ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ထရမ့်-ပူတင် တွေ့ဆုံရန် အလက်စကာကို မည်သည့်အတွက်ကြောင့် ရွေးချယ်ထားသလဲ
-

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့ နှစ်ဦး လာမည့် ဩဂုတ် ၁၅ ရက်မှာ အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တစ်ခု ဖြစ်သည့် အလက်စကာတွင် တွေ့ဆုံရန် စီစဉ်ထားပြီး ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်နောက်ပိုင်း ရုရှားသမ္မတတစ်ဦး၏ အမေရိကန်မြေသို့ ပထမဆုံး လာရောက်သည့် ခရီးစဉ်ဟုလည်း ဆိုရပါမည်။

ဘာကြောင့် အလက်စကာကို ရွေးချယ်သလဲ

အလက်စကာကို ရွေးချယ်လိုက်ခြင်းသည် အဓိပ္ပာယ်တွေ အများကြီးရှိပါသည်။ နှစ်နိုင်ငံလုံးက နယ်နိမိတ်ချင်း နီးကပ်နေသည့် အိမ်နီးချင်းဆိုတာ သတိပြုမိကြမှာပါ။ ဘာရိန်းရေလက်ကြားကို ဖြတ်ကျော်ပြီး အလက်စကာမှာ ယခုခေါင်းဆောင် နှစ်ဦးကြား မျှော်လင့်ထားသည့် အရေးကြီးသော တွေ့ဆုံမှုမျိုး ဖြစ်ခဲ့ပါက သမိုင်းဝင်တစ်ခု ဖြစ်လာမှာပါ။

အလက်စကာက မြောက်အမေရိကတိုက်၏ အနောက်မြောက်ဘက်စွန်းမှာ တည်ရှိပါသည်။ ဧရိယာအရဆို အမေရိကန်ပြည်နယ်များထဲ အကြီးဆုံးပြည်နယ် ဖြစ်ပါသည်။ ၁၇၃၂ ခုနှစ်မှာ ရုရှားလေ့လာရေးအဖွဲ့က ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် ရုရှားပိုင် အင်ပါယာ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ရောက်ရှိခဲ့ပါသည်။ သို့သော် ငွေကြေး အခက်အခဲဖြစ်သဖြင့် ရုရှားက အလက်စကာကို ၁၈၆၇ ခုနှစ်မှာ အမေရိကန်ထံ ရောင်းချလိုက်ပါသည်။ ထိုအချိန် က အမေရိကန်ဒေါ်လာ ၇.၂ သန်းကျော်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည် ။ ဘာရိန်း ရေလက်ကြားက ရုရှားဖက်ဒရေးရှင်းနှင့် အလက်စကာကို ပိုင်းခြားထားပါသည်။ အနီးဆုံးကျွန်းတွေက ကီလိုမီတာ ၄၀ ခန့်သာ ကွာဝေးပါသည်။

မြောက်အမေရိကနှင့် အာရှလမ်းဆုံများပေါ်တွင် အလက်စကာ၏ မဟာဗျူဟာမြောက် တည်နေရာကို မြောက်ဘက် မှာ အာတိတ်၊ တောင်ဘက်မှာ ပစိဖိတ်ဒေသ ဟု မှတ်သားရပါမည်။ အလက်စကာသည် အမေရိကန် ပြည်ထောင်စု၏ အမျိုးသားကာကွယ်ရေး၊ စွမ်းအင်လုံခြုံရေးအတွက် အာတိတ်မဟာဗျူဟာမှာ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ထို့ကြောင့်  ဥရောပတို့ မြေက ယူကရိန်းပဋိပက္ခကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ပါဝင် ပတ်သက်နေရသည့် ဆွေးနွေးပွဲမျိုးကို အလက်စကာမှာ ပြုလုပ်ခြင်းသည် သင့်လျော်ပါသည်။ ထို့အပြင် ယခု တွေ့ဆုံပွဲသည် ပူတင်အတွက် ပထမဆုံး အလက်စကာသို့ ရောက်ရှိသည့်  ရုရှားသမ္မတတစ်ဦးအဖြစ် မှတ်တမ်း ဝင်သွားမည်ဖြစ်ပါသည်။

အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးကြမှာလဲ

အမေရိကန်နှင့် ရုရှားနှစ်ဖက်လုံးကတော့ ယူကရိန်းအကျပ်အတည်းကို ရေရှည်တည်တံ့သည့် ပြေလည်မှု ရရှိရန် နည်းလမ်းတွေကို ဆွေးနွေးရန် ပြင်ဆင်နေကြကြောင်း ဆိုထားကြပါသည်။ ထရမ့်ကြားဝင်စေ့စပ်ပေးသည့် အဆိုပါပွဲမှာ ယူကရိန်း နယ်မြေအချို့ လဲလှယ်မှုတွေ ပါဝင်နိုင်ကြောင်း အိမ်ဖြူတော်က သောကြာနေ့ (ဩဂုတ် ၈) က ပြောကြားထားပါသည်။ ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ရန် နှစ်ဖက်စလုံးက အပေးအယူလုပ်ဖို့ လိုအပ်ပါသည်၊ အပစ်အခတ်ရပ်စဲရေးနှင့် နယ်မြေပြဿနာကို အဓိက ဖြေရှင်းရန် လိုအပ်ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို့ရူဘီယိုက ပြောကြားထားပါသည်။ အဆိုပါ တွေ့ဆုံပွဲက ရုရှား-အမေရိကန် အကြား ဆက်ဆံရေး နီးကပ်လာလိမ့်မည်ဟု လေ့လာသူများက မှတ်ချက်ပြုထားကြပါသည်။ ရုရှား-အမေရိကန် စီးပွားရေးအကျိုးစီးပွားများက အလက်စကာနှင့် အာတိတ်တို့တွင် ပေါင်းစည်းသွားပြီး အပြန်အလှန် အကျိုးရှိသည့် စီမံကိန်းများ အကောင်အထည်ဖော်ရန် အလားအလာများပေါ်ပေါက်လာနိုင်ကြောင်း ဆိုထားကြပါသည်။ အလက် စကာနှင့်ကပ်လျက် အာတိတ်ဒေသမှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရွှေနှင့် အခြားသယံဇာတအရင်းအမြစ်များ ကြွယ်ဝ ပါသည်။ အာတိတ်သင်္ဘောလမ်းကြောင်းများလို မဟာဗျူဟာကျသည့် ပင်လယ်လမ်းသွယ်များ တည်ရှိရာ နေရာ ဆိုလည်း မှားမည်မဟုတ်ပါ။

ဩဂုတ် ၁၅ တွေ့ဆုံပွဲ ဇီလန်စကီး တက်မှာလား

ယခုအချိန်ထိတော့ ဇီလန်စကီးကို ဖိတ်ကြားထားခြင်း မရှိပါ။ ယူကရိန်းသမ္မတနှင့် ပူတင်တို့ တွေ့ဆုံရန် အခြေအနေ မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်က ၎င်း၏ ဘဲဥပုံရုံးခန်းတွင် သတင်းထောက်တွေကို ပြောကြားထား ပါသည်။ ပူတင်ကလည်း ယူကရိန်းသမ္မတနှင့် တွေ့ဆုံမည့်ကိစ္စကို ယေဘုယျအားဖြင့် ကန့်ကွက်ခြင်းမျိုး မရှိ သော်လည်း ယခုဆွေးနွေးပွဲအတွက် ထိုကဲ့သို့ အခြေအနေ မဖြစ်နိုင်သေးဟု မှတ်ချက်ပြုထားပါသည်။ 

ဥရောပ သဘောထား

ဥရောပနိုင်ငံတွေကလည်း ထရမ့်နှင့် ပူတင်တို့ တွေ့ဆုံမှု မလုပ်ခင်မှာ ကြိုတင်ပြီး ကြေညာချက် ပူးတွဲ ထုတ်ပြန် လာပါသည်။ အပစ်အခတ်ရပ်စဲရေး ကိုသာ သီးသန့်ဆွေးနွေးကြရန်၊ နိုင်ငံတကာ နယ်နိမိတ်ကို အင်အားသုံး လုယူ၍ မရသည့် မူဝါဒကို ဥရောပက စွဲကိုင်ထားကြောင်း ၊ ဥရောပ၏ လုံခြုံရေးအတွက် ပူတင်နှင့် စကားပြော ပေးရန် ပူးတွဲကြေညာချက် ထုတ်ပြန်ထားလိုက်ကြပါသည်။ 

ဇီလန်စကီး ဘယ်လိုတုံ့ပြန်ထားလဲ

ယူကရိန်းသမ္မတဇီလန်စကီးက ယူကရိန်း၏ ပူးပေါင်းပါဝင်မှုမရှိသည့် မည်သည့်ငြိမ်းချမ်းရေး သဘော တူညီချက် မျိုးကိုမျှ လက်မခံနိုင်ကြောင်း ပြောကြားထားပါသည်။ ယူကရိန်းနယ်မြေတွေကို မည်သည့်အခြေအနေတွင်မဆို လက်မလွှတ်နိုင်ကြောင်း စနေနေ့(ဩဂုတ် ၉)က ၎င်း၏ Telegram မှာ တင်ထားသည့် ဗီဒီယိုမိန့်ခွန်းမှာ အလေးအနက် ပြောကြားထားပါသည်။ “မိမိတို့ကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက်၊ ယူကရိန်းမပါဝင်သည့် ဆုံးဖြတ်ချက်တွေက ငြိမ်းချမ်းရေးကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက်တွေပဲ ဖြစ်လာမှာပါ။ အဆိုပါ ဆုံးဖြတ်ချက် တွေက အလုပ်လည်း ဖြစ်လာမှာ မဟုတ်ပါ” ဟု တုံ့ပြန်ပြောကြားထားပါသည်။ 

မည်သို့ပင်ဆိုစေကာမူ လာမည့် အလက်စကာ တွေ့ဆုံပွဲကို တစ်ကမ္ဘာလုံးက အရမ်းစိတ်ဝင်စားနေကြမည်မှာကား အသေအချာပင်ဖြစ်ပါတော့သည်။

ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၃

ကျရှုံးတာတွေ များလွန်းပြီ
-

ဒီဓာတ်ပုံထဲက အဆောက်အအုံကြီးလိုပဲ သူတို့ရဲ့ခေါင်းထဲမှာ အမှောင်ဖုံးနေတယ်။ ဉာဏ်ရည်ဉာဏ်သွေးဆိုတာလည်း သိပ်မရှိလှဘူး။ သူတို့ရဲ့ မအောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု ပေါ်လွင်လာလေလေ၊ သူတို့ဟာ ပိုပြီးတော့ အရေးမပါတဲ့သူတွေ ဖြစ်လာလေလေပဲ။ ဉာဏ်ရှိရှိ စဉ်းစားတွေးခေါ် တတ်တာမျိုးမဟုတ်တဲ့အတွက်ကြောင့်ဘဲ သူတို့ဟာ အမြဲတမ်းကျရှုံးနေရတာ။ ကြာတော့လည်း ကျရှုံးတာတွေနဲ့ပဲ ထုံပေပေဖြစ်နေကြပြီထင်ပါရဲ့။ ကိုယ့်အမှားကိုလည်း ကိုယ်ကိုယ်တိုင်လက်မခံဘဲ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာ‌လေးထဲမှာပဲ နေနေကြတော့တာပေါ့။

နယူးယောက်မှာရှိတဲ့ ဆင်စွယ်နန်းတော်ကြီးရဲ့ထိပ်ဆုံးမှာ ထိုင်နေကြတဲ့ ထွေချုပ်ကြီးနဲ့ သံတမန်ကြီးတို့ကိုလည်းကြည့်ပါဦး။ ရှိရှိသမျှ ရှုပ်ထွေးပွေလီမှုပေါင်းစုံနဲ့ ဆီးရီးယားအရေးကိစ္စဟာ သူတို့ရဲ့ နောက်ဆုံးပေါ်ကျရှုံးခန်းပါပဲ။ ဆီးရီးယားအတွက် သံတမန်တွေလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ခဲ့ကြပြီးပြီ။ ဒါပေမယ့် သူတို့တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတဲ့လူတွေက ဆီးရီး ယားကို ပိုပြီးနက်သထက်နက်တဲ့ ချောက်ထဲကိုပဲ ဆွဲချသွားခဲ့ကြတယ်။

မြန်မာနိုင်ငံအတွက် စေလွှတ်ခဲ့တဲ့ သံတမန်တွေ ဘယ်လောက်တောင်များနေပြီလဲ။ သူတို့ အားလုံး ပေါင်းပြီး တစ်ခုတည်းသော အောင်မြင်မှုဆိုတာကို များ ပြနိုင်လို့လား။

သူတို့ကို လစ်ဗျား၊ ဟေတီ၊ ဆူဒန်၊ ကွန်ဂို၊ ဆိုမာလီယာစတဲ့ နိုင်ငံတွေရဲ့ အရေးတွေနဲ့ပတ်သက်ပြီး ပြန်ပြီးသတိပေးနှိုးဆော်ကြဦးမှ။ စာရင်းက တော်တော်ရှည်နေပြီလေ။ လက်တွေ့မှာတော့ ပဋိပက္ခတွေရပ်သွားတာ ဒါမှမဟုတ် ဖြေရှင်းစရာနည်းလမ်းတွေပေါ်လာတာက ‘‘အန်ကယ်ကြီးတွေ’’ အဆုံးအဖြတ်ပေးလိုက်မှသာ ဖြစ်လာနိုင်တာ။ ဂျီနီဗာနဲ့ နယူးယောက်က ဆင်စွယ်နန်းတော်ကြီးတွေရဲ့ စားပွဲကြီးတွေနောက်မှာထိုင်ရင်း လစာကောင်း‌ကောင်း‌၊ အခွင့်အ‌ရေးများများ ရယူခံစားပြီး သာယာယစ်မူးနေတဲ့ ဒီလူတွေရဲ့ စွမ်း‌ဆောင်ချက်ကြောင့်တော့ လုံးဝမဟုတ်ပါဘူး။

ကျိုးကြောင်းဆီလျော်ပြီး လက်တွေ့ကျတဲ့ စဉ်းစားပုံမျိုး သူတို့မှာ လုံးဝမရှိပါဘူး။ အကောင်းဆုံးဥပမာကတော့ စက်တင်ဘာလကုန် နယူးယောက်မှာလုပ်မယ့် တစ်ရက်တာ အချိန်ကုန်ငွေဖြုန်း ဆွေးနွေးပွဲပေါ့။ အဲဒီရက်ဆို နိုင်ငံတကာ နိုင်ငံရေးနယ်ပယ်က ထိပ်တန်းပုဂ္ဂိုလ်ဘယ်သူမှရှိ‌တော့မှာ မဟုတ်ဘူး။ အရေးကြီးတဲ့သူတွေအားလုံးက တစ်ပတ်စောပြီး ရောက်နှင့်ပြီးသားဖြစ်နေမှာ။ အရေးကြီးတဲ့ ထိပ်သီးပုဂ္ဂိုလ်တွေ ရောက်နေတုန်း အစည်းအဝေးလုပ်ဖို့ကိစ္စကို သံတမန်ကြီးကတောင် အကောင်အထည်မဖော်နိုင်ဘူးဆိုတော့ တကယ်တမ်းစိတ်ဝင်စားမှုမရှိကြဘူးဆိုတာ ရှင်းနေပြီမဟုတ်လား။ အကျိုးမရှိဘဲ အချိန်ဖြုန်းတာဖြစ်ပေမယ့် ဒီလိုပွဲမျိုးက သံတမန်ကြီးနဲ့ တခြား ‘‘ဒေါင်းယောင်ဆောင်တဲ့ကျီးတွေ’’ အတွက် နယူးယောက်ကို စရိတ်ငြိမ်းအပန်းဖြေခရီးလေး ထွက်ခွင့်ရတာပေါ့။

ဒီညီလာခံကို ‘‘အရပ်ဘက်လူ့အဖွဲ့အစည်း’’ လို့ခေါ်တဲ့ အဖွဲ့တွေရဲ့ လက်ထဲမှာရှိတယ်လို့ဆိုတယ်။ အဲဒီလူတွေက ဘယ်သူတွေလဲ။ အဲဒီလူတွေကို ဘယ်လိုနည်းနဲ့ ရွေးချယ်ထားတာလဲ။ နောက်လာတဲ့မောင်ပုလဲ၊ ဒိုင်းဝန်ထက်ကဲတွေ။ ဒီအဖွဲ့တွေက ဒီလိုရှုပ်ထွေးတဲ့ပြဿနာတွေကို ဖြေရှင်းပေးမယ်ဆိုရင်တော့ … အားလုံးကံကောင်းပါစေလို့ပဲ ပြောရတော့မှာပဲ။ ထပ်ပြောပါဦးမယ်၊ ဒါတွေအားလုံးက ဘာမှအရေးမကြီးဘူး။ နယူးယောက်ကို စမတ်ကျကျ စရိတ်ငြိမ်းအလည်သွားဖို့က အဓိကပဲလေ။

ကျရှုံးမှုတွေနဲ့ ပြည့်နေတဲ့ ကိုးနှစ်တာကာလထဲက နမူနာပြစရာကောင်းတဲ့ ကျရှုံးမှုတစ်ခုကို ပြန်ဆွဲထုတ်ကြည့်ကြရအောင်။ ၂၀၁၇ ခုနှစ်က ရာထူးစရတဲ့ ပထမဆုံးရက်သတ္တပတ်အနည်းငယ် အတွင်းမှာပဲ ထွေချုပ်ကြီးဟာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ ဆိုက်ပရပ်စ်ပဋိပက္ခကို ဖြေရှင်းဖို့ အားကုန်ညှစ်ထုတ်လုပ်ခဲ့တယ်။ အဲဒါက စုတ်ပြတ်နေအောင်အရေးနိမ့်ခဲ့ရတယ်။ အခုရာထူးသက်တမ်း ကိုးနှစ်မြောက်မှာထပ်ပြီး ကြိုးစားတဲ့အခါ…ထပ်ပြီး ရှုံးနိမ့်ပြန်ပါရော။

သူတို့ဟာ ပြဿနာတစ်ခုလေးတောင် ဖြေရှင်းနိုင်စွမ်းမရှိကြဘူး။ သူတို့ကျွမ်းကျင်တာက အဓိပ္ပာယ်မရှိတဲ့၊ ဝေ့လည်ကြောင်ပတ်နိုင်တဲ့၊ ကိန်းကြီးခမ်းကြီးနိုင်တဲ့ ကြေညာချက်တွေ ထုတ်ပြန် ဖို့ပဲ။

နိုင်ငံရေးမှာ ‘စကားလုံးအသုပ်စုံ’ (word salad) ဆိုတဲ့ဝေါဟာရရှိတယ်။ (နက်နဲပုံပေါက်ပေမဲ့ တကယ်တမ်း အဓိပ္ပာယ်မရှိတဲ့၊ နားမလည်နိုင်တဲ့ စကားလုံးတွေ ရောထွေးနေတာကို ပြောတာပါ။)

မကြာသေးခင် လအနည်းငယ်အတွင်းက သူတို့အပေါ် သြဇာညောင်းတဲ့ အန်ကယ်ကြီးက သူတို့ဘာတစ်ခုမှမဖြေရှင်းနိုင်ဘူးလို့ ပြောခဲ့တယ်။ တာဝန်ခံမှုဆိုတာလည်း သူတို့မှာ သိပ်မရှိဘူး။ ဟေတီမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရားလုပ်ခဲ့တဲ့ကိစ္စကြောင့် ခံစားခဲ့ရတဲ့ နာကျင်မှုတွေအတွက် စီမံခန့်ခွဲသူတွေထဲက ဘယ်သူမှ ပြန်လည်ပေးဆပ်ရတာမရှိဘူး။ ဒါရိုးရိုး လိင်စော်ကားမှုမျိုးမဟုတ်ဘူးနော်။ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှု။ အဲဒါကိုတောင် တစ်ကောင်တစ်မြီးမှ အလုပ်ထုတ်မခံရဘူး။ ဒင်းတို့တစ်တွေ ငရဲဘုံကို တန်းတန်းမတ်မတ်ဆင်းပါစေ။ ဒါကြောင့် အန်ကယ်ကြီးက ဒီနေရာကို အလဟဿဖြုန်းတီးတဲ့နေရာကြီးတစ်ခုလို့ ထင်တာလည်း အံ့ဩစရာမဟုတ်တော့ပါဘူး။

ဒါ့အပြင် ရာထူးသက်တမ်း ကိုးနှစ်မြောက်မှာ ခေါင်းဆောင်ကြီးက အတော်ကို သနားကြင်နာ စိတ်တွေယိုဖိတ်ပြီး ကော့စ်ဘဇားကို လည်လည်သွားခဲ့တာကိုလည်း သတိရကြဦးစို့။ အားကိုးရာမဲ့၊ ကံမကောင်းရှာတဲ့ ကလေးတွေနဲ့အတူ ရိုက်ထား တဲ့ ဓာတ်ပုံလေးတွေကလည်း လှမှလှပေါ့။

ဒီနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေလုပ်ဖို့ စီစဉ်ထားတယ်။ အဲဒီ ဆင်စွယ် နန်းတော်ကြီးထဲမှာ ရွေးကောက်ပွဲအကူအညီပေးရေးဌာန (Electoral Assistant Division) ဆိုတာ ရှိတယ်တဲ့။ နား - စမ်း - ပါ။ အဲဒီငတိတွေက ဗျူရိုကရက်ထဲမှာတောင် အပေါစား အဆင့်နိမ့်တွေ။ သူတို့ကို ဘယ်နားမှ ကပ်မလာစေနဲ့။ သံတမန်ကြီးက ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဝင်နှောင့်ယှက်မယ်ဆိုရင် ချက်ချင်းခပ်ပြင်းပြင်း ပြန်ထိုးနှက်ပစ်ရမယ်။ သူတို့ရဲ့သုံးစားမရမှုတွေကိုလည်း အမြဲထောက်ပြနေရမယ်။ မြန်မာနိုင်ငံမှာ ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်တန်းတန်းဆက်သွားဖို့ မိတ်ဆွေတွေနဲ့ နိုင်ငံရေးအင်အားတွေ အလုံအလောက်ရှိပြီးသား။ ဒီလူတွေကဝင်လာပြီး ‘‘အားလုံးပါဝင်ရေး’’၊ ‘‘အဓိကပါဝင်ပတ်သက်သူအားလုံး’’ ဘာညာအာပေါင်အာရင်းသန်သန်နဲ့ ရှုပ်ထွေးအောင် ပဲမွှေကြမှာ။ စာရင်းပြည့်အောင် ကျား-မကိစ္စတွေတောင် ထည့်ပြောဦးမှာ။ တကယ်‌တော့ သူတို့က ရှိသမျှအမှိုက်တွေချည်းပဲ သယ်လာမယ့်သူတွေပါဗျာ။

(ဤဆောင်းပါးပါ အမြင်များနှင့် ထင်မြင်ချက်များသည် စာရေးသူ၏ အမြင်များနှင့် ထင်မြင်ချက်များသာဖြစ်သည်။)

(၂၇ - ၇ -၂၀၂၅ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာပါ Kyaw Myint Htoon (Paris) ၏ Failures ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

ဂျပန်နိုင်ငံ အထက်လွှတ်တော်ရွေးကောက်ပွဲ
-

ဂျပန်နိုင်ငံရဲ့ အထက်လွှတ်တော် (The Upper House) ရွေးကောက်ပွဲတွေကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အထက်လွှတ်တော်မှာ ကိုယ်စားလှယ် ဦးရေ ၂၄၈ ဦးရှိပြီး သက်တမ်းက ခြောက်နှစ်ဖြစ်ပါ တယ်။ အဲဒီ ကိုယ်စားလှယ်ဦးရေ ၂၄၈ ဦးထဲကနေ တစ်ဝက်ဖြစ်တဲ့ ၁၂၄ ဦးဟာ သုံးနှစ်တစ်ကြိမ် ရွေးကောက်ပွဲဝင်ကြရတာဖြစ်ပါတယ်။ အခုရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်တစ်ခုအပါအဝင် နေရာ ၂၄၅ နေရာအတွက် ကိုယ်စားလှယ်ပေါင်း ၅၂၂ ဦး ပါဝင်ယှဉ်ပြိုင်သွားကြဖို့ရှိပြီး ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးဟောပြောမှုတွေကို ဇူလိုင်လ ၃ ရက်နေ့က စတင်ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။

