မြန်မာ့ဆယ့်နှစ်လရာသီလများတွင် နယုန်လသည် တတိယမြောက်လဖြစ်ပေသည်။ ပုဂံခေတ်ထိုးကျောက်စာများတွင် နံယုန် ဟု နငယ်တွင် နိဂ္ဂဟိတ်တင်၍ရေးကြ၏။ အချို့ကျောက်စာများတွင်မူ နယုန် ဟု နငယ်တွင် နိဂ္ဂဟိတ်မတင်ဘဲရေးသည်လည်း ရှိပေသည်။

ပုဂံဒေသရှိ တက်နွယ်ကျောင်း ကျောက်စာ (အင်းဝခေတ်-၈၀၄ ခု)၊ ပြာသာဒ်ဥမင် ကျောက်စာ (၈၀၄-ခု)၊ မြစည်းခုံဘုရားကျောက်စာ (၈၇၀-ပြည့်) တို့တွင် နံမျုန်ဟု ရေးထိုးထားသည်ကို တွေ့ရပေသည်။ တန်ခူးကဆုန်၊ လနမျုန်၊ ဖုန်ဖုန်လွင့်မြူလိမ်း (မှန်စီသတ်ပုံ)၊ ကဆုန်နမျုန်၊ ကြိုးသုန်သုန်၊ နယုန်န သတ်မြန်း (သီရိမင်္ဂလာသတ်ပုံ) ရေးသားကြသည်ကိုလည်း တွေ့ရလေသည်။ ထိုသတ်ပုံများအရ နမျုန် ဟု အရေးအသားတွင်ခဲ့သည်ကိုလည်း တွေ့ရပေသည်။
ဝေါဟာရလီနတ္ထဒီပနီကျမ်းပြု ဆရာလှေသင်းအတွင်းဝန် ဦးချိန်က နယုန်လအဖွင့်ကို -
“နယုန်၏ရင်းမြစ်မှာ “နရယုဂ” ဟူသော ပါဠိပုဒ်ဖြစ်သည်။ နရယုဂ သဒ္ဒါပျက်၍ နယုန်ဖြစ်လာသည်ဟု ယူရန်ရှိသည်။ မေထုန်ရာသီ၏အမည်များကို ရာဇမတ္တဏ်ကျမ်း ရာသီအဘိဓာန်အပိုင်း၌− “ဇိတုမ၊ မိထုန၊ နရယုဂ”ဟု သုံးမျိုးပြဆိုထားသည်။ ထိုသုံးမျိုးတွင် “နရယုဂ” ကား မေထုန်ရာသီ၏ နာမည်တစ်မျိုးဖြစ်၏။ အဓိပ္ပာယ်မှာ မိန်းမ ယောက်ျားအစုံ (နရ=လူ+ယုဂ=အစုံ) ဟု ဆိုလိုပေသည်။”
ဝန်မင်း၏ဆိုလိုချက်မှာ မေထုန်ရာသီဟော နရယုဂသဒ္ဒါမှ ပါဠိပျက်အနေနဲ့ နရယုဂ် ဖြစ်လာ၍ နရယုဂ် မှ နယုန် ဖြစ်လာသည်ဟု ဆိုလိုပေသည်။
နံတွင် နိဂ္ဂဟိတ်ကို မသတ်ပြု၍ နမျုန်ဟု ယှဉ်ပူးပြောဆိုရေးသားကြသည်။ ရေးနည်း ခေါ်နည်း မူမမှန်၍ ဖောက်ပြန်သောကြောင့် လိုက်နာသူနည်းသဖြင့် နောင်ကွယ်ပျောက်သွားလေသည်။ သို့ဖြစ်၍ ရေရှည် တွင်မူ “နယုန်” ဟူသော အရေးသည်သာတည်တံ့ခဲ့ပေသည်။
ဤ၌ “နံယုန်” တွင် “နံ” ဝေါဟာရသည် အချိန်အခါဟောဖြစ်ပေသည်။ ဘယ်နံရောအခါ၊ ဘယ်နံသော အခါ၊ ဘယ်နံခါ ဟု ပြောဆိုရေးသားကြသည်။ ဤသို့သိနိုင်ကြောင်းကို-
“… သည်းအူဆွတ်ပျံ့၊ ရှိရစ်တံ့လည်း၊ ဘယ်နံ့မတွေ့၊ ဘယ်နေ့မမြင် (ရှင်အဂ္ဂသမာဓိ နေမိမဂ္ဃစိုးပျို့)”
“… ဤလူပေါင်း၏၊ အကြောင်းမှားကျင့်၊ ဆိုလှစ်ဖွင့်ပိတ်၊ ယခင်ရှေးလွန်၊ တမနွန်က၊ ဖြစ်ဟန်ခြင်းရာ၊ လူ၏ရွာတွင် (ရှင်အဂ္ဂသမာဓိ-နေမိငရဲခန်းပျို့)”
“… ဤလူတွင်သောချံသာ၊ တမုနွန်ချံသာကိုဝ်လိုဝ်သောသူကာ။”
“… အမုနွန် စကားကိုဝ် ဖတ်စိတ်၏။…”
“… ဤကား မင်တကာ အမုနွန်ဟုတ္တာ” (ပုဂံမြို့- သက္ကရာဇ် ၆၁၁ ထိုး ကျစွာမင်း အမိန့်တော်ပြန် တမ်းကျောက်စာ) ပါစာပေများအရ သိရပေသည်။
ထိုအချိန်အခါအဓိပ္ပာယ်ဆောင်သော နံ ဝေါဟာရကို တိဗက်၊ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို စသည့် တိုင်း နိုင်ငံဒေသရှိ လူမျိုးစုတို့၏ ဝေါဟာရဖြစ်သော… နာမ်(တိဗက်)၊ နင်-နိအေန်(တရုတ်)၊ နာမ်(ဂျိန်းဖော)၊ န-နန်-နိုင်(ကချင်)၊ နီ(ရှမ်း)၊ နီး(ကရင်)၊ ဆနမ်(ပလောင်)၊ နိ(လီဆူး) ဘာသာစကားများတွင်လည်း အချိန်အခါ ရာသီနှစ်ကာလများကို ဤနည်းနှင်နှင် နာမ်၊ နံ၊ န ဟု ပြောဆိုသည်ကိုတွေ့ရလေသည်။ နယုန်တွင် သုံးသော န ဖြစ်လေသည်။
ယုန် ဝေါဟာရသည်လည်း ယိုစီး၊ သက်၊ ဆင်း၊ ကျ၊ ကြွေ၊ ပြို၊ လဲ၊ ရွာ၊ သွန်း၊ လောင်း၊ ဖျန်း၊ ပက် ဆိုသည့် အနက်အဓိပ္ပာယ်ကိုဆောင်ကြောင်း- ရုဒ်(တိဗက်)၊ ယှက်-ယှာက်(ထိုင်း)၊ ယုန်-ယု(တရုတ်)၊ ဗော-ရုန်(မွန်ဂို)၊ ယုန် ယု ရု ရုန် ရုမ် ရင် ရော(ကချင်)၊ ရွာ-ရွှာ-ရုင်-(ပေါင်းရှေ့ချင်း)၊ ရို-ရူ(နာဂ)၊ ဟာဟိုစ်(ရှမ်း)၊ သရိုဟ်(မွန်)၊ ရူ-ရ (ကရင်) စသည့် တိုင်းပြည် နိုင်ငံလူမျိုးစုတို့၏ ဘာသာစကားဆင့်ပွားပြောင်းလဲမှုကို သုတေသနပြု၍ ဖော်ပြပါလူမျိုးစုတို့၏ ယု-ရု ဟူသော ဝေါဟာရများမှ ယိုစီးခြင်း၊ ရွာသွန်းခြင်း၊ ကြွေကျခြင်း အဓိပ္ပာယ်ဆောင်သော ယုန် ဖြစ်လာသည်ဟု ဆရာကြီး ဦးဖိုးလတ်က ဆိုမိန့်ထား လေသည်။ ထို့ကြောင့် နယုန်လကို မိုးရွာချိန်၊ မိုးကျချိန်၊ မိုးရွာသောလဟု အဓိပ္ပာယ်ဖွင့် ဆိုထားလေ သည်။
စာပြန်ပွဲ
“နွေအကုန် မိုးအကူး ဝသန်ကာလ မိုးသားကျူးစ အခါသမယတွင် “ရွှေစာတော် ပြန်မေးလို့ မြတ်လေး တဲ့ စံပယ်ငုံ၊ မေထုန်ဆိုရာသီကူး၊ ဖူးပွင့် ဝတ်မှုန်…” ဆိုသည့်အတိုင်း မေထုန်ရာသီတွင် ကျရောက်သော နယုန်လနှင့် စာတော်ပြန်ပွဲသည် တွဲလျက်ရှိပေသည်။
စာမေးသဘင်သည် မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာနှင့်အတူ ပုဂံခေတ်ကပင် ရှိခဲ့ရာ၏။ သို့သော် စာပေအထောက်အထားအရ စာပြန်ပွဲ စာမေးပွဲ ဟူသော ဝေါဟာရကို မတွေ့ရပေ။ ပုဂံခေတ်တွင် ထင်ရှားခဲ့သော ဦးကျည်ပွေ့ကို စာမေးသည့်ကန်ဟူသော ပြောစမှတ်ပြုခဲ့သည့်နေရာကား ယခုတိုင်တွေ့ နေရပါ၏။ သို့သော် ပုဂံသုတေသီများ၊ ရှေးဟောင်းသုတေသနပညာရှင်များ အတည်မပြုသောနေရာ ဖြစ်ပေသည်။
ပုဂံခေတ်ထိုးကျောက်စာများတွင် ပိဋကသုံးပုံအလှူ၊ ကျောင်းအလှူ၊ မြေအလှူ၊ ကျွန်အလှူ စသည်များကို များစွာပင်တွေ့ရသော်လည်း စာမေးသဘင်ကိုမူ မတွေ့ရပေ။ စာသင်သည်ဆိုသည်နှင့် အမေးအဖြေသည် ရှိမြဲပင်ဖြစ်၏။ ဤသည်ကို သုတေသီများက သမိုင်းမှတ်တမ်းအရရှာဖွေရာ ပုဂံခေတ် ပထမ အင်းဝခေတ်ထိ အထောက်အထားမတွေ့ရပေ။ ဒုတိယအင်းဝခေတ် သာလွန်မင်းတရားလက်ထက်မှသာ စတင်ခဲ့သည်ဟုဆိုလေသည်။ စနေမင်း၊ တနင်္ဂနွေမင်း၊ ဟံသာဝတီရောက်မင်း မင်းသုံးဆက် အမှုတော်ထမ်းခဲ့သော သီရိဥဇနာ ခေါ် အင်ရုံဝန်ကြီးရေးသားခဲ့သော လောကဗျူဟာကျမ်းတွင် (ကျော်အောင်စံနန်း) နန်းတော်ကိုသိမ်း၍ အင်းဝမြို့တော်မှာ ကျောင်းဆောက်ပြီးလျှင် ပခန်းကြီးမြို့ ကျေးပိုက်သင် (ပထမကျော်) ရှင်ညာဏဝရကို တင်လှူ၍ ကျော်အောင်စံထား ဟုတွင်၏။… ဟုလည်းကောင်း။ ဘိုးတော်ဘုရားမေးသဖြင့် မောင်းထောင်သာသနာပိုင် ဆရာတော် ဖြေကြားတော်မူသော “အမေးတော် ဖြေကျမ်း” လာ ပထမရှင်လောင်း၊ ပဉ္စင်းလောင်းများကို ရှေးမင်းများလက်ထက် စာပြန်သည့် နည်းပြန်စေသော် သင်၊ မသင့် ဟု မေးလျှောက်ချက်သည်လည်းကောင်း၊ ရှေးယခင်မင်းစဉ် မင်းဆက် စာပြန်ပွဲဆိုင်ရာမှတ်တမ်းများ မရှိခဲ့သော်လည်း (မြန်မာမင်း အုပ်ချုပ်ပုံစာတမ်းပါ ပထမပြန် စာပြန်ပွဲ ဥပဒေထုတ်ပြန်ချက်များကဲ့သို့…) စာတော်ပြန်ပွဲများ အစဉ်အဆက်ရှိခဲ့သည်ကို သိနိုင်ရာ၏။စာတော်ပြန်ပွဲကို ဘုရင့်သုဓမ္မာဇရပ်ကြီးများတွင် ကျင်းပကြောင်းကို “ရွှေသားခြယ်လှယ်၊ ဆန်းကြယ်အရောင်၊ တောက်လောင် ဝင်းဝါ၊ သုဓမ္မာဝယ်…” ဟုစာဆိုဦးယာ ဖွဲ့ဆိုသော လူတားစာ အရသိရပေသည်။
ကုန်းဘောင်ခေတ်နောက်ပိုင်း ပဉ္စမသင်္ဂါယနာတင်မင်းတုန်းမင်းတရားကြီးလက်ထက်နှင့် သားတော် သီပေါမင်းလက်ထက် စာတော်ပြန်ပွဲများမှာမူ အလွန်စည်ကားသိုက်မြိုက်ပြီး မင်းခမ်းမင်းနားဝင်လာသည်ကို မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းအရရော၊ ကုန်းဘောင်ဆက် ရာဇဝင်များ အရပါသိရ ပေသည်။
ရှေးယခင်က စာပြန်ပွဲအနေနဲ့သာရှိခဲ့ပြီး နောင်တွင် သဘောရေးဖြေပါ ပါဝင်လာပေသည်။ ပထမကျော် ဖြေဆိုရာ အမှတ်ပေးအရ အာဂုံပြန်လည်းတူ၊ အဖြေတွင်လည်းတူနေ၍ လက်ရေးလက်သားနှင့် မျဉ်းသားသည်ကို အမှတ်ဖြတ်၍ ပထမကျော်ပေးခဲ့သည့် သာဓကမျိုးလည်း ရှိခဲ့ပေသည်။ဤ၌ စာပြန်ပွဲ၊ပထမပြန်ပွဲ၊ ပါဠိပထမပြန်စာမေးပွဲဆိုသည်ကို ခွဲခြားသိဖို့ရာ လိုပေသည်။ ရှေးအစဉ်အလာအရ နယုန်လ စာပြန်ပွဲဆိုသည်ကို စာအလင်္ကာများအရ သိရပါ၏။
အင်ရုံစာတမ်းအရ ပထမပဉ္စင်းလောင်း၊ ဒုတိယပဉ္စင်းလောင်း စသည်ဖြင့် အဆင့်လေးဆင့်၊ အတန်း လေးတန်းရှိလေသည်။ သမဏသာရုပ်ကျ (ဝိနည်းတော်နှင့်အညီ ပြောဆိုမှု)၍ စာပေအနေနှင့်လည်း မေးတိုင်းဖြေဆိုနိုင်သော သာမဏေကို ပထမပဉ္စင်းလောင်းတော်၊ ထို့နောက် ဉာဏ်ပညာအရည် အသွေးကို ထောက်လျက် ဒုတိယ၊ တတိယ၊ စတုတ္ထ လေးခုခွဲ၍ ရဟန်းဘောင်သို့ တက်ရောက်ကြရလေသည်။ ထိုကိုအကြောင်းပြု၍ ပထမစာတော်ပြန်ဟု ခေါ်ကြောင်း မှတ်သားရပေသည်။
ဤသဘောမျိုးကိုပင် ပင်းယရွှေစည်းခုံဆရာတော် သဒ္ဓမ္မာလင်္ကာရ စီရင်တော်မူသော သက္ကဒါန် သိကြားစာတမ်း၊ နန္ဒယော်ဓာဝန်ကြီးခန့် ပြန်တမ်းတို့တွင်လည်း မှတ်တမ်းပြုထားပေသည်။ ဟံသာဝတီရောက် မင်းကြီးလက်ထက်(၁၀၈၆)ပထမကျော်ရတော်မူသော ပထမကျော်အောင်စံထား ဆရာတော်ပြုစုတော်မူသည့် အဋ္ဌသာလိနီ ဂဏီဌကျမ်း နိဂုံးပိုဒ်တွင်- “အညေသံ=တစ်ပါးသောသူတို့၏၊ ပထမတာဝ=ရှေးဦးစွာ၊ ဥပ္ပန္နဥပသမ္ပဒါ=ရအပ်သော ပဉ္စင်းအဖြစ် ရှိလေသတည်း။
ဣတိတသ္မာ=ထို့ကြောင့်၊ ပထမေ=ပထမမည်၏။”ဟု မိန့်ဆိုထားလေသည်။ သမိုင်းစဉ်အရမူ ဘိုးတော်ဘုရားလက်ထက်မှ ပုဂံမင်းလက်ထက်တိုင် ပြဋ္ဌာန်းကျမ်းများနှင့် ဖြေဆိုနည်းများသည် များစွာကွဲလွဲမှုမရှိဟု ဆိုရာ၏။
ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးလက်ထက် ၁၂၃၅ ခုနှစ် နောက်ပိုင်းတွင် ပထမ စာတော်ပြန်ဥပဒေသများကို ပြင်ဆင်ဖွဲ့စည်းပြီး ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းများကို ဖွဲ့စည်းခဲ့လေသည်။
နောင်သော် ပထမကျော်ဘွဲ့ကိုမူ ပထမကြီးတန်းတွင် အမှတ်အများဆုံးဖြင့် အောင်မြင်တော်မူသော ပုဂ္ဂိုလ်ကို ပေးအပ်လေသည်။ မဟာရာဇဝင်ကြီး တတိယတွဲတွင် ထိုအကြောင်းအရာများကို သိနိုင်ပါ၏။ ဖော်ပြပါအကြောင်းအရာသည် စာပြန်ပွဲမတိုင်မီ (တကယ့်ပွဲကြီးမတိုင်မီ) ပြဋ္ဌာန်းချက်ကျမ်းစာများကို ပထမပြန်ဆိုရပြီးနောက်ပိုင်း ပထမ၊ ဒုတိယခွဲခြားကာ ဝင်ရောက်ရ၍ ပထမပြန်ဟု ခေါ်ကြောင်းလည်း ယူဆကြ၏။ ဒုတိယပြန်ဟု ခေါ်ကြောင်းလည်း ယူဆကြ၏။
