ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့်မဲပေးကြပါစို့
-

မကြာမီကျင်းပမည့် ရွေးကောက်ပွဲအတွက် ကျင့်သုံးမည့်စနစ်

မကြာမီကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာ  စာရေးသူတို့နိုင်ငံအနေနဲ့ မြန်မာအီလက်ထရောနစ်မဲပေးစနစ်( Myanmar Electronic Voting Machine-MEVM)ကို ကျင့်သုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူမဲဆန္ဒရှင်တွေအနေနဲ့လည်း Myanmar Electronic Voting Machine-MEVM   အကြောင်းကို အကြမ်းဖျင်းသိထားဖို့ အသိပေးလိုပါသေးတယ်။

ဒီစနစ်ကိုတော့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ညှိနှိုင်းတီထွင်ဆောင်ရွက်ထားတယ်လို့  သတင်းတွေမှာ တွေ့ရတယ်။ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီအစီရင်ခံစာ ၂၀၂၁ ခုနှစ်ရဲ့ဖော်ပြချက်အရဆိုရင် အီလက်ထရောနစ်မဲ ပေးစနစ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ စာရေးသူတို့  မြန်မာနိုင်ငံမှာ   အသုံးပြုမှာမို့   Myanmar  Electronic Voting Machine -MEVM လို့ဆိုတာပါ။ သူ့ရဲ့မူရင်းအသုံးအနှုန်းကတော့ Electronic Voting Machine-EVM ပါပဲ။ ဘယ်နိုင်ငံတွေကျင့်သုံးကြလဲဆိုရင်  အာဂျင်တီးနား၊ ဘရာဇီး၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဘယ်လ်ဂျီယံ၊ ဗင်နီဇွဲလားစတဲ့နိုင်ငံတွေမှာ  ကျင့်သုံးနေတာကို လေ့လာတွေ့ရှိရပါတယ်။

အီလက်ထရောနစ်မဲပေးစနစ် (Electronic Voting Machine-EVM) က လေးမျိုးရှိတာကို ထပ်တွေ့ရပြန်တယ်။ ဒါတွေကတော့-

(၁)     တိုက်ရိုက်မှတ်တမ်းတင် အီလက်ထရောနစ်မဲပေးစနစ်( Direct Recording Electronic system-DRE) (ကျင့်သုံးသည့်နိုင်ငံများ- အိန္ဒိယ၊  ဘူတန်၊ ရိုမေးနီးယား၊ ဘရာဇီး၊ အီရန်၊ ပီရူး၊ အယ်လ်ဘေး နီးယား၊  နာမီဗီးယား၊  ဘူလ်ဂေးရီးယား၊ ဗင်နီဇွဲလား…) မဲပေးပုံပေးနည်းကတော့ မဲဆန္ဒရှင်တွေဟာ ကီးဘုတ်၊ ထိတွေ့မျက်နှာပြင်၊  မောက်၊  ဘောပင် ဒါမှမဟုတ် တခြားအီလက်ထရောနစ် ပစ္စည်းတစ်ခုခုကိုသုံးပြီး ကိုယ်ပေးချင်တာကို ရွေးချယ်မဲပေးခြင်းပဲဖြစ်ပါတယ်။ ဒီစက်ဟာ ပေးတဲ့မဲတွေကို မှတ်တမ်းအနေနဲ့သိမ်းထားပေးနိုင်ပါတယ်။

ဒီစက်တွေကို  မဲပေးချက်မှန်၊ မမှန်အတည်ပြုစက်(Voter-Verified Paper Audit Trail – VVPAT)ဖြင့် ချိတ်ဆက်ပြီးလည်း သုံးနိုင်သလို မချိတ်ဆက်ဘဲလည်းသုံးနိုင်ပါတယ်။   ချိတ်ဆက်ပြီးသုံးရင်တော့    မဲဆန္ဒရှင်ရွေးချယ်လိုက်တဲ့ ဆန္ဒမဲတွေအတွက်   VVPAT များက ကိုယ်ပေးလိုက်တဲ့မဲအတိုင်း ပြေစာသဘောမျိုး အထောက်အထား စက္ကူစလစ်ဖြတ်ပိုင်းလေးတွေ  ပရင့်ထုတ်ပေးမှာဖြစ်ပါတယ်။

(၂)     အီလက်ထရောနစ်မဲလက်မှတ်ထုတ်ပရင်တာ (Electronic Ballot Printer  System – EBPs) (ကျင့်သုံးသည့်နိုင်ငံများ - ကွန်ဂို၊ အာဂျင်တီးနား..) ဒီစက်ကတော့ အထက်မှာဖော်ပြထားတဲ့ DRE စက်နှင့်ဆင်တူပါတယ်။ ဒီစက်ကလည်း ကိုယ်ပေးလိုက်တဲ့ မဲဆန္ဒအတိုင်း မဲလက်မှတ်ကို ပရင့်ထုတ်ပေးတယ်။ အဲဒီမဲလက်မှတ်ကို အလိုအလျောက် မဲရေတွက်ပေးတဲ့  သီးခြားမဲလက်မှတ်ဖတ် စကင်နာစက်(Ballot Scanner)အတွင်းသို့ ထည့်သွင်းရေတွက်ပြီး  မဲပုံးထဲသို့ရောက်ရှိသွားတဲ့စနစ် ဖြစ်ပါတယ်။ EBPs ကတော့ ပေးတဲ့မဲတွေကို မှတ်တမ်းအနေနဲ့ သိမ်းထားပေးခြင်းမရှိပါဘူး။  EBPs နဲ့ တွဲဖက်လုပ်ဆောင်တဲ့ မဲလက်မှတ်ဖတ်စကင်နာစက်   (Ballot Scanner) ကတော့ မဲပေးချက်နဲ့  စုစုပေါင်းမဲအရေအတွက်များကို မှတ်တမ်းတင်ပေးနိုင်ပါတယ်။

(၃)     အလင်းဖြင့်မှတ်တမ်းတင်စနစ်(Optical Mark Recognition – OMR) (ကျင့်သုံးသည့်နိုင်ငံများ- ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အီရတ်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ..) အထူးပြုလုပ်ထားတဲ့ မဲလက်မှတ်ပေါ်မှာ မဲပေးသူရွေးချယ်တာကို စကင်ဖတ်စစ်ဆေးသောစနစ် (OMR systems)တပ်ဆင်ထားတဲ့စက်ဖြစ်ပြီး စာရွက်နဲ့မဲပေးတာကို  အီလက်ထရောနစ်ရေတွက်ခြင်းဆိုပြီး စနစ်နှစ်ခုပေါင်းစပ်ထားတာဖြစ်ပါတယ်။

OMR စက်မှာတော့ အဆိုပါစက်က  နားလည်ဖတ်ရှုနိုင်တဲ့  မဲစာရွက်ကိုသာ  အသုံးပြုရပါမယ်။ အဲဒီစာရွက်ပေါ်မှာ ဘောပင် သို့မဟုတ် ခဲတံကို အသုံးပြုရပါတယ်။ ဒါမှလည်း ဆန္ဒမဲလက်မှတ်များကို  OMR  စက်က ဖတ်ရှုမှတ်သား၍  အလိုအလျောက် ရလဒ်များ တွက်ချက်ပေးနိုင်မှာဖြစ်ပါတယ်။

(၄)     အင်တာနက်မဲပေးစနစ် (Internet Voting System ) (ကျင့်သုံးသည့်နိုင်ငံများ-ဩစတြေးလျနိုင်ငံ၊ အက်စတိုးနီးယားနိုင်ငံ…) မဲပေးသူက အင်တာနက်ချိတ်ထားတဲ့  ကွန်ပျူတာကိုသုံးပြီး  မဲပေးရတာဖြစ်ပါတယ်။  အင်တာနက်မှတစ်ဆင့်  မဲရေတွက်တဲ့ ဗဟိုကွန်ပျူတာဆာဗာဆီကို  ပေးတဲ့မဲတွေ လွှဲပြောင်းပေးတဲ့စနစ်ပင် ဖြစ်ပါတယ်။    အင်တာနက်ကနေမဲပေးတဲ့   အားနည်းချက် တချို့ကတော့ ကွန်ပျူတာစနစ်အတွင်းသို့ဟက်ကာ(Hacker)တွေ ဝင်ရောက် နှောင့်ယှက်နိုင်ခြင်းနဲ့ အချက်အလက်ပျက်စီးနိုင်ခြင်း    စတဲ့လုံခြုံရေးဆိုင်ရာပြဿနာများ ရှိနိုင်ပါတယ်။

နိုင်ငံတော်ရဲ့နိုင်ငံရေးခရီးလမ်းမှာ ဒီလိုအီလက်ထရောနစ်နဲ့မဲပေးစနစ်ကို   ကျင့်သုံးခဲ့တာမရှိခဲ့ပါဘူး။ ဒါ့ကြောင့် မဲဆန္ဒရှင်ပြည်သူတွေ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ဖို့  သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ပညာပေးရေးအစီအစဉ်တွေ  ဆောင်ရွက်ခဲ့တာကိုလည်း  တွေ့ရပါတယ်။ လတ်တလောထိတော့ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ စတဲ့ နေပြည်တော် ကောင်စီနယ်မြေနဲ့ တိုင်းဒေသကြီးတွေမှာ မဲဆန္ဒရှင်ပေါင်းတစ်သိန်းကျော်နဲ့ လက်တွေ့ဆောင်ရွက် နိုင်ခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။ 

ကျန်ရှိဒေသတွေမှာလည်း  မဲပေးစနစ်နဲ့ပတ်သက်ပြီး ပညာပေးအစီအစဉ်တွေ  ဆောင်ရွက်နေတာကို နေ့စဉ်ထုတ် သတင်းစာများမှာ တွေ့မြင်ဖတ်ရှုရပါတယ်။

မဲဆန္ဒရှင်များအတွက် မဲပေးစက်များ၏အကြောင်းအရာအကျဉ်း

မဲရုံတစ်ရုံမှာ  ဆန္ဒပြုစက်(Ballot Unit-BU)၊ ထိန်းချုပ်စက် ( Control Unit-CU)၊ မဲပေးချက် ဖော်ပြသည့်စက် (Verification Unit – VU)ဆိုပြီး စက်သုံးမျိုးကိုတွေ့ရမှာဖြစ်ပါတယ်။ ဆန္ဒပြုစက်မှာတော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံမယ့်   ပါတီအလိုက်   ကိုယ်စားလှယ်လောင်း အမည်၊ သင်္ကေတအမှတ်အသားတွေနဲ့ တစ်တန်းတည်းမှာ ခလုတ်တွေပါမယ်။

ထိန်းချုပ်စက်မှာတော့  မဲပေးခြင်းစတင်ပြီဆိုတာနဲ့  မဲရုံတာဝန်ရှိသူက မဲပေးခြင်းစတင်တဲ့ ခလုတ်ကို နှိပ်ပေးမယ်။ မဲပေးချိန်ပြီးဆုံး၍ မဲရုံပိတ်သိမ်းသည်နှင့် မဲပေးခြင်းပိတ်သိမ်း ခလုတ်ကိုနှိပ်ပြီး ပိတ်လိုက်မှာဖြစ်တယ်။ ဒီနောက်တော့ မဲလုံးဝထပ်ပေးလို့မရတော့တာပဲဖြစ်တယ်။ မဲရုံကိုယ်စားလှယ်တွေရဲ့ ရှေ့မှောက်မှာပဲ ထိန်းချုပ်စက်မှာရှိတဲ့ Print ခလုတ်ကိုနှိပ်ပြီး မဲရလဒ်ကို Print ထုတ်ပြီး မဲရုံကိုယ်စားလှယ်တွေနဲ့   အများပြည်သူကို ပြသမှာပဲဖြစ်ပါတယ်။

မဲပေးချက်ဖော်ပြသည့်စက်ဆိုတာဘယ်လိုလဲ။ 

ဒီစက်က မဲဆန္ဒရှင်တွေနဲ့   မဲရုံတာဝန်ရှိသူတွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေရဲ့ကြားက ပွင့်လင်းမြင်သာမှုတစ်ခုပါပဲ။ ဒီစက်ဟာ မဲပုံးနဲ့မဲပေးချက်ကိုချပြနိုင်မယ့် ပရင်တာတစ်ခုနဲ့ ချိတ်ဆက်ထားတဲ့စက်ပါပဲ။ ဆိုပါစို့။ မဲဆန္ဒရှင်ဟာ ဆန္ဒပြုစက်မှာ မဲပေးလိုက်မယ်။ ကိုယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်လောင်း အမည်၊ သင်္ကေတအတိုင်း စက္ကူဖြတ်ပိုင်းကို သုံးစက္ကန့်စက်ကထုတ်ပြမယ်။ အဲ့ဒီမှာ မဲဆန္ဒရှင်ဟာ ကိုယ်ရွေးချယ်တဲ့ကိုယ်စားလှယ်လောင်း ဟုတ်၊ မဟုတ်ကို စစ်ဆေးနိုင်မှာပဲဖြစ်တယ်။ ပြီးတာနဲ့ အလိုအလျောက်စနစ်နဲ့ တွဲဆက်ထားတဲ့ မဲပုံးထဲကို မဲဖြတ်ပိုင်းဟာ လျှောကျသွားမှာပဲဖြစ်တယ်။ ဒီအချိန်ဟာ မဲဆန္ဒရှင်တစ်ဦးရဲ့မဲပေးမှု အောင်မြင်သွားပြီဆိုတာကို သိရမှာပဲဖြစ်တယ်။

အမှန်တရားနဲ့ မုသားဆိုသည်မှာ အမှန်တရားက ဖိနပ်စီးနေချိန်မှာ မုသားစကားက ကမ္ဘာပတ်ပြီးနေပြီလို့ ဆိုရပါမယ်။ အဖျက်ဆိုတာ ဘုရားရှင်လက်ထက်ကတည်းက ရှိနေပြီးသားပါပဲ။ လက်ရှိမှာလည်း  ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားတဲ့   မြန်မာအီလက်ထရောနစ်မဲပေးစနစ်(Myanmar Electronic Voting Machine-MEVM) စက်တွေအပေါ်  ထုံးစံအတိုင်း ဝေဖန်ပုတ်ခတ်မှုတွေ ဒုနဲ့ဒေးတွေ့နေရပြန်ပါတယ်။

သူတို့ဝေဖန်ပုတ်ခတ်ချက်တွေကို စာရေးသူလေ့လာကြည့်မိတယ်။  ဒါတွေကတော့  မဲရုံမှူးနဲ့ တာဝန်ရှိသူတွေက မဲရလဒ်တွေကို အပြောင်းအလဲလုပ်နိုင်တယ်ဆိုတာမျိုးတွေ၊    အရင်ရွေးကောက်ပွဲ တုန်းကမှ မဲလက်မှတ်တွေ မှန်၊ မမှန်ပြန်စစ်လို့ရတယ်ဆိုတာမျိုးတွေ၊  ဘယ်နည်းပညာနဲ့ တီထွင်တယ်လို့အသိမပေးဘူးဆိုတာမျိုးတွေ၊ ထိန်းချုပ်သူက အပြောင်းအလဲလုပ်လို့ရတယ်ဆိုတဲ့ ဝေဖန်မှုမျိုးတွေပါပဲ။ ဪ..

သူတို့က အဖျက်အမှောင့်ပဲ။ အဖျက်အမှောင့်အတွေးနဲ့ပဲ တွေးမှာပေါ့။

ခုလိုစက်နဲ့မဲပေးတဲ့စနစ်တွေမှာ နံပါတ်(၁)အနေနဲ့ ခွင့်ပြုချက်ဖြင့်သာ မဲပေးနိုင်ခြင်းဖြစ်ပါတယ်။ မဲရုံမဖွင့်ခင်မှာလည်း ကိုယ်စားလှယ်လောင်းတွေ၊ ပါတီတွေကခန့်ထားတဲ့ မဲရုံကိုယ်စားလှယ်တွေက စက်တွေကို စမ်းသပ်စစ်ဆေးခွင့်ပေးထားပါသေးတယ်။ စက်ထဲမှာ အချက်အလက်ဘာမှမရှိတာတွေ၊  မဲပုံးထဲမှာ ဘာမှမရှိတာတွေကို  အားလုံးစစ်ဆေးပြီးမှ မဲရုံစတင်ဖွင့်လှစ်ချိန်မှာ မဲရုံမှူးက မဲပေးခြင်းစတင်တဲ့on/off  ခလုတ်ကိုနှိပ်ကာ မဲပေးခြင်းလုပ်ငန်းစဉ်ကို စတင်တာဖြစ်ပါတယ်။ ဒါတောင် မဲဆန္ဒရှင်တွေက မဲပေးလို့မရသေးပါဘူး။  နောက်တစ်ဆင့်အဖြစ် ထိန်းချုပ်စက်ကိုင်တဲ့   မဲရုံဝန်ထမ်းက မဲဆန္ဒရှင်တွေမဲပေးနိုင်ဖို့အတွက် မဲပေးခြင်းကိုခွင့်ပြုပေးတဲ့ Ballot ခလုတ်ကို နှိပ်ပေးမှသာ မဲပေးနိုင်မှာဖြစ်ပါတယ်။ (ဒါဟာ  ခွင့်ပြုချက်မရှိဘဲ  မဲပေးတာတွေ၊ မဲအရေအတွက်ကို လိုသလိုထည့်သွင်းတာတွေမလုပ်နိုင်အောင်   ကာကွယ်ပေးထားတာဖြစ်ပါတယ်)၊ ထိန်းချုပ်စက်ကိုင်တဲ့ မဲရုံဝန်ထမ်းကလည်း  ဒီစက်ကို နေရာရွှေ့လို့မရပါဘူး။ ခလုတ်နှိပ်ပြီး ခွင့်ပြုပေးတယ်ဆိုတာကလည်း အများမြင်သာတဲ့စားပွဲပေါ်မှာပဲ ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ ဒါကိုလည်း ပါတီကိုယ်စားလှယ်တွေက ထင်သာမြင်သာစွာ စောင့်ကြည့်နေနိုင်ပါတယ်။ စက်တွေကို လုံခြုံရေးကြိုးတွေနဲ့ ချည်ထားပါသေးတယ်။

မဲပေးခြင်းလုပ်ငန်းစဉ်ပြီးလို့ မဲရုံပိတ်ပြီဆိုရင်လည်း မဲရုံမှူးဟာ ထိန်းချုပ်စက်မှာရှိတဲ့ မဲပေးခြင်းပိတ်သိမ်းတဲ့ on/off ခလုတ်ကို နှိပ်လိုက်တာနဲ့ နောက်ထပ်မဲပေးခြင်းလုပ်ငန်းတွေဟာ လုံးဝရပ်နားသွားပြီဖြစ်ပါတယ်။ (မဲပေးခြင်းစနစ်တစ်ခုလုံးကို ပိတ်ချလိုပြီဖြစ်တဲ့အတွက် မသမာမဲထပ်ပေါင်းခြင်း၊ မဲအရေအတွက် ပြောင်းလဲခြင်းတို့ကို မပြုလုပ်နိုင်တော့ပါဘူး။ မဲပေးခြင်းမပိတ်ခင်မှာလည်း စက်မှာ လူဘယ်လောက်မဲ ပေးထားတယ်ဆိုတာကို စစ်ဆေးပြီးမှ ပိတ်တာဖြစ်တဲ့အတွက် အဲ့ဒီအရေအတွက်ကိုလည်း ပါတီကိုယ်စားလှယ်တွေက သိနှင့်နေကြပါပြီ) မဲရုံပိတ်ပြီဆိုတာနဲ့ မဲရုံမှူးက မဲရုံကိုယ်စားလှယ်တွေရဲ့ ရှေ့မှောက်မှာပဲ ထိန်းချုပ်စက်က Print  ခလုတ်ကိုနှိပ်ပြီး ရလဒ်စာရွက်ကို ချက်ချင်းထုတ်ပြမှာဖြစ်ပါတယ်။ မဲရုံမပိတ်ခင်မှာ စစ်ဆေးထားတဲ့ စုစုပေါင်းအရေအတွက်အတိုင်း မဲရလဒ်က ထုတ်ပြမှာဖြစ်ပါတယ်။ အဲဒီရလဒ်မှာ စက်နံပါတ်ရယ်၊ ရွေးကောက်ပွဲရက်ရယ်၊ ရလဒ်ကို ပရင့်ထုတ်တဲ့အချိန်ကို နာရီ၊ မိနစ်၊ စက္ကန့်အထိ ဖော်ပြထားလို့  နောက်ထပ် ဒီစက်နဲ့ရလဒ်ကို ပြုပြင်ပြောင်းလဲလို့ရတယ်ဆိုတဲ့စကားဟာ  အလွန်ရယ်စရာ ကောင်းလှပါတယ်။ နောက်ပြီး လူတစ်ဦးမဲပေးလိုက်တိုင်း မဲပေးမှုကိုပြသပေးတဲ့ မဲပုံးထဲက   ဆန္ဒမဲ ဖြတ်ပိုင်းတွေဟာ  သက်သေခံစာရွက်တွေအဖြစ် ချိပ်ပိတ်သိမ်းဆည်းထားမှာဖြစ်ပြီး ရွေးကောက်ပွဲ ကန့်ကွက်လွှာ တွေဖြစ်လာလို့ ရေတွက်ဖို့လိုလာရင်လည်း     အဲဒီဆန္ဒမဲဖြတ်ပိုင်းတွေကို  ဖွင့်ဖောက်ရေတွက်သွားမှာ ဖြစ်ပါတယ်။

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)စနစ်ဟာ မဲပေးခြင်းစတင်ချိန်ကနေ ရလဒ်ထုတ်ယူ ချိန်အထိ  မဲပေးဖို့ခွင့်ပြုချက်များ၊  မဲပေးခြင်းပိတ်သိမ်းမှုများ၊  လုံခြုံရေးအစီအမံများနဲ့   ပွင့်လင်း မြင်သာမှု ရှိသော  မဲရေတွက်မှုများကို စနစ်တကျဒီဇိုင်းထုတ်ထားတာဖြစ်တဲ့အတွက် ဝေဖန်ပုတ်ခတ်သူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ မီဒီယာများပြောသကဲ့သို့ မဲရလဒ်များကို လိုသလိုချက်ချင်းပြောင်းလဲ၍ ရနိုင်မည်မဟုတ်ကြောင်း   ပြည်သူများသိရှိနိုင်စေရန် ဗဟုသုတပါးလိုပါတယ်။

မဲလက်မှတ်နဲ့ပေးတုန်းက ပိုကောင်းတယ်ဆိုတဲ့ သူတို့အပြော။ ဒါဆိုရင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲရဲ့ များစွာသော မဲစာရင်းကွာခြားချက်တွေကိုဖြေရှင်းဖို့  တရားဝင်နည်းလမ်းတကျ တောင်းဆိုခဲ့သော ပါတီများနဲ့ တပ်မတော်၏ ထုတ်ပြန်ချက်များကို  အဘယ့်ကြောင့်  လှည့်ပတ်ရှောင်နေရသလဲ၊ ကိုယ်မှန်နေရင် မဲမခိုးကြောင်း သက်သေနဲ့တကွပြပြီး စွပ်စွဲသမျှ အဖွဲ့အစည်းအားလုံးကို အရှက်ခွဲနိုင်တဲ့အပြင်    မိမိတို့မှန်ကန်မှု    ကမ္ဘာကျော်မယ့်အခွင့်အရေးကြီးကို  လက်လွှတ်ခံကာ မှန်သည့်အတွက် ဖြေရှင်းစရာမလိုဟု မျက်စိစုံမှိတ်ငြင်းခဲ့ကြသလဲဟု ဒီဆောင်းပါးကတစ်ဆင့် မေးလိုပါတယ်။ မိမိတို့ကိုယ်တိုင်လည်း  တိုးတက်ကောင်းမွန်အောင်မလုပ်နိုင်၊ တိုးတက်ကောင်းမွန်အောင် နည်းလမ်းများစွာဖြင့် အဖြေရှာ၍ ကြိုးစားနေကြသူများကိုလည်း ထိုင်အပြစ်တင်။  ဪ… သူတို့လုပ်တတ်ကြသည်မှာလည်း ဒါပဲရှိတာပါလားလို့ ဖြည့်တွေးပေးမိရင်း သနားစိတ်ပင်ဖြစ်မိပါသေးတယ်။ 

စကားကိုထိန်းပြောရရင် ဘယ်အစိုးရ မဲမသမာမှုပြုသလဲ၊ စကားကိုဒဲ့ပြောရရင် ဘယ်အစိုးရ မဲလိမ်မဲခိုးခဲ့သလဲဆိုတာ ပစ္စုပ္ပန်မှ ကျန်ခဲ့သောလေးနှစ်သို့ ပြန်လှည့်ကြည့်ရင်  တွေ့နိုင်ပါလိမ့်မယ်။ သူခိုးက လူပြန်ဟစ်တယ်ဟုသုံးနှုန်းရင် မယဉ်ကျေးရာကျပေဦးမယ်။ သို့ဖြစ်ပါ၍ အမှန်ကခါးသောအခါ မမှန်သူတို့သည် အခါးမကြိုက် မုသားလိုက်ကာ ဖြောင့်ဖြောင့်သွားနေသူတို့ကို လိမ်ဖည်လိမ်ဖည်နဲ့ လိုက်ငြိတွယ်နေဦးမည်သာဖြစ်တယ်။  အမှန်တရားနဲ့မုသား၊  သတင်းနဲ့ကောလာဟလကို  မိဘပြည်သူအပေါင်းကွဲကွဲပြားပြားနားလည်နိုင်ကြပါစေလို့လည်း ဆန္ဒပြုလိုပါတယ်။

မည်သို့ဆိုပါစေ … ယခုကျင်းပတော့မယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကလည်း တစ်ရက်ထက် တစ်ရက်    ပိုပိုနီးကပ်လာပါပြီ။ ရွေးကောက်ပွဲကျင်းပပေးပြီး ထွက်ပေါ်လာတဲ့ အစိုးရတစ်ရပ်ကို  နိုင်ငံတော် တာဝန်လွှဲအပ်နိုင်ရေးဟာ အန္တိမရည်မှန်းချက် ဖြစ်တယ်ဆိုတဲ့ အကြောင်းကို အားလုံးလည်း သိကြမှာပါ။  ရွေးကောက်ပွဲနီးကပ်လာချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ PDF အဖွဲ့တွေကိုတောင် ငြိမ်းချမ်းရေးအတွက် ကမ်းလင့်ကြိုဆိုခဲ့ပြီ ဆိုတာကိုလည်း မိဘပြည်သူ အပေါင်း  သိနှင့်ပြီးဖြစ်ပါလိမ့်မယ်။   ဒါကြောင့် တိုင်းရင်းသား ပြည်သူအပေါင်းကို ကောလာဟလတွေကို မယုံကြည်ဘဲ   မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့်   ယုံကြည်စွာမဲပေးနိုင်ပါကြောင်း  စာပန်းချီခြယ်မှုန်းရင်း တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်ဗျာ။      ။

MWD

ကျော်ဇေတ(ဥက္ကလာ)

မြန်မာနိုင်ငံ ရွေးကောက်ပွဲသမိုင်း
-

၁၉၄၇ ခုနှစ်ရွေးကောက်ပွဲ

မြန်မာ့ရွေးကောက်ပွဲသမိုင်းတွင် တိုင်းပြုပြည်ပြုလွှတ်တော် (The Constituent Assembly) ရွေးကောက်ပွဲမှာ ပထမဆုံးရွေးကောက်ပွဲဖြစ်သည်။ အောင်ဆန်း-အက်တလီစာချုပ်အရပြုလုပ်သောတိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ၏ ရည်ရွယ်ချက်မှာ အစိုးရဖွဲ့ရန်မဟုတ်သေးဘဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရန်နှင့် ၎င်းဥပဒေအရ ရွေးကောက်တင်မြှောက်သော ပါလီမန်လွှတ်တော်ပေါ်ပေါက်လာသည်အထိ တိုင်းပြည်ကို ယာယီအုပ်ချုပ်ထိန်းသိမ်းရန်ဖြစ်သည်။

မြန်မာနိုင်ငံ  လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်တွင် တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ လွှတ်တော်တစ်ရပ်အတွက်သာ ရွေးကောက်သည်။   တိုင်းပြုပြည်ပြု လွှတ်တော်အမတ်တွေက ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲကြသည်။ ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်တွင် လွှတ်တော်က အခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။

လွတ်လပ်ရေးရသည့် ၄-၁-၄၈ ရက်မှ ပထမအကြိမ်   ပါလီမန်အစည်းအဝေးထိုင်သည့် ၃-၃-၅၂ ရက်အထိ တိုင်းပြုပြည်ပြုလွှတ်တော်သည် ယာယီပါလီမန်ဟု ဆက်လက်တည်ရှိနေသည်။ ယာယီ ပါလီမန်က တင်မြှောက်လိုက်သော သမ္မတစဝ်ရွှေသိုက်၏အစိုးရကို ယာယီအစိုးရဟုခေါ်ဝေါ်ခဲ့သည်။

၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ရွေးကောက်ပွဲများ

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၂၃၃ တွင် “အခြေခံဥပဒေအရ ကျင်းပသည့် ပထမအမတ်ရွေးကောက်ပွဲကို ဤအခြေခံဥပဒေအာဏာတည်သည့်နေ့မှစ၍ ၁၈ လအတွင်း ကျင်းပရမည်” ဟု ပြဋ္ဌာန်းထားသည်။ သို့သော် လွတ်လပ်ရေးရပြီး သုံးလအကြာတွင် ပေါ်ပေါက်လာသော ပြည်တွင်းစစ်ကြောင့် ဥပဒေက ပြဋ္ဌာန်းထားသော     ကာလအတွင်း ရွေးကောက်ပွဲမကျင်းပဖြစ်ချေ။

ရွေးကောက်ပွဲကျင်းပဖြစ်သောအခါတွင်လည်း တစ်ရက်တည်း တစ်ပြိုင်နက် မကျင်းပနိုင်ဘဲ ၁၂-၆-၅၁ ရက်မှ ၃-၁-၅၂ ရက်အတွင်း သုံးကြိမ်ခွဲ၍ အလီလီကျင်းပပေးခဲ့ရသည်။ပထမအကြိမ် ပါလီမန်ပြည်သူ့လွှတ်တော်အစည်းအဝေးကို ၃-၃-၅၂ ရက်မှ ၂၁-၃-၅၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ်ဦးနု ဦးဆောင်သော ဖဆပလအစိုးရကို ၁၆-၃-၅၂ ရက်တွင် ဖွဲ့စည်းခဲ့သည်။

ပါလီမန်ဖွဲ့စည်းပုံမှာ  ပြည်သူတို့က လူဦးရေအလိုက် အချိုးကျရွေးကောက်တင်မြှောက်သော   အမတ်ဦးရေ ၂၅၀ ပါဝင်သည့် ပြည်သူ့လွှတ်တော်နှင့်လူဦးရေအလိုက်မဟုတ်ဘဲ တိုင်းရင်းသားလူမျိုး အလိုက်နေရာသတ်မှတ်ပေးပြီး ရွေးကောက်တင်မြှောက်သော အမတ် ၁၂၅ ဦးပါဝင်သည့် လူမျိုးစုလွှတ်တော်ဟူ၍ လွှတ်တော်နှစ်ရပ်ပါဝင်သည်။

ဒုတိယအကြိမ် ပါလီမန်အထွေထွေရွေးကောက်ပွဲကို ၂၇-၄-၅၆ ရက်တွင် ကျင်းပခဲ့သည်။ ပြည်တွင်းသောင်းကျန်းမှုကြောင့် မဲဆန္ဒနယ် ၂၅၀ အနက် ၂၂၀ တွင်သာ ရွေးကောက်ပွဲလုပ်နိုင်ခဲ့သည်။ဖဆပလနှင့် ပမညတပါတီကြီးနှစ်ခုအနက် ဖဆပလကကပ်ပြီး အနိုင်ရသွားသည်။တတိယအကြိမ် ပါလီမန်အထွေထွေရွေးကောက်ပွဲကို ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရက ၆-၂-၆၀ ရက်တွင် ကျင်းပပေးခဲ့သည်။ ရွေးကောက်ပွဲမတိုင်မီကပင်  ဖဆပလပါတီကြီးသည် ဦးနုနှင့် သခင်တင်တို့ ဦးဆောင်သော သန့်ရှင်းဖဆပလနှင့် ဦးကျော်ငြိမ်းနှင့်ဦးဘဆွေတို့ ဦးဆောင်သော  တည်မြဲဖဆပလဟူ၍ နှစ်ခြမ်းကွဲခဲ့ပြီးဖြစ်သည်။ ရွေးကောက်ပွဲတွင်လည်း သောင်းကျန်းသူတို့၏နှောင့်ယှက်ခြိမ်းခြောက်မှုကြောင့် မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲမလုပ်နိုင်ခဲ့ချေ။ရွေးကောက်ပွဲတိုင်းအတွက် ရွေးကောက်ပွဲမင်းကြီးချုပ်နှင့် ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံတော်သမ္မတက ခန့်အပ်သည်။

၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ရွေးကောက်ပွဲများ

သန့်ရှင်းဖဆပလကို  နာမည်ပြောင်းထားသော ပထစအာဏာရပါတီအစိုးရသည် ပြည်ထောင်စုမှ ခွဲထွက်၍ ဆီးတိုးစာချုပ်အဖွဲ့ (SEATO: South East Asia Treaty Organization) နှင့် ပေါင်းရန် ဖက်ဒရယ်မူဖြင့် ခွဲထွက်ဖို့ လှုပ်ရှားလာသော တိုင်းရင်းသားအဖွဲ့အချို့ကို မထိန်းနိုင်သောကြောင့် တော်လှန်ရေးကောင်စီက ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဖျက်သိမ်း၍ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ မာရှယ်လောဖြင့် အုပ်ချုပ်ခဲ့၏။၃-၁-၁၉၇၄ ရက်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေအရ ရွေးကောက်ပွဲများကို ပြန်လည်ကျင်းပခဲ့သည်။ သို့ရာတွင် ပါတီစုံရွေးကောက်ပွဲမဟုတ်ဘဲ တစ်ပါတီရွေးကောက်ပွဲသာ ဖြစ်ခဲ့သည်။ လွှတ်တော်နှစ်ရပ်မထားဘဲ ပြည်သူ့လွှတ်တော်တစ်ရပ်သာထားသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှသာဖြစ်ကြပြီး မဲဆန္ဒရှင်များက လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်သည်။ဤကာလတွင် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲ လေးကြိမ် ကျင်းပခဲ့သည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်တင်မြှောက်ပွဲကို ၂၇-၁-၇၄ မှ ၁၀-၂-၇၄ အထိလည်းကောင်း၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ် ရွေးကောက်ပွဲများကို ၁-၁-၇၈ မှ ၁၅-၁-၇၈၊၄-၁၀-၈၁ မှ ၁၈-၁၀-၈၁ နှင့် ၆-၁၀-၈၅ မှ ၂၀-၁၀-၈၅ ရက်များတွင်လည်းကောင်း အသီးသီးကျင်းပခဲ့သည်။

