သတင်းများ

အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)၌ မိုးရာသီမေဂျာပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကျောက်ဆည်၊ဩဂုတ်-၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) ၌ ကျောင်းသား/ ကျောင်းသူများ ကျန်းမာသန်စွမ်းပြီးဉာဏ်ရည်ထက်မြတ်၍ ထူးချွန်အားကစားသမားကောင်းများ ပေါ်ထွက်လာရေး ယနေ့နံနက်(၁၀)နာရီခွဲက မိုးရာသီ မေဂျာပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပ ခဲ့ပြီး ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆင်အကအလှ၊ ပန်းပွားအကများဖြင့် ဖျော်ဖြေခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းက အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များအကြောင်း ရှင်းလင်းပြောကြားခဲ့ကာ ဗိုလ်လုပွဲအဖြစ် အဆောက်အဦပြုပြင် ထိန်းသိမ်းခြင်း နည်းပညာ သင်တန်း ဖူဆယ်အသင်းနှင့် စက်မှုပထမနှစ်သင်တန်း ဖူဆယ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ စက်မှုပထမနှစ် သင်တန်း ဖူဆယ်အသင်းက (၄)ဂိုး(၃)ဂိုးဖြင့်အနိုင်ရရှိသွားကြောင်း သိရသည်။ 

ပြိုင်ပွဲအပြီးတွင် ကျောက်ဆည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ အစိုးရ နည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းနှင့် တာဝန်ရှိ သူများ ဖူဆယ်ဘော်လုံးပြိုင်ပွဲ၌ ပထမရရှိသော စက်မှုပထမနှစ်သင်တန်း အသင်းအား ဆုဒိုင်းနှင့် ရွှေဆွဲပြား ကိုလည်းကောင်း၊ ဒုတိယဆုရရှိခဲ့သော အဆောက်အဦပြုပြင်ထိန်းသိမ်းခြင်းနည်းပညာသင်တန်း အသင်းအား ဆုဒိုင်းနှင့် ငွေဆွဲပြားများကိုလည်းကောင်း၊ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးအားကစားသမားဆု၊ ဂိုးသွင်း အများဆုံး ဆု၊ အသန့်ရှင်းဆုံးဆုများအပြင် ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ထုပ်စည်းထိုးပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲများတွင် ဆုရရှိသူ များအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။ 

သက်မောင်(ကျောက်ဆည်)

အာရှဖလား ခြေစစ်ပွဲ ယူ - ၂၀ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု (D) ပွဲစဉ်ကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် ဩဂုတ် ၄

၂၀၂၆ ခုနှစ် အာရှဖလားခြေစစ်ပွဲယူ - ၂၀ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ အုပ်စု (D) ခြေစစ်ပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် တာ့ခ်မင်နစ္စတန် ဘောလုံးအသင်းတို့သည် ဩဂုတ် ၆ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်ကို ယင်းနေ့မွန်းလွဲ ၃ နာရီ ၄၅ မိနစ်မှ စတင်၍ MRTV HD Channel၊ MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

MOI

E-sports ကမ္ဘာ့ဖလား ၂၀၂၅ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ Yangon Galacticos အသင်း ကမ္ဘာ့ချန်ပီယံဆုရရှိ

ရန်ကုန် ဩဂုတ် ၄

ဆော်ဒီအာရေဗျနိုင်ငံ Riyadh မြို့၌ ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၃ ရက်အထိ ကျင်းပသည့် E-sports အားကစားကမ္ဘာ့ဖလားပြိုင်ပွဲ - ၂၀၂၅ PUBG Mobile World Cup တွင် မြန်မာနိုင်ငံမှ Yangon Ga-lacticos အသင်းက ကမ္ဘာ့ချန်ပီယံဆု ရရှိသည်။

သြဂုတ် ၃ ရက်က ကျင်းပခဲ့သည့် Grand Final ပွဲတွင် တရုတ်နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့မှ အသင်းများကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး နောက်ဆုံးပွဲစဉ်တွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အဆင့် E-sports ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စား ပြုအသင်းတစ်သင်းအနေဖြင့် Yangon Galacticos အသင်းက ပထမဆုံးအကြိမ်အဖြစ် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ချန်ပီယံဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ ရရှိသည်။

