မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများအားလုံးသည် ရှေးနှစ်ပေါင်းများစွာကပင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် အေးအတူပူအမျှ စည်းလုံးညီညွတ်စွာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည် နေထိုင် ခဲ့ကြသည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၏ သာယာလှပသော တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်ကောင်းများဖြင့် ရိုးသား ဖြူစင်သော နာဂတိုင်းရင်းသားလူမျိုးစုများ အများဆုံးနေထိုင်ရာ ဒေသတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများအားလုံးသည် ရှေးနှစ်ပေါင်းများစွာကပင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် အေးအတူပူအမျှ စည်းလုံးညီညွတ်စွာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည် နေထိုင် ခဲ့ကြသည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၏ သာယာလှပသော တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်ကောင်းများဖြင့် ရိုးသား ဖြူစင်သော နာဂတိုင်းရင်းသားလူမျိုးစုများ အများဆုံးနေထိုင်ရာ ဒေသတစ်ခုဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၅၆) အပိုဒ်ခွဲ (က) အရ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လဟယ်မြို့နယ်၊ လေရှီးမြို့နယ်၊ နန်းယွန်းမြို့နယ် သုံးမြို့နယ်နှင့် လဟယ်၊ ထန်ပါခွေ၊ လေရှီး၊ ဆွမ္မရာ၊ နန်းယွန်း၊ ပန်ဆောင်၊ ဒုံဟီးမြို့ခုနစ်မြို့တို့ကို စုစည်း၍ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖွဲ့စည်းထားကာ အရှေ့ဘက်တွင် ကချင်ပြည်နယ်နှင့် ခန္တီးခရိုင်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ တောင်ဘက်တွင် ခန္တီးခရိုင်၊ တမူးခရိုင်၊ ဟုမ္မလင်းခရိုင်နှင့် မြောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသည်။ အကျယ်အဝန်းအားဖြင့် ဧရိယာစတုရန်းမိုင်ပေါင်း ၅၁၆၈ ဒသမ ၂၀၆ မိုင် ကျယ်ဝန်းပြီး လူဦးရေ ၁၃၇၅၆၉ ဦး နေထိုင်သည့် ဒေသတစ်ခုဖြစ်သည်။
တိုင်းရင်းသားအသီးသီးတွင် နှစ်သစ်ကူးများရှိ
နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် နှစ်သစ်ကူးနေ့များ အသီးသီးရှိသကဲ့သို့ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားအသီးသီးတွင်လည်း နှစ်သစ်ကူးနေ့များရှိကြသည်။ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်အား ယခင်က မြို့နယ်တစ်ခုချင်းစီအလိုက် ကျင်းပခဲ့ခြင်းဖြစ်သော်လည်း ၁၉၉၂ ခုနှစ်မှ စတင်၍ နာဂဒေသရှိ မြို့နယ်များအတွင်း အလှည့်ကျကျင်းပခဲ့ရာ ၂၀၂၃ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ ရိုးရာ ကွင်းနေရာ၌ ဇန်နဝါရီ ၁၅ ရက်က ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်ချီးမြှင့်ခဲ့သည်။
နာဂဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနိုင်ခဲ့
နိုင်ငံတော်အစိုးရသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရေးစသည့် စီမံချက်များချမှတ်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မည့် ကဏ္ဍအားလုံးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကျပ် ငါးဘီလီယံ မတည်ပေးခဲ့သည်။ နာဂဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုရန်ပုံငွေ နှင့် တိုင်းဒေသကြီး ရန်ပုံငွေဖြင့်လည်း ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်၊ ၂၀၂၂ ဘဏ္ဍာနှစ်ဝက်အတွင်း ကျပ်သန်းပေါင်း ၂၆၈၈၀ ဒသမ ၃၆၈ ဖြင့် အကျိုးပြုဆောင်ရွက်ပေးနိုင်ခဲ့သည်။
