ဇွန်လ ၂၂ ရက်မှာ အမေရိကန်သတင်းဌာနတစ်ခုဖြစ်တဲ့ CNN သတင်းဌာနက သတင်းတစ်ပုဒ်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီသတင်းကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်ရဲ့ နျူကလီးယားအခြေခံအဆောက်အဦတွေကို ပစ်မှတ်ထားပြီး တိကျစွာပစ်ခတ်တိုက်ခိုက်ခြင်းအားဖြင့် အစ္စရေး-အီရန်စစ်ပွဲထဲကို ဝင်ရောက်လိုက်ပြီဆိုတဲ့သတင်းပါပဲ။ အတိအကျဆိုရရင် အမေရိကန်က အီရန်အပေါ်ကို ပူးပေါင်းတိုက်ခိုက်မှုလုပ်လိုက်တာပဲဖြစ်ပါတယ်။

အဲဒီပူးပေါင်းတိုက်ခိုက်မှုမှာ B-2 Spirit အမျိုးအစားကိုယ်ပျောက်ဗုံးကြဲလေယာဉ်ခြောက်စင်း၊ Ohio အတန်းအစား ပဲ့ထိန်းဒုံးကျည်တင် ရေငုပ်သင်္ဘော တစ်စင်းတို့ပါဝင်ပါတယ်။ သူတို့အသုံးပြုခဲ့တဲ့ခဲယမ်းတွေကတော့ GBU-57A/B Massive Ordnance Penetrator အမျိုးအစားဗုံးများနဲ့ Tomahawk အမျိုး
အစားအနိမ့်ပျံဒုံးကျည်များဖြစ်ပါတယ်။ GBU-57A/B ဆိုတာ တစ်နည်းပြောရရင် ဘန်ကာဖျက်ဗုံးများဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ဟာ GBU-57A/B ဘန်ကာဖျက်ဗုံးများကို ပထမဆုံးအကြိမ် ထုတ်သုံးပြီး အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုများပိုမိုမြင့်တက်လာအောင် ဖန်တီးလာတယ်လို့ ဆိုရမှာပါ။
ဒီစစ်ပွဲထဲ အမေရိကန်ပါဝင်လာမှုအတွက် အဓိကအကျဆုံးသော တိုက်ခိုက်ရေးအင်အားစုက B-2 Spirit အမျိုးအစား ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ခြောက် စင်းဖြစ်ပါတယ်။ အဲဒီဗုံးကြဲလေယာဉ်များဟာ လုံခြုံရေးအလွန်တင်းကျပ်လှတဲ့ လေတပ်စခန်းတစ်ခုစီကနေထွက်ခွာလာတာပါ။ ပြီးတဲ့အခါ အီရန်လေပိုင် နက်ထဲဝင်လာပြီး GBU-57A/B ဘန်ကာဖျက်ဗုံး ၁၂ လုံးကို ဖော်ဒိုးယူရေနီယံသန့်စင်ရေးစက်ရုံဆီကြဲချ လိုက်တာဖြစ်ပါတယ်။ အဲဒီစက်ရုံကို မြေအောက် အနက် မီတာ ၈၀ မှ ၁၀၀ အတွင်းမှာတည်ဆောက်ထားတာဖြစ်ပြီး အပေါ်မှာတော့ကျောက်နဲ့သံကူကွန်ကရစ်တို့ပေါင်းစပ်ထားတဲ့ထုထည်ကြီးရှိတယ်လို့ ဆိုပါတယ်။ အဲဒီထက်လည်းပိုနိုင်ပါတယ်။
GBU-57A/B ဆိုတဲ့ ဗုံးအမျိုးအစားကလည်း နျူကလီးယားမဟုတ်တဲ့ဖျက်အားအပြင်းဆုံးဗုံးတစ်လုံးဖြစ်ပါတယ်။ အမေရိကန်တို့တီထွင်ထားတဲ့ ခဲယမ်းတွေထဲမှာပေါ့။ သူ့ရဲ့အလေးချိန်က ပေါင်ချိန် ၃၀၀၀၀ အထိရှိပြီး ထူထဲမာကျောတဲ့သံမဏိကိုယ်ထည်ကိုအသုံးပြုထားတာပါ။ ဒါ့အပြင် မာကျောတဲ့ အဆောက် အအုံတွေထဲကို နက်ရှိုင်းစွာတိုးဝင်သွားပြီး အတွင်းမှာပေါက်ကွဲမှုဖြစ်စေနိုင်ဖို့အတွက် အဆင့်မြင့် စနက်တံကိုတပ်ဆင်ထားတာဖြစ်ပါတယ်။ သူ့ကို GPS စနစ်၊ ရွေ့လျားမှုဆိုင်ရာလမ်းညွှန်စနစ်တို့ ပေါင်းစပ်အသုံးပြုထားတဲ့ ပဲ့ထိန်းစနစ်အသုံးပြုပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့တိကျမှု အဝန်းက ၅ မီတာပတ်လည်ရှိပြီး အခိုင်အမာကိုတည်ဆောက်ထားပါတယ်ဆိုတဲ့ မြေအောက်အဆောက်အအုံတွေက သူ့ရဲ့တိုက်ခိုက်မှုအောက်မှာ ပျက်စီးသွားကြရ တာဖြစ်ပါတယ်။
B-2 Spirit ဆိုတဲ့လေယာဉ်ကလည်း GBU-57 ဗုံးသီးတွေကိုသယ်ဆောင်နိုင်တဲ့ တစ်ခုတည်းသော လေယာဉ်အမျိုးအစားဖြစ်ပါတယ်။ သူက တာဝေး ပြေးကိုယ်ပျောက်ဗုံးကြဲလေယာဉ်ဖြစ်ပြီး တင်းကျပ်စွာကာကွယ်ထားတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ထဲကို တိတ်တဆိတ်ထိုးဖောက်ဝင်ရောက်ပြီး ရည်မှန်းချက်တာဝန်ကို ထမ်းဆောင်နိုင်စေဖို့ဒီဇိုင်းဆွဲထားတာပါ။ တောင်ပံအလျားက ၁၇၂ ပေနဲ့ ထွက်ခွာစဉ်တင်ဆောင်နိုင်တဲ့ အများဆုံးအလေးချိန်က ပေါင်ချိန် ၃၇၆၀၀၀ နီးပါးရှိပါတယ်။ General Electric ကုမ္ပဏီကထုတ်လုပ်ထားတဲ့ F118-GE-100 အင်ဂျင်လေးလုံးတပ် B-2 Spirit ဗုံးကြဲလေယာဉ်က ရေဒါကိုစုပ်ယူနိုင်စွမ်းရှိတဲ့ ကိုယ်ထည်နဲ့အတူ ပျံသန်းစဉ်တောင်ပံတွေက ရေဒါပုံရိပ်ဖော်မှုကိုအနိမ့်ဆုံး အထိလျှော့ချပေးနိုင်ပါတယ်။ B-2 Spirit ရဲ့တိုက်ပွဲဝင် နိုင်တဲ့အကွာအဝေးက မိုင်ပေါင်း ၃၅၀၀ အထိရှိတာပါ။ ဒါတောင်မှ လေယာဉ်ဆီထပ်မဖြည့်ဘဲ သွားနိုင်တဲ့အကွာအဝေးဖြစ်ပါတယ်။ ဝေဟင်ဆီဖြည့်လေယာဉ်ကြီးတွေရဲ့အကူအညီသာယူလိုက်ရင် သူ့ရဲ့စစ်ဆင်နိုင်တဲ့အကွာအဝေးက ကမ္ဘာကိုတောင်ပတ်လို့ ရလောက်ပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်ရေတပ်မှနျူကလီးယားစွမ်းအင်အသုံးပြုပဲ့ထိန်းဒုံးကျည်တင်ရေငုပ်သင်္ဘောဖြစ်တဲ့ Ohio အတန်းအစား USS Georgia ရေငုပ်သင်္ဘောက BGM-109 Tomahawk မြေပြင်တိုက်ခိုက်ရေး ဒုံးကျည်အစင်းပေါင်း ၃၀ ကို တည်နေရာအတိအကျမဖော်ပြထားတဲ့နေရာကနေ အီရန်နိုင်ငံအတွင်းရှိ နာတန့်နဲ့ အက်စဖာဟန် နျူကလီးယားအဆောက်အအုံနေရာများနဲ့ အခြားပစ်မှတ်နေရာများဆီပစ်လွှတ်လိုက်ပါတယ်။ ရေငုပ်သင်္ဘောရဲ့တည်နေရာကို မဖော်ပြထားပေမယ့်လည်းအဖြစ်နိုင်ဆုံးနေရာများက အာရေဘီယံပင်လယ်နဲ့ အိုမန်ပင်လယ်ကွေ့တို့မှဖြစ်နိုင်ပါတယ်။ USS Georgia ဆို တာ သမားရိုးကျတိုက်ခိုက်မှုများကိုလုပ်ဆောင်နိုင်စေဖို့အတွက်သာမက အထူးစစ်ဆင်ရေးများမှာပါ အထောက်အကူပြုနိုင်စေဖို့ ဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပါတယ်။
အဲဒီသင်္ဘောတွေမှာ နျူကလီးယားဒုံးကျည်များကိုပစ်လွှတ်ဖို့ ဒုံးပစ်ပေါက်များပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေကိုဖယ်ရှားပြီး ဒေါင်လိုက်ဒုံးပစ်ပေါက်များ တပ်ဆင်လိုက်မယ်ဆိုရင် Tomahawk ဒုံးကျည်စုစုပေါင်း ၁၅၄ စင်းအထိ တင်ဆောင်ပစ်လွှတ်နိုင်မှာဖြစ်ပါတယ်။ Ohio အတန်းအစား ပဲ့ထိန်းဒုံးကျည် တင် ရေငုပ်သင်္ဘောက အလျားပေ ၅၆၀ နဲ့ တန်ချိန် ၁၈၀၀၀ ရှိပြီး နျူကလီးယားစွမ်းအင်သုံးအင်ဂျင်ကို အသုံးပြုထားတာကြောင့် ရေအောက်ထဲမှာအချိန် ကန့်သတ်ချက်မရှိ ငုပ်လျှိုးကာသွားလာနေနိုင်စွမ်းရှိပါတယ်။ အထူးတပ်ဖွဲ့ဝင်များအပါအဝင် စစ်သည် စုစုပေါင်း ၁၆၀ အထိတင်ဆောင်နိုင်ကာ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်နိုင်တဲ့ အဲဒီရေငုပ်သင်္ဘောများဟာ အသံထွက်ရှိမှု နိမ့်ပါးလှတာကြောင့် အမေရိကန်ရေတပ်မှာရှိတဲ့ ကိုယ်ပျောက်စစ်ရေယာဉ်များအနက် အထင်ရှားဆုံး စစ်ရေယာဉ်များဖြစ်ပါတယ်။
အဲဒီရေငုပ်သင်္ဘောများကနေပစ်လွှတ်လိုက်တဲ့ Tomahawk ဒုံးကျည်များက တစ်စင်းကိုအလေးချိန် ပေါင် ၃၅၀၀၊ အလျား ၁၈ ဒသမ ၂၅ ပေရှိကာ အကွာ အဝေးအားဖြင့် မိုင်ပေါင်း ၉၃၀ မှာရှိတဲ့ပစ်မှတ်ကိုပင် ထိမှန်နိုင်စွမ်းရှိပါတယ်။ သူ့မှာတပ်ဆင်ထားတဲ့ထိပ်ဖူးက ပေါင်ချိန် ၁၀၀၀ ရှိပြီး ထိပ်ဖူးကတစ်လုံးတည်းဖြစ်ပါတယ်။ သူ့စွမ်းဆောင်ရည်က အနိမ့်ပျံဒုံးကျည်လို့ဆိုထားတဲ့အတိုင်း မြေမျက်နှာပြင်အနိမ့်ပိုင်းကနေ ပျံသန်းတာဖြစ်တာကြောင့် တန်ဖိုးအားဖြင့်ကြီးမား လှတဲ့မြေပြင်ပစ်မှတ်များကို ထိရောက်မှုရှိစွာတိုက်ခိုက်နိုင်စေတာဖြစ်ပါတယ်။
အခုစစ်ဆင်ရေးမှာ လေကြောင်းအကူအညီအနေ နဲ့ EA-18G Growler အီလက်ထရွန်နစ်စစ်ဆင်ရေး လေယာဉ်လိုမျိုး အထောက်အကူပေးလေယာဉ်တွေ လည်းပါဝင်ပါတယ်။ EA-18G Growler ရဲ့စွမ်းရည် က ရန်သူရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်များကို သက်မဲ့ဖြစ်သွားအောင်လုပ်နိုင်စွမ်းရှိတာဖြစ် ပါတယ်။ ဒီလိုနည်းနဲ့ အီရန်ရဲ့ရေဒါနဲ့ဆက်သွယ်ရေးစနစ်များကို နှောင့်ယှက်ဟန့်တားလိုက်နိုင်တာဖြစ်ပါတယ်။ ကင်းထောက်၊ အကဲကြည့်၊ ထောက်လှမ်း ရေးစနစ်များအတွက်ကိုတော့ RQ-4 Global Hawk ဒရုန်းများနဲ့ RC-135 Rivet Joint လေယာဉ်များကိုအသုံးပြုရပါတယ်။ အဲဒီစနစ်တွေက ပစ်မှတ်ကို ချိန်ရွယ်မှုအတွက်အချက်အလက်တွေသာမက တိုက်ခိုက်ပြီးနောက် တိုက်ပွဲထိခိုက်မှုဆန်းစစ်ချက်တွေကို အချိန်နဲ့တစ်ပြေးညီထောက်ပံ့ပေးနိုင်ပါတယ်။
ဒါကြောင့် အမေရိကန်တပ်မတော်က အခုစစ်ဆင်ရေးမှာ ပူးပေါင်းတိုက်ခိုက်မှုလုပ်သွားတာဖြစ်တယ်လို့ပြောခဲ့တဲ့အတိုင်း အရင်ဆုံးအီရန်ရဲ့လေကြောင်း ရန်ကာကွယ်ရေးစနစ်များကို သက်မဲ့ဖြစ်သွားစေအောင်လုပ်ပါတယ်။ ပြီးတဲ့အခါ ကင်းထောက်၊ အကဲကြည့်၊ ထောက်လှမ်းမှုတွေလုပ်ပါတယ်။ အချက်အလက်တွေရရှိပြီးချိန်မှာ B-2 Spirit ဗုံးကြဲလေယာဉ်များက ဖျက်အားပြင်း GBU-57 ဗုံးများကိုကြဲချသလို တစ်ချိန်တည်းမှာပဲ ရေငုပ်သင်္ဘောကနေ Tomahawk ဒုံးကျည်အစင်း ၃၀ နဲ့မတူညီတဲ့ပစ်မှတ်များကို တစ်ပြိုင်နက်တည်းပစ်ခတ်လိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့အခုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုအတွက် ထိရောက်မှုပမာဏဘယ်လောက်အထိရှိတယ်ဆိုတာကိုတော့ အတိအကျမသိရ သေးပါဘူး။
အီရန်က သူ့ရဲ့အရေးကြီးတဲ့စစ်လက်နက်ပစ္စည်းတွေ၊ ယူရေနီယံသန့်စင်စက်ရုံတွေကို နက်ရှိုင်းလှတဲ့ မြေအောက်အနက်ထဲမှာ ထားရှိထားတာဖြစ်တာ ကြောင့် အခုတိုက်ခိုက်မှုမှာ အီရန်ကဘယ်လောက် အတိုင်းအတာအထိ ဆုံးရှုံးမှုဖြစ်သွားတယ်ဆိုတာကို အတိအကျမသိရတာဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ တာဝန်ရှိသူတချို့က သူတို့အနေနဲ့ အမေရိကန်က ဝင်ရောက်တိုက်ခိုက်မှာကို ကြိုသိနေတဲ့အတွက် ဖော်ဒိုးယူရေနီယံသန့်စင်စက်ရုံကို ဘေးကင်းရာဆီရွှေ့ပြောင်းထားတာကြောင့် ဘယ်လိုဆုံးရှုံးမှု ကြီးကြီးမားမားမှမရှိဘူးလို့ဆိုထားပါတယ်။ တစ်ချိန်တည်းမှာပဲ အစ္စရေးဘက်ကို အီရန်ကဒုံးကျည်များစွာနဲ့ပစ်ခတ် လိုက်တာတွေ့ရပါတယ်။
မည်သို့ပင်ဆိုစေကာမူ အစ္စရေးနဲ့အီရန်တို့ဖြစ်တဲ့ ပြဿနာမှာ အမေရိကန်ဟာ မူလကအစ္စရေးဘက်ကနေပြီး နောက်ကွယ်ကနေပါဝင်ခဲ့ပေမယ့် အခုတော့သူကိုယ်တိုင်ပဲ သမိုင်းမှာတစ်ခါမှမသုံးဖူးတဲ့ဗုံးကို ပထမဆုံးအကြိမ်ထုတ်သုံးပြီး အီရန်ကိုတိုက်ခိုက်ခြင်းအားဖြင့် အစ္စရေး-အီရန်စစ်ပွဲထဲကို တိုက်ရိုက်ဝင် ပါလာတာဖြစ်ပါတယ်။ ဒီလိုဝင်ပါမှုကြောင့်နဂိုကတည်းကမှ မတည်မငြိမ်ဖြစ်နေရတဲ့ အရှေ့အလယ်ပိုင်း ဒေသတင်းမာမှုများက အခုထက်ပိုပြီးမြင့်တက်လာမှာအသေအချာပါပဲ။ ။
Ref: AR
MWD Web Portal

အသက်ငယ်ငယ်ကလေးမတစ်ယောက် ဖုန်ထူထပ်နေသော ကြမ်းပြင်ပေါ်ထိုင်ပြီး သူမ ဖခင်၏ ဖိနပ်ကို ရင်ဘတ်တွင်ဖက်ထားလျက် ဒေါသထွက်ငိုကြွေးနေပါသည်။ ဘီဆန် ကွိုင်ဒါး (Bisan Qwaider) ကို မည်သူမျှ မနှစ်သိမ့်နိုင်ခဲ့ပေ။ သူမ၏ဖခင်သည် သူမနှင့် သူမ၏ဆာလောင်နေသည့် မောင်နှမငယ် ၁၀ ယောက်အတွက် အစားအစာရှာဖွေရင်း သေဆုံးသွားခဲ့ရသည်။

