ဟေတီနိုင်ငံတွင် ဇွန်လအှ စကာ ဒေသတွင်း ရွှေ့ပြောင်းသူ ၂၂ ရာခိုင်နှုန်းတိုးလာခဲ့ပြီး ၇၀၀၀၀၀ ကျော် အထိ ရှိလာခဲ့ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အောက်တိုဘာလ ၂ ရက်တွင် ပြောကြားခဲ့သည်။
ဒေသတွင်း ရွှေ့ပြောင်းသူ ထက်ဝက်ကျော်မှာကလေးများ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဗင်ဒူဂျာရတ်က ပြောကြားခဲ့သည်။
အုပ်စုဖွဲ့အကြမ်းဖက်မှုများပြင်းထန်လာခြင်းကြောင့် နိုင်ငံအတွင်းလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေသည့်အတွက် လအနည်းငယ်အတွင်းယခုလိုဒေသတွင်း ရွှေ့ပြောင်းသူအရေအတွက် မြင့်တက်လာခြင်းအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက စိတ်မကောင်းဖြစ်မိကြောင်း ဒူဂျာရတ်က ပြောသည်။
ဒေသတွင်းအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ကလည်း ပုံစံအမျိုးမျိုးဖြင့် ကူညီထောက်ပံ့မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒူဂျာရတ်က ဆက်လက် ပြောကြားသည်။ ယခုနှစ် ကလေးသူငယ်များကို ပညာရေးတွင် ထောက်ပံ့ပေးရန် လိုအပ်သော အမေရိကန် ဒေါ်လာသန်း ၃၀ ၏ ၃၀ ရာခိုင်နှုန်းကို ရရှိခဲ့ကြောင်းလည်း ၎င်းကပြောသည်။
ဆင်ဟွာ