ရွေးကောက်ပွဲတိုင်းတွင်  အစိုးရက ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်ကို ဖွဲ့စည်းပေးသည်။ စတုတ္ထအကြိမ်ရွေးကောက်ပွဲကော်မရှင်ကို ဦးဘဌေးက ခေါင်းဆောင်၍ ဦးကျော်ညွန့်၊ ဦးစန်းမောင်၊ ဦးစောကြာဒိုး၊ ဆရာချယ်တို့က အဖွဲ့ဝင်များဖြစ်ကြသည်။

၁၉၈၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ရွေးကောက်ပွဲဤကာလအတွင်း  ရွေးကောက်ပွဲတစ်ကြိမ်သာ ကျင်းပပေးနိုင်သော်လည်း နောင်ရွေးကောက်ပွဲများအတွက် အဆင်သင့်ဖြစ်နေစေရန်လိုအပ်ချက်များစွာကို ကြိုကြိုတင်တင်လုပ်ကိုင်ပေးခဲ့ကြောင်း တွေ့ရသည်။

မဆလအာဏာရပါတီအစိုးရသည် အထွေထွေကျပ်တည်းမှုကြောင့် ပေါ်ပေါက်လာသော လူထုအုံကြွမှုကို မထိန်းနိုင်သည့်အပြင် ပြည်တွင်းပြည်ပ မြေပေါ်မြေအောက် ပါတီအဖွဲ့အစည်း သောင်းကျန်းသူတို့၏ အန္တရာယ်ကြီးမားလာသောကြောင့်    နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်ရသော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ၁၈-၉-၁၉၈၈ ရက်စွဲဖြင့် ကြေညာချက်အမှတ် ၁/၈၈ ကို ထုတ်ပြန်သည်။

ထိုကြေညာချက်မှာ (က) တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊ (ခ) လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေး၊ (ဂ) ပြည်သူများ၏ စားဝတ်နေရေး ချောင်လည်စေရန် ဤအဖွဲ့မှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးရန်နှင့် ပုဂ္ဂလိကနှင့် သမဝါယမတို့ ဆောင်ရွက်နိုင်ရန်လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ (ဃ) အထက်ပါလုပ်ငန်းများပြည့်စုံပြီးလျှင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပေးရေးဟူ၍ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် တက်လာစကတည်းကပင်  ရွေးကောက်ပွဲကျင်းပပေးရန် ရည်မှန်းခဲ့ကြောင်း တွေ့ရသည်။

ရည်မှန်းသည့်အတိုင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သော ပြင်ဆင်မှုတွေကိုလုပ်ဆောင်ခဲ့သည်။ဦးဘဌေး ခေါင်းဆောင်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင်ကို မဖျက်သိမ်းဘဲ ဆက်လက်ထားရှိသည်။ ၂၁-၈-၈၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥပဒေကိုလည်းကောင်း၊ ၂၇-၉-၈၈ ရက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုလည်းကောင်း၊ ၃၁-၅-၈၉ ရက်တွင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကိုလည်းကောင်း တစ်ဆင့်ပြီးတစ်ဆင့် ပြဋ္ဌာန်းခဲ့သည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီများကို ဖွဲ့စည်းခွင့်ပြုခဲ့ရာ   ၉၃  ပါတီရှိခဲ့၏။ ၁၉၉၀ ပြည့်နှစ်ထဲတွင်မူ   နိုင်ငံရေးပါတီများ စုဝေးခွင့်နှင့် မဲဆွယ်ခွင့်ဆိုင်ရာ အမိန့် အမှတ်စဉ် ၃/၉၀ ကို ထုတ်ပြန်ခဲ့သည်။

ထို့နောက် ၂၇-၅-၉၀ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုလည်းကျင်းပပေးခဲ့သည်။ ၉၃ ပါတီလုံးယှဉ်ပြိုင်ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နိုင်သည်။ ဤရွေးကောက်ပွဲသည်တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲနှင့်အချက်နှစ်ချက်တွင်ထူးထူးခြားခြားတူညီနေသည်။ ပထမအချက်မှာပြည်သူ့လွှတ်တော်တစ်ရပ်အတွက်သာ ရွေးကောက်ပွဲ ကျင်းပပေးခြင်းဖြစ်သည်။ဒုတိယအချက်မှာ ရွေးကောက်ပွဲကျင်းပချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေမရှိခြင်းဖြစ်သည်။၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်အင်္ဂလန်နိုင်ငံသို့ သွားရောက်၍  လွတ်လပ်ရေးအတွက် အရေးဆိုရာ ဗြိတိသျှအစိုးရက တစ်နှစ် အတွင်း လွတ်လပ်ရေးပေးရန် သဘောတူညီသည့်တိုင်အောင်မြန်မာနိုင်ငံတွင်ဖွဲ့စည်းအုပ်ချုပ်ပုံ  အခြေခံဥပဒေမရှိဘဲ လက်လွတ်စပယ် မပေးခဲ့ချေ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်မြောက်ရေး အတွက်တိုင်းပြုပြည်ပြုလွှတ်တော်ကိုဦးစွာခေါ်ယူရသည်။စိတ်တိုင်းကျအုပ်ချုပ်နိုင်သော တော်လှန်ရေးကောင်စီ သည်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးစွာရေးဆွဲအတည်ပြုပြီးမှ ရွေးကောက်ပွဲ၊ လွှတ်တော်နှင့်အစိုးရဖွဲ့ခြင်းကို ဆောင်ရွက်ခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဗိုလ်ချုပ်လုပ်ခဲ့သည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ရေးဆွဲပြီးမှ ၎င်းဥပဒေအရ အစိုးရဖွဲ့စေလိုသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှေးဦးစွာလွှတ်တော်ခေါ်၍ အစိုးရဖွဲ့မည်။ အခြေခံဥပဒေကို နောက်မှရေးဆွဲမည်ဟုအာဏာလွှဲပေးရန် တောင်းဆိုသည်။ ဤအချက်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၏ သဘောထားကွဲလွဲချက်ဖြစ်လာသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များပါဝင်သော ပြည်သူ့လွှတ်တော်အစည်းအဝေးဖြင့်အခြေခံဥပဒေရေးဆွဲရန် ဖြစ်မလာနိုင်သောအခါတွင်  ပြည်သူ့ကိုယ်စားလှယ်အစုအဖွဲ့ အစုံအလင်ပါဝင်သော အမျိုးသားညီလာခံဖြင့် အခြေခံမူများချမှတ်ရန် ဆောင်ရွက်ခဲ့သည်။   အမျိုးသားညီလာခံကို ၉-၁-၉၃ ရက်တွင် စတင်ကျင်းပခဲ့သည်။

ညီလာခံသို့ ဦးအောင်ရွှေ ခေါင်းဆောင်‌သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။ထို့ပြင် ၁၉၉၀ ‌ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။ ၎င်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆) တို့အတွက် အခြေခံမူများချမှတ်ပြီးသည်အထိ ပါဝင်ခဲ့ကြသည်။ ၂၈-၁၁-၉၅ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်အဖွဲ့သည် အကြောင်းပြချက်တစ်ခုဖြင့် အမျိုးသားညီလာခံကို ကျောခိုင်းသွားသည်။

၁၉၉၆ ခုနှစ်ထဲတွင် ညီလာခံကို ယာယီရပ်ဆိုင်းခဲ့သည်။ ၃၀-၈-၂၀၀၃ ရက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရသည်  နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇) ရပ်ကိုချမှတ်ကြေညာ၍   အမျိုးသားညီလာခံကို ဆက်လက်ကျင်းပကာ တစ်ဆင့်ပြီးတစ်ဆင့်အကောင်အထည်ဖော်ခဲ့သည်။    

မူဝါဒလမ်းစဉ် (၇) ရပ်မှာ “ပထမအဆင့် - အမျိုးသားညီလာခံကို ပြန်လည်ကျင်းပခြင်း၊  ဒုတိယအဆင့် - လိုအပ်သော ဒီမိုကရေစီအခင်းအကျင်းများပြင်ဆင်ခြင်း၊ တတိယအဆင့် -  အခြေခံမူများနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲခြင်း၊ စတုတ္ထအဆင့် - အခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုခြင်း၊ ပဉ္စမအဆင့် - အခြေခံဥပ‌ဒေနှင့်အညီ ရွေးကောက်ခံလွှတ်တော်များ ဖွဲ့စည်းရေးအတွက် တရားမျှတသော ရွေးကောက်ပွဲကျင်းပခြင်း၊ ဆဋ္ဌမအဆင့် - အခြေခံဥပ‌ဒေနှင့်အညီ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့်   လွှတ်တော်အစည်းအဝေးများကျင်းပခြင်း၊ သတ္တမအဆင့် - လွှတ်တော်က ရွေးကောက်တင်မြှောက်သော  နိုင်ငံတော်အကြီးအကဲများနှင့် လွှတ်တော်ကဖွဲ့စည်းပေးသော အစိုးရအဖွဲ့အစည်းများဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ခြင်း” တို့ဖြစ်သည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းပြမြေပုံ(ဝါ) မူဝါဒလမ်းစဉ် (၇) ရပ်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သော ကြေညာချက်အမှတ် ၁/၈၈ ၏ ပိုဒ်ခွဲ(ဃ)ကို အသေးစိတ်ထားခြင်းပင်ဖြစ်သည်။

ပထမအဆင့်အရ အမျိုးသားညီလာခံကို ဆက်လက်ကျင်းပခဲ့ရာ ၃-၉-၂၀၀၇ တွင် ပြီးဆုံးခဲ့သည်။ ဒုတိယအဆင့်ကို အချိန်ယူပြင်ဆင်ခဲ့သည်။ တတိယအဆင့်အရ ဦးအောင်တိုးခေါင်းဆောင်သော ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအဖွဲ့သည်ညီလာခံမှရရှိသော  အခြေခံမူများဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကို  ရေးဆွဲခဲ့ရာ ၁၉-၂-၂၀၀၈ တွင် ပြီးစီးခဲ့သည်။

စတုတ္ထအဆင့်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို  ပြည်လုံးကျွတ်ဆန္ဒခံယူ၍ ၂၉-၅-၂၀၀၈ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။၂၀၀၉ နောက်ပိုင်း ရွေးကောက်ပွဲများအခြေခံဥပဒေရှိလာပြီဖြစ်သောကြောင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည်ပဉ္စမအဆင့်ဖြစ်သော  ပထမအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၇-၁၁-၂၀၁၀ ရက်တွင် ကျင်းပပေးခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သည် ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ ပြည်သူ့လွှတ်တော်၊   အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် စသည့်လွှတ်တော်သုံးရပ်အတွက် တစ်ပြိုင်နက်တည်း ကျင်းပပေးသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲမဝင်ချေ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်   ဖွံ့ဖြိုးရေးပါတီက မဲအများဆုံးရသည်။

ထို့နောက် ဆဋ္ဌမအဆင့်အဖြစ် လွှတ်တော်အစည်းအဝေးများ ကျင်းပနိုင်ခဲ့သည်။ဆက်လက်၍သတ္တမအဆင့်ဖြစ်သော လွှတ်တော်က ရွေးကောက်တင်ပြသည့် နိုင်ငံတော်အကြီးအကဲများနှင့် လွှတ်တော်ကဖွဲ့စည်းပေး‌သောအစိုးရအဖွဲ့၊  အာဏာပိုင်အဖွဲ့အစည်းများဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ညင်သာချောမွေ့စွာ  ကူးပြောင်းရောက်ရှိခဲ့သည်။ဆက်လက်ကျင်းပသော ရွေးကောက်ပွဲမှာ ကြားဖြတ်ရွေးကောက်ပွဲဖြစ်သည်။ လွှတ်တော်သုံးရပ်တွင်  လစ်လပ်သောမဲဆန္ဒနယ် ၄၈ နယ်အတွက် ၁-၄-၂၀၁၂ ရက်တွင် ကျင်းပခဲ့သည်။ ပထမအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (၂၀၁၀) ကို သပိတ်မှောက်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ပါဝင်ခဲ့သည်။  ယင်းပါတီမှ    ကိုယ်စားလှယ်လောင်းများ  ရွေးကောက်ပွဲဝင်နိုင်ရန် အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ရွေးကောက်ပွဲဥပဒေကို ဖြေလျှော့ပေးခဲ့သည်။ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိခဲ့သည်။

လွှတ်တော်ပထမသက်တမ်း ငါးနှစ်ပြည့်သောအခါ ဒုတိယသက်တမ်းအတွက် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၈-၁၁-၂၀၁၅ ရက်တွင် ကျင်းပခဲ့သည်။ တစ်လျှောက်လုံးအတိုက်အခံလုပ်လာခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၈၀ ရာခိုင်နှုန်းကျော်  အနိုင်ရရှိ၏။  ယင်းပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးဆောင်ရေးဆွဲနိုင်သော အခွင့်အရေး၊ ပါဝင်ဆွေးနွေးနိုင်သော အခွင့်အ‌ရေး၊ စောစီးစွာအစိုးရဖွဲ့နိုင်သော အခွင့်အရေးများကို ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် လက်လွှတ်ဆုံးရှုံးခဲ့သည်။ အခုမှ အစိုးရဖွဲ့နိုင်သည်။

လစ်လပ်သွားသော  ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊  ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ၇ နေရာတို့အတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၁-၄-၂၀၁၇ ရက်တွင် ကျင်းပခဲ့သည်။ စုစုပေါင်း လစ်လပ်နေရာ၁၉ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၉ နေရာ၊ တိုင်းရင်းသားပါတီပေါင်းစုံက ၈ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂ နေရာရရှိကြသည်။

၃-၁၁-၂၀၁၈ ရက်တွင် လွှတ်တော်ဒုတိယသက်တမ်း၏  ဒုတိယအကြိမ်   ကြားဖြတ်‌ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ လစ်လပ်သော ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁ နေရာ၊ ပြည်နယ်နှင့်တိုင်း‌ဒေသကြီးလွှတ်တော် ၈ နေရာ စုစုပေါင်း ၁၃ နေရာအတွက် ၂၄ ပါတီဝင်ရောက်ယှဉ်ပြိုင်ကြသည်။ လစ်လပ်နေရာ ၁၃ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၇ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁ နေရာ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁ နေရာ၊ ပြည်‌ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၃ နေရာနှင့်  တစ်သီးပုဂ္ဂလ ၁ နေရာ အနိုင်ရရှိကြသည်။

လွှတ်တော်သက်တမ်း ငါးနှစ်ပြည့်သောအခါ တတိယသက်တမ်းအတွက် တတိယအကြိမ်   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၈-၁၁-၂၀၂၀ ရက်တွင် ကျင်းပခဲ့သည်။ နိုင်ငံ‌ရေးပါတီ ၉၃ ပါတီ၊ လွှတ်တော်ကိုယ်စားလှယ်‌လောင်း ၅၆၃၉ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။  ဤရွေးကောက်ပွဲကား မြန်မာနိုင်ငံ‌ရွေးကောက်ပွဲသမိုင်းတွင်   အမည်းစက်စွန်းထင်းခဲ့သော  ရွေးကောက်ပွဲဖြစ်ခဲ့သည်။  အာဏာရအမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီသည်  သက်သေခိုင်လုံစွာဖြင့် ‌ ဖော်ထုတ်ရရှိသည့် နိုင်ငံတစ်လွှား မဲမသမာမှုကြီးကို မဖြေရှင်းဘဲ လွှတ်တော်ခေါ်ပြီး အစိုးရဖွဲ့ရန် ကြိုးစားခဲ့သည်။ နိုင်ငံတော်အာဏာကို မတရားရယူရန် ကြိုးပမ်းခြင်းဖြစ်သဖြင့် ယာယီသမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကြေညာ၍ ပုဒ်မ ၄၁၈ အရ နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံလွှဲအပ်တာဝန်ပေးခဲ့သည်။ ၂၀၂၀  ရွေးကောက်ပွဲရလဒ်များလည်း ပယ်ဖျက်ခံခဲ့ရသည်။

ထို့ကြောင့် ၂၀၀၉ ခုနှစ် နောက်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲ ၃ ကြိမ်နှင့် ကြားဖြတ်ရွေးကောက်ပွဲ ၃ ကြိမ် ပေါင်း ၆ ကြိမ်ကျင်းပခဲ့သည်။  တိုင်းပြုပြည်ပြုလွှတ်တော်   ရွေးကောက်ပွဲမှ   စတင်ရေတွက်ပါက  ၂၀၂၀ အထွေထွေရွေးကောက်ပွဲအထိ  ၁၅  ကြိမ်သာရှိသေးသည်ကို   အောက်ပါအတိုင်း   တွေ့ရှိရပေသည်။

တင်ပြခဲ့သောရွေးကောက်ပွဲ ၁၅ ကြိမ်တွင်တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်က ရွေးကောက်ပွဲ ၄ ကြိမ်နှင့် နဝတ/နယကခေတ် ၁၉၉၀ ရွေးကောက်ပွဲတို့ကို ဖယ်ထုတ်လိုက်လျှင် ၁၉၄၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ၇၃ နှစ်အတွင်း ဥပဒေပြုမဏ္ဍိုင်၊  အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ကို ဖော်ဆောင်မည့် ပါတီစုံရွေးကောက်ပွဲမှာ ၉ ကြိမ်သာ ရှိပါသေး၏။

အရေးပေါ်ကာလတာဝန်များ ပြီးဆုံးပြီးသည့်နောက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများသည် ပြန်လည်အသက်ဝင်လှုပ်ရှားလာပေတော့မည်။ တည်ငြိမ်သော နိုင်ငံရေးအခင်းအကျင်း၊  တည်တံ့သော  ပြည်တွင်းငြိမ်းချမ်းရေး၊ ကျစ်လျစ်ညီညွတ်သောပြည်တွင်းအင်အား၊  အရည်အချင်းပြည့်ဝသော  နိုင်ငံရေးသမားတို့ဖြင့်   မြန်မာ့ရွေးကောက်ပွဲသမိုင်းသည်   အစဉ်အဆက်ရွေ့လျားနေပါစေဟု   ဆန္ဒပြုလိုက်ရပေသည်။      ။

အောင်ဇေယျ

လက်ရေးညီညီ ရေးစီကြရမည့် သမိုင်းစာမျက်နှာသစ်
-

ရွှေပဒေသာ၊ ငွေပဒေသာ မြေမှာပေါက်စေသောဝ်တဲ့။ ရှေးလူကြီးတွေ မျှော်မှန်းတောင့်တခဲ့ကြတဲ့ အရာပါ။ သူ့ခေတ်နဲ့သူ့အခါ တိုင်းပြည်စည်ပင် သာယာဝပြောရေး၊ ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်ရေးကို ဆိုလိုခြင်းဖြစ်ပြီး လက်တွေ့အားဖြင့်လည်း “မုဆိုးမတောင် ဘုရားတည်နိုင်တယ်” ဆိုတဲ့ ခေတ်ကြီးတစ်ခေတ် ရှိခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိ မျက်မြင်အထောက်အထားတွေကလည်း ငြင်းမရအောင် ထင်ထင်ရှားရှားရှိနေဆဲပါ။ နှစ်ပေါင်းထောင်ချီ ကြာမြင့်လာတဲ့အထိ နိုင်ငံသူ၊ နိုင်ငံသားတွေ ဂုဏ်ယူဝင့်ကြွားနိုင်ရလောက်အောင် ပထမ မြန်မာနိုင်ငံတော်ကြီးကို ထည်ထည်ဝါဝါ၊ ဂုဏ်ဒြပ် မြင့်မြင့်မားမား တည်ဆောက်နိုင်ခဲ့ကြတာဟာ အခြေခံအားဖြင့် စီးပွားရေ

ရွှေပဒေသာ၊ ငွေပဒေသာ မြေမှာပေါက်စေသောဝ်တဲ့။ ရှေးလူကြီးတွေ မျှော်မှန်းတောင့်တခဲ့ကြတဲ့ အရာပါ။ သူ့ခေတ်နဲ့သူ့အခါ တိုင်းပြည်စည်ပင် သာယာဝပြောရေး၊ ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်ရေးကို ဆိုလိုခြင်းဖြစ်ပြီး လက်တွေ့အားဖြင့်လည်း “မုဆိုးမတောင် ဘုရားတည်နိုင်တယ်” ဆိုတဲ့ ခေတ်ကြီးတစ်ခေတ် ရှိခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိ မျက်မြင်အထောက်အထားတွေကလည်း ငြင်းမရအောင် ထင်ထင်ရှားရှားရှိနေဆဲပါ။ နှစ်ပေါင်းထောင်ချီ ကြာမြင့်လာတဲ့အထိ နိုင်ငံသူ၊ နိုင်ငံသားတွေ ဂုဏ်ယူဝင့်ကြွားနိုင်ရလောက်အောင် ပထမ မြန်မာနိုင်ငံတော်ကြီးကို ထည်ထည်ဝါဝါ၊ ဂုဏ်ဒြပ် မြင့်မြင့်မားမား တည်ဆောက်နိုင်ခဲ့ကြတာဟာ အခြေခံအားဖြင့် စီးပွားရေးကောင်းမွန်ခဲ့ကြလို့၊ ပညာရည်မြင့်မားခဲ့ကြလို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်အရှေ့ ဘက်ကမ်းပေါ်မှာတည်ရှိတဲ့ ပုဂံနေပြည်တော်ကို ဗဟိုပြုပြီး တည်ထောင်ခဲ့တဲ့ ပထမမြန်မာနိုင်ငံတော် ကြီးဟာ သူ့ခေတ်သူ့အခါမှာ ကမ္ဘာနဲ့ရင်ပေါင်တန်း နိုင်ခဲ့ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ဒေသမှာတည်ထားတဲ့ ပုဂံမြို့တော်ရဲ့ ရေပေးရေးစနစ်မှာ ပုဂံသားတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းအားကို တွေ့နိုင်ပြီး ကျောထောက်နောက်ခံနယ်မြေတွေမှာ ဆည်မြောင်းတွေတည်ဆောက်တာ၊ ကန်တွေဆည်ဖို့တာကို ဘုရင်မင်းမြတ်တွေကိုယ်တိုင်က ကြီးကြပ်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ စိုက်ပျိုး ရေး ကုန်ထုတ်စွမ်းအားမြင့်မားဖို့ မင်းနဲ့ပြည်သူ အတူတကွ ကြိုးပမ်းအားထုတ်အလုပ်လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ကုန်ထုတ်စွမ်းအားမြင့်မားတာနဲ့အမျှ ကုန်သွယ်စီးပွားကလည်း ဖွံ့ဖြိုးခဲ့ပါတယ်။ ဧရာဝတီမြစ်ကြီးဟာ ပင်လယ်ထွက်ပေါက်ရေလမ်း ကြောင်းကြီးဖြစ်ပြီး ပုသိမ်ကတစ်ဆင့် နိုင်ငံတကာကို သွားလာနိုင်ပါတယ်။ ဒါ့အပြင် ရှေးခေတ်တရုတ်ပိုးလမ်းမကြီးရဲ့ လမ်းခွဲတစ်ခုဟာ မြန်မာနိုင်ငံကို ဖြတ်သန်းသွားတာမို့ မြန်မာနိုင်ငံရဲ့အကျိုးစီးပွားကိုပါ ဖြစ်ထွန်းစေခဲ့တယ်လို့လည်း ယုံကြည်ရပါတယ်။ နိုင်ငံတော်အေးချမ်းသာယာပြီး ကုန်ထုတ် စွမ်းအားမြင့်မားမှုကြောင့် လူတိုင်းစီးပွားရေး ကောင်းမွန်ကြတဲ့အခါ ပညာရေးအားဖြင့်လည်း သာမန်အရပ်သူ၊ အရပ်သားများသည်ပင်လျှင် မြင့်မြင့်မားမား တတ်မြောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေ ရေတွင်းမှာ ရေအတူခပ်ရင်း အဘိဓမ္မာအကြောင်းအရာ ပြောကြတဲ့အကြောင်းတွေ၊ နန်းတွင်းမှာ ရဟန်းတော်တွေကို ကန့်လန့်ကာ နောက်ကနေပြီး စာဝါပို့ချတဲ့ သံဗျင်မင်းသမီးရဲ့အကြောင်း စတာတွေဟာ ပထမမြန်မာနိုင်ငံတော် ကာလအမျိုးသားပညာရည် မြင့်မားမှုအကြောင်း ကို ပြောပြနေခြင်းပဲဖြစ်ပါတယ်။

အစကို ပြန်ကောက်ပြီးပြောရရင်တော့ ပဒေသာပင်မြေမှာပေါက်တဲ့ခေတ်ကို လူတိုင်းလိုချင်ကြပါတယ်။ ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်ပေါင်တန်းတဲ့အခါ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံသား၊ စည်ပင် သာယာဝပြောတဲ့ နိုင်ငံသားအဖြစ် ခေါင်းမော့ရင်ကော့ချင်ကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာမှာ တချို့နိုင်ငံတွေက အလွန်ခေတ်မီဖွံ့ဖြိုးတိုးတက် ပြီး တချို့ကတော့ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနောက်ကျကြပါတယ်။ တချို့ကတော့လည်း တစ်ဆင့်ပြီးတစ်ဆင့် မှန်မှန်ဖွံ့ဖြိုးတိုးတက်နေကြတာဖြစ်ပါတယ်။ နိုင်ငံတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုချင်း မတူညီကြတာဟာ လူမျိုးအရ အရည်အသွေးကွာခြားမှုကြောင့်၊ တချို့သောလူမျိုးတွေ ညံ့တာကြောင့်လို့ ယူဆကြတာရှိပြီး အဲဒီအယူအဆကို လူမျိုးအရ နိမ့်ကျမှုအယူအဆလို့ ခေါ်ကြပါတယ်။ ဆိုလိုတာက ကမ္ဘာပေါ်မှာ လူမျိုး တစ်မျိုးနဲ့တစ်မျိုး ကာယ၊ ဉာဏ၊ ဇွဲ ၊ လုံ့လ၊ ဝီရိယ စတဲ့အစွမ်းအစ အရည်အချင်းတွေ မတူညီကြဘူး။ တချို့က အစွမ်းအစအရည်အချင်းမြင့်မားပြီး တချို့က နိမ့်ကျကြတယ်။ ဒါကြောင့် နိုင်ငံအလိုက် ဖွံ့ဖြိုးတိုးတက်မှုတွေ မတူညီဘဲ ကွာခြားခဲ့ကြတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူမျိုးအရ နိမ့်ကျတယ်လို့ ဆိုရာမှာလည်း နှစ်မျိုးရှိပြီးတော့ တစ်မျိုးက ဗီဇအရ နိမ့်ကျခြင်းဖြစ်ပြီး နောက်တစ်မျိုးက ပတ်ဝန်းကျင်ကြောင့် နိမ့်ကျရတာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့အယူအဆအရ လူတွေရဲ့အရည်အချင်း၊ အရည်အသွေးကွာခြားရခြင်းဟာ မိမိတို့နေထိုင်ရာဒေသရဲ့ ပတ်ဝန်းကျင်အခြေအနေတွေ၊ ယဉ်ကျေးမှုအစဉ်အလာတွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ အာဟာရဓာတ်စားသုံးမှု အခြေအနေတွေ၊ ဦးစီးဦးဆောင်သူတို့ရဲ့ အရည်အချင်း၊ အရည်အသွေးတွေစတဲ့ အခြေအနေအရပ်ရပ်ပေါ်မှာ မူတည်တယ်လို့ဆိုပါတယ်။ မှတ်သားစရာ ကောင်းတာက လူတွေဟာ ယုံကြည်ချက်၊ မျှော်လင့်ချက်နဲ့ဖိအားပေးမှု (Conviction, expectation, pressure) တွေမရှိဘဲနဲ့ မိမိတို့ရဲ့ အစွမ်းအစတွေကို အစွမ်းကုန်အသုံးချလေ့မရှိဘူး ဆိုတာပါ။

ဒီကနေ့ ကျွန်တော်တို့ရဲ့နိုင်ငံကို ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရာမှာ ကျွန်တော်တို့ မြန်မာလူမျိုးများဟာ လူညံ့လူဖျင်းများလားလို့မေးရင် ဗီဇအရရော ပတ်ဝန်းကျင်အရပါ လုံးဝမဟုတ်ပါဘူးလို့ ငြင်းဆိုရပါလိမ့်မယ်။ ဒီဆောင်းပါးအစမှာဆိုခဲ့တဲ့အတိုင်း ပထမမြန်မာနိုင်ငံတော်ကြီးကို ကြီးကျယ်ခမ်းနားစွာ တည်ဆောက်အကောင်အထည်ဖော်ခဲ့ကြရာမှာ မြန်မာတွေအားလုံး (ဗမာလူမျိုးများသာမက တိုင်းရင်းသားများပါ) စည်းလုံးညီညွတ်စွာနဲ့ သူ့တာကိုယ့်တာ ကျေပွန်စွာ အလုပ်လုပ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ၁၉ ရာစုမှာ တိုင်းတစ်ပါးကျူးကျော် သူနယ်ချဲ့လက်အောက် ကျရောက်ခဲ့ကြပြီး လွတ်လပ်ရေးရပြီးကာလ ၂၀ ရာစုနှစ် လက်ရှိ ၂၁ ရာစုတစ်လျှောက်မှာလည်း နိုင်ငံကို ကောင်းစွာတည်ဆောက်မှု မပြုနိုင်ခဲ့သေးပါဘူး။ ကမ္ဘာနဲ့ တူတူတန်တန် ရင်ပေါင်တန်းနိုင်တဲ့ နိုင်ငံသူ နိုင်ငံ သားတွေ ဖြစ်ဖို့၊ ကိုယ့်ခေတ်မှာမညံ့ကြဖို့ ကျွန်တော်တို့ ကြိုးပမ်းအားထုတ် အလုပ်လုပ်ကြရမှာဖြစ်ပြီး ဉာဏ်ပညာမြင့်မြင့်မားမားနဲ့ အလုပ်လုပ်နိုင်ကြဖို့အတွက် လူတိုင်းပညာရည် မြင့်မားကြဖို့လိုပါတယ်။ တစ်ပြိုင်တည်းမှာပဲ နိုင်ငံတစ်ဝန်း စိမ်းလန်းစိုပြည် သာယာလှပစေဖို့ သဘာဝပတ်ဝန်းကျင်အခြေအနေကောင်းမွန်စေရမှာလည်း ဖြစ်ပါတယ်။

ပစ္စက္ခကာလမှာ ကျွန်တော်တို့ဟာ သမိုင်းစာမျက်နှာသစ်တစ်ခုကို ရေးထိုးနေကြပြီဖြစ်ပါတယ်။ မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက်နေတဲ့ ကမ္ဘာ့နိုင်ငံများဟာ ဒီကနေ့ကျွန်တော်တို့နိုင်ငံ ကြုံတွေ့နေရတဲ့ အခြေအနေမျိုးတွေကို ရင်ဆိုင်ကျော်လွှားပြီးမှ အောင်မြင်မှုရယူနိုင်ခဲ့ကြတာကိုလည်း သတိချပ်ကြဖို့လိုပါတယ်။ နိုင်ငံနဲ့လူမျိုးကို တိုးတက်မြင့်မားအောင် ပို့ဆောင်နိုင်တဲ့ ပထမ ဦးဆုံးသောအင်အားဟာ စိတ်ဓာတ်အင်အားပဲ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကြီးပွားဖွံ့ဖြိုး တိုးတက်ရမယ်ဆိုတဲ့ စိတ်ဓာတ်ခွန်အားဟာ ခေါင်းဆောင်မှုပြုသူနဲ့အတူ ပြည်သူလူထုတစ်ရပ်လုံးမှာ ပြင်းပြင်းပြပြဖြစ်တည်လာတဲ့အခါ တစ်နည်းအားဖြင့် စိတ္တာဓိပတိ ဖြစ်လာတဲ့အခါ စက်ယန္တရား တစ်ခုလည်ပတ်မှုစတင်ဖို့ အစပျိုးတဲ့စွမ်းအင်လို အလုပ်လုပ်လာပါတယ်။

ဖိအားအမျိုးမျိုးအောက် ကျရောက်နေရတဲ့ ဘဝရှည်ကြာလာတဲ့အခါ လွတ်မြောက်လိုတဲ့ ဆန္ဒနဲ့ ရုန်းကြွလာတဲ့စွမ်းအင်ဟာ Need achievement (N’ach) ဆိုတဲ့ ထမြောက်လိုအင်ပါ။ ဒီကနေ့ ကမ္ဘာမှာ မြန်မာဆိုရင် မသိကြတာ၊ လှောင်ပြောင် ရယ်မောကြတာ၊ နှိမ့်ချဆက်ဆံကြတာ၊ ပြည်ဝင်ခွင့် မပေးတာ၊ အလုပ်အကိုင်တွေမှာ ကန့်သတ်ခံရတာ၊ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာလည်း ဖယ်ကြဉ်ကြတာ၊ အုပ်စုဖွဲ့ ဖိအားမျိုးစုံပေးပြီး အနိုင်ကျင့်တာ စတာတွေဟာ မြန်မာလူမျိုးတွေအဖို့ နာကြည်းစရာ၊ တမြည့်မြည့်နဲ့ ခံရခက်စရာတွေပါ။