လုပ်ငန်းရှင်များအား ချေးငွေထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ ကျပ် ငါးဘီလီယံကို စိုက်ပျိုးရေး ထွက်ကုန်များနှင့် မွေးမြူရေးထွက်ကုန်များအပေါ် အခြေခံ၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်လုပ်ငန်းများသို့ အချိန်တို အတွင်း ရောက်ရှိလာစေရန်နှင့် ဒေသထွက် ကုန်ကြမ်းပစ္စည်းများကို အသုံးပြုပြီး တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် လဟယ်မြို့နယ်သို့ ကျပ်သန်း ၂၃၀၀၊ လေရှီးမြို့နယ်သို့ ကျပ်သန်း ၆၆၀ နှင့် နန်းယွန်းမြို့နယ်များ အတွက် ကျပ်သန်း ၁၂၄၁ ဒသမ ၉၂၅ တို့ကို လည်းကောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် လဟယ်မြို့နယ်မှ MSME လုပ်ငန်းရှင် ၁၂ ဦးအား ကျပ်သန်း ၂၀၀ ထုတ်ချေးပေးထားပြီး လေရှီးမြို့နယ်နှင့် နန်းယွန်းမြို့နယ်များမှ MSME လုပ်ငန်းရှင်များအား ချေးငွေထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်ဖြစ်ထွန်းသည့် ထောပတ်၊ မက်မန်း၊ မျောက်ငို၊ လိမ္မော်၊ ဝဥ၊ ချဉ်ပေါင်ဖာလာ၊ ကော်ဖီ၊ လက်ဖက် နှင့် သရက်စသည့် နှစ်ရှည်သီးနှံများ ၅၃၄ ဧက နှင့် ရာသီသီးနှံ ၃၀၇ ဧက၊ စုစုပေါင်း ၈၄၁ ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။
နှစ်ရှည်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်ဖြန့်ဝေ
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ဖြစ်ထွန်းသည့် နှစ်ရှည်သီးနှံများ စိုက်ပျိုးပြီး ဒေသ၏ အဓိကထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ငွေလုံးငွေရင်းဘဏ္ဍာ ရန်ပုံငွေ ဖြင့်လည်း နာဂဒေသနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Naga and Border Development Project - NBADP) ကို လေရှီး၊ လဟယ်၊ နန်းယွန်း၊ မိုပိုင်းလွတ်၊ ထန်ပါခွေ၊ ဒုံဟီးမြို့နယ်များတွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်မှစတင်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ သုံးနှစ် စီမံကိန်းဖြင့် တစ်မြို့နယ်လျှင် ကျပ်သိန်း ၁၀၀ ကို နှစ်စဉ် ကျခံ သုံးစွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂- ၂၀၂၃ ခုနှစ်အတွင်း နှစ်ရှည်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်ဖြန့်ဝေမှုအနေဖြင့် လက်ဖက်ပင် ၂၁၅၀၀၊ ကော်ဖီပင် ၅၅၀၀၊ မျောက်ငိုပင် ၇၃၀၀၊ မက်မန်းပင် ၆၀၀၊ သရက်ပင် ၁၁၀၀၊ ပီလောပီနံ ပင် ၂၀၀၀ နှင့် အာလာဂျီပင် ၂၀၀၀ တို့ကို ဖြန့်ဖြူးပေးနိုင်ခဲ့သည်။
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဒေသခံတောင်သူများသည် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးနည်း စနစ်ကိုသာ မိရိုးဖလာလုပ်ငန်း အဖြစ် လုပ်ကိုင်စိုက်ပျိုးကြသဖြင့် သစ်တောများကို နှစ်စဉ်ခုတ်ထွင် စိုက်ပျိုးကြသဖြင့် သစ်တောများပြုန်းတီးခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် ပြဿနာများ နှစ်စဉ်ကြုံတွေ့ခံစားကြရသည်။ အဆိုပါပြဿနာများကို ဖြေရှင်းပေး နိုင်ရေးနှင့် ဒေသခံများအတွက် ရေရှည်တည်တံ့ခိုင်မြဲစေမည့် တောင်စောင်း စိုက်ပျိုးနည်းစနစ် ဖော်ဆောင်မှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် လှေကားထစ် လယ်ယာမြေ ၁၅ ဧက ကို ဖော်ထုတ်ပေးခဲ့သည့်အပြင် ယခုနှစ်တွင် လဟယ်မြို့မျက်နှာစာ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းများတွင် တောင်စောင်းစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးရန် ၁၀ ဧကကို တိုးချဲ့ဖော်ဆောင်ခဲ့ပြီး အဆင့်မြင့် လယ်ယာမြေဖော်ဆောင်ခြင်း လုပ်ငန်းများကို ၂၀၂၁ - ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း