ဒုတိယအယူမှာမူ ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး(တတွဲ) မြန်မာ့မင်းအုပ်ချုပ်ပုံစာတမ်းများအရ စာပြန်ပွဲဝင်မည့် ရဟန်းလောင်း၊ ရှင်လောင်းများသည် သတ်မှတ်အရည်အချင်းပြည့်စုံပြီဆိုပါက ဘုရင့်ရှေ့တော်မှောက်သို့ မင်းညီမင်းသားဝတ်စုံများဖြင့် ဝင်ရောက်ခစားကြရ၏။ (အားလုံး ရှင်လိင်ပြန် ရသည်)ဘုရင့်ရှေ့တော်မှောက်ခစားရသောအခါ တော်၊ ဒူး၊ စနည်း၊ ဘဝေါ၊ လင်္ကျာမင်းခန်းတော် လက်ဝဲမင်းခန်းတော် စသည့် (Protocol) ဖြင့်သာ ခစားကြရ၏။ “တော်” ဆိုသည်မှာ မြန်မာ့နန်း တွင်းရေး သမိုင်းရာဇဝင်တွင် ထင်ရှားခဲ့ကြသော တွင်သင်းမင်းကြီး ဦးထွန်းညို၊ ပခန်းမင်းကြီး ဦးရန်ဝေး၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ ယောအတွင်းဝန် ဦးဖိုးလှိုင် စသည့်ပုဂ္ဂိုလ်များကဲ့သို့ သင့်လျော်သည့် နေရာများတွင် အခြေအနေအရ နေထိုင်ခစားကြသည်မျိုးကိုဆိုပေသည်။
“ဒူး”ဆိုသည်မှာ သတ်မှတ်နေရာတွင် ဒူးတုတ် ခစားရကြောင်းကို ဆိုလိုပေသည်။ ထိုကဲ့သို့ပင် မင်းညီမင်းသားများ ခစားကြရသော ပထမနေရာတော် ဆိုသည်လည်း ရှိပေသည်။ ထိုနေရာတွင် ရှင်လိင်ပြန်ပြီး လူပုဂ္ဂိုလ်တို့သည် မင်းညီမင်းသားဝတ်စုံဖြင့် ဘုရင်အားခစားကြရ၏။ ဘုရင်က အားပေးချီးမြှောက်၏။ ထိုကဲ့သို့ ခစားသောအခါ မင်းညီမင်းသားဝတ်ရုံ၊ ဗောင်း၊ နားတောင်း၊ ခေါင်းပေါင်းဖြူ ဖော့လုံး၊ မင်းခမ်းတော်ဆိုင်ရာ အသုံးအဆောင်များပါ ပါဝင်ရ၏။ မှတ်တမ်းပြုထားချက်များ ရှိပေသည်။
ထို့ကြောင့် ပထမနေရာတော်ကို အကြောင်းပြု၍ “ပထမ” ပြန်စာမေးပွဲဟု ခေါ်ကြောင်းလည်း ပြောစမှတ်ပြုကြပါ၏။ ထိုစာပြန်ပွဲတော်သည် သီပေါမင်းပါတော်မူပြီး (၂၉-၁၁-၁၈၈၅) ကိုးနှစ်ကျော် ၁၀ နှစ်မျှ စာမေးသဘင်မရှိဘဲ ဖြစ်နေလေတော့သည်။
ထိုအခါ အမျိုးသားရေးဦးဆောင်သူများက(Conservative)စာပြန်ပွဲ စာမေးပွဲသဘင်ကို တမ်းတလွမ်းမိကြောင်းကို ရေးဖွဲ့သီဆိုလာကြ၏။ ထိုအထဲတွင် ၁၂ လရာသီ စည်တော်သံ တွဲ၍ -လမေထုန်နယုန်ကျလို့၊ သာသနာ့ဒါယကာလွမ်းမိဖြာဖြာ၊ ခုနှယ်ခါသုဓမ္မာရွှေစာပွဲနှင့် လွဲပြီဗျလေး …ချိန်ရာသီကရကဋ်မို့ နှစ်ပါးနတ်တစ်ကျွန်းပါ လွမ်းမိခါခါ၊ ရိုက်ချုံးငယ်ညာ၊ ပဉ္စင်းတော် ချိန်ခါနှင့်၊ နန်းနှစ်ဖြာနယ်မြေဝေးလို့၊ လွဲရှာပေါ့လေး…စသဖြင့်နှိုးဆော်လာကြရာ ဗြိတိသျှအစိုးရက စာမေးပွဲကျင်းပရန် စိုင်းပြင်းလာရလေသည်။ ထိုစဉ်က မြန်မာနိုင်ငံပညာရေးကို ဗြိတိသျှအစိုးရမှ ဦးဆောင်သူမှာ လော့ဒ်မက်ကောလေးဆိုသူဖြစ်၏။ သူ၏မူဝါဒအရ အုပ်ချုပ်ရေးနှင့် ကြေးတိုင်နှင့် မြေစာရင်းကို အထူးဦးစားပေးလေ၏။ ထို့နောက် ၁၈၈၉ ခုနှစ်နောက်ပိုင်းတွင် မစ္စတာ ဂျန်ဗင်ဆိုဖရန်ပုပ်(MA)က ဦးဆောင်၏။ ထိုပုဂ္ဂိုလ်သည် တောင်ခွင်ရှင်သာသနာပိုင်၊ ပခန်းဆရာတော်၊ လှထွေးဆရာတော်၊ ကင်းဝန်မင်းကြီးစသည့် ဘုရင်ခေတ်မီလိုက်သော ပုဂ္ဂိုလ်များနှင့် တိုင်ပင်၍ စာပြန်ပွဲစနစ်ဟောင်းကို ပြုပြင်ပြောင်းလဲခဲ့လေသည်။ မစ္စတာပုပ်မှာ မြန်မာနိုင်ငံ ပညာရေးတာဝန်မယူမီ အိန္ဒိယပြည် ဘင်္ဂလားပြည်နယ်တွင် တိမ်ကောပပျောက်နေသော သက္ကတဘာသာကို ပြန်လည်ထွန်းကားအောင်မြင် အောင် နည်းစနစ်သစ်များဖြင့် ပြောင်းလဲတီထွင်ရာ၌ အောင်မြင်မှုရခဲ့သူ တစ်ဦးဖြစ်ခဲ့သည်။
သက္ကရာဇ် ၁၂၅၆ ခုနစ် (၁၈၉၃-ဒီဇင်ဘာလ)တွင် မြန်မာဘုရင်များလက်ထက်တော်ကကဲ့သို့ ပထမပြန်စာမေးပွဲများ ကျင်းပရန် အမိန့်ရလေသည်။ ထိုအမိန့်အရ ၁၂၅၇ နယုန်လဆန်း ၈ ရက် (၁-၆-၁၉၈၅) တွင် ပထမပြန်စာမေးပွဲကို ပထမဦးစွာ ကျင်းပပေးခဲ့လေသည်။ ရပ်တန့်နေသော စာမေးသဘင်ကို ပုံသဏ္ဌာန်သစ်ဖြင့် ရဟန်းသာမဏေများသာမက လူဝတ်ကြောင်များကိုပါ ဖြေဆိုခဲ့စေသည်။ အာဂုန်ပြန်မပါဘဲ ပါဠိဘာသာထွန်းကားရေးကို ဦးတည်မှုကြောင့် “ပါဠိပထမပြန်”စာမေးပွဲဟု အမည်တွင်ခြင်းလည်း ရှိပေသည်။ ရှေးအစဉ်အလာအရ ရဟန်းသာမဏေများသာ ဖြေဆိုခဲ့ကြသော်လည်း မစ္စတာတော် စိန်ခို၏ အကြံပေးချက်အရ ၁၂၆၃ (၁၉၀၁) ခုနှစ်မှစ၍ သီလရှင်များကို ပါဝင်ခွင့်ပြုခဲ့လေသည်။
ထိုသို့ ကျင်းပသည့်အချိန်အခါတွင် အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သူ လူပုဂ္ဂိုလ်နှင့် ရဟန်းတော် အချို့က ဗြိတိသျှအစိုးရက ပါဠိပထမပြန်စာမေးပွဲကို နှစ်စဉ်ကျင်းပနေစဉ် ဤစာမေးပွဲကို မဖြေဆိုကြဘဲ အမျိုးသားစာမေးပွဲများကို စီစဉ်၍ မြန်မာပြည်အနှံ့ကျင်းပ ဖြေဆိုလာကြပေသည်။
ထိုစာမေးပွဲများအနက် နောင်သော် နှစ်ရာကျော် ရာပြည့်တည်ရှိလာသော စာမေးပွဲကြီးများ ဖြစ်ပေါ်လာပေသည်။ မန္တလေးပရိယတ္တိသာသနဟိတအသင်း (ချမ်းအေးသာစံမြို့နယ်၊ ၈၅ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားတည်ရှိ)၊ ရန်ကုန်တွင် စေတီသင်္ဂဏအသင်း (ရွှေတိဂုံစေတီတော် အပေါ်တွင် တည်ရှိ) မန္တလေးစာမေးပွဲကို ထိုစဉ်က သကျသီဟဘုရားကြီး ပရိဝုဏ်အတွင်းကျင်းပခဲ့၍ သကျသီဟစာမေးပွဲဟု ပရိယတ္တိစာပေလောကတွင် ထင်ရှားပေသည်။ ထိုစာမေးပွဲများ အောင်သောအခါအဘိဝံသဆိုသည့် ဘွဲ့ကိုရရှိပေသည်။ တိပိဋက မင်းကွန်းဆရာတော် ဘုရားကြီး၊ ဗန်းမော်ဆရာတော်ကြီး၊ ယောဆရာ တော်ကြီး၊ ပါချုပ်ဆရာတော်ကြီး၊ အင်းစိန်ရွာမဆရာတော်၊ လှရတနာဆရာတော် ယခုနိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် စသည့်ထေရ်ကြီးများမှာ ထိုအမျိုးသား စာမေးပွဲများကို အောင်မြင်တော်မူခဲ့ကြ၍ ဘိဝံသ… “သ.စ.အ” ဟု ချီးမြှင့်တပ်ခွင့် ရရှိကြလေသည်။ (သကျသီဟစာမေးပွဲအောင်လျှင် “သ”၊ စေတီသင်္ဂဏ စာမေးပွဲအောင်လျှင် “စ” အစိုးရ ဓမ္မာစရိယ အောင်လျှင် “ အ” ဟု အတိုကောက် သုံးပါကြောင်း)ဤသို့နှင့် နယုန်လတိုင်း ရှေးအစဉ် စာပြန်ပွဲ၊ စာမေးပွဲများကို ကျင်းပလာခဲ့ရာ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် စာဖြေလကို ပြောင်းလဲခဲ့လေသည်။ တနွေစာဝါများလိုက်၊ စာသင်ပြီး နယုန်လစာပြန်ပွဲပြီးသည်နှင့် ဝါဆိုရောက်သွားသောအခါ နားချိန် မရှိခြင်း၊ နွေရာသီစာပေသင်ကြားရမှု ရာသီသဘောကို ငဲ့ခြင်း၊ နိုင်ငံတော် အစိုးရကျောင်းများ ပိတ်ထားချိန်ဖြစ်၍ စာဖြေဌာနလွယ်ကူခြင်း၊ တောင်သူလယ်သမားများ အလုပ်ခွင်နားချိန်ကာလ ဖြစ်ခြင်း၊ ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စ ဆောင်ရွက်ရေးကိုအဆင်ပြေခြင်း စသည် စသည် အကြောင်းကြောင်းတို့ကြောင့် တပေါင်းလတွင် ပြောင်းလဲ၍ကျင်းပရန် ဆုံးဖြတ်ခဲ့ကြလေသည်။ ၁-၄-၁၉၅၄ ခုနှစ်တွင် ပါဠိပထမပြန် ဥပဒေပြဋ္ဌာန်းခဲ့လေသည်။
နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့ ငြိမ်းချမ်းရေးအခါတော်နေ့ဟုသတ်မှတ်ခဲ့ကြပေသည်။ ကပ္ပိလနှင့် ကောလိယနှစ်ပြည်ထောင်တို့ ရောဟဏီမြစ်ခွဲဝေမှုကို အကြောင်းပြု၍ စစ်မက်ဖြစ်ပွား အံ့ဆဲဆဲတွင် ဗုဒ္ဓဘုရားရှင် လာရောက်ဖြန်ဖြေ တရားဟောတော်မူရာ၌ ပြေငြိမ်းသွားပေသည်။
ထိုဟောကြားချက်တွင် ငြိမ်းချမ်းရေးမူ ၆ ချက်ကို ဇာတ်တော်များကို အခြေခံ၍ ဟောကြားတော်မူလေသည်။
(၁) အရာရာမဟုတ်သည်၌ အငြင်းအခုံမပြုသင့်ကြောင်းကို ဖန္ဒနဇာတ်တော်ဖြင့် ဟောဖော် ရှင်းပြတော်မူပါသည်။
(၂) တစ်ဆင့်စကားဖြင့် အငြင်းအခုံမပြုသင့်ကြောင်းကို “ပထဝီဥန္ဒိယ” ဇာတ်လမ်းဖြင့် ခပ်ဆန်းဆန်း ရှင်းပြတော်မူသည်။
(၃) အားရှိသူတိုင်း အားနည်းသူအား အောင်နိုင်သည် မဟုတ်ကြောင်းကို “လဠုကိက” ဇာတ်ကွက်ဖြင့် မှတ်ချက်ပြတော်မူပါသည်။
(၄) စည်းလုံးမှုမရှိက ပျက်စီးတတ်ကြောင်းကို “ဝဋ္ဋက”ဇာတ်ကြောင်းဖြင့် ထပ်လောင်းရှင်းပြတော်မူပါ သည်။
(၅) စည်းလုံးမှုရှိမှသာ ကြီးပွားနိုင်ကြောင်းကို“ရုက္ခဓမ္မဇာတ်သဘောဖြင့် ထပ်ဟောတော်မူပြန်ပါသည်။
(၆) နောက်ဆုံးတွင် မိမိကိုယ်ကို မိမိက ဒုက္ခ
မပေးသင့်ကြောင်းကို”အတ္တဒဏ္ဍ”သုတ်ဖြင့် ဖုံးအုပ် ငြိမ်းအေးစေတော်မူပါသည်။
ထိုဇာတ်တော်ပါအကြောင်းအရာထဲမှ အချက်အလက်များကို လူသားများ လိုက်နာကျင့်သုံးကြပါက ယနေ့ခေတ် ကမ္ဘာကြီး ပြန်ပေးဆွဲခံထားရသလို အဖြစ်မျိုးမှ တစ်နည်းမဟုတ်တစ်နည်း လွတ်မြောက်ရာ၊ ငြိမ်းချမ်းရာ၏။ လူမှုအဖွဲ့အစည်း သေးသေးလေးမှသည် အာဆီယံ၊ နေတိုး၊ ဆီတိုး၊ ကုလသမဂ္ဂအထိပင် ကျင့်သုံး၍ရ၏။မဟာသမယသုတ်ရွတ်လျှင် နတ်များချစ်ခင်၏ဟုဆို၏။ ထိုသည်ကို တိပိဋကမင်းကွန်း ဆရာတော်ဘုရားကြီးက မဟာသမယသုတ်တွင်ပါသော နတ်ဒေဝတာများ၏ နာမတော်များ (နာမည်များ)ကို ရွတ်ဖတ်ရုံနှင့် ငြိမ်းချမ်းမှုကို မည်သို့မည်ပုံရနိုင်ကြောင်းကို ကိုယ်တိုင်မေး၍ ကိုယ်တိုင်ဖြေကြားထားသော အမေးရှိပေသည်။ဗုဒ္ဓ၏သုတ္တန်ဒေသနာတော်သည် အသုံးချတတ်သူအတွက် ကောင်းခြင်းကို ပေးစွမ်းပါ၏။
ဆရာတော်ကြီးမိန့်ဆိုချက်မှာ နှစ်ဖက်သောလူများမှာ(နတ်များမှာ) အချို့ မျက်နှာငယ် မထင်မရှား သူများပါ၏။ ထိုသို့သောသူများကို ဘုရားရှင်က ဇာတိ၊ နာမ၊ ဂုဏ စသည့်အမျိုးနာမနှင့်တကွ တရင်းတနှီး ခေါ်ဝေါ်ပြောဆိုဆက်ဆံသောအခါ ပီတိများဖြစ်၍ ဘုရားစကား (တရားတော်)အတိုင်း လိုက်နာ ကျင့်သုံး၍ ငြိမ်းချမ်းမှုရပုံကို ဟောထားသည့် တရားတော် ရှိပေသည်။
ကမ္ဘာကျော် လူမှုဆက်ဆံရေး မိတ္တဗလဋီကာဆိုင်ရာ ဟောပြောပို့ချသူ ဒေးကာနက်ဂျီနှင့် နပိုလျံဟီး ကဲ့သို့သော မိတ္တဗေဒ ပညာရှင်က ၂၀ ရာစုမှပေါ်ပေါက်လာခဲ့ခြင်းဖြစ်၏။ ဗုဒ္ဓ၏မိတ္တဗလ မဟာသမ ယသုတ္တန်ကား B.C ၆ ရာစုကပင်ပေါ်ပေါက်ခဲ့သည်ဟု ဆိုရပါမည်။ ။
MWD Web Portal

ဘဝဆိုသည်မှာတိုက်ပွဲ
ဘဝဆိုသည်မှာ တိုက်ပွဲဟုဆိုကြသည်။ ဘဝခရီးကိုဖြတ်သန်းရင်း လောကဓံတရားအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေရခြင်းသည် ဘဝတိုက်ပွဲများကိုဆင်နွှဲနေရခြင်းပင်ဖြစ်သည်။ ပစ္စုပ္ပန်ကာလတွင် ကျွန်ုပ်တို့ကြုံတွေ့နေရသောလောကဓံတရားအမျိုးမျိုးသည် ပစ္စုပ္ပန်ကာလဘဝတိုက်ပွဲများဖြစ်သည်။ အနာဂတ်ကာလတွင်တွေ့ကြုံရမည့်လောကဓံတရားများသည် အနာဂတ်ကာလ ဘဝတိုက်ပွဲများဖြစ်သည်။ ဤသို့လောကဓံတရားများအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းကြောင့် ဘဝဆိုသည်မှာ တိုက်ပွဲဟုဆိုကြခြင်းဖြစ်သည်။ ဘဝနှင့်လောကဓံတရားသည် ဒွန်တွဲနေသည်ဘဝရှိလျှင် လောကဓံတရားရှိမည်။ လောကဓံတရားရှိလျှင် ဘဝတိုက်ပွဲရှိနေမည်။ ဘဝတိုက်ပွဲရှိလျှင် မပျက်မကွက်ဆင်နွှဲနေရမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့က ဘဝတစ်ခုကို ရယူထားသောကြောင့်ဖြစ်သည်။
