ပါကင်ဆန်ရောဂါကို အိန္ဒိယနိုင်ငံမှာ ဘီစီ ၅၀၀၀ ၀န်းကျင်ကတည်းက ဖြစ်ပေါ် ခံစားလာခဲ့ကြရပြီး အိန္ဒိယလို Kampavata ရောဂါလို့ ခေါ်ပါတယ်။ အဲဒီ အချိန်က ဒီရောဂါ ဘာကြောင့်ဖြစ်တယ်ဆိုတာကို သေချာအဖြေ မထုတ်နိုင်ခဲ့ကြသေးပါဘူး။ ၁၈၁၇ ခုနှစ် ရောက်လာတဲ့အခါမှာတော့ ဗြိတိသျှလူမျိုး ဒေါက်တာ James Parkin-son (၁၇၅၅ - ၁၈၂၄) ဆိုသူက ရောဂါဖြစ်လာရတဲ့အကြောင်းကို လေ့လာဖော်ထုတ် အဖြေရှာနိုင်ခဲ့တာကြောင့် အဲဒီ့ဒေါက်တာရဲ့အမည်ကို အစွဲပြုပြီး ဆေးသိပ္ပံနည်းအရ Parkinson’s disease (PD) လို့ ရောဂါအမည်တပ်ခဲ့ကြကြောင်း မှတ်သားရပါတယ်။

ပါကင်ဆန်ရောဂါ
ပါကင်ဆန်ဆိုတာ အကြောအားနည်းပြီး ခြေလက်တုန်တဲ့ နာတာရှည်ရောဂါတစ်မျိုးပါ။ အဲဒီရောဂါက အချိန်ကြာလာတာနဲ့အမျှ လူတစ်ယောက်ရဲ့ ကိုယ်လက်လှုပ်ရှားနိုင်မှုကို ထိခိုက်စေတဲ့ရောဂါဖြစ်ပြီး တဖြည်းဖြည်း အသက်ဆုံးရှုံးခြင်းဆီ ဦးတည်သွားနိုင်ပါတယ်။
ခြေလက်တုန်ခြင်းအပြင်ကြွက်သားများတောင့်တင်းခြင်း၊ ခြေလက်များ ကွေးဆန့်ရာမှာ ပျော့ပျောင်းမှုမရှိတော့ခြင်း၊ လှုပ်ရှားမှုနှေးကွေးလာခြင်းတို့က ပါကင်ဆန်ရောဂါ လက္ခဏာ တွေဖြစ်ပါတယ်။ အဲဒီလက္ခဏာအဆင့်မရောက်မီ အစပျိုးရောဂါအဖြစ် အာရုံခံအင်္ဂါတွေဆုံးရှုံးသွားပြီး နှာခေါင်းအနံ့ခံ မကောင်းတော့ခြင်း၊ ၀မ်းချုပ်လာခြင်း၊ ညဘက်ကောင်းစွာ အိပ်မပျော်ခြင်းတွေကို ခံစားရပါတယ်။
ရောဂါဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ဦးနှောက်ထဲမှာရှိတဲ့ အာရုံခံဆဲလ်တွေ သေသွားတာကြောင့် ဦးနှောက်ကို ထိန်းချုပ်ပေးနိုင်တဲ့ dopamine (ခေါ်) ဓာတုပစ္စည်းထွက်ရှိမှု နည်းပါးလာပြီး ခြေလက်လှုပ်ရှားမှုတွေကို မူမမှန်စေတော့ပါဘူး။ ဒါကြောင့် PD ရောဂါရင့်လာလေလေ ဦးနှောက်က ခြေလက်တွေကို ထိန်းချုပ်နိုင်မှုစွမ်းအား ကျသွားလေလေဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး PD ရောဂါခံစားရပုံချင်း မတူညီကြပါဘူး။
ပျမ်းမျှအားဖြင့် PD ရောဂါကို (က) tremor (ခေါ်)လက်ချောင်း၊ လက်မောင်း၊ ခြေထောက်၊ မေးရိုး၊ မျက်နှာတို့ တဆတ်ဆတ်လှုပ်သောရောဂါ၊ (ခ) bradykinesia (ခေါ်) လှုပ်ရှားမှု တစတစ နှေးကွေးလာသောရောဂါ၊ (ဂ) rigidity (ခေါ်)ခြေဆံလက်ဆံများ တောင့်တင်းသောရောဂါ၊ (ဃ) postural instability (ခေါ်) မိမိကိုယ်ကို ဟန်ချက်ညီညီ မထိန်းနိုင်သောရောဂါဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။
ရှေ့ပြေးရောဂါလက္ခဏာ
PD ရောဂါဝေဒနာသည်အများစုမှာ တွေ့ရလေ့ရှိတဲ့ ရှေ့ပြေးရောဂါလက္ခဏာများမှာ-
- ခန္ဓာကိုယ်လှုပ်ရှားနေချိန်မှာ မသိသာသော်လည်း အနားယူငြိမ်နေတဲ့အခါမှာ လက်ချောင်း၊ လက်မ၊ လက်မောင်း၊ မေးစေ့၊ လျှာ၊ နှုတ်ခမ်း၊ ခြေထောက်တို့ တဆတ်ဆတ်လှုပ်နေခြင်း။