လဟယ်မြို့နယ်တွင် အဆင့်မြင့်လယ်ယာမြေ ဧက ၃၀ နှင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကုန်းမြင့်လယ်ယာ ဧက ၃၀၀ ထပ်မံဖော်ထုတ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ တောင်စောင်းစိုက်ပျိုးနည်းစနစ် ဖော်ဆောင်ထားသည့် တောင်ယာများတွင် နှစ်ရှည်သီးနှံများ ဖြစ်သည့် ကော်ဖီ၊ လက်ဖက်၊ မက္ကဒေးမီးယား၊ လိမ္မော်၊ ထောပတ်၊ မျောက်ငို၊ သရက်စသည့် နှစ်ရှည်သီးနှံများအပြင် ရာသီအလိုက် ဝင်ငွေရရှိစေမည့် တောင်ယာ စပါး၊ ပဲပုပ်၊ အစေ့ထုတ်ပြောင်းနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုး နိုင်ရေး နည်းပညာပေးဆောင်ရွက်လျက်ရှိသည်။
ပူးတွဲဖွင့်လှစ်
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံနှင့်အဝန်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးနေသကဲ့သို့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းကို အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းအဖြစ် အဆင့်မြှင့်တင်ရေးနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ အ.ထ.ကကျောင်းတွင် ၂၀၂၃ - ၂၀၂၄ ပညာ သင်နှစ်၌ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း ပူးတွဲ ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင်လည်း နိုင်ငံတော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က နှစ်စဉ် တိုးချဲ့ဆောင်ရွက်ပေးမှုကြောင့် သွားလာဆက်သွယ်ရေး လွယ်ကူ သွားသည့်အတွက် နာဂသွေးချင်းများ၏ အဓိကအလုပ်အကိုင် အသက်မွေးဝမ်းကျောင်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်တော့မည်ဖြစ်သကဲ့သို့ ထွက်ရှိ လာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကိုလည်း လေရှီး- လဟယ် - ခန္တီးလမ်းမှတစ်ဆင့် မြေပြန့်ဒေသများသို့ အလွယ်တကူ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် စီးပွားရေးကွင်းဆက် ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
Source-Myawady Webportal
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများအားလုံးသည် ရှေးနှစ်ပေါင်းများစွာကပင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် အေးအတူပူအမျှ စည်းလုံးညီညွတ်စွာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည် နေထိုင် ခဲ့ကြသည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၏ သာယာလှပသော တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်ကောင်းများဖြင့် ရိုးသား ဖြူစင်သော နာဂတိုင်းရင်းသားလူမျိုးစုများ အများဆုံးနေထိုင်ရာ ဒေသတစ်ခုဖြစ်သည်။
ရင်ထဲက မော်ဖဒေသ ကျွန်တော့်ဘဝမှာ နေရာဒေသတစ်ခုကို နှစ်ကြိမ်နှစ်ခါ ပြန်လည်၍ ရောက်တာမျိုး ကြုံရတတ်ပါသည်။ နတလ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၃ နှစ်တာ ကာလအတွင်း မှာလည်း နှစ်ကြိမ်နှစ်ခေါက် ပြန်လည်ရောက်ခဲ့သည့် မြို့ရွာဒေသများ ရှိခဲ့ပါသည်။ အချို့နေရာများ ကတော့ဖြင့် နှစ်ကြိမ်နှစ်ခါမက မကြာခဏ ရောက်ခွင့်ကြုံခဲ့သည်။ ထိုကဲ့သို့ ရောက်ခွင့်ကြုံသော မြို့ရွာဒေသများကအပြန်၊ နယ်စပ်ဖွံ့ဖြိုးရေးဆိုင်ရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုင်ရာ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်းပါးများရေးတော့မည်ဆိုလျှင် ငယ်စဉ်က ကြည့်ရှုခဲ့ရသည့် ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား၏အမည်က ခေါင်းထဲမှာ အလိုလို ပေါ်လာပါတော့သည်။ ဒါရိုက်တာကြီး အဘ ဦးတ