အလားတူ MLBB MSC E-sports World Cup-2025 ပြိုင်ပွဲတွင်လည်း မြန်မာ နိုင်ငံမှ Mythic SEAL အသင်းက ကမ္ဘာ့အဆင့် ကွာတားဖိုင်နယ်အထိတက်ရောက်နိုင်ခဲ့ပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ ရရှိခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံမှ အမျိုးသမီးအသင်းဖြစ်သည့် Terror Queen အသင်းကလည်း MLBB MSC E-sports World Cup - 2025 Mobile Legends: Bang Bang – Women’s Invitational (MWI) ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် တတိယဆုရရှိကာ ဆုကြေးငွေအမေရိကန်ဒေါ်လာ ၅၀၀၀၀ ရရှိခဲ့သည်။

မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်နာယက ဦးကောင်းထက်စံက “အခု အောင်မြင်မှုဟာ မြန်မာအီလက်ထရောနစ်အားကစားသမိုင်းမှာ အမြင့်မားဆုံးအောင်ပွဲ ဖြစ်ပါတယ်။ ပြိုင်ပွဲမတိုင်ခင်ကတည်းက လူငယ်တွေကို အမြဲအားပေးပြီး အဘက်ဘက်က ငွေအား၊ လူအားနဲ့ စီမံခန့်ခွဲညွှန်ကြားမှု အမြဲမပြတ် ဆောင်ရွက်ပေးခဲ့တဲ့ ကမ္ဘောဇဘဏ် နာယကကြီး ဦးအောင်ကိုဝင်းကို အထူးကျေးဇူးတင်ပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် E-sports အားကစားဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ကို ကမ္ဘာ့အသိအမှတ်ပြုထူထောင်ခဲ့ပြီး ဂုဏ်ထူးဆောင်နာယကများအဖြစ် ဒေါ်နန်းလိုင်းခမ်း၊ ဒေါ်နန်းခမ်းနောင့်နှင့် နာယကအဖြစ် ဦးကောင်းထက်စံတို့က ဦးဆောင်ကာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံနှင့် လူငယ်များက အနီးကပ်ကြီးကြပ်၍ ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ကို KBZ Bank နှင့် KBZPay တို့က ၂၀၂၀ ပြည့်နှစ်မှစတင်ကာ အဓိကပံ့ပိုးကူညီပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ E-sports အားကစား ကမ္ဘာ့ဖလား ၂၀၂၅ ပြိုင်ပွဲတွင် Dota 2, Valorant, PUBG Mobile, Mobile Legends အပါအဝင် E-sports အမျိုးအစား ၂၅ မျိုးကျော် ထည့်သွင်းကျင်းပနေသည့် အားကစား ပြိုင်ပွဲ ဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပလျက်ရှိသည့် E-sports အားကစားကမ္ဘာ့ဖလား ၂၀၂၅ ပြိုင်ပွဲသည် ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ E-sports ပြိုင်ပွဲတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှအသင်း ၂၀၀ ကျော်နှင့် ပရော်ဖက်ရှင်နယ် ကစားသမားပေါင်း ၂၀၀၀ ကျော်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

KMKD

Esports World Cup Championship ဆုရရှိသည့် မြန်မာအသင်း ဒေါ်လာ (500,000) ရရှိ

ဆော်ဒီအာရေးဗီးယား နိုင်ငံတွင် ကျင်းပသည့် Esports World Cup Championship တွင် World Champion ဆုရရှိသည့် မြန်မာအသင်း သည် ဒေါ်လာ (500,000) ရရှိမည်ဖြစ်ကြောင်း သိရသည်။

Esports World Cup Championship တွင် Main Sponsor -KBZ Bank (KBZPay) မှ ပံ့ပိုးပေးထားပြီး ဇူလိုင် (၂၅) ရက်မှ ဩဂုတ် (၃) ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခုပြိုင်ပွဲတွင် ရရှိထားပြီးသော ဆုများအနေဖြင့် အကောင်းဆုံး (၈) သင်း ဝင် မြန်မာအမျိုးသားအသင်း - ဆုကြေးငွေ USD 100,000 (တစ်သိန်း)၊ ကမ္ဘာ့အဆင့် တတိယဆုရရှိ အမျိုးသမီးအသင်း ဆုကြေးငွေ USD 50,000(ငါးသောင်း) ရရှိထားကြောင်း သိရသည်။