တကယ်တော့ ယဉ်ကျေးမှုမြင့်မားပါတယ်ဆိုတဲ့ မျက်မှောက်ကမ္ဘာကြီးမှာ အမှန်တကယ် ရှင်သန်ထွန်းကားနေတာက အင်အားသည်သာ အခရာဆိုတဲ့ တောနက်ကြီးဥပဒေ (Jungle Law) ပါ။ အင်အားအကြီးမားဆုံးနိုင်ငံဟာ ကမ္ဘာ့အရေးအရာကို လိုသလို ပုံဖော်ခြယ်လှယ်နိုင်ပြီး အင်အားရှိတဲ့ နိုင်ငံကိုပဲ အလေးဂရုပြုကြတာဖြစ်ပါတယ်။ တောနက်ကြီးထဲက သားရိုင်းတိရစ္ဆာန်တွေလို အင်အားအနည်းဆုံးသတ္တဝါက အစားခံရုံသက်သက်ပဲဖြစ်ပြီး အင်အားနည်းပေမယ့် အဆိပ်ပြင်းရင်တော့ ရှောင်သွားတတ်ကြတာမျိုး နိုင်ငံတကာ ဆက်ဆံရေးမှာလည်း တွေ့ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအလယ်မှာ မြန်မာဟေ့လို့ ခေါင်းမော့ရင်ကော့နိုင်အောင် နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အင်အားနဲ့ နိုင်ငံကို ခိုင်ခိုင်မာမာခံ့ခံ့ညားညား တည်ဆောက်ကြရမှာဖြစ်ပါတယ်။ နိုင်ငံသူ၊ နိုင်ငံသားတို့ရဲ့ စွမ်းပကားနဲ့ပဲ လှောင်ပြောင်မှုတွေ၊ နှိမ့်ချမှုတွေ၊ ကန့်သတ်မှုတွေ၊ ဖယ်ကြဉ်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ ဖိအားပေးမှုတွေကို ဖယ်ရှားပစ်ကြရမှာပဲဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ အဓိကအင်အားသုံးရပ်ဖြစ်တဲ့ နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေး အင်အားတို့ကို ခိုင်ခိုင်မာမာတည်ဆောက်ရာမှာ ကျွန်တော်တို့ နိုင်ငံသားအားလုံး တာဝန်ကျေပွန် ကြဖို့လိုပါတယ်။ ဒီကနေ့ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးမြင့်မားတိုးတက်စေဖို့အတွက် ကုန်ထုတ်လုပ်မှုကဏ္ဍ မြင့်မားဖို့လိုနေပါတယ်။ မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေက လူတစ်ဦးချင်းစီရဲ့ ထုတ်လုပ်နိုင်စွမ်းတွေကို မိမိတို့မမီသေးဘူးဆိုရင်တောင် လက်ရှိမိမိတို့ရဲ့ ကုန်ထုတ်လုပ်မှုထက် နှစ်ဆထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းသွားကြရမှာဖြစ်ပါတယ်။ ဒီအတွက် လူတိုင်းအလုပ်လုပ်ကြဖို့နဲ့ အလုပ်လုပ်နိုင်အောင် အခြေအနေတွေ၊ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လိုပါတယ်။ ရွှေပဒေသာ မြေကပေါက်စေဖို့ လူတိုင်းအလုပ်လုပ်ကြရမှာဖြစ်သလို နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုကို အားပေးကြရမှာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်ဖွံ့ဖြိုးဖို့ အလုပ်လုပ်ကြရာမှာ ယခင်က လူကြီး​တွေပြောခဲ့သလို ဖိုးသုည၊ မယ်သုညတွေနဲ့ တိုင်းပြည်တည်ဆောက်လို့ မရနိုင်ပါဘူး။ တန်ဖိုးမြင့်မားတဲ့ လူ့စွမ်းအားအရင်း အမြစ်ကသာ နိုင်ငံကိုမြင့်မားအောင် တည်ဆောက် နိုင်မှာဖြစ်လို့ လူတိုင်းပညာတတ်ဖို့၊ အမျိုးသား ပညာရည်မြင့်မားဖို့လိုပါတယ်။ ဉာဏ်ပညာနဲ့ လုံ့လ၊ ဝီရိယတို့ကသာ နိုင်ငံကိုဂုဏ်သိက္ခာမြင့်မားအောင် တည်ဆောက်ကြရာမှာ အဓိကဦးဆောင်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးကြဖို့ လိုအပ်ပါတယ်။ ပညာရေးကို နှောင့်ယှက်သူ၊ ပညာရေးကို ဟန့်တားသူ၊ ပညာရေးကို ဖျက်ဆီးသူများကိုလည်း ဖယ်ရှားရှင်းလင်းသွားကြရမှာ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ မိမိတို့ ဘိုးဘွားများရဲ့အမွေ၊ ထူးခြားကောင်းမွန်ပြည့်စုံတဲ့ သဘာဝတွေနဲ့ လှပတဲ့ပြည်ထောင်စုကြီးကို နဂိုရည် အတိုင်း စိုပြည်အလှ မပျက်စေဖို့ပါ။ နှင်းဖုံးတောင်တန်းကြီးတွေနဲ့ ရေဝေတောင်တန်းကြီးတွေ၊ သဘာဝရေအိုင်ကြီးတွေနဲ့ တသွင်သွင်စီးဆင်းနေတဲ့ ရေချိုအရင်းအမြစ် မြစ်ချောင်းတွေ၊ သဘာဝ အလျောက် ပေါက်ရောက်နေတဲ့ သစ်တော၊ ဝါးတောတွေနဲ့ စားရေရိက္ခာအသက်သွေးကြော မြေကောင်းယာကောင်းတွေ၊ ရှည်လျားတဲ့ပင်လယ်ကမ်းရိုးတန်းတွေနဲ့ အဏ္ဏဝါအရင်းအမြစ်တွေ၊ မြန်မာ့ရေမြေမှာ ရှင်သန်ကျက်စားကြတဲ့ သားငှက်တိရစ္ဆာန် တွေအားလုံးကို ချစ်မြတ်နိုးကြဖို့နဲ့ ထာဝရတည်ရှိအောင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ကြဖို့ ဖြစ်ပါတယ်။

တောင်ပေါ်မြေပြန့် နိုင်ငံတစ်ဝန်းမှာ နေထိုင်ကြတဲ့ ကျွန်တော်တို့ ပြည်ထောင်စုသားတွေ၊ နိုင်ငံသားတွေမှာ အလှကိုယ်စီရှိကြပြီး ရောင်စုံပန်းချီကား တစ်ချပ်လို ရှုချင်စဖွယ် တင့်တယ်လှပါတယ်။ ကျွန်တော်တို့ နိုင်ငံသားအားလုံးရဲ့ တူညီတဲ့ဝိသေသ လက္ခဏာကတော့ ရင်းနှီးဖော်ရွေမှုဖြစ်တယ်လို့ ကမ္ဘာက အသိအမှတ်ပြုကြပါတယ်။ မြန်မာကို မသိတဲ့လူတွေက ကမ္ဘာမှာအများကြီးရှိသလို သိသွားတဲ့လူတွေက ချစ်ခင်ကြတာ၊ မြတ်နိုးကြတာ၊ အလေးထားကြတာကို တွေ့ကြရမှာလည်းဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာလူမျိုး အားလုံးမှာရှိကြတဲ့ အလှကိုယ်စီကို ဖော်ထုတ် ထိန်းသိမ်းမြှင့်တင်ကြဖို့၊ မြန်မာ့မြေပေါ်မှာ အလှဝေ အောင် မေတ္တာတရားတွေ ထွန်းကားဖို့၊ နိုင်ငံနှင့်လူမျိုးတွေကို အရုပ်ဆိုးအကျည်းတန်စေတဲ့ ဒေါသတိမ်သလ္လာတွေ ဖယ်ရှားရှင်းလင်းဖို့၊ ကျွန်တော်တို့ အားလုံးရေးထိုးကြရမယ့် သမိုင်းစာမျက်နှာသစ်ကို လက်ရေးညီညီရေးစီကြဖို့ မေတ္တာရှေ့ထား နှိုးဆော်လိုက်ရကြောင်းပါဗျား။ ။

MOI

သာထူး

သက်တမ်း နှစ် ၁၄၀ ကျော်ရှိသည့် သတင်းလိမ်လုပ်ငန်း (၂)
-

ယမန်နေ့မှအဆက်

 မြို့တော်အေးချမ်း၍ စည်းကမ်းပိပြားနေပုံ တွေ့ရသဖြင့် မစ္စတာဆွမ်တို့အဖွဲ့ အံ့အားသင့်သွားကြသည်။

ဗြိတိသျှကိုယ်စားလှယ်ထွက်ခွာသွားပြီးမှ ပိုမိုသာယာကောင်းမွန်နေသည်ဟု ထင်မှတ်ရတော့မလိုဖြစ်သွားသည်။ နိုင်ငံခြားသားတို့ရှိစဉ် မြို့တော်၌ ငြိမ်သက်အေးဆေးစွာ ရှိစေရမည်ဟု ဆယ်အိမ်ခေါင်းတို့အား အထူးတလည်ဆင့်ဆိုထားမည်မှာ အမှန်ဖြစ်ပေသည်။

သို့ရာတွင် အရှင်မင်းမြတ်သည် ငွေဝင်ပေါက်နည်းသစ် နည်းကောင်းတစ်ခုကို မကြံနိုင်မဖန်နိုင်ပါက မကြာမီ ၎င်း၏ဘဏ္ဍာတိုက်၌ အသပြာကုန်ခန်းသွားမည်မှာမလွဲပေ။

- ၁၈၈၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်(သောကြာနေ့)

နေမျိုးနွယ်ဘုရင် မြန်မာပြည်၏ သီပေါနတ်ရွာစံသွားခြင်း

ကြာသပတေးနေ့က ရရှိသောကြေးနန်းသတင်းအရ မြန်မာပြည် (တိဗက်ပြည်တောင်ဘက်၊ အိန္ဒိယနှင့် တရုတ်ပြည်အကြားရှိ အာရှအရှေ့တောင်ပိုင်းမှ တိုင်းပြည်တစ်ပြည်၏ဘုရင်သည် ကျောက်ရောဂါဖြင့် နတ်ရွာစံသွားလေပြီ။ နတ်ရွာစံဘုရင့်ဈာပနကိစ္စအရပ်ရပ်ကို ယခုစီစဉ်ကြပေသည်။ မယုံကြည်နိုင်လောက်အောင်  ရက်စက်ကြမ်းကြုတ်လှသော ဤလူ့တိရစ္ဆာန်အကြောင်း အပြည့်အစုံရေးသားတင်ပြနိုင်ရန် မလွယ်ကူလှပေ။

- ၁၈၈၀ ပြည့်နှစ်၊ ဧပြီလ ၁၁ ရက်(တနင်္ဂနွေနေ့)

သီပေါဘုရင်၏ ဗေဒင်ဆရာများ

လန်ဒန်၊ ဧပြီလ ၁၀ ရက် သရက်မြို့ သတင်းထောက်ထံမှ အောက်ပါကြေးနန်းကို ပို့လိုက်သည်။ လူတွေ အလွန်စိတ်မငြိမ်မသက်ဖြစ်နေကြသည်။ မန္တလေးဗေဒင်ဆရာများက  ဘေးအန္တရာယ်ဆိုးကြီးများ ဖယ်ရှားပစ်ရန် ယဇ်ပူဇော်ပွဲကြီး တစ်ခုပြုလုပ်မှဖြစ်မည်ဟုယူဆဟောပြောကြသည်။ လူပေါင်း ၄၀၀ ကို ယဇ်ပူဇော်ရမည်။ ဘုန်းတော်ကြီး ၁၀၀ ပါဝင်ရမည်။ ကျန် ၃၀၀ မှာမိန်းမ၊ ယောကျ်ား၊ ကလေးများ ဖြစ်ရမည်ဟုဆိုသည်။ ယဇ်ပူဇော်ရန် လူရွေးရေးအတွက် လုံလုံလောက်လောက်ရစေခြင်းငှာ လူအများကို လိုက်လံဖမ်းဆီးနေကြသည်။ ယခင်က ယဇ်ပူဇော်လျှင် ဘုန်းတော်ကြီးများ လွတ်ငြိမ်းချမ်းသာခွင့်ရသော်လည်း ယခုဘုန်းတော်ကြီးများပါဝင်နေ၍ ဘုန်းတော်ကြီးများ မန္တလေးမှထွက်ခွာသွားကြပြီ။ ရိုမန်ကက်သလစ် မယ်သီလရှင်ကျောင်းမှ ကလေးများကို မကြာမီ ဖမ်းဆီးကြသည်။ သို့သော် အကြံအောင်မသွားပါ။

သီပေါဘုရင်၏ ဆောင်ရွက်ချက်များသည် လွန်စွာ မိုက်မဲကြောင်း  လူအများတွေ့မြင်နေရသော်လည်း အခြေအနေပြောင်းလဲပစ်ရန် မည်သို့မျှမတတ်နိုင်ကြပေ။

- ၁၈၈၀ ပြည့်နှစ်၊ ဧပြီလ ၅ ရက်(တနင်္လာနေ့)

လူမဆန်အောင် ကြမ်းကြုတ်သောမြန်မာဘုရင်

လန်ဒန်၊ ဧပြီလ ၁၂ ရက်

ရန်ကုန်မှ ကြေးနန်းသတင်းအရ နာမကျန်းဖြစ်နေသော ဘုရင်မင်းမြတ် ပြန်လည်ကျန်းမာလာရန် လူကြီး၊ မိန်းမ၊ ယောကျ်ား၊ မိန်းကလေး၊ ကလေး၊  ဘုန်းတော်ကြီးများနှင့် နိုင်ငံသားများအပါအဝင် လူပေါင်း ၇၀၀ ကို နန်းတော်မြို့ရိုး ပြအိုးများအောက်တွင် အရှင်လတ်လတ်မီးရှို့၍ ပူဇော်လိုက်ကြောင်း သတင်းရရှိသည်။ မန္တလေးတစ်မြို့လုံး ထိတ်လန့်ချောက်ချားလျက်ရှိပြီး ရာပေါင်းများစွာသော လူအပေါင်းတို့ မြို့မှထွက်ခွာသွားနေကြသည်။ ဘုရင်၏ဝေဒနာမှာ ကုဋ္ဌနူနာဟု ပြောနေကြသည်။

၁၈၈၀ ပြည့်နှစ်၊ ဧပြီလ ၁၃ ရက်(အင်္ဂါနေ့)

မြန်မာပြည်တွင်   လူအများအား  အစုလိုက်သတ်ဖြတ်ပစ်နေခြင်း

လန်ဒန်၊ ဧပြီလ ၁၂ ရက်

ဘုရင်မင်းမြတ်   ပြန်လည်ကျန်းမာလာရန် ယဇ်ပူဇော်ခံရသော    လူကြီး၊ မိန်းမ၊ ယောကျ်ား၊ မိန်းကလေး၊   ကလေး၊  ဘုန်းတော်ကြီးများနှင့် နိုင်ငံခြားသားများကို နန်းတော်မြို့ရိုး ပြအိုးများအောက်တွင် အရှင်လတ်လတ် မြေမြှုပ်ပစ်ခံရခြင်းဖြစ်သည်။

၁၈၈၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်(တနင်္လာနေ့)

ဘုရင်ကွယ်လွန်ကြောင်း ကောလာဟလ

လန်ဒန် ဧပြီလ ၁၈ ရက်

ကာလကတ္တားမှ ကြေးနန်းတစ်စောင်တွင် သီပေါဘုရင်သည် ကျောက်ကြီးရောဂါဖြင့် နတ်ရွာစံသွားပြီဖြစ်၍ ၎င်းနေရာတွင် ယခင်က အကျဉ်းချခံနေရသော မလွန်မင်းသားက ထီးနန်းအရိုက်အရာဆက်ခံလိုက်ပြီဟု ဖော်ပြထားသည်။ ဤသတင်းကို ယခုအထိ အတည်မပြုရသေးပေ။ သို့ရာတွင် မန္တလေးတွင် ကျောက်ကြီးရောဂါဖြစ်ပွားနေရကား ဘုရင်နတ်ရွာစံသည်မှာ မဟုတ်ဟုမဆိုနိုင်ပေ။ တိုင်းမ်သတင်းစာတွင် ဆောင်းပါးရှင်တစ်ဦးက မန္တလေးတွင် သတ်ဖြတ်မှုများဖြစ်ပွားနေကြောင်း၊ သတင်းသည် မှန်ကန်နိုင်သည်ဟု ထင်မြင်ကြောင်း ဖော်ပြရေးသားထားသည်။

၁၈၈၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်(ဗုဒ္ဓဟူးနေ့)

လန်ဒန် ကောလာဟလသတင်း

လန်ဒန်၊ စက်တင်ဘာလ ၂၉ ရက် အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင်က မြန်မာပြည်ကို  လက်နက်ဖြင့် ဝင်ရောက်သိမ်းပိုက်ရန်အကြောင်းပေါ်ပေါက်နေပါပြီဟု ဗြိတိသျှအစိုးရထံ သံကြိုးဖြင့် အစီရင်ခံလိုက်သည်။ သီပေါဘုရင်က ဗြိတိသျှကုန်သွယ်ရေးအသင်းထံမှ ဒဏ်ငွေတောင်းခံငွေကို  ကန့်ကွက်လွှာပို့ရန်  ဗြိတိသျှမြန်မာပြည်ဝန်ရှင်တော်မင်းကြီးကို အမိန့်ပေးလိုက်ကြောင်းလည်း သံကြိုးတွင် ဖော်ပြထားသည်။ လော့ဒ်ဒပ်ဖရင်၏ လေသံမှာ မြန်မာပြည်ကို လျင်မြန်စွာသိမ်းပိုက်သည်ဖြစ်ကြောင်း ပေါ်လွင်နေပေသည်။ ပဲရစ်မြို့ရှိ မြန်မာသံအရာရှိအား သတင်းထောက်များတွေ့ဆုံရာတွင် ၎င်း၏သံအဖွဲ့လာရောက်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပြင်သစ်နှင့်ကူးသန်း ရောင်းဝယ်ရေး စာချုပ်တစ်ခုချုပ်ဆိုရန်အပြင် မြန်မာပြည်ကို အင်္ဂလိပ်တို့သိမ်းပိုက်၍ အိန္ဒိယပြည်တွင်းသို့ သွတ်သွင်းခြင်းကို နည်းလမ်းရှိသမျှ ကာကွယ်တားဆီးရန်ဖြစ်သည်ဟု ရှင်းလင်းပြောပြသည်။ 

၁၈၈၅  ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်(ဗုဒ္ဓဟူးနေ့)

မြန်မာပြည်နှင့်ပတ်သက်သည့် ဗြိတိသျှအကြံအစည် လွန်ခဲ့သည့်နှစ်ပတ်က အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင်သည် ဗြိတိသျှအစိုးရထံ မြန်မာပြည်ကို လက်နက်ဖြင့် ဝင်ရောက်စွက်ဖက်ရန် အရေးပေါ်ပေါက်လာပြီဟု ကြေးနန်းရိုက်ကြားခဲ့သည်။

သို့ရာတွင် ဘုရင်ခံချုပ်၏ စကားအသုံးအနှုန်းကို ကောက်သော်  မြန်မာပြည်ကိုလုံးဝ သိမ်းယူရန် ကြံရွယ်နေကြောင်း ထင်ရှားပေါ်လွင်ပေသည်။

ရှင်ဘုရင်အဖြစ် ရာဇပလ္လင်ပေါ်တက်ရောက်ခဲ့သူ အပေါင်းတွင် တိရစ္ဆာန်သဖွယ် ရက်စက်ကြမ်းကြုတ်ဆုံးသူ တစ်ဦးဖြစ်သည့် သီပေါဘုရင်သည်  ဤနန်းသို့ သက်ဦးဆံပိုင်စနစ်ကို တင်းပြည့်ကျပ်ပြည့် ကျင့်သုံးနေ၍သာ အင်္ဂလိပ်တို့က မြန်မာပြည်ကိုသိမ်းပိုက်၍ အိန္ဒိယပြည်သို့ သွတ်သွင်းမည့်ဘေးမှ ကိုယ်ကျိုးမပါကြည့်ရှုသူများက ပြစ်တင်ဝေဖန်ခြင်းမပြုဘဲ နှုတ်ဆိတ်နေကြရပေသည်။ ၎င်း၏တိုင်းပြည်တွင် ပေါများလှသော ကျားတိရစ္ဆာန်များ၏ နှလုံးသားနှင့်တူသော နှလုံးသားရှိသူ ဘုရင်စနစ်၏ ယခင်က ရက်စက်ကြမ်းကြုတ်မှုကို ခရစ်ယာန်ဘာသာဝင်အပေါင်းတို့ ကြားသိကြရ၍ စက်ဆုပ်ထိတ်လန့်ခဲ့ကြရလေပြီ။

 ၁၈၈၅  ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်(စနေနေ့)

မြန်မာပြည်တွင် အရေးအခင်းလှုပ်ရှားနေခြင်း။

လန်ဒန်၊ အောက်တိုဘာလ ၁၆ ရက်

အိန္ဒိယဘုရင်ခံချုပ်ဟောင်း ရိပွန်မြို့စားကြီးက ယနေ့ဟောပြောပွဲတစ်ခု၌  အလွန်ရန်မူလိုသည့် နတ်ဆိုးကောင်  သီပေါဘုရင်အား  နန်းချပစ်ရန် အကောင်းဆုံးနည်းမှာ မြန်မာပြည်ကို စစ်မက်ပြုခြင်းသာဖြစ်လျှင် မြန်မာပြည်ကို အိန္ဒိယပြည်တွင်းသို့သွတ်သွင်းခြင်းကို ၎င်းက ကန့်ကွက်သည်ဟုဆိုသည်။  ဤကဲ့သို့ဆောင်ရွက်လျှင် အိန္ဒိယမဟာရာဂျာမင်းသားများ ထိတ်လန့်တုန်လှုပ် သွားဖွယ်ရှိသည်ဟု ၎င်းကပြောကြားသည်။

၁၈၈၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်(စနေနေ့)

(အယ်ဒီတာမှတ်ချက်)

ဗြိတိသျှတို့ မြန်မာပြည်ကို ဝင်ရောက်တိုက်ခိုက်ရန် စိုင်းပြင်းနေသော အခြေခံအကြောင်းရင်းကို  သိလိုသူတို့သည် လွန်ခဲ့သော ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများက လန်ဒန်တွင်ထုတ်ဝေသော ဂျာနယ်များတွင်ပါရှိသည့် စိတ်ဝင်စားဖွယ် ဆောင်းပါးများကို ဖတ်ရှုကြည့်သင့်ကြသည်။ ဤဆောင်းပါးများတွင်  အထက်မြန်မာပြည်သည် ကမ္ဘာတွင် မဖွင့်လှစ်ရသေးသော အကောင်းဆုံးဈေးကွက်ဖြစ်ကြောင်း ဖော်ပြထားသည်။  ထို့ကြောင့် ပြင်သစ်တို့သည် ဤဈေးကွက်သို့ ဝင်ရောက်အပိုင်စီးရန် ခြေပုန်းခုတ်နေကြောင်း အင်္ဂလိပ်တို့အား   သတိပေး အကြောင်းကြားထားသည်။

အထက်မြန်မာပြည်ကိုသာမက တရုတ်ပြည်အနောက်ပိုင်း၊ တိဗက်ပြည်အရှေ့ပိုင်းတို့ကိုပါ ဗြိတိသျှကုန်သွယ်ရေးအတွက် အချိန်ရှိခိုက်ထိုးဖောက် ဝင်ရောက်လိုက်ကြရန် ဆော်ဩတိုက်တွန်းထားပေသည်။

၁၈၈၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်(ဗုဒ္ဓဟူးနေ့)

သီပေါသည် မနှစ်မြို့ဖွယ်အကောင်းဆုံး ခေတ်နှင့်မကိုက်ညီဆုံး ဘုရင်တစ်ပါးဖြစ်သည်။ ၎င်း၏ဆောင်ရွက်ချက်များကို ချုပ်ချယ်ကန့်သတ်ရန် စည်းကမ်းများမချမှတ်ဘဲ  စစ်ပြေငြိမ်းစာချုပ် ချုပ်ဆိုလိုက်မည် မဟုတ်ဟုမျှော်လင့်ရသည်။

ရက်စက်ကြမ်းကြုတ်သော ဤလူရိုင်းကောင်ကို စိတ်ကျေနပ်ဖွယ်ရာ စီစဉ်ချထားလိုက်မည်ဆိုပါက ဗြိတိသျှတို့သည် မြန်မာပြည်ကို ထာဝရသိမ်းပိုက် လိုက်သည့်တိုင်အောင် ယဉ်ကျေးသော လူအပေါင်းက ကျေနပ်လက်ခံကြမည်သာဖြစ်သည်။

(အပြည့်အစုံလေ့လာရန် ဆရာကြီးဦးကိုလေး၏ သီပေါမင်းနှင့် နယူးယောက်တိုင်းမ် စာအုပ်ကို ဖတ်ရှုသင့်ကြပါသည်။) ဆရာကြီးဦးကိုလေးက ထိုစာအုပ်တွင် အင်္ဂလိပ်သတင်းစာ၊ အမေရိကန်သတင်းစာများတွင် ဖော်ပြပေးချက်အားလုံး တစ်ခုမှမမှန်ကန်ကြောင်း ပြေပြေပြစ်ပြစ် ငြင်းဆိုချေပထားသည်။ သီပေါဘုရင်၏ အပါးတော်မြဲအတွင်းဝန် ဦးစံရွှေရေးသားသော ရတနာဂီရိသို့ သီပေါဘုရင်က သွားရောက်တွေ့ဆုံခဲ့သည့် မှတ်တမ်းစာအုပ်ကိုလည်း ဖတ်ရှုသင့်သည်။

 အင်္ဂလိပ်နှင့်အမေရိကန်တို့မှ သတင်းစာများသည် လွန်ခဲ့သော နှစ်ပေါင်း ၁၄၆ နှစ်ခန့်ကျော်က မမှန်သတင်း လုပ်ကြံဖန်တီးသော သတင်းများဖြင့် သီပေါမင်းကို စွပ်စွဲပုတ်ခတ်ရေးသားပြီး ၎င်းတို့ကြံရွယ်ထားသော မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက် သိမ်းပိုက်ပြီး ကုပ်သွေးစုပ်ရန် ထိုမမှန်သတင်းများဖြင့် နယ်ချဲ့လမ်းခင်းခဲ့ခြင်းသာဖြစ်သည်။ သီပေါမင်းသည် ဘာသာရေးကိုင်းရှိုင်းသည်။ ကိုယ်တိုင်ပထမပြန် စာမေးပွဲအောင်ခဲ့သည်။  အရပ်သူ၊ အရပ်သားတို့သည် သီပေါမင်း ကုဋ္ဌနူနာဖြစ်နေသည်။ သီပေါမင်းသေပြီဆိုသော သတင်းကိုလည်း မမှန်မကန်နှစ်ကြိမ်သုံးကြိမ် ရေးသည်။ သတင်းများရေးသည်ကိုလည်း စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ ပြန်လည်ဖြေရှင်းခြင်းမရှိပေ။ ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံကို သိမ်းပိုက်ရန်အတွက်သာ အကွက်ဆင် အကွက်ချကလိမ်ကကျစ် အလိမ်အညာသတင်းများဖြင့် သိက္ခာမဲ့စွာ အောက်တန်းကျစွာ သတင်းလိမ်၊ သတင်းတုတို့၏ ဘိုးဘေးဘွဲ့ခံထိုက်သူများဖြစ်သည်။

ရဟန်းသံဃာ၊ ကလေးများအပါအဝင် လူ ၇၀၀ ကို အရှင်လတ်လတ် မီးရှို့သတ်သည်ဆိုသော လုပ်ကြံသတင်းကား ယုတ်မာလွန်းသော နယ်ချဲ့တို့၏ မိုက်ရိုင်းမှုကိုဖော်ပြနေပေသည်။  အင်္ဂလိပ်ကုန်သွယ်ရေး ကိုယ်စားလှယ်များကို   မြန်မာဘုရင်(သီပေါ)က မတရားသဖြင့်  လျော်ကြေးတောင်းသည်ဟူသော နယူးယောက်တိုင်းမ်မှ   သတင်းပါဖြစ်ရပ်မှန်မှာ အိန္ဒိယအခြေစိုက် အင်္ဂလိပ်တို့၏ ဘုံဘေဘားမားသစ်ကုမ္ပဏီက မြန်မာဘုရင်ထံကျွန်းသစ် လာဝယ်သည်။ ထိုကာလက သင်္ဘောများ၏ကြမ်းခင်းများမှာ သစ်သားများသာဖြစ်ရာ သူတို့နိုင်ငံထွက်သစ်များက ပင်လယ်ဆားငန်ရည်နှင့် ထိပါများသော် ပျက်စီးလွယ်၏။                                     

 မြန်မာ့ကျွန်းသစ်ကား မည်သည့်အခါမှ မပျက်ချေ။ ဘုံဘေဘားမားက မြန်မာကျွန်းသစ် ၈၅၀၀၀ လုံး ခုတ်လှဲထားပြီး ၃၀၀၀၀  ဖိုးသာ ငွေချေသည်။

၅၅၀၀၀ ကို သစ်ဖိုးမပေးဘဲ ခိုးသယ်မည်လုပ်စဉ် မြန်မာအကောက်တော်အရာရှိများက စစ်ဆေးတွေ့ရှိသဖြင့် ဘုရင်က ခိုးခုတ်သော သစ်လုံးရေ ၅၅၀၀၀ အတွက် သစ်ဖိုးတောင်းပြီး နောက်နောင်ခိုးမခုတ်ရန် စတိဒဏ်ငွေရိုက်စေ၏။  နောက်ပိုင်းထိုဒဏ်ငွေ ကိုပင် တပ်ရိုက်ခြင်းမပြုတော့ဘဲ လွှတ်ပေးပါလျက် အင်္ဂလိပ်လူကြီးလူကောင်းတို့၏  သစ်ခိုးမှုကြီးကို ကာကွယ်ဖုံးဖိရန် မြန်မာနိုင်ငံကို ကျူးကျော်တိုက် ခိုက်ခြင်းဖြစ်သည်။ သူခိုးက လူဟစ်ဆိုသော စကားပုံအတိုင်းပင်   သစ်သူခိုးက  သတင်းလိမ်များဖြင့် မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခြင်းဖြစ်သည်။

ကမ္ဘာလှည့် ဂျာမန်လူမျိုးတစ်ဦးက သီပေါမင်းနှင့် တွေ့ဆုံခွင့်ရပြီးနောက် ကိုလုံးမြို့ထုတ် စာနယ်ဇင်းများတွင် “သီပေါမင်းသည်  သေရည်သောက်ကြူးသည့် လက္ခဏာမတွေ့ရပါ။ ဆေးလိပ်လည်း မသောက်၊ ဆေးရွက်ကြီးလည်း မငုံပေ။ သီပေါသည် ၂၁ နှစ်အရွယ် လူငယ်အဖြစ် အနည်းငယ်ဆူဖြိုးသော်လည်း ကျွန်ုပ်တွေ့မြင်ဖူးသော မြန်မာလူမျိုးများထဲတွင် အချောအလှဆုံးဖြစ်သည်”ဟု ရေးသားခဲ့သည်။

ကမ္ဘာကျော်စာရေးဆရာမကြီး ဒေါ်ရိုသီဝုဒ်မင်းက ၎င်းရေးသားသော The Making of Burma စာအုပ်(ရန်ကုန်တက္ကသိုလ်မှ    ဆရာဦးတင်မောင်ရင်က ခေတ်မြန်မာတည်ဟန် ခေါင်းစဉ်ဖြင့် ဘာသာပြန်ရေးသားထုတ်ဝေသောစာအုပ်)  တွင် သီပေါသည် သေသောက်ကြူးယစ်ထုတ်ကြီးမဟုတ်ပါဟု ရေးခဲ့သည်။                                

အင်္ဂလိပ်အရေးပိုင်ဟောင်း စာရေးဆရာ ဖီးလ်ဒင်းဟောက ၁၈၉၀ ပြည့်နှစ်က ၎င်းရေးသားသော The Soul of People စာအုပ်တွင် မြန်မာလူမျိုးတို့သည် ဘာသာတရားကို အကြွင်းမဲ့ရိုသေကိုင်းရှိုင်းသူများဖြစ်ကြသည်။ အရက်သောက်ခြင်း၊ ဘိန်းရှူခြင်းသည် မကောင်းကြောင်း ယုံကြည်ကြသူများဖြစ်သည်။ သီပေါသည် ယစ်ထုတ်ကြီးတစ်ယောက်ဖြစ်သည်ဟု စွပ်စွဲချက်များသည် လုံးဝမမှန်ကန်ကြောင်း ယခု ကျွန်ုပ်သိရပြီဟုရေးခဲ့သည်။ လူ ၇၀၀ မီးရှို့သတ်သည်ဆိုသော စွပ်စွဲချက်သည်လည်းမမှန်ဟု ဖီးလ်ဒင်းဟောက ရေးခဲ့သည်။

ယခုမျက်မှောက်ကာလ အနောက်သတင်းမီဒီယာများသည် လွန်ခဲ့သောနှစ်ပေါင်း ၁၄၀ ကျော်က သတင်းလိမ် နယ်ချဲ့သမားတို့၏ မြေးမြစ်များဖြစ်ရာ နယ်ချဲ့ဆိုးမွေခံများအဖြစ် ယခုလည်း စာနယ်ဇင်းမျိုးစုံ၊ ရေဒီယိုရုပ်မြင်သံကြားသတင်းမျိုးစုံ၊ Online သတင်းမျိုးစုံမှ နေ့မအားညမအား ၎င်းတို့သိမ်းပိုက ကျွန်ပြုသွေးစုပ်လိုသော ပစ်မှတ်နိုင်ငံ များအပေါ် သတင်းလိမ်၊ သတင်းတု၊ မုသားလုပ်ကြံသတင်းများဖြင့် ကမ္ဘာကိုမှိုင်းတိုက်နေခြင်းသာဖြစ်သည်။ ဆောင်းပါးရှည်လွန်းနေပြီဖြစ်၍ မျက်မှောက်ကာလ သတင်းလိမ်၊ မုသားသတင်း ကွန်ရက်များအကြောင်းကို ခြေခြေမြစ်မြစ်ရေးသား တင်ပြရန် ကြိုးစားပါဦးမည်။