အခုရွေးကောက်ပွဲအချိန်မှာ ပြည်သူလူထုအကြား စိတ်ဝင်စားနေကြတဲ့ အဓိကအကြောင်း အရာတွေကတော့ နိုင်ငံတွင်းမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး ငွေကြေးဖောင်းပွနေတဲ့ ကိစ္စရပ်တွေ၊ ဆန်ဈေးနှုန်းကြီးမြင့်တဲ့ကိစ္စရပ်တွေဖြစ်ပါတယ်။ အဲဒီကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ) နဲ့ မဟာမိတ်ကိုမေးတိုးပါတီတို့က ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားကြမယ်ဆိုတာ ဟောပြောမဲဆွယ်ကြမယ့်အပေါ် ပြည်သူလူထုက စိတ်ဝင်စားနေကြပါတယ်။

 ဇူလိုင်လ ၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အထက်လွှတ်တော်ရွေးကောက်ပွဲမှာ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ) နဲ့ မဟာမိတ်ကိုမေးတိုးပါတီတို့အနေနဲ့ ဘယ်လောက်စွမ်းဆောင်ရည်ရှိမလဲဆိုတဲ့ ထွက်ပေါ်လာမယ့် ရလဒ်တွေအပေါ်မူတည်ပြီး ဝန်ကြီးချုပ်ရှီဂဲရုအီရှီဘနဲ့ အယ်လ်ဒီပီပါတီတို့မှာအပြင် ဂျပန်နိုင်ငံရေးမှာလည်း အလှည့်အပြောင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ရွေးကောက်ပွဲမတိုင်မီ နောက်ခံအခြေအနေ

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ အယ်လ်ဒီပီပါတီရဲ့ ဥက္ကဋ္ဌ ရှီဂဲရုအီရှီဘဟာ အောက်လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီး အောက်လွှတ်တော်ရွေးကောက်ပွဲတွေကို အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာမှာ အာဏာရအယ်လ်ဒီပီပါတီနဲ့ မဟာမိတ်ကိုမေးတိုးပါတီတို့ဟာ ကိုယ်စားလှယ်အများစု နေရာမရရှိခဲ့တဲ့အတွက် နိုင်ငံရေးအရ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ကို အတည်ပြုနိုင်ဖို့အပါအဝင် ဥပဒေပြဋ္ဌာန်းနိုင်ဖို့အတွက် အယ်လ်ဒီပီပါတီဟာ အတိုက်အခံနိုင်ငံရေးပါတီတွေနဲ့ အကြိတ်အနယ်ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ရပြီး အတိုက်အခံနိုင်ငံရေးပါတီတွေရဲ့ တောင်းဆိုမှုအချို့ကို လိုက်လျောသဘောတူညီခဲ့ရတာတွေ ရှိပါတယ်။ ဒီလိုအလျှော့ပေးခဲ့ရာမှာလည်း ဝန်ကြီးချုပ်ရှီဂဲရုအီရှီဘဟာ အယ်လ်ဒီပီပါတီဝင်တွေကို အသိပေးညှိနှိုင်းမှုမလုပ်ခဲ့တာတွေ ရှိခဲ့တဲ့အပေါ် ပါတီတွင်း မကျေနပ်မှုတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် အခုလာမယ့်အထက်လွှတ်တော်ရွေးကောက်ပွဲဟာ အယ်လ်ဒီပီပါတီအတွက် အချိန်ကောင်းတစ်ခုမဟုတ်ဘူးလို့လည်း ပြောနိုင်ပါတယ်။ ဒါကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျပန်နိုင်ငံက သွင်းကုန်တွေအပေါ် တန်ပြန်အကောက်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမယ့်အပေါ် နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေ လုံးဝမရရှိသေးတဲ့ အခြေအနေမှာရှိနေခြင်းပဲဖြစ်ပါ တယ်။

ဂျပန်ကနေ အမေရိကန်ကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ မော်တော်ကားကဏ္ဍမှာဖြစ်တဲ့အတွက် ဆွေးနွေးပွဲတွေမှာ သဘောတူညီချက်မရရှိခဲ့ဘူးဆိုရင် ဂျပန်နိုင်ငံရဲ့ စီးပွားရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေရှိလာမှာဖြစ်ပါတယ်။ အခုလက်ရှိမှာ နှစ်ဖက်ကိုယ်စားလှယ်တွေ အပြန်အလှန်ခရီးစဉ်တွေ သွားရောက်ပြီး ဆွေးနွေးနေကြတဲ့အပေါ် စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ၏ အရေးပါမှု

အထက်မှာဖော်ပြခဲ့တဲ့ အကျပ်အတည်း အခက်အခဲတွေကြောင့် အခုပြုလုပ်မယ့်အထက် လွှတ်တော်ရွေးကောက်ပွဲဟာ အယ်လ်ဒီပီပါတီအပေါ် ပြည်သူလူထုထောက်ခံမှု ဘယ်လောက်ရှိနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြသသွားနိုင်မှာဖြစ်ပါတယ်။ အကယ်၍များ အယ်လ်ဒီပီပါတီဟာ အထက်လွှတ်တော်မှာလည်း အများစုပြန်လည်အနိုင်မရရှိခဲ့ဘူးဆိုရင် လွှတ်တော်တွင်းမှာ ဥပဒေပြုရေးကိစ္စတွေဟာ ပိုမိုခက်ခဲလာပြီးအချိန် ပိုမိုယူလာရဖို့ရှိလာမှာ ဖြစ်ပါတယ်။ ဒီလိုခက်ခဲလာမယ့် အခြေအနေမျိုးမှာ အယ်လ်ဒီပီပါတီဟာ ရေရှည်ဆက်လက်တောင့်ခံနိုင်မလား ဆိုတာဟာလည်း စောင့်ကြည့်ကြရမယ့်ကိစ္စ ဖြစ်လာပါလိမ့်မယ်။

အဲဒီအခြေအနေမှာ အယ်လ်ဒီပီပါတီဟာ သဘောထားချင်းနီးစပ်မယ်လို့ယူဆရတဲ့ အတိုက်အခံနိုင်ငံရေးပါတီအချို့နဲ့ ညှိနှိုင်းမိတ်ဖွဲ့လာရဖို့ရှိပါမယ်။ ဒါ့အပြင် ဥပဒေတစ်ခုချင်းအလိုက် လိုအပ်လာချိန်မှာ အဓိကအတိုက်အခံ နိုင်ငံရေးပါတီကြီးတွေရဲ့ ထောက်ခံမှုကိုတောင် ရရှိနိုင်ဖို့လည်း ကြိုးပမ်းလာရမှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဥပဒေပြဋ္ဌာန်းမှုကိစ္စတွေဟာ အောက်လွှတ်တော်မှာရော၊ အထက်လွှတ်တော်မှာပါ အများစုထောက်ခံမှုကို ရရှိဖို့လိုအပ်တာဖြစ်ပါတယ်။ အယ်လ်ဒီပီပါတီအနေနဲ့ လွှတ်တော်မှာ အမတ်နေရာအများစု မရှိသော်လည်းဘဲ ဥပဒေပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေအများကြီးရှိပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ အောက်လွှတ်တော်ရွေးကောက်ပွဲမှာ နိုင်ငံရေးရန်ပုံငွေအလွဲသုံးမှု ပြဿနာတွေကြောင့် ပြည်သူလူထုရဲ့ ဝေဖန်မှုတွေကို ခံနေရတဲ့ အယ်လ်ဒီပီပါတီဟာ အများစုနေရာကို ဆုံးရှုံးခဲ့ရပါတယ်။ အကျိုးဆက်အနေနဲ့ အယ်လ်ဒီပီပါတီနဲ့ မဟာမိတ်ကိုမေးတိုးပါတီတို့ဟာ Nippon Ishin no Kai လို့ခေါ်တဲ့ အတိုက်အခံ Japan Innovation Party နဲ့ တစ်စိတ်တစ်ပိုင်း မဟာမိတ်ဖွဲ့စည်းပြီး ဘတ်ဂျက်ကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

အကယ်၍များ အထက်လွှတ်တော်မှာ အယ်လ်ဒီပီပါတီဟာ အများစုနေရာကို ထပ်မံလက်လွှတ်ဆုံးရှုံးခဲ့ရမယ်ဆိုရင်တောင် အစိုးရဖွဲ့စည်းပြီး တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်သွား နိုင်မယ့်အလားအလာတွေ ရှိနေပါတယ်။ သို့ပေမယ့် အခက်အခဲတွေ၊ ရှုပ်ထွေးမှုတွေတော့ အများကြီးရှိလာမှာပါ။ သေချာတာတစ်ခုကတော့ ဝန်ကြီးချုပ် ရှီဂဲရုအီရှီဘဟာ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ အောက်လွှတ်တော်မှာရော၊ အထက်လွှတ်တော်မှာပါ အများစုနေရာဆုံးရှုံးခဲ့ရတဲ့အတွက် အယ်လ်ဒီပီပါတီဥက္ကဋ္ဌအဖြစ်ကရော၊ ဝန်ကြီးချုပ်ရာထူးကပါ ဖယ်ပေးရဖို့ရှိနေပြီး ဝန်ကြီးချုပ်အသစ်တစ်ဦး ပေါ်ထွက်လာဖို့ရှိမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အဓိကအာရုံစိုက်ခံနေရတဲ့ကိစ္စရပ်များ

အခုလုပ်မယ့် အထက်လွှတ်တော်ရွေးကောက် ပွဲမတိုင်မီဂျပန်ပြည်သူလူထု စိတ်အပူပင်အဖြစ်ရဆုံး ကိစ္စရပ်ကတော့ နိုင်ငံတွင်းမှာ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာနေတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အဓိကစားသုံးသူ ဈေးနှုန်းအညွှန်းကိန်းတွေဟာ မေလအတွင်းမှာ ပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်ရင် ၃ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့တာဖြစ်သလို ခြောက်လဆက်တိုက် သုံးရာခိုင်နှုန်းအထက်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။ ဂျပန်ပြည်သူတွေအတွက် အဓိကအစားအစာဖြစ်တဲ့ ဆန်ဈေးနှုန်းတွေဟာလည်း ပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်ရင် နှစ်ဆနီးပါးမြင့်တက်လာခဲ့ပါတယ်။

၂၀၂၅ ခုနှစ် မေလမှာ စိုက်ပျိုးရေးဝန်ကြီး ဖြစ်လာခဲ့တဲ့ Junichiro Koizumi ဟာ သိုလှောင်ထားတဲ့ အရန်ဆန်တွေကို ဈေးကွက်ထဲကို အများအပြားထုတ်ရောင်းခဲ့ပြီး ဆန်ဈေးနှုန်းတွေ ကျဆင်းစေဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီလိုဆောင်ရွက်မှုတွေကြောင့် ဆန်ဈေးနှုန်းတွေဟာ ငါးပတ်ဆက်တိုက်ကျဆင်းလာခဲ့ပြီး ဇွန်လအတွင်းမှာ ငါးကီလိုဆန် အိတ်တစ်အိတ်ရဲ့ ဈေးနှုန်းဟာ ယန်း ၃၈၀၀ ခန့်အထိ ကျဆင်းလာခဲ့ပါတယ်။ ဒါ့အပြင် အယ်လ်ဒီပီပါတီဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကို ကာမိနိုင်စေဖို့ လူတစ်ဦးချင်းစီတိုင်းကို ငွေသား ယန်း ၂၀၀၀၀ ထုတ်ပေးသွားမယ်လို့လည်း ကတိပြုထားပါတယ်။

