အမေးအဖြေကဏ္ဍ

-

မြောက်ကိုရီးယားနိုင်ငံအတွင်း တောင်ကိုရီးယား မောင်းသူမဲ့လေယာဉ်များကို ထပ်မံတွေ့ရှိပါက ပြုံယမ်းအနေဖြင့် လက်တုံ့ပြန်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်၏ ညီမဖြစ်သူ ကင်ယိုဂျောင်က အလေးပေးပြောကြားသည်။

အထက်ပါကိစ္စနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံပိုင် ကိုရီးယား ဗဟိုသတင်းအေဂျင်စီမှတစ်ဆင့် အောက်တိုဘာ ၁၂ ရက်တွင် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဝါဒဖြန့်စာရွက်များကို ဖြန့်ဝေ

တောင်ကိုရီးယား မောင်းသူမဲ့လေယာဉ်များသည် ယခုအစောပိုင်းတွင် ပြုံယမ်းမြို့ရှိ ဝေဟင်ပေါ်တွင် ပျံဝဲပြီး ဝါဒဖြန့်စာရွက်များကို ဖြန့်ဝေခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ တွင် ကြေညာခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြုံယမ်း၏ ပြောကြားချက်ကို တောင်ကိုရီးယားတပ်မတော်က အတည်ပြု ပြောကြားခြင်းမရှိသေးပေ။

မောင်းသူမဲ့လေယာဉ်ဒရုန်းများကို အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုမှ လွှတ်တင်ခြင်းဖြစ်ပါက ယင်းလွှတ်တင်မှုသည် တောင်ကိုရီးယားတပ်မတော်၏ ခိုင်းစေမှုသာဖြစ်ကြောင်း ကင်ယိုဂျောင်က ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် တောင်ကိုရီးယားတပ်မတော်အား မြောက်ကိုရီးယားဘက်မှ တိုက်တွန်းထားပြီး ပြည်သူများ၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်လာပါက ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမည်ဟု ကင်ယိုဂျောင်က သတိပေးပြောကြားသည်။

အင်န်အိတ်ချ်ကေ

မြောက်ကိုရီးယားနိုင်ငံအတွင်း တောင်ကိုရီးယားမောင်းသူမဲ့လေယာဉ်များ ထပ်မံတွေ့ရှိပါက မည်သို့ ဆက်လက်လုပ်ဆောင်သွားမည်နည်း။