မျက်မှောက်ခေတ် နယ်ချဲ့လက်ဟောင်း၊ လက်သစ်တို့ကလည်း သတင်းမီဒီယာလုပ်ငန်းကို နယ်ချဲ့စီမံချက်များတွင် လက်နက်ကောင်းအဖြစ် အသုံးပြုလျက်ရှိပေသည်။ ပုံစံကလည်း လွန်ခဲ့သောနှစ်ပေါင်း ၁၄၀ ကျော်က အင်္ဂလိပ်၊ အမေရိကန်သတင်းစာများ ဖြစ်သော လန်ဒန်ဒေးလီးနယူးစ်သတင်းစာ၊ အမေရိကန်နယူးယောက်တိုင်းမ် သတင်းစာတို့တွင် လုံးဝမမှန်ကန်သော သတင်းလိမ်၊ သတင်းမှားများဖြင့် နယ်ချဲ့လမ်းဖောက်ခဲ့ကြသည်။ ထိုနည်းတူ ယနေ့နယ်ချဲ့မီဒီယာ များသည်လည်း ၎င်းတို့ပစ်မှတ်ထားသော နိုင်ငံများ၏ သတင်းများကို လိမ်လည်ဖော်ပြခြင်း၊ သတင်းမှားဖြင့် ခွင်ရိုက်ခြင်း၊ စွပ်စွဲပုတ်ခတ်အပုပ်ချသတင်းများဖြင့် ကမ္ဘာကိုအယုံသွင်းပြီး ပိုင်လောက်မှ ထိုပစ်မှတ်နိုင်ငံကို ကျူးကျော်ခြင်း၊ ပိတ်ဆို့ခြင်း၊ နှောင့်ယှက်ခြင်းများလုပ်နေကြသဖြင့် မိမိတို့၏ အမျိုးသားရေးခုခံအားဖြင့် တာဝန်သိအမျိုးသားရေး အလေးထားသော သတင်းမီဒီယာများကလည်း ပြောင်မြောက်ထက်မြက်စွာ တုံ့ပြန်နိုင်ကြရန် အလေး ဂရုပြုသင့်ကြောင်းပါခင်ဗျား။       ။

မြဝတီဆောင်းပါး

သက်တမ်း နှစ် ၁၄၀ ကျော်ရှိသည့် သတင်းလိမ်လုပ်ငန်း
-

မမှန်ကန်သောပါးစပ်သတင်း(ကောလာဟလအမှား)၊ သတင်းတုသတင်းယောင် (Fake News)၊ သတင်းမှားဟူသော လိမ်ညာသတင်းများ ဖန်တီးကာ အသုံးပြုပြီး ၎င်းတို့၏  ယုတ်မာကောက်ကျစ်သော နယ်ချဲ့လုပ်ရပ်အောင်မြင်ရေး အတွက်  အနောက်နိုင်ငံများ(အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်မှအစ  ဥရောပ(EU)အရင်းရှင်နယ်ချဲ့နိုင်ငံများ)က အသုံးပြုသည်မှာ ယနေ့ကာလမှာမှမဟုတ်။  လွန်ခဲ့သောနှစ်ပေါင်း ၁၄၀ ကျော်က  ကလိမ်ကကျစ်လိမ်ညစ်သော မသမာသတင်းများသုံးခဲ့သည်မှာ ငြင်း၍မရနိုင်ကြပေ။

မန္တလေးတက္ကသိုလ်   ကျောင်းအုပ်ဆရာကြီး(အငြိမ်းစား) ဦးကိုလေးသည် ကျွန်တော်တို့  ဆရာကြီးဖြစ်သည်။

၁၉၅၁- ၁၉၅၂  ပညာသင်နှစ်တွင် ကျွန်တော်တို့ မန္တလေးတက္ကသိုလ် စတင်တက်ရောက်စဉ်  ဆရာကြီးကို တွေ့ရသည်။  ကျွန်တော်တို့က  ပထမနှစ် ကျောင်းသားသစ်(ချာတိတ်)များဖြစ်၍ ဆရာကြီးကိုတွေ့လျှင်ပင်  စတင်နှုတ်မဆက်ရဲခဲ့ပါ။ ဆရာကြီးကျောင်းမှ အနားယူပြီး ရန်ကုန်သို့ဆင်းလာကာ ပိဋကတ်သုံးပုံကို အင်္ဂလိပ်လို ပြန်ဆိုသောလုပ်ငန်း၊ သံဃာ့တက္ကသိုလ်တွင်    အင်္ဂလိပ်စာဧည့်ပါမောက္ခတာဝန်များ ဆောင်ရွက်ရင်း ဆရာကြီးသည် စာရေးသော အလုပ်ကိုလည်း လုပ်သည်။

ဆရာကြီးသည်    ဇေယျာမောင်ကလောင်အမည်ဖြင့်  စာစရေးစဉ်ကပင် အင်္ဂလိပ်နယ်ချဲ့တို့၏ လုပ်ရပ်ယုတ်ဇာတ်များကို စက္ကူဖြူပြဇာတ်ရေးရာ အင်္ဂလိပ်အစိုးရ မျက်စောင်းထိုးခြင်း ခံခဲ့ရသည်။

မန္တလေးထုတ်  ဒို့ခေတ်စာပေမဂ္ဂဇင်းတွင် ဆရာကြီးရေးသားသော ဇေယျာမောင်၏ “ကျွန်ုပ်တို့ဝန်”ဆောင်းပါးကို အင်္ဂလိပ်တို့က အရေးယူခဲ့သည်။ဆရာကြီးသည် ရန်ကုန်သို့ဆင်းလာပြီးနောက် လစဉ်ထုတ်မြက်ခင်းသစ်မဂ္ဂဇင်းတွင်  မောင်သစ္စာကလောင်အမည်ဖြင့်   ထေရဝါဒဗုဒ္ဓသာသနာအကြောင်း လစဉ်ရေးသားသောဆောင်းပါးများကို  စာအုပ်ထုတ်ဝေခဲ့သည်။ သီရိလင်္ကာနိုင်ငံမှ သီဟိုဠ်ဆရာတော် အရှင်ဝေပုလ္လရာဟုလာ(ဝါပိုလာရာဟုလာ)ရေးသားသည့်   What  The Buddha taught ကို မြန်မာဘာသာသို့ “မြတ်ဗုဒ္ဓဒေသနာ”စာအုပ်ခေါင်းစဉ်ဖြင့် ထုတ်ဝေခဲ့သည်။

၁၉၅၀ ပြည့်နှစ်က ကုလသမဂ္ဂနှင့် အမေရိကန်ဓာတုဗေဒ အသင်းကြီးက ပူးတွဲချီးမြှင့်သော   ပညာသင်ဆုရ၍ အမေရိကန်နိုင်ငံသို့  သွားရောက်ကာ စိုက်ပျိုးရေးဆိုင်ရာ ဓာတုဗေဒပညာရပ် နောက်ဆုံးပေါ်နည်းနာများကို လေ့လာခဲ့သည်။ ဆရာကြီးသွားရောက် လေ့လာသော  အမေရိကန်ကော်နဲတက္ကသိုလ် စာကြည့်တိုက်မှ နယူးယောက်တိုင်းမ် သတင်းစာအုပ်တွဲဟောင်းများ  (အထူးသဖြင့်) ရတနာပုံခေတ်    သီပေါမင်းလက်ထက်မှ သတင်းစာများကို ဆရာကြီး နေ့စဉ်အားလပ်ချိန်တိုင်း    လှန်လှောဖတ်ရှုကာ ထိုသီပေါခေတ်မြန်မာသတင်းစာများကို အပတ်တကုတ် ရှာဖွေကူးယူခဲ့၊  လေ့လာခဲ့သည်။   မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ ထိုခေတ်ကာလ နယူးယောက်တိုင်းမ်သတင်းစာ၊ အင်္ဂလန်ထုတ် လန်ဒန်ဒေးလီးနယူးစ်သတင်းစာ၊ ဆန်းဒေးတိုင်းစ်သတင်းစာ၊ သီပေါမင်းခေတ်တွင် ယုတ်ဉာဏ်ဖြင့် လုပ်ကြံဖန်တီးထားသော   သတင်းတု၊   သတင်းလိမ်၊ သတင်းမှားများကို  ချေပရေးသားကာ ၁၉၆၉ ခုနှစ်တွင်  ရန်ကုန်ကန်တော်လေး မြန်မာ့ဂုဏ်ရည်လမ်းရှိ ပုဂံစာအုပ်တိုက်မှ “သီပေါမင်းနှင့်   နယူးယောက်တိုင်းမ်”သတင်းစာခေါင်းစဉ်ဖြင့် စာအုပ်ထုတ်ဝေခဲ့သည်။

ကျွန်တော်သည် မန္တလေးတက္ကသိုလ်ကျောင်းအုပ်ကြီး  (ဒုတိယအဓိပတိ) ဆရာကြီး ဦးကိုလေး၏စာအုပ်ကို အပြန်ပြန်အလှန်လှန်ဖတ်ရှုကာ  မြက်ခင်းသစ်မဂ္ဂဇင်း၊ နိုင်ငံပိုင်သတင်းစာများဖြစ်သော ကြေးမုံ၊ မြန်မာ့အလင်း၊ ဗိုလ်တထောင်၊ နော့သင်းစတားဂျာနယ်တို့တွင် “နှစ် ၁ဝဝ က ဓာတ်ပြားဟောင်းနှင့် ဟန်မပြောင်းသော   ဓာတ်ပြားသစ်”   ခေါင်းစဉ်ပါ ဆောင်းပါးချုပ် ၅ ပုဒ်တွဲကို အကြိမ်ကြိမ် အထပ်ထပ်ရေးသားခဲ့သည်။ ကန်တော်လေးဘုရင့်စာအုပ်တိုက်မှ ထုတ်ဝေသော “လူ့အခွင့်အရေးအကြောင်း  ပြောကြစတမ်းဆိုလျှင်”စာအုပ်တွင်လည်း ထပ်မံထည့်သွင်းဖော်ပြခဲ့သည်။ ၁၈၇၉ ခုနှစ်၊ ၁၈၈ဝ ပြည့်နှစ်မှ ၁၈၈၅ ခုနှစ်အတွင်းထုတ်ဝေသော အင်္ဂလန်ထုတ်  လန်ဒန်ဒေးလီးနယူးစ် သတင်းစာပါသတင်းများ အတိုင်း  အမေရိကန်နိုင်ငံ  နယူးယောက်တိုင်းမ်သတင်းစာက  ကူးယူဖော်ပြခြင်း၊ နယူးယောက်တိုင်းမ် သတင်းစာအတွက် သတင်းထောက်  (ထိုစဉ်က   မြန်မာနိုင်ငံရောက် သတင်းထောက်)က ရေးသားပေးပို့ခြင်းများဖြင့်   ရတနာပုံခေတ်၊ ကုန်းဘောင်မင်းဆက်  ၁၁  ဆက်မှ နောက်ဆုံးမင်းဆက်ဖြစ်သော  သီပေါခေတ်ကို ရစရာမရှိအောင် လုပ်ကြံသတင်းများဖြင့် ယုတ်မာကောက်ကျစ်စွာ ဖော်ပြခဲ့သည်။ ကလိမ်ကကျစ်အလိမ်အညစ် သတင်းအချို့ကို ထုတ်နုတ်တင်ပြပါရစေ။ ထိုစဉ်က အင်္ဂလိပ်စစ်တပ်သို့ ဝင်ရောက်အမှုထမ်းနေသော စာရေးဆရာ ဆာဂျိမ်းစ်ဂျော့စကော့ အမည်ခံစာရေးဆရာက ရေးသားပေးပို့ခဲ့သည်။  လန်ဒန်ဒေးလီးနယူးစ်သတင်းစာသို့မူ သတင်းထောက်ဖူးကားနှင့် အင်္ဂလိပ်စစ်ဗိုလ်အချို့က မြန်မာသတင်းများ လုပ်ကြံဖန်တီးပေးပို့ခဲ့ကြပေသည်။ ဆာဂျိမ်းစ်ဂျော့စကော့ မြန်မာနိုင်ငံတွင်    အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ အရာရှိကြီးဖြစ်သွားသောအခါ အင်္ဂလိပ်ဘုံဘေဘားမား သစ်ကုမ္ပဏီ၏   ဥပဒေအကြံပေး ဝတ်လုံကြီးဖြစ်သည့် ပွိုင်လင်က သတင်းလိမ်များ ဆက်လက်ဖန်တီးပေးပို့ခဲ့သည်။

- ၁၈၇၉ ခုနှစ်  ဖေဖော်ဝါရီလ ၂၁ ရက်(သောကြာနေ့) ကာလကတ္တား ဖေဖော်ဝါရီလ ၂ဝ ရက်။

မန္တလေးမှသတင်းများအရ မြန်မာဘုရင်သည်   မင်းညီမင်းသားများနှင့် ဆွေတော်မျိုးတော်အားလုံးကို သတ်ဖြတ်ပစ်လိုက်သည်။  မှူးမတ်သစ်များကို ထုတ်ပစ်၍  ယခင်ကရာထူးရရှိခဲ့သော အမတ်ဟောင်းများကို ပြန်လည်ခန့်ထားခြင်းဖြင့် သက်ဦးဆံပိုင်အုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းခဲ့ပြန်သည်။

- ၁၈၇၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်(စနေနေ့)

ကာလကတ္တား(ယနေ့အခေါ် ကိုးလ်ကတ္တား)ဖေဖော်ဝါရီလ ၂၁ ရက်။

မန္တလေးမှ  နောက်ထပ်သတင်းအရ   မင်းဆွေမင်းမျိုးများကို   သတ်ဖြတ်လိုက်ခြင်းကြောင့် တစ်မြို့လုံးလွန်စွာ တုန်လှုပ်ချောက်ချားနေကြသည်။ အသတ်ခံရသူ ၈၆ ဦးဖြစ်၍ သတ်ဖြတ်ပုံခြင်းရာ အသေးစိတ်မှာ အထူးကြောက်မက်ဖွယ်ကောင်း၏။    နောက်ထပ်သွေးထွက်သံယိုမှု ကာကွယ်ရန်(ဗြိတိသျှ အင်္ဂလိပ်)တို့က ဝင်ရောက်ကာကွယ်ရန်၊ ဟန့်တားပေးရန် လူအများက မျှော်လင့်အားထားနေကြရ၏။

- ၁၈၇၉  ခုနှစ်   မတ်လ ၁၁ ရက်(အင်္ဂါနေ့) ကာလကတ္တား မတ်လ ၁ဝ ရက်။

မန္တလေးမြို့အခြေအနေသည် လွန်စွာစိုးရိမ်ဖွယ်ဖြစ်နေ၏။   ဗြိတိသျှပိုင်မြန်မာပြည်တွင် မြို့စောင့်တပ်များအင်အားကို နှစ်ဆတိုးထားလိုက်ပြီဖြစ်သည်။ မြန်မာတို့သည် ရန်ကုန်နှင့်မန္တလေးကြား  ကြေးနန်းအဆက်အသွယ်ကိုဖြတ်တောက်လိုက်ကြ၍ အထက်မြန်မာပြည် အခြေအနေသည်  ဥရောပလူမျိုးများအတွက် အရေးတကြီးဖြစ်နေပေသည်။ ဘုရင့်အမိန့်ဖြင့် မကြာသေးမီက သတ်ဖြတ်ခြင်းခံရသောလူဦးရေမှာ ၄ဝ မျှသာဖြစ်သော်လည်း သတ်ဖြတ်ရာတွင် ရက်စက်ညှဉ်းပန်းမှု အမျိုးမျိုးကို အသုံးပြုခဲ့သည်ဟု အဆိုရှိ၏။

- ၁၈၇၉ ခုနှစ်   မတ်လ  ၁၇ ရက်(တနင်္လာနေ့) လန်ဒန် မတ်လ ၁၆ ရက်။

ဗြိတိသျှပါလီမန်အောက်လွှတ်တော်တွင် သောကြာနေ့က  အဘယ်ကြောင့် ဗြိတိသျှပိုင် မြန်မာပြည်သို့စစ်တပ်များစေလွှတ်ရသနည်းဟု မေးကြားချက်ကို ဖြေဆိုရာ၌ ဆာစတက်ဖို့ဒ်နော့စ်ကုတ်သည် မတ်လ ၁ဝ ရက် ရက်စွဲဖြင့် အိန္ဒိယဘုရင်ခံချုပ် လော့ဒ်လစ်တန်ပေးပို့လိုက်သော အောက်ပါကြေးနန်းစာကို ဖတ်ပြလေသည်။

မန္တလေးရှိ ဗြိတိသျှသံမှူးကလည်း မြန်မာတို့သည် စစ်ပြင်ဆင်မှုများ ပြုလုပ်နေ၍ဖြစ်ကြောင်း၊ ခံတပ်များကိုလည်း ပိုမိုခိုင်ခံ့ရန်   အားဖြည့်နေကြကြောင်းအစီရင်ခံခဲ့သည်။ နိုင်ငံခြားသားများကို ခြိမ်းခြောက်မည့် အန္တရာယ်နှင့်   ဆူပူမှုများဖြစ်မည့်အကြောင်း ကောလာဟလ ဖြစ်နေသည်။ သတင်းစုံသိသောရပ်ကွက်များက  မဖွယ်မရာအခြင်းအရာများ ဖြစ်ပေါ်လိမ့်မည်ဟု သတိပေးချက်များ ရရှိထား၍ အခြေအနေအရပ်ရပ်မှာ စိုးရိမ်ဖွယ်ဖြစ်နေသည်။ မြန်မာပြည်ရှိ မြို့စောင့်တပ်မှာ  ငြိမ်းချမ်းသည့်အခါ  အစောင့်အရှောက်သဘောသာဖြစ်၍ နယ်ခြားတွင်  တစ်စုံတစ်ရာဆူပူလှုပ်ရှားပါက ကာကွယ်ပေးနိုင်ရန်  အင်အားမကြီးပါ။  စစ်တပ်အင်အားဖြည့်လိုက်သော သတင်းသည် မန္တလေးမြို့ရှိ   ကျွန်ုပ်တို့သံမှူးအား အထောက်အကူပြုပါလိမ့်မည်။

- ၁၈၇၉ ခုနှစ် မတ်လ ၂ဝ ရက်(ကြာသပတေးနေ့)

ရက်စက်သော မြန်မာဘုရင် ဗြိတိသျှနှင့်အချင်းဖြစ်ပွားလာရခြင်း၏အစ။

ကာလကတ္တား မတ်လ ၁၉ ရက်။

အရက်မူးယစ်ရမ်း ကားနေသည်ဆိုသော မြန်မာဘုရင်သည် တစ်ယူသန်သမားများနှင့် ဆန့်ကျင်ရေးပါတီဝင်များ၏ တိုက်တွန်းလှုံ့ဆော်ချက်အရ    သံမှူးအိမ်ကို  ထိုးဖောက်ဝင်ရောက်မည်ဟု ခြိမ်းခြောက်လျက်ရှိပေသည်။  အစိုးရကိုယ်တိုင် ဤသို့ရန်မူသောအမှုကိုပြုလိုက်ပါက    ဥရောပတိုက်သားအားလုံးကို သုတ်သင်ပစ်လိုက်ရန် အချက်ပေးလိုက်သကဲ့သို့ ဖြစ်လိမ့်မည်ဟု  ယုံကြည်ကြသည်။

- ၁၈၇၉ ခုနှစ် မတ်လ ၂၂ ရက်(စနေနေ့)(ခေါင်းကြီးပိုင်း)

မြန်မာ့ထီးနန်းဘုရင်အပြောင်းအလဲတွင် မငြိမ်မသက်မှုများဖြစ်နေခြင်း။

ဘုရင်သည် သက်ဦးဆံပိုင်ဖြစ်သည်။ ပထမတစ်လ၊  နှစ်လတွင်  ကောင်းစွာဆောင်ရွက်ပြုမူခဲ့သည်။

ထို့နောက်တွင်မူ  သုံးဆယ် မက္ခရာမင်းသားနှင့် ၎င်း၏ဆွေတော်မျိုးတော်များ အပါအဝင် လူပေါင်း ၁ဝဝ နီးပါးကို ရက်စက်စွာ သတ်ဖြတ်မှုကြီး ပေါ်ပေါက်ခဲ့သည်။

အချို့တိုင်းပြည်များမှ    ရက်စက်ကြမ်းကြုတ်သော ဘုရင်တို့ကို ဖယ်ရှားပစ်ရန်တာဝန်ကို အင်္ဂလန်ပြည်အား ကံကစီမံဖန်တီး ပေးလာဟန်ရှိနေသည်။ သို့ဖြစ်ရကား ယဉ်ကျေးမှုသွန်သင်ပေးရန် အတွက် ဇူးလူးနှင့် အာဖဂန်လူမျိုးများအပြင် မြန်မာများကိုပါ အင်္ဂလိပ်တို့စစ်မက်ပြုရကောင်း ပြုရဖွယ်ဖြစ်နေပေသည်။

- ၁၈၇၉ ခုနှစ်  မတ်လ  ၂၈ ရက်(သောကြာနေ့)(ခေါင်းကြီး)

မန္တလေးက ပြည့်ရှင်ဘုရင်။

ထီးမွေနန်းမွေကို    ရယူနိုင်သော သို့မဟုတ်  လုရန်ကြံစည်သော မင်းညီမင်းသားမြောက်မြားစွာကို သတ်ဖြတ်၍ နန်းတက်ပွဲကျင်းပခဲ့သော သသီရ မဟာ ဥပမ္မာရာဇာ(Thathira Maha Opanma Raza)ဘွဲ့ခံသီပေါဘုရင်သည်   မြန်မာ့ထီးနန်းတွင် စံမြန်းခဲ့သည့်အချိန်ကစ၍ အင်္ဂလိပ်တို့သည်  ထိုအရပ်ဒေသတွင် ကိုလိုနီနယ်သစ်များ ထပ်မံရရှိနိုင်သော စစ်ပွဲသစ်တစ်ခုတိုက်ရကောင်း တိုက်ရလိမ့်မည်ဟူသော သတင်းများပေါ်ထွက်လိုက်၊ ငြင်းဆိုလိုက်ဖြစ်ခဲ့ပေသည်။

ဘုရင်တစ်ပါးက  အပတ်တကုတ် ကြိုးစားမွေးထုတ်ခဲ့သော မင်းဆွေမင်းမျိုးများကို နောက်ဘုရင်က သုတ်သင်ပစ်ခြင်း အလေ့အထသည် အသစ်အဆန်းကိစ္စ တစ်ရပ်မဟုတ်ပါပေ။ ထုံးတမ်းစဉ်လာပင် ဖြစ်နေရကား  အင်္ဂလန်ကဝင်ရောက် စွက်ဖက်ရန်အကြောင်းမရှိပေ။ သို့ရာတွင် မန္တလေးမြို့ရှိ ၎င်း၏သံရုံးကိုကျူးကျော် တိုက်ခိုက်ခြင်း၊    ရန်ကုန်နှင့် ကာလကတ္တားမြို့တို့တွင်   ခိုလှုံနေသည်ကို လိုက်လံနှောင့်ယှက်ခြင်းပြုပါက စစ်ဖြစ်ပွားနိုင်သော ကိစ္စရပ်ဖြစ်လာပေမည်။

- ၁၈၇၉  ခုနှစ်   ဧပြီလ  ၂၈ ရက်(တနင်္ဂနွေနေ့)

မန္တလေးတွင် လူအများကို အစုအရုံးလိုက် ရက်စက်စွာသတ်ဖြတ်ခြင်း။

လန်ဒန်နယူးစ်၏   ရန်ကုန်သတင်းထောက်ထံမှ ပထမတွင် သတ်ဖြတ်မှုများကို ရှေးရိုးဗမာ့ ထုံးစံအတိုင်းပင် ပြုလုပ်ကြသည်။

ဦးခေါင်းကို သူ၏ခြေမျက်စိနှင့်  ပူးတွဲချည်နှောင်ထားကာ လည်ကုပ်ကို ဝါးရင်းတုတ်ဖြင့်  တစ်ချက်တည်း ရိုက်နှက်၍ ကိစ္စတုံးစေခြင်းဖြစ်သည်။  သို့ရာတွင် သရဲမရဲစီး  အရူးစိတ်ပေါက်နေသော သီပေါအတွက် ဤသတ်ဖြတ်ပုံရှုခင်းသည် မကြာမီပင်   ရိုး၍ပေါ့ပြက်ပြက်ရှိလာသည်။

၁၆ နှစ်ပျိုအရွယ်ရှိ သမီးတော်ကလေးကို   ကိုယ်ရံတော်တပ်မှ   တပ်သား ရှစ်ယောက်လက်သို့ အပ်လိုက်ရာ ၎င်းတို့၏ ယုတ်မာညစ်ညမ်းသော  အလိုဆန္ဒကို ဖြည့်ကြပြီးမှ မေ့မြောနေသော သူငယ်မလေးကို ထိုကျင်းထဲသို့ ဆွဲပစ်လိုက်ကြပြန်သည်။

- ၁၈၇၉ ခုနှစ် ဩဂုတ်လ  ၃၁ ရက်(တနင်္ဂနွေနေ့)

ထီရုံများဖွင့်သဖြင့်  ပျက်စီးကြခြင်း။

 နောက်ဆုံးတီထွင်လိုက်သည့်  သီပေါဘုရင်၏ အရူးထသောင်းကျန်းမှုတစ်ရပ်။

လန်ဒန်နယူးစ်၏ ရန်ကုန်သတင်းထောက်ထံမှ ၎င်း၏နန်းတော်သည် ထိတ်လန့်စက်ဆုပ်ဖွယ်များနှင့် မကောင်းမှုဒုစရိုက်များ ကိန်းအောင်းရာ တွင်းပုပ်ကြီးတစ်ခုဖြစ်နေသည့်အလျောက် မြို့တော်တစ်ခုလုံးကိုလည်း   နန်းတော်နည်းတူဖြစ်ရန် သီပေါဘုရင်သည် အစွမ်းကုန်ကြိုးစားလျက်ရှိချေသည်။ ထီဖွင့်ခြင်းဖြင့် ဘဏ္ဍာငွေရှာကြံရန် စိတ်ကူးပေါက်လာပြီးနောက် ထီရုံများကို မြို့လုံးပြည့်ဖွင့်သည်။ ထီရုံတစ်ခု၌ အပတ်စဉ်ထီဖွင့်ရန် သီးခြားအစီအစဉ်များပြုလုပ်ထားသည်။   ထိုသို့ဖြစ်ရကား  တစ်မြို့လုံးအဆက်မပြတ် အုန်းအုန်းကျွက်ကျွက် လှုပ်ရှားနေသည်။  

လူတွေ၏စိတ်လည်း  ဂနာမငြိမ်ဖြစ်နေကြသည်။  ငွေရှိသူများသည်  ရှိသမျှ ထီလက်မှတ်ဝယ်ပစ်လိုက်ကြ၍ ငွေမရှိသူများက ခိုးဝှက်လုယူရန်  လှည့်လည် ရှာကြံနေကြသည်။

ငွေနှစ်ကျပ်မတည်ရုံဖြင့် ငွေတစ်သောင်းရတဲ့ စီးပွားရေးလောက် ဘယ်စီးပွားရေးက ပိုကောင်းနိုင်သေးသလဲဟု   ဘုရင်က မေးမြန်းခဲ့သည်။ ဤသို့ပြောပုံဆိုပုံများကြောင့် မကောင်းကျိုးများဖြစ်ပေါ်လာဖွယ်ရာရှိသည်။ လူထု၏ တုံ့ပြန်အုံကြွမှုကြီး ဘုရင့်အပေါ်သက်ရောက်လာစရာ အကြောင်းရှိသည်။

အစဉ်အလာ လုပ်ရိုးလုပ်စဉ်အားလုံး ပျက်ပြားနေချေပြီ။ လူအပေါင်းတို့သည် နေ့ညမပြတ် လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ မကြာမီ ဤဖြစ်ရပ်များ အဆုံးသတ်ရချေမည်။ ပြင်းထန်သော အုံကြွပေါက်ကွဲမှုကြီးဖြင့် နိဂုံးချုပ်ကောင်းချုပ်စေလာတော့မည်။ ဗမာလူမျိုးတို့သည် ပုန်ကန်သည်ဆိုပါက အလွန်သွေးဆာသော လူမျိုးပေတကား။

- ၁၈၇၉ ခုနှစ် စက်တင်ဘာလ ၂၃ ရက် (အင်္ဂါနေ့)

မြန်မာပြည်၏ သေသောက်ကြူးဘုရင်လန်ဒန် စက်တင်ဘာလ ၂၂ ရက်။

ဘုရင်သည် လွန်မင်းစွာ သေသောက်ကြူးနေသည်။   အင်္ဂလန်နှင့်စစ်ဖြစ်မည့် ဘေးအန္တရာယ်ကို သဘောမပေါက်နိုင်အောင် စိတ်မာန်တက်ကြွ၍ ဘုရင်အား အမြော်အမြင်ကင်းမဲ့သော လူငယ်အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် ခြံရံနေကြသည်။ ဤအခြေအနေရှိနေသမျှ အသက်ဆံဖျားထား၍   နေထိုင်ကြရမည်မှာ  အမှန်ပင်ဖြစ်သည်။

- ၁၈၈၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်(သောကြာနေ့)

မြန်မာပြည့်ရှင်ဘုရင် အင်္ဂလိပ်လူမျိုးအဖွဲ့တစ်ဖွဲ့အား ဝမ်းမြောက်ကြည်သာစွာ အခစားဝင်ခွင့်ပေးခြင်း လန်ဒန်နယူးစ်၏ လန်ဒန်သတင်းထောက်ထံမှလွန်ခဲ့သော တစ်နှစ်အချိန် အောက်တိုဘာလ ထီးနန်းတက်စဉ်က သီပေါဘုရင်သည် အလွန်တင့်တယ်ချောမောသူ တစ်ဦးဖြစ်ခဲ့ပေသည်။ ချောမွေ့၍ သံလွင်သီး အရောင်အသားအရေရှိကာ တစ်ပြည်လုံးတွင် အချောအလှဆုံး ဗမာတစ်ယောက်ဟု ပြောစမှတ်ပြုခဲ့ကြသည်။ ယခုမူ ၎င်း၏မျက်နှာသည်   အန်းတမ်းတမ်း ပွတတဖြစ်နေသည်။ မျက်တွင်းနက်၍ မျက်စိများသည် အရောင်အဆင်း ကင်းမဲ့နေချေသည်။

တစ်ကိုယ်လုံး၏ ရုပ်ဆင်းသဏ္ဌာန်သည် မကျန်းမမာ စက်ဆုပ်ဖွယ်ရာဖြစ်နေလေသည်။  မျက်နှာကိုမော်၍  ကြည့်သည်။ ကြည့်ပြန်လျှင်လည်း   ဘေးစောင်းသာငဲ့ကြည့်ပြီး မျက်လွှာပြန်ချသွားတော့၏။ အချုပ်ဆိုရသော် နှစ် ၂၀ အရွယ်လူငယ်တစ်ဦးအတွက် အရက်သေစာမသောက်စားရေး ဟောပြောပွဲများတွင် ကြောက်မက်ဖွယ်ရာအဖြစ်   သက်သေတင်ပြရန် အကောင်းဆုံး နမူနာတစ်ခုဖြစ်ပေတော့သည်။     

အာဆီယံစံနှုန်းများနှင့်  မြန်မာနိုင်ငံ၏ “ကိုယ်ပိုင်လမ်းစဉ်”
-

သဘောတူညီချက်တစ်ခု ပြီးမြောက်ပုံရပါသည်။  မေလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သော ထိပ်သီးအစည်း အဝေးတွင် အာဆီယံခေါင်းဆောင်များသည် တီမော-လက်စတေးကို အဖွဲ့အစည်း၏ (၁၁) နိုင်ငံမြောက် အဖွဲ့ဝင် အဖြစ် လက်ခံမည်ဟု သဘောတူခဲ့ကြသည်။ ထိုအချိန်မှစ၍ နေပြည်တော်မှ မမျှော်လင့်ထားသော ကန့်ကွက်မှု တစ်ရပ်ကို မြန်မာအစိုးရဘက်မှ တရားဝင်ထုတ်ပြန်ချက်တစ်စောင်ဖြင့် ထုတ်ဖော်ခဲ့ပြီး အာဆီယံနှင့် လက်ရှိ ဥက္ကဋ္ဌ ဖြစ်သူ မလေးရှားနိုင်ငံအတွက် အကျပ်ရိုက်စေသော အခြေအနေတစ်ခုဖြစ်ပေါ်စေနိုင်သည်။

မြန်မာနိုင်ငံမှ ဒီလီ(တီမော-လက်စတေး)သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်သွယ်ခြင်းကို ဆက်လက်လုပ်ဆောင်နေပါက ၎င်း၏ အာဆီယံသို့ ဝင်ရောက်ရေးကို ထိခိုက်စေနိုင်သည်ဟု ပြောကြားခဲ့ သည်။ NUG သည် မြန်မာစစ်ကောင်စီအစိုးရ (SAC) နှင့် ဆန့်ကျင်နေသည့် အဖွဲ့အစည်းဖြစ်သည်။ NUG ကို တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ကိုယ်စားလှယ်ရုံးများ ဖွင့်ခွင့်ပြုထားသည့် နိုင်ငံဆယ့်နှစ်နိုင်ငံတွင် တီမော-လက်စတေးသည် နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်နေသည်။

ဤအရွေ့သည် တစ်ဖက်သတ်ချဉ်းကပ်မှုအပေါ် မြန်မာ၏လိုလားချက်ကိုပြသပြီး ၎င်းကို “ကိုယ်ပိုင်လမ်းစဉ်” ပေါ်လစီဟုဆိုကြပါစို့၊ အဖွဲ့အစည်းအပေါ် မူတည်ပြီး သဘောတူညီချက်အခြေပြု သံခင်းတမန်ခင်းကို ဆယ်စုနှစ် ခြောက်စုနီးပါး တွန်းအားပေးခဲ့သည့် ကာလကြာရှည်ရပ်တည်ခဲ့သည့် အာဆီယံလမ်းစဉ်ကို စိန်ခေါ်နေခြင်းဖြစ် သည်။ မနက်ဖြန်တွင်စတင်မည့် ကွာလာလမ်ပူမြို့ရှိ သုံးရက်ကြာ အာဆီယံဝန်ကြီးများအစည်းအဝေး (AMM) တွင် မဖြေရှင်းရသေးသော မေးခွန်းကြီးမှာ — မတူညီသည့်အမြင်များနှင့် သဘောထားများကို၊ မိမိတို့၏ ညီညွတ်မှုနှင့် အတွင်းရေးများကို မစွက်ဖက်သည့်မူဝါဒကို ဂုဏ်ယူသောအဖွဲ့တစ်ခုအဖြစ် မည်ကဲ့သို့ သဟဇာတဖြစ်အောင် ဖြေရှင်းနိုင်မည်နည်း ဟူ၍ဖြစ်သည်။