အတိုက်အခံ Constitutional Democratic Party ပါတီကလည်း အလားတူငွေသားထုတ်ပေးသွားဖို့ ကတိပြုထားသလိုနိုင်ငံရဲ့ ဆန်ဈေးကွက်မူဝါဒကိုလည်း ပြန်လည်လေ့လာသွားမယ်လို့ ပြောကြားထားပါတယ်။ ဒါတင်မက အစားအသောက်တွေအပေါ်မှာ ကောက်ခံနေတဲ့ စားသုံးခွန်ကိုလည်း ပယ်ဖျက်ပေးသွားမှာဖြစ်သလို ဓာတ်ဆီ၊ ဒီဇယ်ဆီတွေအပေါ်မှာ ကောက်ခံနေတဲ့ အခွန်တွေကိုလည်း လျှော့ချပေးသွားမယ်လို့ ပြောကြားထားပါတယ်။

ဝန်ကြီးချုပ် ရှီဂဲရုအီရှီဘကတော့ နိုင်ငံရဲ့စီးပွားရေးပြန်လည်အားကောင်းလာစေရေးဟာ သူ့အဓိက အလေးပေးဆောင်ရွက်သွားမယ့်ကိစ္စလို့ ပြောကြားထားပေမယ့် စားသုံးခွန်တွေ ပယ်ဖျက်ပေးရေးကိုတော့ လုံးဝငြင်းဆိုထားပါတယ်။ သူကတော့ လူတစ်ဦးချင်းစီတိုင်းကို ငွေသားထောက်ပံ့ပေးသွားရေးဟာ ပိုမိုထိရောက်ပြီး အချိန်တိုအတွင်းမှာ ဆောင်ရွက်ပေးသွားနိုင်တဲ့ကိစ္စဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ရွေးကောက်ပွဲနှင့် အဓိကနိုင်ငံရေးပါတီများ

အထက်လွှတ်တော်အမတ်တစ်ဦးရဲ့ သက်တမ်းဟာ ခြောက်နှစ်ဖြစ်ပါတယ်။ အောက်လွှတ်တော်ကိုတော့ ဝန်ကြီးချုပ်ဟာ အချိန်မရွေးဖျက်သိမ်းနိုင်ပေမယ့် အထက်လွှတ်တော်ကိုတော့ ဖျက်သိမ်းနိုင်ခြင်း မရှိပါဘူး။ အမတ်ဦးရေ ၂၄၈ ဦးရဲ့ ထက်ဝက်ဖြစ်တဲ့ ၁၂၄ ဦးအတွက် သုံးနှစ်တစ်ကြိမ်ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်ပါတယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာ လစ်လပ်ကိုယ်စားလှယ်တစ်ဦးရှိတဲ့အတွက် စုစုပေါင်း ၁၂၅ နေရာအတွက် ရွေးချယ်သွားဖို့ရှိနေပါတယ်။ အဲဒီအထဲကမှ ၇၅ ဦးကို မဲဆန္ဒနယ်တွေကနေ ရွေးချယ်သွားဖို့ရှိပြီး ကျန် ၅၀ ကတော့ အချိုးကျကိုယ်စားပြုစနစ်အရ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

အခုရွေးကောက်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့ (တနင်္ဂနွေနေ့) မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ (တနင်္လာနေ့) ဟာလည်း ဂျပန်နိုင်ငံရဲ့ တရားဝင်ရုံးပိတ်ရက်ဖြစ်တဲ့အတွက် ရုံးပိတ်ရက်သုံးရက်ဆက်တိုက်ဖြစ်နေတော့ ခရီးထွက်သူတွေများပြားပြီး မဲလာပေးသူဦးရေ (Voter turnout) နည်းပါးမှာကိုလည်း စိုးရိမ်မှုတွေရှိနေပါတယ်။ အစိုးရစာရင်းဇယားတွေအရ ၂၀၂၂ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ အထက်လွှတ်တော်ရွေးကောက်ပွဲမှာ မဲပေးသူဦးရေဟာ မဲပေးနိုင်သူ ဦးရေရဲ့ ၅၂ ဒသမ ၀၅ ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။

အာဏာရအယ်လ်ဒီပီပါတီနဲ့ မဟာမိတ်ကိုမေးတိုးပါတီတို့အနေနဲ့ ပြည်သူလူထုထောက်ခံမှုနှုန်း ကျဆင်းနေချိန်မှာ ပြုလုပ်တဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက် အာဏာရပါတီအတွက် စိတ်ပူပင်စရာဖြစ်ပါတယ်။ သို့သော်လည်း တစ်ဖက်မှာ အတိုက်အခံနိုင်ငံရေးပါတီတွေအကြား စုစည်းညီညွတ်စွာ လက်တွဲဆောင်နိုင်ခြင်းမရှိတဲ့အချက်က အာဏာရပါတီအတွက် အခွင့်အလမ်းကောင်းကို ဖြစ်စေပါတယ်။ အဓိကအတိုက်အခံပါတီကြီးတွေကတော့ ဝန်ကြီးချုပ်ဟောင်း Yoshihiko Noda ဦးဆောင်တဲ့ (Constitutional Democratic Party-CDP)၊ Democratic Party for the People (DPP)၊ Nippon Ishin (Japan Innovation Party) နဲ့ ဂျပန်ကွန်မြူနစ်ပါတီတို့ ဖြစ်ပါတယ်။ အာဏာရအယ်ဒီပီပါတီနဲ့ မဟာမိတ်ကိုမေးတိုးပါတီတို့အနေနဲ့ ယခုရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းအတွက် အကျုံးမဝင်ဘဲဆက်လက်ရှိနေမယ့် အမတ်ဦးရေ က ၇၅ ဦးရှိတဲ့အတွက် ဇူလိုင်လ ၂၀ ရက်နေ့ ရွေးကောက်ပွဲမှာ အမတ်ဦးရေ ၅၀ အနိုင်ရရှိခဲ့မယ်ဆိုရင် သူတို့ဟာ အထက်လွှတ်တော်မှာ အများစုနေရာကို ဆက်လက်ကိုင်စွဲထားနိုင်မှာ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ဂျပန်နိုင်ငံ အထက်လွှတ်တော်ရွေးကောက်ပွဲ

MOI

တက္ကသိုလ် မောင်ရူပ

ဂါဇာရှိ လူသားချင်းစာနာမှုဆိုင်ရာ မြို့တည်ဆောက်ခြင်းသည် “အကျဉ်းထောင်”  ဖြစ်လာလိမ့်မည် ဟု အစ္စရေး ခေါင်းဆောင်ဟောင်း က ပြောကြား
-

အစ္စရေးဝန်ကြီးချုပ်ဟောင်း Ehud Olmert က ဂါဇာတွင် “လူသားချင်း စာနာမှုဆိုင်ရာ မြို့” တည်ဆောက်မည့် အစီအစဉ်သည် ထောင်ပေါင်း များစွာသော ပါလက်စတိုင်းများကို ထိန်းသိမ်း ထားမည့် “အကျဉ်းထောင်” ဖြစ်လာလိမ့်မည်ဟု သတိပေး ပြောကြားလိုက်ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့ CNN သတင်းတွင် ဖော်ပြပါသည်။

ယခင် ရက်သတ္တပတ်အတွင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Katz က  ဂါဇာကမ်းမြောင်ဒေသတွင် နေထိုင်ကြသည့် လူအားလုံးအတွက် ဇုံတစ်ခုတည်ဆောက်ရန် ကြိုတင်ပြင်ဆင်ထားရန် စစ်တပ်ကို ပြောကြားခဲ့ပါသည်။ ယင်းအစီအစဉ် တည်ဆောက်မည့်နေရာသည် ဂါဇာကမ်းမြောင်ဒေသ တောင်ဖက် ပိုင်း ရာဖာမြို့၏(Rafah) အပျက်အစီးများအပေါ်တွင် ဖြစ်နိုင်ပြီး၊ ပါလက်စတိုင်းများ  အဆိုပါ ဇုံအတွင်း သို့ဝင်သည်နှင့် တစ်ပြိုင်နက် ပြန်ထွက်ခွင့်မရှိနိုင်ပေ။ Katz က ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်း များ ရွှေ့ပြောင်းနေထိုင်ရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် ကတိပြုခဲ့သည်။

တနင်္ဂနွေနေ့  Olmert က The Guardian သတင်းဌာနသို့ ပြောကြားရာတွင် “ဒါဟာ အကျဉ်းထောင်ပဲ၊ မိမိ စိတ်မကောင်းပါဘူး” “အကယ်၍ ၎င်းတို့ (ပါလက်စတိုင်းများ) “လူသားချင်း စာနာမှု ဆိုင်ရာ မြို့” နေရာအသစ်သို့  ပြောင်းရွှေ့ခံရလျှင်  ဒါဟာ လူမျိုးတုန်းသတ်ဖြတ်မှု ဟု ပြောနိုင်ပါ သည်” ဟု ပြောကြား ခဲ့ပါသည်။ 

ဝန်ကြီးချုပ်ရုံးက Olmert ၏ ပြောကြားချက်ကို တုန့်ပြန်ရာတွင် “CNN သတင်းဌာနတွင် အစ္စရေး အား အရှက်ရစေသော ရာဇဝတ်မှု ကျူးလွန်သူ” အဖြစ် ပြောကြားခဲ့ပါသည်။  ထုတ်ပြန်ချက်တွင် ယင်းဌာနမှ “မိမိတို့ အရပ်သားများကို ဘေးလွတ်ရာ ပို့ပေးခြင်းသာဖြစ်ပါသည်၊ ဟားမက်တို့က ၎င်းတို့ကို ပိတ်ဆို့ထားသည်၊  ဒါဟာ စစ်ရာဇဝတ်မှုပဲ” ဟု ပြောပါသည်။   

Olmert သည် လာဘ်စားမှုဖြင့် ထောင် ၁၆ လ ကျခံခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ထောင်မှ လွတ်မြောက် လာခဲ့သူ ဖြစ်ပါသည်။

Olmert သည် ယခင်က ဂါဇာကမ်းမြောင်တွင် အစ္စရေးစစ်တပ်၏ အပြုအမူနှင့် နိုင်ငံ၏ နိုင်ငံရေး ခေါင်းဆောင်များကို ပြစ်တင်ဝေဖန်ခဲ့သည်။  မေလအတွင်းက မိမိအနေဖြင့် အစ္စရေးကို စစ်ရာဇဝတ်မှု ကျူးလွန်သည်ဆိုသည့် စွပ်စွဲချက်များအပေါ် တုန့်ပြန်သွားမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့ ပါသည်။  “စစ်ရာဇဝတ်မှု မဟုတ်ရင် ဘာဖြစ်မလဲ” ဟု  စကားလုံးအသုံးအနှုန်းနှင့်ပတ်သက်၍ CNN သတင်းဌာနနှင့်တွေ့ဆုံ မေးမြန်းခန်း၌ မေးခွန်းထုတ်ခဲ့ပါသည်။ ဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ယာဟု နှင့် ၎င်း၏ လက်ယာစွန်း အစိုးရအဖွဲ့သည် “မည်သည့်နည်းနှင့်မျှ အဓိပ္ပာယ် မဖော်ပြနိုင်သည့် အလုပ် တွေကို လုပ်နေကြကြောင်း” ပြောကြားခဲ့ပါသည်။

စစ်ပွဲစတင်ချိန်မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် လူပေါင်း ၅၈,၀၀၀ ကျော် သေကြေခဲ့ရသည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါသည်။

အစ္စရေးဝန်ကြီးချုပ်အဖြစ် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော Olmert ၏ နောက်ဆုံးပြောကြားချက်၌ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနိုင်ငံ၏ ရည်ရွယ်ပြုမူချက်များသည်   ဝေဖန်စရာများဖြစ်နေပြီး၊ အထူးသဖြင့် အစ္စရေးရှိ နာဇီအကျဉ်းစခန်းများနှင့်ပင် နှိုင်းယှဉ်ပါက  မည်သို့မျှ စဉ်းစား၍ မရကြောင်း ပြောကြားခဲ့ပါသည်။ သို့ရာတွင် Olmert က အဆိုပါ အစီအစဉ်နှင့် စပ်လျဉ်း၍ “မလွှဲမရှောင်သာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း”ဖြစ်ကြောင်း ပြောကြားပါသည်။

