နပိုလီယံဆိုတာ တစ်ခေတ်တစ်ခါက သိပ်ကို အင်အားကြီးမားလွန်းတဲ့ စစ်ဘုရင်ကြီးပေါ့။ သူ့ရဲ့တပ်တော်ကြီးက ဥရောပဒေသတစ်လွှားကို လွယ်လင့်တကူ သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါပေမဲ့ အတက်ရှိရင် အဆင်းရှိရစမြဲဆိုတဲ့စကားအတိုင်း နပိုလီယံရဲ့ ကျဆုံးချိန်ကလည်း ဆိုက်ရောက်လို့လာပါတယ်။ အကြောင်းရင်းကတော့ ရုရှားနိုင်ငံကို ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် လုပ်ဆောင် လိုက်ခြင်းကြောင့်ပါပဲ။ နပိုလီယံနဲ့ သူ့စစ်သည်တွေဟာ ပြင်းထန်လှတဲ့ မော်စကိုဆောင်းရာသီရဲ့ ရိုက်ခတ်မှုအောက်မှာ အလူးအလဲခံစားရကာ အစာရေစာငတ်ပြတ်ပြီး သေဆုံးသွားခဲ့ရတယ်လို့ သမိုင်းမှာ ဖော်ပြထားပါတယ်။ နပိုလီယံရဲ့စစ်သည်တွေ သေဆုံးရတဲ့ အကြောင်းရင်းထဲမှာ ရောဂါရဲ့နှိပ်စက်မှုဒဏ်တွေလည်း ပါပါတယ်။ အဲဒီရောဂါက ဘယ်လိုရောဂါလဲ ဆိုတာကိုတော့ သုတေသနပညာရှင်များက ဖော်ထုတ်လိုက်နိုင်ပြီလို့ ဆိုပါတယ်။
၁၈၁၂ ခုနှစ် ဇွန်လမှာ နပိုလီယံ ၁ က စစ်သည်အင်အား ငါးသိန်းမှခြောက်သိန်းကြားနဲ့အတူ မော်စကိုမြို့ကို ကျူးကျော်မှုတွေ လုပ်ခဲ့ပါတယ်။ ရုရှားကို သိမ်းပိုက်နိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့။ ဒါပေမဲ့လည်း သူတို့ဟာ မြို့ပျက်ကြီးထဲမှာသာ ယောင်ချာ ချာနဲ့ကျန်ရစ်ခဲ့ရတဲ့အတွက် ဆောင်းတွင်း ရောက်တဲ့ အချိန်မှာ အဲဒီကနေဆုတ်ခွာဖို့ စတင်လုပ်ဆောင်ကြပါတယ်။ သို့သော်လည်း ရန်သူရဲ့တိုက်ခိုက်မှုထက် ပိုပြီးပြင်းထန်လှတဲ့ ရုရှားဆောင်းရာသီရဲ့ ရိုက်ခတ်မှုဒဏ်ကို နပိုလီယံနဲ့ သူ့တပ်ဖွဲ့တွေ ကောင်းကောင်းကြီး ခံစားလိုက်ရပါတယ်။ အဲဒီအချိန်မှာ နပိုလီယံရဲ့ ဆုံးရှုံးမှုက စစ်သည်အင်အားသုံးသိန်းနီးပါးဖြစ်ပါ တယ်။ အစာရေစာငတ်ပြတ်မှုနဲ့အတူ ရောဂါပိုးကူးစက်မှုကြောင့်သာ စစ်သည်အင်အား အခုလောက်အထိ ဆုံးရှုံးခဲ့ရတာပါ။ ဒါကြောင့် စစ်သည်တွေကို ဘယ်လိုမျိုးရောဂါပိုးက သေဆုံးစေခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး သုတေသန ပညာရှင်များက လေ့လာမှုများ ပြုလုပ်ခဲ့ကြပါတယ်။
နပိုလီယံခေတ်ကဆရာဝန်ဖြစ်တဲ့ ဂျေအာအယ်ကာ့ဟော့က စစ်သည်တွေကို ကူးစက်ခဲ့တဲ့ရောဂါဟာ မွှားမှကူးစက်တဲ့ငန်းဖျားရောဂါဖြစ်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ဒါကိုပဲ ယနေ့ခေတ် ပညာရှင်များက သိပ်လက်မခံလိုတဲ့အတွက် နောက်ဆုံးပေါ် ဒီအန်အေနည်းပညာတွေအသုံးပြုပြီး သုတေသနပြုလေ့လာမှုတွေလုပ်ဆောင်ခဲ့ကြပါတယ်။ အထူးသဖြင့် ပြင်သစ်နိုင်ငံမှ သုတေသနပညာရှင်များက ဦးဆောင်ခဲ့ကြတာပါ။ သူတို့က နပိုလီယံခေတ်စစ်သည်များရဲ့ သွား ၁၃ ချောင်းမှ ဒီအန်အေကိုထုတ်ယူပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုစစ်ဆေးလိုက်တဲ့အခါ အဓိကအားဖြင့် ဗက်တီးရီးယားနှစ်မျိုးကို တွေ့လိုက်ရပါတယ်။
