒူသတင်းစာ၏ မဟာဗျူဟာ ရေးရာ အယ်ဒီတာလည်း ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စု အရှေ့နှင့် ပင်လယ်ကွေ့ကမ်းခြေဆိပ်ကမ်းများရှိ ဆိပ်ကမ်း လုပ်သားများကို ကိုယ်စားပြုသော အလုပ်သမားသမဂ္ဂသည် အလုပ်ရှင်များနှင့် လုပ်ခလစာ ပေးချေမှု တွင် သဘောတူညီမှု ရရှိခဲ့ပြီးနောက် အောက်တိုဘာ ၃ ရက်တွင် သပိတ်မှောက်မှုကို အဆုံးသတ်ခဲ့သည်။
လုပ်ခလစာပေးမှုအပါအဝင် စီမံခန့်ခွဲမှုဆိုင်ရာ အခြားသောပြဿနာများအပေါ် သဘောတူ ညီမှု မရရှိခဲ့သည့်အတွက် သမဂ္ဂသည် အောက်တိုဘာ ၁ ရက်မှ စတင်ကာ သပိတ်မှောက်ခဲ့သည်။

စက်တင်ဘာ ၃၀ ရက်တွင် သက်တမ်းကုန်ခဲ့သည့် စာချုပ်ကို လာမည့်နှစ် ဇန်နဝါရီလ မတိုင်မီရက်အထိ သက်တမ်းတိုးမည်ဟု နှစ်ဖက်စလုံးက သဘောတူခဲ့ပြီး အခြားကျန်ရှိနေသည့် ကိစ္စရပ်များကို ညှိနှိုင်းရန် ညှိနှိုင်ရေးစားပွဲဝိုင်းသို့ ပြန်သွားမည်ဟုသိရသည်။ လာမည့် ခြောက်နှစ် တာကာလအတွင်း လုပ်ခလစာကို ၆၀ ရာခိုင်နှုန်းကျော်အထိ တိုးပေးသွားရန် နှစ်ဖက်စလုံးက သဘောတူခဲ့သည်ဟု အမေရိကန် မီဒီယာတွင် ဖော်ပြသည်။
ဆိပ်ကမ်းပေါင်း ၃၀ ကျော်ရှိ လုပ်သား ၄၅၀၀၀ ခန့်သည် သပိတ်မှောက်မှုတွင် ပါဝင်ခဲ့သည်။ အကယ်၍ သပိတ်မှောက်မှု ဆက်လက်ဖြစ်ပွားပါက ယခုနှစ်ကုန်ပိုင်း အားလပ်ရက် ကာလမတိုင်မီ ကုန်ထုတ်လုပ်မှုနှင့် ရောင်းချမှုကဏ္ဍများတွင် ဆိုးရွားသည့် သက်ရောက်မှု ဖြစ်ပေါ်လာမည်ဟု စိုးရိမ်နေကြသည်။
အင်န်အိတ်ချ်ကေ