“၎င်းတို့ စခန်းတစ်ခု တည်ဆောက်ရင် ဂါဇာကမ်းမြောင်ဒေသ ထက်ဝက်ခန့်က “သန့်စင်” သွားလိမ့်မည်၊ထို့နောက် ၎င်းတို့ (ပါလက်စတိုင်း) အနေဖြင့် အဆိုပါမဟာဗျူဟာက ၎င်းတို့အတွက် မလုံခြုံဘူး ဆိုသည်ကို နားလည်ရမှာဖြစ်ပါသည်၊ ဒါဟာ ၎င်းတို့ကို အဝေးကိုနှင်ထုတ်လိုက်ခြင်းသာ ဖြစ်ပါသည်” ဟု Olmert က The Guardian သတင်းဌာနသို့ ပြောကြားပါသည်။

Katz ၏ “လူသားချင်းစာနာမှုဆိုင်ရာ မြို့” ဟု အမည်ပေးထားသည့် စီမံကိန်းသည် တနင်္ဂနွေနေ့ (ဇူလိုင် ၁၃) တွင် နေတန်ယာဟုနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုပါသည်။ သို့ရာတွင် အဆိုပါ ဇုံစီမံကိန်းတည်ဆောက်ရန်အတွက် လပေါင်း များစွာကြာမြင့်နိုင်ပြီး၊ ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျမည်ဖြစ်ကြောင်း အစ္စရေး သတင်းဌာန က ဖော်ပြထားသော်လည်း၊ နေတန်ယာဟုက အချိန်တိုတိုနှင့် ကုန်ကျစရိတ်နည်းနည်းဖြင့် တည်ဆောက်ရန် ပြောကြားခဲ့ကြောင်း နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ဆိုပါသည်။ 

အစ္စရေးအတိုက်အခံခေါင်းဆောင် Yair Lapid က အဆိုပါ စီမံကိန်းမှာ နာတန်ယာဟု၏ လက်ယာ စွန်း အစိုးရအပေါင်းအပါများကို   “၎င်း၏ မိတ်ဖက်များကို ကာကွယ်ရန်အတွက် အလွန်စိတ်ကူးယဉ် ဆန်သည့်ကိစ္စဖြစ်ကြောင်း” ရှုတ်ချပြောကြားခဲ့ပြီး၊ “စစ်ပွဲပြီးဆုံး၍ ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ကို ပြန်ခေါ်ရန်” လိုသည်ဟု လူမှုကွန်ယက်တွင် ရေးသားခဲ့ပါသည်။ 

အစ္စရေး လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ Michael Sfard က Katz ၏ အစီအစဉ်သည် ပြည်သူများကို အတင်းအကျပ်  ပြည်နှင်ဒဏ်ပေးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ နှစ်ဘက်စလုံးမှာ စစ်ရာဇဝတ်မှု ကျူးလွန်သူများဖြစ်ကြောင်း၊ “အကယ်၍ ထုနှင့်ထည်နှင့် အသိုက်အဝန်းများအားလုံးကို ထိုသို့ ဆောင်ရွက်ပါက လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်သည်” ဟုပြောကြားခဲ့ပြီးနောက် ဂါဇာကမ်းမြောင်ဒေသမှ မည်သည့်ထွက်ခွာမှုမျိုးကိုမဆို မိမိဆန္ဒအလျောက် ပြုလုပ်နိုင်သည်ဆိုသည့် အယူအဆကို ပယ်ချလိုက်ပါသည်။ 

ကိုးကား- CNN

CNNတွင် ဆောင်းပါးရှင် Eugenia Yosef နှင့် Oren Liebermann တို့ရေးသားသည့် “Former Israeli leader says planned ‘humanitarian city’ in Gaza would be a ‘concentration camp’ ကို ဦးခိုင်ထွဋ်လှ၊ နစက-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

Eugenia Yosef နှင့် Oren Liebermann

တရုတ်စစ်တပ်အတွင်း ဖြုတ်ထုတ်ရှင်းလင်းမှုများအကြားမှ ရှီကျင့်ဖျင်
-

ဇူလိုင် ၇

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လူထုရှေ့မှောက်သို့မထွက်သည်မှာ တစ်လနီးပါးရှိပြီ ဖြစ်ခြင်းကြောင့် ၎င်း၏ အာဏာဆုပ်ကိုင်ထားနိုင်မှုအပေါ် မေးခွန်းများဖြစ်ပေါ်လာစေခဲ့ပါသည်။ ဇွန်လ ၄ ရက်နေ့မှစ၍ တရားဝင်ဗီဒီယိုများတွင် ၎င်းအား နှစ်ကြိမ်သာတွေ့မြင်ခဲ့ရပြီး စစ်တပ်အတွင်း ဖြုတ်ထုတ် ရှင်းလင်းမှု များနှင့် စီးပွားရေးအခက်အခဲများကြုံနေရချိန်တွင် စိုးရိမ်မှုများကို မြင့်တက်လာနေပါသည်

ရှီကျင့်ဖျင်သည် ပြီးခဲ့သည့် ဆယ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် မကြာသေးမီကကျင်းပခဲ့သော BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိသည်ကို တွေ့မြင်ခဲ့ရပါသည်။ ၎င်းအစား ဝန်ကြီးချုပ် လီကျန်းကသာ တရုတ်နိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ရှီကျင့်ဖျင်သည် နိုင်ငံပိုင်မီဒီယာများတွင် မကြာခဏ တွေ့မြင်ရလေ့ရှိပြီး အဓိကသံတမန်ရေးရာအခမ်းအနားနှင့်ပွဲများကို လက်လွတ်လေ့မရှိသောကြောင့် ဤသို့ပျက်ကွက်ခြင်းသည် ပုံမှန်မဟုတ်သည့်အခြေအနေအဖြစ် သုံးသပ် ရပါသည်။

နိုင်ငံပိုင်မီဒီယာသည် ရှီကျင့်ဖျင်၏ မကြာသေးမီက ဗီဒီယိုနှစ်ခုကို ထုတ်ပြန်ခဲ့မှုရှိသော်လည်း တစ်ခုမှာ ဇွန်လ ၂၀ ရက်နေ့တွင် နယူးဇီလန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခြင်းဖြစ်ပြီး အခြား တစ်ခုမှာ ဇွန်လ ၂၄ ရက်နေ့ တွင် စင်ကာပူဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိုသို့မတွေ့ဆုံမီ ဇွန်လ ၄ ရက်နေ့က ဘယ်လာရုစ် သမ္မတနှင့် တွေ့ဆုံပြီးနောက်ပိုင်း ရှီကျင့်ဖျင်ကို လူမြင်ကွင်း၌ မြင်တွေ့ရခြင်းမရှိတော့ပါ။ 

တစ်ချိန်တည်းမှာပင် တရုတ်စစ်တပ်သည် အကြီးအကျယ်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိပြီး ထိပ်တန်း ဗိုလ်ချုပ်ကြီးအများအပြားသည် ရာထူးမှဖယ်ရှားခံရခြင်း သို့မဟုတ် ပျောက်ဆုံးနေခြင်း များဖြစ်ပေါ်လျက် ရှိပါသည်။ သတင်းများတွင်မူ ရှီကျင့်ဖျင်သည် အာဏာကိုပြန်လည်ထိန်းချုပ်ရန် ကြိုးစားနေခြင်း သို့မဟုတ် ၎င်း၏ဩဇာလွှမ်းမိုးမှု ကျဆင်းနေခြင်းဖြစ်နိုင်သည်ဟု ဆိုထားပါသည်။ ထို့အပြင် သမ္မတဟောင်း ဟူကျင်းတောင်နှင့် ဆက်နွှယ်မှုရှိသည့် ဗိုလ်ချုပ်ကြီး ကျန်းယိုရှားနှင့် ဝမ်ယန်ကဲ့သို့သော ပုဂ္ဂိုလ်များသည် တရုတ်ကွန်မြူနစ်ပါတီအတွင်း အာဏာပြန်လည်ရရှိလာပုံ ရပါသည်။

ရှီကျင့်ဖျင်၏ လူထုရှေ့မှောက်သို့ထွက်ပေါ်လာမှုနည်းပါးလာခြင်းနှင့်အတူ နိုင်ငံတကာ၏ စိုးရိမ်မှုကို ဖြစ်ပေါ် လာလျက်ရှိပြီး ပေကျင်းအစိုးရကမူ သမ္မတရှီကျင့်ဖျင်သည် “အချိန်ဇယား ညှိနှိုင်းမရမှုများကြောင့်” BRICS ထိပ်သီးအစည်းအဝေးကို မတက်ရောက်နိုင်ခဲ့ခြင်းဟု ဆိုသော်လည်း အများစုကမူ အဆိုပါ အကြောင်း ပြချက်ကို သံသယရှိနေကြပါသည်။

၎င်းအပြင် လေ့လာသူများက ရှီကျင့်ဖျင်၏ခေါင်းဆောင်မှုပုံရိပ်သည် အားနည်းလာနေသည် ဟု သုံးသပ် ထားကြပြီး ၂၀၁၃ ခုနှစ်တွင် အာဏာရလာပြီးနောက်ပိုင်း ရှီကျင့်ဖျင်သည် နိုင်ငံပိုင် မီဒီယာများတွင် အမြဲတစေအသားပေးဖော်ပြခံခဲ့ရသူဖြစ်ပါသည်။ သို့သော် ဇွန်လအတွင်း ၂၂ ရက် ကြာမျှ ၎င်းအမည်သည် People's Daily သတင်းစာ၏ ရှေ့မျက်နှာဖုံးတွင်ပါဝင်လာခြင်း မရှိသည့်အပြင် ပုံမှန်မြင်တွေ့နေကျ အခြေအနေမှ ရှားရှားပါးပါးကင်းကွာနေခြင်းလည်းဖြစ်ပါသည်။

ဤကာလအတွင်း ဝန်ကြီးချုပ် လီကျန်းနှင့် ဒုတိယဝန်ကြီးချုပ် ဟဲလီဖုန်းကဲ့သို့သော အခြား အဆင့် ခေါင်းဆောင်များကသာ အဓိကအစည်းအဝေးများကို တာဝန်ယူခဲ့ကြသည်ကို တွေ့ရှိရပါ သည်။ ရှီကျင့်ဖျင် ၏ ဘယ်လာရုစ်သမ္မတနှင့် တွေ့ဆုံမှုတွင်လည်း ၎င်းသည် ပင်ပန်းနွမ်းနယ်နေပုံရပြီး အာရုံစူးစိုက်နိုင်ပုံ မရသည့်အပြင် ပုံမှန်ထက်နည်းပါးသည့် လုံခြုံရေးအဖွဲ့ငယ်ဖြင့်သာ တွေ့မြင်ခဲ့ရပါသည်။ ထို့အပြင် ပုံမှန် မဟုတ်သော ဖြစ်ရပ်တစ်ခုအဖြစ် နိုင်ငံပိုင်ရုပ်မြင်သံကြားတစ်ခု၏ ထုတ်လွှင့်မှုတစ်ခုတွင် ရှီကျင့်ဖျင်၏ တရားဝင်ရာထူးများကို ခေတ္တချန်လှပ်ထားခဲ့သည့် ဖြစ်စဉ် တစ်ခုရှိခဲ့ပြီး ထုတ်လွှင့်မှုအတွင်း အဆိုပါ အမှားကို လျင်မြန်စွာပြန်လည်ပြင်ဆင်ခဲ့သော်လည်း သတိပြုမိခဲ့ကြပါသည်။ ဤကဲ့သို့ သေးငယ်သော်လည်း ပုံမှန်မဟုတ်သော အသေးစိတ်အချက်အလက်များသည် ကွန်မြူနစ်ပါတီအတွင်း တစ်စုံတစ်ရာ မှားယွင်း နေသည် ဟူသော ယူဆချက်ကို ပိုမိုအားကောင်းစေပါသည်။