- စက္ကူပေါ်စာရေးတဲ့အခါ ပုံမှန်လို မဟုတ်တော့ဘဲ စာလုံးအရွယ်အစားကြီးလာခြင်း သို့မဟုတ် သေးသွားခြင်း သို့မဟုတ် စာလုံးတွန့်စောင်းနေခြင်း သို့မဟုတ် စာလုံးတွေထပ်သွားခြင်း။
- အနံ့ခံအာရုံ သိသိသာသာ ကျဆင်းသွားခြင်း။
- အိပ်မောကျနေစဉ် ခြေထောက်က တစ်ခုခုကိုကန်ခြင်း သို့မဟုတ် လက်သီးဖြင့်ထိုးခြင်း သို့မဟုတ် ခုတင်ပေါ်က ပြုတ်ကျခြင်း သို့မဟုတ် အိပ်မက်ထဲမှာ မိမိကိုယ်မိမိ ကွက်ကွက်ကွင်းကွင်း ပြန်၍မြင်မက်ခြင်း။
- ၀မ်းချုပ်ခြင်း။
- ခါး၊ တံတောင်ဆစ်၊ တင်ပါး၊ ဒူးခေါင်း စတဲ့ ကြွက်သားများ တောင့်တင်းလာပြီး ယင်းကြွက်သားများ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ အကွေးအဆန့် လှုပ်ရှားမှုတိုင်းမှာ သိသိသာသာ နာကျင်ကိုက်ခဲစွာ ခံစားရခြင်း။
- လမ်းလျှောက်တဲ့အခါ လက်လွှဲ၍မရခြင်း၊ ခြေလှမ်းမမှန်ခြင်း၊ လမ်းစလျှောက်စဉ် သို့မဟုတ် ဦးတည်ရာကို ဘယ်/ညာသို့ ချိုးကွေ့ခါနီး သို့မဟုတ် လမ်းလျှောက်မှုကို ရပ်တန့်စဉ် စသည်တို့တွင် ပုံမှန်မဟုတ်တော့ဘဲပြဿနာရှိလာခြင်း။
- မိမိက ပုံမှန်လေသံဖြင့် စကားပြောနေသော်လည်း ပတ်၀န်းကျင်ရှိသူများက မိမိစကားပြောသံကို ခပ်တိုးတိုးအုပ်အုပ်သာကြားရခြင်း သို့မဟုတ် ဗလုံးဗထွေး အသံကြားနေရခြင်း။
- မျက်တောင်မခတ်ခြင်း၊ တစ်နေရာတည်းကို မျက်လုံးသေဖြင့် စိုက်ကြည့်နေတတ်ခြင်း။
- သွေးအားနည်းသလို ခံစားရကာ မူးဝေခြင်း၊ အော့အန်ချင်စိတ်ဖြစ်ခြင်း။
- မတ်မတ်မရပ်နိုင်၊ ကောင်းစွာ မထိုင်နိုင်ဘဲ ပျော့တိပျော့ခွေဖြစ်၍ တစ်ခုခုကို အမှီသဟဲပြုနေရခြင်း။
- စိတ်ဓာတ်ကျခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်းတို့ဖြစ်ပါတယ်။
ရောဂါနှင့် အသက်အရွယ်
ပျမ်းမျှ အသက် ၆၀ ကျော်တွင် ပါကင်ဆန်ရောဂါဖြစ်တတ်ကြပြီး အသက်အရွယ်ကြီးလာလေ ရောဂါဖြစ်ဖို့ ရာခိုင်နှုန်းပိုများလေဖြစ်ပါတယ်။ ယနေ့ကမ္ဘာမှာ အသက် ၈၀ ကျော် လူဦးရေတစ်သိန်းမှာ ပျမ်းမျှ ၅၀၀ ကနေ ၇၀၀ အထိ ဖြစ်ပွားနေကြောင်း၊ ဆန်းစစ်မှုမှတ်တမ်းများအရ အသက်ငယ်သူတွေမှာလည်း ထိုရောဂါတွေ့ရတတ်ပြီး ပျမ်းမျှ ပါကင်ဆန်လူနာ ၁၀၀ မှာ အသက် ၄၀ အောက်အရွယ် ၇ ရာခိုင်နှုန်းလောက် ရောဂါဖြစ်နေကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာအရ လူပေါင်း ၁၀ သန်းအထိ ခံစားနေကြရကြောင်း ဆေးပညာရှင်များရဲ့အဆိုအရ လေ့လာသိရှိရပါတယ်။