မေလထိပ်သီးအစည်းအဝေးအတွင်း သီးသန့်ဆွေးနွေးပွဲတစ်ခုတွင် စင်္ကာပူဝန်ကြီးချုပ် လော်ရင့်စ်ဝေါင်မှ  တီမော-လက်စတေးကို အောက်တိုဘာလတွင် အဖွဲ့ဝင်အဖြစ် လက်ခံရန် အခိုင်အမာ ထောက်ခံထားသည်။ မြန်မာနိုင်ငံ၏ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးမှ တက်ရောက်လာပြီး၊ ယခင်(၄၄) နှင့်(၄၅) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးများတွင်လည်း တက်ရောက်ဖူးသူလည်း ဖြစ်သည်။ တက်ရောက်စဉ်တွင် ၎င်းမှ မည်သည့်အမြင်မျှ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါ။ ဝန်ကြီးချုပ် အီဘရာဟင်အန်ဝါမှ သဘောတူညီမှု ရရှိခဲ့ကြောင်း ကောက်ချက်ချပြီး အဆုံးသတ်ခဲ့သည်။

(၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ဥက္ကဋ္ဌထုတ်ပြန်ကြေညာချက်တွင် (အထူးသဖြင့် စာပုဒ် ၁၂၄ မှ ၁၂၆ ထိ)၊ တီမော-လက်စတေး၏ ဝင်ရောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အဆင့်များကို (၄၇) ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးများနှင့် အကြီးတန်းအရာရှိများအား အဆုံးသတ် ဆောင်ရွက်ရန် တာဝန်ပေးထားကြောင်းနှင့် အရေးပါသော စီးပွားရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကိုလည်း မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း အတည်ပြုထားသည်။ ခေါင်းဆောင်များမှလည်း ဒီလီ (တီမော-လက်စတေး)သည် အာဆီယံလမ်းစဉ်တွင် ဖော်ပြထားသည့် စံနှုန်းများကို ပြည့်မီအောင် ဆောင်ရွက် နိုင်ရန်အတွက် မိတ်ဖက်အားလုံးမှ ကူညီပံ့ပိုးပေးရန်လည်း တိုက်တွန်းထားသည်။ လာမည့်အောက်တိုဘာ ၂၄ ရက်မှ ၂၆ ရက်အထိ အာဆီယံထိပ်သီးအစည်းအဝေးကို ကျင်းပရန် စီစဉ်ထားသည်။

သို့သော် ဇွန်လ ၁၄ ရက်နေ့ အာဆီယံအဆင့်မြင့် အရာရှိကြီးများအစည်းအဝေး (SOM)၌ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင် လက်မှတ်ရေးထိုးထားသည့် စာတစ်စောင်မှ တီမော-လက်စတေးအား “အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ရပ်တည်ချက်များနှင့်  ဆန့်ကျင်သော အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်းမှ ရှောင်ကြဉ်ပါ” ဟု သတိပေးထားပြီး၊ တီမော-လက်စတေး အနေဖြင့်လည်း “ဝင်ရောက်စွက်ဖက်ခြင်းမပြုရဆိုတဲ့မူကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေမည်ဆိုပါက အာဆီယံအဖွဲ့ဝင်အဖြစ် ငြင်းပယ်သင့်ပြီး လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အားလုံးကို ၎င်း၏ရပ်တည်ချက်ပြောင်းလဲသည်အထိ ဆိုင်းငံ့ထား သင့်ကြောင်း” သတိပေးထားသည်။ 

အဆိုပါအခြေအနေသည် SAC ၏ "ကိုယ်ပိုင်လမ်းစဉ်” နှင့် အာဆီယံ၏စည်းလုံးညီညွတ်မှု၊ ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်မှုနှင့် အပြန်အလှန်လေးစားမှုကို အလေးပေးသည့် အာဆီယံလမ်းစဉ် တို့တွင် ထိပ်တိုက် တွေ့နေကြောင်းဖော်ပြနေသည်။ ၂၀၂၁ အာဏာထိန်းပြီးချိန်မှစ၍ မြန်မာနိုင်ငံသည် အာဆီယံ၏ ငြိမ်းချမ်းရေး အစီအစဉ်ကို အပြည့်အဝ အကောင်အထည် ဖော်နိုင်ခြင်းမရှိဘဲ အာဆီယံ၏ တူညီဆန္ဒငါးချက် သဘောတူညီမှုဖြင့် မဖြစ်မနေ ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်။ ၎င်းအစား နေပြည်တော်သည် ၎င်း၏ကိုယ်ပိုင်လမ်းစဉ် (၅) ရပ်ကို အကောင်အထည်ဖော်နေပြီး အထူးသဖြင့် ရွေးကောက်ပွဲကျင်းပရေးတွင် တူညီသောရည်မှန်းချက် အချို့ကို ဖော်ပြထားသည်။ သို့သော် SAC ၏ ရွေးကောက်ပွဲအား ယုံကြည်သူနည်းပါးပြီး “လွတ်လပ်၍ တရားမျှတသော” ရွေးကောက်ပွဲကျင်းပရန် ယုံကြည်စိတ်ချရမှုနှင့် အားလုံးပါဝင်နိုင်မှုတို့မှာမူ ကင်းမဲ့နေသည်။

မြန်မာနိုင်ငံမှရွေးကောက်ပွဲပြီးနောက် အာဆီယံ၏မျှော်မှန်းချက်များအတိုင်း ပြန်လည် ဝင်ရောက်လိုသည်ဆိုလျှင်၊ အာဆီယံ၏မူအရရော လက်တွေ့မှာပါ အာဆီယံလမ်းစဉ်ကို နှစ်ခုလုံးကို လက်ခံလိုက်နာရမည် ဖြစ်သည်။ ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်မှ ရွေးကောက်ပွဲများကို ထွက်ပေါက်နည်းဗျူဟာအဖြစ် အသုံးပြုနေ သော်လည်း ၎င်းမှာ အာဆီယံအတွက် ဖိအားများရှိနေသည်။ အာဆီယံအဖွဲ့က ရွေးကောက်ပွဲရလဒ်အပေါ် အသိ အမှတ်ပြုမည်လားဟူသည့်အချက်သည် မြန်မာအစိုးရကို တရားဝင်အစိုးရအဖြစ် သတ်မှတ်ရန်အတွက် အရေးပါသည့်အချက် ဖြစ်လာသည်။

အာဆီယံအဖွဲ့၏ အသိအမှတ်ပြုမှုမရှိလျှင် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ သီးသန့်ဖြစ်တည်မှု အခြေအနေကို ပိုမိုပြင်းထန်စေကာ၊ နိုင်ငံအတွင်းမတူကွဲပြားမှုများကိုလည်း ပိုမိုမြှင့်တက်စေသည်။ အာဏာသိမ်းပြီး အချိန်နှင့် မကြာသေးမီ ဖြစ်ပေါ်ခဲ့သော ငလျင်အပြီး ပြည်သူ့ဝန်ဆောင်မှုများသည် ထိခိုက်ပျက်စီးလာခဲ့ပြီး မဲဆန္ဒရှင်အဖြစ် ပါဝင်နိုင်သူများကိုပါ ဖယ်ရှားသည့်အခြေအနေ ဖြစ်နေသည်။ လွန်ခဲ့သော လေးနှစ်တာကာလအတွင်း မြန်မာနိုင်ငံသားများ အားလုံးပါဝင်နိုင်သည့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင် စေရန်အတွက်၊ စဉ်ဆက်မပြတ် "လူသားချင်းစာနာမှု အကူအညီ" နှင့် "ငြိမ်းချမ်းရေး" ကို ရှေးဦးစွာ လုပ်ဆောင်ရမည်ဟု အာဆီယံမှ အခိုင်အမာ ပြောကြားခဲ့သည်။

အာဆီယံလမ်းစဉ်နှင့် “ကိုယ်ပိုင်လမ်းစဉ်” အကြား ထိပ်တိုက်ရင်ဆိုင်မှုသည် မြန်မာနိုင်ငံတစ်ခုတည်း အတွက်သာကန့်သတ်ထားခြင်းမဟုတ်ပါ။ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်နိမိတ် သတ်မှတ်ခြင်း နှင့် နယ်စပ်စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ခြင်းတို့ကြောင့် မကြာသေးမီမှ တင်းမာမှုများသည်လည်း မလေးရှား၏ အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေမှုကို ပိုမိုစိန်ခေါ်မှုများ ဖြစ်လာစေသည်။ ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံလုံးမှ အတွင်းရေးများကို မစွက်ဖက်ရန်ဆိုသည့် အာဆီယံ၏Treaty of Amity and Cooperation (TAC) ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်အရ  သဘောတူဆုံးဖြတ်ထားပါသည်။

ထိုသို့အကူအညီတောင်းခံမှုအစား ကမ္ဘောဒီးယားနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice - ICJ) ကို ချက်ချင်းဆက်သွယ်ခဲ့သည်။ ဖနွမ်းပင်မြို့သည် အဆိုပါနှစ်နိုင်ငံဆိုင်ရာ ပြဿနာကို အာဆီယံ နှစ်ပတ်လည်အစည်းအဝေး စနစ်အတွင်းမတင်ပြဘဲ အပြည်ပြည်ဆိုင်ရာအဆင့်သို့ ခေါ်ယူရန် တောင်းဆိုထားခြင်းသည်စံနမူနာတစ်ခုကို ချိုးဖျက်ခြင်းဖြစ်နိုင်သည်။  ထိုင်းနိုင်ငံမှ နှစ်နိုင်ငံထူထောင်ထားသော ယန္တရားများမှတစ်ဆင့် အကောင်းဆုံး ဖြေရှင်း သင့်သည်ဟု ထိုင်းနိုင်ငံမှ ထပ်လောင်းပြောကြားခဲ့သည်။

လာအိုနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ၂၀၀၆ ခုနှစ်တွင် အလားတူ ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး မလေးရှားနိုင်ငံမှ Tak Bai ဖြစ်ရပ်ကို နိုင်ငံတကာသို့တင်ပြခဲ့မည်ဆိုပါက ထိုင်းနိုင်ငံ အနေဖြင့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်မည် မဟုတ်ကြောင်း တုန့်ပြန်ခဲ့ပါသည်။ အဆိုပါကိစ္စအား  သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ခဲ့ပါသည်။ ထိုအဖြစ်အပျက်သည် အာဆီယံလမ်းစဉ် မည်မျှပင် အမြစ်တွယ် နေသည်ကို ပြသနေသည်။ အဖွဲ့ဝင်များ နက်နက်နဲနဲ သဘောထားကွဲလွဲမှုများ ရှိသည့်အခါတိုင်း အာဆီယံအဖွဲ့ များအတွင်း ညီညွတ်မှုကို ထိန်းသိမ်းထားရန် နှစ်နိုင်ငံပြဿနာများကို နိုင်ငံတကာတွင် ဖော်ဆောင်ခြင်းကို ရှောင်ကြဉ်ကြသည်။

သို့သော်လည်း အာဆီယံစောင့်ကြည့်သူများ၏ စိတ်ပျက်ရခြင်းကိုဖြစ်စေသလို အာဆီယံအဖွဲ့မှ အထူးသဖြင့် ကမ္ဘာ့နိုင်ငံရေးပြောင်းလဲမှုများအတွင်း  စီးပွားရေးသံတမန်ဆက်ဆံရေး၌ တွေ့ရသည့် မြန်မာ့ “ကိုယ်ပိုင်လမ်းစဉ်” အချို့ကို ရွေးချယ်စွာ လက်ခံထားခဲ့ပြီးဖြစ်သည်။ မကြာသေးမီမှ အာဆီယံအဖွဲ့သည် အမေရိကန်အကောက်ခွန်တိုးမြင့်မှုနှင့် ကျယ်ပြန့်သော ကမ္ဘာ့ကုန်သွယ်ရေး ပြဿနာများ အပေါ် ပူးပေါင်း တုံ့ပြန်၍ အာဆီယံခေါင်းဆောင်များသည် ၎င်းတို့၏ မိတ်ဖက်များအား အာဆီယံအဖွဲ့၏ ကျယ်ပြန့်သော သဘောထား နှင့် ကိုက်ညီနေပါက ကိုယ်ပိုင်ညှိနှိုင်းမှုများကိုလည်း ဆောင်ရွက်ခွင့် ပေးခဲ့ကြသည်။

ဗီယက်နမ်၏ အမေရိကန်နှင့် အကောက်ခွန်နှုန်းထားများဆိုင်ရာ နှစ်နိုင်ငံဆိုင်ရာညှိနှိုင်းမှုများမှာ နိုင်ငံ့ အကျိုးစီးပွားများနှင့် အာဆီယံစည်းလုံးညီညွတ်မှုတို့ အတူယှဉ်တွဲတည်ရှိနိုင်ခြင်း ရှိ မရှိကို သက်သေပြနေသည့် ထင်ရှားသော ဥပမာတစ်ရပ် ဖြစ်သည်။ အာဆီယံအဖွဲ့ဝင် အခြားနိုင်ငံများကဲ့သို့ပင် ဟနွိုင်းမြို့သည် ကြိုတင် ခန့်မှန်းနိုင်သော၊ ပွင့်လင်းမြင်သာသော၊ လွတ်လပ်သော၊ တရားမျှတသော၊ လူတိုင်းပါဝင်နိုင်သော၊ ရေရှည် တည်တံ့သော နှင့် စည်းမျဉ်းစည်းကမ်းအပေါ် အခြေခံသည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) ၏ ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်ကို ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံများကလည်း အလားတူလမ်းကြောင်းများကို လျှောက်လှမ်းလျက်ရှိသည်။

အာဆီယံလမ်းစဉ်သည် သဘောတူညီမှုရရှိရန် အနိမ့်ဆုံးသတ်မှတ်ထားသည့် "ဘုံမူဘောင်"အပေါ် အမှီပြု နေသည်ဟု ကြာမြင့်စွာ ဝေဖန်ခံခဲ့ရသော်လည်း၊ လက်တွေ့တွင် ပြောင်းလွယ်ပြင်လွယ် ဆောင်ရွက်ခဲ့သည်။ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း အာဆီယံအဖွဲ့အား မထိခိုက်စေဘဲ ၎င်းတို့၏ ကိုယ်ပိုင်လမ်းစဉ်များကို သိုသိပ်စွာ လုပ်ဆောင်ကြသည်။ ဤသို့လမ်းကြောင်း တစ်စုံဖြင့် နှစ်ခွ ချဉ်းကပ်နည်းသည် ဒေသတွင်း စည်းလုံးညီညွတ်မှုကို မထိခိုက်စေဘဲ နိုင်ငံ့ အကျိုးစီးပွားများကို ကာကွယ်စေနိုင်သည်။ စိန်ခေါ်မှုအနေဖြင့် မြန်မာနိုင်ငံမှ တီမောလက်စတေး ဝင်ရောက်ခွင့်ကို အဟန့်အတားဖြစ်စေသော “ကိုယ်ပိုင်လမ်းစဉ်မူဝါဒများသည် အာဆီယံ၏ တစ်စည်းတစ်လုံးရှိမှုကို ထိခိုက်မှုမရှိစေရန်” ကတိကဝတ်ပြုရမည် ဖြစ်ပါသည်။ 

“မြန်မာ့ကိုယ်ပိုင်လမ်းစဉ်”နှင့် အာဆီယံလမ်းစဉ် တို့အကြား သဘောထားချင်း မတိုက်ဆိုင်မှုသည် အချို့နိုင်ငံအတွက် ဆန့်ကျင်ဘက်ဖြစ်နေသကဲ့သို့၊ အခြားနိုင်ငံများအတွက်မူ မဖြစ်နိုင်ဟု ထင်ရမည်။ သို့သော် ၎င်းမှာ အနိုင်ရသူတစ်ဦးတည်းသာရှိသည့် ကစားပွဲတစ်ခု မဟုတ်ပါ။ အာဆီယံလမ်းစဉ်တွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံချင်းစီအတွက်  လုပ်ပိုင်ခွင့်များ လွတ်လွတ်လပ်လပ် ကျင့်သုံးနိုင်ရန်နေရာ ဖန်တီးထား၍ အဖွဲ့ဝင် အားလုံးသည် ဘုံသဘောတူညီချက်များကို လေးစားလိုက်နာကြသည်။ မလေးရှားနိုင်ငံ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှုတွင် ဤဟန်ချက်ညီမှုကိုညှိနှိုင်းဦးဆောင်ရန်မှာ အရေးကြီးသောတာဝန် တစ်ရပ်ဖြစ်နေသည်။ 

အာဆီယံ၏ တရားဝင် မဟုတ်သော်လည်း အားလုံးပါဝင်သည့် ချဉ်းကပ်နည်းသည် ထောက်ခံသူအသစ် များကို ဆက်လက်ရရှိနေခြင်းမှာ ကောင်းမွန်သည့်အချက်ဖြစ်သည်။ ၁၉၇၆ ခုနှစ် ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်တွင် ယခုအခါ အင်အားကြီးနိုင်ငံများ အားလုံးအပါအဝင်  စာချုပ်လက်မှတ် ရေးထိုးသူ ၅၉ နိုင်ငံ ရှိလာပြီဖြစ်သည်။ အယ်လ်ဂျီးရီးယားနှင့် ဥရုဂွေးနိုင်ငံတို့သည် ကွာလာလမ်ပူ အစည်း အဝေးတွင် အဆိုပါစာချုပ်ကို လက်မှတ်ရေးထိုး ဝင်ရောက်ကြလိမ့်မည်။ အာဆီယံ၏စံမှာ ပြီးပြည့်စုံခြင်း မရှိသော်လည်း ၎င်း၏သဘောဆန္ဒအလျောက် ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်လေးစားမှုနှင့် အဆင့်ဆင့် တိုးတက်မှုတို့ကြောင့် ကမ္ဘာ့နိုင်ငံများအကြား ဆွဲဆောင်မှု ပိုမိုရရှိလာနေသည်။

ဆက်လက်၍ အာဆီယံလမ်းစဉ် ကျိုးကြောင်းခိုင်မာစွာရပ်တည်နိုင်ရန် မိမိအမျိုးသားအကျိုး စီးပွားကို အခြေပြုသည့် “ကိုယ်ပိုင်လမ်းစဉ်” များကို ထိန်းညှိရန် အာဆီယံလမ်းစဉ်ကို လိုက်လျောညီထွေ ဖြစ်စေရန် လုပ်ဆောင်ရမည်ဖြစ်သည်။ အဖွဲ့ဝင်များ၏ မတူကွဲပြားမှုများကို လိုက်လျောညီထွေ ဖြစ်စေရန်ပြန်လည် ပြင်ဆင်ခြင်း၊ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းက အဖွဲ့အစည်းတစ်ခုလုံးကို ချုပ်ကိုင်ခြင်းမှ ကာကွယ်ရမည် ဖြစ်သည်။ တီမောလက်စ်တေး၏ အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုကို မြန်မာနိုင်ငံက ဟန့်တားနေခြင်းမှာ စမ်းသပ်မှု တစ်ရပ် ဖြစ်နေသည်။ 

ယခုအပတ်အတွင်း အာဆီယံလမ်းစဉ်သည် အုပ်စုအတွင်း သဘောထားကွဲလွဲမှုများကို စီမံခန့်ခွဲရာတွင် တွန်းအားပေးနိုင်မလား သို့မဟုတ် ဆန့်ကျင်ဖက်ဖြစ်သော " ကိုယ်ပိုင်လမ်းစဉ်" ဗျူဟာများကြောင့် တကွဲ တပြားစီ ပြိုကွဲမလား ဆိုသည်ကိုမူ ကမ္ဘာကမြင်တွေ့လာမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းသည် ပြီးခဲ့ သည့် နှစ်ပေါင်း ၅၈ နှစ်ကြာ တွဲလက်ခိုင်မြဲခဲ့ပြီး ဆက်လက်ရပ်တည် နေဦးမည်ဖြစ်သည်။ စိန်ခေါ်မှုတစ်ရပ်အနေဖြင့် အာဆီယံလမ်းစဉ်နှင့် "ကိုယ်ပိုင်လမ်းစဉ်" တို့ကြား ဝိရောဓိကို အားနည်းချက်မဖြစ်စေဘဲ အားသာချက်အဖြစ် ပြောင်းလဲနိုင်ရန် ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ထုတ် Bangkok Post သတင်းစာပါ Kavi Chongkittavorn ရေးသားသည့် “Myanmar’s my way vs Asean norms” သတင်းအား ဦးမျိုးမြင့်အောင်၊ နစက- ၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

KAVI CHONGKITTAVORN

peace
-

(ယမန်နေ့မှ အဆက်)

အစမ်းသပ်ခံ မြန်မာ့တန်ဖိုး

(ယမန်နေ့မှ အဆက်)

အစမ်းသပ်ခံ မြန်မာ့တန်ဖိုး

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် တာဝန်ယူကျင်းပခဲ့သည့် အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့သည် မဲဆန္ဒရှင်စာရင်းကို မမှန်ကန်သော နည်းလမ်းများဖြင့် မဲအရေအတွက် တိုးမြှင့်ခဲ့ခြင်း၊ အချို့သော မဲဆန္ဒနယ်များတွင် မဲပေးခြင်းလုပ်ငန်းစဉ်များကို ဥပဒေနှင့်မညီဘဲ ဆောင်ရွက်ခြင်း၊ မဲရလဒ်များကို မှတ်တမ်းတင်ရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း စသည်တို့ကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အာဏာကို မတရားနည်းဖြင့် ရယူရန် ကြိုးပမ်းခဲ့ကြသည်။ ဤအခြေအနေတွင် မြန်မာ့တပ်မတော်အနေဖြင့် အခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဒီမိုကရေစီစနစ်ကို ကာကွယ်ရန်အလို့ငှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးတာဝန်များကို လက်လွှဲယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

တစ်ပြိုင်နက်တည်းတွင်ပင် ပယောဂမကင်းသော မူဝါဒကွဲပြားမှုများ၊ လူမျိုးရေး ကွဲပြားမှုများ၊ နိုင်ငံရေးစနစ်ကွဲပြားမှုများကိုပုံကြီးချဲ့ပြီး ပဋိပက္ခပိုမိုကြီးထွားအောင် ဆောင်ရွက် နေကြသည်ကိုလည်း မြင်တွေ့နေရပါသည်။ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးစိန်ခေါ်မှု များနှင့် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲနေသော အင်အားစုများကြောင့် မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေရဆဲ ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်ငြိမ်မှုများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးစားထိန်းသိမ်း ဆောင်ရွက်ကာ ရှေ့လုပ်ငန်းစဉ်များအတိုင်း မဆုတ်မနစ်ချီတက်လျက်ရှိပါသည်။ သို့ရာတွင် အမျိုးမျိုးသော သွေးထိုးလှုံ့ဆော် အားပေးအားမြှောက်မှုများကြောင့် ယနေ့ထက်တိုင် အကျိုးဆက်အနေဖြင့် ပြည်သူလူထု၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအပါအဝင် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များအပေါ် အနည်းနှင့်အများ ထိခိုက်စေခဲ့ပါသည်။ တစ်နည်းဆိုရသော် အခြေအနေအရပ်ရပ်ကြားတွင် မြန်မာ့တန်ဖိုးစံနှုန်းများ ဆေးရေးမှေးမှိန်ခဲ့ရပါသည်။ 

နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ မြန်မာနိုင်ငံ၏ခံနိုင်ရည်နှင့် ပြန်လည်ထူထောင်ရေး စွမ်းရည်ကို စမ်းသပ်ခဲ့သည့် ပြင်းထန်သော သဘာဝဘေးအန္တရာယ်များကိုလည်း ကြုံတွေ့ခဲ့ရ သည်။ ယနေ့မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကြောင့် ဖြစ်ပေါ်လာသည့် အစွန်းရောက် ရာသီဥတုဖြစ်စဉ်များကို ကမ္ဘာ့နိုင်ငံအားလုံးက ရင်ဆိုင် တွေ့ကြုံနေရပြီး မြန်မာနိုင်ငံမှာလည်း ၂၀၂၃ ခုနှစ်၊ မေလမှာ ‘မိုခါ’မုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ‘ရာဂိ’ မုန်တိုင်း၏ အကြွင်းအကျန် တိမ်တိုက်များကြောင့် ရေကြီးရေလျှံ ဘေးများကို ရင်ဆိုင်ကျော်လွှားခဲ့ကြရပါသည်။

ထို့အတူ ၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့ မွန်းလွဲပိုင်း၌ အင်အား ၇.၇ ရစ်ချ်တာ စကေးရှိ လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် အယုတ်အလတ်အမြတ်မရွေး၊ ဆင်းရဲ ချမ်းသာမရှိ၊ လူမျိုး ဘာသာ အသွေးအရောင်မခွဲခြား၊ အသက်အရွယ်မပိုင်းခြား၊ နိုင်ငံရေး အရောင်အသွေးမသိ နိုင်ငံတစ်ဝန်းရှိ သက်ရှိလူသားအားလုံးနှင့် တိရိစ္ဆာန်များအပေါ် သက်ရောက်မှုကြီးမားစွာ ဖြစ်ပေါ်ခဲ့ရပါသည်။ ငလျင်ဘေးသင့်ဒေသများမှ ပြည်သူများ၏ လူမှုစီးပွားဘဝများ၊ အခြေခံအဆောက်အဦ၊ လမ်း၊ တံတားအပါအဝင် အမြတ်တနိုး တန်ဖိုးထား ကိုးကွယ်ရာဖြစ်သည့် ဘုရား၊ စေတီ၊ ကျောင်း၊ ကန်၊ ပုထိုးတွေ များစွာ မြေခလဲပြိုခဲ့ရမှု အပေါ် နိုင်ငံသားများအနေဖြင့် ယူကျုံးမရ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ကြရသည်။ ဤသည်မှာ လည်း သဘာဝတရားကြီးက မြန်မာ့တန်ဖိုးများအပေါ် စမ်းသပ်လိုက်ခြင်းပင် ဖြစ်သည်။

ငလျင်လှုပ်ခတ်ပြီးချိန်မှစ၍ နိုင်ငံတော် အကြီးအကဲနှင့် အစိုးရအဖွဲ့များသည် ချက်ချင်း လှည့်လည်ကြည့်ရှုကာ ပျက်စီးမှုဒဏ်သင့် ဒေသများသို့ အရေးပေါ်အကူအညီများပေးပို့ခဲ့ပြီး ပြည်တွင်းနှင့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာပိတ်မိနေသူများကို အမြန်ဆုံးကယ်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ ဒုက္ခသည်များအား ယာယီခိုလှုံရန် စခန်းများဖွင့်လှစ်ပေးခဲ့ခြင်းနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဆင့်လိုက် စနစ်တကျဆောင်ရွက်ခဲ့ရာ ပထမအဆင့်တွင် ပျက်စီးသောလမ်းများ၊ တံတားများနှင့် အခြေခံ အဆောက်အအုံများကို အရေးပေါ်ပြုပြင်မှုများပြုလုပ်ခဲ့ပြီး ဒုတိယအဆင့်တွင် ဆက်သွယ်ရေး လိုင်းများ၊ လျှပ်စစ်နှင့် ရေသွယ်စနစ်များကို ပြန်လည်ဖော်ဆောင်ခဲ့သည်။ တတိယအဆင့် အနေဖြင့် အန္တရာယ်ရှိအဆောက်အအုံများကို ဖြိုဖျက်ကာ ရေရှည်တည်တံ့သော ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို စတင်ခဲ့သည်။ 

Image removed.Image removed.
 
အာဆီယံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အကူအညီများကို လက်ခံရယူကာ နည်းပညာ၊ ကျွမ်းကျင်မှုနှင့် ငွေကြေးအထောက်အပံ့များရရှိအောင် ဆောင်ရွက်ခဲ့သည်။ နိုင်ငံ တကာမီဒီယာများတွင် မြန်မာပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းကို မီးမောင်းထိုးပြခဲ့သည်။ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးအတွက် ငလျင်ဒဏ်ခံနိုင်ရည်ရှိသော အဆောက်အအုံများ တည်ဆောက်ရန် စံချိန်စံညွှန်းများ ပြန်လည်သတ်မှတ်ခဲ့ပြီး သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် စေရန် သင်တန်းများပို့ချခဲ့သည်။ ဘာသာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည် တည်ဆောက်ရာတွင် ပြည်သူများ၏ စိတ်ဓာတ်ကိုမြှင့်တင်ပေးခဲ့ပြီး ငလျင်ဒဏ်သင့် ပြည်သူများ အတွက် စိတ်ပိုင်းဆိုင်ရာ ခွန်အားများရရှိစေခဲ့သည်။

“ ၇.၇ ရစ်ချ်တာစကေး ပြင်းအားရှိ ငလျင်ကြီးသည် အုတ်၊ သဲ၊ ကျောက်၊ သံမဏိများနဲ့ အခိုင်အမာတည်ဆောက်ထားရှိတဲ့ လမ်း၊ တံတား၊ အဆောက်အဦတွေကို အတုံးအရုံးလဲကျအောင် ဖြိုလှဲနိုင်ခဲ့ပေမယ့် မြန်မာတို့ရဲ့ စိတ်ဓာတ်ကိုတော့ ယိမ်းယိုင်လဲကျသွားအောင် လှုပ်ခတ်မစွမ်းဆောင်နိုင်ခဲ့ပါဘူး ”

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံး ပြန်လည်ကုစားရန်နှင့် အနာဂတ်တွင် ပိုမိုကောင်းမွန်သော လူမှုစီးပွားစနစ်ကို တည်ဆောက်ရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

တစ်ပြိုင်နက်တည်းတွင်ပင် နိုင်ငံရေးစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် နိုင်ငံတော် အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း ဆက်လက်အကောင်အထည်ဖော်လျက်ရှိ သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ ထာဝရငြိမ်ချမ်းရေးကို ရှေးရှုကာ တပ်မတော်မှ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲပေးခဲ့မှုများအကြိမ်ရေများစွာရှိခဲ့ပြီး မတ်လ (၂၈) ရက်နေ့ မန္တလေးငလျင်ကြီးလှုပ်ခတ်အပြီးတွင်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်း များအပေါ် အားသွန်ခွန်စိုက် ပြုလုပ်နိုင်ရန်နှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် အထူး အထူးကိစ္စရပ်အနေဖြင့် တပ်မတော်မှအပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk-2025) နှင့် ဇွန်လအတွင်း ငြိမ်းချမ်းရေးဖိုရမ် (Peace Forum-2025) ကို ကျင်းပခဲ့ရာ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော်အငြိမ်းစားအရာရှိ ကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ခဲ့ကြသူများ၊ နိုင်ငံတကာမှ ဧည့်သည်တော်များ၊ နိုင်ငံခြားသံရုံးအသီးသီးမှ သံတမန်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ မီဒီယာများ၊ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခ များ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များနှင့် လေ့လာသူများ စသည့် အလွှာစုံအစုအဖွဲ့အသီးသီးမှ တက်ရောက်ဆွေးနွေးဆောင်ရွက်မှုများကိုကြည့်ခြင်းဖြင့် အစိုးရနှင့် ပြည်သူများက ငြိမ်းချမ်းမှု ရရှိရေးအတွက် မည်မျှဆန္ဒပြင်းပြလျက်ရှိကြောင်း တွေ့မြင်ရမည်ဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ငြိမ်းချမ်းရေးစကားဝိုင်းများတွင်-

“ငြိမ်းချမ်းရေးမူဝါဒတွေဟာ NCA စာချုပ်ရဲ့အနှစ်သာရတွေဖြစ်သလို ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုတွေကရရှိလာတဲ့ “အသိတရား” တွေဖြစ်ပြီး လက်ရှိ ငြိမ်းချမ်းရေးတည်ဆောက်မှု ခိုင်မြဲစေဖို့အတွက် လိုက်နာလုပ်ဆောင်ရမယ့် “အရှိတရား” တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အန္တိမမျှော်မှန်းထားတဲ့ ရည်မှန်းချက်ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ “ပြည်ထောင်စုနိုင်ငံ” ထူထောင်နိုင်ဖို့ဖြစ်ပါတယ်” ဟု အလေးနက် ထားပြောကြားခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ လက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရသည့် သဘာဝဘေးဒဏ်များ၊ ပြည်ထောင်စုကြီးပြိုကွဲရန် ပြည်တွင်း၊ ပြည်ပအဖျက်အမှောင့် လုပ်ရပ်များအားလုံးကို ကျော်လွှား၍ အစိုးရ၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံးက “မီးလျှံကြားမှ ဇာမဏီငှက်” ကဲ့သို့ အတူရုန်းထကြိုးပမ်းဆောင်ရွက်ကာ ပြည်ထောင်စုစိတ်ဓာတ်တန်ဖိုးကို ခိုင်မာအားကောင်း စေရန်မြှင့်တင်ရင်း ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုဆီသို့ ချောမွေ့ အောင်မြင်စွာ အသွင် ကူးပြောင်းနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။ 

မြန်မာ့အနာဂတ် (Myanmar’s Future)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် "မိမိကိုယ်ကို အားကိုးခြင်းမူဝါဒ (Self Reliance Policy)" ကို အခြေခံ၍ ပြည်သူများနှင့်အတူ အနာဂတ် ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီးကို ရည်မှန်းတည်ဆောက်လျက်ရှိပါသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း "လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတစ်ရပ်" ကျင်းပ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးဆီသို့ ဦးတည်လျှောက်လှမ်းလျက်ရှိပါသည်။ ရွေးကောက်ပွဲများမှတစ်ဆင့် ပေါ်ထွက်လာမည့် ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ်သည် အာဏာခွဲဝေကျင့်သုံးခြင်း (Power Sharing)၊ သယံဇာတခွဲဝေခြင်း (Resource Sharing) အစရှိသည်တို့ကို လွှတ်တော်များမှ တစ်ဆင့် ကျင့်သုံးဆောင်ရွက်နိုင်ခြင်းက ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက်လည်း ကြီးမားသော အထောက်အပံ့ဖြစ်စေမည် ဖြစ်ပါသည်။ 

ယခုကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံသားအားလုံးအတွက် နိုင်ငံရေးဖြစ်စဉ်တစ်ခု ထက်ပိုသော မျှော်လင့်ချက်များကိုဆောင်ကြဉ်းလာမည်ဖြစ်ပါသည်။ မြန်မာတို့၏ အမျိုးသား ရေး စရိုက်လက္ခဏာနှင့် တန်ဖိုးများကို ပြန်လည်မြှင့်တင်နိုင်မည်ဖြစ်ပြီး အခွင့်အလမ်းများ ဖြင့် ပြည့်နှက်နေသော မြန်မာ့အနာဂတ်ကို ပုံဖော်ရန် ကတိကဝတ်လည်း ဖြစ်ပါသည်။ ရွေးကောက်ပွဲမှတစ်ဆင့် မြန်မာနိုင်ငံသည် တင့်တယ်စွာ တန်ဖိုးသိစွာ၊ ဂုဏ်သိက္ခာရှိစွာ၊ ရပ်တည်မှုကို နိုင်ငံတကာအား ရှင်းလင်းပြတ်သားစွာ အသိပေးနိုင်မည်ဖြစ်ပါသည်။ မှေးမှိန် သယောင်၊ ညှိုးနွမ်းသယောင်ဖြစ်နေသည့် မြန်မာ့တန်ဖိုးများကို အရောင်တင်ခြင်းဖြင့် မြန်မာ့ အနာဂတ်ကို ပုံဖော်ခြယ်သရမည်ဖြစ်ပါသည်။ မြန်မာ့တန်ဖိုးမြှင့်တင်ရေးကဏ္ဍ(Myanmar’s Value)နှင့် မြန်မာ့ ဒီမိုကရေစီဖော်ဆောင်ရေးကဏ္ဍသည် အနှစ်သာရအားဖြင့်လည်း ထပ်တူ ကျလျက်ရှိပါသည်။ 

လက်ရှိအခြေအနေများအရ ရွေးကောက်ပွဲကျင်းပခြင်းကို ထွက်ပေါက်ဟု မယူဆနိုင်ပါ။ လာမည့်ရွေးကောက်ပွဲသည် အနာဂတ်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးဆီသို့ ချီတက်ရာ မုဒ်ဦးတံခါးဝတစ်ခုဟု ဆိုနိုင်ပါသည်။ ရွေးကောက်ပွဲ ပင်မတံခါးကြီးကို ဖွင့်လှစ်ဝင်ရောက်ပြီး ပဋိပက္ခမှန်သမျှ နိုင်ငံရေးစားပွဲဝိုင်းများအပေါ်တွင် ဖြေရှင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများဖော်ဆောင်ကာ ညီညွတ်မှုကို တည်ဆောက်ရင်း မြန်မာ့တန်ဖိုးများကို မြှင့်တင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ အစီအရီ အသင့်ရှိနေကြမည့်ပုံရိပ်ကို လှမ်းမျှော်ကြည့်နိုင်ပါသည်။ ယခုလာမည့် ရွေးကောက်ပွဲသည် အနာဂတ်မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု လမ်းမကြီးဆီသို့ ချိတ်ဆက်ပေးမည့် ပေါင်းကူးတံတားကြီးပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဆိုလျှင် မျှော်လင့်ချက်များ စုစည်းပေါင်းစုံရာ ပြည်ထောင်စုအိမ်ကြီး၏ ဝင်ပေါက်တစ်ခု (Gateway to Democracy) ဟုလည်း ဆိုနိုင်ပါသည်။ 

မြန်မာ့လမ်းကြောင်း… မြန်မာ့အနာဂတ် (Myanmar’s Way-Myanmar’s Future)

မြန်မာ့အနာဂတ်သို့ လျှောက်လှမ်းရာ လမ်းကြောင်းသည် လွယ်ကူသောလမ်း မဟုတ်ပေ။ သို့ဖြစ်ရာ အခက်အခဲများနှင့် စိန်ခေါ်မှုများကိုရင်ဆိုင်ရင်း အခွင့်အလမ်းများ ဖော်ထုတ်အသုံးပြုနိုင်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မြန်မာ့ အနာဂတ်ကို အကောင်အထည်ဖော်တည်ဆောက်ရာတွင် ဦးစွာလွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးသည် အလွန်အဓိကကျနေပါသည်။ 

အနာဂတ်အစီအမံများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေး မြန်မာ့လမ်းကြောင်းကို လျှောက်လှမ်းရာတွင် သမိုင်းတန်ဖိုး၊ နိုင်ငံရေးတန်ဖိုး၊ စီးပွားရေးတန်ဖိုး၊ ပထဝီဗဟိုချက် တန်ဖိုး၊ ဘာသာ၊ သာသနာ ယဉ်ကျေးမှုတန်ဖိုး၊ လူမှုရေးတန်ဖိုးနှင့် ပြည်ထောင်စုစိတ်ဓာတ်တန်ဖိုးများကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်ခြင်းနှင့်အတူ ပြည်သူတစ်ဦးချင်းစီ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လိုစိတ်၊ တာဝန်ယူလိုစိတ်၊ စည်းလုံးညီညွတ်မှုနှင့် ကြံ့ကြံ့ခံနိုင်သော စွမ်းအားများဖြင့် ပြည်ထောင်စုကြီးခိုင်မာအားကောင်းစေရန် စုစည်းပုံဖော်တည်ဆောက်သွားရန်လိုအပ်ပါသည်။ သို့ဖြစ်၍လည်း ၂၀၂၅ခုနှစ်၊ မတ်လအတွင်း ကျင်းပပြုလုပ်ခဲ့သည့် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ”တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့အနေဖြင့် အခွင့်အလမ်းများရှိသကဲ့သို့ စိန်ခေါ်မှုများလည်းရှိကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို နည်းလမ်းပေါင်းစုံဖြင့်ကျော်လွှားပြီး နိုင်ငံတိုးတက်ရေးကို ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများအနေဖြင့် ယနေ့မှစပြီး “မြန်မာ့အနာဂတ် ဘဝလှပဖို့ - မြန်မာ့တန်ဖိုးမြှင့်ကြစို့” ဟု လေးနက်စွာ တိုက်တွန်းပြောကြားခဲ့ပါသည်။ 

ယနေ့ မြန်မာနိုင်ငံသည် လေပြင်းမုန်တိုင်းများ ကင်းစင်ချိန်တွင် ပေါ်ထွက်လာသည့် သက်တံ့ကြီးပမာ အရောင်အသွေးစုံလင်မျှတမှုကို ရှေးရှု၍ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုး တိုးတက်သော မြန်မာ့အနာဂတ်ဆီသို့ လှမ်းချီရမည့် အချိန်အခါပင်ဖြစ်ပါသည်။ သို့ဖြစ်ရာ “သမိုင်းအစဉ်အလာကြီးမားခဲ့သည့် မြန်မာ့တန်ဖိုးနှင့် မြန်မာ့ပထဝီအနေအထား၏ အရေးပါစွာ တည်ရှိနေမှုများကို အရာရောက်… ဖြစ်မြောက်အောင်မြင်သည်အထိ ပုံဖော်တည်ဆောက်နိုင်ရေးနှင့် နိုင်ငံတကာအလယ်တွင် အောက်တန်းနောက်တန်းမကျစေရေး တို့အတွက် မျိုးချစ်စိတ်နှင့်အတူ တက်ကြွသောနိုင်ငံသား (Active Citizen) စိတ်ဓာတ်များ ဖြင့် မှေးမှိန်ပျောက်ကွယ်လုနီးဖြစ်နေသော “မြန်မာ့တန်ဖိုး” များကို မြှင့်တင်ရင်း အနာဂတ် နေ့သစ်များဆီသို့အတူတကွပေါင်းစည်းချီတက်ကြရမည့် အချိန်အခါသမယဖြစ်ပါကြောင်း....”

မောင်မိုး

“မြန်မာ့တန်ဖိုး... မြန်မာ့အနာဂတ်” (Myanmar’s Value – Myanmar’s Future)
-

“သနပ်ခါး၏     အေးမြသင်းပျံ့သော မွှေးရနံ့မှသည် ဆယ့်နှစ်ရာသီပန်းများ၏   ရောင်စုံဝင့်လွင်သော ပွင့်ချပ်များအထိ. . .

ဧရာဝတီ၏ ငြိမ်းချမ်းသော စီးဆင်းမှုမှသည်  စိမ်းလန်းသော  ရိုးမတောင်တန်းများအထိ. . .

မြန်မာတို့၏အင်အားသည်    မြန်မာ့အမွေအနှစ်များ၊ မြန်မာ့တန်ဖိုးများတွင်  နက်ရှိုင်းစွာ အမြစ်တွယ်နေပါသည်. . .”

မြန်မာနိုင်ငံသည် ခိုင်မာသောသမိုင်းကြောင်း၊ ကြွယ်ဝသောယဉ်ကျေးမှုအစဉ်အလာများဖြင့် ပြည့်နှက်နေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ရွှေတိဂုံစေတီတော်၏ ကြီးမြတ်သော သာသနာ့ရွှေရောင်ထွန်းပြောင်မှုမှသည် ဧရာဝတီမြစ်၏ အေးချမ်းသာယာသောစီးဆင်းမှုအထိ မြန်မာနိုင်ငံ၏ ကိုယ်ပိုင်လက္ခဏာကို ရာစုနှစ်ပေါင်းများစွာတည်ရှိခဲ့သည့် ရိုးရာဓလေ့များ၊ တိုင်းရင်းသားလူမျိုးများ၏ ကြံ့ခိုင်မှုများဖြင့် စုစည်းပုံဖော်ထားသည်။ စင်စစ်အားဖြင့် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်လက္ခဏာသည် နိုင်ငံ၏အမည်အတွင်း၌ပင် အထင်အရှားပေါ်လွင်နေသည်။ “မြန်မာ”ဟူသောစကားလုံးသည် ကျွန်ုပ်တို့လူမျိုး၏   သန်မာမှုနှင့်လျင်မြန်မှုကို ရောင်ပြန်ဟပ်စေသည်။ “မြန်” (Swift)သည်လျင်မြန်မှုနှင့်လိုက်လျောညီထွေဖြစ်မှုကိုကိုယ်စားပြုပြီး “မာ”(Resilience)သည်သန်မာမှုနှင့်ခံနိုင်ရည်ရှိမှုကိုကိုယ်စားပြုသည်။ ဤပေါင်းစပ်မှုသည်   ကျွန်ုပ်တို့နိုင်ငံ၏ ကြံ့ကြံ့ခံနိုင်သောစိတ်ဓာတ်ကို  ပေါ်လွင်စေသည်။

မြန်မာ့သနပ်ခါးသည် အသားအရေလှပတင့်တယ်စေသည့် အလှကုန်ပစ္စည်းတစ်ခုထက်ပိုသည်။ ၎င်းသည် သန့်ရှင်းစင်ကြယ်မှု၊ နေရောင်ခြည်ဒဏ်ကိုကာကွယ်နိုင်မှုနှင့် မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာသောရိုးရာဓလေ့ကို ကိုယ်စားပြုသည်။ ထိုကဲ့သို့ပင် မြန်မာတို့၏ယဉ်ကျေးမှုမြင့်မားခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် ကြံ့ကြံ့ခံနိုင်ခြင်းတို့သည် မြန်မာ့တန်ဖိုးများဖြစ်ပြီး ထိုတန်ဖိုးများကို မျိုးဆက်တစ်ခုပြီးတစ်ခုလက်ဆင့်ကမ်း၍ စွမ်းအားအဖြစ်   စုစည်းပွေ့ပိုက်ကာ ခေတ်အဆက်ဆက်  စိန်ခေါ်မှုများကို လျင်မြန်စွာနှင့်သန်မာစွာ ရင်ဆိုင်ကျော်လွှားခဲ့ခြင်းသည် မြန်မာ့လမ်းစဉ်(Myanmar’s Way)များ အတိုင်းပင်ဖြစ်သည်။ မြန်မာ့နည်း  မြန်မာ့ဟန် (Myanmar-Owned and Myanmar-Led) ဖြင့်ပင် မြန်မာနိုင်ငံသည် သမိုင်းတစ်လျှောက်ကြုံတွေ့ခဲ့ရသော ကိုလိုနီခေတ်၊ ထိုမှတစ်ဆင့် ပေါ်ပေါက်လာသော ရောင်စုံသူပုန်ခေတ်၊ ခေတ်အဆက်ဆက် ရှင်ကြီးဝမ်းနှင့် ရှင်ငယ်ဝမ်း အသီးသီးတွင် ဖြတ်သန်းရင်း နိုင်ငံရေးပဋိပက္ခအဖုံဖုံတို့ကို ကျော်လွှားနိုင်ခဲ့ကာ မုန်တိုင်းအပြီးထွက်ပေါ်လာသည့် ရောင်စုံသက်တံ့ပမာ တစ်ဖန်ထွန်းလင်းတောက်ပခဲ့သည့် သာဓကသမိုင်းများရှိခဲ့ပြီဖြစ်သည်။

သမိုင်းကြောင်းတန်ဖိုး

မြန်မာနိုင်ငံသည် ရှေးကျသောယဉ်ကျေးမှု၊ ထူးခြားသည့်သမိုင်းအမွေအနှစ်နှင့် လှပသောသဘာဝတရားတို့ဖြင့် ကမ္ဘာ့သမိုင်းတွင် အထူးခြားဆုံးနေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ကျွန်ုပ်တို့၏ မြေသည် ပုဂံခေတ်မှစတင်၍ ကိုလိုနီခေတ်၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်  ယနေ့ခေတ်အထိ ရှည်လျားသောသမိုင်းကြောင်းများကိုပိုင်ဆိုင်ထားပြီး ထိုအမွေအနှစ်များသည် မြန်မာလူမျိုးတို့၏ ဂုဏ်ရည်နှင့် စိတ်ဓာတ်ကို ထင်ဟပ်စေသည်။ နှစ်ပေါင်းထောင်ချီရှိသော သမိုင်းကြောင်းတွင်   ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊  မြို့ပြခေတ် ယဉ်ကျေးမှုအဆင့်ဆင့်ထွန်းကားလာမှုကို ပုဂံပြည်ကြီးက သက်သေထူလျက်ရှိသည်။ “တကောင်းအဘိရာဇာ၊ တို့မြန်မာ သာကီမျိုးဟာမို့” ဟု စာဖွဲ့ခဲ့ရသော တကောင်းမှစ၍ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် စသည့်ခေတ်စဉ်များတစ်လျှောက် မြန်မာတို့သည် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ခံ့ညားထည်ဝါစွာနေထိုင်ခဲ့ကြသည်။

အဓွန့်ရှည်တည်တံ့ခိုင်မြဲလာခဲ့သော မြန်မာ့သမိုင်းစဉ်တစ်လျှောက်တွင်  နိုင်ငံတော်ကြီးတည်တံ့ခိုင်မာရေးအတွက် ဘိုးဘွားဘီဘင်များ  သွေးနှင့်ရေးထိုးခဲ့သော သမိုင်းမှတ်တမ်းကောင်းများ၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက်   အသက်၊ သွေး၊ ချွေးပေးဆပ်ပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့သော သမိုင်းမှတ်တမ်းကောင်းများသည် ယနေ့ထက်တိုင် မော်ကွန်းတင်ထားဆဲဖြစ်သည်။ မြန်မာ့သမိုင်း၏တန်ဖိုးသည် အတိတ်ကိုမှတ်တမ်းတင်ရုံသာမက သင်ခန်းစာယူ၍  အနာဂတ်ကိုပုံဖော်ဖန်တီးရန်ဖြစ်သည်။ သင်ခန်းစာယူရန် အခြေခံဖြစ်သည်။ ကျွန်ုပ်တို့၏ မျိုးဆက်သစ်များအနေဖြင့် ဤသမိုင်းအမွေကို ထိန်းသိမ်းကာကွယ်ပြီး ငြိမ်းချမ်းသော၊ဖွံ့ဖြိုးသောနိုင်ငံတစ်ခုအဖြစ် ဆက်လက်တည်ဆောက်ရန် တာဝန်ရှိသည်။

ပထဝီဗဟိုချက်တန်ဖိုး

မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ အင်ဒိုချိုင်းနားကျွန်းဆွယ်အား ပိုင်းခြားထားပြီး အရှေ့ဘက်တွင် အာဆီယံအပါအဝင် အာရှဒေသတစ်ခုလုံးနှင့် ပစိဖိတ်သမုဒ္ဒရာ၊ အနောက်ဘက်တွင် တောင်အာရှဒေသအပါအဝင် အိန္ဒိယသမုဒ္ဒရာ  စသည့်သမုဒ္ဒရာနှစ်စင်းနှင့် ဒေသတစ်ခုကို ပိုင်းခြားထားသည်။ တစ်နည်းအားဖြင့်   ၎င်းဒေသနှစ်ခုနှင့် သမုဒ္ဒရာနှစ်စင်းတို့အား  ဆက်စပ်ပေးရာ Land Bridge တစ်ခုအဖြစ် တည်ရှိနေသည်။     

မြန်မာ့ပင်လယ်ပြင်နှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယသမုဒ္ဒရာသည် အာရှတိုက်၊ အာဖရိကတိုက်နှင့် ဩစတြေးလျတိုက်တို့၏ ဆက်သွယ်ရာ ဗဟိုတွင်တည်ရှိပြီး ကမ္ဘာ့ကုန်သွယ်ရေးနှင့်  စီးပွားရေးအရ အချက်အချာကျသည်သာမက    ပထဝီနိုင်ငံရေး(Geopolitics)နှင့်ပထဝီစီးပွားရေး (Geoeconomics) အရ အလွန်အရေးပါသောနေရာတစ်ခုဖြစ်သည်။ 

တောင်အာရှနှင့် အရှေ့တောင်အာရှအကြား ဆုံမှတ်တွင်တည်ရှိသော မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ သံတမန်ရေးနှင့်  ယဉ်ကျေးမှုဖလှယ်ရေးတို့၏ဗဟိုချက်ဖြစ်ခဲ့ပြီး   မြန်မာတို့၏ပထဝီနိုင်ငံရေး တန်ဖိုးတစ်ခုလည်းဖြစ်သည်။ ဘုရားစေတီပုထိုးများစွာတည်ရှိသော ရှေးဟောင်းမြို့တော် ပုဂံသည် တစ်ချိန်က အိန္ဒိယ၊ တရုတ်နှင့်   အရှေ့တောင်အာရှကြားသမိုင်းနှင့်ယဉ်ကျေးမှုတံတားအဖြစ်တည်ရှိခဲ့ပြီး ဒေသတစ်ဝန်းမှ ပညာရှင်များနှင့် ကုန်သည်များကို ဆွဲဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အာရှတိုက်အရှေ့တောင်ပိုင်းရှိ အင်ဒိုချိုင်းနားကျွန်းဆွယ်ကြီး၏ အနောက်ပိုင်းတွင် မဟာဗျူဟာကျကျတည်ရှိနေခြင်းနှင့်အတူ နိုင်ငံအတွင်းသဘာဝသယံဇာတများပေါကြွယ်ဝမှုများ၊ ကမ်းရိုးတန်းတည်ရှိမှုအနေအထား၊ သဘာဝနှင့်ဖန်တီးဆိပ်ကမ်းများရရှိနိုင်မှု  အနေအထား၊ မြစ်ချောင်းများ၏တည်ရှိမှုအနေအထား၊ မြေဆီဩဇာပြည့်ဝမှု၊ အဓိကကုန်သွယ်ရေကြောင်း ဆက်သွယ်ရေးလမ်းကြောင်းများနှင့် နီးကပ်မှု၊ သမုဒ္ဒရာများအတွင်းသို့    အလွယ်တကူဝင်ရောက်နိုင်သည့် ပင်လယ်ပြင်ထွက်ပေါက်ရှိခြင်းစသည့်ရေကြောင်းဆိုင်ရာ အနေအထားများသည် မြန်မာပထဝီတန်ဖိုးများဖြစ်သည်။

၎င်းပထဝီဗဟိုချက်တန်ဖိုးများကို မြန်မာနိုင်ငံသားအားလုံး အစဉ်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် ထိရောက်စွာအသုံးချဖန်တီးအကောင်အထည်ဖော်ရန်လိုအပ်မည်ဖြစ်သည်။

စီးပွားရေးတန်ဖိုး

စီးပွားရေးသည်လည်း မြန်မာတို့၏ အဓိကတန်ဖိုးတစ်ခုဖြစ်ခဲ့သည်။ မြန်မာနိုင်ငံသည် တစ်ချိန်က ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့် နိုင်ငံတစ်နိုင်ငံ “အာရှတိုက်၏ ဆန်အိုး” အဖြစ် လူသိများခဲ့သည်။ ပုဂံခေတ် (အေဒီ ၉၄၉-၁၂၉၇) တွင် ငွေကြေးစနစ်ကို ငွေဒင်္ဂါး၊ ငွေခဲများဖြင့်အသုံးပြုခဲ့ပြီး အိန္ဒိယ၊ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှုပြုခဲ့သည်။ အင်းဝ၊ ဟံသာဝတီ၊ ကုန်းဘောင်ခေတ်များ (၁၄–၁၉ ရာစု) တွင် ဆား၊ ကျွန်းသစ်၊ သစ်မာတို့သည် အရေးပါသောကုန်သွယ်မှုပစ္စည်းများဖြစ်ခဲ့ပြီး ဥရောပ (ပေါ်တူဂီ၊ ဒတ်ချ်) အိန္ဒိယ၊ တရုတ်တို့နှင့် ကုန်သွယ်မှုများတိုးတက်ခဲ့သည်။ ကျောက်စိမ်းနှင့် ပတ္တမြားမှသည် ရေနံနှင့် သဘာဝဓာတ်ငွေ့အထိ မြန်မာ့သယံဇာတကြွယ်ဝမှုသည် မြန်မာနိုင်ငံကိုအာရှတွင် ကြွယ်ဝသောနိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ သို့ဖြစ်ရာ ယနေ့မြန်မာ့စီးပွားရေးတန်ဖိုးများ    ပြန်လည်မြှင့်တင်နိုင်ရေးတွင် GDP တိုးတက်ရေး၊ ထုတ်ကုန်တိုးမြှင့်ရေး၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ MSME လုပ်ငန်းများ၊ စိုက်ပျိုးရေးကဏ္ဍတိုးမြှင့်ရေးနှင့် ခရီးသွားကဏ္ဍတိုးမြှင့်ရေးများအား အရှိန်အဟုန်ဖြင့် အဆင့်လိုက် အကောင်အထည်ဖော်  ဆောင်ရွက်သွားကြရမည်ဖြစ်သည်။    

ဘာသာ၊ သာသနာ ယဉ်ကျေးမှုတန်ဖိုးမြန်မာနိုင်ငံသည် ဘာသာ၊ သာသနာ ယဉ်ကျေးမှုအစဉ်အလာများ နှစ်ပေါင်းထောင်ချီထွန်းကားတည်ရှိခဲ့သော  နိုင်ငံဖြစ်သည်။ မြန်မာတို့၏ လူ့ဘောင်လောကနယ်ပယ်တွင် ဘာသာတရားနှင့် ယဉ်ကျေးမှုအစဉ်အလာများကို အစဉ်အဆက်ထိန်းသိမ်းရှင်သန်ရပ်တည်နေထိုင်ခဲ့ကြပေသည်။

မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာ၏ အဆုံးအမများပေါ်တွင်အခြေခံပြီး ကရုဏာ၊ မေတ္တာ၊ စေတနာ၊ သဒ္ဓါတရားတို့ဖြင့် လူမှုအသိုင်းအဝိုင်းကို စည်းလုံးညီညွတ်စေသည်။ ရိုးရာပွဲတော်များ၊ ဘာသာရေးအခမ်းအနားများတွင် ပြည်သူများစုပေါင်းပါဝင်ခြင်းသည် ဤစည်းလုံးမှုကိုထင်ဟပ်စေသည်။  မြန်မာလူမျိုးတို့၏ ရိုးသားမှု၊ သစ္စာရှိမှု၊ ကျေးဇူးသိတတ်မှုတို့သည် ဗုဒ္ဓဘာသာ၏သီလနှင့် ဝါရိတ္တသမာဓိများမှပေါက်ဖွားလာသည်။

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်သကဲ့သို့ ဘာသာမျိုးစုံ  လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသောနိုင်ငံလည်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များသည် မိမိဘာသာကို တန်ဖိုးထားမြတ်နိုးကြသလို သူတစ်ပါးဘာသာကိုလည်း လေးစားတန်ဖိုးထားသူများဖြစ်သည်။ သို့ဖြစ်၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် နိုင်ငံရေးအရ  လွတ်လပ်ခွင့်နှင့်  ဘာသာရေးအရ လွတ်လပ်ခွင့်များကို ထည့်သွင်းပြဋ္ဌာန်းထားရှိခြင်းဖြစ်သည်။

ဟန်လင်းမြို့ဟောင်း၊ဗိဿနိုးမြို့ဟောင်း၊ သရေခေတ္တရာမြို့ဟောင်းနှင့်ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသများအား UNESCO ၏ ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် ထည့်သွင်းမှတ်တမ်းတင်ခြင်းကလည်း မြန်မာ့ယဉ်ကျေးမှုတန်ဖိုးများကို ကမ္ဘာက အသိအမှတ်ပြုလိုက်ခြင်းပင်ဖြစ်သည်။

ထို့အတူ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်သည် UNESCO ၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်ခဲ့ပြီး မြန်မာ့ရိုးရာသနပ်ခါးသည်လည်း မကြာခင် အချိန်ကာလတစ်ခုတွင် UNESCO ၏ အမွေအနှစ်စာရင်းတွင် ပါဝင်လာနိုင်တော့မည်ဖြစ်သည်။ ထို့ပြင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံမှာထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓ ဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်ဆိုသည့် မွန်မြတ်သောရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ကမ္ဘာ့အလယ်တွင် မိမိတို့၏ ကိုယ်ပိုင်သမိုင်းယဉ်ကျေးမှုများဖြင့် နှစ်ပေါင်းထောင်ချီ ခိုင်မာစွာတည်ရှိလာခြင်းနှင့်အတူ အနာဂတ်တွင်လည်း မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များ မြှင့်တင်ရေး၊  ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာများတိုးမြှင့်ရေးနှင့် မြန်မာ့ Identity (မြန်မာ့ဝိသေသ)များ   မြှင့်တင်နိုင်ရေးသည် နိုင်ငံသားအားလုံး၏ အဓိကသမိုင်းပေး တာဝန်တစ်ခုပင်ဖြစ်သည်။ မြန်မာတို့၏ ဘာသာ၊ သာသနာ ယဉ်ကျေးမှုအစဉ်အလာသည် လူမှုအသိုက်အဝန်းစည်းလုံးညီညွတ်မှု၊ အနုပညာဖွံ့ဖြိုးမှု၊ ကိုယ်ကျင့်တရားမြင့်မားမှုနှင့် သမိုင်းအမွေအနှစ်တို့ကို ပေါင်းစပ်ထားသောမြန်မာ့အသက်သွေးကြောပင်ဖြစ်သည်။ ဤတန်ဖိုးများကို ထိန်းသိမ်းခြင်းဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့်  နှစ်ပေါင်းထောင်ချီသော ယဉ်ကျေးမှုတို့ အခြေတည်လာသည့် သမိုင်းကြောင်းကို ထင်ဟပ်ပြသနေမည်ဖြစ်သည်။

လူမှုရေးတန်ဖိုး

မြန်မာ့ရိုးရာ “ထမင်းဝိုင်း” သည်လည်း အစားအစာထက်ပိုသည့်မိသားစု၏ စည်းလုံးမှု၊ ရိုးရာဓလေ့နှင့် လူမှုရေးတန်ဖိုးများဖော်ဆောင်သောယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည်။ မြန်မာ့ထမင်းဝိုင်းတွင် မိသားစုဝင်အားလုံးစုဝေးပြီး တစ်ဝိုင်းတည်းထိုင်ကာ ထမင်း၊ ဟင်းများကို အတူတကွ မျှဝေစားသောက်ခြင်း၊ လူကြီး၊ လူငယ်၊ ကလေးအားလုံး အဆင့်အတန်းမခွဲခြားဘဲ တန်းတူညီမျှပါဝင်ခြင်းတို့ကို တွေ့မြင်နိုင်သည်။ ထမင်းဝိုင်းသည် စည်းလုံးမှု၏ သင်္ကေတဖြစ်သည်။ မိသားစုအတွင်း ချစ်ခြင်းမေတ္တာ၊ ပြောဆိုဆက်ဆံမှုများကို မြှင့်တင်ပေးသည်။ ဧည့်သည်များကို ထမင်းဝိုင်းသို့ ဖိတ်ခေါ်ခြင်းဖြင့် ရိုးရာဓလေ့ ဧည့်ဝတ်ကျေပွန်မှုကိုပြသသည်။ မိသားစုအခြေပြု ကျေးလက်စည်းလုံးမှု၊ရိုးရာဓလေ့နှင့် ဘာသာတရားအပေါ် လေးစားမှု၊ တန်းတူညီမျှမှု၊ ကရုဏာနှင့် ရိုးသားမှု၊ မေတ္တာ၊ ဒါန၊ သဘာဝနှင့် ဟန်ချက်ညီစွာနေထိုင်မှုတို့သည် မြန်မာ့လူမှုရေးတန်ဖိုးများပင်ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အလှူအတန်းနှင့် ပေးကမ်းစွန့်ကြဲမှု အထက်သန်ဆုံးနိုင်ငံများတွင် ကမ္ဘာထိပ်ဆုံးအဆင့်၌ ရပ်တည်လျက်ရှိခြင်းကို ကြည့်ခြင်းအားဖြင့် မြန်မာလူမျိုးတို့၏ စိတ်နေစိတ်ထား လူမှုဆက်ဆံရေးဓလေ့တန်ဖိုးများကို တွေ့ရှိနိုင်မည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံ၊ ပဋိပက္ခများပြည့်နှက်နေသည့်နိုင်ငံဟု မည်သို့ပင် သမုတ်စေကာမူ မြန်မာတို့၏ “အလှူရေစက် လက်နှင့်မကွာ” ဓလေ့ရိုးရာတန်ဖိုးများသည် ကမ္ဘာပေါ်တွင် သဒ္ဓါတရားပြည့်ဝသော လူမျိုးများအဖြစ် နွံမနစ်သော ပတ္တမြားကဲ့သို့ပင်တည်ရှိနေမည်ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်…

အာဇာနည်ခေါင်းဆောင်ကြီးများ၏ စွမ်းဆောင်မှုနှင့်စိတ်နေသဘောထားများ
-

၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် (၇၈) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အများအကျိုးအတွက် ဆောင်ရွက်ခဲ့ကြပါသော  အာဇာနည်ဟု သတ်မှတ်ခံထိုက်သည့် ခေါင်းဆောင်ကြီးများကျဆုံးခဲ့သောနေ့ကို အာဇာနည်နေ့အဖြစ်သတ်မှတ်ခြင်းဖြစ်သည်။

အာဇာနည်ဟူသောဝေါဟာရသည် အာဇာနေယျ ဟူသောပါဠိစကားမှ  ဆင်းသက်လာခြင်းဖြစ်ပြီး (က) ကိုယ်ကျိုးကိုမကြည့်သူ၊ (ခ) အကြောင်းဟုတ်၊ မဟုတ်ကို ကောင်းစွာသိမြင်သူ၊ (ဂ) သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်ပြီး အများအကျိုးအတွက်  အသက်စွန့်ဖို့ ဝန်မလေးသူဟု မြန်မာ့အဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဓမ္မပဒပါဠိတော်ကလည်း ယောက်ျားအာဇာနည်ဟူသည် နေရာဒေသတိုင်း၌ အခါခပ်သိမ်းမပေါ်ပေါက်တတ်ချေ။ အကြင်အရပ်၊  အကြင်ဒေသ၌   မတစ်ထောင်တစ်ကောင်ဖွား ယောက်ျားအာဇာနည်ပေါ်ပေါက်ခဲ့သော် ထိုအရပ်၊ ထိုဒေသ၊ ထိုလူမျိုးအားလုံးတို့အတွက်  အဖိုးအနဂ္ဃနှင့် အကျိုးအနန္တပင်ဖြစ်သတည်းဟူ၍ ဆိုထားသည်။အာဇာနည်စိတ်ဓာတ်ဆိုသည်မှာ အမှန်တရားဘက်က  မေတ္တာနှင့်သတ္တိတို့ဖြင့်  ရပ်တည်သော စိတ်နေသဘောထားဖြစ်သည်။ တစ်နည်းဆိုသော် ငါတို့လုပ်တာအောင်မြင်သွားရင် ငါတို့အတွက် ဘာရရမယ်ဆိုတာ သူမတွေး။ တိုင်းပြည်အတွက် ဘာရစေ့မယ်ဆိုသည့် စိတ်ပဲရှိသူ။  တိုင်းပြည်ကောင်းစားဖို့ပဲတွေးသူကို အာဇာနည်စိတ်ဓာတ်ရှိသူဟုခေါ်သည်။

ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇)

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလောင်းလျာဖြစ်မည့် ငယ်နာမည် မောင်ထိန်လင်းခေါ်    မောင်အောင်ဆန်းသည် မကွေးတိုင်း နတ်မောက်နယ်ဇာတိဖြစ်ပြီး ရှေ့နေဦးဖာ၊ ဒေါ်စုတို့၏ အထွေးဆုံးသားဖြစ်သည်။ သူ၏အဘိုးဖြစ်သူ ရွှေလရောင်ဘွဲ့ခံ ဦးမင်းရောင်သည်  ဗြိတိသျှတို့ကို ဆန့်ကျင်တော်လှန်ခဲ့သည့်   မျိုးချစ်သူရဲကောင်းတစ်ဦးဖြစ်သည်။