ဆာမိုနဲလားအန်တာရီကာနဲ့ ဘော်ရယ်လီယာရီကာရန်တစ်ဆိုတဲ့ ဗက်တီးရီးယားနှစ်မျိုးပါ။ ပထမဗက်တီးရီးယားက အူရောင်ငန်းဖျားလိုမျိုးရောဂါကို ဖြစ်စေပြီး အစားအစာနဲ့ ရေမသန့်ရှင်းမှု ကနေ ကူးစက်နိုင်ပါတယ်။ ဒုတိယဗက်တီးရီးယားကတော့ သန်းများကြောင့်ဖြစ်တဲ့ အကြိမ်ကြိမ် ဖျားနာမှုကို ဖြစ်စေနိုင်ပါတယ်။ သူက ခဏခဏအဖျားတက်မယ်။ ကြွက်သားတွေနာကျင်မယ်။ အလွန်အမင်းအားအင်ချည့်နဲ့မှုတွေ ဖြစ်စေနိုင်ပါတယ်။
အဲဒီအချိန်တုန်းက အစာရေစာအလွန်ငတ်ပြတ်နေတဲ့ စစ်သည်များက လစ်သူရေးနီးယားရှိ စွန့်ပစ်နေအိမ်များရဲ့ စည်ပိုင်းထဲမှာသိုလှောင်ထားတဲ့ မုန်လာ ဥနီဆားရည်စိမ်တွေကို စားခဲ့ကြပါတယ်။ စစ်သည်တွေက မုန်လာဥနီဆားရည်စိမ်ကို စားရုံသာမကစည်ထဲမှာဖြစ်ပေါ်နေတဲ့ အရည်တွေကိုပါ သောက် ခဲ့ကြရပါတယ်။ အဲဒီလိုမျိုးစားသောက်ခဲ့ရမှုတွေကြောင့် စစ်သည်များဟာ ဝမ်းလျှောရောဂါကို ခံစားရပြီး အူလမ်းကြောင်းထဲမှာလည်း မအီမသာဖြစ်ကာ နောက်ဆုံးမှာ လမ်းပင်မလျှောက်နိုင်တော့ဘဲ လဲကျ သေဆုံးသွားရတာဖြစ်တယ်လို့ သုတေသနပညာရှင်များက ဆိုပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ယူနီဖောင်းတွေ မှာတွယ်ငြိနေတဲ့သန်းများကလည်း အားနည်းနေတဲ့ စစ်သည်များကို အလဲထိုး အနိုင်ယူလိုက်တာ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ နပိုလီယံရဲ့စစ်သည်တွေ ဘာကြောင့် အတုံးအရုံးသေဆုံးရလဲ ဆိုတာနဲ့ပတ်သက်ပြီး သမိုင်းကြောင်းဆိုင်ရာ လျှို့ဝှက်ဆန်းကြယ်မှုကြီးကို ဖြေရှင်းလိုက်နိုင်ပါပြီ။ စစ်သည်တွေသေဆုံးရတာနဲ့ ပတ်သက်လို့ အထင်ရှားဆုံးသော သက်သေက ပြင်းထန်အူရောင်ငန်းဖျားရောဂါကြောင့်ဖြစ်ပြီး အဲဒီအချိန်တုန်းက ဆရာဝန်မှတ်ချက်ပြုပြောခဲ့သလိုမျိုး မွှားမှကူးစက်တဲ့ ငန်းဖျားရောဂါ မဟုတ်ဘူးလို့ဆိုကာ သုတေသနပညာရှင်များက သူတို့ရဲ့သုတေသနကို အဆုံးသတ် လိုက်ပါတယ်။
Ref: IE
ကိုထက်
MWD

ကျောက်ဆည်၊ ဩဂုတ်-၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု အဖြစ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အာဟာရကျွေးမွေးခြင်းဆောင်ရွက်ရာတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းအုပ် ဆရာမကြီး ဒေါ်ညိုအေးနှင့် ဆရာ/ဆရာမများ၊ အလှူရှင်များပူးပေါင်းပြီး ကျောင်းသား၊ကျောင်းသူများအား ဩဂုတ်လ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၃၈၃) ဦးအား အာဟာရဆန်ပြုတ်များတိုက်ကျွေးခြင်း၊ ကြာဇံချက်၊ ပေါင်မုန့်အုန်းနို့ဆမ်းများ ကျွေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)

နေပြည်တော် ဩဂုတ် ၈