မြန်မာ E Sport လောက ၏ ပထမဆုံး World Champion ဆုကို PUBG ဖြင့် မြန်မာကိုယ်စားပြု Yangon Galacticos အသင်းက ရယူနိုင်ခဲ့ပြီ ဖြစ်သည်။

Grand Final ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး လက်စွမ်းများ ပြသ နိုင်ခဲ့ပြီး Grand Final ပွဲစဉ်များတွင်လည်း Chicken (၅) ပွဲ ထိ ရယူ နိုင်ခဲ့ပြီး ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်အကောင်းဆုံး ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

ကိုးကား - Popular News

ဘာစီလိုနာအသင်းက ဝေဖန်မှုများ ရှိနေသည့်ကြားမှ ဒီမိုကရက်တစ်ကွန်ဂိုအစိုးရနှင့် ယူရို ၄၄ သန်းတန် စပွန်ဆာစာချုပ်ချုပ်ဆို

ဘာစီလိုနာ  သြဂုတ်  ၁

ဘာစီလိုနာအသင်းက ဝေဖန်မှုများရှိနေသည့် ကြားမှ ဒီမိုကရက်တစ်ကွန်ဂိုအစိုးရနှင့် ယူရို ၄၄ သန်းတန် စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ကြောင်း အတည် ပြုကြေညာသည်။

ဘာစီလိုနာအသင်းသည်  အစောပိုင်းနှစ်များက အသင်းဘဏ္ဍာရေးပိုင်းအခက်အခဲများရှိနေပြီး အသင်း ဝင်ငွေများစွာရရှိရန်        လိုအပ်နေသည့်အတွက် စပွန်ဆာစာချုပ် ချုပ်ဆိုကာ    အသင်းဝင်ငွေမြင့် တက်လာရန် ကြိုးပမ်းခဲ့ရာမှ    လက်ရှိတွင်လည်း ဝေဖန်မှုများမြင့်တက်နေသည့်ကြားမှ ဒီမိုကရက်တစ် ကွန်ဂိုအစိုးရနှင့်   စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ် သည်။

ဒီမိုကရက်တစ်ကွန်ဂိုအစိုးရသည်  ပြည်တွင်းရေး ပြဿနာများလည်းရှိနေသည့်အတွက် ဝေဖန်မှုများ နှင့်ရင်ဆိုင်နေရသော်လည်း ဘာစီလိုနာအသင်းက ယူရို  ၄၄ သန်းတန် စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့သည့်အတွက် ဝေဖန်မှုများမြင့်တက်လာခြင်းဖြစ်သည်။

ဒီမိုကရက်တစ်ကွန်ဂိုအစိုးရသည်    ရဝမ်ဒါနိုင်ငံ အစိုးရကျောထောက်နောက်ခံအုပ်စုတစ်ခုဖြစ်သည့် Visit Rwanda ကဲ့သို့ဖြစ်ပြီး လက်ရှိတွင် Visit Rwanda ကဲ့သို့ပင် ဥရောပထိပ်တန်း ဘောလုံးကလပ်အသင်း တစ်သင်းကို စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းက ဘာစီလိုနာအသင်းနည်းတူ ထိပ်တန်းကလပ်အသင်း တစ်သင်းဖြစ်သည့် အာဆင်နယ် အသင်းသည်လည်း ရဝမ်ဒါနိုင်ငံကျောထောက်နောက်ခံ ဖြစ်သည့် Visit Rwanda နှင့် စပွန်ဆာစာချုပ်ချုပ်ဆို ပြီးနောက်   ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ယခုအခါတွင်လည်း ဘာစီလိုနာအသင်းက ဒီမိုကရက် တစ်ကွန်ဂိုအစိုးရနှင့်  စာချုပ်ချုပ်ဆိုခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

လက်ရှိတွင် Visit Rwanda သည် အာဆင်နယ် အသင်းအပြင် တခြားထိပ်တန်းကလပ်အသင်းကြီး များဖြစ်သည့်  ဘိုင်ယန်မြူးနစ်အသင်းနှင့် ပီအက်စ် ဂျီအသင်းတို့နှင့်လည်း  စပွန်ဆာစာချုပ်များချုပ်ဆို ထားခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည်   ဒီမိုကရက်တစ်ကွန်ဂို အစိုးရနှင့်   စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့သည့်အတွက် ၎င်းတို့အသင်း၏         လေ့ကျင့်ရေးဝတ်စုံများတွင် ဒီမိုကရက်တစ်ကွန်ဂိုအစိုးရ၏      လိုဂိုစာတန်းကို     ထည့်သွင်း ဝတ်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။