အဆိုပါအခိုက်အတန့်ကို တနင်္ဂနွေနေ့ (ဇွန် ၁၅) က ဓာတ်ပုံရိုက်ကူးခဲ့သည့် ဓာတ်ပုံဆရာ ခါလစ်ဒ် ရှာအာသ် (Khaled Sha’ath) က CNN ကို ပြောပြချက်အရ ဘီဆန်၏ဖခင် ရှာဒီ (Shadi) သည် မိသားစုနှင့်အတူ ဂါဇာတောင်ပိုင်း မာဝါစီ (Mawassi) ဒေသရှိ တဲတစ်လုံးထဲတွင်နေထိုင်ပြီး မကြာသေးမီ ကပင် ခါန်ယူနစ် (Khan Younis) ၏အရှေ့ဘက် မာအန် (Ma’an) ဒေသကို ထွက်ခွာသွားခဲ့သည်ဟု သိရပါသည်။
အဆိုပါဒေသကို သွားခြင်းသည် အန္တရာယ်များသည်ဆိုခြင်းကို ရှာဒီသိရှိထားပြီး မာအန်ဒေသသည် အစ္စရေး၏ ရွှေ့ပြောင်းအမိန့်အောက်တွင် ကြာမြင့်စွာရှိနေကာ အစ္စရေးတပ်များ၏ ဗုံးကြဲတိုက်ခိုက်မှု များလည်း ခံနေရသောနေရာဖြစ်သည်။သို့သော် အန္တရာယ်ရှိသည်ကို သိရှိထားသော်လည်း ၎င်း၏ကလေး ငယ်များ ဆာလောင်ငတ်မွတ်နေခြင်းကြောင့် အဆိုပါနေရာတွင် အစားအစာရနိုင်မည်ဟု ယုံကြည် ချက်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။
ဂါဇာသည် ယခုအချိန်တွင် အစာရေစာပြတ်လပ်မှု အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်နေရပြီး ဧပြီလကုန်ပိုင်းက ကုလသမဂ္ဂထောက်ခံသည့် အစီရင်ခံစာတစ်ခု၌ ဂါဇာရှိ လူငါးယောက်တွင် တစ်ယောက်သည် အငတ်ဘေးနှင့် ရင်ဆိုင်နေရပြီး ဒေသတစ်ခုလုံးနီးပါး အစာငတ်မွတ်ခေါင်းပါးမှု ဘေးနှင့် နီးစပ်နေပြီဟု သတိပေးထားပါသည်။ ကုလသမဂ္ဂအဆိုအရ လက်ရှိအချိန်တွင် အခြေအနေများ ပိုဆိုးရွားလာနေပါသည်။
ရှာအာသ်ပြောပြချက်အရ ရှာဒီသည် လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် သေဆုံးခဲ့ပြီး တနင်္ဂနွေနေ့ (ဇွန် ၁၅) က ၎င်း၏အလောင်းကို အမှိုက်ပုံထဲမှ ထုတ်ယူခဲ့ရခြင်းဖြစ်သည်။ ဂါဇာကျန်းမာရေးဌာန၏ အဆိုအရ ၎င်းသည် မကြာသေးမီကပင် အစားအစာရှာဖွေစဉ် သေဆုံးခဲ့သော ရာနဲ့ချီသည့် လူများထဲမှ တစ်ဦးဖြစ်ပါသည်။
CNN က အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ထံ Ma’an ဒေသရှိ အခြေအနေနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ IDF မှ ဂါဇာမြေပုံတစ်ခုကို ပြန်လည်ပေးပို့ခဲ့ပြီး “စစ်မက်ဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိ ဇုန်များ” ကို အနီရောင်ဖြင့် မှတ်သားထားသည်။ ၎င်းတွင် Ma’an ဒေသ အပါအဝင် ဂါဇာ၏ တစ်ဝက် ကျော်မျှပါဝင်နေသည်။ မေလနှောင်းပိုင်းတွင် အစ္စရေးသည် ဂါဇာကို ၁၁ ပတ်ကြာ လုံးဝပိတ်ဆို့ ထားမှုကို ယာယီရုတ်သိမ်းခဲ့သော်လည်း လူသားချင်းစာနာမှုအဖွဲ့များက ဝင်ရောက်လာသော အကူအညီမှာ လိုအပ်ချက်၏ အနည်းငယ်မျှသာ ဖြစ်သည်ဟု ဆိုသည်။
ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Tom Fletcher က “အသက်ရှင်ရန် အခြေခံ လိုအပ်ချက်များကို ချက်ချင်းနှင့် အများအပြား ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပါက ငတ်မွတ်ခေါင်းပါးမှု၊ ကပ်ဘေးနှင့် လူအသက်ဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည်” ဟု လွန်ခဲ့သည့်သီတင်းပတ်က သတိပေးခဲ့သည်။
ဂါဇာရှိ လူသားချင်းစာနာမှုအရေးပေါ်အခြေအနေသည် ကမ္ဘာတစ်ဝှမ်း ဒေါသမီးများကို လှုံ့ဆော်ပေး ခဲ့ပြီး အစ္စရေး၏ မိတ်ဖက်နိုင်ငံများကပါ ဝေဖန်မှုများ စတင်လာသည်။
လွန်ခဲ့သည့်လက ပြင်သစ်၊ ဗြိတိန်နှင့် ကနေဒါတို့မှ အစ္စရေးကို ဝေဖန်သည့် ရှားပါးသော ပူးတွဲ ထုတ်ပြန်ချက်ထုတ်ပြန်ကာ ဂါဇာအခြေအနေ မတိုးတက်ပါက “ထိရောက်သော အရေးယူမှုများ” ချမှတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဗြိတိန်သည် အစ္စရေးနှင့် ကုန်သွယ်ရေးညှိနှိုင်းမှုများကို ယာယီ ရပ်ဆိုင်းခဲ့ပြီး အနောက်ဘက်ကမ်းခြေရှိ နယ်မြေချဲ့ထွင်အခြေချသူများကို ဒဏ်ခတ်အရေးယူခဲ့သည်။ ဥရောပသမဂ္ဂကလည်း အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို ပြန်လည်သုံးသပ် မည်ဟု ကြေညာခဲ့သည်။
အစ္စရေးနှင့် အီရန်ကြား တင်းမာမှုများ ဆက်လက်မြင့်တက်နေချိန်တွင် ဂါဇာပြည်သူများက ၎င်းတို့၏ ဒုက္ခကို ကမ္ဘာကအာရုံမစိုက်နိုင်တော့ဘဲ အစ္စရေးအပေါ် ဖိအားလျော့နည်းသွားမည်ကို စိုးရိမ်နေ ကြသည်။
“အစ္စရေးနဲ့ အီရန်စစ်ပွဲက လူတွေကကျွန်တော်တို့ကို အပြီးမေ့သွားစေတယ်။ အခုဘယ်သူမှ ကျွန်တော်တို့ဘက်ကို မကြည့်ကြတော့ဘူး။ အစားအစာ၊ ရေသန့်၊ ဘာမှမရှိတော့ဘူး။ နေ့တိုင်း လူတွေက အစားအစာ အရှာထွက်ကြတယ်၊ အဆုံးမှာတော့ သူတို့အလောင်းတွေကို အိတ်ထဲထည့် ပြန်သယ်လာရတယ်” ဟု မိုဟာမက်အမည်ရှိ ဂါဇာသားတစ်ဦးက တနင်္လာနေ့ (ဇွန် ၁၆) တွင် CNN ကို ပြောကြားခဲ့သည်။
အခြားဂါဇာသူတစ်ဦးဖြစ်သူ အွမ်မွတ်စ်တာဖာက “အီရန်နဲ့ အစ္စရေးကြား ပဋိပက္ခက ကျွန်မတို့ရဲ့ ဒုက္ခတွေကို နိုင်ငံတကာသတင်းတွေကနေ ပျောက်ကွယ်သွားစေတယ်” ဟု ရှင်းပြခဲ့သည်။
မွတ်စ်တာဖာက “ဂါဇာကမ်းမြောင်ဒေသကို မြေပုံကနေဖျက်ပစ်လိုက်ပြီလို့ဆိုရမယ့်တိုင် အခုလူတွေရဲ့ အာရုံက အစ္စရေး-အီရန်စစ်ပွဲကိုပဲ လှည့်သွားတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ဂါဇာမြို့တော်နေသူ အဘူဂျူမာအာက “ဂါဇာအတွက် လူသားချင်းစာနာမှုအကူအညီတွေ ဝင်ခွင့်ပြုဖို့ တောင်းဆိုနေတဲ့အသံတချို့ရှိပေမယ့် အစ္စရေး-အီရန်စစ်ပွဲကြောင့် ဂါဇာမှာ အစားနဲ့ရေရရှိဖို့ တောင်းဆို နေသူ ဘယ်သူမှမရှိတော့ဘူး” ဟု ဝမ်းနည်းစွာရှင်းပြခဲ့သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့မှစတင်၍ ဂါဇာတွင် လူဦးရေ ၅၅,၃၀၀ ကျော်သေဆုံးပြီး
၁၂၈,၇၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ထား သည်။
ဤအရေအတွက်များသည် လုံးဝအံ့အားသင့်စရာဖြစ်ပြီး ဂါဇာလူဦးရေ၏ ၂.၅% နီးပါးသေဆုံးခဲ့ ရပြီဖြစ်သည်။ (စစ်မဖြစ်မီ ဂါဇာတွင်နေထိုင်သူ ၄၀ တွင် ၁ ဦး သေဆုံးနေပြီဖြစ်သည်) The Lancet ဂျာနယ်တွင် ဖော်ပြခဲ့သော လေ့လာမှုအရ သေဆုံးသူအရေအတွက်သည် ဂါဇာအာဏာပိုင်များ ထုတ်ပြန်သည်ထက် ပိုမိုများပြားနိုင်ကြောင်း ဖော်ပြထားသည်။ အောက်တိုဘာ ၇ ရက်နေ့မှစ၍ အစ္စရေးက နိုင်ငံတကာသတင်းသမားများအား ဂါဇာသို့ လွတ်လပ်စွာသွားရောက်ခွင့်ကို တားမြစ်ထား ခြင်းကြောင့် CNN အနေဖြင့် အဆိုပါကိန်းဂဏန်းများကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က အစ္စရေး၏ ကန့်သတ်မှုများကြောင့် အခြေခံ လိုအပ်ချက်ပစ္စည်းမျာရရှိရန် ပြည်သူများအခက်တွေ့နေကြောင်းထုတ်ပြန်ခဲ့သည်။အမေရိကန်နှင့် အစ္စရေးထောက်ခံသော Gaza Humanitarian Foundation (GHF) အဖွဲ့သည် အကူအညီ ဖြန့်ဖြူးရေးတွင် အခက်အခဲများရှိနေသည်။ GHF ကို အစ္စရေးက ဟားမက် အကူအညီများကို ခိုးယူ ရောင်းချပြီး အမြတ်ထုတ်နေသည်ဟူသော စွပ်စွဲချက်များကြားတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဤအဖွဲ့သည် အငြင်းပွားဖွယ်ရာဖြစ်ပြီး ၎င်း၏လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ရုန်းကန်နေရသည်။ Gaza Humanitarian Foundation (GHF) အဖွဲ့အပေါ် နိုင်ငံတကာအကူအညီအဖွဲ့များက “လုပ်ငန်းတာဝန်နှင့် မကိုက်ညီ” ဟု ဝေဖန်မှုများ ဆက်လက်ရှိ နေသည်။
မေလနှောင်းပိုင်းမှစ၍ GHF ၏ အကူအညီဖြန့်ဖြူးရေးစခန်းများ ဖွင့်လှစ်ခဲ့သော်လည်း ထိုနေရာ များသည် စစ်မက်ဖြစ်ပွားနေသော အန္တရာယ်ရှိဇုန်များ အနီးတွင် တည်ရှိပြီး၊ ဂါဇာကျန်းမာရေး အာဏာပိုင် များအဆိုအရ လူဦးရေ ၃၀၀ ကျော် သေဆုံးခဲ့သည်။
ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံး (OCHA) ၏ ပြောကြားချက်အရ အစ္စရေး အာဏာပိုင်များက အချို့သော ကုလသမဂ္ဂအဖွဲ့များနှင့် NGO များကိုသာ ဂါဇာသို့ အကူအညီ သယ်ယူခွင့် ကန့်သတ်ပေးထားသည်။ “အစားအစာ၊ အာဟာရထောက်ပံ့မှု၊ ကျန်းမာရေးပစ္စည်းနှင့် ရေသန့်စင်ပစ္စည်းအနည်းငယ်သာ” ဝင်ရောက်ခွင့်ပြုထားပြီး၊ခိုလှုံရန် ပစ္စည်း၊ သန့်ရှင်းရေးပစ္စည်းနှင့် ဆေးဘက်ဆိုင်ရာကိရိယာများကိုမူ ဆက်လက်တားမြစ်ထားသည်။
ဂါဇာတွင်နေထိုင်သူ အဘူမိုဟာမက် က “လူတွေမှာ စားစရာ၊ သောက်စရာ ဘာမှမရှိတော့ဘူး။ ဂျုံအိတ် တစ်အိတ်ရဲ့ ဈေးဟာ အရင်ကထက် အဆ ၃၀၀ ကနေ ၅၀၀ ပိုများနေပြီ... ကမ္ဘာကြီးက ကျွန်တော် တို့ကို အမှန်တကယ်မေ့သွားသလိုပဲ” ဟု CNN သို့ ဝမ်းနည်းစွာ ဖွင့်ဟလေသည်။
ဖခင်ဆုံးရှုံးခဲ့ရသည့် ဘီဆန် ကွိုင်ဒါး သည် သူမ၏ဖခင်၏ ဖိနပ်တစ်ဖက်ကိုသာ ဆုပ်ကိုင်ထားနိုင်ခဲ့ သည်။ ဖခင်အတွက် ငိုကြွေးရင်း၊ မိုးကုတ်စက်ဝိုင်းကို ကြည့်ကာ “ဘုရားသခင်က သင်တို့ကို တရားစီရင် ပါစေ” ဟု ကြွေးကြော်ခဲ့သည်။
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂
ကိုးကား - https://edition.cnn.com/2025/06/16/middleeast/gaza-forgotten-israel-iran-conflict-latam-intl

ဇွန်လ ၁၃ ရက် နံနက်အစောပိုင်းမှစလို့ အစ္စရေး နဲ့အီရန်နိုင်ငံတို့ကြား အပြန်အလှန်တိုက် ခိုက်မှုများဖြစ်ပေါ်နေတာကို အားလုံးသိပြီး ဖြစ်ပါတယ်။ အစောပိုင်းမှာတော့ အစ္စရေးဘက်က တိုက်ခိုက်မှုများကြောင့် အီရန်ဘက်ကအထိနာခဲ့ရ ပေမယ့် ဇွန်လ ၁၃ ရက်ညပိုင်းနဲ့ဇွန်လ ၁၄ ရက်မှာ တော့ အီရန်ဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုများကို ထိရောက်မှုရှိစွာလုပ်ဆောင်ထားနိုင်တာ တွေ့ရှိရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေဟာ ကမ္ဘာ့နိုင်ငံရေးကို ကြိုးကိုင်နေသူများနဲ့ အကျိုးစီးပွားတူညီသူများအတွက်တော့ ရေရှည်မှာ အမြတ်ထွက်ကောင်း ထွက်နိုင်ပေမယ့် လက်တလောမှာတော့ သေကျေ ပျက်စီးဆုံးရှုံးမှုတွေနဲ့ အနိဋ္ဌာရုံတွေကိုမြင်တွေ့နေရ ပါတယ်။ ဒါကြောင့် အစ္စရေးနဲ့အီရန်တို့ကြားဖြစ်ပွား တဲ့စစ်ပွဲကနေ ဘယ်လိုမျိုးအဆိုးဆုံး အခြေအနေများ ကိုမျှော်မှန်းထားနိုင်မလဲဆိုတဲ့ အချက်များကို ယနေ့ ဖော်ပြပေးချင်ပါတယ်။ ဒါတွေကို မဖော်ပြသေးမီ သူတို့နှစ်နိုင်ငံကြား တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ရရှိထားတဲ့ သတင်းများကို အကျဉ်းချုပ်ပြီး ဦးစွာတင်ပြသွား ပါမယ်။
အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှု လုပ်ဆောင်အပြီး ဇွန်လ ၁၃ ရက်ညပိုင်းမှာ အီရန်က အစ္စရေးရဲ့ မြို့တော်ဖြစ်တဲ့ အဲအဗစ်မြို့လယ်ကို ဒုံးကျည်အစင်း ပေါင်း ၁၀၀ နီးပါးနဲ့ ပစ်ခတ်လိုက်ပါတယ်။ အဲဒီပစ်ခတ်မှုမှာ လူ ၄၁ ဦးဒဏ်ရာရရှိပြီး ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်ပေါ်ခဲ့တယ်လို့ အစ္စရေးတပ်မတော်နဲ့ အမျိုးသား အရေးပေါ်ဌာနက ထုတ်ပြန်ထား ပါတယ်။
အီရန်ဘက်က ဒုံးကျည်တွေ ပစ်ခတ်လိုက်ပြီဆိုတာကို သိတာနဲ့တစ်ပြိုင်နက် အစ္စရေးနိုင်ငံအတွင်း အချက်ပေး ခေါင်းလောင်းသံတွေမြည်လာပြီးနောက် ပြည်သူများက ဗုံးဒဏ်ခံနေရာများသို့ သွားရောက် ပုန်းခိုကြပါတယ်။ အီရန်ရဲ့ဒုံးကျည်တော်တော်များများကိုတော့ အစ္စရေးဘက်ကကြားဖြတ် ပစ်ချလိုက်နိုင်ပေမယ့် ပျက်စီးသွားတဲ့ ဒုံးကျည်များရဲ့အစများ ထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားကြတာ ဖြစ်တယ်လို့ အစ္စရေးတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အစ္စရေးရဲ့ကနဦး တိုက်ခိုက်မှုအတွင်းမှာတော့ တီဟီရန်မြို့ရှိ ၁၄ ထပ်အိမ်ရာတစ်ခုကို ဒုံးကျည်ထိ မှန်သွားတဲ့အတွက် ကလေးငယ်အယောက် ၂၀ အပါအဝင် အနည်းဆုံးလူ ၆၀ ခန့်သေဆုံးသွားတယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနတစ်ခုက ဇွန်လ ၁၄ ရက်မှာထုတ်ပြန်ထားပါတယ်။ သေဆုံးကလေးငယ်များထဲမှာ အသက် ၉ လအောက်ရှိ မွေးကင်းစကလေးငယ်များပင် ပါဝင်တယ်လို့ဆိုပါတယ်။
ဇွန်လ ၁၄ ရက် နံနက်အစောပိုင်းမှာ လုပ်ဆောင်တဲ့ အီရန်ရဲ့လက်တုံ့ပြန် တိုက်ခိုက်မှုမှာတော့ အစ္စရေးဘက်က ပြည်သူသုံးဦးသေဆုံးပြီး ၁၇၂ ဦးဒဏ်ရာရရှိ ထားတယ်လို့ အစ္စရေးနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါ့အပြင် အီရန်ဘက်က အစ္စရေးကို ဒုံးကျည်များနဲ့ ဆက်တိုက်ပစ်ခတ်မှုကို ငါးကြိမ်အထိလုပ်ဆောင်ပြီး တစ်ကြိမ်ပစ်ခတ်ရင် ဒုံးကျည်အစင်း ရေ ၁၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အီရန်က အစ္စရေးကို လက်တုံ့ပြန် တိုက်ခိုက်မှုထဲမှာ အစ္စရေးရဲ့ F-35 တိုက်လေယာဉ်နှစ်စင်းကို ပစ်ချလိုက်နိုင်တယ်လို့ အီရန်ဘက်က ထုတ်ပြန်ထားပေမယ့် အစ္စရေးက တော့ငြင်းဆိုထားပါတယ်။
ဇွန်လ ၁၄ ရက်မှာ အစ္စရေးက အီရန်နိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်များကို တိုက်ခိုက်မှုတွေလုပ်တဲ့ အနေနဲ့ အီရန်ရဲ့ဒုံးပစ်လောင်ချာ အများအပြားကို ပစ်ခတ်မှုတွေ လုပ်ထားကြောင်း၊ အဲဒီဒုံးပစ် လောင်ချာတွေထဲမှာ မြေပြင်မှမြေပြင်ပစ်၊ မြေပြင်မှဝေဟင်ပစ် ဒုံးပစ်လောင်ချာတွေ ပါဝင်တယ်လို့ အစ္စရေး တပ်မတော်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အီရန်အနေနဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုတွေ ဆက်လုပ်နေဦးမယ်ဆိုရင်အီရန်နိုင်ငံကိုမီးလောင်တိုက်သွင်းပစ်မယ်လို့ အစ္စရေးက ခြိမ်းခြောက်ထားပါတယ်။ အီရန်ကလည်း အစ္စရေးနိုင်ငံကို တစ်စစီဖြစ်အောင် လုပ်ပစ်မယ်လို့ အီရန်နိုင်ငံရဲ့ ဦးသျှောင် အယာတိုလာအလီခါမေနီက ကတိပြုထားပါတယ်။
အစ္စရေးဘက်က ကမ္ဘာ့အင်အားကြီးနိုင်ငံများ ဖြစ်တဲ့ အမေရိကန်နဲ့ဗြိတိန်တို့လို မျိုးနိုင်ငံတွေက ပါဝင်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်ဖွယ်ရှိတဲ့ အပေါ် အီရန်ဘက်က သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အဲဒီသတိပေးချက်မှာ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံတို့အနေနဲ့ အစ္စရေးဘက်ကနေ ပါဝင်ကူညီပေးမယ်ဆိုရင် ဒေသတွင်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလုပ်သွားမယ်လို့ သတိပေးထားတာပါ။ ဒီကိစ္စမှာ အီရန်ဘက်ကပစ် ခတ်လိုက်တဲ့ ဒုံးကျည်တွေကို အစ္စရေးဘက်ကနေ ကူညီပြီးကြားဖြတ်ပစ်ချမှု လုပ်ဆောင်ရာမှာ အမေရိကန်က ကူညီမှုတွေပေးနေတယ်လို့ သိရပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ အီရန်တို့ရဲ့စစ်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ ကုလသမဂ္ဂနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံများ အပါအဝင်နိုင်ငံတော်တော်များများက သူတို့နှစ်နိုင်ငံကို တစ်ဖက်နဲ့ တစ်ဖက်အပြန်အလှန် သည်းခံစိတ်မွေးကြဖို့ဖျောင်းဖျ ပြောဆိုနေတာတွေရှိပါတယ်။
ဒါပေမဲ့လည်း သူတို့ နှစ်နိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ တိုက်တွန်းမှုတွေကို နားထောင်မယ်လို့ ထင်ပါသလား။ တကယ်လို့များသူတို့အနေနဲ့ နားမထောင်ဘဲ စစ်ဆက်ဖြစ်မယ့် လမ်းကြောင်းကိုသာ ရွေးချယ်မယ်ဆိုရင်၊ ပဋိပက္ခကလည်း သူတို့နှစ်နိုင်ငံအပြင် တခြားနိုင်ငံတွေဆီကိုပါ ကူးစက်လာမယ်ဆိုရင် ဘာတွေဆက်ဖြစ်လာနိုင်မလဲ ဆိုတာကို တွေးကြည့်ရုံနဲ့သိနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့အခြေအနေတွေထဲမှာတော့ ကောင်းတာမပါနိုင်ပါဘူး။ ဆိုးဝါးလှတဲ့အခြေ အနေတွေပဲဖြစ်လာနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် မျှော်မှန်းထားနိုင်တဲ့ အဆိုးဆုံးသော အခြေအနေတွေက ဘာတွေဖြစ်မလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။
အစ္စရေးက အီရန်ကိုတိုက်ခိုက်မှုမှာ အမေရိကန်ဘက်က ပါဝင်မှုတွေမရှိဘူးလို့ ငြင်းဆိုထားပေမယ့် အမေရိကန်တပ်ဖွဲ့တွေက အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ အထူးတလည် ပြောနေစရာမလိုဘဲ ပါဝင်ကူညီပေးနေတယ်လို့ အီရန်ဘက်က ယုံကြည်ထားပါတယ်။ အမေရိကန်ဘက်က ဒီထက်ပိုပြီးကူညီမှုတွေပေးလာ မယ်ဆိုရင်တော့ အီရတ်နိုင်ငံအတွင်းရှိ အမေရိကန် အထူးတပ်ဖွဲ့စခန်းများ၊ ပင်လယ်ကွေ့ဒေသရှိ စစ်စခန်းများနဲ့ ဒေသတွင်းရှိ အမေရိကန်သံရုံးများကဲ့သို့ အမေရိကန်ရဲ့ပစ်မှတ်များကို အီရန်က ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်လာနိုင်ပါတယ်။
ဒီလိုမျိုးအခြေအနေ ဖြစ်လာနိုင်တယ်လို့ အမေရိကန်ဘက်က ကြိုတင်တွက်ဆထားပုံပါပဲ။ ဒါကြောင့်လည်းဒေသတွင်းမှာရှိတဲ့ သံရုံးများမှဝန်ထမ်းတော်တော်များများကို အမေရိကန်အစိုးရကပြန်ခေါ်ထားတာပါ။ ဒါ့အပြင် ဒီလိုမျိုးတိုက်ခိုက်လာမယ်ဆိုရင် အီရန်အနေနဲ့ ပြင်းထန်တဲ့ လက်တုံ့ပြန်တိုက်ခိုက်မှု နောက်ဆက်တွဲဆိုးကျိုးကို ခံစားရလိမ့်မယ်ဆိုပြီး အမေရိကန်ဘက်က သတိပေးထားပါတယ်။
အစ္စရေးနဲ့အီရန်စစ်ဖြစ်တဲ့ အခြေအနေမှာ အမေရိကန်ဆီမှာသာဗုံးကြဲလေယာဉ်များနဲ့ ဘန်ကာဖျက်ဗုံးများကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အစ္စရေးကအဲဒီစစ်ရေးစွမ်းရည်များကို လိုချင်နေတာပါ။ ဒါမှသာ အီရန်ရဲ့မြေအောက် နျူကလီးယားစက်ရုံတွေကို ပစ်ခတ်ဖျက်ဆီးနိုင်မယ်လို့ အစ္စရေးဘက်က ယူဆထားပါတယ်။
ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ အနေနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ထာဝရစစ်ပွဲဖြစ်ပွားမှုကို ဘယ်တော့မှစတင်မှာ မဟုတ်ဘူးလို့ဆိုထားပါတယ်။ သို့သော်လည်း အခုအခြေအနေက အမေရိကန်ဘက်က ဒီလိုစစ်ပွဲဖြစ်ပွားတာကို စတင်လာမှာမဟုတ်သော်လည်း စတင်ဖြစ်ပွားနေတဲ့ စစ်ပွဲထဲကိုတော့ ဝင်ကောင်းဝင်သွားနိုင်ပါတယ်။ ဒါကြောင့် တကယ်လို့သာ ဒီစစ်ပွဲမှာအမေရိကန်က ပါဝင်လာမယ်ဆိုရင် သံသရာမဆုံးနိုင်တဲ့ တင်းမာမှုကြီးဖြစ်လာမှာတော့ အသေအချာပါပဲ။
ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်မှုနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် လက်ရှိမှာကိုပဲ ကမ္ဘာ့ရေနံဈေးနှုန်းကမြင့်တက်နေပါပြီ။ အီရန်က ဟော်မုရေလက်ကြား ကိုပိတ်လိုက်မယ်ဆိုရင် ကမ္ဘာ့ကုန်စည်စီးဆင်းမှုကလည်း ရပ်တန့်လုနီးပါး ဖြစ်သွားနိုင်ပါတယ်။ ပင်လယ်နီအတွင်းမှာဆိုရင်လည်း ဟူသီနဲ့ယီမင်တို့က အမေရိကန်လိုမျိုး နိုင်ငံတွေရဲ့ ကုန်စည်သင်္ဘောတွေအပေါ် တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်လာနိုင်ပါတယ်။
နောက်တစ်ခုက လက်ရှိအခြေအနေမှာကိုပဲ ကမ္ဘာ့စီးပွားရေး တိုးတက်မှုဆိုတာက အကျဘက်မှာပဲ ရှိနေသေးတာဖြစ်ပါတယ်။ ဒီအချိန်မှာ ရေနံဈေးနှုန်း မြင့်တက်မှုက ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေပြီးမတည်ငြိမ်မှုများကိုသာ ပိုမိုပေါ်ပေါက်လာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုဖြစ်ပွားနေတဲ့စစ်ပွဲကို နှစ်ဦးနှစ်ဖက်ကြားမှာအပြန် အလှန်ညှိနှိုင်းခြင်းအားဖြင့် ပြီးဆုံးသွားပါစေလို့ ဆန္ဒပြုရုံမှတစ်ပါး အခြားမရှိတော့ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။