ရောဂါဖြစ်ရသောအကြောင်းရင်းများ ပါကင်ဆန်ရောဂါဖြစ်ရတဲ့ အဓိက အကြောင်းရင်းနှစ်ရပ်ရှိပါတယ်။ မျိုးရိုးဗီဇ နှင့် ပတ်၀န်းကျင်ပြဿနာတို့ကြောင့်ဖြစ် ပါတယ်။ မိမိဆွေမျိုးရင်းချာတွေထဲမှာ အဲဒီရောဂါဖြစ်တဲ့သူရှိရင် တခြားသူတွေထက် ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ စိတ်ရောဂါအတွက် သောက်သုံးနေရတဲ့ ဆေးဝါးတွေ၊ အအန်ပျောက်ဆေး၊ အမူးပြေဆေး၊ အတက်ရောဂါပျောက်ဆေး၊ မူးယစ်ဆေးဝါးဖြတ်ဆေး၊ တချို့ပဋိဇီ၀ အားဆေးတွေကြောင့်လည်း ပါကင်ဆန် ရောဂါဖြစ်စေတတ်ပါတယ်။
ဆောင်ရန် အစားအစာများ
ပါကင်ဆန်ရောဂါအတွက် ဆောင်ရန်/ရှောင်ရန် အစားအစာများမှာ-
- သဘာ၀အော်ဂဲနစ် သား၊ ငါး၊ ဟင်း သီးဟင်းရွက်နဲ့ သစ်သီး၀လံတွေကို ရွေးချယ်စားသုံးပါ။
- အမျှင်ဓာတ်ပါ၀င်တဲ့ ဟင်းသီးဟင်းရွက်စားပါ။
- နာနတ်သီး၊ လိမ္မော်သီးစတဲ့ အမျှင်ဓာတ်ကြွယ်၀တဲ့ သစ်သီး၀လံ များများစားပါ။
- ပဲမျိုးစုံ၊ မြေပဲ၊ သီဟိုဠ်၊ ဗာဒံ၊ သစ်ကြားသီး စတဲ့ အစေ့အဆန်တွေစားပါ။
- ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်း၊ သစ်ကြံပိုး၊ လေးညှင်း စတဲ့ ဟင်းခတ် အမွှေးအကြိုင်တွေစားပါ။
- ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စားပါ။
- ခွေးလှေးယားစေ့ စားပါ။
- ကော်ဖီ၊ အနက်ရောင်ချောကလက် စားပါ။
- အိပ်ရေး၀၀ အိပ်စက်ပါ။
- နေ့စဉ် ခပ်သွက်သွက် လမ်းလျှောက် လေ့ကျင့်ခန်းပြုလုပ်ပါ။
- လေကောင်းလေသန့်ကို ခပ်ပြင်းပြင်း ရှူရှိုက်ပါ။
- အဆီပါသော ပင်လယ်ငါးစားပါ။ ရေချိုရေငန်စပ်ငါးများ စားပါ။
- ရေနွေးကြမ်းသောက်ပါ။
- ဗီတာမင်ဘီ-6၊ ဗီတာမင်ဘီ-12၊ ဗီတာမင်ဒီ၊ ငါးကြီးဆီ၊ သံဓာတ်အားဆေး၊ မဂ္ဂနိစ်ဓာတ် အားဆေး များကလည်း ပါကင်ဆန်ရောဂါအတွက် ဖြည့်စွက်စာများဖြစ်ကြ ပါတယ်။
- fava beans (ခေါ်) အစိမ်းရောင် ပဲပင်တစ်မျိုးထဲရှိ ပဲစေ့လေးထဲမှာပါရှိတဲ့ ဆေးဖက်၀င်သဘာ၀ levodopa ဓာတ်က ဦးနှောက် အာရုံခံဆဲလ်တွေကို ကောင်းကျိုးပြုတာကြောင့် စားသုံးသင့်ပါတယ်။
ရှောင်ရန် အစားအစာများ
- ခြေလေးချောင်းသားအဆီများ စားသုံးခြင်းမှ ရှောင်ပါ။
- ကောက်ညှင်းနဲ့ စေးထန်းလွန်းသော ထမင်းလျှော့စားပါ။
- ဆီကြော်အစားအစာများ ရှောင်ပါ။
- ခြင်ဆေးခွေ၊ အမွှေးတိုင်၊ ဆေးလိပ် ငွေ့၊ ကတ္တရာနံ့၊ ကားမီးခိုးနံ့အပါအ၀င် မကောင်းသော မသန့်ရှင်းသော အနံ့အသက်များ မရှူမိစေရန် သတိပြုပါ။
- အတတ်နိုင်ဆုံး စိတ်ပူပင်သောက လျှော့၍ အိပ်ရေး၀၀ အိပ်စက်ပါ။
- ဒန်အိုးဒန်ခွက်အစား အလူမီနီယမ် အိုးခွက်များကိုသုံး၍ ချက်ပြုတ်စားသောက်ပါ။
အမေရိကန်ပြည်ထောင်စုမှာ ထိုရောဂါကို လူဦးရေတစ်သန်းကျော် ခံစားနေကြရပြီး ထိထိရောက်ရောက် ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးဘဲ ရောဂါတိုးပြီး မဆိုးရွားလာအောင် ခွဲစိတ်ကုသခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးသောက်ခြင်းတို့ဖြင့်သာ ကုသပေးနေပါတယ်။