Ref;Goal.com

 MWD Web Portal

အမေရိကန် အိုလံပစ်ကော်မတီက အမျိုးသားမှ အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းထားသော (Transgender) အမျိုးသမီး အားကစားသမားများအား အမျိုးသမီး အားကစားနယ်ပယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မှုကို ပိတ်ပင်

အမေရိကန် အိုလံပစ်နှင့် ပါရာလံပစ်ကော်မတီ (USOPC) သည် တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် အမျိုးသားမှ အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းထားသော (Transgender) အမျိုးသမီးများအား အိုလံပစ် အမျိုးသမီး အားကစား ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မှုကို ပိတ်ပင်လိုက်ပြီး သမ္မတ ဒေါ်နယ်ထရမ့် ၏ အမိန့်အား လိုက်နာဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုစာတွင် "Transgender" ဟူသော စကားလုံးကို တိုက်ရိုက်မဖော်ပြဘဲ ဖေဖော်ဝါရီ ၅ ရက်က ထုတ်ပြန်ခဲ့သည့် သမ္မတထရမ့်၏ “အမျိုးသားမှ အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းထားသော (Transgender) အမျိုးသမီး များအား အမျိုးသမီး အားကစားမှ ဖယ်ရှားခြင်း' အမိန့်အရ အမျိုးသမီး အားကစားအသင်းများတွင် လိင်ပြောင်းထားသော အမျိုးသမီးများ ပါဝင်ခွင့် ကို တားမြစ်ကာ အဆိုပါမူဝါဒကို ချိုးဖောက်သည့် ပညာရေး အဖွဲ့အစည်း များအား ရန်ပုံငွေဖြတ်တောက်မည်ဟု ခြိမ်းခြောက်ထားသည်။

USOPC ၏ အားကစားသမား ဘေးကင်းရေး မူဝါဒတွင် "USOPC သည် အမှုဆောင်အမိန့်အမှတ် ၁၄၂၀၁ (Executive Order 14201) နှင့်အညီ တရားမျှတပြီး ဘေးကင်းလုံခြုံသော ပြိုင်ဆိုင်မှုပတ်ဝန်းကျင်ရှိစေရန် သေချာ စေလိမ့်မည်” ဟု ဖော်ပြထားသည်။

ဇန်နဝါရီတွင် သမ္မတထရမ့် ရာထူးပြန်လည်ထမ်းဆောင်ပြီးနောက်၊ ယခင် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရလက်ထက် ပြဋ္ဌာန်းခဲ့သည့် Transgender အခွင့်အရေး အကာအကွယ်များကို ရုပ်သိမ်းခဲ့သည်။ ထို့အပြင် အသက် ၁၉ နှစ်အောက် လူငယ်များအတွက် "အစားထိုး ပြုပြင် ခွဲစိတ်ကုသမှုများ" ကို ဖက်ဒရယ်အစိုးရက ထောက်ပံ့မှု ရပ်ဆိုင်းခဲ့ပြီး လိင်ကို အမျိုးသား၊ အမျိုးသမီး နှစ်မျိုးသာ အသိအမှတ်ပြုသည့် အမိန့်ထုတ်ပြန်ကာ စစ်တပ် အတွင်း Transgender ဝင်ရောက်ခွင့်ကိုလည်း တားမြစ်ခဲ့သည်။

USOPC ၏ CEO Sarah Hirshland နှင့် ဥက္ကဋ္ဌ Gene Sykes တို့မှ သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ပေးပို့သော အသိပေးစာတွင် "ဖက်ဒရယ် အစိုးရ၏ အသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုအနေဖြင့် USOPC သည် ဖက်ဒရယ်လိုအပ်ချက်များကို လိုက်နာရန် တာဝန်ရှိသည်" ဟု ဖော်ပြ ထားသည်။ ၎င်းတို့သည် အမျိုးသား အားကစားအဖွဲ့ချုပ်အားလုံးအား ၎င်းတို့၏ မူဝါဒများကို အဆိုပါအမိန့်နှင့်အညီ ပြုပြင်ပြောင်းလဲမှုများ လိုက်နာ လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

