၁။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် “အပြုသဘောဆောင်သည့် ကြားနေရေး" (Positive Neutrality) နိုင်ငံခြားရေးမူဝါဒဖြင့် ရပ်တည်ခဲ့ပါသည်။ ထို့နောက် ၁၉၇၁ ခုနှစ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ပထမအကြိမ် ပါတီညီလာခံမှ “လွတ်လပ်သည့် နိုင်ငံခြားရေးမူဝါဒ” (Independence Foreign Policy) ကိုလည်းကောင်း၊ ၁၉၈၁ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ စတုတ္ထအကြိမ် ပါတီ ညီလာခံမှ “လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒ" (Independent and Active Foreign Policy) ကိုလည်းကောင်း၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏
၁။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် “အပြုသဘောဆောင်သည့် ကြားနေရေး" (Positive Neutrality) နိုင်ငံခြားရေးမူဝါဒဖြင့် ရပ်တည်ခဲ့ပါသည်။ ထို့နောက် ၁၉၇၁ ခုနှစ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ပထမအကြိမ် ပါတီညီလာခံမှ “လွတ်လပ်သည့် နိုင်ငံခြားရေးမူဝါဒ” (Independence Foreign Policy) ကိုလည်းကောင်း၊ ၁၉၈၁ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ စတုတ္ထအကြိမ် ပါတီ ညီလာခံမှ “လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒ" (Independent and Active Foreign Policy) ကိုလည်းကောင်း၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ အမိန့်ကြေညာချက်အမှတ် (၃/၈၈) ဖြင့် “လွတ်လပ်၍ တက်ကြွသော နိုင်ငံခြား ရေးမူဝါဒ" ကိုလည်းကောင်း ကျင့်သုံးခဲ့ပါသည်။ ထို့နောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)၊ ပုဒ်မ(၄၁)တွင် ပြဋ္ဌာန်းချက်နှင့်အညီ မြန်မာနိုင်ငံသည် "လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ" (Independent, active and non- aligned foreign policy) ကို ကျင့်သုံးလျက်ရှိပါသည်။ နိုင်ငံ့သမိုင်းကြောင်း တိုးတက်ဖြစ်ထွန်းမှုများနှင့်အတူ နိုင်ငံခြားရေးမူဝါဒ အဆင့်ဆင့် တိုးတက်ပြောင်းလဲ ခဲ့သော်လည်း အခြေခံအနှစ်သာရ ဖြစ်သော လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေ တည်တံ့မှု၊ နိုင်ငံတော်လုံခြုံရေး၊ စည်းလုံးညီညွတ်ရေး၊ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်ရေးနှင့် ငြိမ်းချမ်းရေး တို့သည် ပြောင်းလဲမှုမရှိဘဲ ခေတ်အဆက်ဆက် အမျိုးသားရေးအကျိုးစီးပွားကို တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ မြန်မာ့နိုင်ငံခြားရေးမူဝါဒကို တစ်နိုင်ငံ၏နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရေး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုရေး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တန်းတူ ရည်တူရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ဟူသည့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး (Peaceful co-existence) မူကြီး(၅)ချက်နှင့်အညီ ကျင့်သုံးလျက်ရှိပါသည်။ ထိုသို့ ကျင့်သုံးရာတွင် အစိုးရအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပြည်ပရှိ မြန်မာသံရုံးများ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ၊ ကုလသမဂ္ဂဆိုင်ရာနှင့် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများ၊ ပြည်တွင်းရှိ နိုင်ငံခြား သံရုံးများ၊ ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းရုံးများမှတစ်ဆင့် သံတမန်လမ်းကြောင်းဖြင့် ချိတ်ဆက် ဆောင်ရွက်လျက် နှစ်နိုင်ငံအကြား (Bilateral)နှင့် နိုင်ငံစုံ(Multilateral) စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသားအကျိုးစီးပွားကို ရှေးရှုကာဆောင်ရွက်လျက်ရှိပါသည်။
၃။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် မဟာဗျူဟာအရ အရေးပါသောနေရာ၌ တည်ရှိပြီး တရုတ်၊ အိန္ဒိယတို့ကဲ့သို့သော ကြီးမားသည့် ဈေးကွက်များနှင့် အရှေ့တောင်အာရှဒေသ တို့အကြား ပေါင်းကူး ဆက်စပ်ပေးနိုင်သည့် အခွင့်အလမ်းကောင်းများကို ပိုင်ဆိုင်ထားသည့်နိုင်ငံလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် စီးပွားရေး ချိတ်ဆက်မှုများပြုလုပ်နိုင်ရန် အတွက် ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အထူးသဖြင့် အာဆီယံ (ASEAN)၊ ဘင်းမ်စတက် (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation, BIMSTEC)၊ အက်ခ်မက် (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy, ACMECS) စသည်တို့တွင် အဖွဲ့ဝင်အဖြစ် တက်ကြွစွာ ပါဝင်လျက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ၊ မဲခေါင်-လန်ချန်း၊ မဲခေါင်-ဂျပန်၊ မဲခေါင်-ကိုရီးယားစသည့် မဲခေါင်မြစ်ဝှမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမျိုးစုံ၊ ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်အဖွဲ့ (Regional Comprehensive Economic Partnership, RCEP) တို့၌ ပါဝင်ဆောင်ရွက်လျက်ရှိသည့်အပြင် တရုတ်နိုင်ငံ၏ “ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းများနှင့် စီးပွားရေးဆိုင်ရာ စီမံကိန်းများ" ကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေး၊ အခြေခံအဆောက်အအုံ တိုးတက်ရေးဆိုင်ရာ စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံသည် အာဆီယံ၏ စီးပွားရေးအသိုက်အဝန်းအောက် တွင် အာဆီယံစီးပွားရေးလမ်းပြမြေပုံ(၂၀၂၅)နှင့် စီးပွားရေးပေါင်းစည်းမှု ရည်မှန်းချက်ပန်းတိုင် ပြည့်မီရေးအတွက် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။
၄။ မြန်မာနိုင်ငံအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို ဦးတည်ချက် ထားရှိကာ စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်များ၊ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး ချုပ်ဆိုရေး နှင့်အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပြည်ပဈေးကွက်များတွင် မြန်မာ့ဒေသထွက်ကုန်များ အရောင်း မြှင့်တင်ရေး၊ နိုင်ငံတကာခရီးသွားပြပွဲများ၊ ကုန်စည်ပြပွဲများတွင် ပါဝင်ပြသရေး၊ စီးပွားရေးဇုန်များတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် ရင်းနှီးမြှုပ်နှံရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကဏ္ဍအလိုက် သက်ဆိုင်ရာတာဝန်ခံဝန်ကြီးဌာနများနှင့် ပြည်ပနိုင်ငံများမှ ဌာန/အဖွဲ့အစည်းများအကြား မြန်မာ သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။
၅။ အချုပ်အားဖြင့် မြန်မာနိုင်ငံသည် ၎င်း၏ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒနှင့်အညီ ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ကာ နိုင်ငံတကာ ဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံချင်း(Bilateral)၊ ဒေသတွင်း(Regional)နှင့် နိုင်ငံစုံ(Multilateral) ပူးပေါင်းဆောင်ရွက်ရေးများမှတစ်ဆင့် နယ်ပယ်ကဏ္ဍပေါင်းစုံ၌ နိုင်ငံတကာနှင့် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ဆွေးနွေးပေးသည့်ဌာန - နိုင်ငံခြားရေးဝန်ကြီးဌာန

ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကုန် သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်ခဲ့မှုနှင့်အတူ ဆန်ကုန်သွယ်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာအား မြန်ဆန်စွာ အကောင်အထည် ဖော်ရေး သြဂုတ် ၂၂ ရက်တွင် နှစ်နိုင်ငံအကြား သဘောတူ ခဲ့ကြောင်း သိရသည်။

(၅) ကြိမ်မြောက် ကမ္ဘောဒီးယား-အင်ဒိုနီးရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် အစည်းအဝေး JCBC)၏ရလဒ်အားသတင်းထုတ်ပြန်ရာတွင် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဖြစ်သူSok Chenda Sophea နှင့် အင်ဒိုနီးရှား သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူRetno L.P. Marsudi တို့က နှစ်နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ တိုးတက်မှုအပေါ် ကျေနပ်အားရဖွယ်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် သြဂုတ် ၂၁ ရက် မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် အဆိုပါJCBC အစည်းအဝေး ၌ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် ပူးတွဲသဘာပတိများ အဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။ အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့၌ နောက်ဆုံးကျင်းပခဲ့သည့် ကမ္ဘောဒီးယား - အင်ဒိုနီးရှား JCBC ) အစည်းအဝေးမှစ၍ ကဏ္ဍအသီးသီး တွင် တိုးတက်မှုများအပေါ် နှစ်ဖက်နိုင်ငံများအနေဖြင့် ကျေနပ်အားရကြောင်း၊ စီးပွားရေးကဏ္ဍ၌ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်လွန်ခဲ့သော နှစ်နိုင်ငံ ကုန်သွယ်မှု တည်ငြိမ်စွာ တိုးတက်လာခြင်းကို ကျေနပ်အား ရခဲ့ပြီး ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို မြန်ဆန်စွာ အကောင်အထည်ဖော်ရေး သဘောတူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်ဖက်နိုင်ငံမှ ဝန်ကြီးများအနေဖြင့် စားနပ်ရိက္ခာ ဖူလုံရေး၏ အရေးပါမှုကို အလေးပေး ပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သော စိုက်ပျိုး ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး နား လည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး နိုင်ရေးတို့ကို အကောင်အထည်ဖော်နိုင်ရန် အရှိန်မြှင့်တင် ဆောင်ရွက်မည့် ကတိကဝတ်အား ကြေညာခဲ့သည်။
စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ ချိတ် ဆက်မှုများ တိုးတက်ရန်နှင့် လွယ်ကူချောမွေ့စေရန် နှစ်နိုင်ငံ ဝန်ကြီးများသည် နှစ်နိုင်ငံ ခရီးသွားမြို့များအကြား တိုက်ရိုက် လေယာဉ်များ ပျံသန်းနိုင်ရေးကြိုးပမ်းရန်၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို အစောဆုံး အဆုံးသတ်ရန်၊ စီယမ်ရတ်ပ်နှင့် ဂျာဗားအလယ် ပိုင်းတို့အကြား ညီအစ်မပြည်နယ်များအဖြစ် ပူးပေါင်းဆောင် ရွက်မှုကို တိုးချဲ့ရန်နှင့် ဖနွမ်းပင်နှင့် အနောက်ဆူမားတြားမြို့ တို့အကြား ညီအစ်မမြို့တော် ဆက်ဆံရေး တည်ထောင်နိုင် တို့ကို သဘောတူညီခဲ့ကြကြောင်း သိရသည်။
ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ရန် အတွက် ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ) နှင့် အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုရေးရာဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် သဘောတူညီခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၌ ဆန်စက်များနှင့် သိုလှောင်ရုံများ ပါဝင် သော စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရန် အင်ဒိုနီးရှားနိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေး အေဂျင်စီ Perum BULOG၏ ရည်ရွယ် ဆောင်ရွက်မှုကိုလည်း အဆိုပါအစည်းအဝေးမှ ကြိုဆိုခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် စွမ်းအင်၊ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ ICT၊ ကျန်းမာရေး၊ မြစ်ဝှမ်း စီမံခန့်ခွဲမှုတွင် ပူးပေါင်းဆောင်ရွက်မှု၊ စက်မှုပူးပေါင်းဆောင် ရွက်မှု၊ ဒီဂျစ်တယ်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့် ရေးများအပါအဝင် အခြားသော အဓိကပူးပေါင်းဆောင်ရွက် ရေးကဏ္ဍများအား ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြောင်း၊ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေး၏ အရေးပါ မှုနှင့် စပ်လျဉ်းသည့် အမြင်များကို ဝေမျှခဲ့ကြပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း၊ နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီးများသည် နိုင်ငံတကာစင်မြင့်တွင် အပြန်အလှန် ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်မည့် ၎င်းတို့၏သန္နိဋ္ဌာန်ကို အခိုင်အမာ ပြောကြားခဲ့ကြ ကြောင်း၊ အဆိုပါJCBC အစည်းအဝေး၏ သဘောတူညီ ချက်မှတ်တမ်းများကို လက်မှတ်ရေးထိုးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း၊ (၆) ကြိမ်မြောက်f JCBC အစည်းအဝေးကို ၂၀၂၆ ခုနှစ်တွင် အင်ဒိုနီးရှား၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးRetno L.P. Marsudi သည် သြဂုတ် ၂၁ ရက်တွင် ငြိမ်းချမ်းရေးနန်းတော်၌ ကမ္ဘော ဒီးယားဝန်ကြီးချုပ် ဟွန်မာနက်အား ဂါရဝပြု တွေ့ဆုံခဲ့ပြီး အဓိကအလားအလာရှိသည့် နယ်ပယ်များဖြစ်သည့် စီးပွား ရေးနှင့် ကုန်သွယ်မှု၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူချင်း ချိတ်ဆက်မှုအပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဆက်လက် မြှင့်တင်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိ ရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ကုန်သွယ်ဖက်နိုင်ငံများအပေါ် အပြန်အလှန် အကောက်ခွန် စည်းကြပ်ခြင်းအစီအစဉ်သည် စည်းကြပ်ခွန်များ လျော့ပါးစေရေးကို ဖော်ဆောင်နိုင်မည့် စေ့စပ်ညှိနှိုင်းမှုများကို ကယောက်ကယက် ဖြစ်စေနိုင်သော်လည်း အလားတူ ပြင်းထန်သည့် လက်တုန့်ပြန်မှု ဖြစ်စေကြောင်းကို လေ့လာသူများက သတိပေးလျက်ရှိပါသည်။

“ဒါဟာ နိုင်ငံအားလုံးအပေါ် လုပ်ဆောင်ခြင်းဖြစ်ပြီး မိမိတို့အပေါ် မျှမျှတတ ဆက်ဆံလျှင် မိမိတို့ကလည်း မျှမျှတတ ပြန်ဆက်ဆံမည်”ဟု ထရမ့်က သတင်းထောက်များအား ပြောကြားခဲ့ ပါသည်။ သမ္မတလုပ်ဆောင်မည့် အစီအစဉ်အသေးစိတ်အချက်အလက်များနှင့် အကျိုုးဆက်များမှာ အဘယ်နည်း။
အပြန်အလှန်အကောက်ခွန်စည်းကြပ်ခြင်းဆိုသည်မှာ