လွတ်လပ်သည့်    မြန်မာနိုင်ငံတော်ဖြစ်ရေးကို မြော်တွေးပြီး ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်မှာ  အောင်ဆန်း-အက်တလီစာချုပ်ကို လန်ဒန်သို့သွားရောက် ချုပ်ဆိုခဲ့သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မြော်တွေးပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုင်းရင်းသားခေါင်းဆောင်များနှင့်အတူ သမိုင်းဝင် ပင်လုံစာချုပ်ကိုချုပ်ဆိုခဲ့သည်။ ဗိုလ်ချုပ်ကျဆုံးချိန်မှာ ဇနီးဒေါ်ခင်ကြည်နှင့် သားသမီးနှစ်ဦးကျန်ရစ်ခဲ့သည်။

လေးစားအပ်သော စိတ်နေစိတ်ထား

ဗိုလ်ချုပ်၏အရည်အချင်းနှင့်ပတ်သက်၍  ရေးပြစရာ စာဖွဲ့၍မကုန်နိုင်ပါ။ ၎င်းတို့အနက်အချက်အလက်အနည်းငယ်မျှအားရွေးထုတ်ဖော်ပြလိုက်ရပါသည်။

၁၉၄၀ ပြည့်နှစ်က မန္တလေးမြို့တွင် သခင်အောင်ဆန်းနှင့်အဖွဲ့က တို့ဗမာအစည်းအရုံးကကျင်းပတဲ့ အမှုဆောင်အစည်းအဝေးလုပ်ကြရာ ထိုအစည်းအဝေးသို့ ဗြိတိသျှလေဘာပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆာစတက်ဖို့ခရစ်ပ်တက်ရောက်သည်။ ခရစ်ပ်က ခင်ဗျားတို့  အခု  အင်္ဂလိပ်လက်အောက်ခံဘဝက လွတ်မြောက်အောင် ကြိုးပမ်းနေကြတယ်၊ လွတ်လပ်ရေးကို ဘယ်လိုနည်းနဲ့ရအောင်လုပ်ကြမှာလဲ မေးရာ သခင်အောင်ဆန်းက  ကျွန်တော်တို့ တရားတယ်ထင်တဲ့နည်းနဲ့ ရအောင်ယူရမှာပဲ ဖြေသည်။

ခရစ်ပ်က  ကျုပ်နားမလည်သေးပါဘူး၊  ထပ်ရှင်းပြစမ်းပါဦးဆိုတော့ဒီလိုလုပ်မှာပေါ့ဆိုပြီး သခင်အောင်ဆန်းက ခရစ်ပ်၏အင်္ကျီအိတ်ထဲက ဖောင်တိန်ကိုဆတ်ခနဲဆွဲလှမ်းယူရာ အင်္ကျီစအနည်းငယ် စုတ်ပြဲသွားသည်။  (ကျုပ်တို့လိုချင်တဲ့  လွတ်လပ်ရေးကို အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ယူမယ်ဆိုသည့် သဘောဖြေသည်) ထိုအခါ ခရစ်ပ်က တဟားဟားရယ်မောကာ သခင်အောင်ဆန်း၏  ရိုးသားမှုကို ခရစ်ပ်ကအထူးသဘောကျပြီး  ချစ်စရာကောင်းတဲ့အောင်ဆန်းလို့ နှစ်ကြိမ်တိတိရေရွတ်သည်။

ဗိုလ်ချုပ်မကျဆုံးခင် နှစ်နှစ်ခန့်အလို ၁၉၄၅ ခုနှစ်က  ဗြိတိသျှဗိုလ်ချုပ်ကြီးဝီလီယံစလင်းဟာ မိတ္ထီလာဘက်ကိုရောက်နေပြီးဂျပန်တွေကို တိုက်ထုတ်နေသည်။  ဗိုလ်ချုပ်ကလည်း ဂျပန်တွေကို တိုက်ထုတ်နေပြီး ဗြိတိသျှတွေနဲ့ မဟာမိတ်အဖြစ် ပူးပေါင်းချင်ကြောင်း ခွင့်ပြုပေးပါရန် စလင်းထံသွားတွေ့သည်။ ထိုအခါ စလင်းမေးသည်။ “အောင်ဆန်း ငါတို့ဂျပန်ကိုစစ်နိုင်တာတွေ့လို့မင်းငါတို့နဲ့ လာပူးပေါင်းတာမလား”ဟုမေးမြန်းရာ“ခင်ဗျားတို့ စစ်ရှုံးနေတုန်းလာလို့ ကျုပ်အတွက် ဘာအကျိုးထူးမှာလဲ” ဟု  ဗိုလ်ချုပ်က ခပ်ဆတ်ဆတ်ဖြေသည်။ စလင်းက တဟားဟားနှင့်သဘောကျပြီး ရယ်ပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှုကိုစလင်းကအထူးသဘောကျပြီး တောင်းဆိုချက်များအားလုံးကိုသဘောတူကာ အထက်ကို အားလုံးတင်ပြပေးခဲ့သည်ဟုဆိုသည်။

ဦးဘဝင်း (၁၉၀၁-၁၉၄၇)

ဗိုလ်ချုပ်အောင်ဆန်း၏အစ်ကိုဖြစ်သည်။ ဦးဘဝင်းက ဗိုလ်ချုပ်ထက် အသက် ၁၅ နှစ်ကြီးသည်။ မွေးချင်း ကိုးဦးမှာ ဦးဘဝင်းက တတိယမြောက်သားဖြစ်သည်။ ကောလိပ်ကျောင်းတက်စဉ် ဦးနုနှင့်ကျောင်းနေဖက်သူငယ်ချင်းဖြစ်သည်။ ဒီးဒုတ်ဦးဘချို၏အကြံပေးမှုဖြင့် ဦးဘဝင်းသည် ရေနံချောင်းကနေ အမတ်အဖြစ်အရွေးခံခဲ့သည်။ဖဆပလအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ သခင်နုနှင့် အထွေထွေအတွင်းရေးမှူး ဦးကျော်ငြိမ်းတို့၏ မေတ္တာရပ်ခံမှုဖြင့် ဦးဘဝင်းသည်  ကူးသန်းရောင်းဝယ်ရေးနှင့်ထောက်ပံ့ရေးဝန်ကြီးတာဝန်ကိုထမ်းဆောင်ခဲ့သည်။ ဝန်ကြီးရာထူးလက်ခံပြီး နှစ်လခန့်အကြာ အာဇာနည်ခေါင်းဆောင်များနှင့်အတူ ကျဆုံးခဲ့ရသည်။

လေးစားအပ်သော စိတ်နေစိတ်ထား

အသက် ၁၅ နှစ်အရွယ်မှာ ကိုးတန်းအောင်သည်။  ညီငယ်မောင်အောင်သန်းနှင့်  မောင်အောင်ဆန်းတို့ကို စောင့်ရှောက်ချင်စိတ်ကြောင့် ကိုးတန်းအောင်ပြီး ကျောင်းဆက်မတက်နိုင်သေးဘဲ မူလတန်းကျောင်းဆရာလုပ်သည်။ ပြီးနောက် ဘီအိုစီရေနံကုမ္ပဏီမှာ စာရေးအဖြစ် ဝင်လုပ်သည်။ လခ ၁၀၀ ကျပ်ရရာ လစာတစ်ဝက်တိတိကို မိဘထံပြန်လည်ထောက်ပံ့ပေးသည်။ ဦးဘဝင်းသည် မိသားစုနှင့်  လုပ်ဖော်ကိုင်ဖက်များအပေါ် အင်မတန်တာဝန်သိတတ်သူ၊ တာဝန်ယူမှု၊   တာဝန်ခံမှုရှိသူအဖြစ်   အများ၏အားကိုးကြည်ညိုခံရသူဖြစ်သည်။

မန်းဘခိုင် (၁၉၀၃-၁၉၄၇)

မန်းဘခိုင်စကားပြောသည့်အခါ ထွက်လာသည့် အသံ၊ လေယူလေသိမ်း၊ ပြောပုံဆိုပုံ၊ စကားလုံး ပြောင်မြောက်ကောင်းမွန်လှသည်။ မန်းဘခိုင်သည် ရိုးသားဖြောင့်မတ်သူ၊ တည်ကြည်သူ၊ မှန်သည်ထင်က  မည်သူ့ကိုမျှ  အားမနာတတ်သူ၊ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကို ကြိုးပမ်းအားထုတ်သူ၊ ဖဆပလအမှုဆောင် အဖွဲ့တစ်ဖွဲ့လုံးက  အားကိုးခံရသူလည်းဖြစ်သည်။ ရွေးကောက်ပွဲပြီး၍ အစိုးရဖွဲ့နိုင်လျှင် မန်းဘခိုင်ကို ဒုတိယနန်းရင်းဝန်(ဒုတိယဝန်ကြီးချုပ်) ခန့်မည်ဟု ဗိုလ်ချုပ်က မကြာခဏပြောလေ့ရှိသည်။   မန်းဘခိုင် မကွယ်လွန်ခင်အထိ အလုပ်သမားဝန်ကြီးအဖြစ်  တာဝန်ထမ်းဆောင်ခဲ့သည်။

လေးစားအပ်သော စိတ်နေစိတ်ထား မန်းဘခိုင်၏ သစ္စာရှိမှု၊ ရိုးသားမှု၊ သတ္တိရှိမှုတွေအတွက် ဗိုလ်ချုပ်က သူ့ကိုနိုင်ငံရေးလုပ်ဖို့တိုက်တွန်းရာက ပုသိမ်မြို့မှ ဖဆပလအမတ်အဖြစ်အရွေးခံပြီး  နိုင်ငံရေးနယ်ထဲ ခြေစုံပစ်ဝင်ခဲ့သည်။ သူက မည်သူ့ကိုမျှအားနာခြင်း၊ ကြောက်လန့်ခြင်းမရှိပေ။ စကားပြောဆိုရာတွင်လည်း ပွင့်ပွင့်လင်းလင်းသာပြောတတ်သဖြင့်  ပွင့်ပွင့်လင်းလင်းပဲကြိုက်သော  ဗိုလ်ချုပ်နှင့်အလွန်အဆင်ပြေကြသည်။ဗိုလ်ချုပ်က  သူ့ကိုလွန်စွာ အားထားသောကြောင့် အစည်းအဝေးလုပ်စဉ် မန်းဘခိုင်က  ဗိုလ်ချုပ်၏ ညာဘက်မှာ အမြဲထိုင်ရသည်။ ဇူလိုင်လ ၁၉ ရက် လုပ်ကြံခံရစဉ်  ဗိုလ်ချုပ်ကကျည်ဆန်  ၁၃  ချက်၊ ဗိုလ်ချုပ်အနီးဆုံးမှာထိုင်နေသည့်    မန်းဘခိုင်ကကျည်ဆန် ၁၅ ချက် ထိမှန်ခံရသည်။ မန်းဘခိုင် အသက် ၄၄ နှစ်အရွယ်မှာ ကျဆုံးခဲ့သည်။

မိုင်းပွန်စော်ဘွား စဝ်စံထွန်း (၁၉၀၇-၁၉၄၇)

မိုင်းပွန်စော်ဘွားစဝ်စံထွန်းသည် နယ်စပ်ဒေသအမတ်အားလုံး၏ အားထားရာဖြစ်သည်။ သူ့ဖခင်ဖြစ်သူ စော်ဘွားကြီး စဝ်ခွန်ထီးသည် အသက် ခုနစ်နှစ် အရွယ်ကပင် မင်းတုန်းမင်း၏ မွေးစားသားအဖြစ် နန်းတော်ထဲတွင်  ကြီးပြင်းခဲ့သည်။  သီပေါမင်း ပါတော်မူချိန်မှာလည်း စဝ်ခွန်ထီးသည် ဗြိတိသျှတို့ကို လက်နက်ကိုင်တော်လှန်ခဲ့သူ၊  သတ္တိအမြော်အမြင်ပြည့်စုံ၍   လင်းပင်မင်းသားအုပ်စု၏ ဦးနှောက်နှင့်ဓားဟု  တင်စားခံရသည်။  မိုင်းပွန်စော်ဘွားကြီးသည်  တိုင်းရင်းသားညီညွတ်ရေးအတွက်  ဗိုလ်ချုပ်နှင့်အတူ နေ့မအားညမအားဆောင်ရွက်ခဲ့သည်။  ပထမပင်လုံညီလာခံတုန်းက သူကိုယ်တိုင် ဦးစီးဦးဆောင်အဖွဲ့ထဲပါခဲ့သည်။  ဒုတိယပင်လုံညီလာခံအတွက်ကိုလည်း စည်းရုံးရေးများလုပ်ခဲ့ရပြီး ပင်လုံစာချုပ် လက်မှတ်ရေးထိုးသူတစ်ဦးအဖြစ်ပါဝင်ခဲ့သည်။  လုပ်ကြံခံရသောနေ့ ဇူလိုင်လ ၁၉ ရက်မှာ မဆုံးသေးဘဲ ၂၀ ရက်  မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သည်။

လေးစားအပ်သောစိတ်နေစိတ်ထား

စော်ဘွားကြီး၏ စိတ်ထားကောင်းခြင်း၊ တည်ကြည်ဖြောင့်မတ်ခြင်းတို့ကြောင့် နယ်ထဲသွားလာရာတွင် နယ်သူနယ်သားများက ထိုင်ပြီးဦးညွှတ်ရသောဓလေ့ရှိသည်။  မိုင်းပွန်စော်ဘွားကြီးက  ထိုဓလေ့ကို  လုံးဝလက်မခံ၊ လုပ်ခွင့်လည်းမပြုပေ။  ဘာသာရေးလွန်စွာကိုင်းရှိုင်းပြီး  ကွမ်း၊  ဆေးလိပ်၊  အရက်သေစာ ရှောင်ကြဉ်သည်။ ဇနီးသည်မှာ မဟာဒေဝီဖြစ်သည်။  ဂျပန်တို့  မြန်မာပြည်က ဆုတ်ခွာချိန် ၁၉၄၅ ခုနှစ်တွင် မဟာဒေဝီသည် မိုင်းပွန်တောထဲ၌ ကွယ်လွန်ခဲ့သည်။မဟာဒေဝီကွယ်လွန်ပြီးနောက်  စော်ဘွားကြီးကဒုတိယဇနီးမထားဘဲ သားသမီးလေးဦးကိုလည်း စော်ဘွားကြီးက သူမကွယ်လွန်ခင်ထိ   ဂရုတစိုက်စောင့်ရှောက်ခဲ့သည်။  စော်ဘွားကြီးအသက်  ၄၀ အရွယ်တွင် ကျဆုံးသည်။

 ဦးရာဇတ် (၁၈၉၈-၁၉၄၇)

မိတ္ထီလာသား ဦးရာဇတ်ခေါ်  မစ္စတာအပ္ပဒူရာဇတ်သည် တော်လှန်ရေးတွင် လက်နက်ကိုင်၍ ကိုယ်တိုင် မပါဝင်ခဲ့သော်လည်း အထက်မြန်မာပြည်တော်လှန်ရေးဆင်နွှဲသည့် လူငယ်များအတွက် လမ်းညွှန်မှုများ ပေးနိုင်ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဖခင်က အစ္စလမ်ဘာသာဝင်၊ မိခင်က ဗုဒ္ဓဘာသာဝင်ဖြစ်သည်။

ဦးရာဇတ်သည်  ဗုဒ္ဓဘာသာအပေါ် အလွန်လေးစားပြီး ကိုရင်တွေကို စာသင်ပေးသည်။ နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်ဖို့အတွက် လူငယ်တွေ အင်္ဂလိပ်စာတတ်သင့်တယ်ဆိုသော ရည်ရွယ်ချက်ဖြင့် ကျောင်းအုပ်ကြီးအဖြစ်  တာဝန်ယူသည့်  သူ့ကိုယ်ပိုင်အမျိုးသားကျောင်းမှာ အင်္ဂလိပ်စာသင်ပေးသည်။  သူ့ကျောင်းက ကျောင်းသားများဟာ လက်ရုံးရည်၊  နှလုံးရည်၊ အားကစား၊  ဂီတဘက်စုံတတ်မြောက်စေရုံမျှမက လွတ်လပ်ရေးတိုက်ပွဲဝင်သားကောင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့သည်။

မန္တလေးတက္ကသိုလ်ဖြစ်မြောက်အောင်လည်းတည်ထောင်ပေးခဲ့သူဖြစ်သည်။  ဖဆပလအပေါ် သစ္စာရှိသူ၊ စိတ်ဝမ်းမကွဲသူ၊ တိုင်းရင်းသားလူနည်းစုပြဿနာကို ဖြေရှင်းပေးနိုင်သူ၊ စည်းမျဉ်း စည်းကမ်းရိုသေသူတစ်ဦးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ဖိတ်ခေါ်ချက်အရ ဦးရာဇတ်သည် ပညာရေးဝန်ကြီးအဖြစ် သူမကွယ်လွန်ခင်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ အသက် ၄၉ နှစ်အရွယ်မှာ ကျဆုံးခဲ့ပြီး သူကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ခင်ခင်နှင့် သားသမီးသုံးဦး ကျန်ရစ်ခဲ့သည်။ 

လေးစားအပ်သောစိတ်နေစိတ်ထား

 ဦးရာဇတ်သည်လူတွေကိုကူညီချင်စိတ်ကြီးမားသူဖြစ်ပြီး ဝိဇ္ဇာပထမနှစ် စာမေးပွဲဖြေနေစဉ် အခြားကျောင်းသားများကို အဖြေကူညီရေးပေးမိ၍ စာမေးပွဲဖြေဆိုခွင့်နှစ်နှစ်ပိတ်ခံရသည်။ အင်္ဂလိပ်စာအရေးအသားအလွန်ကောင်းပြီး စစ်မဖြစ်ခင်ကာလ သူရိယသတင်းစာမှာ အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးများရေးခဲ့သည်။   စာရေးဆရာမကြီး လူထုဒေါ်အမာသည် ဦးရာဇတ်၏တပည့်ဖြစ်သည်။  ရွှေဘိုထောင်မှာ အကျဉ်းချထားခံရစဉ် ဆရာကြီး၏တပည့်တွေက ထောင်မှူးနှင့်ညှိပြီးခိုးထုတ်ရန်စီစဉ်သည်ကို သူလက်မခံဘဲ အတူအဖမ်းခံရသူများကို ချန်မထားနိုင်ဟု ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ဖက်ဆစ်အကျဉ်းသားအဖြစ် ရက်ပေါင်း  ၁၉၁ ရက်တိတိ ခံစားခဲ့ရသည်။          

 ဒီးဒုတ်ဦးဘချို (၁၈၉၃-၁၉၄၇)

 ဧရာဝတီတိုင်း မြောင်းမြမြို့သား ဦးဘချိုသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ကလောင်ဖြင့် တိုက်ပွဲဝင်ခဲ့သည့် ဒီးဒုတ်ဂျာနယ်၊ ဒီးဒုတ်သတင်းစာ ထုတ်ဝေသူ၊  အယ်ဒီတာ၊  စာရေးဆရာအဖြစ် ထင်ရှားသည်။ ဒီးဒုတ်၊ တောက်တဲ့၊ စပယ်၊  ဥက္ကလာ မခင်စိန် စသည့်  ကလောင်အမည်အမျိုးမျိုးဖြင့် စာပေများစွာရေးသားခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ  တာဝန်ယူခဲ့သည်။  စာပေနှင့် ဂီတလောကတွင် နှစ်ယောက်မရှိသူ၊ စာပေဗဟုသုတဘက်တွင် စာအုပ်လှန်စရာမလိုဘဲ စာကိုအလွတ်ရွတ်ပြနိုင်သူ၊ ဂီတဘက်တွင် ပညာဗဟုသုတ ဖြန့်ဝေပေးသူ၊ နက္ခတ်၊ ဆေးဝါး၊ မန္တရား၊ အင်းအိုင်ဘက်တွင် ကျွမ်းကျင်သူ၊ ပန်းချီဘက်တွင်လည်း ဝါရင့်ပန်းချီဆရာများကိုပင် လမ်းညွှန်နိုင်သူ၊  လုပ်ငန်းမှန်သမျှ သူမပါလျှင်မပြီး ခရီးရောက်သည့်သူ၊ အဘက်ဘက်မှ စွယ်စုံပညာရှင်ဆရာကြီးဖြစ်သည်။

ထူးခြားချက်တစ်ခုက ဦးဘချိုသည် ၁၃၀၂ ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီး၏ဥက္ကဋ္ဌဖြစ်ပြီး   မြန်မာနိုင်ငံ  သတင်းစာဆရာအသင်းကြီးကိုလည်း တည်ထောင်ခဲ့သည်။ ဒီးဒုတ်ဦးဘချိုမှာ အနုပညာဘက်မှာလည်း အလွန်နှံ့စပ်သဖြင့် တစ်နေ့တွင် ဦးရာဇတ်ကဒီးဒုတ်ဦးဘချိုထံသို့ နန်းတော်ရှေ့ဆရာတင်ကို အပ်နှံသည့် စာတစ်စောင်ရေးပေးလိုက်သည်။  ထို့ကြောင့်  နန်းတော်ရှေ့ဆရာတင်၏အောင်မြင်မှုသည်  ဒီးဒုတ်ဦးဘချိုဟူသော ဆရာသမားကောင်းနှင့် တွေ့ဆုံခဲ့ရခြင်းဖြစ်ပေသည်။ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးတွင် ရန်ကုန်မြို့လုံးကျွတ်ကျောင်းသားသပိတ်ကြီး ဆင်နွှဲချိန် သဘာပတိအဖြစ်ဆောင်ရွက်နေသော ဒီးဒုတ်ဦးဘချိုကို ပုလိပ်များက လာရောက်ဖမ်းဆီးသည့်အခါ ဦးဘချိုတို့အဖွဲ့က အပြုံးမပျက်ဘဲ ဒို့ဗမာသီချင်းကို သံပြိုင်ဆိုခဲ့သည်။ ဦးဘချို မကွယ်လွန်ခင်အထိ သတင်းဖြန့်ချိရေးနှင့် ဝါဒဖြန့်ဖြူးရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

လေးစားအပ်သောစိတ်နေစိတ်ထား

ဦးနုအပါအဝင်နိုင်ငံရေးသမားများကသူ့ကိုအလွန်လေးစားကြ၍  ဆရာချိုဟုခေါ်ကြသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်  ဦးသန့်က   ယခုလိုမှတ်ချက်ပေးသည်။ အင်္ဂလိပ်လူမျိုးထဲမှာတော့အယ်လ်ဒပ်စ်ဟတ်စလေဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက် ရှိပါတယ်။ ဘယ်ဘက်ကစမ်းစမ်းရတဲ့ ပုဂ္ဂိုလ်ပါ။သို့သော် ဦးဘချိုလောက်တော့ စုံမယ်မထင်ပါဟုဆိုထားသည်။

သခင်မြ (၁၈၉၇-၁၉၄၇)

ပြည်ခရိုင် ထုံးဘိုမြို့သားဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်မှစ၍ ကွယ်လွန်ချိန်အထိ ခေတ်အဆက်ဆက် နိုင်ငံရေးရာအသင်းအဖွဲ့များမှာ ဦးစီးဦးဆောင်သူဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ကြားဖြတ်ယာယီအမျိုးသားအစိုးရအဖွဲ့မှာလည်း သခင်မြကပြည်ထဲရေးနှင့်တရားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည်။ သခင်မြမကွယ်လွန်ခင်အထိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။သခင်မြကဖြစ်ပေါ်လာသော ကိစ္စမှန်သမျှကိုခပ်အေးအေး စဉ်းစားဝေဖန်ဆုံးဖြတ်လေ့ရှိသည်။ အရေးကြီးသောဆုံးဖြတ်ချက်တစ်ခုခုကိုလုပ်စရာရှိလျှင် ဗိုလ်ချုပ်တို့ကအစ သခင်မြ၏ဆုံးဖြတ်ချက်ကိုစောင့်ရသည်။ သခင်မြခေါင်းညိတ်လိုက်မှလည်း  ဆုံးဖြတ်ချက်ချမှတ်ပြီးစီးသည်။ အသက် ၅၀ အရွယ်မှာကျဆုံးခဲ့ပြီး သူကွယ်လွန်ချိန်တွင်  ဇနီးဒေါ်ခင်ညွန့် ကျန်ရစ်ခဲ့သည်။  သခင်မြတွင်  သားသမီးမထွန်းကားပါ။

လေးစားအပ်သောစိတ်နေစိတ်ထား

သခင်မြသည်  စိတ်အေးသူ၊   စိတ်သဘောထားကောင်း၍ ချင့်ချိန်နိုင်စွမ်းရှိသူ၊ အေးအေးဆေးဆေးစဉ်းစားတတ်သူ၊   စွမ်းဆောင်ရည်ရှိသူဖြစ်ကာ အကြောင်းရပ်တိုင်း၌ ပြတ်ပြတ်သားသား ရှင်းလင်းနိုင်သည့်သတ္တိရှင်ဖြစ်သည်။ အေးချမ်းပြီး အမြဲပြုံးနေတတ်သည်။ အောက်လက်ငယ်သားတွေအပေါ်မှာ အလွန်ရည်မွန်သူဖြစ်ပြီး ကျောသားရင်သား မခွဲခြားတတ်ပေ။ တပည့်တပန်းများနှင့်   ပျော်ပျော်နေတတ်သည်။  ပြည်ထဲရေးဝန်ကြီးချုပ် ဆာပေါ်ထွန်းက သခင်မြသည်   အလွန်အကျိုးအကြောင်းမျှတစွာ ဆက်ဆံတတ်သည့်ပုဂ္ဂိုလ်၊ သခင်မြလိုသခင်မျိုးကိုတော့ ကျွန်တော်တို့က ကန်တော့ပွဲနဲ့တောင် ထားချင်ပါတယ်ဟုဆိုသည်။ သခင်မြ၏ဆိုရှယ်လစ်ပါတီဥက္ကဋ္ဌရာထူးကိုဆက်ခံသော    ဦးကိုကိုကြီးကလည်း သခင်မြက ငါတို့ခေတ်မှာ  ဂုဏ်သရေရှိ လူကြီးလူကောင်းအားလုံးရဲ့  အထက်မှာရှိတယ်ဟု  မှတ်ချက်ချသည်။

အတွင်းဝန် ဦးအုန်းမောင် (၁၉၁၃-၁၉၄၇)

မင်းဘူးမြို့နယ် ထောက်ရှာပင်ရွာသားဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝ၌  တပ်ရင်းတပ်ခွဲမှူးတစ်ယောက်ဖြစ်ပြီး  သေနတ်ပစ်ထူးချွန်သည်။  ဝန်ထောက်စာမေးပွဲအပြင်  အိန္ဒိယပဋိညာဉ် အိုင်စီအက်စ်စာမေးပွဲနှစ်ရပ်လုံး အောင်မြင်သော ခေတ်ပညာတတ်တစ်ဦးဖြစ်သည်။  အင်္ဂလန်အောက်စဖို့ဒ်တက္ကသိုလ် ဂျီးဆပ်ကောလိပ် (Jesus College) ၌ နိုင်ငံ့ဝန်ထမ်းအုပ်ချုပ်ရေးပညာသင်ခဲ့သည်။ ပင်လုံညီလာခံတွင် ကချင်ပြည်နယ်က ဒူးဝါးဆင်ဝါးနောင်တို့နှင့် ပင်လုံညီလာခံမှာလက်မှတ်ထိုးရန်အတွက် ဦးအုန်းမောင်ကကချင်လူမျိုးများနှင့်အဆင်ပြေအောင် တာဝန်ယူနိုင်ခဲ့သည်။

၁၉၄၇ ခုနှစ်  ဇူလိုင်လ ၁၉  ရက်နေ့ နံနက် ၁၀ နာရီတွင်  ရန်ကုန်မြို့အတွင်းဝန်များရုံး ဝန်ကြီးများ အစည်းအဝေးမှာ သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စောစံဖိုးသင် ခရီးလွန်နေသဖြင့် သူ့ကိုယ်စား ဒုတိယအတွင်းဝန် ဦးအုန်းမောင်က အစည်းအဝေးတက်ရသည်။  ထိုအစည်းအဝေး၌ ၎င်းတို့ဝန်ကြီးဌာန၏ လုပ်ငန်းအစီအစဉ်များတင်ပြနေစဉ်   မသမာသူ   သေနတ်သမားများ၏လုပ်ကြံမှုဖြင့်ဦးအုန်းမောင်လည်း အာဇာနည်ခေါင်းဆောင်ကြီးများနှင့်အတူ ကျဆုံးခဲ့ရသည်။

လေးစားအပ်သောစိတ်နေစိတ်ထား

အင်္ဂလန်တွင် ပညာသင်နေစဉ်  မျိုးချစ်စိတ်ဓာတ်ထက်သန်၍ တိုင်းပြည်နှင့်လူမျိုးကိုထိလျှင် နည်းနည်းမျှ သည်းမခံနိုင်သူ၊  ထို့ကြောင့် သူ့ကိုအင်္ဂလန်ရှိ အငြိမ်းစား အိုင်စီအက်စ်အရာရှိကြီးတချို့က တိုက်ကြက်ကလေးဟု   ကွယ်ရာတွင်ခေါ်လေ့ရှိကြောင်း   ပညာသင်ဖော်  ဆရာမင်းသုဝဏ်က မှတ်တမ်းတင်ခဲ့သည်။ 

သူ့ဇနီးက တစ်ညမှာ အငယ်ဆုံးသားလေး ကျန်းမာရေးမကောင်းဘူး၊စိုးရိမ်ရတဲ့အခြေအနေပါ၊ ဦးအုန်းမောင်က ကလေးချီပြီး လမ်းလျှောက်နေတုန်း ဗိုလ်လကျ်ာနဲ့ ဗိုလ်လှထွန်းတို့က အိမ်လာခေါ်တယ်။

ဗိုလ်ချုပ်က ကချင်ပြည်လွှတ်မလို့တဲ့၊ ကလေးနေမကောင်းလို့သူကမသွားချင်ပေမယ့်တိုင်းပြည်အရေးကိစ္စအတွက် ည ၂ နာရီလောက်မှာ ကချင်ပြည်ကို ထွက်သွားရတယ်၊ တိုင်းပြည်အရေးကို အဲလိုအလေးထားတာပါဟုဆိုသည်။

ရဲဘော်ကိုထွေး (၁၉၂၉-၁၉၄၇)ရဲဘော်ကိုထွေးမိသားစုသည်   မန္တလေးတွင်နေကြပြီး ဖခင်က အစ္စလမ်ဘာသာဝင်၊ မိခင်က ပိုးကရင် ခရစ်ယာန်ဘာသာဝင်ဖြစ်သည်။ လက်ဝှေ့ကျော်စောဘာဘာ၏ညီအငယ်ဆုံးဖြစ်သည်။မန္တလေးတွင် ဦးရာဇတ်အိမ်နှင့် ဘေးချင်းကပ်လျက်နေကြသည်။ဦးရာဇတ်က ကိုထွေးကို အလွန်ချစ်သဖြင့် သူဝန်ကြီးဖြစ်ချိန်မှာ သက်တော်စောင့်အဖြစ် ကိုထွေးအား ခေါ်လာခဲ့သည်။ ထို့ကြောင့် ကိုထွေးသည်  ဦးရာဇတ်တာဝန်နှင့် အမြဲလိုက်ပါသွားရသည်။ သူလုပ်ကြံမခံရခင် ဇူလိုင်လ ၁၈ ရက်က သူဆုရခဲ့တဲ့ဘူးလေး အိမ်နံရံမှာချိတ်ထားရာကနေသူ့အလိုလိုပြုတ်ကျနိမိတ်ပြခဲ့တယ်ဟုကျန်ရစ်သူမိသားစုကဆိုသည်။ 

ဗိုလ်ချုပ်တို့ အသက်စွန့် ကြိုးပမ်းရယူပေးခဲ့သည့် လွတ်လပ်ရေး၏တန်ဖိုးရှိပုံနှင့်  ဒီမိုကရေစီ၏  အနက်အဓိပ္ပာယ်ကိုကောင်းစွာနားလည်သဘောပေါက်ဖို့လိုသည်၊  စည်းကမ်းရှိဖို့လိုသည်၊ တာဝန်သိဖို့ လိုသည်၊ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတန်ဖိုးထားဖို့လိုသည်။

အချုပ်အားဖြင့်ဆိုသော် မျိုးဆက်သစ်လူငယ်များသိထားသင့်သည်မှာအာဇာနည်ဆိုသော အဓိပ္ပာယ်သည်  သူ့ဘဝတစ်လျှောက်လုံး  သူသေဆုံးသည့်တိုင် နိုင်ငံ့အကျိုး၊ လူမျိုးအကျိုး၊ လူသားအကျိုးတို့ကို ထူးထူးခြားခြား    စွမ်းစွမ်းတမံဆောင်ရွက်ကာ အာဇာနည်စိတ်ဓာတ်ရှိသူကို အာဇာနည်ဟုခေါ်သည်။

ထို့ကြောင့်  ကျွန်မတို့အားလုံးကိုယ်ကျိုးမဖက်ဘဲ ကိုယ့်နိုင်ငံတိုးတက်ရာတိုးတက်ကြောင်းကို မြန်မာနိုင်ငံသားပီပီလုပ်ဆောင်ကြရင်း အာဇာနည်ပုဂ္ဂိုလ်ကြီးများ အရယူပေးခဲ့သော လွတ်လပ်သည့်နိုင်ငံတော်ကို  ပြည်ချစ်စိတ်ဖြင့်  စောင့်ရှောက်ကြရပါမည်ဖြစ်ပါသတည်း။      ။

MWD Web Portal
 
တင်ထက်ထက်ဇော်

နိုင်ငံ့ကောင်းကျိုး ရည်မျှော်မှန်းလျက် ကြိုးပမ်းခဲ့ပြီ ဘယ်လာရုစ်သို့ရောက်ခဲ့သည်
-

မြန်မာဆိုရိုးစကားတစ်ခုရှိသည်။ “လိုလျှင်ကြံဆ နည်းလမ်းရ” ဟူ၍ဖြစ်သည်။ တော်တော်များများလည်း ကြားဖူးကြပေမည်။ လက်တွေ့အကောင်အထည်ဖော်သူတော့ နည်းလိမ့်မည်ဟုထင်သည်။ ဆိုရိုးစကား၏အဓိပ္ပာယ်က ကိုယ်သည် ရည်မှန်းချက်တစ်ခုကို ဖော်ဆောင်ဖို့ အမှန်တကယ် ဆန္ဒရှိသည်ဆိုလျှင် ထိုရည်မှန်းချက်ဆီအရောက်သွားနိုင်မည့် နည်းလမ်းကို ရှာဖွေကြံဆခြင်းဖြင့် လက်တွေ့အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။ 