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုလသမဂ္ဂ ကလေး များရန်ပုံငွေအဖွဲ့ (UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အသစ်အဖြစ် ခန့်အပ်ခံရသူ Mr. Yusumasa Kimura အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNICEF အဖွဲ့တို့အကြား တိုးချဲ့ကာကွယ်ဆေးထိုးရေးလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ မန္တလေးငလျင်ကြီးအလွန် ပြန်လည်ထူထောင်ရေးကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ UNICEF ရုံးမှ ကိုယ်စားလှယ်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ခုတင်(၁၀၀)နှင့်အထက် ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ကတိုးမြှင့်ပံ့ပိုးပေးသည့် ကျန်းမာရေးရန်ပုံငွေဖြင့် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်း၊ အထူးသဖြင့် တီဘီ၊ HIV ရောဂါကုသဆေးများကို နိုင်ငံတော်မှ နှစ်စဉ် ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ထုတ်အကုန်အကျခံ ဝယ်ယူပေးလျက်ရှိရာ လူနာများအနေဖြင့် ဆေးပြတ်လပ်မှုမရှိစေဘဲ ကုသမှုခံယူနိုင်မည်ဖြစ်ပြီး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံများကို ပြည်သူလူထု အားကိုးယုံကြည်မှု ပိုမိုရရှိလာစေရေး ဆေးရုံများ ဥပဓိရုပ်ကောင်းမွန်ရေး၊ လူနာများ၊ လူနာမိသားစုများနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်စေရေးတို့ကိုလည်း ဆောင်ရွက်ပေးကြရန်၊ ကျန်းမာရေးအဆင့်အတန်း ယခုထက် ပိုမိုကောင်းမွန်လာပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအဆောက်အအုံဖြစ်စေရန်၊ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်စေရေး ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များက ကုသရေးလုပ်ငန်းများ တိုးတက်စေရေး အမှာစကားများ ပြောကြားကြပြီး တက်ရောက်လာသည့် ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများက လုပ်ငန်းဆောင်ရွက်မှုနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
MOI

ကျောက်ဆည်၊ ဩဂုတ်-၉
ကျောက်ဆည်၊ ဩဂုတ်-၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ငါးနှစ်အောက်ကလေးငယ်များနှင့် ကျောင်းသားလူငယ်များ အာဟာရ ဖွံ့ဖြိုးရေး အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေး အသိပညာ ပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို အခြေခံပညာကျောင်းများ၌ ကျောက်ဆည်ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဦးဆောင်မှုဖြင့် အခြေခံပညာဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးဌာနတို့ ပူးပေါင်းပြီး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့မအခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၈)၊ အမှတ်(၉)၊ အမှတ်(၁၀) အခြေခံပညာမူလတန်း ကျောင်းများသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးအသိပညာပေးခြင်းနှင့်ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး(၁)ဒေါ်ကြည်ကြည်ဆွေနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများနှင့်ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ကျောင်းနှင့် ဝန်းကျင်သန့်ရှင်းရေးနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများအကြောင်း