ရင်ထဲက မော်ဖဒေသ ကျွန်တော့်ဘဝမှာ နေရာဒေသတစ်ခုကို နှစ်ကြိမ်နှစ်ခါ ပြန်လည်၍ ရောက်တာမျိုး ကြုံရတတ်ပါသည်။ နတလ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၃ နှစ်တာ ကာလအတွင်း မှာလည်း နှစ်ကြိမ်နှစ်ခေါက် ပြန်လည်ရောက်ခဲ့သည့် မြို့ရွာဒေသများ ရှိခဲ့ပါသည်။ အချို့နေရာများ ကတော့ဖြင့် နှစ်ကြိမ်နှစ်ခါမက မကြာခဏ ရောက်ခွင့်ကြုံခဲ့သည်။ ထိုကဲ့သို့ ရောက်ခွင့်ကြုံသော မြို့ရွာဒေသများကအပြန်၊ နယ်စပ်ဖွံ့ဖြိုးရေးဆိုင်ရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုင်ရာ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်းပါးများရေးတော့မည်ဆိုလျှင် ငယ်စဉ်က ကြည့်ရှုခဲ့ရသည့် ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား၏အမည်က ခေါင်းထဲမှာ အလိုလို ပေါ်လာပါတော့သည်။ ဒါရိုက်တာကြီး အဘ ဦးတင်ယု ရိုက်ကူးခဲ့သော “မေတ္တာဘုံသို့ နှစ်ခေါက်လေ” ဇာတ်ကား၊ ရုပ်ရှင်မင်းသားက ဦးဇော်ဝမ်း၊ မင်းသမီးက အကယ်ဒမီဒေါ်တင်တင်ညို ထင်ပါသည်။ ထိုဇာတ်ကား အမည်ကို သဘောကျသဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုမိန်းဒေသမှ အပြန်တွင် ဟိုမိန်းမြို့သို့ နှစ်ခေါက် လေဟူ၍ လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့အသွား ခန္တီးနှင့် လဟယ် အကြားက အမြင့်ပေ ၄၉၉၇ ပေရှိ ထိန်ညိုတောင်အား ဖြတ်ကျော်ခဲ့ရသည်ကို အကြောင်းပြု၍ ထိန်ညိုတောင်သို့ နှစ်ခေါက်လေဟူ၍ လည်းကောင်း အမည်ပေးကာ ဆောင်းပါးများ ရေးခဲ့ဖူးပါသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ရေချမ်းပြင် ကူးတို့ဆိပ်မှတစ်ဆင့် ပင်လယ်ဝကိုဖြတ်ပြီး အငူမော် ဆိပ်ကမ်းသို့ စက်လှေဖြင့်ကူးကာ ထိုမှမော်တော်ယာဉ်ဖြင့် အငူမော်-မောင်တောလမ်းအတိုင်း မောင်းသွားလျှင်၂၄ မိုင် သာသာလောက်မှာ ကျောက်ပန္ဒုဟုအမည်ရသည့် ကျေးရွာလေးကို ရောက်ပါသည်။ ပင်လယ်ကမ်းစပ် အနီးမှာ ဆေးတံခေါင်းကြီးသဖွယ် ကျောက်တုံးကြီး တည်ရှိနေသောကြောင့် ကျောက်ပန္ဒုဟု ခေါ်ခြင်း ဖြစ်ကြောင်းသိရ၏။ ထိုရွာလေးမှာ ဒေသခံ ရခိုင်၊ မြို၊ ခမီ တိုင်းရင်းသားများအတွက် နေအိမ်များ ဆောက်ပေးခဲ့ရသည်။ ယင်းဒေသမှအပြန် ကျွန်တော်ဆောင်းပါးတစ်ပုဒ် ရေးလိုက်သောအခါ ပေးလိုက်မိသည့် ခေါင်းစဉ်က ကျောက်ပန္ဒုသို့ နှစ်ခေါက်လေ ဟူ၍----------။
ယခုလည်း ကျွန်တော် တင်ပြမည့် မက်မန်းမြို့လေးနှင့် ပတ်သက်၍ သည်ခေါင်းစဉ်ကိုပဲ ရွေးမိသည်။ ဝန်ထမ်းဘဝ အငြိမ်းစားယူခါနီး ၂၀၁၈ ခုနှစ်ထဲမှာ မက်မန်းကို ပထမအကြိမ် ရောက်ဖြစ်ခဲ့သည်။ ၄ နှစ်ခန့်အကြာ ပြန်လည်ရောက်ခဲ့သည့် ယခုခရီးစဉ်ကမူ ကျွန်တော့်ရင်ထဲက ပြင်းပြသော ဆန္ဒတစ်ခုကို အကြောင်းပြု၍ ရောက်ခဲ့သည်ဟု ပြောရမည်သာ။ စင်စစ်သော်ကား ထိုဒေသတွင် တာဝန်ထမ်းဆောင်ဖူးသော ဝန်ထမ်းများ၊ တပ်မတော်သားများအနေဖြင့် မက်မန်း မြို့လေးကိုလည်းကောင်း၊ မော်ဖဒေသကိုလည်းကောင်း လွမ်းမောတသ အမှတ်ရနေကြပါလိမ့်မည်။ ကျွန်တော်သည်ပင်လျှင် တပ်မတော်သားဘဝဖြင့် မော်ဖဒေသသို့မရောက်ခဲ့သော်ငြားလည်း ၁၉၉၅ ခုနှစ် နတလဝန်ထမ်းဘဝ စသည်နှင့် မော်ဖဒေသက ရင်ထဲသို့ တိုးဝှေ့ဝင်ရောက်လာပါတော့သည်။ မော်ဖ ဒေသသည် နှစ်ပေါင်း ၂၀ နီးပါးမျှ ဗကပတို့၏ ဝင်ရောက်ကြီးစိုး ချယ်လှယ်မှုကို ခံခဲ့ကြရသည်။ အစိုးရအုပ်ချုပ်မှုယန္တရား လက်လှမ်းမမီသော အရပ်ဒေသများဖြစ်၍ ဆင်းရဲနွမ်းပါးမှုနှင့်အတူ အစစ အရာရာ နိမ့်ကျခဲ့ရသည်။ တပ်မတော်က မင်းရန်အောင် စစ်ဆင်ရေးဖြင့် ဆင်နွှဲခဲ့သော ပွိုင့် ၅၇၁၀ ၊ ပွိုင့် ၆၀၂၈ ၊ လွယ်ဟိုလာ တိုက်ပွဲကြီးများအကြောင်းကို ပြန်လည်ကြားသိရသည်။ ၁၉၈၉ ခုနှစ်တွင် ကိုးကန့် ၊ ‘ဝ’ ၊ မိုင်းလား အထူးဒေသ-၄ အဖွဲ့များ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာကြ သောအခါ မော်ဖဒေသသည်လည်း ငြိမ်းချမ်းခြင်းနှင့်အတူ နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများ၏ အသီးအပွင့် များကို ခံစားခွင့်ရရှိသောဒေသဖြစ်ခဲ့သည်။