အလားတူ ဘယ်လာရုစ်နိုင်ငံရှိ ဆလာဗစ်လူမျိုးများတွင်လည်း ဆိုရိုးတစ်ခုရှိသည်။ “Sun will look in our window too” ဟူ၍ဖြစ်သည်။ မြန်မာလိုဆိုရလျှင် “ဖန်ဝါနေမင်းဆိုက်ရောက်လာမည် ကိုယ့်ရဲ့ပြတင်းပေါက်ဆီ” ဟုဆိုနိုင်သည်။ သူ၏အဓိပ္ပာယ်ကား တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကောင်းကျိုးများစွာက ကိုယ့်ဆီကို ဆိုက်ရောက်လာလေမည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ဤနေရာတွင် ကိုယ့်ရဲ့ပြတင်းပေါက်ဆီ ဖန်ဝါနေမင်း ဆိုက်ရောက်လာသည်ကိုမြင်တွေ့နိုင်စေဖို့အတွက် ပြတင်းတံခါးကိုတော့ ဖွင့်ထားဖို့လိုအပ်မည် မဟုတ်ပါလား။

ထို့ကြောင့် မြန်မာဆိုရိုးနှင့် ဘယ်လာရုစ်ဆိုရိုးကို ချိတ်ဆက်ကြည့်လျှင် ကောင်းကျိုးများစွာရရှိစေဖို့ နည်းလမ်းရှာဖွေရမည်ဖြစ်သကဲ့သို့ ရရှိလာသောနည်းလမ်းအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ပါက ကောင်းခြင်း မင်္ဂလာများက ကိုယ့်ဆီသို့ဆိုက်ရောက်လာလေမည်မှာ မလွဲဧကန်ပင်ဖြစ်မည်ဟုဆိုနိုင်ပေသည်။ 

ကျွန်တော်တို့မြန်မာနိုင်ငံသည် အတိတ်ကာလတွင် အချို့သောပြည်တွင်း သစ္စာဖောက်များနှင့် ပြည်ပအင်အားကြီးနိုင်ငံအချို့၏ ကြားဝင်စွက်ဖက်မှု၊ အဘက်ဘက်မှပိတ်ဆို့မှုတို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးခဲ့ရသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှ ုနှောင့်နှေးခြင်းကြောင့် နိုင်ငံအတွက် ကောင်းကျိုးများစွာ ယုတ်လျော့ခဲ့ရသည်မှာလည်း မငြင်းနိုင်သည့်အမှန်တရားပင်ဖြစ်သည်။ 

ထိုအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော အစိုးရအဖွဲ့က မြန်မာနိုင်ငံကို လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာစေရန် စစ်မှန်သောစေတနာဖြင့် နည်းလမ်းများစွာကိုရှာဖွေပြီး အောင်မြင်မှုရရှိသည်အထိ ဆောင်ရွက်နေသည်ကို မြင်တွေ့ရသည်။ 

တစ်နည်းဆိုရလျှင် နိုင်ငံအတွက်၊ နိုင်ငံသားများအတွက် ကောင်းကျိုးများစွာကို ဆောင်ကြဉ်းပေးနေခြင်းဖြစ်သည်။

 နည်းလမ်းရှာဖွေရာတွင်လည်း ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသည့် အောင်မြင်မှုများစွာအတွက် နည်းနိဿယများကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင်သွား၍ လေ့လာခြင်း၊ တတ်သိပညာရှင်များစေလွှတ်၍ နိုင်ငံအတွင်းအကောင်အထည်ဖော်စေခြင်း စသည်တို့ကိုဆောင်ရွက်လျက်ရှိသည်။ မကြာသေးခင်ကပင် နိုင်ငံတော်အကြီးအကဲက ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲ၏ ဘယ်လာရုစ်ခရီးစဉ်က စတုတ္ထအကြိမ်မြောက် ဥရောပ-အာရှစီးပွားရေးဖိုရမ်သို့ တက်ရန်ဖြစ်သည်။ 

သို့သော် ထို့ထက်ပိုသည့်အလုပ်များကိုလည်း လုပ်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲ၏ လုပ်ဆောင်မှုများကား မြန်မာနိုင်ငံ၏ကောင်းကျိုးအတွက်ကိုသာ ရှေးရှုခဲ့ခြင်းဖြစ်သည်။ 

နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်က ဇွန်လ ၂၅ ရက်မှစသည်။ ဇွန်လ ၂၉ ရက်တွင်ပြန်ရောက်သည်။ ထိုခရီးစဉ်အတွင်း လေကြောင်းခရီး၊ ရဟတ်ယာဉ်ခရီး၊ ကုန်းလမ်းခရီး စသည်တို့၏ ကြာမြင့်ချိန်မှာ ၃၂ နာရီနှင့် ၄၃ မိနစ်အထိရှိသည်။ 

သွားရောက်ခဲ့သည့် ခရီးအကွာအဝေးစုစုပေါင်းမှာ ကီလိုမီတာအားဖြင့် ၁၇၅၉၅ ဒသမ ၆ ကီလိုမီတာရှိသည်။ သာမန်အားဖြင့် ဥရောပ-အာရှစီးပွားရေးဖိုရမ်တက်ရုံမျှဆိုလျှင် ထိုမျှလောက်အထိ ခရီးအကွာအဝေးကို သွားရောက်မည်မဟုတ်ပေ။ ယခုကဲ့သို့ သွားရောက်သည့်ခရီးအကွာအဝေး များပြားရခြင်းမှာ ဘယ်လာရုစ်နိုင်ငံအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများကို သွားရောက်လေ့လာခြင်းကြောင့်ဖြစ်သည်။ အဘယ်ကြောင့် လေ့လာရသည်ဆိုလျှင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းကျိုးများကို ဆောင်ကြဉ်းနိုင်စေရန်ပင်ဖြစ်သည်။ ထိုသို့သွားရောက်လေ့လာသည့် ခရီးတစ်ခုချင်းစီအတွက်လည်း သီးခြားရည်ရွယ်ချက်များရှိသည်။ 

နိုင်ငံတော်အကြီးအကဲအနေဖြင့် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ရောက်ရှိနေစဉ် ပထမဆုံးသွားရောက်လေ့လာသည့်နေရာက Belmedpreparaty ဆေးဝါးစက်ရုံဖြစ်သည်။ 

ထိုဆေးဝါးစက်ရုံက ဘယ်လာရုစ်နိုင်ငံ၏ အကြီးဆုံးသော ဆေးဝါးစက်ရုံလည်းဖြစ်သကဲ့သို့ အမျိုးမျိုးသော ဆေးဝါးများကို ထုတ်လုပ်ဖြန့်ဖြူးပေးနေသည့် နေရာလည်းဖြစ်သည်။ 

ယင်းဆေးဝါးစက်ရုံသည် နာမည်ကြီးသည့်အထဲတွင် ပါသည်ဟုဆိုနိုင်သည်။ အထူးသဖြင့် အင်ဆူလင်ဆေးဝါး၊ အင်ဇိုင်းဆေးဝါးအပြင် ကင်ဆာနှင့်တီဘီရောဂါတို့အတွက် ဆေးဝါးများကဲ့သို့ အရည်အသွေးမြင့်မားသည့် ဆေးဝါးများကို ထုတ်လုပ်ပေးနေခြင်းကြောင့်ဖြစ်သည်။ 

နိုင်ငံတော်အကြီးအကဲက ထိုဆေးဝါးစက်ရုံသို့ သွားရောက်လေ့လာ၍ ဘယ်လာရုစ် ကျန်းမာရေးဝန်ကြီးအပါအဝင် စက်ရုံတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများလုပ်ဆောင်သည်။ နိုင်ငံ တော်အကြီးအကဲအနေဖြင့် ထိုဆေးဝါးစက်ရုံသို့ သွားရောက်၍ လေ့လာဆွေးနွေးမှုများ လုပ်ဆောင်ရခြင်းအတွက်ရည်ရွယ်ချက်က မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့်မီဆေးဝါးများကို အသုံးပြုနိုင်ရေးနှင့် နောင်တစ်ချိန်တွင် ထိုသို့ကမ္ဘာ့အဆင့်မီဆေးဝါးများကို မြန်မာနိုင်ငံတွင်ပါထုတ်လုပ်နိုင်စေရေးကို မျှော်မှန်းထားခြင်းဖြစ်သည်။ 

ဆေးဝါးဆိုသည်မှာ မွေးကင်းစကလေးမှသည် သက်ကြီးရွယ်အိုများအထိ မည်သည့်အရွယ်မဆို လိုအပ်သောအရာတစ်ခုဖြစ်သည်။ ဆေးဝါးများကိုထုတ်လုပ်ရသည့် ရည်ရွယ်ချက်က လူ့အသက်များကို ကယ်တင်နိုင်ရန်ဖြစ်သော်လည်း အရည်အသွေးနိမ့်ကျသော ဆေးဝါးများကြောင့် လူ့အသက်များစွာ ဆုံးရှုံးသွားရသည်များလည်း ရှိသည်။ ထို့ကြောင့် အရည်အသွေးမြင့်မားသည့် ကမ္ဘာ့အဆင့်မီဆေးဝါးများကို သက်သာသောဈေးနှုန်းဖြင့် အသုံးပြုခွင့်ရရှိရေးမှာ အလွန်အရေးကြီးလှပေသည်။ 

ထိုမှတစ်ဆင့်တက်၍ ကမ္ဘာ့အဆင့်မီဆေးဝါးများကို ကိုယ့်နိုင်ငံအတွင်း ထုတ်လုပ်နိုင်မည်ဆိုလျှင် နိုင်ငံတော်၏ လူသားအရင်းအမြစ်အတွက်သာမက စီးပွားရေးအတွက်ပါ ကောင်းကျိုးများစွာကို ရရှိစေမည်ဖြစ်သည်။ ထိုအရေးများကိုကြိုတင်မြော်တွေးနိုင်စွမ်းရှိသည့် နိုင်ငံတော်အကြီးအကဲက ဘယ်လာရုစ်နိုင်ငံအတွင်း ပထမဆုံးလေ့လာရေးနေရာအဖြစ် Belmedpreparaty ဆေးဝါးစက်ရုံကို ရွေးချယ်လိုက်ခြင်းဖြစ်သည်ဟု ကျွန်တော်ကတော့မြင်မိသည်။ ဤကား မြန်မာနိုင်ငံအတွက် ကောင်းကျိုးများစွာဆိုက်ရောက်နိုင်စေမည့် ပထမဆုံးသောပြတင်းတံခါးတစ်ချပ်ကို ဖွင့်လိုက်ခြင်းဖြစ်သည်။ 

နောက်တစ်ရက်တွင် နိုင်ငံတော်အကြီးအကဲသွားရောက်လေ့လာသည့်နေရာမှာMinsk Tractor Works အမည်ရှိ ထွန်စက်စက်ရုံဖြစ်သည်။

Description: C:\Users\TinTunAung\Desktop\6-7-2025\67112.jpg

 ဒီစက်ရုံကြီးပေါ်ထွန်းလာစေရေးအတွက် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့်နေရာက ရထားတစ်စင်းပေါ်တွင်ဖြစ်သည်။ ၁၉၄၆ ခုနှစ်မှစ၍ လည်ပတ်ခဲ့သည့် အဆိုပါထွန်စက်စက်ရုံက ဘယ်လာရုစ်နိုင်ငံအတွက်လိုအပ်သည့် စိုက်ပျိုးရေးလုပ်ငန်းသုံး   ထွန်စက်များကိုသာမက စိုက်ပျိုးရေးလုပ်ငန်း    ဆောင်ရွက်ရာတွင်  အရေးပါသောယာဉ်များကို   ထုတ်လုပ်ပေးနေသည့် စက်ရုံဖြစ်သည်။ စက်ရုံမှထုတ်လုပ်သည့် ထွန်စက်များက ပြည်တွင်းအသုံးပြုမှုအတွက်သာမက ပြည်ပဆိုလျှင် အနောက်ဥရောပဒေသနှင့် အာဆီယံဒေသတို့ကိုပါ ဖြန့်ဖြူးပေးနေသည့် စက်ရုံကြီးဖြစ်သည်။

ဘယ်လာရုစ်နိုင်ငံဆိုသည်မှာ ကျွန်တော်တို့  မြန်မာနိုင်ငံလိုမျိုးပင် စိုက်ပျိုးရေးကို ဦးစားပေးသောနိုင်ငံဖြစ်သည်။ သူတို့၏ စိုက်ပျိုးရေးကဏ္ဍက ပြည်တွင်းစားသုံးမှုအတွက် ဖူလုံသည်သာမက ပြည်ပသို့ပါ တင်ပို့ရောင်းချခြင်းအားဖြင့် နိုင်ငံ၏စီးပွားရေးကို များစွာအထောက်အကူပြုနေသည့်ကဏ္ဍဖြစ်သည်။ ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းကသာမက မွေးမြူရေးလုပ်ငန်းကလည်း ဘယ်လာရုစ်နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုကဲ့သို့ဖြစ်နေသည်။ ဘယ်လာရုစ်နိုင်ငံ၏လူဦးရေမှာ ကိုးသန်းကျော်  ၁၀ သန်းမျှသာရှိသည်။ ထို့ပြင် ဘယ်လာရုစ်နိုင်ငံက ကုန်းတွင်းပိတ်နိုင်ငံ တစ်ခုလည်းဖြစ်သည်။

သို့သော် ထိုမျှလောက်သောလူဦးရေဖြင့် စိုက်ပျိုးရေးကို နိုင်ငံ့စီးပွားရေးအတွက် အဓိကလုပ်ငန်းအဖြစ်လုပ်ကိုင်နေခြင်းက အားကျအတုယူစရာကောင်းလှသည်။ သူတို့အနေဖြင့်   မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ရပ်တည်နေနိုင်သနည်းဟုဆိုရလျှင်    စိုက်ပျိုးရေးနှင့်မွေးမြူရေးကို  သမားရိုးကျနည်းလမ်းမှသည် ခေတ်မီနည်းလမ်းများသို့ ပြောင်းလဲအသုံးပြုခြင်းကြောင့်ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ ခေတ်မီနည်းလမ်းများတွင် လယ်ယာသုံးစက်ကိရိယာများကို အဆင့်မြှင့်တင်ခြင်း၊ ကိုယ်တိုင်ထုတ်လုပ် အသုံးပြုခြင်းတို့သည်လည်း   မရှိမဖြစ် လိုအပ်ချက်များဖြစ်သည်။ အဆိုပါလိုအပ်ချက်ကို ဘယ်လာရုစ်နိုင်ငံက  ကိုယ့်အားကိုယ်ကိုးပြီး ဖြည့်ဆည်းထားနိုင်ခြင်းကြောင့် စိုက်ပျိုးရေးကို   နိုင်ငံ၏ပင်မ စီးပွားရေးလုပ်ငန်းအဖြစ်   ဆောင်ရွက် လာနိုင်ခြင်းဖြစ်သည်။

မိမိတို့မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည်။ လူဦးရေအားဖြင့် သန်း ၅၀ ကျော်ရှိသည်။ နိုင်ငံအတွင်းထုတ်လုပ်မှုက   နိုင်ငံသားများအတွက် လုံလောက်မှုရှိသည်။ ပိုလျှံသည်ကိုပြည်ပသို့တင်ပို့နိုင်သည်။ သို့သော်  နိုင်ငံ့စီးပွားအတွက် ပင်မအရင်းအမြစ်ကြီးတစ်ခုဖြစ်မလာသေးပေ။     မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သည့်မြေဧကအမြောက်အမြားကျန်ရှိနေဆဲပင်ဖြစ်သည်။ ထိုမြေများကို အကျိုးရှိစွာ   အသုံးချနိုင်ဖို့သာလိုအပ်သည်။ ထိုမြေများကို   အသုံးချရာတွင်လည်း   လယ်ယာသုံးစက်ကိရိယာများကို အကောင်းဆုံးအသုံးပြုနိုင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်     လယ်ယာသုံးစက်ကိရိယာများကို  ယခင်ကတည်းက အသုံးပြုနှင့်နေပြီးဖြစ်သည်။  သို့သော် ကိုယ်တိုင်ထုတ်လုပ် နိုင်ရေးအတွက် နည်းပညာ အားနည်းချက်များရှိသည်။

လက်ရှိအသုံးပြုနေသော   ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်      အစရှိသည့် အကြီးစားလယ်ယာသုံး    စက်ကိရိယာများကို ပြည်ပမှတင်သွင်းမှုအပေါ် အဓိကအားထားနေရခြင်းဖြစ်သည်။ ယင်းကြောင့်ပင် မြန်မာနိုင်ငံ၌  စိုက်ပျိုးနိုင်သည့်မြေများ သော်လည်း စိုက်ပျိုးနေသည့်မြေနည်းပါးနေခြင်းဖြစ်သည်။ တကယ်လို့များ စိုက်ပျိုးနိုင်သောမြေမှန်သမျှကို စက်ကိရိယာများစွာအသုံးပြုပြီး ထွန်ယက်စိုက်ပျိုးမည်ဆိုပါက ကျွန်တော်တို့မြန်မာနိုင်ငံအတွက်  စိုက်ပျိုးရေး လုပ်ငန်းက အဓိကစီးပွားရေးလုပ်ငန်းဖြစ်လာမည်မှာအမှန်ပင်ဖြစ်သည်။

ထိုအခြေအနေကို နိုင်ငံတော်အကြီးအကဲကသိသည်။ သိသည့်အတိုင်းပင် အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းလမ်းတစ်ခုအဖြစ်   နိုင်ငံအတွင်းအကြီးစား လယ်ယာသုံးစက်ကိရိယာများကို ထုတ်လုပ်နိုင်ရန် ဘယ်လာရုစ်နိုင်ငံသို့ရောက်ရှိစဉ် Minsk Tractor Works သို့သွား၍ လေ့လာမှုများ လုပ်သည့်အပြင် ဆွေးနွေးမှုများစွာကိုလည်း  လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲ၏ လုပ်ဆောင်ချက်ကား နိုင်ငံအတွက် ကောင်းကျိုးဟူသော နေရောင်ခြည်ဝင်ရောက်လာနိုင်စေရန် ဒုတိယမြောက် ပြတင်းတံခါးတစ်ချပ်ကို ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်သည်ဟု ဆိုရပေမည်။

နိုင်ငံတော်အကြီးအကဲက ထွန်စက်စက်ရုံကိုလေ့လာပြီးနောက် မော်တော်ယာဉ်ဖြင့် ၇၈ မိနစ်ကြာမောင်းနှင်သွားလာရသည့် Slutsk Cheese Factory နို့မှုန့်စက်ရုံသို့သွားရောက်၍ လေ့လာမှုများပြုလုပ်သည်။

Description: C:\Users\TinTunAung\Desktop\6-7-2025\67113.jpg

နိုင်ငံတော်အကြီးအကဲအနေဖြင့်     ယင်းစက်ရုံသို့သွားရောက် လေ့လာခြင်းက အကြောင်းမဲ့သက်သက်မဟုတ်ပေ။ နိုင်ငံတော်၏ ကောင်းကျိုးအတွက် ရည်ရွယ်ချက်ကြီးတစ်ခုဖြင့် သွားရောက်ခဲ့ခြင်းသာဖြစ်သည်။ ထိုရည်ရွယ်ချက်သည်ကား နိုင်ငံတော်၏စီးပွားရေးအတွက်သာမက နိုင်ငံသားများ၏ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်ရေး အတွက်ကိုပါ မျှော်ကိုးထားခြင်းဖြစ်သည်။

Slutsk Cheese Factory နို့မှုန့်စက်ရုံ ဆိုသည်မှာ ဘယ်လာရုစ်နိုင်ငံ၏ အကြီးဆုံးသော နို့နှင့်နို့ထွက်ပစ္စည်းစက်ရုံဖြစ်သည်။

တစ်ရက်လျှင် နွားနို့တန်ချိန် ၂၅၀၊ နို့မှုန့်တန်ချိန် ၁၅၀၊ ထောပတ်တန်ချိန် ၁၀၀၊ ဒိန်ခဲတန်ချိန် ၁၀၀ နှင့် အခြားနို့ထွက်ပစ္စည်းတန်ချိန် ၃၀၀၀ အထိ ထုတ်လုပ်ဖြန့်ဖြူးပေးနေသည့်  စက်ရုံဖြစ်သည်။  ထိုသို့ထုတ်လုပ်နိုင်ရေးအတွက်  ထုတ်လုပ်ရေးစက်ရုံငါးရုံ၊   စိုက်ပျိုးမွေးမြူရေးခြံကြီး သုံးခြံတို့ဖြင့်လည်ပတ်နေခြင်းဖြစ်သည်။

သူ၏သက်တမ်းကား နှစ်ပေါင်း ၄၀ ကျော်ပြီဖြစ်သည်။ နို့နှင့်နို့ထွက်ပစ္စည်းများသည် လူတို့အတွက်  အင်မတန်မှအကျိုးကျေးဇူးများသော စားသောက်ကုန်များဖြစ်သည်။

သူ့တွင် ကယ်လဆီယမ်ဓာတ်၊ အသားဓာတ်၊ ဗီတာမင်ဒီသာမက အခြားသော ဗီတာမင်နှင့်သတ္တုဓာတ်များစွာပါဝင်သည်။ ပါဝင်သည့်အရာအားလုံးကလည်း လူသားတို့၏ ဘက်စုံကျန်းမာရေးအတွက်   အထောက်အကူပြုသည့် အရာများသာဖြစ်သည်။

အဆိုပါနို့်နှင့်နို့ထွက်ပစ္စည်းများကို ပြည်တွင်းစားသုံးမှု အတွက်ဖူလုံပါက  ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သည်။  စီးပွားရေးအရ တွက်ကြည့်လျှင်   အင်မတန်ကိုက်သည်ဟု ပြောရမည့်    စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။

၂၀၂၄ ခုနှစ်အတွင်း နို့နှင့်နို့ထွက်ပစ္စည်းဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ ၉၉၁ ဒသမ ၅ ဘီလီယံရှိသည်။ ၂၀၃၃ ခုနှစ်တွင် ဈေးကွက်ဝေစုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံအထိရှိမည်ဟု မျှော်မှန်းရသည်။ ကမ္ဘာတစ်ဝန်းဈေးကွက် ဝေစုအရဆိုလျှင် အာရှ-ပစိဖိတ်ဒေသက အများဆုံးဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၄၁ ဒသမ ၀၂ ရာခိုင်နှုန်းရှိသည်။ ထို့ကြောင့် နို့နှင့်နို့ထွက်ပစ္စည်းက နိုင်ငံသူ၊ နိုင်ငံသားများအတွက် ဘက်စုံကျန်းမာရေးကိုထောက်ပံ့ပေးနိုင်သည်သာမက   ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချပါကလည်း ခိုင်မာသောဈေးကွက်က ရှိပြီးသားဖြစ်သည့်အတွက်  နိုင်ငံ့စီးပွားရေးကိုများစွာအထောက်အကူပြုစေနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့်အတူ မွေးမြူရေးလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်နေခြင်းဖြစ်သည်။ ဘယ်လာရုစ်နိုင်ငံနှင့် အတူတူပင်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံအနေဖြင့် စီးပွားဖြစ်လုပ်ဆောင်မှုကနည်းပါးသည်။ တစ်နိုင်တစ်ပိုင်သာ လုပ်ဆောင်လေ့ရှိသည်။ နို့နှင့်နို့ထွက်ပစ္စည်းစက်ရုံဆိုသည်မှာလည်း ယခုနောက်ပိုင်းမှသာ တည်ထောင်လာသည့် တစ်ခုစ၊ နှစ်ခုစမျှသာရှိသည်။ နိုင်ငံသားတစ်ဦးအနေဖြင့်ကြည့်လျှင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နို့နှင့်နို့ထွက်ပစ္စည်း ဈေးကွက်သို့ဝင်နိုင်ပါက စီးပွားရေးအခွင့်အလမ်းများစွာရရှိမည်ကို မြင်တွေ့ရသည်။ သာမန်နိုင်ငံသားတစ်ဦးအနေဖြင့် ထိုသို့ရှုမြင်နိုင်သည်ဆိုပါက နိုင်ငံတော်အကြီးအကဲတစ်ဦးအနေဖြင့် ထို့ထက်မကမြော်တွေးနိုင်မည်မှာ ယုံမှားဖွယ်ရာမရှိပေ။

ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက ဘယ်လာရုစ်နိုင်ငံသို့ရောက်ရှိနေစဉ် နို့နှင့်နို့ထွက်ပစ္စည်းများကို နေ့စဉ်တန်ချိန်များစွာထုတ်လုပ်နေရကာ နိုင်ငံပေါင်း ၂၄ နိုင်ငံသို့ တင်ပို့ရောင်းချနေရသည့် Slutsk Cheese Factory နို့မှုန့်စက်ရုံသို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်။ ထိုသို့လေ့လာမှုနှင့်အတူ ဆက်လက်အကောင်အထည်ဖော်ရမည့် အခြေအနေများကို နိုင်ငံတော်အကြီးအကဲက  ကောင်းစွာသုံးသပ်ကာ ဆက်လက်ဆောင်ရွက်သွားမည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့သွားရောက်လေ့လာခြင်းက နိုင်ငံတော်အကြီးအကဲ၏ မျှော်မှန်းချက်တစ်ခုဖြစ်သည့် နိုင်ငံတော်၏စီးပွားရေးနှင့် နိုင်ငံသားများ၏ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်ရေးဟုဆိုသော အကျိုးစီးပွားအတွက် နောက်ထပ်ပြတင်းတံခါးတစ်ချပ်ကိုဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်သည်။

နိုင်ငံတော်အကြီးအကဲသည် ဘယ်လာရုစ်နိုင်ငံမှပြန်လာစဉ် လမ်းခရီးတစ်ထောက်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Buryatia ပြည်နယ်ရှိ Ulan-Ude မြို့သို့ဝင်ရောက်ခဲ့သေးသည်။

Buryatia ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ဖိတ်ကြားချက်အရ ဝင်ရောက်ခြင်းဖြစ်သည်။ သို့သော် နိုင်ငံတော်အကြီးအကဲတစ်ဦးအနေဖြင့် သက်သောင့်သက်သာဖြင့် နားနေရန်စဉ်းစားခြင်းမရှိဘဲ Ulan-Ude LVRZ မီးရထားစက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေးစက်ရုံသို့သွားရောက်လေ့လာခဲ့သေးသည်။

Description: C:\Users\TinTunAung\Desktop\6-7-2025\67114.jpg

ထိုသို့လေ့လာမှုကလည်း နိုင်ငံတော်၏အကျိုးအတွက်ပင်ဖြစ်သည်။Ulan-Ude LVRZ မီးရထားစက်ရုံကို ၁၉၃၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားခြင်းအတွက် ယခုအခါစက်ရုံ၏ သက်တမ်းမှာ နှစ်ပေါင်း ၉၀ ကျော်လာပြီဖြစ်သည်။ စက်ရုံတစ်ရုံအနေဖြင့် နှစ်ပေါင်း ၉၀ ကျော်ကြာဖြတ်သန်းလာပြီးနောက် ရရှိထားသည့် အတွေ့အကြုံများက တန်ဖိုးမဖြတ်နိုင်ပေ။ ထိုအတွေ့အကြုံများကို လက်တွေ့တွင်   အကျိုးရှိရှိအသုံးချလိုက်သည့်အခါ    တန်ဖိုးရှိသောအရာများထွက်ပေါ်လာပေမည်ဖြစ်သည်။ စက်ရုံ၏အဓိက လုပ်ငန်းက  မီးရထားဆက်စပ် ပစ္စည်းများပြုပြင်ခြင်းနှင့် အပိုပစ္စည်းများ ထုတ်လုပ်ခြင်းတို့ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မီးရထားကဏ္ဍကို တဖြည်းဖြည်းနှင့် အဆင့်မြှင့်တင်လာသည်ကို  မျက်ဝါးထင်ထင်မြင်တွေ့နေရသည်။ ဥပမာအားဖြင့် ကျွန်တော်တို့ငယ်စဉ်က မီးရထားစီးခရီးသွားလျှင် အချိန်တော်တော်ပေးရသည်။ 

ယခုမူကား DEMU ရထားများကြောင့် ခရီးတစ်ခုကို အချိန်တိုအတွင်း စိတ်လက်ချမ်းသာစွာ   ရောက်ရှိနိုင်နေပြီဖြစ်သည်။ မီးရထားဆိုသည်မှာ ကုန်စည်ပို့ဆောင်ရေး အတွက်သာမက ခရီးသည်ပို့ဆောင်ရေးအတွက် များစွာအထောက်အကူပြုသော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သည်။ နိုင်ငံတိုင်းတွင် တွင်ကျယ်စွာအသုံးပြုလျက်ရှိသလို မြန်မာနိုင်ငံတွင်လည်း မီးရထားအသုံးပြုမှု ယခုထက်ပိုမိုတွင်ကျယ်လာစေရေး ဆောင်ရွက်လျက်ရှိသည်ကိုမြင်တွေ့နေရသည်။

ယခင်က မီးရထားစက်ခေါင်းများကို ပြည်ပမှသာမှာယူတင်သွင်းရသည်။ ယခုမူ ထိုသို့သောစက်ခေါင်းများကို ပြည်တွင်းမှာပင်ကိုယ်တိုင် ထုတ်လုပ်တပ်ဆင်မှုများနှင့် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်နိုင်နေပြီဖြစ်သည်။ သို့သော်လည်း အတွေ့အကြုံနှင့်ပညာဟူသည်ကား မည်သည့်အခါမျှရယူ၍ မကုန်နိုင်သကဲ့သို့ ကိုယ့်တွင်ရှိပြီးဖြစ်သည့်    နည်းပညာများနှင့် ကမ္ဘာ့အဆင့်မီစက်ရုံများ၏ နည်းပညာများကြား   ကွာဟမှုများကို လေ့လာကာ ကောင်းသည့်အချက်များကို   ရယူ၍ ကိုယ့်ကိုယ်ကိုယ်တန်ဖိုး မြှင့်တင်နိုင်စေမည်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် UlanUde LVRZ မီးရထားစက်ရုံသို့ သွားရောက်လေ့လာခြင်းသည် ကိုယ့်နိုင်ငံအတွင်း၌သာမက ကမ္ဘာမှာပါအရေးပါသည့် သယ်ယူပို့ဆောင်ရေး စနစ်အတွက် လိုအပ်လာမည့်နည်းပညာများကို ပြည်ပပညာရှင်များနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်နိုင်စေရန်ဖြစ်သည်။ ထိုသို့နည်းပညာအဆင့်မြှင့်တင်ခြင်းမှတစ်ဆင့် ရရှိမည့်ကောင်းကျိုးများမှာ ပိုမိုလုံခြုံစိတ်ချရမှုနှင့် ပျက်စီးမှုအနည်းဆုံးဖြစ်သည့် မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်မည်သာမက ပြုပြင်ထိန်းသိမ်းရေး အတွက်လည်း ကိုယ့်အားကိုယ်ကိုးနိုင်မည်ဖြစ်သောကြောင့် နိုင်ငံတော်၏ အရေးပါသော သယ်ယူပို့ဆောင်ရေးစနစ်တွင် များစွာသောဖွံ့ဖြိုး တိုးတက်မှုများကို ရရှိနိုင်စေမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲအနေဖြင့် UlanUde LVRZ မီးရထားစက်ရုံသို့ သွားရောက်လေ့လာခြင်းက နိုင်ငံတော်အတွက် အရေးကြီးသော ဖွံ့ဖြိုးတိုးတက်မှုတစ်ခုအတွက် နောက်ထပ်ပြတင်းတံခါးတစ်ချပ်ကို လှစ်ဟလိုက်ခြင်းဖြစ်သည်ဟု   ဆိုရမည်ဖြစ်ပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ       နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံသို့ စတုတ္ထအကြိမ်မြောက် ဥရောပ-အာရှစီးပွားရေးဖိုရမ်တက်ရန် သွားရောက်ခဲ့ခြင်း ဖြစ်သော်လည်း ခေါင်းဆောင်ကောင်းတစ်ဦး ပီသစွာ အမြော်အမြင်ရှိရှိဖြင့်   နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုသာ ဦးစားပေးပြီး လေ့လာမှုများစွာ    လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ ထိုလုပ်ဆောင်မှုများ အားလုံးအတွက် တစ်ခုတည်းသော    မျှော်မှန်းချက်က နိုင်ငံ့ကောင်းကျိုးအတွက်သာဖြစ်သည်မှာ    မငြင်းနိုင်သော  အမှန်တရားဖြစ်သည်။

“လိုလျှင်ကြံဆ နည်းလမ်းရ” ဆိုသည့် မြန်မာဆိုရိုးစကားနှင့်အညီ နိုင်ငံတော်အကြီးအကဲက နိုင်ငံ့ကောင်းကျိုးကိုလိုချင်သည့်အတွက် နည်းလမ်းများကိုရှာဖွေဖော်ထုတ်ပေးခဲ့ပြီဖြစ်သည်။ တစ်နည်းဆိုရလျှင် ဘယ်လာရုစ်ဆိုရိုးဖြစ်သည့် “ဖန်ဝါနေမင်း   ဆိုက်ရောက်လာမည် ကိုယ့်ရဲ့ပြတင်းပေါက်ဆီ” ဆိုသည့်အတိုင်း တစ်နေ့မှာကောင်းခြင်းတွေကိုပိုင်ဆိုင်ရစေဖို့အတွက် နိုင်ငံတော်အကြီးအကဲက ပြတင်းပေါက်များစွာကို   ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသည့်ကျွန်တော်တို့ကလည်း      နိုင်ငံတော်အကြီးအကဲက ရှာဖွေဖော်ထုတ်ပေးသည့် နည်းလမ်းများကို အကောင်းဆုံး အသုံးချခြင်းအားဖြင့် နိုင်ငံတော်အကြီးအကဲဖွင့်ပေးခဲ့သော ပြတင်းပေါက်များမှ တစ်ဆင့် ဝင်ရောက်လာမည့် နေရောင်ခြည်နွေးနွေးကို ခံစားရတော့မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။   

ထက်မြတ်