အသိပညာပေးဟောပြောပြီး၊ သွားခံတွင်းသန့်ရှင်းရေးများစစ်ဆေးခြင်း၊ သံချဆေးနှင့်သံဓာတ်အားဆေးများ တိုက်ကျွေးခြင်း၊ ကျောင်းမုန့် ဈေးဆိုင်များအား စစ်ဆေးခြင်း၊ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်းများအပြင် ရပ်ကွက်/ ကျေးရွာ၌ မိခင်နို့ စနစ်တကျတိုက်ကျွေးရေး၊ ငါးနှစ်အောက်ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက် မိခင်များအား အာဟာရဖွံ့ဖြိုးရေး၊ အိုင်အိုဒင်းချို့တဲ့ရောဂါများပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ် ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာ စုစုပေါင်း ၁၀၁ ဦးတို့ကို ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး အတွင်းလူနာအဖြစ် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၄ ဦး၊ စုစုပေါင်း ၃၂ ဦး တက်ရောက်ဆေးကုသမှုခံယူလျက်ရှိရာ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက နောင်ချိုမြို့၊ တောင်ရပ်ကွက်၊ နယ်မြေ(၃)၊ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းရှေ့ လမ်းဘေး ဝဲ/ယာရှိ ချုံနွယ်ပေါင်းမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ညစ်ညမ်းနေတဲ့လေထုက မိမိတို့ ရဲ့အဆုတ်ကိုထိခိုက်စေနိုင်တယ်ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ၊ ဒါပေမဲ့ အဲဒီလိုမျိုးမသန့်ရှင်းတဲ့ လေထုက မိမိတို့ရဲ့ဦးနှောက်ကိုထိခိုက် စေနိုင်တယ်ဆိုတာကိုတော့ သိရှိသူနည်းပါးလှပါတယ်။ တကယ်တော့ လေထု ညစ်ညမ်းမှုက ဦးနှောက်ကိုမသိလိုက် မသိဘာသာထိခိုက်စေတယ်ဆိုတဲ့အချက် ကို သုတေသနပညာရှင်များက တွေ့ရှိ လိုက်ပါပြီ။

ကိန်းဘရစ်တက္ကသိုလ်ရဲ့ ဆေးဝါးသုတေသနကောင်စီမှ သုတေသနပညာရှင်များက အခုလေ့လာမှုကို လုပ်ဆောင်ခဲ့တာပါ။ သူတို့ရဲ့လေ့လာမှုက လေထုညစ်ညမ်းမှုနဲ့ ဦးနှောက်ထိခိုက်မှုတို့ကြား ဆက်စပ်မှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်တဲ့ အကြီးစားသုတေသနတစ်ခု ဖြစ်လာပါတယ်။ သူတို့က လူပေါင်းသန်း ၃၀ နီးပါးကို လေ့လာမှုတွေလုပ်ခဲ့တာ ဖြစ်ပါတယ်။
ကျွန်တော်တို့လူသားတွေဟာ ကားကနေထွက်တဲ့မီးခိုးတွေ၊ စက်ရုံတွေကနေထွက်တဲ့မီးခိုးတွေ၊ အမှိုက်မီးရှို့ရာမှ ထွက်တဲ့မီးခိုးတွေ အစရှိသည်ဖြင့်အမျိုးမျိုးသောမီးခိုးတွေကို နေ့စဉ်နဲ့အမျှဆိုသလို ရှူရှိုက်မိနေကြတာပါ။ ဒီလိုရှူရှိုက်မိလိုက်တဲ့လေထဲမှာ ညစ်ညမ်းမှုဖြစ်နေတဲ့အမှုန်ငယ်များစွာ ပါဝင်ပါတယ်။
အဲဒီအမှုန်ငယ်လေးတွေက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်အတွင်း နက်ရှိုင်းစွာ ဝင်ရောက်သွားပြီး နောက်ဆုံးမှာ လူတော်တော်များများက မှတ်ဉာဏ်ဆုံးရှုံးမှုနဲ့ အသိဉာဏ်ကျဆင်းမှု ဖြစ်လာတာကို တွေ့ရတယ်လို့ သုတေသီများက ဆိုပါတယ်။