လောကဓံတရားနှင့်ကျွန်ုပ်တို့၏တာဝန်
လူ့လောကထဲသို့ ကျွန်ုပ်တို့ရောက်ရှိလာသည်မှာ တွေ့ကြုံလာရသော လောကဓံတရားအမျိုးမျိုးကို အညံ့ခံအရှုံးပေးရန်မဟုတ်။ လောကဓံတရား ပြုသမျှနုရမည့်ဘဝမျိုးကို ခံယူရန်မဟုတ်ပါ။ တွေ့ကြုံလာရသော လောကဓံတရားများကိုအနိုင်ယူရန်၊ လောကဓံတရားကို ကျွန်ုပ်တို့ပြုသမျှနုရမည့်အခြေအနေမျိုးသို့ပို့ဆောင်ရန်ဟူသောတာဝန်ဖြင့် လူ့လောကထဲသို့ ကျွန်ုပ်တို့ရောက်ရှိလာခြင်းဖြစ်သည်။ မနုဿတ္တဘာဝေါဒုလ္လဘော လူ့ဘဝရခဲလှသည်ဟုအဆုံးအမရှိသည်။ တွေ့ကြုံလာရသောလောကဓံအမျိုးမျိုးကို အနိုင်ယူနိုင်မှသာလျှင် ရခဲလှသောလူ့ဘဝသို့ရောက်ရှိရကျိုးနပ်မည်။
လောကဓံတရားနှင့် သတိ၊ ပညာ၊ ဝီရိယ
တစ်ခဲနက်ဖြစ်သော ကျောက်တောင်သည် အဘက်ဘက်မှလာသောလေကြောင့် တုန်လှုပ်ခြင်း မရှိဟု အဆိုရှိသည်။ ဤအဆိုအတိုင်း တွေ့ကြုံလာရသောလောကဓံတရားအမျိုးမျိုးကြောင့် ကျွန်ုပ်တို့ တုန်လှုပ်ခြင်းမရှိစေရ။ မည်ကဲ့သို့သောလောကဓံတရားမျိုးကိုမဆို ရင့်ကျက်တည်ငြိမ်စွာ ရင်ဆိုင် ဖြေရှင်းပြီး ဘဝရည်မှန်းချက်ပန်းတိုင်သို့ အရောက်လှမ်းကိုင်နိုင်ရမည်။ ချမှတ်ထားသောဘဝရည်မှန်း ချက်ပန်းတိုင်ကို လှမ်းကိုင်နိုင်ရန်အတွက် ကျွန်ုပ်တို့သည် သတိ၊ ပညာ၊ ဝီရိယအဆင့်မြင့်မားစွာ ရပ်တည်နေသူများဖြစ်ကြရမည်။ သတိအားဖြင့် ဘဝရပ်တည်နေခြင်းဆိုသည်မှာ ဤသို့ဖြစ်သည်။ သတိထဲတွင် မှန်ကန်သောအသိများပါဝင်သည်။ မှန်ကန်သောအသိများကို အမြဲစုဆောင်းပြီး ယင်းအသိများကို အမြဲအောက်မေ့နှလုံးသွင်းဆင်ခြင်နေခြင်းသည် သတိအားဖြင့် ဘဝရပ်တည်နေခြင်းဖြစ်သည်။ ပညာအားဖြင့် ဘဝရပ်တည်ခြင်းဆိုသည်မှာ ဤသို့ဖြစ်သည်။ မိမိနေ့စဉ်ဘဝစဉ်းစားဆင်ခြင်မှုမှန်သမျှ ဆုံးဖြတ်ချက်ချမှုမှန်သမျှကိုအစွန်းရောက်ဆန္ဒအမျိုးမျိုး၊ အစွဲအမျိုးမျိုးဖြင့်မဆုံးဖြတ်ဘဲ ဗုဒ္ဓအဆုံးအမ၊ ပညာရှိသူတော်ကောင်းများ၏အဆုံးအမများနှင့်အညီ စဉ်းစားဆင်ခြင်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် ပညာအားဖြင့် ဘဝကိုရပ်တည်ခြင်းဖြစ်သည်။ ဝီရိယအားဖြင့် ဘဝကိုရပ်တည်ခြင်းဆိုသည်မှာ ဤသို့ဖြစ်သည်။ ပစ္စုပ္ပန်အခြေအနေအရပ်ရပ်ကို မှန်ကန်စွာသိမြင်နားလည်နေစေရန် ဓမ္မဓိဋ္ဌာန်ကျကျ ဆင်ခြင်သုံးသပ်သည်။ ပစ္စုပ္ပန်ကို မှန်ကန်သိမြင်နားလည်ပြီဆိုသည်နှင့်တစ်ပြိုင်နက် အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်မည့်အခြေအနေအမျိုးမျိုးကို ကြိုတင်ဆင်ခြင်သုံးသပ်သည်။ ဤသို့ဆင်ခြင်သုံးသပ်ပြီး လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုမှန်သမျှကို ပစ္စုပ္ပန်ကာလတွင်ပြီးစီးအောင် ဝီရိယကြီးစွာ ဆောင်ရွက်သည်။ ပစ္စုပ္ပန်ကာလနှင့်အချိန်များကို တန်ဖိုးမဲ့စွာဖြုန်းတီးမပစ်ဘဲ အနာဂတ်ကာလ၏ ကြိုတင်ပြင်ဆင်သောကာလအဖြစ် တန်ဖိုးရှိစွာအသုံးချသည်။ ဤသဘောသည် ဝီရိယအားဖြင့် ဘဝရပ်တည်နေခြင်းဖြစ်သည်။
သတိ၊ ပညာ၊ ဝီရိယသည်သာ အဓိက
ဘဝခရီးကိုဖြတ်သန်းရင်း တွေ့ကြုံလာရသော မည်သည့်လောကဓံတရားမျိုးကိုမဆို အောင်မြင်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျွန်ုပ်တို့အားကိုးရမည့်အရာမှာ သတိ၊ ပညာ၊ ဝီရိယအားများသာ ဖြစ်သည်။ ကျွန်ုပ်တို့ သတိ၊ ပညာ၊ ဝီရိယအဆင့်မြင့်မားနေပါက တွေ့ကြုံလာရသည့်လောကဓံတရားတိုင်းသည် ကျွန်ုပ်တို့အတွက် အခြေအနေကောင်းများသာဖြစ်မည်။ အကယ်၍ကျွန်ုပ်တို့၏သတိ၊ ပညာ၊ ဝီရိယအဆင့်နိမ့်ကျနေပါက တွေ့ကြုံလာသည့်လောကဓံတရားတိုင်းသည် ကျွန်ုပ်တို့အတွက်အခြေအနေဆိုးများသာဖြစ်နေကြမည်ဖြစ်သည်။ သတိ၊ ပညာ၊ ဝီရိယအဆင့်မြင့်မားနေပါက ကောင်းသောလောကဓံတရားနှင့်တွေ့သည့်အခါ ငါတည်းဟူသော မာန်မာနမဝင်ဘဲ ဘဝအတွက် အဖိုးတန် အသိ၊ သတိတရားများ ဝင်ရောက်လာသည်။ အကယ်၍ ဆိုးသောလောကဓံတရားနှင့်တွေ့ပါက စိတ်ဓာတ်ကျဆင်းမှု လုံးဝမဖြစ်ဘဲ ရင့်ကျက်တည်ငြိမ်သော၊ ကြံ့ခိုင်မာကျောသောစိတ်ဓာတ်ဖြစ်ပေါ်လာသည်။ သတိ၊ ပညာ၊ ဝီရိယ အဆင့်မြင့်မားမှုကြောင့် တွေ့ကြုံလာရသည့်လောကဓံတရားတိုင်းထံမှ မိမိအတွက် အောင်မြင်မှုရလဒ်အမျိုးမျိုးကို အောင်မြင်စွာထုတ်ယူနိုင်ခြင်းဖြစ်သည်။ အကယ်၍ သတိ၊ ပညာ၊ ဝီရိယနိမ့်ကျပါက ကောင်းသောလောကဓံတရားနှင့်တွေ့သည့်အခါ အသိနှင့်သတိတရားကင်းလွတ်ပြီး ငါတည်းဟူသော မာန်မာနဝင်ရောက်သည်။ ဆိုးသောလောကဓံတရားနှင့်တွေ့သည့်အခါ စိတ်ဓာတ်ကျဆင်းမှု၊ အားငယ်မှုအမျိုးမျိုးဖြစ်ပေါ်လာသည်။ သတိ၊ ပညာ၊ ဝီရိယအဆင့်နိမ့်မှုကြောင့် တွေ့ကြုံလာရသည့်လောကဓံတရားတိုင်းထံမှ ရှုံးနိမ့်မှုရလဒ်အမျိုးမျိုးကို လက်ခံနေရခြင်းဖြစ်သည်။ ထို့ကြောင့် တွေ့ကြုံလာရသောလောကဓံတရား ကောင်းသလော သို့မဟုတ် ဆိုးသလောဆိုသည်က အဓိကမဟုတ်။ ကျွန်ုပ်တို့၏ သတိ၊ ပညာ၊ ဝီရိယ အဆင့်မြင့်မားနေရေးဟူသောအချက်ကသာ အဓိကကျသည်။ ဤအချက်ကို အမြဲနှလုံးသွင်းဆင်ခြင်ပြီး ကျွန်ုပ်တို့၏ သတိ၊ ပညာ၊ ဝီရိယအဆင့်ကို အစဉ်မြှင့်တင်နေကြရမည်။
သတိအားကိုမြှင့်တင်ခြင်း
သတိအားကိုမြှင့်တင်ခြင်းဆိုသည်မှာ မှန်ကန်သောအသိများကို စဉ်ဆက်မပြတ်စုဆောင်းနေပြီး စုဆောင်းရရှိသောအသိမှန်များကို အမြဲနှလုံးသွင်းဆင်ခြင်အောက်မေ့နေခြင်းသည် သတိအားကိုမြှင့်တင်နေခြင်းပင်ဖြစ်သည်။တွေ့ကြုံလာရမည့်လောကဓံတရားတိုင်းအတွက် အမြဲအသင့်အနေအထားတွင်ရှိနေရန် ကျွန်ုပ်တို့သတိအားကြီးမားနေရန် လိုအပ်သည်။ သတိအားကို နည်းလမ်းဆယ့်နှစ်မျိုးဖြင့် မြှင့်တင်နိုင်သည်။ ယင်းနည်းလမ်းများမှာ ဗုဒ္ဓအဆုံးအမတရားများကို အမြဲနှလုံးသွင်းဆင်ခြင်ခြင်း၊ ပညာရှိသူတော်ကောင်းများ၏အဆုံးအမများကို အမြဲနှလုံးသွင်းဆင်ခြင်ခြင်း၊ စည်းမျဉ်းစည်းကမ်း အမိန့်ညွှန်ကြားချက်များကို အမြဲနှလုံးသွင်းဆင်ခြင်ခြင်း၊ စာပေဗဟုသုတများကို အမြဲရှာဖွေဖတ်ရှုလေ့လာခြင်း၊ ဘဝအတွေ့အကြုံအမျိုးမျိုးတို့ထံမှ သင်ခန်းစာအမျိုးမျိုးကို အမြဲသုံးသပ်ဖော်ထုတ်ရယူနေခြင်း၊ လောကပတ်ဝန်းကျင်ကြီး၏ဖြစ်စဉ်အကြောင်းအရာအမျိုးမျိုးတို့ထံမှ သီအိုရီ၊ နိယာမများကို သုံးသပ်ဖော်ထုတ်ရယူနေခြင်း၊ လောကပတ်ဝန်းကျင်ကြီးတွင် ဖြစ်ပျက်နေသည့်အခြေအနေများ၏ မြင်ရသောအဓိပ္ပာယ်နှင့် လျှို့ဝှက်တည်ရှိနေသည့် မမြင်ရသောအဓိပ္ပာယ်ကို အမြဲဆင်ခြင်သုံးသပ်ဖော်ထုတ်ခြင်း၊ လောကပတ်ဝန်းကျင်အပေါ် စိတ်ဝင်စားမှု၊ အလေးအနက်တန်ဖိုးထားမှုအပြည့်အဝထားရှိပြီး ပေးပို့နေသောသတင်းအချက်အလက်များကို မပြတ်ရယူနေခြင်း၊ ပစ္စုပ္ပန်အခြေအနေအရပ်ရပ်ကိုအကြောင်းပြု၍ အနာဂတ်တွင် မည်ကဲ့သို့သော အခြေအနေများဖြစ်ပေါ်လာမည်ကို အမြဲဆင်ခြင်သုံးသပ်နေခြင်း၊ ပစ္စုပ္ပန်အခြေအနေများသည် အခြေအနေဆိုးတစ်မျိုးမျိုးရုတ်ခြည်း ဖြစ်ပေါ်လာပါက အသင့်အနေအထားတွင် ရှိ၊ မရှိကို အမြဲဆင်ခြင်သုံးသပ်နေခြင်း၊ ပစ္စုပ္ပန်ကြိုးပမ်း ဆောင်ရွက်နေမှုများသည် အနာဂတ်အတွက်လိုအပ်သောကြိုတင်ပြင်ဆင်မှုများ ဟုတ်၊ မဟုတ် ဆိုသည် ကို အမြဲဆင်ခြင်သုံးသပ်ဖော်ထုတ်နေခြင်း၊ ပစ္စုပ္ပန် အခြေအနေအရပ်ရပ်သည် တိုးတက်အောင်မြင်နေ သလော သို့မဟုတ် ထိခိုက်ဆုတ်ယုတ်နေသလောဆိုသည်ကို အမြဲဆင်ခြင်သုံးသပ်နေခြင်း စသည်တို့ ဖြစ်ကြသည်။ အထက်ဖော်ပြပါနည်းလမ်းများကို အမြဲလိုက်နာဆောင်ရွက်နေခြင်းဖြင့်သတိအား မြင့်မားလာမည်ဖြစ်သည်။
ပညာအားကိုမြှင့်တင်ခြင်း
ပညာအားကိုမြှင့်တင်ခြင်းဆိုသည်မှာ ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးအပြုအမူများကိုမပြုလုပ်မီ ဗုဒ္ဓအဆုံးအမများ၊ ပညာရှိသူတော်ကောင်းများ၏အဆုံးအမများ၊ စည်းမျဉ်းစည်းကမ်းညွှန်ကြားချက်နှင့် ကျင့်ဝတ်သိက္ခာစသည်တို့ကို အမြဲနှလုံးသွင်းဆင်ခြင်ခြင်းဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရသော် ဓမ္မတရားနှင့်ကိုက်ညီစွာကြံစည်ပြောဆိုပြုမူနေထိုင်ခြင်းဖြစ်သည်။ ပညာအားမြင့်မားသည့်အခါ တွေ့ကြုံလာရသော လောကဓံတရားအမျိုးမျိုးတို့ကို စိတ်လှုပ်ရှားမှုအနည်းဆုံး၊ စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်မှု အမြင့်မားဆုံးဖြင့် ရင်ဆိုင်နိုင်သည်။ထို့ပြင်တွေ့ကြုံလာရသောလောကဓံတရားအမျိုးမျိုးတို့ထံမှ ဘဝသင်ခန်းစာများကို ထုတ်ယူသည်။ တွေ့ကြုံနေရသောလောကဓံတရားများ၏ဖိစီးမှုများကို ခေါင်းငုံ့မခံဘဲ မြင့်မားသောပညာအားဖြင့် လောကဓံတရားကို ထိရောက်စွာကိုင်တွယ်ထိန်းချုပ်သည်။ ဤသဘောတရားများသည် ပညာအားမြင့်မားခြင်း၏သဘောများပင်ဖြစ်သည်။ တွေ့ကြုံလာရသည့်လောကဓံတရားများကို အောင်မြင်စွာကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ပညာအားမြင့်မားနေရန်လိုအပ်သည်။ ပညာအားမြင့်မားရန် နည်းလမ်းခြောက်မျိုးဖြင့် ဆောင်ရွက်နိုင်သည်။ ယင်းနည်းလမ်းများမှာ ဗုဒ္ဓအဆုံးအမတရားများကို အမြဲနှလုံးသွင်းဆင်ခြင်နေခြင်း၊ ပညာရှိသူတော်ကောင်းများ၏အဆုံးအမများကိုအမြဲနာယူခြင်း၊ စာပေဗဟုသုတများကို စဉ်ဆက်မပြတ်ဖတ်ရှုလေ့လာစုဆောင်းနေခြင်း၊ ပစ္စုပ္ပန်အခြေအနေအရပ်ရပ်ကို မိမိလိုရာရှုထောင့်တစ်မျိုးတည်းမှ ဆင်ခြင်သုံးသပ်နေခြင်းမပြုဘဲ ဘက်စုံထောင့်စုံမှနေ၍ ဆင်ခြင်သုံးသပ်ခြင်း၊ လောကဖြစ်စဉ်အကြောင်းအရာများ၏မြင်ရသောအပိုင်း၊ နောက်ကွယ်၌ လျှို့ဝှက်တည်ရှိနေသည့် မမြင်ရသောအပိုင်း၊ မြင်ရသောအပိုင်းနှင့်မမြင်ရသောအပိုင်းတို့ မည်သို့ဆက်နွှယ်ရပ်တည်နေသည့်အပိုင်း စသည့်အပိုင်းသုံးပိုင်းစလုံးကိုလေ့လာခြင်း၊ လောကဖြစ်စဉ်အကြောင်းအရာများအား မိမိ၏ဆရာအဖြစ်သဘောထားပြီး မိမိအတွက်လိုအပ်သောအသိပညာရပ်အမျိုးမျိုးကို ဆက်လက်သင်ယူနေခြင်း စသည်တို့ဖြစ်ကြသည်။ အထက်ပါနည်းလမ်းများကို အမြဲလိုက်နာဆောင်ရွက်နေခြင်းဖြင့် ပညာအားမြင့်မားလာမည်ဖြစ်သည်။