၂၀၂၃ ခုနှစ်အစောပိုင်းမှစ၍ တရုတ်စစ်တပ်အတွင်း အဓိကပြောင်းလဲမှုများကို တွေ့မြင်ခဲ့ရ ပါသည်။ ဗိုလ်ချုပ်ကြီး ဟဲဝေတုန်း၊ ဗိုလ်ချုပ်ကြီး မြောင်ဟွာနှင့် ဗိုလ်ချုပ်ကြီး လင်ရှန်းယန် ကဲ့သို့သော အဆင့်မြင့် အရာရှိများကို ဖယ်ရှားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ဒုံးတပ်ဖွဲ့နှင့် အနောက်ပိုင်း စစ်ဒေသတို့တွင် လည်း ခေါင်းဆောင်အသစ်များ ခန့်အပ်ထားခဲ့ခြင်း ဖြစ်ပါသည်။

ရှီကျင့်ဖျင်၏မဟာမိတ်ဟောင်းတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး ကျန်းယိုရှားသည် ယခုအခါ စစ်တပ်အတွင်း အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်လာပုံရပါသည်။ သို့သော် ၎င်းသည် ဟူကျင်းတောင် အပါအဝင် ၎င်းနှင့် ဆက်နွှယ် နေသူများထံမှ ထောက်ခံမှုများရရှိနေပြီး အာဏာချိန်ခွင်လျှာပြောင်းလဲမှု တစ်ရပ်ကို အရိပ်အမြွက် ပြနေသည်ဟု ယူဆရပါသည်။

ရှီကျင့်ဖျင်၏ စစ်တပ်အပေါ်ချုပ်ကိုင်မှုသည် ၎င်း၏ခေါင်းဆောင်မှုနှင့်အုပ်ချုပ်ရေးအတွက် အဓိကကျခဲ့ပြီး ၎င်း၏သမ္မတသက်တမ်းအစောပိုင်းတွင် သစ္စာစောင့်သိမှုကိုသေချာစေရန် ဗိုလ်ချုပ်များစွာကို ဖြုတ်ထုတ် ရှင်းလင်းခဲ့မှုများ ဆောင်ရွက်ခဲ့ပါသည်။ ယခုလက်ရှိ “စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုများ” ဟု မရေရာသော စွပ်စွဲချက်များဖြင့် ရာထူးမှထုတ်ပယ်ခြင်းများသည် သမ္မတရှီ အနေဖြင့် ခြိမ်းခြောက်မှုများကို ဖယ်ရှားရန်ကြိုးစားနေဆဲ သို့မဟုတ် ထိန်းချုပ်မှုဆုံးရှုံးနေသည်ကို ဆိုလိုခြင်းဖြစ်နိုင်ပါသည်။

ဟူကျင်းတောင်၏ နိုင်ငံရေးမဟာမိတ်အုပ်စုသည် ဩဇာအာဏာပြန်လည်ရရှိလာနေသည့် လက္ခဏာများ တိုးပွားလာနေပါသည်။ ၂၀၂၂ ခုနှစ် ပါတီညီလာခံတွင် ဟူကျင်းတောင်ကို မျှော်လင့်မထားဘဲ အပြင်သို့ ခေါ်ထုတ်သွားခဲ့ခြင်းကို ရှီကျင့်ဖျင်က ၎င်း၏အသာစီးရမှုကို ပြသခြင်းဟု အများကယူဆခဲ့ကြပါသည်။ သို့သော် ဟူကျင်းတောင်၏ မဟာမိတ်များဖြစ်သော ဝမ်ယန် ကဲ့သို့သောသူများ ပြန်လည် ပေါ်ထွက် လာခြင်းသည် ဟူကျင်းတောင်အနေဖြင့် အာဏာပြန်လည် ရရှိလာမှုကို ညွှန်ပြနေပါသည်။

ဟူကျင်းတောင်၏အုပ်စုမှ ပြုပြင်ပြောင်းလဲရေးလိုလားသူခေါင်းဆောင်တစ်ဦးဖြစ်သည့် ဝမ်ယန်ကို အနာဂတ် ခေါင်းဆောင်တစ်ဦးအဖြစ် ပြုစုပျိုးထောင်ပေးနေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ဝမ်ယန်သည် ရှီကျင့်ဖျင်၏ တင်းကျပ်သောထိန်းချုပ်မှုနှင့်မတူဘဲ ပိုမိုပွင့်လင်းပြီး ဈေးကွက်ကိုဦးစားပေးသည့် ချဉ်းကပ်မှု ကို ထောက်ခံလိုလားသူဖြစ်ကြောင်း သိရပါသည်။

တရုတ်ပြည်တွင်းရေးပြဿနာများသည် ပိုမိုဆိုးရွားလာနေပုံရပြီး လူငယ်အလုပ်လက်မဲ့နှုန်းသည် ၁၅% ကျော်ရှိနေခြင်းနှင့်အတူ အိမ်ခြံမြေကဏ္ဍသည် ရုန်းကန်နေရကာ နိုင်ငံတော်ကြွေးမြီ ပမာဏသည် ဒေါ်လာ ထရီလီယံ ၅၀ ကျော်လွန်နေပြီဖြစ်ကြောင်း သိရပါသည်။ ဆန္ဒပြမှုများနှင့် မငြိမ်သက်မှုများ တိုးပွား လာနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်နှင့် တင်းမာမှု များကြောင့် ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရုပ်သိမ်းလာလျက်ရှိပါသည်။

အဆိုပါပြဿနာများသည် ရှီကျင့်ဖျင်ကို ၎င်း၏နိုင်ငံရေးဦးဆောင်မှုတွင်ပြောင်းလဲရန် တွန်းအား ဖြစ်လာ စေပြီး အချို့လေ့လာသုံးသပ်သူများက ရှီကျင့်ဖျင်၏ လူထုရှေ့မှောက်တွင် မြင်တွေ့ရမှု နည်းပါးခြင်းသည် ၎င်းအနေဖြင့် ပြည်တွင်းမှဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါသည်။ အခြားသူများကမူ သမ္မတရှီကျင့်ဖျင်အနေဖြင့် နောက်ကွယ်မှနေ၍ နိုင်ငံရေး ဦးဆောင်မှုအဖွဲ့ကို ဂရုတစိုက်ပြန်လည်ဖွဲ့စည်းနေသည်ဟု ယူဆကြပါသည်။

သို့သော် တရုတ်နိုင်ငံ၏ ပွင့်လင်းမြင်သာမှုမရှိသော နိုင်ငံရေးစနစ်တွင် ရှီကျင့်ဖျင်သည် အာဏာကို အပြည့်အဝချုပ်ကိုင်ထားဆဲလော သို့မဟုတ် ဘေးဖယ်ခံနေရသလောဆိုသည်ကို သိရှိနိုင်ရန် ခက်ခဲနေဆဲ ဖြစ်ပြီး ယခုအချိန်တွင် ၎င်း၏အချိန်ကြာမြင့်စွာပျောက်ကွယ်နေမှုနှင့် ဟူကျင်းတောင်၏မဟာမိတ်များ ရုတ်တရက်ပေါ်ထွက်လာမှုသည် တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်ပိုင်းတွင် အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်သည်ဟူသော ထင်ကြေးပေးမှုများကို အားကောင်းလာစေလျက်ရှိပါသည်။ 

ကိုးကား- India Today

ပေးပို့သူ- သတင်းနှင့်လုံခြုံရေးဆိုင်ရာဌာနကြီး

Source:https://www.indiatoday.in/world/story/brics-summit-2025-xi-jinping-absence-speculations-power-shift-chinese-president-military-purge-2751294-2025-07-07

Anand Singh

ကျင့်ဝတ်သိက္ခာ ဆွေးမြည့်နေသူတွေ
-

ဥစ္စာမကြွယ် ဂျင်ဂလယ်နိုင်ငံငယ်လေးများ မှတ်မှတ်သားသားရှိကြပါကုန်။

နယူးယောက် ဆင်စွယ်နန်းတော်ကြီးထိပ်မှာထိုင်နေတဲ့ ထွေချုပ်ကြီးဆိုသူဟာ အန်ကယ်ဆမ်ကြီးက ဘတ်ဂျက်ဖြတ်တာကြောင့် ပြုပြင်ပြောင်းလဲမှုတွေကို ကြီးကြီးမားမား (အားလုံးတံခါးပိတ်လက်သိပ်ထိုးဗျို့) လုပ်နေပါတယ်ဆိုရင်းနဲ့ သူ့လူတွေ(သောက်ဖော်သောက်ဖက် အပေါင်းအသင်းရိုးရင်းတွေ)ကို ရာထူးတိုးပေးနေတယ်ဆိုတာ လူတွေကြားမှာ ပေါ်တင်ကြီးပေါ်ပေါ်ထင်ထင်ဖြစ်လာနေပါပြီ။ ဒီရာထူးတိုးပေးတာတွေ အားလုံးကလည်း ရာထူးနေရာလစ်လပ်ကြောင်း တရားဝင်ကြေညာတာမျိုးမရှိဘဲ လုပ်နေတာပါ။ “ပွင့်လင်းမြင်သာမှု”၊ “ဒီမိုကရေစီလုပ်ထုံးလုပ်နည်း”ဆိုတာတွေကို တွင်တွင် ဟောပြောနေတဲ့သူတွေ သူတို့အကျိုးစီးပွားနဲ့ယှဉ်လာတော့ ဘာလုပ်ထုံးလုပ်နည်းမှမရှိတော့ပါဘူး။

ဒီရာထူးတိုးကိစ္စတွေအားလုံးကို အန်ကယ်ကြီးသတိပြုမိပါစေလို့ပဲ မျှော်လင့်ကြပါစို့ရဲ့။ ဒီရာထူးတိုး ဆိုတာတွေမှာ ငွေရေးကြေးရေးတွေ ပါဝင်နေတာလေ။ ဟိုနေရာ ၂၀ ရာခိုင်နှုန်းဖြတ်၊ ဒီနေရာ ၂၀ ရာခိုင်နှုန်း ဖြတ်လုပ်နေတယ်ဆိုပြီး ပြောနေချိန်မှာပဲ သူ့လူရင်းတွေကတော့စားလို့ဝါးလို့ပေါ့။ ဘာမှမပြောင်းလဲသေးဘူးဆိုတာကို အန်ကယ်ကြီးသတိထားမိပါစေလို့ ဆုတောင်းရမှာပါပဲ။ “ပြုပြင်ပြောင်းလဲရေး”ဆိုပြီး ပြောနေသမျှဟာတွေက ပုံပျက်ပန်းပျက်နိုင်တဲ့ ပြက်လုံးတွေသက်သက်ပါပဲ။

ဒေသတွင်းကို ပြန်ကြည့်။

“ထွေချုပ်ကြီး”ကို လက်တို့သတိပေးကြစို့ရဲ့။ အရှေ့တောင်အာရှမှာ နိုင်ငံတစ်နိုင်ငံတည်းသာမက ရှိနေတယ်ဆိုတာ။ ဘာလို့လဲဆိုတော့ သူနဲ့သူ့နောက်မြီးဆွဲတွေက မြန်မာလို့ခေါ်တဲ့ သူတို့ထိုးနေကျဖွဲအိတ် နိုင်ငံလေးတစ်နိုင်ငံတည်းနဲ့ပဲ အမြဲအလုပ်ရှုပ်နေကြလို့ပါ။ ဒေသတွင်းတခြားနေရာတွေမှာ အခြေအနေတွေကမကောင်းပါဘူး။ နယ်စပ်ဖြတ်ကျော် ပဋိပက္ခတွေဖြစ်လာနိုင်ခြေရှိနေပြီး ပိုပြီးဆိုးရွားတဲ့ အကျိုးဆက်တွေလည်းရှိလာနိုင်ပါတယ်။ နယ်စပ်တွေပိတ်ထားတယ်။ တင်းမာမှုတွေမြင့်တက်နေတယ်။ ဒေသတွင်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှာလည်း အခြေအနေတွေမကောင်းပါဘူး။ နိုင်ငံရေးပဋိပက္ခတွေ၊ အချင်းချင်းအာဏာလုပွဲတွေ (Game of Thrones!!!) ပိုပြီးဆိုးလာတယ်။ ဒီဒေသတွင်းက လတ်တလာဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်ပြီး ထွေချုပ်ကြီးနဲ့ သူ့ရဲ့နောက်မြီးဆွဲတွေဆီက ဘာများကြားမိကြလဲ။ “နိုး” ပါ။