လက်ရှိကမ္ဘာတစ်ဝန်းမှာ အယ်ဇိုင်းမား ရောဂါအပါအဝင် စိတ်ဖောက်ပြန်မှုရောဂါ ဖြစ်ပွားသူ အရေအတွက်က ၅၈ သန်းခန့် ရှိပါတယ်။ ဒီပမာဏက သိသိသာသာ မြင့်တက်လာနေတာဖြစ်ပြီး ၂၀၅၀ ပြည့် နှစ်အရောက်မှာ ၁၅၃ သန်းနီးပါးအထိ ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။ အခုလို မျိုးအခြေအနေ ဖြစ်ပေါ်လာတာဟာ လူတစ်ဦးချင်းစီအတွက် သာမက မိသားစုဝင်များ အပါအဝင် လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံးအတွက် ဝန်ထုပ်ဝန်ပိုးလိုဖြစ်လာစေတယ်လို့ ဆိုရမှာပါ။
ဒီနေရာမှာ လေထုညစ်ညမ်းမှုပမာဏ ဘယ်လောက်က ဦးနှောက်ကိုထိခိုက်စေလဲဆိုတော့ လေထုတစ်ကုဗ မီတာထဲမှာ ညစ်ညမ်းမှုဖြစ်နေတဲ့အမှုန် ၁၀ မိုက်ခရိုဂရမ်က ဦးနှောက် ဖောက်ပြန်မှု ဖြစ်ပွားနိုင်ခြေကို ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လာစေတာ တွေ့ရတယ်လို့ သုတေသီများက ဆိုပါတယ်။ ဘာကြောင့်အခုလိုမျိုး ဆက်စပ်သွားရတာလဲဆိုရင် ဦးနှောက် အတွင်းရောင်ရမ်းမှုနဲ့ ကလာပ်စည်းလေးတွေကို ပျက်စီးစေတဲ့ ဓာတ်တိုးဖိအားတို့ဖြစ်ပေါ်ရခြင်းက လေထုထဲက ညစ်ညမ်း အမှုန်များဟာ ဦးနှောက်ထဲကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော အားဖြင့် ဝင်ရောက်သွားလို့ ဖြစ်ကြောင်း သုတေသီများက ပြောပါတယ်။
Ref: SD
ကိုထက်
MWD Web Portal

မှတ်ဉာဏ်ဆိုတာ လူတစ်ယောက်အတွက် သိပ်ကိုအရေးကြီးတဲ့အရာပါ။ အထူးသဖြင့် သက်ကြီး ရွယ်အိုပိုင်းတွေမှာ မှတ်ဉာဏ်ချို့ယွင်းမှုက ကိုယ်ဖြတ်သန်းခဲ့ရတဲ့တစ် ဘဝစာလုံးရဲ့ မှတ်သား သိရှိမှုတွေကို ပျောက်ဆုံးသွားစေတာ ဖြစ်ပါတယ်။ ဒီလိုမျိုးပျောက်ဆုံးသွား မှုတွေက သိပ်ကိုဝမ်းနည်းဖို့ ကောင်းလှပါတယ်။
ဒါကြောင့် ဘယ်လိုအခြေအနေတွေက မှတ်ဉာဏ်ကို ပျက်စီးစေလဲဆိုတာ သိဖို့လိုလာပါပြီ။ ဒီအချိန်မှာ သုတေသနပညာရှင်များက မှတ်ဉာဏ်ပျက်စီးမှုကို ပိုမိုဆိုးဝါးစေတဲ့အခြေအနေနဲ့ပတ်သက်လို့ လေ့လာမှုတစ်ခုကို ထုတ်ပြန်လိုက်ပါပြီ။

ဂျီနီဗာတက္ကသိုလ်မှ သုတေသနပညာရှင်များက ဥရောပဒေသမှာရှိတဲ့ သက်ကြီးရွယ်အိုအယောက် ၃၃၀၀၀ စီမှရရှိလာသောအချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီးနောက် အခုလေ့လာတွေ့ရှိချက်ကို ထုတ်ပြန်လိုက်တာပါ။ သူတို့ရဲ့ထုတ်ပြန်ချက်အရဆိုရင် အသက်ကြီးလာတာနဲ့အမျှရင်ဆိုင်ရတဲ့ အထီးကျန်မှုက မှတ်ဉာဏ်ကို ပျက်စီးနိုင်စေတယ် ဆိုပေမယ့် အကြားအာရုံချို့ယွင်းမှုကိုပါ ခံစားနေရတယ် ဆိုရင်တော့ အဲဒီလူရဲ့မှတ်ဉာဏ်ပျက်စီးမှုကို ပိုမိုဆိုးဝါးသွားစေတာဖြစ်တယ်လို့ ဆိုထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ခန့်မှန်းချက်အရဆိုရင် လက်ရှိအခြေအနေအတိုင်းဆက်သွားပါက ၂၀၅၀ ပြည့်နှစ်ရောက်တဲ့အခါ ကမ္ဘာ့လူဦးရေ နှစ်ဘီလီယံ ခွဲလောက်က အကြားအာရုံချို့ယွင်းမှုကိုခံစားရလိမ့်မယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာတော့ အသက် ၆၀ နဲ့အထက်ရှိသူ လေးပုံတစ်ပုံက အကြားအာရုံချို့ယွင်းနေပါပြီ။