ဝီရိယအားကိုမြှင့်တင်ခြင်း
ဝီရိယအားကိုမြှင့်တင်ခြင်းဆိုသည်မှာ အထက်မှပေးအပ်သောအမိန့်နှင့်တာဝန်များကိုလည်းကောင်း၊ မိမိ၏ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည့်လုပ်ငန်းတာဝန်များကိုလည်းကောင်း ပြီးဆုံးအောင်မြင်သည်အထိ စွမ်းအားကုန်ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်သည်။ဤသို့ကြိုးပမ်းဆောင်ရွက်ရာတွင် အခက်အခဲ၊ အကျပ်အတည်းများတွေ့ရှိလာပါကမိမိ၏ကြိုးပမ်းအားထုတ်မှုများကိုရပ်ဆိုင်းမပစ်ဘဲ ပြီးဆုံးအောင်မြင်သည်အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက် သည်။ လိုအပ်လာပါက မိမိ၏အသက်ကိုစွန့်သည်။ ဤသဘောသည် ဝီရိယအားမြင့်မားခြင်းသဘောပင် ဖြစ်သည်။ လောကဓံတရားအမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ဝီရိယအားမြင့်မား နေရန်လိုအပ်သည်။ထို့ကြောင့်ဝီရိယအားကို အစဉ်မြှင့်တင်ပေးနေရမည်။ ဝီရိယအားကို နည်းလမ်း ရှစ်မျိုးဖြင့် မြှင့်တင်နိုင်သည်။ ယင်းနည်းလမ်းများမှာ ဘဝခရီးကိုအောင်မြင်စွာလျှောက်လှမ်းနိုင်ရန်အတွက် ဝီရိယဟူသောအား ကြီးမားနေရန်လိုအပ်သည်ဟူသောအသိကို အစဉ်လက်ကိုင်ထားခြင်း၊ ပိုမိုအဆင့်မြင့် ခက်ခဲသောလုပ်ငန်းတာဝန်အမျိုးမျိုးကို ရှာဖွေထမ်းဆောင်ခြင်း၊ တာဝန်ထမ်းဆောင်မှုအဆင့်ကို တစ်ကြိမ်ထက်တစ်ကြိမ်ပိုမိုမြင့်မားအောင်မြှင့်တင်ပေးခြင်း၊ ဘဝအောင်မြင်မှု အမျိုးမျိုးကို အခက်အခဲအကျပ်အတည်းများကြားမှ စွမ်းအားကုန်ကြိုးပမ်းရယူခြင်း၊ မည်သည့်လောကဓံတရားမျိုးကိုမဆို အညံ့ခံ အရှုံးမပေးဘဲ အောင်ရမည်၊နိုင်ရမည်ဟူသောအောင်နိုင်စိတ်ကိုမွေးမြူခြင်း၊တာဝန်နှင့်ဂုဏ်သိက္ခာကိုအသက်ထက်ပိုမိုတန်ဖိုးထားပြီး စွမ်းအားကုန်ကြိုးပမ်းမြှင့်တင်ခြင်း၊ နိုင်ငံနှင့်လူမျိုးအတွက် ကောင်းကျိုးမှန်သမျှကို စွမ်းအားကုန်ကြိုးပမ်းဆောင်ရွက်ရမည့်တာဝန်မိမိတွင်ရှိသည်ဟု ခံယူချက်ထားရှိခြင်း၊ အညံ့ခံအရှုံးသမားအဖြစ် ဂုဏ်သိက္ခာမဲ့စွာ အသက်ရှင်သန်နေမည့်အစား အောင်မြင်မှုအတွက် စွမ်းအားကုန်ကြိုးပမ်းအားထုတ်ရင်း အသက်စွန့်လွှတ်သွားသူအဖြစ် ဂုဏ်သိက္ခာရှိစွာရပ်တည်သွားမည်ဟူသောခံယူချက်ထားရှိခြင်း စသည်တို့ဖြစ်ကြသည်။ အထက်ဖော်ပြပါနည်းလမ်းများကို အမြဲလိုက်နာ ဆောင်ရွက်နေခြင်းဖြင့် ဝီရိယအားမြင့်မားလာမည်ဖြစ်သည်။
သတိ၊ ပညာ၊ ဝီရိယမြင့်မားခြင်း၏အကျိုးတရား
သတိ၊ ပညာ၊ ဝီရိယအားသုံးမျိုးကို အစဉ်မြှင့်တင်နေခြင်းဖြင့် အကျိုးတရားများစွာရရှိသည်။ ယင်းအကျိုးတရားများကြောင့် လောကဓံတရားအမျိုးမျိုးကို ထိရောက်အကျိုးရှိစွာ ကိုင်တွယ်ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ ရရှိမည့်အကျိုးတရားများအနက် အဓိကရှစ်မျိုးကို ဖော်ပြလိုသည်။ ယင်းအကျိုးတရားရှစ်မျိုးမှာ ဘဝခရီးအတွက်လိုအပ်သောစွမ်းရည်အမျိုးမျိုးမြင့်မားနေခြင်း၊ စိတ်ဓာတ်ပိုမိုရင့်ကျက်တည် ငြိမ်လာခြင်း၊ အသိနှင့်သတိတရားပိုမိုမြင့်မားလာခြင်း၊ ပစ္စုပ္ပန်အခြေအနေများကို ပြည့်စုံမှန်ကန်စွာ သိမြင်နားလည်ပြီး အနာဂတ်အခြေအနေများကို မှန်ကန်စွာကြိုတင်သိမြင်နေခြင်း၊ ပစ္စုပ္ပန်ကာလနှင့် အချိန်များကို ထိရောက်စွာအသုံးချနိုင်ပြီး အနာဂတ်အခြေအနေများအတွက် ကြိုတင်အသင့်ဖြစ်နေခြင်း၊ လောကဓံတရားကြောင့်ဖြစ်ပေါ်လာသောဖျက်အားအမျိုးမျိုးကို မိမိအတွက် တက်အားများအဖြစ် ပြောင်းလဲအသုံးချနိုင်ခြင်း၊ တွေ့ကြုံလာရသောမည်သည့်လောကဓံမျိုးကိုမဆို မိမိအတွက် အောင်မြင်မှုအခွင့်အလမ်းများအဖြစ် အကျိုးရှိစွာအသုံးချနိုင်ခြင်းစသည်တို့ဖြစ်ကြသည်။
နင်လားဟဲ့လောကဓံ
ဘဝခရီးကိုဖြတ်သန်းရင်း လောကဓံတရားအမျိုးမျိုးကို မလွဲမသွေရင်ဆိုင်ကြုံတွေ့နေရမည်သာဖြစ်သည်။ လောကဓံတရားဆိုသည်မှာ သတိ၊ ပညာ၊ ဝီရိယအားနည်းစွာ ဘဝရပ်တည်နေသူကို အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် အနိုင်ယူလေ့ရှိသည်။ သို့သော် သတိ၊ ပညာ၊ ဝီရိယအဆင့်မြင့်မားစွာ ဘဝရပ်တည်နေသူကို အနိုင်ယူနိုင်စွမ်းမရှိပါ။ သတိ၊ ပညာ၊ ဝီရိယကြီးမားသူအတွက် တိုးတက်အောင်မြင်မှုအမျိုးမျိုးကိုသာ ဖော်ဆောင်ပေးသည့်သဘောသဘာဝရှိပါသည်။
သတိ၊ ပညာ၊ ဝီရိယအားနည်းသူအတွက်လောကဓံတရားအမျိုးမျိုးသည် အားပြတ်ဖွယ်ရာဖြစ်သော်လည်း သတိ၊ ပညာ၊ ဝီရိယကြီးမားသူအတွက်မူ လောကဓံတရားများသည် အားတက်ဖွယ်ရာအခြေအနေကောင်းများပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သတိ၊ ပညာ၊ ဝီရိယဟူသောအားသုံးမျိုးကို အစဉ်မြှင့်တင်နေကြရမည်။ ဤသို့မြှင့်တင်နေကြပါက လောကဓံတရားများအတွက် အမြဲတမ်းအသင့်အနေအထားတွင်ရှိနေမည်။ထိုမျှသာမကဘဲ နင်လားဟဲ့လောကဓံဟုဟစ်ကြွေးပြီးအောင်မြင်စွာကိုင်တွယ်ဖြေရှင်းအနိုင်ယူနိုင်မည်ဖြစ်ကြောင်း နိဂုံးချုပ်အနေဖြင့်တင်ပြအပ်ပါသည်။ ။
Source: Myawady Web Portal

ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဖွား၊ ပွင့်၊ ဟော၊ စံ ဆိုသည့်နေ့ထူးနေ့မြတ်ကြီး များဖြစ်ပေါ်ခဲ့သောကြောင့် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရှိသည့်နေ့တစ်နေ့ဖြစ်သည်။ ကဆုန်လပြည့်နေ့တွင်ကျင်းပသည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်း၊ ဇီဝိတဒါနအဖြစ် ငါးသက်စေ့လွှတ်ခြင်း၊ ဥပုသ်သီတင်းဆောက်တည် ခြင်းစသည်ဖြင့် ဗုဒ္ဓဘာသာဝင်တို့ အစဉ်အလာမပျက်ကျင့် သုံးလျက်ရှိကြသည်။
သို့သော် ကဆုန်လ၏ထူးခြားဆန်းပြားပုံများအကြောင်းကိုမူ သိသူနည်းသည်။ သို့ပါ၍ အောက်ပါအတိုင်း အကျယ်တဝင့်ရေးသားဖော်ပြလိုက်ရသည်။

ထူးခြားဆန်းပြား ကဆုန်လအကြောင်း သိကောင်းစရာမြန်မာအဘိဓာန်တွင်ဖော်ပြသော ဆယ့်နှစ်ရာသီ အရုပ်၊ ပွဲ၊ ပန်း၊ နက္ခတ်ပြဇယားအရ ကဆုန်လ၏ရာသီမှာ ပြိဿရာသီ၊ ရာသီရုပ်မှာ “နွားလား” ၊ ရာသီပွဲမှာ “ညောင်ရေသွန်းပွဲ” ၊ ရာသီပန်းမှာ “စံကားပန်း” ၊ စန်းယှဉ်နက္ခတ်မှာ “ဝိသာခါနက္ခတ်”ဖြစ်ကြောင်းဖော်ပြထားသည်။ ထို့ပြင် ကဆုန်လနှင့် ကဆုန်လပြည့်နေ့ကို “လ၏ ပန္နရသီ ပုဏ္ဍာတိထီ” ပြည့်ညီသောကြောင့်လည်းကောင်း၊ ဂိမှာန်ဥတု နွေရာသီအချိန်အခါ အချက်အချာအလယ်ကာလ ဖြစ်သောကြောင့်လည်းကောင်း၊ ကောင်းကျိုး တရားကို ထူးခြားစွာပေးနိုင်သည့် “ဝိသာခါနက္ခတ်” နှင့် “စန်း” ဟုခေါ်သော တနင်္လာဂြိုဟ် ငွေလမင်းတို့ယှဉ်တွဲလျက် ထွန်းပေါ်လာသည့်အခါဖြစ်သောကြောင့် လည်းကောင်း အထူးကဲဆုံး၊ အမြင့်မြတ်ဆုံးအချိန်ကာလဖြစ်သည်ဟူ၍ ရှေးပညာရှိများက ညွှန်းဆိုကြ သည်။
ထို့ကြောင့် မြန်မာပြက္ခဒိန်၏ ဒုတိယလဖြစ်သော ကဆုန်လသည် ဆယ့်နှစ်လရာသီအနက် ဗုဒ္ဓဘာသာ ဝင်တို့၏ မွန်မြတ်ထူးခြားလှသော လတစ်လဟုဆိုရပေမည်။ ထို့ပြင် “ကဆုန်လပြည့်ဗုဒ္ဓနေ့” ဟူသော ဝိသေသထူးရှိနေသည်။ ပုဂံကျောက်စာတွင် ကုဆုန် ဟူသောအရေးအပြင် ခူဆုန်၊ ခုဆုန် ဟူသော ကွဲလွဲချက်များကိုတွေ့ရသော်လည်း သဘောမှာအတူတူဖြစ်သည်။ “ကု” သည် “ရေ” ဟုအဓိပ္ပာယ်ရပြီး “ဆုန်” မှာ “သွန်းလောင်းခြင်း” အဓိပ္ပာယ်ရှိသည့်အတွက် အလွန်ပူပြင်းသည့် နွေရာသီ၏အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ်တို့ကို ရေလောင်းပေးရသည်ဟုဆိုခြင်းဖြစ်သည်။ ညောင်ရေသွန်းပွဲကို ကဆုန်လပြည့်နေ့တွင်ကျင်းပကြသည်။
ကဆုန်လသည် ရေများခန်းခြောက်ကာ ရေအရှားပါးဆုံး လတစ်လဖြစ်သောကြောင့် ရှေးလူတို့သည် ဘုရားအလောင်းတော်ဘုရားအဖြစ်သို့ရောက်တော်မူရာတွင် မဟာဗောဓိပင်မှကူးယူစိုက်ပျိုးခဲ့သောမဟာဗောဓိပင်ကြီးရေခန်းခြောက်မူကြောင့်သေဆုံးမသွားစေရန်ရေအပြတ်လပ်ဆုံးဖြစ်သော ဤကဆုန်လတွင် ညောင်ရေသွန်းလောင်း၍ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ညောင်ရေသွန်းခြင်း အပြင် ဗုဒ္ဓနေ့ သရုပ်ဖော်မှုကိစ္စတစ်ရပ်ရှိသည်။ ၎င်းမှာ ဗုဒ္ဓရုပ်ပွားတော်များအား အနေကဇာတင်ခြင်း ဖြစ်သည်။
ကဆုန်လညောင်ရေသွန်းလောင်းခြင်းနှင့်ပတ်သက်၍လောကဗျူဟာအင်ရုံစာတမ်းတွင် ထူးခြားသော မှတ်ချက်တစ်ခုကို ယခုလိုလေ့လာသိရှိရသည်။ “ကဆုန်နယုန် ဆွေ့ဆွေ့ခုန်” ဆိုရိုးစကားအတိုင်း နွေကာလ၏ အပူဆုံးလများဖြစ်၍ ရေများခန်းခြောက်သည်။ ရမည်းသင်းမင်းတရားလက်ထက်တွင် ကဆုန်လ မိုးမရွာ၍ အိပ်မက်မြင်မက်ရာ ထိုအိပ်မက်ထဲကအတိုင်း ပတ္တမြားစေတီ၌ညောင်ရေသွန်း ခြင်းကိစ္စကိုစီရင်သည်။ ညောင်ရေသွန်းပြီးနောက် နန်းတော်သို့အပြန်မှာပင် မိုးသည်းစွာရွာချသည်။ ထိုအချိန်မှစ၍ ပတ္တမြားစေတီ၌ ညောင်ရေကို နှစ်စဉ်မပြတ်သွန်းလောင်းခဲ့ကြောင်းနှင့် မိုးခေါင်ရေရှား အရပ်များတွင်မိုးကြီးရွာချစေရန် ညောင်ရေသွန်းသောဓလေ့ရှိခဲ့ကြောင်း လေ့လာမှတ်သားရသည်။
ထူးခြားဆန်းပြားသော ကဆုန်လ
ကဆုန်လနှင့်စပ်လျဉ်း၍ မှတ်သားဖွယ် (၁၆) ချက် ရှိသည်။ ၎င်းတို့မှာ-
(၁) အလောင်းတော်သုမေဓာသည် ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတ ဗျာဒိတ်ခံယူသောလ။
(၂) အလောင်းတော်သိဒ္ဓတ္ထမင်းသားဖွားမြင်တော်မူသောလ(ခရစ်တော်မပေါ်မီ ၆၂၃ ဝိသာခါ (ကဆုန်လ) ၏ လပြည့်နေ့တွင်လုမ္ဗိနီအင်ကြင်းတော၌ဖွားမြင်တော်မူခဲ့သည်။)၊
(၃) တောထွက်တော်မူသောလ၊
(၄)သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကို ရယူသောလ၊