အကောက်ခွန်ဆိုသည်မှာ ပြည်ပနိုင်ငံတစ်ခုက တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ခံခြင်း ဖြစ်ပါသည်။ ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်ကာလတွင် ကတိပြုထားသည့် အပြန်အလှန်အကောက်ခွန် စည်းကြပ်ခြင်းအနေဖြင့် “တစ်ယောက်က လုပ်ရင် တစ်ယောက်က ပြန်လုပ်မှာဘဲ” ဆိုသည့် စကားကဲ့သို့ တစ်ဘက်က အကောက်ခွန်စည်းကြပ်ခြင်းအတွက် အခြား တစ်ဘက်ကလည်း အကောက်ခွန်စည်းကြပ်ရာတွင် တူညီသည့် ပမာဏကို ပြန်လည်ကောက်ခံခြင်းပဲ ဖြစ်ပါသည်။
“ကွန်မြူနစ်တရုတ်ကဲ့သို့ မဟာဗျူဟာမြောက် ယှဉ်ပြိုင်ဘက်၊ သို့မဟုတ် ဥရောပသမဂ္ဂ၊ သို့မဟုတ် ဂျပန်၊ သို့မဟုတ် ကိုရီးယားကဲ့သို့ မဟာမိတ်ဖြစ်ဖြစ် ကိစ္စမရှိဘူး”ဟု အိမ်ဖြူတော်မှ တာဝန်ရှိသူ တစ်ဦးက သတင်းထောက်များအား ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့ပါတယ်။
“အဆိုပါနိုင်ငံတစ်ခုချင်းစီအနေဖြင့် မိမိတို့ထံမှ နည်းလမ်းအမျိုးမျိုးဖြင့် အခွင့်ကောင်းယူနေကြပြီး သမ္မတက ဒီလိုဖြစ်ရခြင်းမှာ အပြန်အလှန် အကောက်ခွန် စည်းကြပ်မှုမရှိတဲ့အတွက်ကြောင့် ဖြစ်သည်ဟု သတ်မှတ်ကြောင်း” အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ အပြန်အလှန် အခွန်စည်းကြပ်မှုသည် အခြားနိုင်ငံများမှ အမေရိကန်ထုတ်ကုန်ပစ္စည်းများအပေါ် သတ်မှတ်သည့်အဆင့်နှင့် ကိုက်ညီစေရန် သွင်းကုန်ပစ္စည်းများအပေါ် သတ်မှတ်နှုန်းထား တိုးမြှင့်ခြင်း များကို ဆိုလိုသည်ဟု ယူဆနိုင်ပြီး စည်းကြပ်ခွန်များကို တစ်နိုင်ငံချင်းအလိုက် သတ်မှတ်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့တယ်။
သို့သော် အခြားနိုင်ငံများမှ အမေရိကန်ကုန်ပစ္စည်းများအပေါ် သတ်မှတ်ထားသည့် စည်းကြပ်ခွန်နှုန်းထားများအား ထည့်သွင်းစဉ်းစားမှုအပြင် ထရမ့်၏အစီအစဉ်တွင် ထပ်တိုး ကောက်ခံသော တန်ဖိုးမြှင့် ထုတ်ကုန်များအပေါ် ကောက်ခံသည့် အခွန်များ (VATs) ကဲ့သို့သော ပုံမှန်မဟုတ်သော အကောက်ခွန်စည်းကြပ်သည့် အကြောင်းအရင်းများကိုလည်း လေ့လာရပါမည်။
ဘယ်တော့သတ်မှတ်မလဲ
ယခုအချိန်တွင် ထရမ့်၏အစီအစဉ်၌ စီးပွားရေးရာဝန်ကြီးနှင့် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်တို့အား ဘဏ္ဍာရေးဌာနအကြီးအကဲ အပါအဝင် အခြားသူများနှင့် တိုင်ပင်ကာ ပြဿနာအရင်းအမြစ်ကို လေ့လာပြီး ကုစားမည့် နည်းလမ်းများအား အဆိုပြုရန် တိုက်တွန်းခဲ့ပါ သည်။ ထရမ့်၏ စီးပွားရေးရာဝန်ကြီးအဖြစ် အဆိုပြုထားသူ Howard Lutnick က အကောက်ခွန် စည်းကြပ်ရေး ပြဿနာများအား လေ့လာပြီးနောက် အစောဆုံး ဧပြီလ ၂ ရက်နေ့တွင် စတင် နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ အိမ်ဖြူတော်မှာ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ အရ အမေရိကန်နိုင်ငံအနေဖြင့် ကုန်သွယ်ရာတွင် ကုန်သွယ်ရေး လိုငွေပြမှု သို့မဟုတ် တစ်ဘက် စောင်းနင်း အဖြစ်ဆုံး နိုင်ငံများအား စိစစ်ပြီး အစီအမံများကို အမြန်ဆုံး စတင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ဘယ်သူတွေ အထိခိုက်ဆုံး ဖြစ်မလဲ
တစ်နိုင်ငံနှင့် တစ်နိုင်ငံ သွင်းကုန်အပေါ် အပြန်အလှန် စည်းကြပ်မှုက အမေရိကန်ထုတ်ကုန် တွေကို မဖြစ်အနေ အသုံးပြုနေရသည့် နလန်ထကာစ အချို့သော ဈေးကွက်စီးပွားရေး ဝန်းကျင်များ အတွက် “ဘူးလေးရာ ဖရုံဆင့်” ဆိုသလို အခွန်အထုပ် ကြီးမြင့်မှုကို ခါးဆီးခံကြရဖွယ် ရှိကြောင်း ဈေးကွက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် JP Morgan က ဝေဖန်သုံးသပ်ပါသည်။
အိမ်ဖြူတော်က နောက်ဆုံးပေါ် အခွန်အကောက် အစီအစဉ်ကို မိတ်ဆက်သည့်နေရာတွင် ဘရာဇီးနှင့် အိန္ဒိယ ကဲ့သို့ နိုင်ငံများ၏ အခွန်ကောက်ခံမှုစနစ်များကို ကိုးကားပြောကြားခဲ့ပါသည်။ ဉပမာအားဖြင့် ဘရာဇီးနိုင်ငံက အမေရိကန်နိုင်ငံ၏ ပို့ကုန်ဖြစ်သည့် အီသနောဓာတ်ငွေ့လောင်စာ ဆီအပေါ် သွင်းကုန်ခွန် ၁၈ ရာခိုင်နှုန်း စည်းကြပ်နေသည့်အချိန်တွင် အမေရိကန်က အီသနော ဓာတ်ငွေ့လောင်စာဆီ တင်သွင်းမှုအပေါ် ၂.၅ ရာခိုင်နှုန်း အခွန်စည်းကြပ်နေကြောင်း ထောက်ပြ ပါသည်။
အမေရိကန်၏ သွင်းကုန်များအပေါ် ၂.၅ ရာခိုင်နှုန်း အခွန်ကောက်ခံခြင်းနှင့် နှိုင်းယှဉ်ပါက ဥရောပသမဂ္ဂအနေဖြင့် မော်တော်ကား တင်သွင်းမှုအပေါ် ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ခြင်းက ကုန်သွယ်မှုအပေါ် “အလွန်ကို ရက်စက်ရာ ကျသည်” ဟု အမေရိကန်အစိုးရ၏ ပြောရေးဆိုခွင့် ရှိသူက ခိုင်းနှိုင်း ပြောကြားခဲ့ပါသည်။ သို့သော်လည်း အမေရိကန်၏ Light Truck ကုန်တင်ယာဉ် များကဲ့သို့ အခြားထုတ်ကုန်များအပေါ် အခွန်နှုန်းထားများကို တိုးမြှင့်ကောက်ခံနေခြင်းက ဝေဖန် သုံးသပ်သူများက ထောက်ပြစရာ ဖြစ်နေပါသည်။
ပြဿနာတွေက ဘာလဲ?