၂၀၂၅ ကမ္ဘာ့အားကစားပွဲသို့နဂါးလှေလှော်သမားများကိုစေလွှတ်မည်

ရန်ကုန်၊ ဇူလှိုင် ၂၁

တရုတ်နိုင်ငံ၊ ချန်ဒူးမြို့၌ ကျင်းပမည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အဖွဲ့ဝင် ၁၆ ဦးပါသော အားကစားအဖွဲ့ကို မြန်မာနိုင်ငံ လှေလှော်နှင့် ကနူးလှေအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါသည်။

အမျိုးသား အားကစားသမား ခြောက်ဦး၊ အမျိုးသမီး အားကစားသမား ခြောက်ဦး၊ အသင်းခေါင်းဆောင်တစ်ဦး၊ မန်နေဂျာ တစ်ဦးနှင့် နည်းပြ နှစ်ဦးတို့ ပါဝင်သည့် အဖွဲ့သည် သြဂုတ်လ ၆ ရက် နေ့တွင် တရုတ်နိုင်ငံသို့ ထွက်ခွာရန် စီစဉ်ထားကြောင်း အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ဦးသက်လွင်က ပြောပါသည်။

“အသင်းသည် မီတာ ၂၀၀၊ မီတာ ၅၀၀ နှင့် မီတာ၂,၀၀၀ အကွာအဝေး ပြိုင်ပွဲများတွင် ယှဉ်ပြိုင်သွားမည်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။ အားကစားသမားများကို ဧပြီလတွင် ရွေးချယ်ခဲ့ပြီး ပြင်းထန်စွာ လေ့ကျင့်‌ပေးထားကြောင်းကိုလည်း ၎င်းက ပြောကြားခဲ့သည်။

Popular Myanmar

နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ၌ မိုးရာသီ ပါမောက္ခချုပ်ဖလား မေဂျာပေါင်းစုံ ဘောလုံးအားကစား ပြိုင်ပွဲကျင်းပ

ကျောက်ဆည်၊ဇူလိုင်-၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ၌ ကျန်းမာသန်စွမ်း ဉာဏ်ရည် ထက်မြတ်ပြီး ထူးချွန်အားကစားသမားကောင်းများပေါ်ထွက်လာရေး ယမန်နေ့ညနေ(၄)နာရီက မိုးရာသီ ပါမောက္ခချုပ်ဖလား မေဂျာပေါင်းစုံဘောလုံးအားကစားပြိုင်ပွဲကို အဆိုပါနည်းပညာတက္ကသိုလ် ဘောလုံး ကစားကွင်း တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အားကစားသမားများက နိုင်ငံတော်အလံအားအလေးပြုကာ အားကစား သစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ပြီး ပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းနှင့် အားကစားကော်မတီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက  ပြိုင်ပွဲများ ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်ကမ်းများ အကြောင်းရှင်းလင်း ပြောကြားခဲ့ကာ အားကစားအသင်းများအလိုက် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး ကျောင်းသူလေးများက ဖျော်ဖြေရေး အစီအစဉ် များဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အားကစားပြိုင်ပွဲတွင် စက်မှုအင်ဂျင်နီယာ၊ နျူကလီးယားနည်းပညာ၊ မက္ကထရာနစ်၊ သတ္တုဗေဒ၊ မြို့ပြ အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား၊ အီလက်ထရောနစ်၊ သတင်းအချက်အလက်နှင့်နည်းပညာ အင်ဂျင်နီယာ မေဂျာ များမှ အမျိုးသားဘောလုံးအသင်း(၆)သင်းနှင့် အမျိုးသမီး ဖူဆယ်အားကစားအသင်း (၈)သင်းတို့ ပါဝင် ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။

Thai King’s Cup ၂၀၂၅ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမားများစာရင်း ထုတ်ပြန်