(၅)ပရိနိဗ္ဗာန် စံဝင်တော်မူသောလ၊
(၆)ဗောဓိပင်မြတ်ကို ညောင်ရေဓာတ်သွန်းလောင်းသောလ၊
( ၇)စံကားပန်းပွင့်သောလ၊
(၈)ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ပြည့်သောလ၊
(၉) တံငါတာရာထွန်းသောလ (သက္ကဋ နက္ခတ္တဒီပနီအလို ဆင်တာရာထွန်းသောလ)၊
(၁၀) နေ့ ၃၂ နာရီ ၊ ည ၂၈ နာရီရှိ၍ ညတာတိုသောလ၊
(၁၁) ရက်စုံသတ်သောလ (ရက်သုံးဆယ်ရှိသောလ)၊
(၁၂)နဂါးဦးခေါင်း အနောက်မြောက်မှာဝမ်းပြင်တောင်ခွင်ကျောသားမြီးကား အရှေ့သို့ထားသောလ၊
(၁၃)စနေနှင့် ကြာသပတေး ရက်ရာဇာ၊ ဗုဒ္ဓဟူးနှင့် သောကြာ ပြဿဒါးဖြစ်သောလ၊
(၁၄) နှစ်ဖဝါးဖြင့် မွန်းတည့်သောလ၊
(၁၅) ပြိဿရာသီမည်သောလ၊
(၁၆) ဖွားဖက်တော်ခုနစ်ပါးမွေးဖွားဖြစ်ပေါ်သောလ (ညီတော် အာနန္ဒာထေရ်၊ ဗောဓိပင်၊ ကာဠုဒါယီထေရ် သို့မဟုတ် အမတ်၊ ယသော်ဓရာမိဖုရား၊ ဆန္ဒထေရ် သို့မဟုတ် အမတ်၊ ရွှေအိုးကြီးလေးလုံး၊ ကဏ္ဍက မြင်းဖြူတော်) စသည်တို့ဖြစ်ကြသည်။
ထို့ကြောင့် ၁၉၉၈ ခုနှစ် နို၀င်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ကျင်းပသောအပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာကွန်ဖရင့်တွင် ထူးခြားချက်အပေါင်းနှင့်ပြည့်စုံသော ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက်အဖြစ်သတ်မှတ်နိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ကမ္ဘာ့ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရေးအဆိုကို ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့တင်သွင်းခဲ့သည်။ (၅၄) ကြိမ်မြောက် အထွေထွေညီလာခံသို့ တင်သွင်းသော ယင်းအဆိုကို မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၃၄ နိုင်ငံက ထောက်ခံခဲ့ကြသည်။ ဤသို့ဖြင့် ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာရုံးပိတ်ရက် (Vesak Universal Holiday) အဖြစ် ကုလသမဂ္ဂက သတ်မှတ်ပေးခဲ့သည်။
အချုပ်ဆိုရသော် ကဆုန်လသည် မြန်မာပြက္ခဒိန်၏ နွေလများထဲမှ ဗဟိုချက်မ အလယ်လဖြစ်၍ ကဆုန်လမှာ ဆွေ့ဆွေ့ခုန်ရလောက်အောင် ရာသီဥတုပူပြင်းသည်။ မည်သို့ပင်ဆိုစေကာမူ ကဆုန်လတွင် ဝိသာခါနက္ခတ်နှင့်စန်းယှဉ်၍ပွင့်သော “စံကားပန်း" ၏ ရနံ့သည် ပူပြင်းသောရာသီကို အန်တုပေးကာ အမှန်တကယ်ပင် အမောပြေလန်းဆန်းစေသည်။ သို့ပါ၍ ကဆုန်လတွင် ညောင်ရေသွန်းကြရင်း ရှားရှားပါးပါး ခါတော်မီ ရာသီပန်းတစ်မျိုးဖြစ်သော စံကားပန်းပွင့်လေးများကိုလည်း ဘုရားလှူနိုင်ကြပါစေကြောင်းနှင့် နေ့အပူချိန်မြင့်တက်လျက်ရှိသော ယခုနှစ်နွေရာသီတွင် ဗောဓိညောင်ပင်ကိုရေသွန်းလောင်းလှူပြီးမြန်မာပြည်သူပြည်သားအားလုံး ကြည်သာရွှင်ပျအေးမြကြပါစေကြောင်း ဆန္ဒပြုဆုတောင်းလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories

ကဆုန်လသည် အပူဓာတ်လွန်ကဲသောလဖြစ်သည်။ မြစ်ချောင်းအင်းအိုင်များ ရေခန်းခြောက်ချိန်ဖြစ်သည်။ သို့ရာတွင် မုတ်သုံမိုး တစ်ပြိုက်၊ နှစ်ပြိုက်ရွာသွန်းတတ်သဖြင့် မိုးရေစွတ်စိုသော မြေပြင်သည် တစ်မူထူးခြားသော မြေသင်းနံ့သင်းပျံ့ပျံ့ကို ရှူရှိုက်ရသောလလည်းဖြစ်သည်။ ရှေးမြန်မာများက ကဆုန်အတွင်း မြေသင်းပျံ့ပျံ့မိုးနှံ့နှံ့ ဟု ဆိုရိုးပြုခဲ့ကြသည်။ ကဆုန်လတွင် နေအပူရှိန် အပြင်းထန်ဆုံးအချိန်ဖြစ်သောကြောင့် တချို့သောဒေသများတွင် ရေရှားပါးပြတ်လပ်ခန်းခြောက်မှုများ ကြုံတွေ့ကြရသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် မြတ်စွာဘုရားပွင့်တ
ကဆုန်လသည် အပူဓာတ်လွန်ကဲသောလဖြစ်သည်။ မြစ်ချောင်းအင်းအိုင်များ ရေခန်းခြောက်ချိန်ဖြစ်သည်။ သို့ရာတွင် မုတ်သုံမိုး တစ်ပြိုက်၊ နှစ်ပြိုက်ရွာသွန်းတတ်သဖြင့် မိုးရေစွတ်စိုသော မြေပြင်သည် တစ်မူထူးခြားသော မြေသင်းနံ့သင်းပျံ့ပျံ့ကို ရှူရှိုက်ရသောလလည်းဖြစ်သည်။ ရှေးမြန်မာများက ကဆုန်အတွင်း မြေသင်းပျံ့ပျံ့မိုးနှံ့နှံ့ ဟု ဆိုရိုးပြုခဲ့ကြသည်။ ကဆုန်လတွင် နေအပူရှိန် အပြင်းထန်ဆုံးအချိန်ဖြစ်သောကြောင့် တချို့သောဒေသများတွင် ရေရှားပါးပြတ်လပ်ခန်းခြောက်မှုများ ကြုံတွေ့ကြရသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိပင်ကိုရည်မှန်းကာ ဗောဓိပင်အပွားတော်များကို သဒ္ဓါတရားထက်သန်စွာ ရေစင်သွန်းလောင်းလေ့ရှိကြသည်။
ကဆုန်လဆိုသည်မှာကဆုန်လသည် မြန်မာတစ်ဆယ့်နှစ်လတွင်ဒုတိယလဖြစ်၍ ပြိဿရာသီနှင့်တူညီသည်။ ကဆုန် လကို မြန်မာမူအရ ပြိဿရာသီခေါ်၍ ထိုလတွင်စန်းယှဉ်နက္ခတ်မှာဝိသာခါနက္ခတ်ဖြစ်သည်။
ယှဉ်သောတာရာမှာ တံငါတာရာဖြစ်သည်။ ရာသီရုပ်မှာ နွားလားရုပ်ဖြစ်သည်။ ရာသီပန်းကား စံကားပန်းဖြစ်၍ ရာသီပွဲတော်ကား ညောင်ရေသွန်းပွဲတော်ဖြစ်သည်။ ကဆုန်ကို ပုဂံခေတ်ကျောက်စာများတွင် ကုဆုန်ဟုရေးထိုးထားသည်။ ထိုမှတစ်ဆင့် ကဆုန်ဟူ၍ရေးသားလာခြင်းဖြစ်သည်။ ကု၊ က ၏ အနက် အဓိပ္ပာယ်သည် ရေဖြစ်သည်။ ဆုန်၏ အနက်အဓိပ္ပာယ်သည် သွန်းလောင်းခြင်းဖြစ်သည်။ ထို့ကြောင့် ကဆုန်လကို ရေသွန်းလောင်းလ၊ ရေလောင်းလဟုအဓိပ္ပာယ်ကောက်ယူနိုင်ပေသည်။
“ကဆုန် နယုန် ဆွေ့ဆွေ့ခုန်” ဆိုသည့်အတိုင်း ကဆုန်လ၏အပူချိန်သည် လွန်စွာပင်ပူပြင်းလှသည်။ ထိုသို့အပူချိန်မြင့်မားလာမှုကြောင့် တချို့သောဒေသများတွင်သောက်သုံးရေရှားပါးသော်လည်း အလှူဒါန ရက်ရောကြသည့် မြန်မာလူမျိုးတို့သည်ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ရေကို ရနိုင်သည့်နေရာမှ ပင်ပန်းကြီးစွာ သွားရောက်ခပ်ယူကာ မဟာဗောဓိညောင်ပင်အားကုသိုလ်ဖြစ်ရေလောင်းလှူကြသည်။ ရှေးယခင်ကတည်းက ကျေးရွာ၊ ရပ်ကွက်အလိုက် ဘုရား၊ကျောင်းကန်များရှိ မဟာဗောဓိညောင်ပင်များကို စုပေါင်းရေလောင်းလှူကြသည့်ဓလေ့သည် မြန်မာလူမျိုးတို့၏ ကောင်းမွန်သောအလေ့အထတစ်ခုပင် ဖြစ်သည်။
ဗုဒ္ဓနေ့
“ဖွားမြင်၊ ပွင့်စံ၊ ဗျာဒိတ်ခံ၊ နိဗ္ဗာန်ကြွတော်မူ” ဆိုသည့်အတိုင်း ကဆုန်လပြည့်ဗုဒ္ဓနေ့သည် ဗုဒ္ဓ ဘာသာဝင်များအထွတ်အမြတ်ထားရာနေ့တစ်နေ့ပင်ဖြစ်သည်။ထိုနေ့တွင် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားစင်စစ်ဧကန်ဖြစ်မည်ဟု ဗျာဒိတ်ခံယူရရှိခြင်း၊ မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့(သောကြာနေ့) တွင် ဘုရားအလောင်းတော်အားဖွားမြင်တော်မူခြင်း၊ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့(ဗုဒ္ဓဟူးနေ့)တွင် သစ္စာလေးပါးကို သိမြင်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ (အင်္ဂါနေ့)တွင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းနှင့် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်း စသည့်အကြောင်းတရားလေးပါးနှင့်ပြည့်စုံတော်မူသော နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။
ဖွားမြင်တော်မူ
မြတ်စွာဘုရား၏မိခင် သီရိမဟာမာယာဒေဝီ မိဖုရားကြီးသည် ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေချိန်တွင် မွေးရပ်မြေဒေဝဒဟပြည်ရှိ ဆွေမျိုးများထံသို့ပြန်ပြီး ဘုရားလောင်းအား မီးဖွားသန့်စင်လိုသဖြင့် ကပိလဝတ်တိုင်းပြည်မှ ထွက်ခွာခဲ့သည်။ ဘုရားလောင်း၏ဖခင် သုဒ္ဓေါဓနမင်းကြီးသည် မယ်တော် မာယာအား ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေသဖြင့် ထိုသို့ခရီးရှည်မသွားရောက်ရန်အကြိမ်ကြိမ်တားဆီး ခဲ့သည်။ သို့ရာတွင် မိဖုရားကြီး၏ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် နောက်ဆုံးတွင် ဆွေမျိုးများထံသို့ သွားရောက်ရန်ခွင့်ပြုပေးခဲ့ရသည်။ မင်းကြီးထင်ထားသည့်အတိုင်းပင် ဘုရားအလောင်းတော်ကို လမ်းခုလတ် လုမ္ဗိနီအမည်ရှိ အင်ကြင်းဥယျာဉ်၌ ဖွားမြင်တော်မူခဲ့သည်။ ထို့ကြောင့် ဘုရားအလောင်းတော်ကို ယခုလို ပူပြင်းသည့်နွေရာသီ ကဆုန်လ၌ပင် ဖွားမြင်တော်မူခဲ့ခြင်းဖြစ်သည်။
သစ္စာလေးပါးကိုသိမြင်ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသားသည် ၁၆ နှစ်အရွယ်တွင် ယသော်ဓရာမင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို နွေ၊ မိုး၊ ဆောင်းနန်းဆောင်သုံးခု၌ ၁၃ နှစ်ကြာ စံမြန်းတော်မူခဲ့သည်။ ထို့နောက် ဥယျာဉ်တော်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီးလေးပါးတို့ကိုမြင်တွေ့ပြီးနောက် မအို၊ မနာ၊ မသေသော လမ်းစဉ်ကိုရှာဖွေရန်အတွက် တောထွက်တော်မူခဲ့သည်။ တောရပ်မြိုင်တွင် ခြောက် နှစ်ကြာ ဒုက္ကရစရိယာကျင့်ပြီး သက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ခြင်းဖြစ်သည်။ မလျှော့သောဇွဲ၊ လုံ့လဖြင့်စဉ်ဆက်မပြတ် အားထုတ်ကျင့်ကြံခဲ့ခြင်းကြောင့်သာ ချစ်ချစ်တောက်ပူပြင်းလှသည့် ကဆုန်နေရောင် အောက်တွင် သစ္စာလေးပါးကို သိမြင်တော်မူသော သုံးလောကထွတ်ထားမြတ်ဘုရားအဖြစ်သို့ ရောက်ရှိ တော်မူခဲ့ခြင်းဖြစ်သည်။
ပရိနိဗ္ဗာန်စံဝင်
မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ရောက်ရှိတော်မူသည့်နေ့မှစပြီး သတ္တဝါများကိုကယ်တင် နိုင်ရန်အတွက် ညဉ့်အချိန်တွင် ၂ နာရီခန့်သာ သတိတရားဖြင့် တရားမှတ်အနားယူခဲ့သည်မှလွဲ၍ လူ၊ နတ်၊ ဗြဟ္မာတို့အား ၄၅ ဝါတိုင်တိုင် အချိန်ပြည့် တရားတော်များဟောကြားသွန်သင်ဆုံးမခဲ့သည်။ထိုသို့ ကရုဏာကြီးမားစွာ သွန်သင်ဆုံးမ ဟောကြားနေရာမှ သက်တော် ၈၀ ပြည့်သည့်အချိန်သက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့(အင်္ဂါနေ့)တွင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ မြတ်စွာဘုရားနှင့် ဆက်စပ်သော ထူးခြားသည့်ဖြစ်စဉ်များသည် ကဆုန်လပြည့်နေ့တွင် အများဆုံးဖြစ်ခဲ့သည်။
ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာများအတွက် အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။
အမြတ်ဆုံးနေ့
ဆိုရလျှင်နှစ်စဉ်ကဆုန်လပြည့်နေ့သည်ဗုဒ္ဓနေ့ပင်ဖြစ်သည်။ ထိုနေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအတွက် ထူးခြားလေးနက်သောနေ့တစ်နေ့ဖြစ်သည်။ အကြောင်းမူကား ဘုရားအလောင်းတော်သည် လွန်ခဲ့သော သက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး မြတ်စွာဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ မြတ်စွာဘုရားအလောင်းတော်သည် ယခုလိုပူပြင်း ခြောက်သွေ့သောနွေရာသီ အပူချိန်အောက်တွင် သစ္စာလေးပါးတရားထူးတရားမြတ်ကို ထိုးထွင်းသိမြင်နိုင်အောင်ကျင့်ကြံအားထုတ်ခဲ့ရသည်။ ဘဝပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့ရသော ပါရမီအဟုန် တို့ကြောင့် မာရ်နတ်နှောင့်ယှက်နေသည့်ကြားမှပင် ဗောဓိပင်နှင့်ရွှေပလ္လင်ထက်ဝယ် သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်းသိမြင်နိုင်ခဲ့သည်။ ထိုအကြောင်းတရားများကြောင့် မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့ကို အမြတ်ဆုံးနေ့အဖြစ် သတ်မှတ်ထားကြခြင်းဖြစ်သည်။
ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ညောင်ရေသွန်းပွဲတော်အမှန်တော့ ဘုရားလောင်းသိဒ္ဓတ္ထမင်းသား၏ ဖွားဖက်တော် ခုနစ်ပါးတွင် မဟာဗောဓိညောင်ပင်လည်းပါရှိသည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် မြတ်စွာဘုရားပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက်ပိုင်း မဟာဗောဓိ ညောင်ပင်ကို မြတ်စွာဘုရားအဖြစ်ရည်မှန်းကာ နှစ်စဉ် ကဆုန်လပြည့်နေ့တွင် အမွှေးနံ့ သာများဖြင့် ညောင်ရေသွန်း ကုသိုလ်ပြုကြခြင်းဖြစ်သည်။ ညောင်ရေသွန်းပွဲတော်ကို ပုဂံခေတ်ကတည်းက ကျင်းပခဲ့သည်။ ထိုသို့မြတ်စွာဘုရားအားရည်မှန်း၍ကုသိုလ်ပြုကြသောကြောင့် ယုံကြည်မှုသဒ္ဓါတရား အပေါ်မူတည်၍ အကျိုးပေးမှုများလည်းကွာခြားလှပေသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော် များအား တောရောမြို့ပါ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။ နိုင်ငံတစ်ဝန်းတွင်ကျင်းပသည့် ကဆုန်ညောင်ရေသွန်းပွဲတော်သည် တစ်နှစ်ထက်တစ်နှစ်ပိုမိုစည်ကားလာလျက်ရှိသည်။ ထိုမြင်ကွင်း များကိုတွေ့ရမြင်ရသည်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦးအတွက် များစွာပီတိဖြစ်ရသည်။
ထိုသို့ ထူးမြတ်သည့်ဗုဒ္ဓနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုး၊ ရိပ်သာများတွင် ဥပုသ်သီတင်းသီလဆောက်တည်သူများ၊ ဒါန၊ သီလ၊ဘာဝနာပွားများသူများဖြင့် အထူးစည်ကားလျက်ရှိ သည်။ နှစ်စဉ်ကဆုန်လပြည့်နေ့တွင် အစိုးရရုံး၊ ဌာနများအား ပိတ်ပေးထားသဖြင့် နိုင်ငံ့ဝန်ထမ်းများ သည်လည်း အခြားပြည်သူများနည်းတူ ဘုရား၊ ကျောင်းကန်များသို့သွားရောက်ကာ ဥပုသ်သီတင်း သီလဆောက်တည်ခြင်း၊ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းတို့ကို လွတ်လပ်စွာပြုလုပ်ပွားများလှူဒါန်း နိုင်ကြသည်။
မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့တွင် ယဉ်ကျေးသိမ်မွေ့သော ဝတ်စားဆင်ယဉ်ထုံးဖွဲ့ မှုမျိုးဖြင့် သာ ညောင်ရေသွန်းပွဲတော်သို့သွားရောက်လေ့ရှိကြသည်။ ထိုနေ့တွင် ဘုရား၊ စေတီပုထိုးများ၌ ညောင်ရေသွန်းပွဲတော်သို့လာရောက်ကုသိုလ်ပြုကြသည့် အလှူရှင်များနှင့်ပြည့်နှက် နေလျက်ရှိသည်။ ထိုသို့ လာရောက်ကုသိုလ်ပြုကြသည့် အသက်အရွယ်ပေါင်းစုံသည် ယောဂီအရောင် ထဘီ၊ ပုဆိုးနှင့် အဖြူရောင်အင်္ကျီသန့်သန့်ကလေးများကိုသာ ဝတ်ဆင်ထားကြသည့်အပြင် ယောဂီရောင် တဘက်ကလေးများကိုပါ ခြုံထားသည့် မြင်ကွင်းကလည်း ကြည့်ရ၊ မြင်ရသူများ၏ရင်ကို အေးမြစေ သည်။
ထိုသို့သွားရောက်ရာတွင် ကလေး၊ လူကြီးပါမကျန် မီးခိုးတိတ်သွားရောက်ကြပြီး မဟာဗောဓိ ညောင်ပင် အနီးအနားတွင် သံဃာတော်များထံမှသီလခံယူပြီးမှသာ အမွှေးနံသာရည်များဖြင့် ကုသိုလ် ဖြစ် ညောင်ရေသွန်းလောင်းကြသည်။ ပီတိဖြစ်ဖွယ်မြင်ကွင်းများပင်ဖြစ်သည်။ ထိုမြင်ကွင်းမျိုးကို ကမ္ဘာ ပေါ်ရှိ မည်သည့်နိုင်ငံတွင်မျှ တွေ့မြင်ရလိမ့်မည်မဟုတ်ချေ။
ထို့ကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုများအနေဖြင့် ဗုဒ္ဓ၏ဖြစ်တော်စဉ်များ ပြည့်နှက် လွှမ်းခြုံလျက်ရှိသည့် ထူးခြားလေးနက်ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် မြတ်ဗုဒ္ဓ၏ဖွားဖက်တော် မဟာဗောဓိ ညောင်ပင်အား ရေသွန်းလောင်းရင်း ဒါန၊ သီလ၊ ဘာဝနာများပွားများကာ ကောင်းမှုကုသိုလ် အစုစုကို ဆတက်ထမ်းပိုးပြုလုပ်သွားကြပါစို့ဟု ဆန္ဒပြုရေးသားလိုက်ရပါသည်။ ။

တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ဟူ၍လည်း ခေါ်ဆိုကြသည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရားရှင်က အဇာတသတ်မင်းကို သာမညဖလ သုတ်တော်ဟူသော ရဟန်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများကို ဟောကြားခဲ့ရာမှ သာမညဖလ အခါတော်နေ့ဟူ၍ ဖြစ်ပေါ်ခဲ့ပါသည်။ အဖသတ်သော အဇာတသတ်မင်းအနေဖြင့် ဤခါဤနေ့တွင် စိတ်ကြည်လင်ခြင်းအလို့ငှာ တရားတော်နာကြားလိုစိတ်ဖြစ်ပေါ်ခဲ့သည်။ ဤတွင် မင်းအပါးခစားမှူးမတ်များက သာသနာမှတစ်ပါးသော အယူဝါဒရှိသူ ထိုစဉ်က ကျော်ကြားသော တိတ္ထိဆရာကြီး ခြောက်ပါးထံတွင် ချဉ်းကပ်ရန် တိုက်တွန်းသော်လည်း အဇာတသတ်မင်းမှာ ခပ်ဆိတ်ဆိတ်သာနေသည်ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့ဆီကို အဇာ
တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ဟူ၍လည်း ခေါ်ဆိုကြသည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရားရှင်က အဇာတသတ်မင်းကို သာမညဖလ သုတ်တော်ဟူသော ရဟန်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများကို ဟောကြားခဲ့ရာမှ သာမညဖလ အခါတော်နေ့ဟူ၍ ဖြစ်ပေါ်ခဲ့ပါသည်။ အဖသတ်သော အဇာတသတ်မင်းအနေဖြင့် ဤခါဤနေ့တွင် စိတ်ကြည်လင်ခြင်းအလို့ငှာ တရားတော်နာကြားလိုစိတ်ဖြစ်ပေါ်ခဲ့သည်။ ဤတွင် မင်းအပါးခစားမှူးမတ်များက သာသနာမှတစ်ပါးသော အယူဝါဒရှိသူ ထိုစဉ်က ကျော်ကြားသော တိတ္ထိဆရာကြီး ခြောက်ပါးထံတွင် ချဉ်းကပ်ရန် တိုက်တွန်းသော်လည်း အဇာတသတ်မင်းမှာ ခပ်ဆိတ်ဆိတ်သာနေသည်ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့ဆီကို အဇာတသတ်မင်းသွားရောက်ချဉ်းကပ်၍ မေးမြန်းပြီးသားဖြစ်ချေသည်။ လိုချင်သော၊ လိုအပ်သော အဖြေကိုမရရှိခဲ့သောအဖြစ်ကို မှူးမတ်တို့က သိရှိထားခြင်းမရှိပေ။
ဇီဝကသို့ အမေး
ဤတွင် လက်ခံမှုမရှိသော အဇာတသတ်မင်းက ဇီဝကကို အမေးရှိလာသောအခါ ဇီဝကအနေဖြင့် “မြတ်စွာဘုရားကို ဆည်းကပ်တော်မူပါ။ မြတ်စွာဘုရားကိုဆည်းကပ်လျှင် မင်းမြတ်၏စိတ် ကြည်လင်တန်ရာပါ၏” ဟု လျှောက်ထားတော်မူသည်။ ထိုအခါ ဇီဝကအားဆင်တို့ကို ပြင်ဆင်စေပြီး မြတ်စွာဘုရား သီတင်းသုံးသည့် ဇီဝက၏ သရက်ဥယျာဉ်သို့ သွားလေသည်။ ဥယျာဉ်အနီးသို့အရောက်တွင် အဇာတသတ်မင်းမှာ ကြောက်ရွံ့ထိတ်လန့် ကြက်သီးမွေးညင်းထကာ ဇီဝကကို “ငါ့ကို မဖြားယောင်းနှင့်။ ငါ့ကို ရန်သူတို့ထံ အပ်နှင်းမလို့ မဟုတ်လား” ဟုမေးသည်။ မေးရသည့်အကြောင်းမှာ အပါး ၁၂၅၀ မျှသော မြောက်မြားသည့် ရဟန်းသံဃာတို့ စုဝေးနေသည့်နေရာတွင် ချေဆတ်သံ၊ ချောင်းဟန့် သံ၊ စကားပြောသံများ မကြားရသောကြောင့် ဖြစ်သည်။ ဇီဝကက ပြန်လည်လျှောက်ထားသည်မှာ “မင်းကြီးရှေ့သို့ ကြွတော်မူပါ။ တန်ဆောင်းဝင်း၌ ဆီမီးတို့တောက်ပလျက်ရှိနေသည်” ဟု လျှောက်ထားသည်။ အဇာတသတ်မင်းလည်း မြတ်စွာဘုရားအားရှိခိုး၍ လျှောက်ထားခွင့်တောင်းလေသည်။
ဂေါတမမြတ်စွာဘုရားအား လျှောက်ထားခြင်း
ထိုအချိန်တွင် ဇီဝက၏ သရက်ဥယျာဉ်၌ စံပယ်နေတော်မူသော မြတ်စွာဘုရားကို သွားရောက်ဖူးမြော်ရန် ဇီဝက၏ အကြံပြုချက်အရ အဇာတသတ်မင်း လာရောက်ဖူးမြော်ခြင်းကို ခံယူတော်မူပြီး အဇာတသတ်မင်းက တောထွက်ရဟန်းပြုခြင်း၏ အကျိုးထူးများ (သာမညဖလ= ရဟန်းပြုခြင်း အကျိုးကျေးဇူး) ကို မေးမြန်းလျှောက်ထားခဲ့သည်။ မြတ်စွာဘုရားရှင်ကလည်း ဤပြဿနာနှင့်ပတ်သက်၍ မိမိမှအပ အခြားတစ်ပါးသော အဘိဓမ္မာဆရာကြီးတို့အား မေးမြန်းစုံစမ်း၍ ပြီး၊ မပြီးကို အဇာတသတ်အား မေးမြန်းတော်မူခဲ့သည်။ ထိုအခါ အဇာတသတ်မင်းက ဤပြဿနာအား သမဏ ဗြာဟ္မဏဆရာကြီးများဖြစ်ကြသော ပူရဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသမ္ဗလ၊ ပကုဓက စ္စာယန၊ နိဂဏ္ဍနာဋပုတ္တနှင့် သဉ္စယဗေလဋ္ဌပုတ္တတို့အား မေးမြန်းပြီးဖြစ်ကြောင်း လျှောက်ထားသည်။
မျက်မှောက်ဘဝ၌ ရအပ်သော ရဟန်းဖြစ်ရသည့် အကျိုးများ
မြတ်စွာဘုရားက ရဟန်းဖြစ်ရခြင်း၏ မျက်မှောက် အကျိုးများဟောကြားရာ ရဟန်းဖြစ်ခြင်း ပထမ လက်ငင်းအကျိုးအနေဖြင့် ယခင်က မိမိကျွန်ဖြစ်စေ ဦးတော့ ယခုအချိန်တွင် သင်၏ကျွန်ယောကျ်ားသည် ဆံပင်၊ မုတ်ဆိတ်တို့ကို ပယ်ရှားပြီး ဖန်ရည်ဆိုးသော ဝတ်သင်္ကန်းကို ဝတ်ဆင်ကာ လူ့ဘောင်ကိုဖယ်ခွာ၍ ရဟန်းအဖြစ်ပြောင်းလျက် ရဟန်း၏အခြေခံစည်းမျဉ်းဖြစ်သော ကိုယ်နှုတ်စိတ်တို့အား စောင့်ထိန်းသည်။ ရသလောက်သော အစာရေစာ၊ အဝတ်တို့ဖြင့် ခြိုးခြံချွေတာကာ ရောင့်ရဲလျက် တိတ်ဆိတ်ငြိမ်သက်သောနေရာ၌ တရားဓမ္မဖြင့် ပျော်ရွှင်စွာနေလျှင် သူ့ကိုပြန်ပြီး တာဝန်ထမ်းဆောင်စေမလားဟူသော မြတ်စွာဘုရား၏ အမေးကို အဇာတသတ်အနေဖြင့် “ထိုသူကို မခေါ်တော့ပါ။ ထိုသူကိုရှိခိုးမည်။ နန်းတော်ကိုကြွလာပါက ခရီးဦးကြိုပြု၍ ထိုင်ရန်နေရာပြင်ပေးမည်။ သင်္ကန်း၊ ဆွမ်း၊ ကျောင်းနှင့် မနာမကျန်းဖြစ်ပါက ဆေးအသုံးအဆောင်များ အလိုရှိကလည်း ကျွန်ုပ်တို့အား အလှူခံပါရန်ဖိတ်ရမည့်အပြင် တရားဥပဒေနှင့် ကာကွယ် စောင့်ရှောက်ပြီး လုံခြုံရေးကိုလည်း စီမံပေးမည်” ဟု လျှောက်ထားခဲ့သည်။ ထိုအခါ မြတ်စွာဘုရားက ဤသည်မှာ ရဟန်းဖြစ်ခြင်း၏ ကိုယ်တိုင်မျက်မှောက်ဘဝ၌ သိမြင်နိုင်သော ရဟန်းအကျိုးဟု ဟောသည်။