လက်ရှိမျက်မှောက်ခေတ်တွင် ဒရုန်းများသည် စစ်ပွဲ၏အခြေအနေများကိုပြောင်းလဲနိုင်စွမ်းရှိပြီဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ အကောင်းဆုံးဟု သတ်မှတ်ခံထားရသော ဒရုန်းများသည် ၎င်းတို့အား ထိန်းချုပ် ပျံသန်းနေသည့် စစ်သည်နှင့် တပ်ဖွဲ့ဝင်များအပေါ် တစ်စုံတစ်ရာ အန္တရာယ်ကျရောက်စေခြင်းမရှိဘဲ ရန်သူတပ်ဖွဲ့များ၏ ပစ်မှတ်များအပေါ် ကင်းထောက်လှမ်းခြင်းနှင့် စောင့်ကြည့်ခြင်းများကိုသာမက ရန်သူ့ပစ်မှတ်များကိုပါ တိကျစွာတိုက်ခိုက်နိုင်စွမ်းရှိကြောင်းကို တွေ့ရှိရပါသည်။
ထို့ကြောင့် ကမ္ဘာ့နိုင်ငံအများအပြားသည် ယခုအခါ ဒရုန်းများအား ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းလာခဲ့ကြပြီဖြစ်ပါသည်။ ၎င်းတို့အနက်မှ အချို့နိုင်ငံများသည် ထောက်လှမ်းရေး၊ ကင်းထောက်ခြင်းနှင့်စောင့်ကြည့်ရှာဖွေရေး (ISR) များအတွင်း ကွာဟချက်ကိုလျော့နည်းစေရန် သို့မဟုတ် ရေမြုပ်မိုင်းတိုက်ဖျက်ရေးစစ်ဆင်မှုများတွင် စစ်သည်များပါဝင်မှုကို လျှော့ချနိုင်စေရန်အတွက် ဒရုန်းစနစ်များကို အသုံးချရန်ကြိုးပမ်းလျက်ရှိပါသည်။
အလားတူပင် အချို့နိုင်ငံများသည် မြေပြင်စစ်ဆင်ရေးတွင်သာမက ရေကြောင်းကင်းထောက်မှုတွင် ကုန်ကျစရိတ် ပိုမိုသက်သာသည့် ဒရုန်းများသည် ၎င်းနိုင်ငံများ၏ ကုန်းမြေလုံခြုံရေးကိုသာမက ကြီးမားကျယ်ပြန့်သည့် ရေကြောင်းဆိုင်ရာ နယ်နိမိတ်များကိုပါ အကာအကွယ်ပေးနိုင်မည်ဟု ယုံကြည်သောကြောင့် ဒရုန်းများတိုးမြှင့်အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိပါသည်။
သို့ဖြစ်ရာ ဒရုန်းများသည် ယခုအခါ မည်သည့်နိုင်ငံတိုင်းတွင်မဆို မရှိမဖြစ်လိုအပ်သော လက်နက်စနစ်တစ်ခုဖြစ်လာခဲ့ပါသည်။ ထို့ကြောင့် လျင်မြန်ပြီး ရန်သူအား ချေမှုန်းရာတွင် ကောင်းမွန်သည့် ဒရုန်းများအား အသုံးပြုနိုင်ရန်အတွက် လိုအပ်ချက်သည် ပိုမိုမြင့်မားလာခဲ့ပါသည်။ ဒရုန်းများကို အသုံးပြုရာတွင်လည်းစစ်ပွဲအတွေ့အကြုံအများအပြားရရှိထားသည့် MQ-9 Reaper ဒရုန်း၊ အသုံးပြုရာတွင် ကုန်ကျစရိတ်သက်သာသည့် Bayraktar TB2 ဒရုန်းနှင့် ရုရှားနှင့်တရုတ်နိုင်ငံတို့က ထုတ်လုပ်ထားသည့် အဆင့်မြင့်နည်းပညာသုံး ဒရုန်းများကို နိုင်ငံအများ အပြားက စိတ်ဝင်စားလာခဲ့ကြပါသည်။
ဆဋ္ဌမမျိုးဆက်သစ် ရုရှားလုပ် Sukhoi S-70 Okhotnik-B ဒရုန်း
ကမ္ဘာ့နိုင်ငံအများအပြားတွင် Hunter-B ဟု လူသိများထင်ရှားသည့် Sukhoi S-70 Okhotnik-B မောင်းသူမဲ့လေယာဉ်အား ရုရှားလက်နက်ကုမ္ပဏီကြီးများဖြစ်သည့် Sukhoi နှင့် Russian Aircraft Corporation MiG တို့က ဆဋ္ဌမမျိုးဆက်သစ်ဒရုန်း အဖြစ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ Okhotnik-B ဒရုန်းအား ရုရှားနိုင်ငံ၏ ပဉ္စမမြောက်မျိုးဆက်သစ် တိုက်လေယာဉ်တစ်စင်းဖြစ်သည့် Su-57 လေယာဉ်နှင့် ပေါင်းစပ်အသုံးပြုရန် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဒရုန်း၏ အင်ဂျင်စနစ်တွင် AL-31 turbojet အင်ဂျင်ကိုအသုံးပြုထားခြင်းကြောင့် အမြင့်ဆုံး အရှိန်နှုန်းအဖြစ် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀၀ အထိ မောင်းနှင်ပျံသန်းနိုင်မည်ဟု ခန့်မှန်းရပါသည်။
အကွာအဝေး ၆၀၀၀ အားပျံသန်းရာတွင် အလေးချိန် ဝန်အား ၃ တန်ခန့်ကို သယ်ဆောင်သွားနိုင်စွမ်းရှိ ပါသည်။ ၎င်းဒရုန်းအား ၂၀၂၅ ခုနှစ်ခန့်တွင် ရုရှား တပ်မတော်၌ စတင်ဖြန့်ကြက်အသုံးပြုခဲ့သည်ဟု ယူဆရပါသည်။ လက်ရှိတွင်ရုရှားနိုင်ငံသည် Okhotnik-B ဒရုန်းမူကွဲနှစ်မျိုးကို အသုံးပြုလျက် ရှိပါသည်။
စွမ်းဆောင်ရည်ထက်မြက်သည့် Chengdu GJ-2 ဒရုန်း
Wing Loong 2 ဟုလူသိများသည့် Chengdu GJ-2 ဒရုန်းကို Chengdu Aircraft Industry Group က ထုတ်လုပ်ထားခြင်းဖြစ်ပြီး ၎င်းဒရုန်း၏ ပထမဆုံးသော မူကွဲအမျိုးအစားကို တရုတ်နိုင်ငံ ကျူဟိုင်မြို့၌ ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် လေကြောင်းပြပွဲတွင် တရုတ်နိုင်ငံကပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့ပါသည်။ သို့သော် အဆိုပါဒရုန်းကိုမူ ၂၀၁၇ ခုနှစ်မှသာ စတင်ထုတ်လုပ် ၍ ပြည်ပသို့တင်ပို့ခဲ့ပါသည်။
တရုတ်နိုင်ငံ၏ Chengdu GJ-2 ဒရုန်းသည် စွမ်းဆောင်ရည်ထက်မြက်သည့် ဒရုန်းဖြစ်ကြောင်းကို အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားသည့် လက်နက် ကိုင်ပဋိပက္ခများက သက်သေပြသနိုင်ခဲ့ပါသည်။ ထို့ကြောင့် ၎င်းဒရုန်းများအား ယူအေအီး (အာရပ် စော်ဘွားများပြည်ထောင်စု)၊ ပါကစ္စတန်နှင့်အီဂျစ် နိုင်ငံတို့က ဝယ်ယူအသုံးပြုလျက်ရှိပါသည်။ Chengdu GJ-2 ဒရုန်းသည် အလေးချိန် ၄၈၀ ကီလိုရှိ လေဆာ ပဲ့ထိန်းဗုံးနှင့်ဒုံးကျည်များကို သယ်ဆောင်နိုင်ပြီး ဝေဟင်မှဝေဟင်သို့ တိုက်ခိုက်နိုင်စွမ်းရှိကြောင်း Chengdu Aircraft Industry Group က ထုတ်ဖော် ပြောကြားခဲ့ပါသည်။ Chengdu GJ-2 ၏ နောက်ဆုံး ပေါ် မူကွဲတစ်မျိုးဖြစ်သည့် Wing Loong 3 ဒရုန်းအား ၂၀၂၂ ခုနှစ်မှစ၍ လက်နက်ကိုင်တပ်ဖွဲ့များတွင် အသုံးပြုလျက်ရှိပါသည်။
နာရီပေါင်း ၅၀ အထိ ပျံသန်းနိုင်သည့် တူကီယဲ၏ TAI Aksungur ဒရုန်း
TAI Aksungur ဒရုန်းသည် အမေရိကန်ပြည်ထောင်စုက ထုတ်လုပ်ထားသည့်Reaper အမျိုးအစား ဒရုန်း၏ နေရာတွင် အစားထိုးအသုံးပြုနိုင်သည့် ဒရုန်းတစ်စင်း ဖြစ်ပြီး တူကီယဲနိုင်ငံက ထုတ်လုပ် ထားခြင်းဖြစ်ပါသည်။ ၎င်းဒရုန်းအား စတင်ထုတ်လုပ်ချိန်တွင် အလယ်အလတ်အမြင့်ပျံသန်းနိုင်ပြီး တာဝေးပျံသန်း နိုင်သည့် အမျိုးအစားအဖြစ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းဒရုန်းကို တူကီယဲ ရေတပ်မတော်က ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်၌ တပ်တော်ဝင်ခဲ့ပြီး နောက်ပိုင်းတွင် တူကီယဲလေတပ်နှင့် ကာဂျစ္စတန် နယ်ခြားစောင့်တပ်ဖွဲ့တို့တွင်လည်း အသုံးပြုလာခဲ့ကြပါသည်။ ထူးခြားသည့်အချက်မှာ Aksungur ဒရုန်း သည် မရပ်မနားဘဲ နာရီပေါင်း ၅၀ အထိ ပျံသန်း နိုင်ခြင်းဖြစ်ပြီး အလေးချိန်အားဖြင့် ၇၅၀ ကီလိုရှိ ဝန်အား (payload )ကိုလည်း သယ်ဆောင်၍ စစ်ဆင် နိုင်ခြင်းဖြစ်ပါသည်။
စစ်ပွဲ၏သဘောသဘာဝကို ပြောင်းလဲစေခဲ့သည့် Bayraktar TB2 တိုက်ခိုက်ရေးဒရုန်း Bayraktar TB2 တိုက်ခိုက်ရေးဒရုန်းကို တူကီယဲနိုင်ငံ Baykar Makina Sanayive Ticaret ကာကွယ်ရေးပစ္စည်း ကုမ္ပဏီ မှ ထုတ်လုပ်ထားသည့် အလယ်အလတ်အမြင့်နှင့် တာဝေးပျံတိုက်ခိုက်ရေး ဒရုန်းအမျိုးအစားဖြစ်ပါ သည်။ ၎င်းဒရုန်းသည် မြေပြင်ရှိ စစ်သည်များ၏ထိန်းချုပ်မှုမလိုဘဲ မိမိဘာသာ ထိန်းချုပ်မောင်းနှင် ပျံသန်းနိုင်စွမ်းရှိပါသည်။ ၂၀၂၃ ခုနှစ်အထိ အစင်းရေ ၆၀၀ ကျော်သာ ထုတ်လုပ်ထားပါသည်။
ထို့ပြင် Bayraktar TB2 တိုက်ခိုက်ရေးဒရုန်းအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှ နိုဝင်ဘာလအထိ ဖြစ်ပွားသည့် ဒုတိယ နာဂိုနို-ကာရာဘတ်စစ်ပွဲ (Second Nagorno-Karabakh War) တွင်လည်း အဇာဘိုင် ဂျန်တပ်များက အသုံးပြုတိုက်ခိုက်ခဲ့ကြပါသည်။ အဆိုပါ ဒရုန်းသည် အမြင့်ဆုံး ၁၈၀၀၀ မှ ၂၇၀၀၀ ပေမှပျံသန်း နိုင်ပြီး အလေးချိန် ၁၅၀ ကီလိုရှိ လက်နက်ခဲယမ်း များကို သယ်ဆောင်နိုင်စွမ်း ရှိပါသည်။ ထို့ပြင် ဒရုန်း တွင်လည်း လေဆာစနစ်သုံးပဲ့ထိန်း smart ခဲယမ်းလေးခုကို တပ်ဆင်ထားပါသည်။
Bayraktar TB2 ဒရုန်းတွင် အာရုံခံစနစ်များကို တပ်ဆင်ထားခြင်းကြောင့် မိမိတပ်များ၏ ခံစစ်ကြောင်း မှတိုက်ခိုက်နိုင်စွမ်းမရှိသော အလှမ်းကွာဝေးလွန်း သည့် နေရာရှိပစ်မှတ်များအား တိုက်ခိုက်ရာတွင်လည်း အခြားဒရုန်းများ၊ ဒုံးကျည်များကို လမ်းညွှန် ပြသပေးနိုင်စွမ်းရှိသောကြောင့် ၎င်းဒရုန်းအား “စစ်ပွဲ ၏သဘောသဘာဝကို ပြောင်းလဲစေခဲ့သည့်ဒရုန်း” ဟုတင်စားခေါ်ဝေါ်ခဲ့ကြကြောင်း သိရှိရပါသည်။
ယနေ့ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ အရှေ့အလယ်ပိုင်းဒေသရှိ အစ္စရေး-ပါလက်စတိုင်းအရေး၊ ပင်လယ်နီနှင့် ပတ်ဝန်းကျင်ဒေသများတွင်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် ဟူသီသူပုန်များ၏ တိုက်ခိုက်မှု များနှင့် အင်ဒိုပစိဖိတ်ဒေသတွင်းရှိ အားပြိုင်မှုများကြောင့် နိုင်ငံကြီးများသာမက အင်အားနည်းပါးသည့် နိုင်ငံငယ်များအနေဖြင့်လည်း ၎င်းတို့၏ အဆင့်မြင့် နည်းပညာသုံးလက်နက်စနစ်များအပါအဝင် ဒရုန်း စနစ်များ၏စွမ်းဆောင်ရည်ကို ဆက်လက်၍ အဆင့်မြှင့် တင်လာဖွယ်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
Ref: JM, EDR, AT
Source: Myawady Web Portal

ဂိုဘီတံတိုင်းကြီးအကြောင်းကို ကျွန်တော်တို့ သိရှိထားတာ နည်းနည်းလေးပဲရှိပါတယ်။ ဒါကြောင့် သုတေသနပညာရှင်များက သုတေ သနပြုလေ့လာမှုတွေကို ဆက်လက်လုပ်ဆောင်နေ ကြတာဖြစ်ပါတယ်။ ဂိုဘီတံတိုင်းဆိုတာက အလယ်ခေတ်တံတိုင်းစနစ်ကြီးတစ်ခုပါ။ သူ့ကိုအလယ်အာရှအင်ပါယာတစ်ခုရဲ့ခေတ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အခု ဂိုဘီတံတိုင်းကိုလေ့လာမှုများလုပ်တဲ့အခါ အဲဒီအင်ပါယာခေတ်က စွမ်းဆောင်နိုင်အားကိုလည်း ဒီကနေ့ခေတ်ပညာရှင်များက သိရှိခွင့်ရလာတာပါ။ အထူးသဖြင့် သူတို့ရဲ့ဗိသုကာပညာရပ်မှာ ဖြစ်ပါတယ်။

အလယ်ခေတ်တံတိုင်းစနစ်ကြီးဆိုတာက အရှေ့ အာရှဒေသမှာ အရှည်လျားဆုံးနဲ့ပဟေဠိအဆန်ဆုံးသော ဗိသုကာပညာရပ်ဆိုင်ရာထူးခြားမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ အလယ်ခေတ်တံတိုင်းစနစ်ကြီးဆိုတာ တံတိုင်းတွေ၊ ကတုတ်ကျင်းတွေ၊ ဝင်းခြံတွေကိုဆက်သွယ်ထားတဲ့ ကွန်ရက်ကြီးတစ်ခုပါ။ အဲဒီ ကွန်ရက်ကြီးထဲမှာမှ ဂိုဘီတံတိုင်းဆိုတာ မိုင်ပေါင်း ၂၄၈၅ မိုင်ရှည်လျားတဲ့ တရုတ်၊ မွန်ဂိုလီးယား၊ ရုရှားတို့ကြား မွန်ဂိုလီးယားဒေသရဲ့ခြောက်သွေ့တဲ့တောင်ပေါ်ကန္တာရထဲမှာတည်ရှိပြီး မိုင် ၂၀၀ အရှည်ရှိ တံတိုင်းအစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။
ဒါ့အပြင် ၁၀ ရာစုနဲ့ ၁၃ ရာစုကြားမှာ အင်ပါယာ အဆက်ဆက်ကတည်ဆောက်ခဲ့တဲ့ အမျိုးမျိုးသော တံတိုင်းတွေကို ရှေးဟောင်းသုတေသနပညာရှင်များ စွာက သုတေသနများစွာလုပ်ဆောင်ခဲ့တဲ့အထဲမှာ ဂိုဘီတံတိုင်းဆိုတာ ထင်ရှားလှတဲ့ဗိသုကာလက်ရာ တွေနဲ့ပြည့်နှက်နေတဲ့ တံတိုင်းတစ်ခုဖြစ်တယ် ဆိုတာကို ပညာရှင်များက တညီတညွတ်တည်းအတည်ပြုထားကြတာကိုလည်း တွေ့ရပါတယ်။ အခု ဂိုဘီတံတိုင်းကို သုတေသနပြုလေ့လာမှုတွေလုပ်ခဲ့တဲ့ ပညာရှင်များက ဂျေရုဆလင်ရှိ ဟီဘရူး တက္ကသိုလ်နဲ့ ယေးတက္ကသိုလ်တို့မှဖြစ်ပါတယ်။ သူတို့အနေနဲ့ အဓိကလေ့လာမှုတွေလုပ်ခဲ့တာက ဂိုဘီတံတိုင်းရဲ့ အစနေရာ၊ တံတိုင်းကိုဆောက်ခဲ့သူနဲ့ တံတိုင်းရဲ့ လုပ်ဆောင်ချက်တို့ဖြစ်ပါတယ်။
“မိမိတို့အနေနဲ့ ဒီသုတေသနကိုလုပ်ရတဲ့အဓိက ရည်ရွယ်ချက်က တံတိုင်းတွေ၊ ခံတပ်တွေနဲ့ အဟန့်အတားတွေကိုတည်ဆောက်ရာမှာ ဘယ်လိုမျိုးနည်း ပညာတွေကိုအသုံးပြုထားတယ်ဆိုတာရယ်၊ အသုံးပြုခဲ့တဲ့ကာလရယ်၊ သူတို့ရဲ့တည်ဆောက်မှုရည်ရွယ်ချက်တို့ကို ကောင်းစွာနားလည်စေဖို့ဖြစ်ပါတယ်”လို့ သုတေသီများကပြောထားပါတယ်။
ဒီတံတိုင်းကိုဦးစွာတည်ဆောက်ခဲ့တာက ရှီရှား မင်းဆက်မှာဖြစ်ပြီး ကျောက်တုံးတွေ၊ သစ်သားတွေနဲ့ မြေကြီးတွေကိုအသုံးပြုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တံတိုင်းတည်ရှိရာနေရာက လူနေထိုင်ရာနေရာတွေနဲ့ အလှမ်းဝေးကွာတဲ့နေရာတစ်ခုဖြစ်တာကြောင့် တည်ဆောက်ရေးပစ္စည်းတွေကို အဲဒီနေရာအရောက်ပို့ဆောင်နိုင်တယ်ဆိုတာ သူတို့ခေတ်ရဲ့သယ်ယူပို့ဆောင်ရေးစနစ်ကောင်းမွန်မှုကို ထင်ဟပ်စေပါတယ်။
ဒါ့အပြင် အဲဒီခေတ်ကနေထိုင်သူတွေဟာ ခြေဦးတည့်ရာလျှောက်သွားပြီး ဘယ်နေရာမှာမှအတည်တကျနေထိုင်ခြင်းမရှိဘူးလို့ ပြောဆိုထားမှုတွေရှိပေ မယ့်လည်း ဂိုဘီတံတိုင်းကြီးကိုသုတေသနပြုမှုအရဆိုရင် အလယ်ခေတ်ကသူတွေဟာ အရင်ယူဆထား ချက်တွေနဲ့အညီမဟုတ်ဘဲ နေရာတစ်ခုမှာအတည် တကျနေတဲ့အပြင် နယ်မြေတစ်ခုကိုလည်း ခိုင်ခိုင် မာမာပိုင်ဆိုင်ပြီး ကာကွယ်ထားနိုင်စွမ်းရှိတယ်ဆိုတာကိုပါမြင်တွေ့ရပါတယ်။ ဒါကြောင့် ဂိုဘီတံတိုင်း ကြီးကို တည်ဆောက်ထားခြင်းရဲ့ရည်ရွယ်ချက်က နယ်နိမိတ်ကိုပိုင်းခြားသတ်မှတ်ခြင်း၊ လူဦးရေနဲ့ သယံဇာတကိုထိန်းချုပ်ခြင်းနဲ့ ပိုင်နက်နယ်မြေကိုခိုင်မာစွာထိန်းချုပ်ခြင်းတို့အတွက် ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။
Ref: IE
Source: MWD Web Portal