အကြားအာရုံချို့ယွင်းမှုက လူ့အသိုင်းအဝိုင်းကြား နေ့စဉ်ပြောဆိုဆက်ဆံရာမှာ အဟန့်အတားအနှောင့် အယှက်တစ်ခုဖြစ်ပါတယ်။ နားကြားကိရိယာတွေ ဘယ်လိုပင်ပေါ်လာစေဦးတော့ နားမကြားတဲ့ သူတစ်ယောက်မှာ စိတ်ဖိအားတစ်ခုရှိတာတော့ အမှန်ပါပဲ။ ဒီအချိန်မှာ အထီးကျန်ခြင်းကိုပါ ပေါင်းစပ်လိုက်ရင်မှတ်ဉာဏ်တွေကလည်း ပျောက်ဆုံးသွားရတော့တာ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံများကို နှစ်စဉ်အမေရိကန် ဒေါ်လာ တစ်ထရီလီယံခွဲဆုံးရှုံးစေသည့် ပြည်သူများ၏ကျန်းမာရေးပြဿနာကို လွန်စွာခြိမ်းခြောက်နေသော အရာသည် ပလတ်စတစ်ညစ်ညမ်းမှုဖြစ်လာကြောင်း ကျွမ်းကျင်သူများက ဩဂုတ်လ ၄ ရက် တွင်ထုတ်ပြန်သည့် စစ်တမ်းတစ်ခု၌ ဖော်ပြထားသည်။
ကမ္ဘာ့ပထမဆုံးဖြစ်လာမည့် ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ရည်ရွယ်သည့် အစည်းအဝေးတစ်ခုကို ဂျီနီဗာမြို့၌မကျင်းပမီ ထိပ်တန်းကျန်းမာရေးပညာရှင်များ ပါဝင်သည့် သုတေသနအဖွဲ့က ယခုထုတ်ပြန်ချက်ကို ထုတ်ပြန်လာခြင်း ဖြစ်သည်။

“ပလတ်စတစ်များက မွေးကင်းစသာရှိသေးတဲ့ကလေးငယ်များမှသည် သက်ကြီးရွယ်အိုများအထိ အရွယ်သုံးပါးမရွေးကို ရောဂါများဖြစ်စေသည် သာမက သေဆုံးမှုကိုပင်ဖြစ်စေတာ ဖြစ်ပါတယ်။ ဒီလိုမျိုးပလတ်စတစ်ညစ်ညမ်းမှုကြောင့် ကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးဆုံးရှုံးမှုက နှစ်စဉ်အမေရိကန်ဒေါ်လာ တစ်ထရီလီယံခွဲရှိပါတယ်” ဟု The Lancet ဆေးပညာဂျာနယ်၌ဖော်ပြထားသည်။ ထို့ပြင် ပလတ်စတစ်ညစ်ညမ်းမှုကို ဥပဒေများ၊ မူဝါဒများချမှတ်ခြင်းဖြင့် လျှော့ချနိုင်စေမည်ဖြစ်ကြောင်း သုတေသနတွင် ဖော်ပြထားသည်။
Ref: ST

ရုရှား၏ ပထမဆုံး ကင်ဆာကာကွယ်ဆေးကို လာမည့် လအနည်းငယ်အတွင်း လူနာများအား စတင် ထိုးနှံနိုင်တော့မည်ဟု Gamaleya သုတေသနဌာနမှ ညွှန်ကြားရေးမှူး Alexander Gintsburg က ကြေညာလိုက်သည်။ ထိုနည်းပညာမှာ AI အကူအညီဖြင့် လူနာ၏ မျိုးရိုးဗီဇဒေတာအခြေပြု၍ mRNA နည်းပညာဖြင့် ကင်ဆာကျိတ်များကို တိုက်ဖျက်ရန် ဒီဇိုင်းထုတ်ထားသော ကုထုံးတစ်ခုဖြစ် သည်။

RIA Novosti သတင်းဌာနနှင့် ဩဂုတ် ၂ ရက်နေ့က ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် Gintsburg က မော်စကို၏ ထိပ်တန်း ကင်ဆာဆေးရုံနှစ်ခုဖြစ်သော Hertsen သုတေသနဌာနနှင့် Blokhin ကင်ဆာစင်တာတို့နှင့် ပူးပေါင်း၍ လာမည့် လအနည်းငယ်အတွင်း စမ်းသပ်ကုသမှုကို စတင်မည်ဟု အတည်ပြုပြောကြားခဲ့သည်။ Gintsburg ၏ခန့်မှန်းချက်အရ Gamaleya စင်တာသည် ကာကွယ်ဆေး ထုတ်လုပ်ရန် တာဝန်ရှိပြီး လက်တွဲဆောင်ရွက်နေသော ဆေးရုံများမှ လူနာများတွင် စမ်းသပ်မှုများ ဆောင်ရွက်မည်ဖြစ်သည်။