သူတို့စိတ်ထဲမှာ မြန်မာတစ်နိုင်ငံတည်းကိုပဲ ပုံမှန်အတိုင်းအာရုံစိုက်နေကြတာလား။ သူတို့က စက်တင်ဘာလ ၃၀ ရက်နေ့မှာလုပ်မယ့် မြန်မာ့အရေးအသုံးမကျတဲ့ လေပန်းပွဲအတွက် ပြင်ဆင်နေတာများလား။ အချိန်ကုန်တဲ့ဆွေးနွေးပွဲလား။ လေကြီးမိုးကြီးရွာနေပြီး ဘာမှအကျိုးထွက်မလာနိုင်ဘူး။ ဒီလူတွေ ကပေါက်တိ ကပေါက်ချာနိုင်လိုက်တာ။ ကမ္ဘာတစ်ဝန်းကလူတွေ၊ အထူးသဖြင့် အခွင့်အရေးမဲ့သူတွေနဲ့ ထိခိုက်လွယ်သူတွေရဲ့ကောင်းကျိုးကို လုပ်ပေးနေတယ်လို့ထင်ရတဲ့ ဒီလူတွေဒီလိုဖြစ် နေတာဝမ်းနည်းစရာပဲ။ မျှော်လင့်စရာမရှိတော့ပါဘူး။

သူ့ရဲ့သက်တမ်း ၉ နှစ်မြောက်မှာ ထွေချုပ်ကြီးရဲ့ ကော့စ်ဘဇားကို ဓာတ်ပုံရိုက်ဖို့ သက်သက်သွားခဲ့တဲ့ ခရီးစဉ်ကို ပြန်သတိရကြဦးမလား။ အဲဒီတုန်းက ဘယ်လောက်တောင် ဂရုစိုက်သယောင်ယောင်၊ သနားသယောင်ယောင်လုပ်သွားခဲ့လဲနော်။

အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေနဲ့ပတ်သက်ပြီးတော့ ထွေချုပ်ကြီးက ကမ္ဘာကြီးရဲ့ကောင်းကင်အောက်မှာရှိတဲ့ အရာအားလုံးကို “အမိန့်ပေးတောင်းဆို” နေတာပဲ။ သူ့ရဲ့မိန့်ခွန်းတွေမှာလည်း “လုပ်ရမယ်”ဆိုတဲ့ စကားလုံးတွေနဲ့အပြည့်ပဲ။ ဒါလုပ်ရမယ်၊ ဟိုဟာလုပ်ရမယ်နဲ့။ မြတ်-စွာ-ဘုရား။ သူ့စကားကိုနားထောင်တဲ့သူရှိလို့လား။ ထွေချုပ်ကြီးက တန်းတူညီမျှရေးကို ဟောပြောရတာကြိုက်တယ်။ အဲဒီရှုထောင့်ကနေကြည့်ရင်ကြီးတဲ့ သူတွေကသူ့စကားကို နားမထောင်ဘူးဆိုရင် သေးတဲ့သူတွေအရေးမှာလည်း သူပါဝင်စွက်ဖက်ခွင့်မရှိပါစေနဲ့ပေါ့။ သူ့ကိုရော သူ့ရဲ့ နောက်မြီးဆွဲတွေကိုရော အဝေးမှာပဲခေါက်ထားလိုက်ပါ။

ထွေချုပ်ကြီးက လာမယ့်နှစ်မှာ ရာထူးကထွက်တော့မယ်။ သူ့ရဲ့နေရာကို ဆက်ခံမယ့်သူက ဟန်ဆောင်မှုများတဲ့သူ၊ ကိုယ့်အကျိုးစီးပွားကြည့်တဲ့သူ၊ အကျင့်သိက္ခာမရှိဘဲ ရှိဟန်ဆောင်သူ၊ သူတော်ကောင်းယောင်ဆောင်တဲ့သူမဖြစ်ပါစေနဲ့လို့ မျှော်လင့်ကြရတော့မှာပဲ။ စစ်မှန်တဲ့ပြုပြင်ပြောင်းလဲ မှုတွေကို ပိုအာရုံစိုက်မယ့်သူဖြစ်ပါစေလို့ မျှော်လင့်နေကြပါတယ်။

ကမ္ဘာကြီးမှာ ပိုမိုတောက်ပတဲ့ အနာဂတ်အတွက်အခွင့်အရေးရှိနိုင်ကောင်းပါရဲ့။ ။

(၁ - ၇ -၂၀၂၅ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာပါ Kyaw Myint Htoon (Paris) ၏ The Rot ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

တရုတ်နိုင်ငံ၏ အာဏာပြိုင်ဆိုင်မှု သို့မဟုတ် ရှီကျင့်ဖျင်၏ ခေါင်းဆောင်မှုအပေါ် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်နေသည်လော
-

ဇူလိုင် ၆

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အကြီးမားဆုံးသော နိုင်ငံရေးခြိမ်းခြောက်မှုကို ရင်ဆိုင်နေရ ဖွယ်ရှိသည်ဟု လက်ရှိတွင် သတင်းများ ထွက်ပေါ်လျက်ရှိပါသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် တရုတ်နိုင်ငံ၏ ခေါင်းဆောင်ပိုင်းကို အပြောင်းအလဲပြုလုပ်ရန် တိတ်တဆိတ် ကြိုးပမ်းနေကြသည်ဟု သတင်းများထွက်ပေါ်လာလျက်ရှိပါသည်။

သတင်းများအရ ရှီကျင့်ဖျင်၏ ကျန်းမာရေးသည် ဆိုးရွားလာနေသည်ဟု သိရပါသည်။ အချို့က သမ္မတ ရှီအနေဖြင့် ရာထူးမှဆင်းပေးခြင်း သို့မဟုတ် ဂုဏ်ထူးဆောင်ရာထူးတစ်ခုကိုသာ ရယူခြင်း ပြုလုပ်ကောင်းပြုလုပ်နိုင်ဖွယ်ရှိသည်ဟု ဆိုကြပါသည်။ သို့သော် လတ်တလော လူမြင်ကွင်း မှ ပျောက်ကွယ်နေခြင်းသည် အာဏာလွှဲပြောင်းမှုဖြစ်နိုင်ခြေနှင့် ပတ်သက်သည့် ထင်ကြေးပေးမှု များကို ပိုမိုအားကောင်းလာစေလျက်ရှိပါသည်။

ရှီကျင့်ဖျင်သည် အာဏာချုပ်ကိုင်မှု ဆုံးရှုံးနေခြင်းဖြစ်နိုင်ကြောင်း New York Post သတင်းစာမှ ဖော်ပြထားပါသည်။ သမ္မတဟောင်း ဟူကျင်းတောင်နှင့် အခြားထိပ်တန်းခေါင်းဆောင် များသည် တရုတ်နိုင်ငံ၏ ခေါင်းဆောင်ပိုင်းအပြောင်းအလဲနှင့်စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးပမ်း မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု ယူဆမှုများရှိနေပါသည်။

၂၀၂၂ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီညီလာခံ၌ သမ္မတရှီကျင့်ဖျင်သည် သမ္မတဟောင်း ဖြစ်သူ ဟူကျင်းတောင်အား လူအများရှေ့တွင် ညီလာခံအတွင်းမှ ဆွဲထုတ်၍ အရှက်ရစေအောင် ဆောင်ရွက်ခဲ့ခြင်းရှိပါသည်။ ယခုအခါ သမ္မတ ရှီကျင့်ဖျင်၏ ကျန်းမာရေးချို့ယွင်းမှုနှင့် လာမည့် သြဂုတ်လတွင် ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီစုံညီအစည်းအဝေးတွင် ဖြစ်လာနိုင်ဖွယ်ရှိသော အပြောင်းအလဲများက ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ မေးခွန်းထုတ်စရာ များ ဖြစ်လာစေပါသည်။

မကြာသေးမီက ရှီကျင့်ဖျင်နှင့် ရင်းနှီးသော သစ္စာခံစစ်ဗိုလ်ချုပ်ကြီးအချို့သည် ရာထူးမှ ဖယ်ရှားခံရခြင်း သို့မဟုတ် ရှင်းလင်းမှုမရှိသည့် အခြေအနေများအောက်တွင် သေဆုံးခဲ့သည်များ ရှိခဲ့ပါသည်။ အဆိုပါ ဗိုလ်ချုပ်ကြီးများ၏ နေရာတွင် အစားထိုးခန့်အပ်ခံရသည့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်အသစ်များအနေဖြင့်မူ ရှီကျင့်ဖျင်အပေါ် သစ္စာစောင့်သိသူများဟု ယူဆ၍မရပါ။

အဓိကကျသူတစ်ဦးဖြစ်သည့် ကျန်းယိုရှား (Zhang Youxia) သည် ယခင်က ရှီကျင့်ဖျင်နှင့် ရင်းနှီးသူတစ်ဦးဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆက်ဆံရေး ပျက်ပြားသွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပါသည်။ လက်ရှိတွင် ကျန်းယိုရှားသည် တရုတ်တပ်မတော်ကို ဦးဆောင်လျက်ရှိပြီး ယင်းက အာဏာချိန်ခွင်လျှာပြောင်းလဲမှု၏ အရိပ်အယောင်တစ်ခု ဖြစ်ပါသည်။ ထို့အပြင် ပြီးခဲ့သည့် လအတွင်း၌ ရှီကျင့်ဖျင်၏ သမ္မတ လုံခြုံရေးအဖွဲ့ဝင်အင်အားကိုလည်း တစ်ဝက်အထိ လျှော့ချခဲ့ ကြောင်း သိရပါသည်။

ရှီကျင့်ဖျင်သည် မေလနှောင်းပိုင်းနှင့် ဇွန်လအစောပိုင်းကြားတွင် နှစ်ပတ်နီးပါး လူမြင်ကွင်းမှ ပျောက်ကွယ်နေခြင်းဖြစ်ပြီး ထိုကာလအတွင်း နိုင်ငံတကာခေါင်းဆောင်များ ပေကျင်းသို့ လာရောက်လည်ပတ်မှုများ ရှိခဲ့သော်လည်း ရှီကျင့်ဖျင်အနေဖြင့် တွေ့ဆုံခဲ့ခြင်းမရှိဘဲ အခြားသော ပါတီခေါင်းဆောင်များကသာ ဧည့်ခံတွေ့ဆုံခဲ့ကြခြင်းဖြစ်ပါသည်။ ပြီးခဲ့သည့် ဇွန်လအစောပိုင်း တွင် ရှီကျင့်ဖျင်သည် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် တွေ့ဆုံရန် ပြန်လည်ပေါ်ထွက်လာခဲ့ သော်လည်း ၎င်း၏ အသွင်အပြင်မှာ ပင်ပန်းနွမ်းနယ်ပြီး စိတ်ဝင်စားမှုမရှိသည့်ပုံစံအဖြစ် မြင်တွေ့ခဲ့ ရပါသည်။

အချို့သတင်းများအရ တရုတ်ကွန်မြူနစ်ပါတီအကြီးအကဲများနှင့် ကျန်းယိုရှားတို့သည် ရှီကျင့်ဖျင်၏နေရာကို ဆက်ခံရန်အတွက် ဝမ်ယန် (Wang Yang) ကို ထောက်ခံနိုင်သည်ဟု သိရ ပါသည်။ ဝမ်ယန်သည် ထိပ်တန်းခေါင်းဆောင်ပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီမှအငြိမ်းစားယူခဲ့သော ပြုပြင်ပြောင်းလဲရေးလိုလားသူတစ်ဦး ဖြစ်ပါသည်။ ဝမ်ယန်သည် တရုတ်နိုင်ငံ၏ ခေတ်မီပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ခဲ့သူ တိန့်ရှောင်ဖိန် (Deng Xiaoping) မှ မြှောက်စားခြင်းခံခဲ့ရသူဖြစ်ပြီး နည်းပညာတတ်အရာရှိ (technocrat) တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ ၎င်းသည် စကားပြောဆိုရာတွင် နူးညံ့သိမ်မွေ့မှုရှိပြီး လွတ်လပ်သောဈေးကွက်ကို ထောက်ခံအားပေးသည့် ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးအဖြစ် ရှုမြင်ခံရလည်းဖြစ်ပါသည်။ ၎င်း၏မူဝါဒများတွင် အုပ်ချုပ်ရေးနှင့်စပ်လျဉ်း၍ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းနှင့် နိုင်ငံခြားရေးရာများတွင် ထိပ်တိုက်ရင်ဆိုင်မှုနည်းသော ချဉ်းကပ်မှုကို ဦးစားပေး သူဖြစ်ကြောင်း သိရပါသည်။ ဝမ်ယန်သည် ၂၀၂၃ ခုနှစ်တွင် ရာထူးမှ အနားယူရန် ဖိအားပေးခံခဲ့ ရသည်ဟု သတင်းများရှိပါသည်။