ဒုတိယလက်ငင်းအကျိုးအနေဖြင့် “ဤတိုင်းပြည်၏အခွန်ကို အမြဲပေးဆောင်နေရသော တိုင်းပြည် ဘဏ္ဍာနှင့် မိမိ၏စီးပွားဥစ္စာတို့ကို တိုးတက်များပြား စေတတ်သော အိမ်ပိုင်ရာပိုင်ရှိသည့် လယ်သမားယောကျ်ားသည် ရဟန်းအဖြစ်ကို ရောက်ရှိပြီးပါက ထိုသူအားပြန်ခေါ်၍ အခွန်အခကောက်ခံမည်လော” ဟု မြတ်စွာဘုရားက မေးမြန်းတော်မူရာ အဇာတသတ်မင်းက ပထမမေးခွန်းပါအတိုင်း “စောင့်ရှောက်ကြည်ညိုသွားမည်ဖြစ်ကြောင်း” လျှောက်ထားရာ မြတ်စွာဘုရားက သင့်အား နှစ်ကြိမ်မြောက်ဟောပြသည့် မျက်မှောက်ဘဝ၌ သိနိုင်မြင်နိုင်သော ရဟန်းဖြစ်ခြင်းအကျိုးဟု မိန့်ခဲ့သည်။
တတိယလက်ငင်းအကျိုးအနေဖြင့် “ကိလေသာ မြူဆိုင်း၍ တရားထူးမရနိုင်သော လူ့ဘောင်ကိုစွန့်၍ ရဟန်းဘောင်သို့ဝင်ကာ ပါတိမောက္ခသံဝရမည်သည့် ဖြူစင်သန့်ရှင်းသော ရဟန်းတို့၏ အကျင့်သီလကိုစောင့်ထိန်းကာ ကောင်းသောအကျင့်၊ ကောင်းသောနေရာတို့ကိုလည်း ပိုင်ဆိုင်ပြည့်စုံတော် မူသည်။ အနည်းငယ်မျှသော အပြစ်တို့ကိုလည်း ဘေးအန္တရာယ်အဖြစ်ရှုမြင်ပြီး ရှောင်ကြဉ်ကာ သိက္ခာပုဒ်သီလတို့အား ဆောက်တည်ကျင့်ကြံကြသည်။ ကောင်းသောအလုပ်၊ ကောင်းသောအပြောနှင့် ပြည့်စုံကြသဖြင့် ကောင်းမွန်စင်ကြယ်သော အသက်မွေးမှုကိုလည်း ကျင့်ကြံပြီးသားဖြစ်သည်။ ကောင်းမွန်သောသီလနှင့် ပြည့်စုံသည်။ စေ့ထားသောတံခါးကဲ့သို့ ကိုယ်နှုတ်စိတ်တို့ကို အမြဲဆင်ခြင်၍ ထိန်းသိမ်းသည်။ အစားအသောက် စားသောက် ရာ၌လည်း အတိုင်းအတာနှင့် စားသောက်သည်။ ရသမျှအစား၊ အဝတ်နှင့်သာ ရောင့်ရဲတင်းတိမ်သည်။ တရားကို အမြဲအောက်မေ့ကာ သတိတရားထား၍ အမြဲဆင်ခြင်လေ၏”ဟု မိန့်ခဲ့သည်။
သီလကဏ္ဍ
ထို့နောက်မြတ်စွာဘုရားရှင်သည် အဇာတသတ်မင်းအား ၁၀၄ ခွန်းသော ဂါထာတော်များဖြင့် တန်ဆာဆင်အပ်သော တရားတော်များအား ဆက်လက်ဟောကြားခဲ့ရာ သီလကဏ္ဍတွင် အခြေခံ အဆင့်(စူဠသီလ)၊ အလယ်တန်းအဆင့်(မဇ္ဈိမသီလ)၊ အထက်တန်းအဆင့်(မဟာသီလ)တို့ ရှိကြောင်း၊ ဤလောက၌ ရဟန်းတို့သည် အသက်သတ်ခြင်းကို ပယ်ခွာရှောင်ကြဉ်၍ တုတ်၊ ဓား၊ လက်နက်တို့ကို ကိုင်ဆောင်ရန် ရှက်ကြောက်ရွံ့ပြီး သနားသောကြောင့် မကိုင်ဆောင်ဘဲ ခပ်သိမ်းသောသတ္တဝါတို့၏ အစီးအပွားအား အလိုရှိခြင်းသည်လည်း ရဟန်းတို့၏ အခြေခံသီလဖြစ်သည်။ ပေးလှူသောပစ္စည်းကိုသာအလိုရှိခြင်း၊ မေထုန်အကျင့်ရှောင်ခြင်း၊ မှားသော/ ကုန်းတိုက်သော/ ကြမ်းတမ်းသော/အကျိုးမရှိသော စကားများရှောင်ခြင်း၊ မျိုးစေ့အပင် ချိုးယူဖျက်ဆီးခြင်းကို ရှောင်ခြင်း၊ ကခြင်း/သီဆို တီးမှုတ်ခြင်း/ပွဲကြည့်ခြင်း/ပန်းပန်ခြင်း/ နံ့သာခြယ်လိမ်းခြင်း၊ လယ်ယာတိရစ္ဆာန်အလှူခံခြင်းနှင့် ဖမ်းဆီးလုယက်ဓားပြတိုက်ခြင်းတို့မှ ရှောင်ကြဉ်ရန် တို့ပါဝင်ပေသည်ဟု ဟောသည်။
အလယ်တန်းအဆင့်သီလတွင် မျိုးစေ့အပေါင်း၊ အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ခြင်း၊ သိုမှီးသုံးဆောင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပွဲကြည့်ခြင်းမှရှောင်ကြဉ်ခြင်း၊ လောင်းကစားခြင်းမှ ရှောင်ကြဉ်ခြင်း၊ မြင့်သောနေရာ မြတ်သောနေရာမှရှောင်ကြဉ်ခြင်း၊ လိမ်းခြယ်ခြင်း ဆင်ယင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဖီလာစကားပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ အငြင်းစကားကိုပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ တမန်အမှု အစေအပါးအမှု ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လာဘ်အလို့ငှာ အံ့ဖွယ်ဖြစ်စေခြင်း မြှောက်ပင့်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့ ပါဝင်ကြသည်ဟု ဟောသည်။
အထက်တန်းအဆင့်သီလတွင် အင်္ဂကျမ်း၊ နိမိတ်ကျမ်း၊ အင်္ဂဝိဇ္ဇာကျမ်း စသည့်အတတ်ဖြင့် အသက် မွေးခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကျောက်မျက်လက္ခဏာ စသောအတတ်ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်ခြင်း၊ စစ်ထွက်လတ္တံ့ စသောအတတ်ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်ခြင်း၊ လကြတ်နေကြတ်လတ္တံ့ စသောအတတ်ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်ခြင်း၊ သတို့သမီးဆောင်ယူ ထိမ်းမြားပေးခြင်း စသောအတတ်ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်ခြင်း၊ နတ်ကိုးနတ်ပူဇော်ခြင်းစသော ဖီလာအတတ် ဖြင့်အသက်မွေးခြင်းမှရှောင်ကြဉ်ခြင်းတို့ ပါဝင်ကြ သည်ဟု ဟောသည်။
သမာဓိကဏ္ဍ
မင်းကြီး ရဟန်းသည် အဘယ်သို့လျှင် ဣန္ဒြေတို့ ၌ ပိတ်ထားသော တံခါးရှိသနည်း၊ စောင့်စည်းသနည်း ဆိုသော် ရူပါရုံကိုမြင်လျှင် မိန်းမ၊ ယောကျ်ားစသော သန္တန်နိမိတ်ကို စွဲယူလေ့မရှိချေ။ စက္ခုန္ဒြေကို မစောင့်စည်းလျှင် မက်မောခြင်း “အဘိဇ္ဈာ”၊ နှလုံး မသာယာခြင်း “ဒေါမနဿ” ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် မစောင့်စည်းသူတို့ကို နှိပ်စက်ကုန်သည်။ စက္ခုန္ဒြေကို စောင့်စည်းသကဲ့သို့ နားဖြင့်အသံ “သဒ္ဒါရုံ”ကိုလည်းကောင်း၊ နှာခေါင်းဖြင့် အနံ့ “ဂန္ဓာရုံ” ကိုလည်းကောင်း၊ လျှာဖြင့် အရသာ “ရသာရုံ”ကို လည်းကောင်း၊ ကိုယ်ဖြင့် အတွေ့ “ဖောဋ္ဌဗ္ဗာရုံ”ကို လည်းကောင်း၊ စိတ်ဖြင့် သဘော “ဓမ္မာရုံ”ကိုလည်းကောင်း ဣန္ဒြေတို့ကို စောင့်စည်းအပ်ရာသည်ဟု ဟောသည်။
ပညာကဏ္ဍ
ရဟန်းသည်ကာမဂုဏ်၊ အကုသိုလ်တရား၊ ကြံစည်ခြင်း “ဝိတက်”တို့နှင့်တကွ သုံးသပ်ဆင်ခြင်ခြင်း ဝိစာရ နှင့် နီဝရဏတရားငါးပါးတို့ မရှိသောကြောင့် နှစ်သိမ့်ခြင်း “ပီတိ”၊ ချမ်းသာခြင်း “သုခ”ရှိသော ပထမဈာန် သို့ ရောက်သည်။ ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိ သန္တန်၌ စိတ်တည်ကြည်ခြင်း “သမာဓိ” ကြောင့် ဖြစ်သောပီတိသုခရှိသော ဒုတိယဈာန်သို့ ရောက်သည်။ ရဟန်းသည် နှစ်သိမ့်ခြင်း “ပီတိ”ကို မတပ်မက်ခြင်းကြောင့် သတိသမ္ဗဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက်နေသည်။ တတိယဈာန်ကြောင့် လျစ်လျူရှုသူ၊ သတိရှိသူသည် ချမ်းသာစွာရှိသည်။ လျစ်လျူရှုမှု “ဥပေက္ခာ” ကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်နေသည်ဟု ဟောသည်။
စိတ်ကဏ္ဍ
မင်းကြီး တည်ကြည်သောစိတ်သည် စင်ကြယ်ဖြူစင်ပြီး ညစ်ကြေးညစ်ညူးခြင်းကင်းကာ နူးညံ့ သင့်လျော်တည်တံ့မတုန်မလှုပ်ခြင်းသို့ရောက်သော် ထိုရဟန်းသည် ဝိပဿနာဉာဏ်အမြင်သို့ ရောက်ပြီဖြစ်သည်။ ထိုရဟန်းသည် စိတ်ဖြင့်ပြီးသောကိုယ်ကို ဖန်ဆင်းပြီး မနောမယိဒ္ဓိဉာဏ်သို့ ရောက်သည်။ ထို့နောက်များပြားသော တန်ခိုးဖန်ဆင်းခြင်း ဣဒ္ဓိဝိဓဉာဏ်သို့ရောက်သည်။ ထိုရဟန်းသည် အထူးသဖြင့် စင်ကြယ်သောလူတို့နားထက် သာလွန်သော နတ်တို့နားနှင့်တူသည့် ဒိဗ္ဗသောတဉာဏ်သို့ ရောက်သည်။ တစ်ပါးသောပုဂ္ဂိုလ်တို့၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြားသိသော စေတောပရိယဉာဏ်လည်းရောက်သည်။ ရှေးဘဝကကိုမြင်နိုင်သော ပုဗ္ဗေနိဝါသာ နုဉာဏ် သို့လည်း ရောက်သည်။ စုတိ “သေခြင်း” နှင့် ဥပပါတ “ပဋိသန္ဓေ” ဖြစ်ခြင်းကိုသိသော စုတူပပါတ ဉာဏ်သို့လည်းရောက်သည်။ အာသဝတို့ကိုကုန်စေသော အာသဝက္ခဉာဏ်သို့ရောက်သည်။ ဆင်းရဲတို့ ချုပ်ရာ နိဗ္ဗာန်ကိုရောက်ကြောင်း အကျင့်မှန်ဖြစ်ပြီး ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝတို့မှလည်း လွတ်မြောက်ကာ ပဋိသန္ဓေနေမှုကုန်၍ မဂ်ကိစ္စပြုပြီးဖြစ်ကြောင်း အဇာတသတ်မင်းအား ဟောကြားခဲ့သည်တို့ကို နိဗ္ဗာန်အကျိုးမျှော်၍ တန်ဆောင်မုန်းလပြည့် အခါသမယတွင် ပူဇော်ရေးသားလိုက်ရပါသည်။
ကိုးကား-
၁။ မင်းကွန်း တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီး၏ မဟာဗုဒ္ဓဝင် တတိယတွဲ
၂။ ဒေါ်အုန်းမဟာဝိဇ္ဇာ၏ ပါဠိစာပေသမိုင်း
Source- Myawady Webportal

ဝါခေါင်လ
ဝါခေါင်လသည် မြန်မာ့ဆယ့်နှစ်လရာသီတွင် ပဉ္စမမြောက်လဖြစ်သည်။ ဝါခေါင်လသည် မိုးဥတု တွင်ပါဝင်ပြီး ရှေးအခါက ဝါခေါင်လကို “နံကာ”လ ဟုခေါ်သည်။ ပုဂံခေတ်ထိုးကျောက်စာများတွင် ဝါခေါင်လကို ဝါခေါင်ဟု လည်းကောင်း၊ နံကာလဟု လည်းကောင်း ရေးထိုးထားကြောင်း တွေ့ရသည်။

နံကာလ၏ အဓိပ္ပာယ်မှာ မိုးဖြိုင်ဖြိုင်ရွာသွန်းသော လဖြစ်သောကြောင့် တောင်သူလယ်သမားများ စပါးစိုက်ပျိုးချိန်၊ လယ်လုပ်ချိန်လဟုဆိုသည် ။ ဝါခေါင်လသည် ဗေဒင်အခေါ် သိဟ်ရာသီ၊ သရဝဏ်နက္ခတ်နှင့် လမင်းတို့ ယှဉ်ပြိုင်ကာ မွန်းတည့်သည်။ ဖုသျှနက္ခတ်နှင့် နေမင်းတို့ယှဉ်ပြိုင်သည်။ ရာသီရုပ်မှာခြင်္သေ့ရုပ်၊ ရာသီပန်းမှာ ခတ္တာ၊ ရာသီပွဲတော်မှာ “စာရေးတံပွဲ”ဖြစ်သည်။
ဝါခေါင်လတွင် နံနက် စက်နာရီ ၅ နာရီ မိနစ် ၄ဝ ၌ နေထွက်၍ ညနေ စက်နာရီ ၆ နာရီ ၂၉ မိနစ်တွင် နေဝင်သည်။ မြန်မာနာရီအားဖြင့်နေ့ ၃၄ နာရီ၊ ညဉ့် ၂၆ နာရီရှိသည်။ ဤကို ရည်ရွယ်၍ဦးယာက
"တောင်လေသွဲ့၍၊ ရွာတဲ့မလို၊ ငွေသဲပျိုက၊
ရေညိုနဒီ၊ လှိုင်းလုံးချီ၍၊ ရာသီထိန၊
သည်မသတွင်၊ ဇယတြိ၊ နေ့ရှိနာရီ၊
မမှီညဉ့်ရောက်၊ နှစ်ဆယ့်ခြောက်တည်း"
ဟူ၍ စပ်ဆိုခဲ့၏။
မေတ္တာအခါတော်နေ့