VAT ကဲ့သို့သော အခွန်ကင်းလွတ်ခွင့် ကိစ္စရပ်များကို ဖြေရှင်းရန် အပြန်အလှန် အခွန် ကောက်ခံခြင်းများကို အသုံးပြုခြင်းက သာမန်အားဖြင့် အခွန်ကောက်ခံမှုကို ထိရောက်မှု ရှိစေနိုင် ပါသည်” ဟု သုတေသီ Goldman Sachs က ယခင်က ပြောကြားခဲ့ဖူးပါသည်။ သို့သော် “VAT ဆိုသည်မှာ နယ်မြေဖြတ်ကျော် ကုန်သွယ်ခွင့်အပေါ် အထူးအခွင့်အရေး အနေဖြင့် စည်းကြပ်မှု ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ ပို့ကုန်များအပေါ် အခွန်လျှော့ချပြီး သွင်းကုန်များအပေါ် အခွန်တိုး ကောက်ခြင်းမျိုး ဖြစ်ကြောင်း” ဟု အခွန်နှင့်ပတ်သက်သည့် ဖောင်ဒေးရှင်းမှ သုတေသီများက မှတ်ချက်ပေးပါသည်။
တစ်ဘက်မှာ “ပို့ကုန်များအပေါ် ထောက်ပံ့ကြေးပေးသည်နှင့် သွင်းကုန်များအပေါ် အရေးယူမှုများကို အထင်အရှား တွေ့နေရသော်လည်း နယ်စပ်ဖြတ်ကျော် ကုန်သွယ်ခွင့်နှင့်ပတ်သက်သည့် VAT ကတော့ ပုံမှန် အခြေအနေမှာပဲ ရှိနေကြောင်း” ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။ ထိုအချက်က ဆွေးနွေးညှိနှိုင်းမှုများတွင် မပြတ်မသား ဖြစ်နေသည် ဆိုသည်ကို သက်သေပြနေခြင်း ဖြစ်ပါသည်။
“ထရမ့်အနေဖြင့် အခွန်အမျိုးမျိုးကို နှစ်ဆတိုးကောက်ပါက အခြားနိုင်ငံများကလည်း လက်တုံ့ ပြန်လာနိုင်ပါသည်” ဟု PIIE မှ အကြီးတန်း စီးပွားရေးပညာရှင် Maurice Obstfeld က သတိပေးခဲ့ပါသည်။
“အဓိကနိုင်ငံကြီးများအတွက် ထိခိုက်မှုများလေလေ၊ အခြားနိုင်ငံများကို ၎င်းတို့နှင့် ပူးပေါင်း လာရန် ကြိုးစားလာနိုင်ခြေများလေလေ ဖြစ်လိမ့်မည်” ဟု ၎င်းက ဆက်လက်ပြောဆိုပါသည်။ အမေရိကန်၏ အခွန်တိုးမြှင့်မှုသည်လည်း တင်သွင်းသူများအတွက် ကုန်ကျစရိတ် တိုးလာစေမည် ဖြစ်ပါသည်။
ရည်မှန်းချက်က ဘာလဲ?