မော်ဖဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ အစ
၁၉၈၉ ခုနှစ်တွင် မော်ဖဒေသ၌ ကျေးရွာအုပ်စု ၁၁ စု ကျေးရွာပေါင်း ၆၉ ရွာသာ ရှိသေး သည်။ မက်မန်း၊ ကောင်းလန်း၊ အေးကျန့်၊ ငှက်ယောင်း၊ ဝိန်းနောင်၊ ဆွတ်ဝိုး၊ မော်ဝမ်နှင့် တာကော်လေး တို့တွင် အ-မ-က ကျောင်းများ စတင်ဖွင့်လှစ်ပေးပြီး ဆက်လက်၍ မုလု၊ မန်ဝိန်း၊ အိုင်ကလောင်၊ ပန်ခူး၊ နမ့်တော်၊ ရောင်အူ၊ ပန်နင်း၊ ဝမ်းစလောင်း၊ မငေါက်၊ ပန်ပွဲ၊ ကွန်ဟောင်းကြီး၊ တွယ်နောက်နှင့် ငဟောင်တို့တွင် အ-မ-က ကျောင်းများ ဆက်တိုက်ဖွင့်လှစ်ပေးခဲ့သည်။ ကျန်းမာရေး ကဏ္ဍ၌ ၁၉၈၉ ခုနှစ်တွင် မက်မန်း ဆေးရုံ၊ ဆွတ်ဝိုးဆေးရုံ၊ ဝိန်းနောင်ဆေးပေးခန်းများ စတင် ဖွင့်လှစ်ပေးပြီး ဝမ်းစလောင်း၊ ရောင်အူ၊ ငှက်ယောင်း၊ ကောင်းလန်း၊ မုလု၊ တာကော်လေး၊ မန်ဝိန်း တို့၌ ဆေးပေးခန်းများ ဆက်လက်ဖွင့်ပေးခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ၌ မော်ဖဒေသနေ တိုင်းရင်းသား သွေးချင်းများအတွက် တပ်မတော် သက်သာအရောင်းဆိုင် ၁၇ ဆိုင် ဖွင့်လှစ်ပေးကာ ဆန်၊ ဆီ၊ ဆား များကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးပြီး ငါးခြောက် ပိဿာ ၁၀၀၀ ၊ ဆား ပိဿာ ၅၀၀၀ ၊ သကြားနှင့် ဘီစကွတ်မုန့်များ ထောက်ပံ့လှူဒါန်းခဲ့သည်။ နတလ လုပ်ငန်းကော်မတီ အစီအစဉ်ဖြင့် အိမ်မိုးသွပ်များ၊ ပြောင်သွပ်များ၊ ဘိလပ်မြေနှင့် သံမျိုးစုံ၊ 4 KVA မီးစက်များ ပေးပို့လှူဒါန်းခဲ့သည်။ ပညာရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ကလည်း မော်ဖဒေသအတွက် လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းများ ပေးပို့လှူဒါန်းခဲ့ပါသည်။ နတလမှပေးပို့သော မီးစက်များဖြင့် ၁၉၉၀ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့ မှစ၍ မက်မန်း၊ ဝိန်းနောင်၊ ဆွတ်ဝိုးတို့တွင် မီးလင်းစေခဲ့ပြီး ဆက်လက်၍ နမ့်နန်း၊ ဝမ်းစလောင်း၊ တာကော်လေးနှင့် ရောင်အူရွာများသို့ မီးစက်များပေးပို့ မီးလင်းစေခဲ့ပါသည်။
လမ်းပန်းဆက်သွယ်ရေးတွင် တာကော်လေး - မက်မန်းလမ်း၊ လွယ်ပါ - လွယ်ဟိုလာလမ်း၊ ပွိုင့် ၆၀၂၈ - ရောင်အူ - ပန်ဆန်းလမ်းများ စတင်ဖောက်လုပ်ခဲ့ပြီး ဝမ်တာခက်တံတားကို ၁၉၉၀-၁၉၉၁ ဘဏ္ဍာနှစ်၌ စတင်တည်ဆောက်ပေးခဲ့သည်။ မက်မန်းမြို့သစ် တည်ဆောက်ရေးကို ၁၉၉၁ ခုနှစ် ဇူလိုင်လတွင် တပ်မ (၇၇) ၊ နည်းဗျူဟာ (၇၇၃)မှ ဦးစီးဆောင်ရွက်ခဲ့ရာ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။
အမှတ်တရ ရုပ်သံ ထပ်ဆင့်လွှင့်စက်ရုံ
၂၀၀၃ခုနှစ်အတွင်း ကျင်းပပြုလုပ်သော နတလလုပ်ငန်းကော်မတီ လေးလပတ်အစည်းအဝေး တစ်ခု၌ ပတလ (ရှမ်း) ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက မက်မန်းမြို့အတွက် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ ခွင့်ပြုပေးပါရန် တင်ပြခဲ့ရာ၊ နတလ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌသည် ရုတ်တရက် အံ့အားသင့်သွားပြီး “ဟာကွာ - မက်မန်းမှာ ရုပ်သံမရှိသေးဘူးလား---- ငါတို့ တည်ပေးခဲ့တဲ့မြို့ကွ၊ ရပြီးပြီထင်နေတာ၊ တော်တော်နောက်ကျနေပြီ၊ ပေးမယ်ကွာ”ဟု ပြော၍ ခွင့်ပြုပေးခဲ့သည်ကို ကျွန်တော် အမှတ်ရမိသည်။ နတလအနေဖြင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံ များကို ၁၉၉၄ ခုနှစ်အတွင်းမှာပင် ပန်ဆန်း၊ မိုင်းမော၊ လောက်ကိုင်၊ မိုင်းယန်း၊ မိုင်းခတ်၊ ဆီလူး၊ မိုင်းလား၊ နမ့်ဖတ်ကာ၊ မိုင်းဆတ်၊ ဘုတ်ပြင်း၊ ကလိန်အောင်၊ တနိုင်းနှင့် ဖာပွန်တို့တွင် တည်ဆောက် ထုတ်လွှင့်ပြသပေးနိုင်ခဲ့ပြီဖြစ်သည်။ ၂၀၀၂ ခုနှစ်အထိမှာပင် ၉၃ ရုံ ခွင့်ပြုချထားပေးပြီး ဖြစ်ပါသည်။