"ကျန်းမာရေးဝန်ကြီးဌာက အသိအမှတ်ပြုထားသော အစီအစဉ်နှင့်အညီ၊ neoantigens အခြေပြု ကင်ဆာကာကွယ်ဆေးဖြင့် အရေပြားကင်ဆာ (melanoma) လူနာများတွင် စမ်းသပ်ကုသမှုကို စတင်ရန် ပြင်ဆင်နေပါပြီ" ဟု Gintsburg က ရှင်းပြခဲ့သည်။ ၎င်းက ထိုဆေးဝါးသည် လုံးဝသီးသန့် ဖန်တီးထားသောကုထုံးဖြစ်ကာ လူနာတစ်ဦးချင်းစီ၏ ကင်ဆာကျိတ်မှ ထူးခြားသော မျိုးရိုးဗီဇဒေတာ များကိုအခြေခံ၍ တစ်ဦးချင်းစီအတွက် သီးသန့်ထုတ်လုပ်ထားပြီး အခြားသူများအတွက် အသုံးပြု၍ မရနိုင်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
ယင်းကာကွယ်ဆေး၏ ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်ကို ၂၀၂၂ ခုနှစ် အလယ်ပိုင်းတွင် mRNA (messenger RNA) နည်းပညာဖြင့် စတင်ခဲ့ပြီး၊ လူနာ၏ ကိုယ်ခံအားစနစ်ကို ကင်ဆာဆဲလ်များမှ ထုတ်လုပ်သော ပရိုတင်းများ (antigens) ကို ဖော်ထုတ်တိုက်ဖျက်နိုင်စေရန် လေ့ကျင့်ပေးကာ cytotoxic lymphocytes ဆဲလ်များဖြင့် ခန္ဓာကိုယ်အနှံ့ရှိ ကင်ဆာဆဲလ်များကို ဖျက်ဆီးသည့် နည်းလမ်းဖြင့် ကုသခြင်းဖြစ် သည်။
အဆိုပါကင်ဆာကာကွယ်ဆေးသည် လူနာတစ်ဦးချင်းစီ၏ မျိုးရိုးဗီဇအချက်အလက်ပေါ် အခြေခံသောကြောင့် ရုရှားအစိုးရမှ ယခုနှစ်အစောပိုင်းတွင် ပြဋ္ဌာန်းခဲ့သည့် အထူးစည်းမျဉ်းများ နှင့်အညီ ထုတ်လုပ်ရမည်ဖြစ်သည်။ Gintsburg က "၎င်းသည် သာမန်ဆေးဝါးများ မှတ်ပုံတင် ခြင်းနှင့် လုံးဝကွဲပြားသော လုင်ငန်းစဉ်" ဖြစ်ကြောင်း ရှင်းပြခဲ့ပြီး၊ အဖွဲ့သည် ကျန်းမာရေး အာဏာပိုင်များနှင့် ပူးပေါင်း၍ လမ်းညွှန်ချက်အသစ်များနှင့်အညီ လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။
အရေပြားကင်ဆာ (melanoma) လူနာများအတွက် အဓိကရည်ရွယ်ထုတ်လုပ်ထားသော အဆိုပါ ကာကွယ်ဆေးသည် တိရစ္ဆာန်စမ်းသပ်မှုများနှင့် လူနာအချို့တွင် ကနဦးစမ်းသပ်မှုများ၌ အောင်မြင်မှု လက္ခဏာများ ပြသခဲ့သည်။ Gintsburg ၏ အဆိုအရ၊ AI (ဉာဏ်ရည်တု) ၏ အကူ အညီဖြင့် ကင်ဆာကျိတ်မှ ဒေတာများကို စိစစ်ခြင်းမှသည် လူနာအတွက် သီးသန့် ထုတ်လုပ် ထားသောကာကွယ်ဆေးရရှိသည်အထိ လုပ်ငန်းစဉ်တစ်ခုလုံးကို တစ်ပတ်အတွင်း ပြီးမြောက်အောင် ဆောင်ရွက် နိုင်မည်ဖြစ်သည်။
Sputnik V (ကမ္ဘာ့ပထမဆုံး မှတ်ပုံတင်ထားသော COVID-19 ကာကွယ်ဆေး) ကို ဖန်တီးခဲ့သည့် Gamaleya စင်တာသည် ယခုအခါ ပန်ကရိယကင်ဆာ၊ ကျောက်ကပ်ကင်ဆာနှင့် အဆုတ်ကင်ဆာ၏ အဖြစ်များဆုံးနှင့် ကုသရန်အခက်ခဲဆုံးအမျိုးအစားဖြစ်သော non-small-cell lung cancer (NSCLC) အပါအဝင် အခြားကင်ဆာများအတွက် ကုထုံးပုံစံများကိုပါ ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေဆဲ ဖြစ်သည်။
ရုရှားကျန်းမာရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ နိုင်ငံတွင်ကင်ဆာလူနာ ၄ သန်းခန့်ရှိပြီး နှစ်စဉ် လူနာအသစ် ၆၂၅,၀၀၀ ခန့် စစ်ဆေးတွေ့ရှိလျက်ရှိသည်။ လာမည့်စမ်းသပ်ကာလအတွင်း ဤကင်ဆာ ကာကွယ်ဆေး၏ စိတ်ချရမှုနှင့် ထိရောက်မှုကို အတည်ပြုနိုင်ပါက ရုရှား၏ အများပြည်သူကျန်းမာရေး ဗျူဟာအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်လာနိုင်သည်။