အနှစ်ချုပ်ဆိုရရင် ပါကင်ဆန်ရောဂါက ကမ္ဘာပေါ်မှာ ဖြစ်ပွားမှုနှုန်း အမြန်ဆုံး နာ့ဗ်ဆဲလ်စနစ်ရောဂါများထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ပါကင်ဆန်ရောဂါပျောက်ကင်းစေနိုင်တဲ့ ကုထုံးမျိုးမရှိသေးဘဲ ရောဂါလက္ခဏာသက်သာစေမယ့် ဆေးဝါးတွေသာ ရှိနေပါသေးတယ်။ ဒါကြောင့် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့နည်းလမ်းတွေကို သိရှိလိုက်နာကျင့်သုံးကြရန် လိုအပ်ကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။
Source- Myawady Webportal
ပါကင်ဆန်ရောဂါကို အိန္ဒိယနိုင်ငံမှာ ဘီစီ ၅၀၀၀ ၀န်းကျင်ကတည်းက ဖြစ်ပေါ် ခံစားလာခဲ့ကြရပြီး အိန္ဒိယလို Kampavata ရောဂါလို့ ခေါ်ပါတယ်။ အဲဒီ အချိန်က ဒီရောဂါ ဘာကြောင့်ဖြစ်တယ်ဆိုတာကို သေချာအဖြေ မထုတ်နိုင်ခဲ့ကြသေးပါဘူး။ ၁၈၁၇ ခုနှစ် ရောက်လာတဲ့အခါမှာတော့ ဗြိတိသျှလူမျိုး ဒေါက်တာ James Parkin-son (၁၇၅၅ - ၁၈၂၄) ဆိုသူက ရောဂါဖြစ်လာရတဲ့အကြောင်းကို လေ့လာဖော်ထုတ် အဖြေရှာနိုင်ခဲ့တာကြောင့် အဲဒီ့ဒေါက်တာရဲ့အမည်ကို အစွဲပြုပြီး ဆေးသိပ္ပံနည်းအရ Parkinson’s disease (PD) လို့ ရောဂါအမည်တပ်ခဲ့ကြကြောင်း မှတ်သားရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါ ရှာဖွေစမ်းသပ်မှုအတွက် မှတ်တိုင်တစ်ခုအဖြစ် ပထမဆုံး ရောဂါရှာဖွေစမ်းသပ်ကိရိယာ အသုံးပြုခွင့်ကို အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း စက်တင်ဘာ ၄ ရက်က ပြောကြားသည်။
အာဖရိကတွင် ရောဂါရှာဖွေစမ်းသပ်မှုစွမ်းရည်ကို အကန့်အသတ်ဖြစ်စေပြီး ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဆက်လက်ရုန်းကန်နေရချိန်တွင် အဆိုပါ အတည်ပြုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဘူရွန်ဒီနှင့်နိုင်ဂျီးရီးယားတို့တွင် ယခုနှစ်အတွင်း မျောက်ကျောက် ရောဂါ ဖြစ်ပွားမှုပေါင်း ၃၀၀၀၀ ကျော်တွေ့ရှိခဲ့သည်။
ကွန်ဂိုသမ္မတနိုင်ငံတွင် ယခုနှစ်အတွင်းသံသယရှိသူ ၃၇ ရာခိုင်နှုန်းကိုသာ စမ်းသပ်နိုင်ခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအေဂျင်စီမှ သိရသည်။
Alinity m MPXV ဆန်းစစ်ချက်ဟု လူသိများသော လျင်မြန်ပြီး တိကျသည့် ရလဒ်ကို ရရှိနိုင်သော အဆိုပါ စမ်းသပ်ကိရိယာသည် မျောက်ကျောက်ဖြစ်ပွားမှုနှင့် ကြုံတွေ့နေရသော နိုင်ငံများတွင် ရောဂါရှာဖွေနိုင်စွမ်းကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးဝါးနှင့် ကျန်းမာရေးထုတ်ကုန်များဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ယူကီကို နာကာတာနီက ပြောသည်။
ဆင်ဟွာ