ဤမည်သော အကြောင်းတရားများအပြင် မော်ဖဒေသ၏ စတင်ဖြစ်တည်ရာနှင့် ယခင် ယခု အခြေအနေများကို အတန်အသင့် တွေ့မြင်သိရှိထားသောကြောင့် မော်ဖဒေသ မက်မန်းက ကျွန်တော့် ရင်ထဲသို့ တိုးဝင်ရောက်ရှိနေသည်မှာ ဆယ်စုနှစ်သုံးခုနီးပါးမျှ ရှိနေချေပြီတကား။
လျှပ်တစ်ပြက် မက်မန်း ခရီးစဉ်
မက်မန်းမြို့လေးရှိရာသို့ ဒုတိယအကြိမ် ရောက်ရှိလာခြင်းသည် ကျွန်တော့်ရင်ထဲက ပြင်းပြသောဆန္ဒတစ်ခုကို အကြောင်းပြု၍ ရောက်လာခြင်းဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်သည်။ မည်သို့သော ဆန္ဒများ ဖြစ်ပေါ်နေခဲ့ပါသနည်း။ ၂၀၁၈ ခုနှစ် ဝန်ထမ်းဘဝမှ အငြိမ်းစားယူပြီးကတည်းက မွေးရပ်မြေ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် အတွင်းရှိ အ-ထ-က ကျောင်းများမှ ၉ တန်း၊ ၁၀ တန်း၊ ကျောင်းသား၊ ကျောင်းသူလေးများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် မိမိတာဝန်ထမ်းဆောင်ခဲ့သော နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့သို့ တက်ရောက်ခွင့် ရရှိရေး သိသင့်သိထိုက်သည်များကို ရှင်းလင်းဟောပြောခဲ့သည်။ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များ၏ ရည်ရွယ်ချက်၊ သင်ကြားပေးသော ဘာသာရပ်များ၊ B.Ed ၅ နှစ် သင်တန်း အတွက် သတ်မှတ်ချက်များ၊ ဒီဂရီကောလိပ်များတွင် သင်ကြားပေးသည့် အင်ဂျင်နီယာ A.G.T.I (ဒီပလိုမာ)၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့များအတွက် သတ်မှတ်ချက်များ၊ ဘွဲ့ရ သင်တန်းဆင်းပြီး သည်နှင့် အလုပ်တာဝန်ခန့်ထားပေးမှုများ၊ အရည်အချင်းမီသူများက M.Ed တက်ခွင့်၊ BE, ME တက်ခွင့်၊ MA, M.Sc ဆက်လက်သင်ယူခွင့် ရှိသည်များ၊ ထူးချွန်သူများအနေဖြင့် ပါရဂူဘွဲ့ Ph.D အထိ သင်ယူ နိုင်သည့် အခွင့်အရေးများ၊ သင်တန်းကာလအတွင်း နိုင်ငံတော်က အစစတာဝန်ယူ၍ ကျွေးမွေး စောင့်ရှောက်ထားပုံ၊ စည်းကမ်းတကျ နေထိုင်ရပုံများကို ရှင်းလင်းပြောကြားခဲ့သည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ ဩဝါဒခံယူပြီးမှ ကျောင်းဆင်းရသော တစ်ခု တည်းသော တက္ကသိုလ်ဖြစ်ကြောင်း ဂုဏ်ယူစွာ ရှင်းပြခဲ့သည်။
တက္ကသိုလ်၊ ကောလိပ်များက ထုတ်ဝေသည့် နှစ်လည်မဂ္ဂဇင်း စာအုပ်များကို ကျောင်း စာကြည့်တိုက်များအတွက် ဖြန့်ဝေလှူဒါန်းပေးခဲ့သည်။ ဖွံ့ဖြိုးရေးတက္ကသိုလ်ကို ကြားဖူးကြသော် လည်း ဒီဂရီကောလိပ်များနှင့်ပတ်သက်၍ မသိသူ၊ မကြားဖူးသူ အတော်များပါသည်။ လေးမျက်နှာ မြို့နယ်တွင်သာမက အင်္ဂပူမြို့နယ်၊ ကျွဲသောင် အ-ထ-က မှာလည်း ဟောပြောခဲ့သည်၊ ရေကြည်၊ မြန်အောင်၊ ကျောင်းကုန်းမြို့နယ်များတွင်မတော့ ကိုယ်တိုင်မသွားနိုင်သောကြောင့် အသိမိတ်ဆွေ များကတစ်ဆင့် မဂ္ဂဇင်းစာအုပ်များ၊ လေ့လာရန် မေးခွန်းဟောင်းများ ဖြန့်ဝေပေးခဲ့သည်။ ကချင် ပြည်နယ်အတွင်းရှိ ပူတာအို အ-ထ-က ကျောင်း၌လည်းကောင်း၊ ခေါင်းလန်ဖူးမြို့နယ် အတွင်းရှိ အ-ထ-က ခေါင်လန်ဖူး၊ အ-ထ-က ဇန်ယော့၊ အ-ထ-က(ခွဲ)ရှိန်းခေါင် ကျောင်းများမှ ၁၀ တန်း ကျောင်းသား၊ ကျောင်းသူများအား အ-ထ-က ခေါင်လန်ဖူးတွင်လည်းကောင်း တွေ့ဆုံ၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထိုအကြောင်းအရာများကို အ-ထ-က မက်မန်းရှိ ကျောင်းသား၊ ကျောင်းသူများအား ရှင်းပြချင်သည်။ သူတို့လေးတွေ သိစေချင်သည်။ တက်ရောက်ခွင့်ရစေချင်သည်။ ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ မဖြေဆိုမီကာလမှာပင် မက်မန်းသို့ အရောက်သွားချင်စိတ်က တဖွားဖွား ပေါ်ပေါက်လာသည်။ မိမိက စေတနာထက်သန် ပြင်းပြနေ၍ပဲလားတော့မသိ၊ ခရီးသွားနိုင်ရေး ကူညီ မည့် မိတ်တွေများ ပေါ်ပေါက်လာပါတော့သည်။ နေပြည်တော်က ဦးအောင်မင်းထွန်းနှင့် မက်မန်း မြို့က ဦးမိုးခိုင်တို့ပဲ ဖြစ်သည်။ ဦးမိုးခိုင်ကို မက်မန်းဒေသက လူတွေက ကိုဗလဟု ခေါ်ကြသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံဟောပြောခွင့် ရရှိရေး ကိုတော့ မိမိတို့ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်က မက်မန်းထွေအုပ်၊ မြို့နယ်ပညာရေးမှူးရုံးများနှင့် ဆက်သွယ် ညှိနှိုင်းပေးခဲ့သည်။
ယင်းသို့ ညှိနှိုင်းပြီးနောက် မတ်လ ၂ ရက်နေ့တွင် နေပြည်တော် - နမ့်စန်၊ မတ်လ ၃ ရက်နေ့ နမ့်စန် - မိုင်ပျဉ်း၊ မတ်လ ၄ ရက်နေ့ မိုင်းပျဉ်း - မက်မန်း ခရီးစဉ်အတိုင်း မော်တော်ယာဉ်ဖြင့် ထွက်ခွာကာ မက်မန်းမြို့လေးသို့ မွန်းတည့် ၁၂ နာရီ မထိုးမီ အရောက်ဝင်ခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံဟောပြောခြင်းကို မွန်းလွဲ ၁ နာရီအချိန် အ-ထ-က မက်မန်း၏ စာသင်ခန်း တစ်ခုတွင် စီစဉ်ထားကြောင်းသိရသည်။ ကျောင်းအတွက် ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ဒီဂရီကောလိပ်များက ထုတ်ဝေသောစာအုပ်များ လှူဒါန်းမည်၊ မြို့နယ် ပြန်/ ဆက် ရုံးအတွက်လည်း သုတ ရသ စာအုပ် စာဆောင်များလှူရန် တစ်ပါတည်း သယ်ဆောင်လာခဲ့၏။
မက်မန်းမြို့သို့အရောက် ကိုဗလအိမ်မှာပဲ တည်းကြသည်၊ သူ့အိမ်မှာ မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များက လာရောက်စောင့်ကြို နှုတ်ဆက်ကြသည်။ သူတို့နှင့်အတူ အ-ထ-က မက်မန်းကျောင်းသို့ သွားခဲ့ သည်။ စာသင်ကျောင်းက ကိုဗလအိမ်နှင့် နီးနီးလေးပင်။ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သန်းထွေးခင်၊ အ-ထ-က မက်မန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်နှင့် ဆရာ၊ ဆရာမ များက ကျောင်းအဝင်မှ ကြိုကြသည်။ ပြန်/ ဆက် တာဝန်ခံ ဒေါ်လေးလေကိုလည်း ဖိတ်ထားပေး သည်ကိုတွေ့ရ၏။ တက်ရောက်လာသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များမှာ ကျောင်းမှ ၄၆ ဦး၊ ပြင်ပဖြေ ၁၇ ဦး၊ စုစုပေါင်း ၆၃ ဦးဖြစ်ပါသည်။ ထိုအထဲတွင် ကိုရင်များ လည်းပါ၏။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ကြိုးစားဖြေဆိုကြရန် ကနဦး တိုက်တွန်းမှာကြားသည်။ ယင်းနောက် တက္ကသိုလ်၊ ကောလိပ်တွေအကြောင်း ရှင်းပြသည်။ ကျွန်တော်ထင်သည့်အတိုင်းပင် ဖွံ့ဖြိုးရေးတက္ကသိုလ်ကို ကြားဖူးကြသော်လည်း ဒီဂရီကောလိပ်များ အကြောင်းမသိကြပါ။ သေချာရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာအုပ်စာစောင်များ လှူဒါန်း ခဲ့ပါသည်။
မင်းရန်အောင် စေတီကို ဖူးခဲ့သည်
ပထမအကြိမ် ရောက်ခဲ့စဉ်ကလည်း ဖူးခဲ့သည်။ ယခုတစ်ခေါက် မတ်လ ၄ ရက်နေ့ ညနေပိုင်းမှာလည်း မင်းရန်အောင်စေတီတော်ထံပါး ခဝပ်တွား၍ ရှိခိုးကော်ရော် ဖူးမြော်ကြည်ညိုခဲ့ ပါသည်။ မင်းရန်အောင် စစ်ဆင်ရေးတွင် အသက်ပေးလှူခဲ့ကြသော အရာရှိစစ်သည်များအား ရည်စူး၍ မော်ဖဒေသတွင် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားပြီး ဒေသခံတိုင်းရင်းသားများ ကြည်ညိုသဒ္ဓါပွားနိုင် စေရန်နှင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် ရှေ့တန်းအမှတ် (၇၇) ခြေမြန်တပ်မ ဌာနချုပ်နှင့် နည်းဗျူဟာစစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များ ဒေသခံတိုင်းရင်းသား များနှင့် ဖွံ့ဖြိုးရေးဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများဖြင့် မင်းရန်အောင် စေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် မတ် လ ၂၇ ရက်နေ့တွင် စတင်အုတ်မြစ်ချခဲ့ပြီး ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် တည်ဆောက်ပြီးစီး ဘုရားအနေကဇာ တင်ခဲ့သည်။ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ဖိနပ်တော်မှ စိန်ဖူးတော်အထိ ၄၁ ပေ ၄ လက်မရှိကြောင်း ကမ္ဗည်းမော်ကွန်း ကျောက်စာ၌ တွေ့ခဲ့ရ၏။