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၈) ကြိမ်မြောက် Thai King’s Cup ၂၀၂၅ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းကစားသမား (၂၅)ဦး၏ စာရင်းကို ဇူလိုင် (၁၇)ရက်တွင် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ပြိုင်ပွဲကို ဇူလိုင်လ (၂၂)ရက်မှ (၂၇) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲ၌ လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်း ကစားသမား (၁၂) ဦး၊ အမျိုးသမီး ကစားသမား (၁၃)ဦးကို ရွေးချယ်ထားကြောင်း သိရသည်။

ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အားကစားသမားများအတွက် စုစုပေါင်း ကျပ်(၇,၃၇၃,၀၀၀)တန်ဖိုးရှိ အားကစားဝတ်စုံများကို Glory Sport အားကစားဝတ်စုံ လုပ်ငန်းက Main Sponsor အဖြစ် ပံ့ပိုးကူညီပေးထားကြောင်းလည်း သိရသည်။

မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ(၁)ရက်မှ (၄)ရက်အထိ ကျင်းပခဲ့သည့် China – A sean Cup 2025 ပြိုင်ပွဲ၌ ရွှေတံဆိပ်(၂)ခု ကြေးတံဆိပ် (၂) ခုတို့ကို ဆွတ်ခူးပေးထားခဲ့သေးသည်။

ကမ္ဘာ့အသက်အကြီးဆုံး မာရသွန်အပြေးသမား အသက် ၁၁၄ နှစ်တွင် ကွယ်လွန်

ကမ္ဘာ့အသက်အကြီးဆုံး မာရသွန်အပြေးသမားအဖြစ် ယူဆရသည့် ဗြိတိန်-အိန္ဒိယနိုင်ငံသား Fauja Singh သည် ကားတိုက်မှုကြောင့် အသက် ၁၁၄ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ပါသည်။

Fauja Singh သည် ပန်ဂျပ်ပြည်နယ်ရှိ ၎င်း၏ မွေးရပ်ကျေးရွာလေး၌ လမ်းဖြတ်ကူးနေစဉ် အမည်မသိရသေးသူ မောင်းနှင်လာသော ကားဖြင့် ဝင်တိုက်မိသဖြင့်ဒေသခံများက ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ပေးကြသော်လည်း အချိန်မမီဘဲ ဆုံးပါးသွားပြီဖြစ်ကြောင်း ဒေသရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါသည်။

Fauja Singh သည် အသက် ၁၀၀ ကျော်အထိ အသက်အရွယ်အလိုက် ကျင်းပသော မာရသွန်ပြေးပွဲများ ပါဝင်ယှဉ်ပြိုင်ကာ စံချိန်အကြိမ်ကြိမ် ချိုးနိုင်ပြီး ကမ္ဘာကျော်လာသူ တစ်ဦးဖြစ်ပါသည်။ အသက် ၈၉ နှစ် အရွယ် တွင် အပြေးပြိုင်ပွဲများတွင် စတင်ပြေးခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ် အတွင်း မာရသွန်အပြေးပြိုင်ပွဲတွင် ၉ ကြိမ်တိုင်တိုင် ဝင်ရောက် ယှဉ်ပြိုင် ပြီးနောက် နောက်ပိုင်းတွင် အနားယူခဲ့ပါသည်။ 

BBC အနေဖြင့် ၎င်းနှင့်နောက်ဆုံးအကြိမ် တွေ့ဆုံစဉ်က အင်တာဗျူးရာတွင် မိမိမှာ နေ့စဉ် ရွာတစ်ဝိုက် မိုင်အနည်းငယ်စီ လမ်းလျှောက်ကာ ကျန်းမာရေး ကို ဂရုစိုက်ရပါကြောင်း၊ လူတစ်ယောက်သည် မိမိခန္ဓာကိုယ်ကို မိမိ ကိုယ်တိုင်သာ ဂရုစိုက်ရမည် ဖြစ်ကြောင်း ပြောကြားဖူးပါသည်။

Fauja Singh ကွယ်လွန်မှုသတင်းကြောင့် ဂုဏ်ပြုစကားများ များစွာ ထွက်ပေါ်လာခဲ့ပါသည်။ အိန္ဒိယဝန်ကြီးချုပ်မိုဒီက Fauja Singh သည် မယုံကြည်နိုင်အောင် စိတ်ဓာတ်ခိုင်မာသူ အထူးချွန်ဆုံး အားကစား သမား ဟု ဂုဏ်ပြုပြောကြားလိုက်ပါသည်။ 

ကိုးကား- BBC

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