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့သည် မြတ်ဗုဒ္ဓ၏မေတ္တသုတ်တော် ဟောကြားခြင်းနှင့် ဆက်စပ်ပေသည်။ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားနာယူ၍ တောအုပ်အတွင်း ပုရိမဝါဆိုတရားအားထုတ်ကြသည်။ ထိုအခါရဟန်းတို့၏ သီလကြောင့်သစ်ပင်ဗိမာန်မှ နတ်တို့ဆင်းပေးရလေရာ ရဟန်းတော်များ မနေနိုင်အောင် ခြောက်လှန့်ခြင်းကို ပြုလုပ်ကြသည်။ ထိုအခါရဟန်းတို့ တရားရှုမှတ်၍မရသဖြင့် ဝါခေါင်လပြည့်နေ့တွင် ကြုံတွေ့ရသော အခက်အခဲကို မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရားက မေတ္တာကမ္မဋ္ဌာန်းကို မပွားများကြသည့်အတွက် နှင်ထုတ်ခံရခြင်းဖြစ်ကြောင်း ဟောပြောပြီး မေတ္တာကမ္မဋ္ဌာန်းကို သင်ပြတော်မူသည်။
ထို့နောက်ရဟန်းငါးရာတို့သည် မူလတောအုပ်သို့ ပြန်လာကြပြီး ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့မှ စ၍ ဒုတိယဝါကပ်ကြပြီး မြတ်စွာဘုရား သင်ပြတော်မူသည့်အတိုင်း နတ်တို့နှင့်တကွ အားလုံးသော သတ္တဝါ ဝေနေယျတို့အပေါ် မေတ္တာဖြန့်လျက် ပို့လွှတ်သောအခါ နတ်များကကြည်ညိုချစ်ခင်လာကြသည်။ နတ်အပေါင်းတို့ စောင့်ရှောက်မှုဖြင့် ဝါတွင်းကာလ၌ တရားအားထုတ်ကြရာ ရဟန်းငါးရာတို့သည် ရဟန္တာဖြစ်သွားကြသည်။ ရဟန်း ငါးရာတို့သည် ဝါခေါင်လပြည့်နေ့တွင် မြတ်စွာဘုရားရှင်မှ မေတ္တသုတ်ဟောကြားတော်မူသည်ကို ရည်မှန်း၍ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့အဖြစ် သတ်မှတ်ကြသည်။
မေတ္တသုတ်ဒေသနာတော်နှင့် ရွတ်ဖတ်ခြင်း၏ အကျိုးကျေးဇူး
ဗုဒ္ဓဘုရားရှင်က မေတ္တသုတ်ဒေသနာတော်တွင် လူနတ်ဗြဟ္မာတို့ လိုက်နာရမည့်အချက် ၁၅ ချက်ကို ဟောကြားထားပါသည်။ ၎င်းတို့မှာ “မေတ္တာစိတ်ကို တစိုက်မတ်မတ် စွမ်းနိုင်အောင် ပွားများရပါမည်။ကိုယ်၊ နှုတ် နှစ်ပါးလုံး ရိုးသားဖြောင့်မတ်ရာတွင် သာမန်မဟုတ်ဘဲ အလွန်ကောင်းစွာ ဖြောင့်မတ်ရပါမည်။ ဆိုဆုံးမ လွယ်သူဖြစ်ပြီး စိတ်ထားမှာလည်း နူးညံ့သိမ်မွေ့ရပါမည်။ မိမိကိုယ်ကိုအထင်ကြီးခြင်း၊ သူတစ်ပါးကို အထင်သေး ခြင်းဆိုသည့် မာန်မာန မထားရပါ။ ရောင့်ရဲလွယ်တတ်ပြီး အသက်မွေးမှုပညာရှိရပါမည်။အမှုကိစ္စတို့ နည်းပါး သင့်ပြီး ပေါ့ပါးသော အသက်မွေးမှုရှိရပါမည်။ ငြိမ်သက်သော ဣန္ဒြေရှိပြီး ရင့်ကျက်တည်ငြိမ်သည့် ပညာဉာဏ် လည်းရှိရပါမည်။
ကိုယ်၊ နှုတ်၊ နှလုံးကြမ်းတမ်းခြင်း မရှိစေရ။ အမျိုးလေးပါးတို့တွင် တပ်မက်မှုမရှိဘဲဒုစရိုက်တို့ကို အနည်းငယ် မျှမပြုကျင့်ရာ”တို့ ဖြစ်ကြပါသည်။
မေတ္တာပို့သူသည် ချမ်းသာစွာအိပ်ပျော်ပြီး စိတ်ကြည်လင်စွာ အိပ်ရာမှ နိုးထရသည်။ မကောင်းသောအိပ်မက်များ မမြင်မက်ဘဲ လူအများ၏ ချစ်ခင်မှုကို ရစေ၏။ ပရလောကသားများနှင့် နတ်ဗြဟ္မာများက စောင့်ရှောက် ကြသည်။ မီးဘေး၊ အဆိပ်ဘေး၊ လက်နက်ဘေးတို့ မထိရောက်ပါ။ ကမ္မဋ္ဌာန်းတစ်ခုခုကို အာရုံပြုမည်ဆိုလျှင် သမာဓိရလွယ်၏။ မေတ္တာစိတ်ကြောင့်မျက်နှာမှာကြည်လင်နေပြီးသေဆုံးခါနီးအချိန်တွင် ချမ်းသာသုခဖြင့် သေဆုံး ရပါသည်။ ယခုဘဝတွင် မဂ်ဖိုလ်မရနိုင်လျှင်သော်မျှ မေတ္တာဈာန်ဖြင့် ဗြဟ္မာပြည်ကို ရောက်နိုင်ပါသည်။
မေတ္တာ
မေတ္တာဟူသည်မှာ ချစ်ခင်သောသဘော၊ သတ္တဝါအားလုံး၏ ကောင်းကျိုးချမ်းသာကို လိုလားသော စိတ်ဓာတ်များသက်ဝင်နေသည့် ချစ်ခြင်းသဘောဟု အဓိပ္ပာယ်ရသည်။ မေတ္တာဟူသည် အေးမြသော ဓာတ်လည်း ရှိသည်။ ရှေးလူကြီးများကသတ္တဝါအားလုံးအပေါ်တွင်မေတ္တာထားပါ၊မေတ္တာဖြင့်သာဆက်ဆံပါ၊၊ မေတ္တာရောင်ပြန်ဟူသည် သာယာချမ်းမြေ့သော ဘဝကိုပိုင်ဆိုင်စေသည်ဟု ဆိုဆုံးမလေ့ရှိသည်။ လူအချင်းချင်း ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ စကားပြောဆိုရာ၌ လည်းကောင်း၊ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာ၌ လည်းကောင်း မေတ္တာဟူသည့် ချစ်ခြင်းသဘောကို အခြေခံကြရမည်ဖြစ်သည်။ လောကတွင် မေတ္တာတရားဖြင့် အသက်ရှင် နေထိုင်ခြင်းသည် လူသားအားလုံးအတွက် အေးမြလုံခြုံသောဘဝကိုသာ ပိုင်ဆိုင်ရရှိစေပါသည်။
မေတ္တာသည်ရေဓာတ်နှင့် တူညီပေသည်။ ရေသည်မိမိထက်မြင့်သော ကုန်းမြင့်များထက်သို့ တိုင်အောင် စိုစွတ်အေးမြစေသည်။ မေတ္တာဓာတ်များပြားလာလျှင်လည်း ထိုမေတ္တာများသည် ကုန်းမြင့်နှင့်တူသော မိမိ၏ ရန်ဘက်များကို ဖျန်းပက်သကဲ့သို့ အေးမြစေပါသည်။ မေတ္တာရေအလျဉ်သည်မိမိ၏ အကျိုးကိုမမျှော်ကိုးဘဲ စိမ့်စမ်းရေကဲ့သို့ တသွင်သွင်စီးဆင်းစေပါက မိမိသာမက သူတစ်ပါးကိုလည်း အေးမြစေပါသည်။
ဗုဒ္ဓဘာသာတွင် မေတ္တာတရားသည် အပြန်အလှန်ရှိကြရမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ မိမိအပေါ်၌ ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေမိမိဘက်မှ အကောင်းအဆိုးဟူ၍ခွဲခြားခံစားခြင်းမရှိဘဲ မိမိပေးနိုင်သည့် မေတ္တာတရားကိုသာ လူသတ္တဝါအားလုံးအပေါ်၌ဖြန့်ကြက် ပို့လွှတ်ထားရမည်ဖြစ်ပေသည်။
မေတ္တာအခါတော်နေ့ တရားတော်၌ မေတ္တာပို့ခြင်းကြောင့် မိမိတို့မျက်စိဖြင့် မမြင်နိုင်သော ပုဂ္ဂိုလ်များ သည်ပင်လျှင်မေတ္တာတရား၏ အနှစ်သာရကို နှစ်သက်သည်ဟု ဖော်ပြထားသောကြောင့် မြင်အပ်သော လူအပါ အဝင်သတ္တဝါ အားလုံးတို့သည်လည်း မေတ္တာတရားကိုပို၍ နှစ်သက်ကြမည်မှာ အမှန်တရားပင် ဖြစ်သည်။ အေးမြသောအရိပ်၊ ငြိမ်းချမ်းသော ဘဝများကိုပိုင်ဆိုင်နိုင်ရန်အတွက် လူသားတိုင်း မေတ္တာတရား များနှင့်သာ ပေါင်းသင်းဆက်ဆံ၍ နေထိုင်ကြရမည်ဖြစ်သည်။
မိမိကိုယ်ကိုမေတ္တာပို့ပါ
မေတ္တာဟူသည် လူသားတိုင်းနှင့် ဆိုင်သော မမြင်နိုင်သည့် စိတ်စွမ်းအင်တစ်ခုပင်ဖြစ်သည်။
လူသားအားလုံးတို့သည် မိမိကိုယ်ကိုမေတ္တာထားရန် လိုအပ်ပါသည်။ မိမိကိုယ်ကို မေတ္တာပို့သည်ဟူသော အဓိပ္ပာယ်မှာမိမိသာလျှင် ကောင်းကျိုးရစေသည့် အတ္တဗဟိုပြုသည့် တစ်ကိုယ်ကောင်းဆန်သော စိတ်ထားမျိုး ရှိရမည် မဟုတ်ဘဲ မိမိတို့ကိုယ်တိုင် စိတ်ချမ်းသာမှုရရှိရန်အတွက် သူတစ်ပါးအပေါ်တွင် မရိုးသားသော အပြုအမူ၊ အပြောအဆိုတို့ မပြုလုပ်မိစေရန် မိမိစိတ်အားပြုပြင် ထိန်းသိမ်းထားခြင်းပင်ဖြစ်သည်။ မိမိ၏ ကိုယ်စိတ်နှလုံး သုံးပါးလုံးကို အပြစ်တစ်စုံတစ်ရာ မဖြစ်အောင် ထိန်းချုပ်ထားသောကြောင့် လူသားတို့အပေါ် အလေးထားမှုဖြင့် မေတ္တာတရားကိုဖြန့်ကြက်ထားနိုင်ရန် ဖြစ်ပါသည်။
မိမိကိုယ်ပိုင်စိတ်စွမ်းအားသည် အေးချမ်းသည်နှင့် အမျှတစ်ပါးသူတို့အား ပေးဝေငှသော အကြောင်းအရာ ဟူသမျှတွင်လည်း မေတ္တာဓာတ်ဟူသော အေးချမ်းခြင်းတို့ သက်ဝင်နေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ မိမိကိုယ်ကိုမေတ္တာပို့ခြင်းသည် မိမိသာမကတခြားသူတို့အားလည်း မေတ္တာပို့လွှတ် အေးချမ်းခြင်းများ ရရှိစေ သည်ကိုလူသားတိုင်း သတိပြုဆင်ခြင်ကြရန် လိုအပ်ပါပေသည်။ ထို့ကြောင့်နေ့တစ်နေ့တာ၏ အစ၌ပင် မိမိကိုယ်ကိုမိမိ မေတ္တာပို့ခြင်းကို မမေ့မလျော့ဆောင်ရွက်သင့်ကြပေသည်။
မေတ္တာပို့ပါ
လူ့ဘောင်လောကတွင် လူသားတို့သည်တစ်ဦးတစ်ယောက်တည်း ခွဲထွက်နေထိုင်ကြရသည် မဟုတ်ချေ။ လူ့အဖွဲ့အစည်း၊ လူ့ပတ်ဝန်းကျင်၊ မိသားစုစသည်ဖြင့်အုပ်စုဖွဲ့၍ ရောနှောနေထိုင်ကြရခြင်းဖြစ်သည်။ ထိုသို့နေထိုင်ကြရာ၌ စရိုက်မတူ၊အသွင်မတူ၊ ခံယူချက်၊ ယုံကြည်ချက် မတူညီကြသကဲ့သို့ ဘာသာဓလေ့ ထုံးတမ်းများလည်း မတူညီကြချေ။ သို့သော်လည်း လူသားဟူသောဖြစ်တည်မှုမှာ အတူတူပင်ဖြစ်ပေသည်။ လူသားဖြစ်တည်မှုတွင် လူသားတစ်ယောက်၏ အခွင့်အရေးရရှိမှုဟူသော လူ့အခွင့်အရေးသည် လည်း ညီတူညီမျှခံစားခွင့်ရှိကြပေသည်။ ညီမျှသော လူ့အခွင့်အရေးရှိသည့် အလျောက်လူသား အချင်းချင်း မာန်မာနထောင်လွှားခြင်းမရှိဘဲ မေတ္တာတရားဖြင့် ဆက်ဆံပေါင်းသင်း နေထိုင်ကြရန်မှာလည်း အရေးကြီးသော အချက်တစ်ချက်ပင်ဖြစ်ပေသည်။
မေတ္တာပို့ကြသည်ဆိုရာ၌ တစ်ပါးသူအားပျက်စီးရာ ပျက်စီးကြောင်းဖြစ်စေရန် ပေးပို့ရခြင်းမဟုတ်ပေ။
မိမိအပေါ် မကောင်းသူအား မေတ္တာသာပို့လိုက်ပါဟု အလွယ်ပြောတတ်လေ့ရှိကြသည်။ သူတစ်ပါးအား ထိခိုက်စေလိုသော မေတ္တာပို့ခြင်းသည် မိမိကိုယ်တိုင် ဦးစွာပူလောင်ရတတ်ပါသည်။ မည်သို့သော အခြေအနေ အချိန်အခါ၌မဆို သတ္တဝါအားလုံး၏ကောင်းကျိုးလိုရာကိုဖြစ်ပေါ်စေသည့် စိတ်ဆန္ဒဖြင့် မေတ္တာပေးပို့မှ သာလျှင် မိမိကိုယ်တိုင်သာမက မေတ္တာပေးပို့ခံရသူတို့လည်း အေးမြခြင်းကို ခံစားကြရပေမည်။ မေတ္တာဟူသည် အအေးဓာတ်ဆောင်သောကြောင့် အမုန်းတရားကင်းဝေး၍ အေးချမ်းခြင်းကို လူသားတိုင်း စံစားရရှိလိုပါလျှင် မိမိနှင့်တကွ သတ္တဝါအားလုံးအပေါ်၌ မေတ္တာပို့သဖြန့်ကြက်ကြရပေမည်။
မေတ္တာဖြင့်လောကကိုအလှဆင်ပါ
လူ့လောကကြီးတစ်ခုလုံး သာယာငြိမ်းချမ်းရန် အတွက်မေတ္တာအရင်းခံစိတ်သည် လူသားတိုင်းတွင် ကိန်းအောင်းတည်ရှိရန် လိုအပ်ပါသည်။ ကိုယ်ချင်းစာတရား ထားတတ်လျှင်မေတ္တာစိတ်သည် လူသားတို့၏ ရင်ထဲကိန်းအောင်းလာမည်ဖြစ်သည်။ မေတ္တာဓာတ်ကိန်းအောင်းသည်နှင့်အမျှ မိမိကိုယ်တိုင် အေးချမ်းသကဲ့သို့ သူတစ်ပါးကိုလည်း အေးချမ်းမှုသာပေးအပ်ချင်လာပါလိမ့်မည်။ မေတ္တာတရားဖြင့်သာ ပေါင်းသင်းဆက်ဆံ၍ နေထိုင်ပါလျှင် ဤလောက၌ အမုန်းတရားရှိလိမ့်မည်မဟုတ်။ အမုန်းတရားကင်းစင်သောကြောင့် ရန်ငြိုးရန်စဟူသည်လည်း မရှိတော့ပေ။ သံသယဟူသောအတွေးမှား၊ အမြင်မှားတို့သည်လည်းအလျှင်းမရှိဘဲ ငြိမ်းချမ်းနေပေလိမ့်မည်။
ထို့ကြောင့်အပြုံးလှလှ၊ နှလုံးလှလှဖြင့်အမုန်းစကား မဆိုဘဲမေတ္တာနှင့်လောကကို အလှဆင်ကြရပေမည်။ မေတ္တာပွားနေရုံမျှနှင့် မရောင့်ရဲဘဲ မိမိ၏စိတ်နှလုံးတွင် မေတ္တာစိတ်ကို အစဉ်ကိန်းအောင်းနေရန် လေ့ကျင့်ကြိုးစားကြရပေမည်။ မေတ္တာနှလုံးသားဖြင့် လောကကို အလှဆင်ကြပါရန် သတိသံဝေဂတရားဖြင့် တိုက်တွန်းရေးသားလိုက်ရပေသည်။ ။
Source-www.moi.gov.mm