တရုတ်သိပ္ပံပညာရှင်တွေက အမေရိကန်ရဲ့ဒုံးကျည်ကာကွယ်ရေးစနစ်အသစ်ဖြစ်တဲ့ ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးစနစ်ရဲ့ ထိရောက်မှုကို ချိုးနှိမ်နိုင်မယ့် ပစ္စည်းအသစ်တစ်မျိုးကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီပစ္စည်းကို အနီအောက်ရောင်ခြည်နဲ့ မိုက်ခရိုဝေ့ထောက်လှမ်းရေးစနစ်တွေကို ရှောင်ရှားနိုင်တဲ့ ကိုယ်ပျောက်ကုန်ကြမ်းပစ္စည်းအဖြစ်အသုံးပြုနိုင်ပြီး မြန်နှုန်းမြင့်လေယာဉ်နဲ့ ဒုံးကျည်တွေအတွက် အထူးသင့်လျော်တယ်လို့ဆိုနိုင်ပါတယ်။

ခေတ်သစ်စစ်မြေပြင်စောင့်ကြည့်ထောက်လှမ်းရေးစနစ်တွေမှာအနီအောက်ရောင်ခြည် (infrared) နဲ့ မိုက်ခရိုဝေ့ (microwave) ထောက်လှမ်းမှုတွေကို အဓိကအားထားပါတယ်။ အနီအောက်ရောင်ခြည်စနစ်တွေက အရာဝတ္ထုတွေကထွက်တဲ့အပူရောင်ခြည်ကိုဖမ်းယူကာ မိုက်ခရိုဝေ့စနစ်တွေက ရေဒါသုံးပြီး ပစ်မှတ်တွေကို ရှာဖွေပါတယ်။
ထောက်လှမ်းရေးနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကိုယ်ပျောက်ခြင်းနဲ့ဆိုင်တဲ့ကုန်ကြမ်းပစ္စည်းတွေလည်း အဆင့်မြင့်လာပါတယ်။ အခုဆိုရင် မြင်နိုင်တဲ့အလင်းရောင်မှသည် မိုက်ခရိုဝေ့အထိပါဝင်တဲ့ ရောင်စဉ်လှိုင်းအမျိုးမျိုးကို ရှောင်ရှားနိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေရှိနေပါပြီ။
ဒါပေမဲ့ အရေးပါတဲ့ စစ်လက်နက်ပစ္စည်းတွေက အပူချိန်မြင့်မားတဲ့ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရတတ်ပါတယ်။ ဒီအပူတွေက လေယာဉ်ပျံသန်းရာမှာဖြစ်တဲ့ အပူ ဒါမှမဟုတ် အင်ဂျင်ကနေထွက်တဲ့ အပူကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေက အနီအောက်ရောင်ခြည်ဖြင့်ထောက်လှမ်းမှုကို ပိုမိုထင်ရှားစေပါတယ်။
ဒါ့အပြင် အပူချိန်မြင့်လာရင်သမားရိုးကျကိုယ်ပျောက်ပစ္စည်းတွေရဲ့ အရည်အသွေးကျဆင်းပြီး ပျက်စီးတာတောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရောင်စဉ်လှိုင်းအမျိုးမျိုးကိုရှောင်ရှားနိုင်ပြီး အပူထိန်းချုပ်နိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေလိုအပ်နေပါတယ်။
ကျဲကျန်းတက္ကသိုလ်မှ ပါမောက္ခလီကျန်း ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့က အပူချိန် ၇၀၀ ဒီဂရီစင်တီဂရိတ်အထိခံနိုင်ရည်ရှိပြီး လှိုင်းတို၊ လှိုင်းလတ်၊ လှိုင်းရှည်အနီအောက်ရောင်ခြည်အမျိုးမျိုးနဲ့ မိုက်ခရိုဝေ့လက်လှမ်းမီတဲ့အကွာအဝေးအတွင်း ကိုယ်ပျောက်နိုင်စွမ်းရှိတဲ့ကုန်ကြမ်းပစ္စည်းအသစ်ကို တီထွင်ခဲ့ပါတယ်။ ဒီတွေ့ရှိမှုကို Nano-Micro Letters ဆိုတဲ့ ဂျာနယ်မှာ မတ်လ ၂၄ ရက်က ဖော်ပြခဲ့တာပါ။
ဒီကုန်ကြမ်းပစ္စည်းရဲ့ ကိုယ်ပျောက်နိုင်စွမ်းကို သက်သေပြဖို့အတွက် ပါမောက္ခလီကျန်းရဲ့အဖွဲ့က လျှပ်စစ်သံလိုက်သတ္တိကြွခြင်းကိုစုပ်ယူနိုင်စွမ်းရှိတဲ့ သမားရိုးကျအရာဝတ္ထု Blackbody နဲ့နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။ အပူချိန် ၇၀၀ ဒီဂရီစင်တီဂရိတ်အထိအပူပေးလိုက်တဲ့အခါ အဲဒီကုန်ကြမ်းပစ္စည်းက Blackbody ထက် အပူချိန် ၄၂၂ ဒီဂရီစင်တီဂရိတ်မှသည် ၂၆၈ ဒီဂရီစင်တီဂရိတ်အထိ နည်းပါးတာကိုတွေ့ရပါတယ်။ ရေဒီယိုသတ္တိကြွခြင်းအပိုင်းမှာတော့ Blackbody ထက် လှိုင်းလတ်မိုက်ခရိုဝေ့မှာ ၆၃ ဒသမ ၆ ရာခိုင်နှုန်းနဲ့ လှိုင်းတိုမိုက်ခရိုဝေ့မှာ ၃၇ ဒသမ ၂ ရာခိုင်နှုန်း ပိုနည်းတာကို တွေ့ရပါတယ်။
ဒီကုန်ကြမ်းပစ္စည်းမှာ အဓိကဆန်းသစ်မှုက အလွှာလိုက်ပေါင်းစပ်ဖွဲ့စည်းပုံဖြစ်ပါတယ်။ အပေါ်ဆုံးအလွှာက စိုထိုင်းမှုကို ကာကွယ်ပေးပြီး အောက်ခြေအလွှာက မျက်နှာပြင်နဲ့ ကောင်းစွာကပ်နိုင်အောင် ကူညီပေးပါတယ်။ဒါ့အပြင် လေဆာနဲ့တိကျစွာ အပေါက်ဖောက်ထားတဲ့ အလွှာစုံဖလင်ပြားက မိုက်ခရိုဝေ့ဖြတ်သန်းမှုကိုခွင့်ပြုပေးပြီး အနီအောက်ရောင်ခြည်ကိုလည်းရှောင်ရှားနိုင်စွမ်းရှိပါတယ်။
ပါမောက္ခလီကျန်းက “ကျွန်တော်တို့ရဲ့ ကုန်ကြမ်းပစ္စည်းက အပူချိန်မြင့်မားတဲ့အခြေအနေမှာတောင်အနီအောက်ရောင်ခြည်နဲ့ မိုက်ခရိုဝေ့တို့ရဲ့ရန်မှ ရှောင်ရှားတဲ့ကိုယ်ပျောက်စွမ်းရည်ကို တစ်ပြိုင်နက် တည်းထိရောက်စွာ လုပ်ဆောင်နိုင်ပါတယ်”လို့ ဆိုပါတယ်။
ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးစနစ်နဲ့တရုတ်ရဲ့ လျှို့ဝှက်နည်းပညာ
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အစိုးရက အမေရိကန်ရဲ့ ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးစနစ်ကို လာမယ့်နှစ်အနည်းငယ်အတွင်းတည်ဆောက်မယ်လို့ မေလ ၂၀ ရက်မှာကြေညာခဲ့ပါတယ်။ ဒီစနစ်က ဒုံးကျည်တွေ၊ အသံနှုန်းလွန်လက်နက်တွေ၊ အနိမ့်ပျံဒုံးကျည်တွေရဲ့ရန်ကနေ ကာကွယ်ဖို့ရည်ရွယ်ပြီး အာကာသမှ ခြေရာခံနိုင်တဲ့ စနစ်တွေပါဝင်မယ်လို့ သိရပါတယ်။
L3Harris ဆိုတဲ့ကုမ္ပဏီက အမေရိကန်ရဲ့ အသံနှုန်းလွန်လက်နက်တွေကို အာကာသကနေ ခြေရာခံဖို့ ဂြိုဟ်တုတွေကို လွှတ်တင်ခဲ့ဖူးပါတယ်။ ဒီကုမ္ပဏီရဲ့ အာကာသနဲ့လေကြောင်းစနစ်များဌာနမှတာဝန်ရှိသူတစ်ဦးက The Washington Times သတင်းစာနဲ့ တွေ့ဆုံစဉ် “ကျွန်တော်တို့ရဲ့ ဂြိုဟ်တုတွေက ကမ္ဘာပေါ်က အပူလက္ခဏာတွေကို အာကာသကနေခြေရာခံနိုင်ပါတယ်။ အသံနှုန်းလွန်လက်နက်ရဲ့ အပူချိန်ကို ရှာဖွေပြီး ခြေရာခံနိုင်တယ်”လို့ ပြောခဲ့ပါတယ်။
ဒါကြောင့် ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးစနစ်က အနီအောက်ရောင်ခြည်နည်းပညာကို အဓိကသုံးမယ်ဆိုရင် တရုတ်နိုင်ငံကတီထွင်လိုက်တဲ့ ကိုယ်ပျောက်ကုန်ကြမ်းပစ္စည်းက ဒုံးကျည်တွေကို ဖမ်းမိနိုင်စေမယ့်အခွင့်အလမ်းကို သိသိသာသာလျှော့ချနိုင်မှာဖြစ်ပါတယ်။
ဒီပစ္စည်းက အပူစွန့်ထုတ်မှုကိုလည်း ထိရောက်စွာလုပ်ဆောင်နိုင်ပါတယ်။ အပူချိန် ၇၀၀ ဒီဂရီစင်တီဂရိတ်မှာ သာမန်သတ္တုတွေထက် အပူကိုပိုမိုထိထိရောက်ရောက်ဖြန့်ထုတ်နိုင်ပါတယ်။ အသံထက် နှစ်ဆမြန်တဲ့အရှိန်နဲ့ ပျံသန်းနေတဲ့ လေယာဉ်တစ်စင်းရဲ့ အခြေအနေမှာဆိုရင် ဒီပစ္စည်းက သာမန်ပစ္စည်းတွေထက် အပူချိန် ၇၂ ဒသမ ၄ ဒီဂရီစင်တီဂရိတ် ပိုအေးနေစေမှာပါ။
ဒါကြောင့် ပါမောက္ခလီကျန်းက “ဒီပစ္စည်းကို ထုတ်လုပ်တဲ့နည်းပညာက ရိုးရှင်းပြီးစက်မှုလုပ်ငန်းတွေမှာအလွယ်တကူအသုံးချနိုင်ပါတယ်။ ဒီတီထွင်မှုက စစ်ရေးနဲ့ အရပ်ဘက်နည်းပညာတွေအတွက် အလားအလာကြီးမားတဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်”လို့ ဆိုပါတယ်။
မည်သို့ပင်ဆိုစေကာမူ အမေရိကန်ရဲ့ ရွှေကွန်ချာစနစ်က အဆင့်မြင့်ဒုံးကျည်တွေကို ထောက်လှမ်းသိရှိပြီး ပစ်မှတ်အဖြစ်မှတ်သားနိုင်စွမ်းရှိမယ်လို့ အမေရိကန်အစိုးရကဆိုထားချိန်မှာ ဒီလိုမျိုးထောက်လှမ်းမှုကိုကျော်လွှားနိုင်မယ့် နည်းပညာမြင့်ပစ္စည်းတစ်မျိုးကို တရုတ်နိုင်ငံကဖော်ထုတ်ပြသလိုက်တာကြောင့် ဒီကုန်ကြမ်းပစ္စည်းဟာ အမေရိကန်ရဲ့ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးစနစ်အတွက်တော့ စိန်ခေါ်မှုတစ်ခုဖြစ်လာစေမှာ အမှန်ပဲဖြစ်ပါတယ်။ ။
Ref: SCMP

စင်ဒရဲလားပုံပါ ပန်းရောင်ဖျော့ဖျော့ဆွယ်တာကို ဝတ်ဆင်ထားသော ဂျာနာသည် ဂါဇာမြောက်ပိုင်း၏ မှုန်မှိုင်းနေသော ဖုန်မှုန့်များနှင့် ပြိုကျနေသော အုတ်ချပ်ပုံများကြားတွင် ရေပုံးကြီးနှစ်ပုံးကိုဆွဲကာ လှမ်းလျှောက်နေသည်။ ဤ ၁၂ နှစ်အရွယ်ကလေးငယ်သည် မိသားစုအတွက် ရေနှင့် အစားအစာရှာဖွေရန် တာဝန်ယူထားသူဖြစ်သည်။