ထပ်မံဖူးမြော်ရမည့် ရုပ်ပွားတော်တစ်ဆူ
မက်မန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်နှင့် နယ်မြေခံ နယ်ခြားစောင့်တပ်မှ တပ်မှူး ဗိုလ်မှူးစိုင်းယီတို့ ဦးဆောင်ဦးရွက်ပြုကာ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏ အလှူဒါနများပါဝင်လျက် အောင်တော်မူ လာဘမုနိရုပ်ပွားတော် မြတ်ကြီးကို မက်မန်းမြို့ အရှေ့တောင်ယွန်းယွန်း အဘယကုန်းတော်ပေါ်တွင် တည်ထားနေပြီ ဖြစ်သည်။ လိုဏ်ပုံသဏ္ဍာန် ကမ္ဘာလုံးပေါ်တွင် စင်္ကြာမုဒြာ ရုပ်ပွားတော် တစ်ဆူ ထိုင်နေတော်မူဟန် တည်ထားမည်ဖြစ်ပြီး စုစုပေါင်း ဉာဏ်တော်အမြင့် ၄၅ ပေရှိကြောင်း၊ ဘုရားဘွဲ့တော်နှင့် ဘုရား ကုန်းတော်အမည်များကို မက်မန်းမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု ပညာဒီပဘုန်းတော်ကြီး စာသင် တိုက်မှ ဆရာတော်ကြီး မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒာသီရိက သမုတ်ပေးခြင်းဖြစ်ကြောင်း၊ ဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ မန္တလေးမြို့ ဝါးချက် ဦးကျော်သန်း မြန်မာမှုအဖွဲ့က တည်ထား မည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ယင်းရုပ်ပွားတော်ကြီးအနီး၌ နဂါးရုံ ဘုရားတစ်ဆူ တည်ထား ဦးမည်ဖြစ်ပေရာ ကုသိုလ်ရှင်၊ စေတနာရှင်များအနေဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။ အကယ်၍သာ ကျွန်တော်သည် တတိယအကြိမ်မြောက်အဖြစ် မက်မန်းမြို့လေးသို့ ထပ်မံရောက်ခဲ့ပါမူ ယင်းဘုရားအဆူဆူတို့ကို ဖူးမြော်ခွင့်ရပါလိမ့်ဦးမည်။ သို့သော် မသေချာတော့ပြီ။
အေးကျန့်ရွာလေးသို့ အမှတ်တရ
မက်မန်းသို့ ရောက်တုန်းရောက်ခိုက် အေးကျန့်ရွာလေးရှိရာသို့ သွားခဲ့ကြသေးသည်။ ထိုနေရာမှ လှမ်းမျှော်ကြည့်လျှင် ပွိုင့် ၆၀၂၈ တောင်ကုန်း၊ ပွိုင့် ၇၁၂၃ လွယ်ဟိုလာကုန်းတို့ကို မြင်နေရပါသည်။ လွယ်ဟိုလာ ဟုဆိုလိုက်သည်နှင့် ထိုကုန်းအနီးတစ်ဝိုက်မှာ ကျောက်ချဉ်ပေါင်၊ ကျောက်ချင်း၊ တစ်ပင်တိုင်မျှစ်၊ မြက်ကြွပ်၊ ဝါးရောင်းချဉ်၊ ကြိမ်ခါးဖူး၊ မင်းဘောဖူး စသော အသီးအရွက်များ ရှာဖွေစားသောက်ခဲ့ရသည်ကို အမှတ်ရနေမည့် အရာရှိ အကြပ်စစ်သည်များစွာ ရှိနေပါလိမ့်မည်။ နောက်တစ်နေ့ မတ် လ ၅ ရက်နေ့မှာ မက်မန်းမြို့လေးမှ ပြန်လည်ထွက်ခွာခဲ့ ကြသည်။ နှုတ်ဆက်ခဲ့ပါတယ် မက်မန်းမြို့လေးရေ-----------။
ရင်ထဲက မော်ဖဒေသ ကျွန်တော့်ဘဝမှာ နေရာဒေသတစ်ခုကို နှစ်ကြိမ်နှစ်ခါ ပြန်လည်၍ ရောက်တာမျိုး ကြုံရတတ်ပါသည်။ နတလ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၃ နှစ်တာ ကာလအတွင်း မှာလည်း နှစ်ကြိမ်နှစ်ခေါက် ပြန်လည်ရောက်ခဲ့သည့် မြို့ရွာဒေသများ ရှိခဲ့ပါသည်။ အချို့နေရာများ ကတော့ဖြင့် နှစ်ကြိမ်နှစ်ခါမက မကြာခဏ ရောက်ခွင့်ကြုံခဲ့သည်။ ထိုကဲ့သို့ ရောက်ခွင့်ကြုံသော မြို့ရွာဒေသများကအပြန်၊ နယ်စပ်ဖွံ့ဖြိုးရေးဆိုင်ရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုင်ရာ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်းပါးများရေးတော့မည်ဆိုလျှင် ငယ်စဉ်က ကြည့်ရှုခဲ့ရသည့် ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား၏အမည်က ခေါင်းထဲမှာ အလိုလို ပေါ်လာပါတော့သည်။ ဒါရိုက်တာကြီး အဘ ဦးတ