ထရမ့်၏ မူဝါဒသည် တတိယနိုင်ငံများ “အမေရိကန်၏ ခွဲခြားဆက်ဆံမှု မခံရစေရန် အမေရိကန်၏ မျက်နှာသာပေးမှုကို ခံရစေရန်” ဖိအားပေးသည့် ရည်ရွယ်ချက် ရှိနေသည်” ဟု PIIE မှ ဝါရင့်ပညာရှင် Obstfeld က ဆိုပါသည်။ ဥပမာ- ဘရာဇီးနိုင်ငံက အမေရိကန်၏ ကားတင်သွင်းမှု အပေါ် အခွန်နှုန်းထားများကို လျှော့ချသော်လည်း အခြားနိုင်ငံက တင်သွင်းလာသည့် ကားများအပေါ် နှုန်းထားတူ အခွန်စည်းကြပ်မည်” ဆိုသည်မျိုး ဖြစ်ပါသည်” ဟု ၎င်းကဆက်ပြောတယ်။ အပြန်အလှန် အခွန်တိုးမြှင့်ကောက်ခံမှုအန္တရာယ်သည် ညှိနှိုင်းရေးဗျူဟာတစ်ခု မဟုတ်ခြင်းတော့ သေချာကြောင်း အကဲခတ်များက မှတ်ချက်ပြုပါသည်။ ယင်းသည် အမေရိကန်၏ နိုင်ငံရပ်ခြား စီးပွားရေးလုပ်ငန်းများကို အမှန်တကယ် ဖိအားများ ဖြစ်လာစေမည့် အနေအထားတစ်ခု ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အိမ်ဖြူတော်အနေဖြင့် “အခွန်း စည်းကြပ်မှုကို တစ်ပုံစံတည်း သတ်မှတ်ကျင့်သုံးမည်” ဆိုသည့်ကိစ္စကို ပယ်ဖျက်မည်ဆိုသည်မျိုး ပြောကြားခဲ့ခြင်း မရှိသည်ကို တွေ့ရပါသည်။
ကိုးကား- CNA

၁။ နိုင်ငံတကာဘဏ္ဍာရေးနယ်ပယ်တွင်လည်းကောင်း၊ ကမ္ဘာ့ငွေကြေးကိစ္စများတွင် လည်းကောင်း အမေရိကန်ဒေါ်လာ၏ ဩဇာညောင်းမှု၊ လွှမ်းမိုးမှုကြီးမားခဲ့သည်မှာ ကြာခဲ့ပြီ။ သို့သော် ကမ္ဘာ့စီးပွားရေး၊ ကုန်သွယ်ရေးအခြေအနေများ၊ ပထဝီနိုင်ငံရေးရေချိန်အနိမ့်အမြင့် အပြောင်းအလဲများအပေါ်မူတည်၍ အမေရိကန်ဒေါ်လာ၏ တွင်ကျယ်နေမှုကို စိန်ခေါ်မှုများ၊ ဆန့်ကျင်မှုများသည် အချိန်ကာလတစ်လျှောက်လုံး ရှိနေခဲ့သည်။ ယခုအချိန်တွင်မူ စီးပွားရေး အင်အားကြီးနိုင်ငံအချို့က ယခင်ကာလများထက် အမေရိကန်ဒေါ်လာ အသုံးပြုမှုလျှော့ချရေးကို ပို၍စိတ်ဝင်စား၊ ပို၍အားထုတ်မှုများ ရှိလာသည်။ ထို့ကြောင့် အမေရိကန်ဒေါ်လာနှင့်ဆက်စပ် နေသည
၁။ နိုင်ငံတကာဘဏ္ဍာရေးနယ်ပယ်တွင်လည်းကောင်း၊ ကမ္ဘာ့ငွေကြေးကိစ္စများတွင် လည်းကောင်း အမေရိကန်ဒေါ်လာ၏ ဩဇာညောင်းမှု၊ လွှမ်းမိုးမှုကြီးမားခဲ့သည်မှာ ကြာခဲ့ပြီ။ သို့သော် ကမ္ဘာ့စီးပွားရေး၊ ကုန်သွယ်ရေးအခြေအနေများ၊ ပထဝီနိုင်ငံရေးရေချိန်အနိမ့်အမြင့် အပြောင်းအလဲများအပေါ်မူတည်၍ အမေရိကန်ဒေါ်လာ၏ တွင်ကျယ်နေမှုကို စိန်ခေါ်မှုများ၊ ဆန့်ကျင်မှုများသည် အချိန်ကာလတစ်လျှောက်လုံး ရှိနေခဲ့သည်။ ယခုအချိန်တွင်မူ စီးပွားရေး အင်အားကြီးနိုင်ငံအချို့က ယခင်ကာလများထက် အမေရိကန်ဒေါ်လာ အသုံးပြုမှုလျှော့ချရေးကို ပို၍စိတ်ဝင်စား၊ ပို၍အားထုတ်မှုများ ရှိလာသည်။ ထို့ကြောင့် အမေရိကန်ဒေါ်လာနှင့်ဆက်စပ် နေသည့် နိုင်ငံများသာမက အမေရိကန်အစိုးရကိုယ်တိုင်ပင် စဉ်းစားစရာ၊ စိုးရိမ်စရာများရှိလာ သည်ဟု မှတ်ချက်ပြုကြသည်။
၂။ အမေရိကန်ဒေါ်လာ ငွေကြေးအသုံးပြုမှုကို လျှော့ချရေး(ခေါ်) ဒီဒေါ်လာရိုက်ဇေးရှင်း (De-dollarization)ကို ကမ္ဘာ့ဘဏ္ဍာရေးတည်ငြိမ်မှုများအပေါ် သက်ရောက်နိုင်ခြေများသည့် ကြီးမားသောပြဿနာအဖြစ် အားလုံးက ထင်မြင်နေကြပြီဖြစ်၏။ ကမ္ဘာလုံးဆိုင်ရာအရန်အက်ဆက် (Reserve Asset)များတွင် ဒေါ်လာငွေပါဝင်မှု အပြောင်းအလဲများသည် နိုင်ငံအတော်များများတွင် ဘဏ္ဍာရေးမတည်ငြိမ်မှုများကို ဖန်တီးဖြစ်ပေါ်စေလျက် အရင်းအနှီး