ဂျာနာ မိုဟာမက် ခါလီလ် မုစ်လဲဟ် အယ်လ်စကီဖီ (Jana Mohammed Khalil Musleh Al-Skeifi) နှင့် သူမ၏ မိသားစုသည် လွန်ခဲ့သော တစ်နှစ်ကျော်က အစ္စရေးစနိုက်ပါဖြင့် သူမ၏ အစ်ကို ပစ်သတ်ခံရပြီးကတည်းက ဤတာဝန် သူမအပေါ်ရောက်ရှိလာခဲ့သည်။ မိဘနှစ်ပါးစလုံး ကျန်းမာရေးမကောင်းသဖြင့် ရေနှင့် အစားအစာရှာဖွေရန် တာဝန်က သူမ၏ ပုခုံးသေးသေးလေးများပေါ် ကျရောက်လာခဲ့သည်။
"အဖေ့ကို ပင်ပန်းမှာစိုးလို့ပါ။ အဖေမနစ်နာရအောင် ကျွန်မ သန်မာဖို့ ကြိုးစားတယ်" ဟု ဂါဇာမြို့ရှိ ရေဖြန့်ဝေသည့်နေရာတွင် စောင့်ဆိုင်းနေစဉ် CNN ကို ပြောကြားခဲ့သည်။ "အဖေက အသက်ကြီးပြီး နှလုံးရောဂါရှိတယ်။ ရေပုံးကိုသယ်ရင် လဲကျသွားမှာ"ဟု ဂျာနာက တိုးညှင်းစွာပြောနေသည်။
ကျန်းမာရေး ချို့တဲ့နေသော သူမ၏ ဖခင်အား ဆင်းရဲပင်ပန်းသောအလုပ်များ မလုပ်စေလိုသော မိန်းကလေးငယ်သည် ရေအပြည့်ထည့်ထားသည့် လေးလံသောရေပုံးနှစ်လုံးကို တစ်လမ်းလုံး သယ်ဆောင်လာခဲ့သည်။ လေးလံသောဝန်ကြောင့် သူမ၏ လက်ဆစ်လေးများ ဖြူလာကာ မနိုင့်တနိုင်ဆွဲလာသော ရေးပုံးများထဲမှ ဖိတ်စင်နေသော အဖိုးတန်ရေများကြောင့် ဂျင်းဘောင်းဘီမှာ စိုစွတ်နေလေသည်။
အောက်တိုဘာ ၇ ရက်နေ့တွင် ဟားမက်နှင့် ၎င်း၏ မဟာမိတ်များ၏ အကြမ်းဖက်တိုက်ခိုက်မှုအပြီး အစ္စရေးက ဂါဇာတွင် ရက်စက်ကြမ်းကြုတ်သော စစ်ပွဲကို စတင်ခဲ့ပြီးနောက် အစားအစာနှင့် ရေကို ရှာဖွေရန် ခက်ခဲလာခဲ့သည်။ သို့သော် အစ္စရေးက အကူအညီအားလုံးကို လုံးဝပိတ်ဆို့ခဲ့သည့် လွန်ခဲ့သော ၁၁ ပတ်ကျော် ကတည်းက အခြေအနေသည် ကပ်ဘေးဆိုက်ရောက်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂအထောက်အပံ့ဖြင့် ပြုစုထားသည့် အစီရင်ခံစာ တစ်စောင်အရ လူဦးရေ ၂.၁ သန်းနေထိုင်သော ဂါဇာဒေသတွင် လူငါးဦးတွင် တစ်ဦးသည် လူသားတို့ ဖန်တီးသော အငတ်ဘေးနှင့် နီးစပ်လာသည်နှင့်အမျှ အစာငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရသည်ဟု ဖော်ပြထားသည်။
အစ္စရေးက ဤပိတ်ဆို့မှုနှင့်အတူ စစ်ဆင်ရေးအသစ်တစ်ခုကို ဂါဇာရှိ ဟားမက်အဖွဲ့ထံမှ ဓားစာခံများ လွှတ်ပေးရန် ဖိအားပေးရန်ရည်ရွယ်သည်ဟု ဆိုသည်။ သို့သော် အစ္စရေးသည် အငတ်ဘေးကို စစ်လက်နက်တစ်ခုအဖြစ် အသုံးပြုနေသည်ဟု အပြည်ပြည်ဆိုင်ရာအဖွဲ့အများအပြားက စွပ်စွဲခဲ့ကြသည်။
ရေသန့်ရရှိရန် လွန်ခဲ့သောလများကတည်းက ခက်ခဲနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အစ္စရေးက ရေသန့်စင်ရေးနှင့် ရေငန်ချက်စက်ပစ္စည်းများ အသုံးပြုခွင့်ကို ကန့်သတ်ထားပြီး ထိုပစ္စည်းများကို လက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည်ဟု အကြောင်းပြခဲ့သည်။
လူသားချင်းစာနာမှုအဖွဲ့ ၏ ပြောကြားချက်အရ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ၂၀၂၅ ခုနှစ် မတ်လအစောပိုင်းအတွင်း ဂါဇာသို့ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သော ရေနှင့်သန့်ရှင်းရေးဆိုင်ရာ ပစ္စည်း ၁,၇၀၀ အနက် သုံးပုံနှစ်ပုံ ကျော်ကို အစ္စရေးအာဏာပိုင်များက ပယ်ချခဲ့သည်ဟု သိရသည်။
"ရေတစ်ပုံးကိုပင် အပြည့်မခပ်နိုင်တော့ဘူး။ စနစ်တကျ တန်းစီရမယ့်စနစ်လည်း မရှိ၊ မစောင့်ရင်လည်း ဘာမှမရနိုင်ဘူး။ တစ်ခါတစ်လေ ငါတို့ မရဘဲနေရတယ်" ဟု ဂျာနာ က ပြောသည်။
"ရေတစ်ပုံးပြည့်အောင် နာရီပေါင်းများစွာ ထိုင်စောင့်ရတယ်။ စိတ်ထဲမှာ အင်မတန်ဆိုးရွားတဲ့ ခံစားချက်ပါ"ဟု ပြောရင်း ငေးငိုင်နေသည်။
မိသားစုဝင်များက ယခင်က ဆားငန်ရေကို သန့်ရှင်းရေးနှင့် ချက်ပြုတ်ရာတွင် အသုံးပြုခဲ့ရကြောင်း သူမက CNN သို့ ဖွင့်ဟခဲ့သည်။
အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသတွင် ၎င်း၏ ထိုးစစ်အသစ်ကို စတင်လိုက်ချိန်တွင် အခြေခံစားနပ်ရိက္ခာပမာဏကို ခွင့်ပြုပေးမည်ဟု တနင်္ဂနွေနေ့ (မေ ၁၉) တွင် ကြေညာခဲ့သည်။ အကြောင်းပြချက်မှာ ဂါဇာတွင် ငတ်မွတ်ခေါင်းပါးသည့် အကျပ်အတည်းက စစ်ဆင်ရေးကို ထိခိုက်စေနိုင်သည့် အကြောင်းရင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ဆိုသည်။
နောက်တစ်နေ့တွင် အစ္စရေးဝန်ကြီးချုပ် ဘတ်ဂျမင်နေတန်ယာဟုက အမေရိကန်အပါအဝင် အနောက်တိုင်း မဟာမိတ်များက ဂါဇာတွင် အငတ်ဘေးဆိုက်ရောက်ပါက ၎င်းတို့၏ ထောက်ခံမှုကို ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်လာသောကြောင့် ဤအဆင့်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သို့သော် တနင်္လာနေ့ (မေ ၂၀) တွင် ကုန်တင်ကားငါးစီးသာ ဝင်ရောက်ခွင့်ပြုခဲ့ပြီး လူသားချင်းစာနာမှုအဖွဲ့များက အဆိုးရွားဆုံးလိုအပ်နေသူများအတွက်ပင် တစ်နေ့လျှင် ကုန်တင်ကား ၅၀၀ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂအကူအညီပေးရေး အကြီးအကဲ တွမ်ဖလက်ချာက အဆိုပါ ဖြန့်ဖြူးမှုကို "အရေးတကြီးလိုအပ်နေသော သမုဒ္ဒရာကြီးအတွက် ရေတစ်စက်မျှသာ" ဟု ဖော်ပြခဲ့သည်။
အစာရေစာပြတ်လပ်မှုသည် ကပ်ဘေးဆိုက်ရောက်လုနီးပါးဖြစ်နေသည်။ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက စစ်ပွဲစတင်သည့်အချိန်မှစ၍ အာဟာရချို့တဲ့မှုကြောင့် အနည်းဆုံးကလေး ၅၇ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဂျာနာ၏ မွေးခါစ တူမလေး ဂျနတ်သည်လည်း သေဆုံးခဲ့သည့် ကလေးငယ်များထဲမှ တစ်ဦးဖြစ်ကြောင်း မိသားစုက ပြောကြားခဲ့သည်။
ဂျနတ်မွေးဖွားချိန်တွင် ကိုယ်အလေးချိန် ၂.၆ ကီလိုဂရမ် (၅ ပေါင် ၁၂ အောင်စ) သာရှိပြီး သူမ၏မိခင် အယ်ယာက CNN အား ကလေးငယ်သည် ကြီးထွားလာပြီး ကိုယ်အလေးချိန်တက်လာကြောင်း ပြောဆိုခဲ့သည်။ သူမသည် ၄ ကီလိုဂရမ် (၈ ပေါင် ၁၃ အောင်စ) အထိ ကျန်းမာသန်စွမ်းသော ကလေးတစ်ဦး ဖြစ်လာခဲ့ကာ ပြုံးတတ်လာပြီး စူးစမ်းတတ်လာခဲ့သည်။ သို့သော် ဂျနတ်အသက် ၆ ပတ်သားအရွယ်တွင် အခြေအနေများ ပြောင်းလဲသွားခဲ့သည်။
မတ်လ ၂ ရက်နေ့တွင် အစ္စရေးသည် ဂါဇာကို လုံးဝပိတ်ဆို့ခဲ့ပြီး ကလေးနို့မှုန့်၊ ဆေးဝါးများအပါအဝင် အခြေခံ လိုအပ်ချက်များကိုပါ ဝင်ရောက်ခွင့်မပြုတော့ပေ။
အယ်ယာက အစားအစာရှားပါးလာသောအခါ ဂျနတ်အား နို့တိုက်ကျွေးရန် ခက်ခဲလာပြီး ကလေးငယ်၏ ကိုယ်အလေးချိန် ကျဆင်းလာခဲ့ကြောင်း ပြောကြားခဲ့သည်။ ကလေးငယ်တွင် နာတာရှည်ဝမ်းလျှောရောဂါ ဖြစ်ပွားပြီး ရေဓာတ်ဆုံးရှုံးကာ မကြာမီဆေးကုသမှုခံယူရန် လိုအပ်လာခဲ့သည်။
“ဆေးရုံမှာ သူ့ကိုကိုယ်အလေးချိန်တက်စေပြီး ဝမ်းပျက်ဝမ်းလျှောရောဂါကို သက်သာစေမယ့် အထူးဆေးနို့ ရှိတယ်လို့ ပြောခဲ့ပေမယ့်... ကျွန်မတို့ မရှာတွေ့ခဲ့ဘူး။ ဂါဇာတစ်ဝှမ်း ဆေးရုံတိုင်း၊ ဆေးဆိုင်တိုင်းကို ရှာဖွေ ခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကတောင် မရနိုင်ဘူးလို့ ပြောခဲ့တယ်” ဟု အယ်ယာက CNN အား ပြောခဲ့ သည်။
ဧပြီလအလယ်က CNN ရိုက်ကူးထားသော ဗီဒီယိုတွင် အယ်ယာက စောင်ဖြင့်ပတ်ထားသော ဂျနတ်အား ချီထားသည်ကို တွေ့ရသည်။ သူမ၏သေးငယ်သောမျက်နှာသည် အရိုးများဖြင့်ဖုံးနေပြီး ၄ လသားအရွယ် နှင့်မတူဘဲ မွေးကင်းစကလေးတစ်ဦးနှင့် ပိုတူသည်။ စောင်မှထိုးထွက်နေသော သူမ၏ လက်ချောင်းလေးများသည် ပိန်လှီနေပြီး နွမ်းနယ်နေပုံရသည်။ သူမ၏ ကြီးမားသောမည်းနက်သည့်မျက်လုံးများသာ လှုပ်ရှားနိုင်သောအစိတ်အပိုင်းဖြစ်ပြီး ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို လိုက်ကြည့်နေရှာသည်။
ထိုအချိန်တွင် ဂျနတ် ၏မိခင်သည်လည်း အစားအစာနှင့် သန့်ရှင်းသောရေရှားပါးမှုကြောင့် အားနည်းနေခဲ့သည်။ ဤအခြေအနေမျိုးတွင် ဂါဇာရှိ အခြားမိခင်အများစုကဲ့သို့ပင် သူမသည် နို့မထွက်တော့ဘဲ ကလေးအား နို့မတိုက်နိုင်တော့ပေ။ ကုလသမဂ္ဂထောက်ခံထားသော အစာရေစာဖူလုံရေးအစီရင်ခံစာအရ ဂါဇာတွင် ကိုယ်ဝန်ဆောင်မိခင်ဦးရေ ၁၁,၀၀၀ ခန့်သည် အငတ်ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရပြီး လာမည့်လများအတွင်း ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်ဦးရေ ၁၇,၀၀၀ ခန့်သည် ပြင်းထန်သော အာဟာရ ချို့တဲ့မှုအတွက် အရေးပေါ်ကုသမှုများ လိုအပ်လာမည်ဟု ဖော်ပြထားသည်။
ဂျနတ်၏ ကျန်းမာရေးသည် ဆက်လက်ယိုယွင်းလာခဲ့ကာ သူမ၏မိခင်က ကလေးငယ်သည် ခန္ဓာကိုယ် အပူချိန်ထိန်းသိမ်းရန် ခက်ခဲလာပြီး ဆရာဝန်များက သူမ၏ သွေးတွင်းသကြားဓာတ်မှာ အလွန်နိမ့်ကျနေကြောင်း CNN အား ပြောကြားခဲ့သည်။ သူမ၏ အောက်ဆီဂျင်ပမာဏမှာလည်း ကျဆင်းလာခဲ့သည်။ အာဟာရချို့တဲ့မှုကြောင့် သူမ၏ကျောက်ကပ်နှင့်အသည်းများ လုပ်ငန်းမလုပ်နိုင်တော့ဘဲ သွေးတွင်း အချဉ်ဓာတ် များလာခဲ့သည်။
"ကျွန်မက သူမကိုကယ်ဖို့ တစ်ကမ္ဘာလုံးကို တောင်းပန်ခဲ့ပါတယ်။ သူမလိုအပ်တဲ့နို့ကို ထောက်ပံ့ပေးဖို့၊ သူမကိုကယ်တင်ပေးဖို့ ဘယ်သူ့အကူအညီကိုမဆို ကျွန်မလိုချင်ခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှ မကူညီနိုင်ခဲ့ဘူး။ လူတိုင်းက ကြည့်နေရုံပဲတတ်နိုင်တယ်" ဟု ဂျနတ်၏မိခင်က ပြောကြားခဲ့သည်။
ဂျနတ်၏မိခင်က ဆေးရုံမှဆရာဝန်များက ဂျနတ်အား နိုင်ငံခြားသို့ ရွှေ့ပြောင်းဆေးကုသရန် အကြံပြုခဲ့ကြောင်း CNN အား ပြောကြားခဲ့သည်။ မိသားစုသည် ဂျနတ် ထွက်ခွာခွင့်ပြုချက်နှင့် လွှဲပြောင်းရေးစာရွက်စာတမ်းများကိုပင် ရရှိအောင် ကြိုးစားခဲ့ကြသည်။
သို့သော် မေလ ၄ ရက်နေ့တွင် နိုင်ငံခြားသို့သွားရောက် ဆေးကုသမှုမပြုနိုင်မီ ကလေးငယ် သေဆုံးသွားခဲ့သည်။ လေးလသားအရွယ်တွင် သူမသည် ၂.၈ ကီလိုဂရမ် (၆ ပေါင် ၃ အောင်စ) သာရှိပြီး မွေးဖွားစဉ်က ကိုယ်အလေးချိန်ထက် အနည်းငယ်သာ ပိုမိုနေခဲ့သည်။
ဂါဇာမှ ဆေးဘက်ဆိုင်ရာရွှေ့ပြောင်းမှုများမှာ အလွန်ရှားပါးလာပြီး မတ်လတွင် စစ်ပြေငြိမ်းရေးပျက်သုဉ်းပြီးနောက် အစ္စရေးက စစ်ဆင်ရေးပြန်လည်စတင်ခဲ့သည့်အချိန်မှစ၍ ပို၍ပင် ရှားပါးလာခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မကြာသေးမီက ဂါဇာတွင် လူနာဦးရေ ၁၂,၀၀၀ ခန့်သည် ဆေးဘက်ဆိုင်ရာရွှေ့ပြောင်းကုသမှုလိုအပ်နေပြီး မတ်လတွင် ပိတ်ဆို့မှုစတင်ခဲ့သည့်အချိန်မှစ၍ လူ ၁၂၃ ဦးသာ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဂျနတ် သေဆုံးပြီးနောက်တစ်ရက်တွင် ဂျနတ်၏ ဓာတ်ပုံများကို ကြည့်ရင်း ဂျာနာမျက်ရည်များ ကျလာခဲ့ သည်။ "ဂျနတ်ကို နိုင်ငံခြားသို့သွားရောက် ကုသမှုခံယူမှသာ ရောဂါသက်သာနိုင်ကြောင်း ကျွန်မတို့ကို ပြောခဲ့တယ်… ကျွန်မတို့စောင့်ဆိုင်းခဲ့ကြတယ်… သူတို့က 'စနေနေ့' နှင့် 'တနင်္ဂနွေနေ့' ဟု အဖန်ဖန်ရွှေ့ဆိုင်းပြောဆိုနေခဲ့ပြီး ဂျနတ် သေဆုံးသည်အထိ ကျွန်မတို့စောင့်ဆိုင်းခဲ့ကြရတယ်" ဟု ဂျနာ က ပြောခဲ့သည်။
စစ်ပွဲကြာမြင့်ချိန် ၁၈ လအကြာတွင် ဂျာနာ၏ ဘဝအခြေအနေမှာ ခက်ခဲမှုများနှင့် ပြည့်နှက်နေပါသည်။
သူမတွင် စားစရာအစားအစာနည်းပါးပြီး သောက်ရေရှားပါးသည်၊ သွားစရာကျောင်းမရှိ၊ အန္တရာယ်ကင်းစွာ အိပ်စက်နိုင်သည့်နေရာလည်းမရှိ။ လျှပ်စစ်မီးမရှိဘဲ သူမ၏ "အိမ်" ဟုခေါ်ဆိုရသည့်နေရာမှာ ဂါဇာမြို့တွင် ရှိသော ပျက်စီးနေသည့်အိမ်တစ်လုံးဖြစ်သည်။ အိမ်၏နံရံများမှာ မီးလောင်ကျွမ်းထားသောကြောင့် မည်းနက် နေလေသည်။
ယခင်က ဂျာနာသည် ဘုံဘိုင်မှရေရရှိပြီး မီးခလုတ်ဖွင့်လိုက်သည်နှင့် အလင်းရရှိသည့်အိမ်တွင် နေထိုင်ခဲ့သည်။ အစားအစာရှိခဲ့သည်၊ ကျောင်းရှိခဲ့သည်၊ သူမနှင့်သူငယ်ချင်းများ တူညီဝတ်စုံများဝတ်ဆင်ကာ လူအများရှေ့တွင် ကပြရသည့် အချိန်များလည်းရှိခဲ့သည်။ သူတို့ကပြသည့်အခါ ကြည့်ရှုနေသူများက လက်ခုပ်တီးကာ အားပေးခဲ့ကြသည်။
ထိုအချိန်က မိဘများ ဂုဏ်ယူစွာမှတ်တမ်းတင်ထားသည့် မိသားစုဗီဒီယိုတွင် သူမ၏ပုံများကိုတွေ့ရပြီး ကင်မရာမှာ အနည်းငယ်တုန်နေပြီး ဂျာနာ ခုန်နေသည့်ပုံကို ချဲ့ထားသည်။
“အခုလို အိမ်ခြေမဲ့ပြီး ပြာပုံတွေ၊ ပြိုကျပျက်စီးနေတဲ့ အဆောက်အဦတွေကြားမှာ ဒီဗီဒီယိုကို ပြန်ကြည့်ရတာ တခြားကမ္ဘာတစ်ခုက ရောက်လာတဲ့ပုံစံပါပဲ။”
"ကျွန်မမှာ ဘယ်သူမှမကျန်တော့ဘူး။ ကျွန်မ သေသွားပြီလို့ ခံစားရတယ်" လို့ ၁၂ နှစ်အရွယ် ဂျာနာက မျက်ရည်များစီးကျနေရင်း ပြောပြနေသည်။ "စိတ်ပိုင်းဆိုင်ရာမှာတော့ ကျွန်မ သေဆုံးသွားပြီ"ဟု ဝမ်းနည်းစွာ ဆိုလေသည်။
စစ်ပွဲကြောင့် ဂျာနာ၏ မိသားစုကြီး ပြိုကွဲသွားခဲ့ရသည်။ သူမ၏ အစ်ကိုတစ်ဦး၊ ခဲအိုတစ်ဦး ၊ ဝမ်းကွဲတစ်ဦး နှင့် တူမတစ်ဦးတို့ကို ဆုံးရှုံးခဲ့ရပြီး ယခုအချိန်တွင် ဂါဇာ၌ ကုသလို့မရသည့် လည်ချောင်းကင်ဆာရောဂါ ခံစားနေရသော သူမ၏မိခင်ကိုလည်း ဆုံးရှုံးမည်ကို အလွန်ကြောက်နေရသည်။
ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လွန်ခဲ့သော ၁၈ လအတွင်း ပါလက်စတိုင်းလူမျိုး ၅၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး အဆိုပါအရေအတွက်သည် ဂါဇာပြည်နယ်လူဦးရေ၏ ၄% နီးပါးရှိပါသည်။ ဆိုလိုသည်မှာ စစ်မဖြစ်ခင်က ဂါဇာတွင်နေထိုင်သူ ၄၀ ယောက်တွင် ၁ ယောက် သေဆုံးနေပြီဆိုသည့် သဘောပင်။
သို့သော် အသက်ရှင်ရန်အတွက်ပင် ဤမျှကြိုးစားနေရသည့်အချိန်တွင် ဆုံးရှုံးမှုများအတွက် ဝမ်းနည်းပူဆွေးရန် အချိန်ပင် မရှိပေ။
CNN နှင့် နောက်ဆုံးမတွေ့ဆုံမီ တစ်ရက်တွင် ဂျာနာ စားစရာဝယ်ရန် ကြိုးစားနိုင်ခဲ့သည်။ ပါစတာ ၅၀၀ ဂရမ်ကို ရှက်ကယ် ၅၀ (၁၅ ဒေါ်လာ) နှင့် ဝယ်နိုင်ခဲ့သည်။
ဂါဇာတွင် အခြားမိသားစုတွေလိုပင် သူတို့သည် ပါစတာကို ဂျုံမှုန့်အဖြစ်ကြိတ်ပြီး ပေါင်မုန့်လုပ်ကာ ပိုကြာကြာခံအောင် ကြိုးစားကြပြီး ဂါဇာ၌ ဂျုံမှုန့် ရှားပါးနေသည်မှာ ကြာပြီဖြစ်သည်။
နောက်ရက်များတွင် အနီးက ရပ်ကွက်ချက်ပြုတ်ဝေငှရေးအဖွဲ့က ထောက်ပံ့ရေးပစ္စည်းများ ရောက်လာသည့်အခါ မိနစ်ပိုင်းအတွင်းမှာပင် ဆာလောင်နေသော ကလေးများစွာ စုဝေးလာကြသည်။
၎င်းတို့သည် ဝေငှသူများ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေပြီး အစားအစာပြင်ဆင်ပြီးချိန်အား စိတ်လှုပ်ရှား စွာဖြင့် စောင့်မျှော်နေကြသည်။
လူတိုင်းအတွက် မလောက်ငှခြင်းကြောင့် ကလေးများသည် အကောင်းဆုံးနေရာရရန် ပြိုင်ဆိုင်နေကြပြီး သူတို့ရဲ့အိုးကို ရှေ့ဆုံးရောက်အောင် လက်များဆန့်ကာ အစားအစာခွဲဝေပေးနေသူများ၏ အာရုံစိုက်မှုရရန် ကြိုးစားနေကြပြီး အချို့ကလေးများက အော်ဟစ်ငိုယိုနေကြသည်။