အဆိုပါတီထွင်မှုသည် နိုင်ငံတကာမှ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပြီး Gintsburg က နိုင်ငံခြား ဆေးရုံ/ သုတေသနဌာနများစွာမှ ပူးပေါင်းဆောင်ရွက်လိုကြောင်း ဆက်သွယ်ခဲ့သည်ဟု အတည်ပြု ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

နေပြည်တော် ဩဂုတ် ၂
နေပြည်တော် ဩဂုတ် ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နှင့် အဆိုပါဒေသတစ်ဝိုက်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် စေတနာရှင်ပြည်သူများပူးပေါင်း၍ လိုအပ်သည့်ပြုပြင်၊ ပြင်ဆင်တည်ဆောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြရာ ယနေ့တွင် ပြည်သူ့ဆေးရုံကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နောင်ချိုမြို့နယ် ပြည်သူဆေးရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တပ်မတော်မှ တာဝန်ရှိသူများ၊ ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြပြီး တာဝန်ရှိသူများက ပြည်သူ့ဆေးရုံဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖျန်း၍ ဆေးရုံအား ဖွင့်လှစ်ပေးသည်။ ထို့နောက် တာဝန်ရှိသူများက ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ဒေသခံပြည်သူများအား လိုက်လံကြည့်ရှု၍ ဆေးဝါးကုသထားရှိမှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကား ပြောကြားကြသည်။
နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာန၊ နယ်မြေခံတပ်နယ်/ တပ်ရင်းများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် စေတနာရှင်များ ပူးပေါင်း၍ ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနနှင့် လူနာကုသဆောင်များ ပြုပြင်ခြင်း၊ ရွှေ့လျားခွဲစိတ်ခန်းတပ်ဆင်ပေးခြင်း၊ ရွှေ့လျား ဓာတ်မှန်စက်နှင့် အာထရာဆောင်းစက်များ တပ်ဆင်ပေးခြင်းနှင့် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ် ဩဂုတ်လ (၂) ရက်နေ့နံနက်ပိုင်းမှစ၍ လူနာများအား လက်ခံကုသပေးခြင်းနှင့် အရေးပေါ်ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါပြည်သူ့ဆေးရုံအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်နေသည့်ကာလအတွင်းတွင်လည်း ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်၍ ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ဇူလိုင် ၂၀ ရက်မှ ဩဂုတ် ၁ ရက်အထိ ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း ၁၆၉၅ ဦးအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး အသက် (၅) နှစ်အောက်ကလေး ၁၇၅ ဦးအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။