စီးဆင်းမှုများ၊ အက်ဆက်ဈေးနှုန်း အလှုပ်အရှားများဆီသို့ ဦးတည်နေသည်။ အထူးသဖြင့် အမေရိကန်ဒေါ်လာငွေကြေးဖြင့် နိုင်ငံခြားကြွေးမြီပမာဏ များပြားစွာ ယူထားသောနိုင်ငံများ၊ ထွန်းသစ်စဈေးကွက်နိုင်ငံများတွင် ဖြစ်လာနိုင်သည်။ နိုင်ငံအသီးသီးရှိ ပေါ်လစီရေးဆွဲသူများသည် ဘဏ္ဍာရေးတည်ငြိမ်မှုကို အကာအကွယ်ပေးနိုင်ရေးနှင့် အပြောင်းအလဲများ ထိန်းချုပ်ရေးလုပ်ဆောင်နိုင်ရေးတို့အတွက် လုံ့လဝီရိယ ပိုမိုစိုက်ထုတ်ရန်လိုသည်ဟု အကြံပြုကြသည်။
၃။ အမေရိကန်ဒေါ်လာနေရာတွင် စိတ်ချရသည့် ငွေကြေးသစ်တစ်မျိုး အစားထိုးသုံးစွဲနိုင်ရန်မှာ ခိုင်မာသောစီးပွားရေးအဆောက်အအုံ၊ အရည်အသွေးစိတ်ချရသည့် ငွေကြေး ဈေးကွက်များ၊ ကောင်းမွန်ထိရောက်သောငွေကြေးနှင့် ဘဏ္ဍာရေးမူဝါဒ မူဘောင်များရှိရန် လိုအပ်သည်ကို သတိပြုမိကြသည်။ လက်ရှိအခြေအနေတွင် အဆိုပါလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသည့် ငွေကြေးအမျိုးအစား မတွေ့ရသေးပေ။ သို့သော် နိုင်ငံတကာက သတိပြုမိလောက်သည့် တိုးတက်မှုများရှိသောငွေကြေးများ ပေါ်ထွက်လာနေသည်။ အထူးသဖြင့် ဥရောပငွေကြေးယူရို နှင့် တရုတ်ငွေကြေး ယွမ်တို့ကို ထောက်ပြကြ၏။ ပေါ်လစီရေးဆွဲသူများအနေဖြင့် အမေရိကန် ဒေါ်လာငွေကြေးအသုံးပြုမှု လျှော့ချခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်အခက်အခဲများကို လျှော့ချ နိုင်ရေး အားထုတ်နေစဉ်မှာပင် ကွဲပြားခြားနားမှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးကျေးဇူး များကို ရရှိခံစားနိုင်စေရန်အတွက် ငွေကြေးမျိုးစုံ အရန်ထားရှိသည့် စနစ်တစ်ရပ်ဖြစ်နိုင်ခြေရှိ၊ မရှိကိုပါ လေ့လာဖော်ထုတ်သင့်သည်ဟုသုတေသီအချို့ကဆိုသည်။ လက်ရှိအခြေအနေတွင် အမေရိကန်ဒေါ်လာနှင့်ယှဉ်လျက် ယုံကြည်စိတ်ချရမည့် အခြားသောငွေကြေးတစ်မျိုး အစားထိုး နိုင်ရေးအားထုတ်မှုများသည် စတင်လုပ်ဆောင်ချိန်ကတည်းက အားလုံးအပေါ်တွင် ဖိအားဖြစ် စေသည့် ပြဿနာဖြစ်နေသည်။
၄။ အမေရိကန်ဒေါ်လာအသုံးပြုမှု လျှော့ချခြင်းသည် ငွေကြေးလဲလှယ်မှုနှုန်းများကိုလည်း မတည်ငြိမ်မှု ပိုမိုဖြစ်လာစေနိုင်သည်။ အထူးသဖြင့် ဒီဒေါ်လာရိုက်ဇေးရှင်း(De-dollarization) ပြုလုပ်သည့် အစောပိုင်းကာလများတွင် ပိုမိုဖြစ်လာနိုင်သည်ဟု မှန်းဆနေကြသည်။ ငွေကြေး လဲလှယ်နှုန်းအပြောင်းအလဲများသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်အရင်းအနှီး စီးဆင်းမှုများအပေါ် သက်ရောက်လွှမ်းမိုး ဖြစ်ပေါ်မှုများ ရှိလာနိုင်သည်။အထူးသဖြင့် ဘဏ္ဍာရေးစျေးကွက် အားနည်းနေသောနိုင်ငံများ သို့မဟုတ် ဈေးကွက်ကို ထိန်းကျောင်းပေးမည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်အားနည်းသော နိုင်ငံများတွင်အန္တရာယ်ရှိနိုင်သည်။ မူဝါဒချမှတ်သူများနှင့် စျေးကွက်အတွင်း ပါဝင်ပတ်သက်နေသူများက အခြေအနေအပြောင်းအလဲများကို စဉ်ဆက်မပြတ် ဂရုတစိုက်စောင့်ကြည့်လေ့လာလျက် အနှောင့်အယှက်အဟန့်အတား တစ်စုံတစ်ရာမဖြစ်ပေါ် စေရန် သင့်လျော်သော မူဝါဒအစီအမံများကို ကြိုတင်ပြင်ဆင်ထားရန် လိုပါသည်။