ဂျာနာ က ကံကောင်းပြီး ရေစိမ်ထားသည့် ခရမ်းချဉ်ဆော့စ်နှင့် ပါစတာ နှစ်ဇွန်းကို သူမ၏အိုးထဲမှာ ရရှိခဲ့သည်။ သူမသည် ပင်ပန်းပြီး ဆာလောင်နေသော်လည်း ပျော်နေပုံရသည်။
အငွေ့ထောင်းထောင်းထနေသည့် စားစရာထည့်ထားသည့်အိုးကို အိမ်ကိုသယ်ယူလာသည့် ဂျာနာသည် ဆာလောင်မွတ်သိပ်နေသော်လည်း မစားသေးဘဲ အိမ်ပြန်ရောက်သည့်အခါမှသာ ဆာလောင်နေသည့် သူမ၏ ညီအစ်ကိုမောင်နှမများ၊ တူ တူမလေးများနှင့် အတူဝေမျှကာ စားသောက်ကြလေသည်။
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဒီနှစ်က လက်ရှိရုရှားနိုင်ငံရဲ့ ယခင်ပြည်ထောင်စုကြီးဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအနှစ်(၈၀)ပြည့်အောင်ပွဲအထိမ်းအမှတ်နှစ်ဖြစ်ပါတယ်။ နှစ်စဉ်မေလ ၉ ရက်မှာကျင်းပလေ့ရှိတဲ့ အောင်ပွဲနေ့အခမ်းအနားက ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ပြည်သူများအတွက် အလွန်နက်ရှိုင်းလေးနက်ပြီး အဓိပ္ပာယ်ရှိလှပါတယ်။ ဒီစစ်ပွဲကြီးရဲ့အမှတ်တရက နိုင်ငံရဲ့သမိုင်းကြောင်းမှာ ရဲစွမ်းသတ္တိရှိမှုနဲ့ ဝမ်းနည်းစရာကောင်းမှုဆိုတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ်ကျွန်တော်တို့ရဲ့စိတ်ထဲ၊ နှလုံးသားထဲတည်ရှိနေပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမ
ဒီနှစ်က လက်ရှိရုရှားနိုင်ငံရဲ့ ယခင်ပြည်ထောင်စုကြီးဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအနှစ်(၈၀)ပြည့်အောင်ပွဲအထိမ်းအမှတ်နှစ်ဖြစ်ပါတယ်။ နှစ်စဉ်မေလ ၉ ရက်မှာကျင်းပလေ့ရှိတဲ့ အောင်ပွဲနေ့အခမ်းအနားက ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ပြည်သူများအတွက် အလွန်နက်ရှိုင်းလေးနက်ပြီး အဓိပ္ပာယ်ရှိလှပါတယ်။ ဒီစစ်ပွဲကြီးရဲ့အမှတ်တရက နိုင်ငံရဲ့သမိုင်းကြောင်းမှာ ရဲစွမ်းသတ္တိရှိမှုနဲ့ ဝမ်းနည်းစရာကောင်းမှုဆိုတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ်ကျွန်တော်တို့ရဲ့စိတ်ထဲ၊ နှလုံးသားထဲတည်ရှိနေပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီနဲ့ သူတို့ရဲ့ဥရောပအဆွယ်အပွားတွေကို ချေမှုန်းနိုင်ခဲ့တဲ့ ဒီစစ်ပွဲကြီးမှာ လူသားမျိုးနွယ်စုတစ်ခုလုံးကိုခြိမ်းခြောက်လာတဲ့ ရန်သူတွေကိုတိုက်ခိုက်ခြင်းဖြင့်အသက်ပေးလှူခဲ့ကြရသူ ဆိုဗီယက်စစ်သည်နဲ့ အရပ်သားစုစုပေါင်း ၂၆ သန်းကျော်ရှိပါတယ်။ နှစ်ကာလတွေမည်မျှပင်ကြာမြင့်လာသည်ဖြစ်စေမေလ ၉ ရက်ကတော့ ရုရှားပြည်သူများအတွက် အောင်မြင်မှု၊ အမှန်တရားအတိုင်းအောင်နိုင်မှုနဲ့ ခံနိုင်ရည်ဇွဲ၊ လုံ့လတို့ကိုဖော်ကျူးနေတဲ့ အရေးအကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံးသောနေ့ရက်တစ်ရက်အဖြစ် ထာဝရတည်ရှိနေမှာပါ။
ဆိုဗီယက်ပြည်ထောင်စုက ဟစ်တလာရဲ့အစိုးရနဲ့ သူ့ဥရောပအဆွယ်အပွားတွေရဲ့ စစ်အင်အားကိုအလုံးစုံပျက်သုဉ်းအောင် ချေမှုန်းနိုင်ဖို့အတွက် တိကျပြတ်သားပြီးအခြေခံကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ မဟာမျိုးချစ်စစ်ပွဲရဲ့ပထမသုံးနှစ်တာကာလအတွင်းမှာ ဆိုဗီယက်ပြည်ထောင်စုကနာဇီဂျာမနီတို့ကို တစ်ကိုယ်တည်းကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပြီး အဲဒီအချိန်တုန်းက သိမ်းပိုက်ခံထားရတဲ့ ဥရောပဒေသတစ်ခွင်လုံးဟာ နာဇီတပ်တော်ကြီးအတွက်သာ အလုပ်တွေလုပ်ခဲ့ရတာပါ။ ဂျာမနီတို့ကလက်နက်ချအညံ့ခံသွားပြီးနောက် ဆိုဗီယက်ပြည်ထောင်စုက မဟာမိတ်များအပေါ်ပေးထားတဲ့သူ့ရဲ့ကတိပြုမှုများကိုလိုက်နာတဲ့အနေနဲ့ စစ်သွေးစစ်မာန်တက်ကြွနေတဲ့ဂျပန်တို့ကိုလည်း တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။ ဂျပန်တို့ရဲ့တိုက်ခိုက်မှုကြောင့် တရုတ်၊ ကိုရီးယားနဲ့ အရှေ့တောင်အာရှနိုင်ငံများဟာ ဘေးဒုက္ခပေါင်းများစွာသင့်ခဲ့ရတာပါ။
မိမိတို့အနေနဲ့ ဝင်ရိုးတန်းတပ်ဖွဲ့များဖြစ်တဲ့ နာဇီဂျာမနီ၊ ဖက်ဆစ်အီတလီနဲ့ ဂျပန်အင်ပါယာတို့ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တဲ့ မဟာမိတ်တပ်မတော်များ၊ ခုခံတိုက်ခိုက်ရေးသမားများ၊ တရုတ်နိုင်ငံမှစစ်သည်များနဲ့ထောက်ခံသူများအားလုံးကို လေးစားဂုဏ်ယူလျက်ရှိပါတယ်။ ဒီလိုမျိုး စုပေါင်းစွမ်းအားတွေကြောင့်ပဲ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်မှာ ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးသတ်စေခဲ့တာပါ။ဒါကြောင့် မိမိတို့က ဘုံရန်သူနဲ့ပတ်သက်ပြီး မိမိတို့ရဲ့အတူတကွလက်တွဲလှုပ်ရှားမှုများနဲ့ မဟာမိတ်များရဲ့အစဉ်အလာများကို ထာဝရအမှတ်ရနေမှာဖြစ်ပါတယ်။
မဟာအောင်ပွဲကြီးက အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုကို ကြီးမားစွာအားပေးမြှင့်တင်နိုင်ခဲ့ပြီး နယ်ချဲ့ကိုလိုနီ အမြစ်ပြတ်ချေမှုန်းရေးလုပ်ငန်းစဉ်ကိုလည်း စတင်လုပ်ဆောင်နိုင်စေခဲ့ပါတယ်။ ဥရောပစစ်မြေပြင်မှာ ဆိုဗီယက်တပ်တော်ကြီးရဲ့ စစ်ရေးအောင်မြင်မှုများက ဝင်ရိုးတန်းအင်အားစုနိုင်ငံများကိုချည့်နဲ့စေပြီး ၁၉၄၄ ခုနှစ်မှာ မြန်မာနိုင်ငံ (ယခင်ဗမာ)အတွင်း ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) တည်ထောင်မှုအတွက် အုတ်မြစ်ချစေနိုင်ခဲ့ပါတယ်။ ဖဆပလအဖွဲ့ချုပ်ဆိုတာ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်မှာ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ရွှေရည်စိမ်လွတ်လပ်ရေးပေးခဲ့တဲ့အတွက် ဂျပန်နိုင်ငံရဲ့အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်ဖို့ ရည်မှန်းလုပ်ဆောင်တဲ့လှုပ်ရှားမှုမှာ မျိုးချစ်တပ်ဖွဲ့တွေကိုစုစည်းခဲ့တဲ့အဖွဲ့ကြီးဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် မတ်လမှာ ဗမာ့အမျိုးသားတပ်မတော်ဦးဆောင်တဲ့ လူထုအုံကြွတော်လှန်မှုကြီးက မြန်မာနိုင်ငံအတွင်းကနေ ဂျပန်တပ်ဖွဲ့တွေကို မလွဲမသွေထွက်ခွာသွားစေပါတယ်။ အဲဒီနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ၄ ရက်မှာ မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်ကနေ လွတ်လပ်သောနိုင်ငံအဖြစ်ကြေညာနိုင်စေခဲ့တဲ့ နိုင်ငံရေးအရ ပကတိအခြေအနေအသစ်များဆီသို့လည်း ရွေ့လျားဆင်းသက်လာစေတာဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးကနေထွက်ပေါ်လာတဲ့ အရေးအကြီးဆုံးသောရလဒ်များအနက် တစ်ခုမှာ ကုလသမဂ္ဂကိုမဏ္ဍိုင်ပြုတဲ့ နိုင်ငံတကာဆက်ဆံရေးပုံစံအသစ်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အောင်နိုင်သူအင်အားကြီးနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံက ဒီနှစ်မှာပဲနှစ်(၈၀)ပြည့်မြောက်မယ့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းကြီးပေါ်ပေါက်လာဖို့နဲ့ ကောင်းစွာရပ်တည်နိုင်စေဖို့ ကြီးမားသောကူညီထောက်ပံ့မှုတွေပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် ရုရှားနိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နေရာတစ်ခုကို မှန်ကန်စွာရယူထားနိုင်တာဖြစ်ပါတယ်။
ရုရှားနိုင်ငံက နောက်ထပ်ကမ္ဘာစစ်ပွဲကြီးတွေဖြစ်ပွားစေမယ့်ကပ်ဆိုးကနေ ကမ္ဘာကြီးကိုဘေးကင်းအောင်ကာကွယ်နိုင်စေဖို့အတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးအတွက် သမိုင်းကြောင်းအရ ရယူရမယ့်တာဝန်ဝတ္တရားကို နားလည်သိရှိထားပါတယ်။ မိမိတို့ရုရှားနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒသဘောတရားက လက်ရှိထွန်းသစ်စဗဟုဝင်ရိုးကမ္ဘာ့အခင်းအကျင်းမှာ အဖွဲ့ဝင်နိုင်ငံများရဲ့အကျိုးစီးပွားနဲ့ စုပေါင်းဆုံးဖြတ်ချက်ချမှု ဗဟိုပူးပေါင်းဆောင်ရွက်မှုယန္တရားအဖြစ်ကုလသမဂ္ဂရဲ့အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရေးအပေါ် ဦးစားပေးထားပါတယ်။ ဒီရည်မှန်းချက်ဆီဦးတည်သွားရာမှာ ရုရှားနိုင်ငံက တစ်ကမ္ဘာလုံးကို အများစုအဖြစ် ကိုယ်စားပြုတဲ့စိတ်တူကိုယ်တူမိတ်ဖက်နိုင်ငံများနဲ့အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးက လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ မှာပြီးဆုံးခဲ့ပေမယ့်လည်း လက်ရှိ ကမ္ဘာတစ်ဝန်းမှာဖြစ်ပွားနေတဲ့ပဋိပက္ခကြီးတွေမှာ သူ့ရဲ့ပဲ့တင်ထပ်သံကို ကြားယောင်နေရဆဲဖြစ်ပါတယ်။ အဲဒီပဋိပက္ခတွေကိုဖန်တီးသူတွေက Das Dritte Reich ရဲ့ဘာလင်စာအုပ်ထဲမှာဖော်ပြထားသလိုမျိုး မတူကွဲပြားသောဝါဒနဲ့ သာလွန်မှုကိုကြိုက်နှစ်သက်ပါတယ်ဆိုသောသူများဖြစ်ပါတယ်။ ကိုလိုနီနယ်ချဲ့မူဝါဒကို လိမ်လည်လှည့်စားမှုနဲ့လှည့်ဖြားမှုတို့ဖြင့် ဖုံးကွယ်ထားတဲ့အနောက်အုပ်စုအင်အားကြီးနိုင်ငံများကြောင့် ဒုတိယကမ္ဘာစစ်ဆိုတဲ့အကြောင်းရင်းများ၊ အကျိုးရလဒ်များနဲ့ပတ်သက်တဲ့ သမိုင်းအချက်အလက်အမှားတွေကိုမိမိတို့အနေနဲ့သိမြင်ခဲ့ကြရပါတယ်။ သူတို့က မျိုးနွယ်စုများကြား၊ ဘာသာရေးအသိုက်အဝန်းများကြားဒေသတွင်းပဋိပက္ခများဖြစ်ပွားအောင် မီးထိုးပေးခြင်းအားဖြင့် ရောမအင်ပါယာရဲ့အဆိုအမိန့်ဖြစ်တဲ့ “သွေးခွဲအုပ်ချုပ်” ဆိုတဲ့ဆိုရိုးစကားနဲ့အညီ တစ်ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဗဟိုချက်တွေကနေ အချုပ်အခြာအာဏာနဲ့ လွတ်လပ်သောနိုင်ငံများကို အခြားနိုင်ငံများနဲ့ ခွဲထုတ်ဖို့လုပ်ဆောင်လာတာဖြစ်ပါတယ်။
ဥရောပဒေသအနှံ့အပြားမှာ နာဇီဝါဒကိုအမွှမ်းတင်ဖို့ လုပ်ဆောင်တဲ့ကြိုးပမ်းမှုတွေကို ထင်ထင်ရှားရှားမြင်တွေ့လာရပါတယ်။ ဘောတစ်ဒေသနိုင်ငံများနဲ့ ယူကရိန်းနိုင်ငံတို့မှာ ပြည်တွင်း နာဇီရာဇဝတ်သမားများနဲ့ ကြံရာပါပူးပေါင်းဆောင်ရွက်သူများ ပြန်လည်နိုးထလာခြင်းဟာ ဥရောပသမဂ္ဂရဲ့တရားဝင်မူဝါဒနဲ့အညီဆိုသလိုဖြစ်လာပြီး ဒါဟာ နိုင်ငံရေးနဲ့စိတ်ဓာတ်ရေးရာမှာနိမ့်ကျခြင်းတို့ရဲ့ ထင်သာမြင်သာရှိသော ဥပမာများကို မျက်စိစုံမှိတ်ထားသလိုဖြစ်နေပါတယ်။
ထိုသို့ဆိုးလာသည့်တိုင်အောင် ယူကရိန်းနိုင်ငံအတွင်းရှိ နာဇီကိုလိုလားတဲ့အစွန်းရောက်အမျိုးသားရေးအင်အားစုများကို အနောက်အုပ်စုမှခေါင်းဆောင်များက မသိမသာအတည်ပြုထောက်ခံပေးနေခြင်းကြောင့်ယူကရိန်းအစိုးရကိုယ်တိုင်ကရုရှားနိုင်ငံသားများအများဆုံး နေထိုင်လျက်ရှိတဲ့ဒေသများရှိ သာမန်ပြည်သူများနဲ့ နိုင်ငံရေးအတိုက်အခံအင်အားစုများအပေါ် ကြမ်းကြုတ်ရက်စက်မှုများစွာကျူးလွန်လာနိုင်တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာဖြစ်ပွားတဲ့ သွေးမြေကျ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ယူကရိန်းအစိုးရက ဒွန်းဘက်ဒေသမှာဆိုးရွားပြင်းထန်လှတဲ့ စစ်ဆင်ရေးတစ်ရပ်ကိုဆင်နွှဲကာ မြို့ကြီးပြကြီးတွေမှာ မဆင်မခြင်ဗုံးကြဲတိုက်ခိုက်မှုများနဲ့အတူ အရပ်သားပြည်သူထောင်ပေါင်းများစွာရဲ့အသက်ဇီဝိန်များကို ခြွေယူခဲ့ပါတယ်။
အခုဆိုရင် ယူကရိန်းခေါင်းဆောင်များက သူတို့ကိုယ်သူတို့ NATO တပ်ဖွဲ့အတွက် မြို့တံခါးဖျက်သစ်တုံးအဖြစ်ကိုရွေးချယ်ခဲ့တာကြောင့် ဒါဟာရုရှားနိုင်ငံအတွက် စစ်ရေးအရတိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်လာပါတယ်။ ဒါကြောင့်လည်း ပဋိပက္ခက မလွဲမသွေဖြစ်လာရတာဖြစ်ပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်က ယူကရိန်းအထူးစစ်ဆင်ရေးဆင်နွှဲနေတဲ့စစ်သည်တွေကို မိန့်ခွန်းပြောကြားရာမှာ “ဒီကနေ့အချိန်အခါမှာ ရဲဘော်တို့က အတိတ်မှာဆိုရင်လည်း အမိမြေရဲ့လုံ ခြုံရေးနဲ့အနာဂတ်အတွက် တိုက်ပွဲဝင်ခဲ့ရသလို ဒုတိယကမ္ဘာစစ်ကြီးကပေးတဲ့သင်ခန်းစာကိုလည်း ဘယ်သူမှမေ့ပျောက်လို့မရအောင်စွမ်းဆောင်ခဲ့ပြီး ကမ္ဘာကြီးမှာ နှိပ်စက်ညှဉ်းပန်းသူများ၊ လူသတ်သမားများနဲ့ နာဇီများအတွက် နေစရာနေရာမရှိအောင် ဆောင်ရွက်ခဲ့ကြပါတယ်” လို့ပြောကြားခဲ့တာရှိပါတယ်။
အာရှနဲ့ပစိဖိတ်ဒေသမှာဆိုရင် ဂျပန်အာဏာပိုင်များက အင်ပါယာစနစ်ဆိုးကြီးရဲ့အမှားများကို ဘယ်တုန်းကမှ နောင်တမရခဲ့ဘဲ တရုတ်နိုင်ငံကိုထိန်းချုပ်ရန်နဲ့ထိပ်တိုက်ရင်ဆိုင်ရန်လိုအပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ပုံပြုခြင်းလမ်းကြောင်းပေါ်ပြန်လည်လျှောက်လှမ်းပြီး မဟာမိတ်ဖွဲ့စည်းတည်ထောင်မှုများကို လုပ်ဆောင်လာလျက်ရှိပါတယ်။
နိုင်ငံတကာဆက်ဆံရေးမှာ အငြင်းပွားမှုများစွာရှိသော်လည်း ရုရှားနိုင်ငံကတော့ တူညီမှုရှိပြီး ခွဲခြားလို့မရနိုင်တဲ့လုံခြုံရေးစနစ်တည်ဆောက်မှုကိုသာ အမြဲတမ်းထောက်ခံအားပေးခဲ့ပါတယ်။ ဒီလုံခြုံရေးစနစ်ဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းကြီးတစ်ခုလုံးအတွက် မရှိမဖြစ်အရေးကြီးတဲ့စနစ်ဖြစ်ပါတယ်။ ရုရှားနိုင်ငံက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ BRICS အဖွဲ့တို့မှာရှိတဲ့ စိတ်တူသဘောတူရှိသောမိတ်ဖက်နိုင်ငံများနဲ့အတူ မဟာယူရေးရှားဒေသနဲ့နောက်ပိုင်းမှာလုံခြုံရေးပုံစံအသစ်ထွက်ပေါ်လာရေးကို အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိပါတယ်။ဒုတိယကမ္ဘာစစ်အတွင်း ဘုံရန်သူကိုတိုက်ခိုက်ရာမှာတွေ့ကြုံခဲ့ရတဲ့ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံတို့အပေါ်ယုံကြည်မှုက နိုင်ငံအားလုံးရဲ့ လွတ်လပ်ပြီးကိုယ်ပိုင်သတ်မှတ်ချက်ရှိတဲ့ဖွံ့ဖြိုးတိုးတက်မှုတစ်ခုအတွက်တူညီသောအခွင့်အလမ်းမူဝါဒများအပေါ် အခြေခံတဲ့မျှတမှုရှိသောကမ္ဘာကြီးဆီသို့ လျှောက်လှမ်းရာမှာအခြေခိုင်စေမှာဖြစ်ပါတယ်။
မိမိတို့အနေဖြင့် အနိုင်မခံအရှုံးမပေးသောအောင်နိုင်သူမျိုးဆက်များအဖြစ် ဂုဏ်ယူဝင့်ကြွားရပါတယ်။ သူတို့ရဲ့အရိုက်အရာကိုဆက်ခံတဲ့ မိမိတို့အနေနဲ့ ဒုတိယကမ္ဘာစစ်မှကြမ်းတမ်းတဲ့သင်ခန်းစာများကိုမှတ်သားလေ့လာပြီး ဒီအမှားများကိုနောက်တစ်ကြိမ်မကျူးလွန်စေဖို့နဲ့ နာဇီဝါဒကိုအောင်နိုင်ခဲ့သူများရဲ့ အမှတ်တရများကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် တာဝန်ရှိပါတယ်။
သူတို့က မိမိတို့ကို တာဝန်ဝတ္တရားနဲ့ နိုးကြားမှုရှိကာနောက်ထပ်ကမ္ဘာစစ်ကြီးဖြစ်ပွားမှုကို ရှောင်လွှဲနိုင်ဖို့အတွက် အရာအားလုံးကိုလုပ်ဆောင်မယ့်သူများအဖြစ် ယုံကြည်ကိုးစားခဲ့ကြတာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
Source: https://myawady.net.mm/stories

မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးသည့် နိုင်ငံဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်သော ဆက်ဆံရေးကိုရှေးရှုသည်။ နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကိုစောင့်ထိန်းလျက်ရှိသည်။

မြန်မာနိုင်ငံသည် နိုင်ငံအားလုံးနှင့်ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကိုသာ အစဉ်ရှေးရှုသည့် နိုင်ငံဖြစ်သည့်အတွက် မိမိနိုင်ငံနှင့်ပထဝီအနေအထား၊ စီးပွားရေးအနေအထား၊ ယဉ်ကျေးမှုအနေအထား တူညီသောနိုင်ငံများနှင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများတွင် တက်ကြွစွာပူးပေါင်း ပါဝင်လျက်ရှိသည်။ ထိုအဖွဲ့အစည်းများတွင် ဘင်းမ်စတက်အဖွဲ့အစည်းသည်လည်း တစ်ခုပါဝင်သည်။ ဘင်းမ်စတက်ဆိုသည်မှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့်၊ ထိုင်းနိုင်ငံတို့ ပါဝင်သောဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဘင်းမ်စတက်အဖွဲ့အစည်းကို ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်တွင် ဗန်ကောက်ကြေညာ စာတမ်းနှင့်အတူ စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် ကျင်းပခဲ့သည့် ဝန်ကြီးအဆင့် အထူးအစည်းအဝေးတွင် အဖွဲ့ဝင်ဖြစ်လာခဲ့ပြီးနောက် အဖွဲ့အမည်ကို “ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ” ဟု အမည်ပြောင်းလဲခဲ့ပါသည်။ ဘင်းမ်စတက် အဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဘင်းမ်စတက်သည် အာဆီယံကဲ့သို့ အရေးပါသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ထိုင်းနိုင်ငံတွင် ၂၀၀၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်ကကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် အဖွဲ့၏အမည်ကို လက်ရှိအမည်ဖြစ်သည့် “ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ဘင်းမ်စတက်)” (BIMSTEC=Bay of Bengal Initiative for Multi Sectoral Technical and Economic Cooperation) ဟုပြောင်းလဲခေါ်ဝေါ်ရန် သဘောတူညီခဲ့ကြသည်။
ဘင်းမ်စတက်အဖွဲ့တွင် ထိပ်သီးအစည်းအဝေး၊ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၊ ဘင်းမ်စတက်အမြဲတမ်း လုပ်ငန်းကော်မတီ အစည်းအဝေးဟူ၍ အဓိကယန္တရား (၄) ရပ်ဖြင့် အဆင့်ဆင့် လည်ပတ်လျက်ရှိပါသည်။ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍအလိုက် ဝန်ကြီးအဆင့် အစည်းအဝေး၊ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ လုပ်ငန်းအဖွဲ့နှင့် ကျွမ်းကျင်ပညာရှင်များအဖွဲ့တို့ကိုလည်း ဖွဲ့စည်းထားရှိပါသည်။
ဘင်းမ်စတက်အဖွဲ့၏ အမြင့်ဆုံးအစည်းအဝေးဖြစ်သည့် ထိပ်သီးအစည်းအဝေးကို ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသောနိုင်ငံက လက်ခံကျင်းပလေ့ရှိပါသည်။ လက်ရှိအချိန်အထိ (၆) ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တတိယအကြိမ် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးကို ၂၀၁၄ ခုနှစ် မတ်လ ၄ ရက်တွင် နေပြည်တော်၌ လက်ခံကျင်းပခဲ့သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ၂၀၂၅ ခုနှစ် ဧပြီလ ၄ ရက်တွင် ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
ဘင်းမ်စတက်အဖွဲ့၏ ဒုတိယအမြင့်ဆုံး အစည်းအဝေးဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသောနိုင်ငံက လက်ခံကျင်းပလေ့ရှိပြီး လက်ရှိ အချိန်အထိ (၂၀) ကြိမ် ကျင်းပပြီးစီးခဲ့ပြီးဖြစ်ပါသည်။ (၂၀) ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဆဋ္ဌမအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်၍ ၂၀၂၅ ခုနှစ်ဧပြီလ ၃ ရက်တွင် ဗန်ကောက်မြို့၌ ကျင်းပခဲ့ပြီးမြန်မာနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်ခဲ့သည်။
ဘင်းမ်စတက်ပဋိညာဉ်စာတမ်းကို ၂၀၂၂ ခုနှစ်မတ်လ ၃၀ ရက်တွင် သီရိလင်္ကာနိုင်ငံက ကျင်းပခဲ့သည့် ပဉ္စမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများက လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြပါသည်။ ဘင်းမ်စတက် ပဋိညာဉ်စာတမ်းကို ရေးဆွဲအတည်ပြုနိုင်ခဲ့သည့်အတွက် ဘင်းမ်စတက်အဖွဲ့သည် စည်းမျဉ်းစည်းကမ်းကို အခြေပြုသော ဥပဒေကြောင်းအရ ဥပဓိဂုဏ် ရှိသည့် အဖွဲ့အစည်းအဖြစ် အသွင်ပြောင်းလဲနိုင်ခဲ့သည်။ ယခုအခါ ဘင်းမ်စတက်ပဋိညာဉ်စာတမ်းသည် ၂၀၂၄ ခုနှစ် မေလ ၂၀ ရက်တွင် စတင်အသက်ဝင် ခဲ့ပြီဖြစ်သည်။
ဘင်းမ်စတက်မူဘောင်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ အားလုံးသည် အချုပ် အခြာအာဏာ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ နိုင်ငံရေးအမှီအခိုကင်းမှု၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုမှု၊ ကျူးကျော်ခြင်းမပြုမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန် လေးစားမှုနှင့် အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမှုတို့အပေါ် အခြေခံရန်နှင့် ဆုံးဖြတ်ချက်အားလုံးသည် တူညီဆန္ဒအပေါ်၌ အခြေခံရန် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည်။ ဆဋ္ဌမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၏ ဆောင်ပုဒ်မှာ “သာယာဝပြော၍ ကြံ့ကြံ့ခံနိုင်သော ပွင့်လင်းမြင်သာ သည့် ဘင်းမ်စတက်” ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးတွင် သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် ဘင်းမ်စတက် လွတ်လပ်သော ကုန်သွယ်မှုဧရိယာ သဘောတူညီချက်မူဘောင် (Framework Agreement on the BIMSTEC Free Trade Area Agreement - FTA) ကို ၂၀၀၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း FTA ကို ထူထောင်ရန် အလှမ်းဝေးနေဆဲပင်ဖြစ်ကြောင်း၊ FTA ကို ထူထောင်ခြင်းဖြင့် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို လျှော့ချနိုင်ပြီး ကုန်စည်နှင့်ဝန်ဆောင်မှု ကုန်သွယ်ရေးတို့ကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် FTA ၏ အသီးအပွင့်များကို ရရှိခံစားနိုင်ရေးအတွက် ယင်း၏ဆက်စပ် သဘောတူစာချုပ်များ ဆွေးနွေးအပြီးသတ်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် အခြားအရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တစ်ခုမှာ ဆက်သွယ်ချိတ်ဆက်မှု (connectivity) ပင်ဖြစ်ကြောင်း၊ ဆက်သွယ်ချိတ်ဆက်မှုကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးမှုကို မြှင့်တင်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှုကို မြှင့်တင်ပေးနိုင်မည့် ဘင်းမ်စတက် ပို့ဆောင်ဆက်သွယ်ရေး ပင်မစီမံကိန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးသည် အရေးကြီးလှကြောင်း၊ မိမိတို့၏ လူဦးရေသည် အစဉ်တိုးပွားလျက်ရှိသည့်အတွက် တိုးပွားလာသည့် လူဦးရေ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် စားနပ်ရိက္ခာဖူလုံရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဘင်းမ်စတက် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ကဏ္ဍ၏ ဦးဆောင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး လုပ်ငန်းစီမံချက်(၂၀၂၃-၂၀၂၇)နှင့် ဘင်းမ်စတက်ငါးလုပ်ငန်းနှင့် မွေးမြူရေးပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်း စီမံချက်တို့ကို ဦးဆောင်ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံမှုကို ဖြေရှင်းနိုင်ရန်အတွက် ယင်းလုပ်ငန်းစီမံချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ကြရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဘင်းမ်စတက်ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်အရ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် ရာထူးအတွက် အဖွဲ့ဝင်နိုင်ငံများ၏ အက္ခရာစဉ်အလိုက် အဆိုပြုခန့်အပ်လေ့ရှိပြီး သက်တမ်း (၃)နှစ် တာဝန်ထမ်းဆောင်ရပါသည်။ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် ရာထူးကို သီရိလင်္ကာနိုင်ငံက ပထမဦးဆုံးအဖြစ် ၂၀၁၄-၂၀၁၇ ခုနှစ်ကာလအထိ တာဝန်ယူခဲ့ပြီး နောက်ပိုင်းတွင် အက္ခရာစဉ်အလိုက် တာဝန်ထမ်းဆောင်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၁၇-၂၀၂၀ ပြည့်နှစ်ကာလကိုလည်းကောင်း၊ ဘူတန်နိုင်ငံက ၂၀၂၀-၂၀၂၃ ခုနှစ်ကာလကို လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
ယခုအခါ (၄) ဦးမြောက် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်အဖြစ် အိန္ဒိယနိုင်ငံသား မစ္စတာ အင်ဒရာမာနီပန်ဒေးကို ခန့်အပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှစတင်၍ တာဝန်ထမ်းဆောင်လျက်ရှိသည်။
ဘင်းမ်စတက်အဖွဲ့၌ ယခင်က ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ(၁၄) ခုရှိခဲ့ပြီး ယခုအခါ ပဉ္စမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့သည့် ဘင်းမ်စတက်ဖွဲ့စည်းပုံအသစ်အရ ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍ (၇) ခု သတ်မှတ်ခဲ့ကာ အဖွဲ့ဝင် (၇) နိုင်ငံအနေဖြင့် တစ်နိုင်ငံလျှင် ကဏ္ဍ (၁) ခုစီနှင့် ယင်းကဏ္ဍအောက်ရှိ ကဏ္ဍခွဲများကို အောက်ပါအတိုင်း ဦးဆောင်တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်-
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘင်းမ်စတက်အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms.Paetongtarm Shinawatra၊ နီပေါနိုင်ငံဝန်ကြီးချုပ် Rt. Hon. Mr. K P Sharma Oli၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E.Mr. Shri Narendra Modi၊ သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် H.E. Dr. Harini Amarasuriya နှင့် ဘူတန်နိုင်ငံဝန်ကြီးချုပ် H.E.Mr. Tshering Tobgay တို့နှင့်ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရာတွင် လည်းကောင်း၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ အကြီးအကဲများနှင့် သီးသန့် တွေ့ဆုံရာတွင်လည်းကောင်း မြန်မာနိုင်ငံတွင် ငလျင်သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်ကြုံတွေ့နေရသည့် အခြေအနေများ၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအပေါ် ကူညီဆောင်ရွက်ပေးသည့် အခြေအနေများ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင် ကုန်သွယ်မှုများ ပူးပေါင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် လက်နက်ရောင်းဝယ်မှုများ ပပျောက်ရေးတို့အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ အလားတူ တရားမဝင်အွန်လိုင်း လောင်းကစားမှုများနှင့် ငွေကြေးလိမ်လည်မှုများ ပပျောက်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့နည်းပပျောက်စေရေးအတွက် နယ်စပ်နေပြည်သူများအား အသိပညာပေးမှုများနှင့် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးသွားမည့် အခြေအနေများ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ရောက်ရှိစဉ် အချိန်နှစ်ရက်တာအတွင်း မိမိနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်အတွက် အတွေ့အကြုံပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ၊ ကူညီကယ်ဆယ်ရေးဆိုင်ရာကိစ္စရပ်များရရှိရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အပြင် အဖွဲ့ဝင်နိုင်ငံများနှင့်ပူးပေါင်း ဆောင်ရွက်နေသော အခြားကဏ္ဍရပ်ပေါင်းစုံအတွက်လည်း အားလပ်ချိန်ပင်မထား အနားယူချိန်ပင်မရှိ အကျိုးရှိသော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့ပေသည်။ နိုင်ငံ့အပေါ်ထားရှိသော နိုင်ငံ့ခေါင်းဆောင်တစ်ယောက်၏ စိတ်စေတနာကို ပြည်သူတစ်ယောက်အနေဖြင့် ဝမ်းသာပီတိဖြစ်စွာ ခံစားမိသလို နိုင်ငံအတွက် ကြိုးပမ်းဆောင်ရွက်မှုများအတွက်လည်း များစွာကျေနပ်အားရမိပါသည်။နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ဘင်းမ်စတက်အစည်းအဝေးတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်ရေး အစရှိသည့် နယ်ပယ်ပေါင်းစုံအတွက် ရလဒ်ကောင်းများကို ရယူဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး” ဟူသော နိုင်ငံရေး ဦးတည်ချက်ကိုအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းမှန်သို့ပြန်လည် ရောက်ရှိရေး ကြိုးပမ်းလျက်ရှိသည်။ ထိုသို့ကြိုးပမ်းလျက်ရှိရာတွင် ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ ချမှတ်ကာ စနစ်တကျဆောင်ရွက်နေခြင်းဖြစ်သည်။ ရှေ့လုပ်ငန်းစဉ်(၅) ရပ်တွင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထား ဆောင်ရွက်ရေးလုပ်ငန်းစဉ်အတိုင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပြီဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တည့်မတ်ခိုင်မာရေး ဆောင်ရွက်လျက်ရှိရာ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်မှုတွင် မိတ်ကောင်းဆွေကောင်းများနှင့်အညီ လက်တွဲဆောင်ရွက်နိုင်ကြပါရန် ရေးသားတင်ပြလိုက်ရပေသည်။ ။

အကြမ်းဖက်အဖွဲ့များ၏ မဟာဗျူဟာများအား လေ့လာခြင်း

ယနေ့ခေတ်တွင် နိုင်ငံအသီးသီး၌ ပုံစံမျိုးစုံဖြင့်အကြမ်းဖက်အဖွဲ့များ လှုပ်ရှားနေကြပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများအပါအဝင် နိုင်ငံတိုင်းလိုလိုတွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွား တတ်သဖြင့် အကြမ်းဖက်နှိမ်နင်းရေးသည် နိုင်ငံတိုင်း၏ ဦးစားပေးလုပ်ငန်းအစီအစဉ်တစ်ခု ဖြစ်ပါသည်။ အကြမ်းဖက်နှိမ်နင်းရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် အကြမ်းဖက်သမားများ ကျင့်သုံးတတ်သည့် မဟာဗျူဟာများကို ကောင်းစွာသိရှိထားရန် လိုအပ်ပါသည်။ သို့မှသာ အကြမ်းဖက်အဖွဲ့များကိုတန်ပြန်နိုင်ရန် လိုအပ်သော မဟာဗျူဟာနှင့် နည်းဗျူဟာများကို မှန်ကန်စွာချမှတ်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ အကြမ်းဖက်အဖွဲ့များအသုံးပြုတတ်သည့် မဟာဗျူဟာများနှင့် ၎င်းတို့၏ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးသွားပါမည်။
အကြမ်းဖက်အဖွဲ့များ အသုံးပြုတတ်သည့် မဟာဗျူဟာများအနက် ပထမဆုံးဆွေးနွေး လိုသည့်မဟာဗျူဟာမှာ ချွေစစ် (attrition) ဖြစ်ပါသည်။ ချွေစစ်ဆိုသည်မှာ များသောအားဖြင့် မိမိအင်အားနည်းနည်းဖြင့် ရန်သူ၏စစ်သည်များကို တိုက်ခိုက်ခြင်း၊ ပစ္စည်းများကိုဖျက်ဆီး ခြင်းဖြင့် ရန်သူကိုဖြေးဖြေးချင်းအားနည်းအောင် လုပ်ဆောင်ခြင်းဖြစ်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ လုံခြုံရေးအဖွဲ့အစည်းများ စိတ်ဓာတ်ပျက်ပြားလာပြီး အစိုးရအနေဖြင့်လည်း လုံခြုံရေးအတွက်ပိုမိုသုံးစွဲလာရကာ အခြားတစ်ဖက်တွင် လူထုအနေဖြင့်လည်း ထိုသို့လုံခြုံရေးတွင် များစွာရင်းနှီးမြှုပ်နှံရသည်မှာ တန်ပါ၏လော၊ ထိုဒေသကို အကြမ်းဖက်အဖွဲ့ လက်ထဲအပ်ခဲ့ပြီး အိမ်ပြန်သည်က ပိုမကောင်းလောဟု မေးခွန်းထုတ်လာကြပါသည်။
ထိုနေရာတွင် အောင်မြင်မှုသည် အကြမ်းဖက်အဖွဲ့က ဆန့်ကျင်တိုက်ခိုက်နေသော အစိုးရအပေါ်တွင် မူတည်ပါသည်။ ပထမဆုံးအချက်မှာ အစိုးရအနေဖြင့် လူထုထင်မြင်ချက်ကို မည်မျှအလေးထားသနည်း ဆိုသည်ပင်ဖြစ်ပါသည်။ ဥပမာ အာဏာရှင်အစိုးရဆိုပါက လူအများ အပြားသေကြေပျက်စီးရသည်ကို လျစ်လျူရှုပြီး အကြမ်းဖက်သမားများကို နှိမ်နင်းနိုင်ပါသည်။ ဒုတိယမေးခွန်းမှာ အကြမ်းဖက်အုပ်စုက ဆန့်ကျင်တိုက်ခိုက်နေသည့် အစိုးရအတွက် ထိုဒေသ /နိုင်ငံသည် မည်မျှအရေးပါသနည်းဆိုသည်ပင်ဖြစ်ပါသည်။ ဥပမာ လက်ဘနွန်မှ ငြိမ်းချမ်းမှုထိန်းသိမ်းရေး အမေရိကန်တပ်ဖွဲ့များထွက်ခွာသွားစေရန် အကြမ်းဖက်သမားများက အမေရိကန်တို့ကို တိုက်ခိုက်လျှင် အမေရိကန်အနေဖြင့် လက်ဘနွန်ကို သိပ်ဂရုမစိုက်သဖြင့် အလွယ်တကူ ထွက်သွားနိုင်ပါသည်။ သို့သော်လည်း အကြမ်းဖက်အဖွဲ့အနေဖြင့် အမေရိကန် အခြေခံဥပဒေကို ပြင်ဆင်ခြင်းကဲ့သို့ အလွန်နက်ရှိုင်းပြီး အခြေခံကျသည့်အချက်ကို အလိုရှိပါက အလွန်တရာ ခက်ခဲမည်ဖြစ်ပါသည်။
အကြမ်းဖက်အဖွဲ့များအနေဖြင့် ချွေစစ်မဟာဗျူဟာကို စွဲစွဲမြဲမြဲကျင့်သုံးနိုင်ရေးတွင် အဓိက ပြဿနာတစ်ခုမှာ ၄င်းတို့အဖွဲ့များအနေဖြင့် ဆက်လက်ရှင်သန်နိုင်ရန် လိုအပ်ခြင်းဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့များသည် ၄င်းတို့ထက် လူအင်အား၊ လက်နက်အင်အား များစွာသာလွန်သည့် အစိုးရ၏ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ဖြစ်ပြီး ထိုသို့တိုက်ခိုက်ခံနေရချိန် တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လုပ်နိုင်စွမ်းရှိရန် လိုအပ်ပါသည်။ ထို့ပြင် အကြမ်းဖက် အဖွဲ့၏အကြမ်းဖက်တိုက်ခိုက်မှုများသည် ၄င်းတို့ဦးဆောင်မှုရလိုသည့် လူထုကြားတွင် များသော အားဖြင့် လူကြိုက်များခြင်းမရှိပါ။ အကြမ်းဖက်အဖွဲ့၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အခြားဖက်မှအပြစ်မဲ့သူများကိုသတ်ပစ်ရန် လိုအပ်ခြင်း ရှိ/မရှိ လူထုက မေးခွန်းထုတ် တတ်ပါသည်။
အောင်မြင်သော ချွေစစ်မဟာဗျူဟာဥပမာတစ်ခုမှာ အိုင်းရစ်ရီပတ်ပလီကင် တပ်မတော် (IRA) ဖြစ်သည်။ ၂၀ ရာစုတစ်လျှောက်တွင် IRA သည် ပုံစံတစ်မျိုးမဟုတ် တစ်မျိုးဖြင့်တည်ရှိ ခဲ့ပြီး ၁၉၆၀ ပြည့်လွန်ကုန်ခါနီးနှစ်များတွင် ၄င်းတို့သည် အိုင်ယာလန်မြောက်ပိုင်းတွင် အကြီး အကျယ်လှုပ်ရှားခဲ့ပါသည်။ IRA သည် အိုင်ယာလန်မြောက်ပိုင်းမှ ဗြိတိသျှအစိုးရနှင့် ဗြိတိသျှ သင်္ကေတအမှတ်သရုပ်များကို ပုံမှန်တိုက်ခိုက်မှုများဆောင်ရွက်ခဲ့သည့်အတွက် ဗြိတိသျှအစိုးရ အနေဖြင့် အိုင်ယာလန်မြောက်ပိုင်းတွင် လုံခြုံရေးအင်အား ပိုမိုတိုးမြှင့်ချထားခဲ့ရပြီး အကြမ်းဖက်မှုများ အမြင့်မားဆုံးအချိန်တွင် စစ်သည် ၂၀,၀၀၀ အထိ တပ်ဖြန့်ချထားခဲ့ရပါသည်။ IRA ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ Martin Mc- Guinness က “ဗြိတိသျှတွေ ထွက်မသွားမချင်း ကျွန်တော်တို့ ဆက်ပြီးတိုက်နေမှာပဲ” ဟု ပြောကြားခဲ့ပါသည်။ ၄င်းသည် IRA မဟာဗျူဟာ ကို အတိုဆုံး၊ အရှင်းဆုံး ဖော်ပြခြင်းဖြစ်သည်။ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်လုပ် ဆောင်နေပါက ဗြိတိသျှတို့အနေဖြင့် အိုင်ယာလန်အပေါ် ၄င်းတို့သဘောထားကို ပြန်လည် စဉ်းစားသုံးသပ်ပြီး နည်းလမ်းရှာလာမည်ဟု IRA က ယုံကြည်ထား၍ ဖြစ်ပါသည်။ နောက်ဆုံးတွင် ဗြိတိသျှခေါင်းဆောင်များက စစ်ရေးနည်းလမ်းဖြင့် IRA ကို အမြစ်မဖြတ်နိုင်ဟု နားလည်လာပြီး ပဋိပက္ခကိုဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းခြင်းသာဖြစ်သည်ဟု လက်ခံကာ စေ့စပ်ညှိနှိုင်းမှုများ စတင်လုပ်ဆောင်ခဲ့ပါသည်။ ထိုသို့ဖြင့် IRA သည် ၄င်း၏ရည်မှန်းချက်အားလုံး ထမြောက်အောင်မြင်ခဲ့ခြင်း မရှိသော်လည်း ရည်မှန်းချက် အချို့ အောင်မြင်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။
အကြမ်းဖက်အဖွဲ့များအသုံးပြုသည့် ဒုတိယမဟာဗျူဟာမှာ အဖွဲ့ငယ်အဆင့်မှ ပိုမိုကြီးမားသည့် သောင်းကျန်းသူအဖွဲ့အစည်းများ (insurgent organization) တည်ဆောက်ပြီး ပျောက် ကျားစစ်ဆင်နွှဲခြင်းဖြစ်ပါသည်။ အကြမ်းဖက်ဝါဒနှင့် ပုန်ကန်သောင်းကျန်းမှု (insurgency) တို့အကြား ကွဲပြားခြားနားမှုများရှိသော်လည်း အကြမ်းဖက်အဖွဲ့များသည် မကြာခဏဆိုသလိုပင် အကြမ်းဖက်အဖွဲ့အဖြစ်မှ ပိုမိုကြီးမားသော သောင်းကျန်းသူအဆင့်သို့ ကူးပြောင်းလေ့ ရှိပါ သည်။ ထင်ရှားသော အကြမ်းဖက်အဖွဲ့များဖြစ်သည့် လက်ဘနွန်မှ ဟစ်ဇဘိုလာ၊ တူရကီမှ PKK ၊ ပီရူး မှ Shining Path စသောအဖွဲ့များသည် အကြမ်းဖက်မှုကိုလည်းအသုံးပြုသော သောင်းကျန်းသူအဖွဲ့များဖြစ်သည်။ သောင်းကျန်းသူများ၏ ရည်ရွယ်ချက်မှာ အစိုးရက မဖြစ် မနေတုန့်ပြန်လာစေရန် အဆက်မပြတ်တိုက်ခိုက်မှုများပြုလုပ်ပြီး ဖိအားပေးရန်ဖြစ်ပါသည်။
အစိုးရများအနေဖြင့် များသောအားဖြင့် တိကျသောထောက်လှမ်းရေးသတင်း မရရှိသည့်အတွက် အကြမ်းဖက်အဖွဲ့သက်သက်ကိုထက် ယေဘုယျအားဖြင့် လူထုတစ်ရပ်လုံး အပေါ်တုန့်ပြန်လေ့ရှိပါသည်။ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည်မှာ မည်သူ၊ မည်ဝါ ဖြစ်သည်ဟု တိတိကျကျမသိသဖြင့် လူငယ်ယောကျ်ားလေးများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ အသိုင်းအဝိုင်းခေါင်းဆောင်များကို ဖမ်းဆီးခြင်း စသောအမှားများကျုးလွန်တတ် ကြပြီး ထိုသို့သောအမှားများသည် နောက်ဆက်တွဲအကျိုးသက်ရောက်မှု များစွာရှိပါသည်။ လူထုက အစိုးရအပေါ် အယုံအကြည်မဲ့သွားတတ်ပြီး ထိုသို့သိမ်းကျုံးဖမ်းဆီးခြင်းကြောင့် အကြမ်းဖက်မှုများကို ရပ်တန့်နိုင်ခြင်းမရှိသလို လူထုကိုလည်း လုံခြုံရေးအာမခံချက်မပေးနိုင်ပါ။ ပို၍အရေးကြီးသည်မှာ လူထုအနေဖြင့် အကြမ်းဖက်အဖွဲ့များကို အားကိုးလာခြင်းဖြစ်ပြီး အကြမ်းဖက်အဖွဲ့များသည် ၄င်းတို့အသိုင်းအဝိုင်းကို ကာကွယ်စောင့်ရှောက်ပေးသူများသဖွယ် ဖြစ်လာကာ လူသစ်များရရှိလာသလို ထောက်ပံ့ငွေများလည်း ရရှိလာနိုင်ပါသည်။
ငွေအင်အား၊ လူအင်အား ပိုမိုတောင့်တင်းလာသည်နှင့်အမျှ တိုက်ခိုက်မှုများ ပိုမိုဆောင် ရွက်နိုင်လာကာ အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်မှုများ ပိုလုပ်လေ၊ အစိုးရက ပိုနှိမ်နင်းလေ၊ အကြမ်းဖက်အဖွဲ့ကို လူထုထောက်ခံမှုပိုရလေဖြစ်ပြီး စစ်ရေးပစ်မှတ်များကိုပါ တိုက်ခိုက်နိုင်လာသည့် သောင်းကျန်းသူအဖွဲ့အစည်းအဆင့်သို့ ရောက်ရှိလာနိုင်ပါသည်။ အချို့သောအဖွဲ့ များသည် လူထုကိုဆွဲဆောင်နိုင်ရန် ပညာရေး၊ ကျန်းမာရေး စသော လူမှုရေးဝန်ဆောင်မှုများကိုပင် ဆောင်ရွက်ပေးတတ်ကြပါသည်။ အချို့အဖွဲ့များသည် အချိန်ကြာလာသည်နှင့်အမျှ နယ်မြေပါ ထိန်းချုပ်နိုင်လာပြီး လူထုအားအခွန်ကောက်ခြင်းစသည်ဖြင့် အစိုးရအသေးစားကဲ့သို့ ပြုမူဆောင်ရွက်ကြပါသည်။ ထိုသို့ နယ်မြေထိန်းချုပ်နိုင်သောအချိန်တွင်မူ သောင်းကျန်း သူများသည် ၄င်းတို့ ထိန်းချုပ်နယ်မြေမှပြည်သူများအား အကြောက်တရားဖြင့် အုပ်ချုပ်တတ်ကြပါသည်။
ထိုမဟာဗျူဟာသည် ထိရောက်မှုရှိသော မဟာဗျူဟာဖြစ်သော်လည်း လက်တွေ့လုပ်ဆောင်ရန် အလွန်ခက်ခဲပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းသည်လည်း ချွေစစ်မှာကဲ့သို့ပင် အကြမ်းဖက်အဖွဲ့များအနေဖြင့် ဆက်လက်ရှင်သန်နိုင်ရန် လိုအပ်သောကြောင့် ဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၄င်းထက်ရင်းမြစ်များ ပိုမိုပြည့်စုံသောအစိုးရအား ကာလရှည် စစ်ဆင်နွှဲနိုင်စွမ်းရှိရန် လိုအပ်ပါသည်။ ထို့ပြင် လူထုအနေဖြင့် အရပ်သားများအားသတ်ဖြတ်ခြင်း ကဲ့သို့ အကြမ်းဖက်အဖွဲ့၏လုပ်ရပ်များကို လက်မခံခြင်းနှင့် အစိုးရက လက်တုန့်ပြန် တိုက်ခိုက်မည်ကို ကြောက်ရွံ့သည့်အတွက် အနည်းဆုံးအားဖြင့် အစပိုင်းတွင် ၎င်းတို့ကို လက်မခံခြင်းမျိုး ရှိနိုင်ပါသည်။
ထိုမဟာဗျူဟာကိုကျင့်သုံးသော အကြမ်းဖက်အဖွဲ့များသည် ရေရှည်ရပ်တည်နိုင်စွမ်း နည်းပါသည်။ ဥပမာတစ်ခုမှာ အီရတ်မှ အယ်ဂိုဒ်ဒါနှင့်ဆက်စပ်သော တိုက်ခိုက်ရေးသမားများ ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အမေရိကန်က အီရတ်ကို ကျူးကျော်ပြီး ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချ ခဲ့ရာ အီရတ်တွင် အာဏာလေဟာနယ်(Power Vacuum) ဖြစ်လာခဲ့ပြီး အမေရိကန်တို့ သိမ်းပိုက်ပြီး အစပိုင်းလများတွင် အမေရိကန်ဆန့်ကျင်ရေး အမျိုးသားရေးဝါဒီများ၊ လူမျိုးစုသူပုန်များ၊ ဆက်ဒမ်အစိုးရဟောင်းမှအဖွဲ့များ စသည့် လက်နက်ကိုင်ဆူပူသောင်းကျန်းမှုမျိုးစုံ ထကြွခဲ့သလို ရာဇဝတ်မှုများလည်း အကြီးအကျယ်ဖြစ်ပွားခဲ့ပါသည်။ လူထုအနေဖြင့် လုံခြုံမှုမရှိဘဲ အစိုးရက ၄င်းတို့ကို အကာအကွယ်မပေးနိုင်ဟု ခံစားကြရပါသည်။
အီရတ်အနောက်ပိုင်းတွင် ဆွန်နီအများစုနေထိုင်ပြီး ၄င်းတို့ကအမေရိကန်သည် ရှီးယိုက် လွှမ်းမိုးထားသောအစိုးရကို တင်မြောက်ပြီး ဆွန်နီမူဆလင်များကို အာဏာလက်မဲ့ဖြစ်အောင် လုပ်နေသည်ဟု ယုံကြည်ကြပါသည်။ ထိုအချိန်တွင် အယ်ဂိုဒ်ဒါနှင့်ဆက်စပ်နေသော အကြမ်းဖက်အဖွဲ့များ အီရတ်အနောက်ပိုင်းကို ဝင်လာသောအခါ ဒေသခံလူထုသည် ထိုအဖွဲ့များ၏ ရည်မှန်းချက်အားလုံးကို လက်ခံကောင်းမှလက်ခံမည်ဖြစ်သော်လည်း ထိုအဖွဲ့များအား ၄င်းတို့ အသိုင်းအဝိုင်းကို ကာကွယ်ပေးသူများအဖြစ် ရှုမြင်ခဲ့ကြသည်။ အစိုးရခိုင်ခိုင်မာမာမရှိသည့်အတွက် လူမှုဖူလုံရေးမရှိ၊ ရဲတပ်ဖွဲ့လည်း မရှိသည့်အတွက် လူထုမှာ ကိုယ့်အားကိုယ်ကိုးနေရရာ ထိုအဖွဲ့များနှင့် အတူတွဲ အလုပ်လုပ်ရန်ကလွဲပြီး ရွေးစရာမရှိခဲ့ပေ။
အမေရိကန်နှင့် အီရတ်အစိုးရတို့က သောင်းကျန်းသူများကို တုန့်ပြန်ချိန် အစဦးပိုင်းတွင် တိကျသောထောက်လှမ်းရေးသတင်း မရရှိသည့်အတွက် အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်းနှင့် လူမှားဖမ်းခြင်းများ မကြာခဏလုပ်ခဲ့ကြပါသည်။ အမေရိကန်နှင့် အစိုးရတပ်များက လူတစ်ယောက်ကို သတ်လိုက်သည်နှင့် ၄င်း၏ ညီအကိုများ၊ မိသားစုဝင်များက လက်စားချေရန် သောင်းကျန်းသူအဖွဲ့ထဲ ဝင်ကြပါသည်။ သို့ဖြင့် အစပိုင်းက အင်အားနည်းနည်းသာရှိသော သောင်းကျန်းသူအဖွဲ့များသည် အင်အားကောင်းသည်ထက်ကောင်းလာကာ ပျောက်ကျား စစ်ဆင်မှုများပင် လုပ်နိုင်လာခဲ့ပြီး နယ်မြေထိန်းချုပ်နိုင်ခဲ့ပါသည်။
သို့သော် ထိုအဆင့်ရောက်ရှိချိန်တွင် ၄င်းတို့သည် အစိုးရ၏ချေမှုန်းမှုကို ခံနိုင်ရည်အလွန် နည်းလာပါသည်။ ၄င်းတို့၏ ထိန်းချုပ်နယ်မြေတွင် လွတ်လွတ်လပ်လပ်လှုပ်ရှားကြသဖြင့် ၄င်းတို့၏အဖွဲ့ဝင်များကို လူအများက သိသွားကြပါသည်။ ထို့ပြင် ပြည်တွင်းစစ်စတင်သည့် ၂၀၀၆ ခုနှစ် ဝန်းကျင်ခန့်တွင် အီရတ်လူထုသည် အယ်လ်ဂိုဒ်ဒါနှင့်ဆက်စပ်သောအဖွဲ့များကို ဆန့်ကျင်လာကြပါသည်။ ထိုသို့လူထုက ဆန့်ကျင်လာခြင်းမှာ ထိုအဖွဲ့များ၏ အလွန်အကျွံ အကြမ်းဖက်မှုနှင့် ၄င်းတို့ သူစိမ်းဆန်သော အိုင်ဒီယာများကြောင့်ဖြစ်သလို အမေရိကန်အား ဆွန်နီအသိုင်းအဝိုင်းကို ကာကွယ်ပေးသူအဖြစ် စတင်ရှုမြင်လာခြင်းကြောင့်လည်း ဖြစ်ပါသည်။ အီရတ်အနောက်ပိုင်းရှိ လူမျိုးစုများသည် အမေရိကန်ကို ထောက်ခံလာကြပြီးနောက် အယ်လ်ဂိုဒ်ဒါနှင့် ဆက်စပ်သောအဖွဲ့အစည်းများသည် အလွန်လျင်မြန်စွာပင် ပြိုကွဲသွားကြ သည်။ သောင်းကျန်းသူများကို လူထုကထောက်ခံမှုမရှိတော့ခြင်းနှင့် တိကျသည့်ထောက်လှမ်း ရေးသတင်းများရရှိလာခြင်းတို့ကြောင့် အမေရိကန်သည် သောင်းကျန်းမှုနှိမ်နင်းရေး စစ်ဆင်ရေးများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အယ်လ်ဂိုဒ်ဒါများကို အီရတ်နိုင်ငံတွင်းမှ မောင်း ထုတ်နိုင်ခဲ့ပါသည်။
တတိယမဟာဗျူဟာမှာ လူသိများသည့် အကြမ်းဖက်တိုက်ခိုက်မှုဖန်တီးပြီး အစိုးရအား လူထုက ထကြွဆန့်ကျင်စေရန် ဝါဒဖြန့်ခြင်းဖြစ်သည်။ အကြမ်းဖက်အဖွဲ့အများစုက လူထုသည် ၄င်းတို့ဘက်တွင်ရှိသည်ဟု ယုံကြည်ကြပြီး လူထုသည် ကြောက်ရွံ့နေသောကြောင့်၊ သို့မဟုတ် နိုင်ငံရေးအရနိုးကြားမှုမရှိသောကြောင့်၊ သို့မဟုတ် ထိုအကြောင်းရင်းနှစ်ခုလုံးကြောင့်သာ ငြိမ်နေကြခြင်းဖြစ်ပြီး ၄င်းတို့ကသာ လူထု၏မျက်စိကို ဖွင့်ပေးနိုင်မည်ဆိုလျှင် လူထုသည် ၎င်းတို့နှင့်ပူးပေါင်းကြလိမ့်မည်ဟုယုံကြည်ကြပါသည်။ အကြမ်းဖက်မှုသည် အစိုးရ အပေါ် လူထု၏အကြောက်တရားများပျောက်စေပြီး လူထုအနေဖြင့် အကြမ်းဖက်အဖွဲ့တွင် ပါဝင်ခြင်း၊ သို့မဟုတ် ရန်ပုံငွေထည့်ဝင်ခြင်း စသည်ဖြင့် တတ်နိုင်သည့်နည်းဖြင့် ပူးပေါင်းပါဝင် လာကြမည် ဟု ၄င်းတို့က ယုံကြည်ထားပါသည်။
အကြမ်းဖက်လုပ်ဆောင်မှုကို ဝါဒဖြန့်ရာတွင် အဓိကအချက်မှာ မီဒီယာများတွင်ပါဝင် ရေး ဖြစ်ပါသည်။ အကြမ်းဖက်လုပ်ရပ်များကို ဝါဒဖြန့်နိုင်ရန်အတွက် လူအများက ဂရုစိုက်ရန် လိုပါသည်။ ၁၉၇၂ မြူးနစ်အိုလံပစ် ဓားစာခံအရေးအခင်းနှင့် ၉/၁၁ တိုက်ခိုက်မှုတို့သည် တစ်ကမ္ဘာလုံး၏အာရုံကို ဖမ်းစားနိုင်ခဲ့သော တိုက်ခိုက်မှုများ ဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့ များ၏ လုပ်ဆောင်ချက်ကို လူအများအပြားက သတိထားမိသွားပြီး အချို့က အကြမ်းဖက်အဖွဲ့ ကို ထောက်ခံကြသလို ဆန့်ကျင်သူများလည်း ရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ လူထုအနေ ဖြင့် အကြမ်းဖက်သမားများ၏လုပ်ရပ် နှင့် ရည်ရွယ်ချက်ကို မဖြစ်မနေ သတိထားမိသွားပြီ ဖြစ်ပါသည်။
သို့ရာတွင် အကြမ်းဖက်လုပ်ရပ်ကိုဝါဒဖြန့်ချိခြင်းသည် ၄င်းသက်သက်ဆိုလျှင် ထိရောက်မှုမရှိပါ။ လူသိများသည့် တိုက်ခိုက်မှုတစ်ခုတည်းနှင့် အစိုးရကို ဖြုတ်ချနိုင်ခဲ့သည့်ဖြစ်ရပ်မျိုး မရှိခဲ့ပါ။ ထို့ပြင် အကြမ်းဖက်အဖွဲ့များအနေဖြင့် ထိုသို့ လူသိများသည့်တိုက်ခိုက်မှုမျိုး ထပ်တ လဲလဲလုပ်နိုင်သည်မှာလည်း အလွန်ရှားပါးပါသည်။ လူသိများသည့် အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုဖြစ်ပွားသည်နှင့် အစိုးရကလည်း ထိုအကြမ်းဖက်အဖွဲ့ကို အကြီးအကျယ်နှိမ်နင်းတော့သည်။ ထို့ကြောင့် လူသိများသည့် တိုက်ခိုက်မှုဖန်တီးပြီး ဝါဒဖြန့်ခြင်းသည် လူထုအားလှုံ့ဆော်နိုင်သည့်နည်းလမ်းတစ်ခု ဖြစ်သော်လည်း အောင်ပွဲရရန်အတွက်မူ လုံလောက်မှုမရှိကြောင်း တွေ့ရှိရပါသည်။
အကြမ်းဖက်အဖွဲ့များသုံးသည့် စတုတ္ထမဟာဗျူဟာမှာ နှောင့်ယှက်ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းမှုများ ပျက်စီးအောင်ပြုလုပ်ရာတွင် အသုံးပြုပါသည်။ ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးစဉ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းသည် ဘက်အားလုံးမှ အလယ်အလတ်သမားများအပေါ် အယုံအကြည်ကင်းမဲ့စေပြီး လူထုအနေဖြင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးရန်အချိန်မဟုတ်ဟု ထင်မြင်လာစေပြီး လူထု ကိုယ်တိုင် အစွန်းရောက်ကာ အကြမ်းဖက်မှုများကို လက်ခံလာတတ်ပါသည်။ အကောင်းဆုံး ဥပမာမှာ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အစ္စရေးနှင့် ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးစဉ် ဆွေးနွေးမှုပျက်စေရန် အကြမ်းဖက်မှုများ လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ထိုအချိန်က ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်သည် အစ္စရေးတာဝန်ရှိသူများနှင့် စေ့စပ်ညှိနှိုင်းနေပြီး ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ မြင့်တက်နေပါသည်။ ထိုငြိမ်းချမ်းရေးဆွေးနွေးမှုများကို နှောင့်ယှက်ရန် ဟားမက်နှင့် ပါလက်စတိုင်းအစ္စလာမ်မစ်ဂျီဟတ်အဖွဲ့ တို့သည် ဗုံးခွဲမှုများစွာလုပ်ခဲ့ပြီး အစ္စရေးအများအပြား သေဆုံးခဲ့ပါသည်။ ထိုသို့ ဗုံးခွဲ တိုက်ခိုက်မှုများကြောင့် အာရာဖတ်အနေဖြင့် အကြမ်းဖက်မှုများကို ရပ်တန့်စေနိုင်ခြင်း ရှိ/မရှိ အစ္စရေးတို့က မေးခွန်းထုတ်လာကြပါသည်။ အကယ်၍ အာရာဖတ်သာ အကြမ်းဖက်များကို ရပ်တန့်စေနိုင်လျှင် အာရာဖတ်သည် အကြမ်းဖက်မှုများကို ကြိုးကိုင်သူဖြစ်ပြီး လူသတ်မှုများအတွက် တာဝန်ရှိသူဖြစ်မည် ဖြစ်သည်။ အကယ်၍ အာရာဖတ်သည် အကြမ်းဖက်မှုများကို ရပ်တန့်အောင် လုပ်နိုင်ခြင်းမရှိလျှင် အဘယ်ကြောင့် ၄င်းနှင့် စေ့စပ်ဆွေးနွေးမည်နည်း၊ အာရာဖတ်သည် အကြမ်းဖက်မှုများကို မရပ်တန့်စေနိုင်လျှင် ၄င်းနှင့် ညှိနှိုင်းရရှိလာသည့် ငြိမ်းချမ်းရေးသည်လည်း အဓိပ္ပာယ်ရှိမည်မဟုတ် စသည်ဖြင့် အစ္စရေးတို့ က အာရာဖတ်အပေါ် များစွာသံသယဝင်လာခဲ့ပါသည်။
ထို့ပြင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် အစ္စရေးနိုင်ငံရေးသမားများအနေဖြင့်လည်း အလျော့ပေးလိုက်လျောမှုများလုပ်ဆောင်ရန် အလွန်ခက်ခဲပါသည်။ ထိုသို့ဖြင့် အစ္စရေးတို့သည် သဘောတူညီချက်အများအပြားကို အကောင်အထည်ဖော်ရန် ရွှေ့ဆိုင်းထားခဲ့တော့သည်။ ပါလက်စတိုင်းလူထုဖက်ကလည်း ငြိမ်းချမ်းရေးသည် ၄င်းတို့လိုချင်သော ရလဒ် မထွက်သဖြင့် ငြိမ်းချမ်းရေးကို လိုလားခြင်းမရှိတော့ပဲ အကြမ်းဖက်မှုများကို ပိုမိုထောက်ခံလာ ကြပါသည်။ ထိုသို့ဖြင့် အကြမ်းဖက်များသည် အလယ်အလတ်သမားများအပေါ် အယုံအကြည်ကင်းမဲ့စေပြီး အစွန်းရောက်များကို ပိုအားကောင်းစေကာ နောက်ဆုံးတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်စီးသွားခဲ့ပါသည်။
နောက်ဆုံးဆွေးနွေးလိုသည့် အကြမ်းဖက်သမားများ၏ နည်းဗျူဟာတစ်ခုမှာ တစ်ကိုယ်တော်အကြမ်းဖက်မှု(Lone Wolf Terrorism) ဖြစ်သည်။ လူတစ်ဦးချင်း (သို့) နှစ်ဦး/ သုံးဦးပါ အဖွဲ့ငယ်လေးများဖြင့် အကြမ်းဖက်ခြင်းသည် ထောက်လှမ်းရေးအဖွဲ့များအနေဖြင့် ထိုးဖောက်သတင်းရယူရန် အဖွဲ့ဟူ၍ မယ်မယ်ရရမရှိ၊ ဖမ်းဆီးရမည့် ခေါင်းဆောင်ဟုလည်းမရှိသဖြင့် ရပ်တန့်ရန် အလွန့်အလွန်ခက်ခဲလှပါသည်။ ထို့ပြင် မည်သူမဆိုအကြမ်းဖက်သမားဖြစ်နိုင်ပြီး မည်သည့်အချိန်မဆို တိုက်ခိုက်မှုဖြစ်ပွားနိုင်သောကြောင့် လူထုကို အကြီးအကျယ် ကြောက်လန့်စေနိုင်ပါသည်။ တစ်ကိုယ်တော်အကြမ်းဖက်မှုများကို တစ်နေ့တစ်ခြားအတွေ့များလာနေပြီး အင်တာနက်ကြောင့် တစ်ကိုယ်တော်အကြမ်းဖက်မှုလုပ်ရန် ပိုလွယ်စေပါသည်။ အင်တာနက်သည် လူတစ်ဦးကို လူများစွာနှင့်ဆက်သွယ်နိုင်လာသည့်အတွက် လူတစ်ဦးက ဖော်ထုတ်လိုက်သည့် အကြမ်းဖက်သဘောတရားကို လက်ခံသဘောကျသူများက လိုက်လုပ် လာနိုင်ပါသည်။ သီးခြားစီဖြစ်သော တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုများသည် ပိုမို ကျယ်ပြန့်သော ဂလိုဘယ်အိုင်ဒီယာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် တိုက်ခိုက်ခြင်းမျိုးဖြစ်ပါသည်။
တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုမဖြစ်ပွားမီ ဖော်ထုတ်ဖမ်းဆီးရန် အလွန်တရာခက်ခဲသော်လည်း ၄င်းသည် ထိရောက်သည့် နည်းဗျူဟာ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုများသည် များ သောအားဖြင့် ကျယ်ပြန့်သည့် ရည်မှန်းချက်များနှင့် ချိတ်ဆက်မှုမရှိသောကြောင့် ဖြစ်ပါသည်။ တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုများကို လူထုကလည်းယေဘုယျအားဖြင့် လုံးဝအနှုတ် လက္ခဏာဆောင်သည်ဟု ယူဆကြပြီး ထောက်ခံမှုမရှိကြပါ။ ထို့ကြောင့် တစ်ကိုယ်တော် အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ကြောက်စရာကောင်းပြီးရပ်တန့်ရန် အလွန်တရာ ခက်ခဲသော်လည်း ထိရောက်သည့် မဟာဗျူဟာ မဟုတ်ကြောင်း တွေ့ရှိရပါသည်။
အကြမ်းဖက်အဖွဲ့များအနေဖြင့် အထက်ပါနည်းဗျူဟာများကို ပေါင်းစပ်၍လည်း သုံးစွဲတတ်ကြပါသည်။ ယေဘုယျအားဖြင့် အကြမ်းဖက်သမားများအသုံးပြုကြသော မဟာဗျူဟာများမှာ အားနည်းချက်များရှိပြီး အကောင်းဆုံးမဟာဗျူဟာသည်ပင်လျှင် လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် အလွန်ခက်ခဲပါသည်။ ထို့ပြင် ၄င်းတို့၏ အောင်မြင်မှုသည် အဓိကအားဖြင့် အစိုးရ၏တုန့်ပြန်မှုပေါ်တွင် များစွာမူတည်နေပါသည်။ အကြမ်းဖက်အဖွဲ့အစည်းများ၏ အောင်မြင်မှုသည် အစိုးရက အမှားများလုပ်မိခြင်းအပေါ် မူတည်နေပြီး ပြီးပြည့်စုံသည့် အစိုးရ မရှိဆိုသည့်တိုင် အကြမ်းဖက်ဝါဒကိုတန်ပြန်ရာတွင် အမှားကြီးများကို အစိုးရအချို့ ကျူးလွန်ကောင်းကျူးလွန်မိမည်ဖြစ်သော်လည်း အစိုးရအားလုံး ကျူးလွန်ခြင်းမရှိကြပါ။ ထို့ကြောင့် အကြမ်းဖက်အဖွဲ့အများစုအနေဖြင့် ၎င်းတို့ရည်မှန်းချက် ထမြောက်အောင်မြင်ခဲ့ခြင်း မရှိကြကြောင်း တွေ့ရှိရပါသည်။
Reference;
(1) GeorgetownX: Terrorism and Counterterrorism, www.edx.org
(2) Terrorism and Counterrorism: Comparing Theory and Practice by Leiden University , coursera.org