၅။ ဒီဒေါ်လာရိုက်ဇေးရှင်း၏ အကျိုးဆက်ကြောင့် အမေရိကန်နိုင်ငံ၏ ငွေကြေးမူဝါဒ အပြောင်းအလဲဖြစ်လာနိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများသည် အမေရိကန်နိုင်ငံနှင့်ဆက်ဆံရေး လျော့ကျလာနိုင်ကာ ၎င်းတို့၏ ငွေကြေးဆိုင်ရာအခွင့်အာဏာများကိုလည်းတိုးမြှင့်ရေးလုပ်ဆောင်လာနိုင်ဖွယ်ရှိသည်။ အကျိုးဆက်များသည် အဆိုးအကောင်း တန်းစီနေပေလိမ့်မည်။ ငွေရေးကြေးရေးစနစ် အားနည်းသောနိုင်ငံများတွင် ဘဏ္ဍာရေးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာ၌ ယခင်ကထက် ခက်ခဲမှုများ ပို၍ရှိလာနိုင်သည်။ အပြောင်းအလဲများကြောင့် ရှားပါးသော အရင်းအမြစ်များအပေါ်ပိုမို စူးစိုက်သုံးစွဲလာရသဖြင့် ကုန်ကျစရိတ်များပါ မြင့်တက် လာနိုင်သည်။
၆။ ဒီဒေါ်လာရိုက်ဇေးရှင်း (De-dollarization)ကြောင့် စတင်ပျိုးထောင်လုပ်ကိုင်မည့် စီးပွားရေးလုပ်ငန်းသစ်များ အကျိုးဖြစ်ထွန်းမှုရှိလာနိုင်သကဲ့သို့ ခက်ခဲမှုများလည်း ပိုတွေ့လာ နိုင်သည်။ ထို့အတူ ပြည်တွင်းနှင့်ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အားပေးမှုများကြောင့် ဘဏ္ဍာငွေရရှိမှုအခြေအနေ ကောင်းမွန်လာနိုင်သော်လည်း ငွေကြေးဆိုင်ရာ စိုးရိမ်မှုများကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ စီးဝင်မှုကို ဟန့်တားမှုများသည့် အခြေအနေများ ဖြစ်လာနိုင်သည်။ နယ်စပ်ဖြတ်ကျော် ငွေပေးငွေယူများ၌ လုပ်ငန်းဆိုင်ရာအခက်အခဲများနှင့် ကုန်ကျစရိတ်များမြင့်မားကာ ရှုပ်ထွေးမှုများ ရှိလာနိုင်လိမ့်မည်။
၇။ စဉ်းစားစရာများ ရှိနေသေးသည်။ ငွေကြေးအမျိုးအစားသစ်တစ်ရပ်ကို ဈေးကွက်များက မည်သို့မည်ပုံ တုံ့ပြန်နိုင်သနည်း။ လူတိုင်းစဉ်းစားနိုင်သည့်အချက်မှာ တီထွင်ဖန်တီးထားသည့် ငွေကြေးသစ်ကို ဈေးကွက်များက (မမှန်းဆနိုင်သည့်) နည်းလမ်းအမျိုးမျိုးဖြင့် တုံ့ပြန်နိုင်သောကြောင့် ထူထောင်ခါစ လုပ်ငန်းများအပါအဝင် လုပ်ငန်းအတော်များများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ဘေးအန္တရာယ်များ ကြုံတွေလာရနိုင်သည်။ လွယ်လွယ်ကူကူ စီမံခန့်ခွဲနိုင်မည် မဟုတ်၊ ပြင်ဆင်အားထုတ်နေစဉ်မှာပင် ဈေးကွက်မတည်ငြိမ်မှုကို ကြုံရနိုင်ပေသည်။ ကောင်းကျိုး များလည်း မျှော်လင့်နိုင်သည်။ စိန်ခေါ်မှုအသစ်များအောက်၌ နည်းပညာသစ်များ၊ လုပ်ငန်း မဟာဗျူဟာသစ်များ၊ စီးပွားရေးလုပ်ငန်းပုံစံသစ်များနှင့် လုပ်ကိုင်နိုင်သည့် စီးပွားရေးဝန်းကျင်သစ် တစ်ရပ်ကို ဖန်တီးပေးနိုင်ပါက စွန့်ထွင်လုပ်ငန်းရှင်များ၏ စွမ်းရည်ကို လှုံ့ဆော်တွန်းအားပေး သကဲ့သို့ ဖြစ်လာနိုင်ပေသည်။
၈။ သေချာသည့်အချက်မှာ ဒီဒေါ်လာရိုက်ဇေးရှင်း(De-dollarization)ဟု ခေါ်ဆိုနေကြသည့် အမေရိကန်ဒေါ်လာ အသုံးပြုမှုလျှော့ချခြင်းကြောင့် ဖြစ်လာနိုင်သည့် သက်ရောက်မှုများကို မိုက်ခရိုစီးပွားရေးရှုထောင့် (လုပ်ငန်းတစ်ခုချင်းစီ၏အခြေအနေကိုရှုမြင်မှု)မှဖြစ်စေ၊ မက်ခရို စီးပွားရေးရှုထောင့် (နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေးအခြေအနေကို ရှုမြင်မှု)မှဖြစ်စေ ကြိုတင် မှန်းဆကြည့်ပါက အခွင့်အလမ်းနှင့် စိန်ခေါ်မှုနှစ်မျိုးစလုံးကို မြင်ရပေလိမ့်မည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန
စောနိုင် (အသုံးချဘောဂဗေဒ)