ပေးပို့သူ- သတင်းနှင့်လုံခြုံရေးဆိုင်ရာဌာနကြီး

Source: Where Is Xi Jinping? Reports Of Mysterious Disappearance, Health Scare, Power Struggle Spark Leadership Crisis in China

Zubair Amin

နိုင်ငံတကာရေးရာ သုတေသီတစ်ဦး
-

အနောက်နိုင်ငံတွေမှာ အတုယူစရာကောင်းတဲ့ အချက်တစ်ချက်ရှိတယ်။ အရေးအကြောင်းဆို သူတို့အားလုံး ညီညွတ်ကြပါတယ်။ အမေရိကန်နဲ့ ဥရောပအတူတူပဲ။ ဥရောပနဲ့ ကနေဒါအတူတူပဲ။ ကနေဒါနဲ့ သြစတြေးလျ၊ နယူးဇီလန်အတူတူပဲ။ ဆိုလိုတာ သူတို့အားလုံးဟာ မဟာမိတ်တွေဖြစ်ပါတယ်။ နေတိုးအဖွဲ့ဝင်တွေ၊ ဥ‌ရောပသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တယ်။ အချင်းချင်းမဟာမိတ်စာချုပ်တွေရှိတယ်။ သူတို့ မတည့်ဘူးဆိုလည်း ယာယီသာဖြစ်တယ်။ နိုင်ငံအချင်းချင်းအကျိုးစီးပွားတွေကတော့ ပြိုင်ဆိုင်မှုရှိမယ်။ သို့သော် အရေးအကြောင်း ဆိုသွေးနီးတယ်။

တစုတဝေးတည်း ရပ်တည်

အဲဒီမဟာမိတ်တွေထဲကမှ အမေရိကန်၊ ယူနိုက်တက်ကင်းမ်ဒမ်း (UK)၊ သြစတြေးလျ၊ နယူးဇီလန်ဆိုရင်သမိုင်း၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုတွေတူညီကြတယ်။ အင်္ဂလိပ်စကားပြောနိုင်ငံတွေဖြစ်ပြီး တစ်ချိန်က UK အုပ်ချုပ်ခဲ့တဲ့နိုင်ငံတွေလည်းဖြစ်တယ်။ သူတို့တွေက အရင်းဆုံးပဲ။ အင်္ဂလိပ်လိုတော့ Anglosphere လို့သုံးတယ်။ ကမ္ဘာ့စစ်ပွဲကြီး တိုင်းမှာ Anglosphere တွေဟာ အတူတကွ ဝင်ရောက်တိုက်ခိုက်ကြတယ်။ အနောက်နိုင်ငံတွေဟာ နိုင်ငံတကာအရေးအခင်း တစ်ခုခုဖြစ်လာရင် အစပိုင်းမှာ သူတစ်ခွန်း၊ ငါတစ်ခွန်းနဲ့ စကားများကြပြီး သဘောမညီကြပေမယ့် တကယ့်အရေးအကြောင်း စစ်ပွဲဖြစ်ပြီဆိုရင် အားလုံးတစုတဝေးတည်း ရပ်တည်ကြတယ်။

အပြင်က လေ့လာသူတွေကတော့ သူတို့အချင်းချင်းကွဲနေပြီပေါ့။ သူတို့အချင်းချင်း ချကြတော့မယ်ပေါ့။ ကွဲချင်ကွဲမယ်။ ချသလို ဖြစ်ချင် ဖြစ်မယ်၊ သို့သော် သူတို့ကွဲတာ၊ သူတို့ချတာ၊ သူတို့စည်းအတွင်းကပဲ ဖြစ်တယ်။ စစ်ဖြစ်တာမဟုတ်ဘူး။ အသေအကျေအပြတ်ရှင်းကြတာမဟုတ်ဘူး။ အပြန်အလှန်ငြင်းခုံတယ်။ သူနိုင်ကိုယ်နိုင်ပြောတယ် ဆိုတာ သူတို့ဓလေ့ပဲ။ အားမနာတာ သူတို့ဓလေ့ပဲ။ အခု ထရမ့်ခေတ်မှာ ပိုဆိုးတာပေါ့။ လူရှေ့သူရှေ့လည်း ဆတ်ခနဲ ပြောလိုက်တာပဲ။ ချိန်းပြီးဖျက်ချင်ဖျက်တာပဲ။ နည်းနည်းရိုင်းတယ်ဆိုပေမယ့် အဲဒီရိုင်းတာက ခေတ်စားလာနေတယ်။ သို့သော် သူတို့အချင်းချင်းက နားလည်မှုရှိတယ်။ အချိန်တန်ရင်ပြီးသွားတယ်။ အဲဒီလို အချင်းချင်းစကားများကြ၊ ရန်ဖြစ်ကြ၊ သဘောမတူကြရင်း တစ်ချိန်က အီရတ်လည်း ဒီလိုပဲဝင်တိုက်တာပဲ။ အမေရိကန်တိုက်တော့ အားလုံးတစ်တွဲကြီးပါတာပဲ။ လစ်ဗျားလည်း တိုက်တာပဲ။ ဆီးရီးယားလည်းတိုက်တာပဲ။ အာဖဂန်လည်း တိုက်တာပဲ။

အခုဖြစ်ပွားခဲ့တဲ့ အစ္စရေးနဲ့ အီရန်ပဋိပက္ခကို လေ့လာကြည့်တယ်။ အစ္စရေးနဲ့ အီရန်တင်းမာမှုက အခုမှမဟုတ်ဘူး။ တောက်လျှောက်ရှိနေခဲ့တယ်။ ဟိုး ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေး (Iranian Revolution) ကာလလောက်ကတည်းက ခြေရာ ကောက်လို့ရတယ်။ အခု ၂၀၂၅ ခုနှစ် ဇွန်လထဲမှာ နှစ်နိုင်ငံစစ်ဖြစ်တဲ့အထိ ပေါက်ကွဲထွက်လာတယ်။ အရင်ကလည်း သူတို့ အပြန်အလှန်တိုက်ခိုက်တာ ရှိပေမယ့် အခုလောက်မပြင်းထန်ဘူးပေါ့။

 ဒီနေရာမှာ အနောက်နိုင်ငံတွေရဲ့ တုံ့ပြန်ပုံကို ဆွေးနွေးလိုတယ်။ အခုအစ္စရေး-အီရန်အရေးအခင်းမတိုင်မီ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ အစ္စရေးနိုင်ငံ အကြမ်းဖက်ခံရတဲ့နောက်ပိုင်း ဂါဇာမှာ အစ္စရေးနဲ့ ဟားမတ်စ်အပြန်အလှန်တိုက်ကြတယ်။ ဖြစ်စဉ်တွေတော့ အသေးစိတ်မရေးတော့ဘူး။ ၂၀၂၅ ခုနှစ် မတ်လကစလို့ အစ္စရေးကဂါဇာကို လူသားချင်းကူညီမှုတွေ ပိတ်ဆို့တယ်။ သူတို့နဲ့ အဆင်ပြေတဲ့ INGO တစ်ခုကနေ လူသားချင်းစာနာမှုတွေထောက်ပံ့တယ်။ ဂါဇာကို ထိုးစစ်အသစ်ဆင်နွှဲပြီး ဟားမတ်စ်တွေကို တိုက်တယ်ပေါ့။

အမေရိကန်က အစ္စရေးဘက်က တောက်လျှောက်ထောက်ခံတယ်။ ဥရောပနဲ့ ကနေဒါက လူသားချင်းစာနာထောက်ထားမှုကို အကြောင်းပြပြီး အစ္စရေးကို ဝေဖန်တယ်။ သတင်းတွေဖတ်ရင် အမေရိကန်က အစ္စ‌ရေးဘက်၊ ဥ‌ရောပက ပါလက်စတိုင်းတွေဘက်က အဲဒီလိုမြင်တွေ့ရတယ်။ ကုလသမဂ္ဂ (UN) နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အစ္စရေးရဲ့ ဂါဇာက လုပ်ရပ်တွေကို ရှုတ်ချတယ်။ ဆိုတော့ ကြည့်ရင် အစ္စရေးဘက်မှာ အမေရိကန်ပဲ ရှိတဲ့ပုံစံပေါက်တယ်။ ကျန်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ပါလက်စတိုင်းပြည်သူတွေဘက်က ရပ်တည်တဲ့သဘောမြင်ရတယ်။ အစ္စရေးကို ဥရောပ၊ UN နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက တောက်လျှောက်ဝေဖန်တယ်။ အထူးသဖြင့် UN အဖွဲ့အစည်းတွေက အစ္စရေးကို စစ်ရာဇဝတ်မှုကျူးလွန်တယ်၊ လူမျိုးတုံးသတ်တယ် စသဖြင့် စွပ်စွဲကြတယ်။ လူအများစုအမြင်မှာကတော့ UN က ပါလက်စတိုင်းတွေဘက်က မားမားမတ်မတ် ရပ်တည်နေတယ်ပေါ့။

အားလုံးက လေသံပြောင်းသွား

၂၀၂၅ ခုနှစ်မှာ အစ္စရေးနဲ့ အီရန်တင်းမာမှုတွေ ဖြစ်တဲ့အခါ အမေရိကန်က အစ္စရေးဘက်ကရှိပေမယ့် ဥရောပနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အီရန်ကိုမတိုက်ဖို့ အစ္စရေးကိုသတိပေးတယ်။ သံတမန်နည်းနဲ့ ငြိမ်းချမ်းစွာဖြေရှင်းဖို့ တိုက်တွန်းတယ်။ အခုဇွန်လထဲမှာ အစ္စရေးက အီရန်ကို တကယ်လည်းတိုက်ရောအားလုံးက လေသံပြောင်းသွားတယ်။ အီရန်ကို အပြစ်တင်ကြတယ်။ အစ္စရေးဘက်ရပ်တည်ကြတယ်။

အစ္စရေးက ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အောက်မှာ ဥရောပအင်အားကြီး တွေဖြစ်တဲ့ ယူနိုက်တက်ကင်းမ်ဒမ်းတို့၊ ပြင်သစ်တို့၊ ဂျာမနီတို့ဟာ အစ္စရေးနဲ့ သွေးစည်းညီညွတ်ကြောင်း ပြခဲ့ကြတယ်။ ဒါကြောင့်လည်း ပြင်သစ်သတင်းစာကြီးတစ်စောင်ဖြစ်တဲ့ Le Mode က ဥရောပခေါင်းဆောင်တွေက ဂါဇာကိစ္စမှာတော့ အစ္စရေးကို ဝေဖန်တယ်။ အခုအီရန်ကိစ္စမှာတော့ အစ္စရေးကို ထောက်ခံတယ်။ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်သာသုံးမယ်ဆိုရင် ဘယ်သူမဆို တိုက်လို့ ရတယ်ဆိုပြီး ဥရောပရဲ့ နှစ်ဖက်ခွမပြတ်သားတဲ့ မူဝါဒတွေကို ခနဲ့တယ်။

အတိုင်အဖောက်ညီညီနဲ့ သံစုံထွက်လာ

အီရန်ကိုတိုက်တဲ့ကိစ္စမှာ အမေရိကန်ကော၊ ဥရောပကော တစ်သံတည်းထွက်လာပြီဆိုတဲ့အခါကျတော့ UN အဖွဲ့အစည်းဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကလည်း အရင်က စုံစမ်းမှုတွေမပြတ်သေးသလို ဖြစ်နေရာကနေချက်ချင်းပဲ အီရန်ဟာ နျူကလီးယားနဲ့ပတ်သက်ပြီး လိုက်နာရမယ့် တာဝန်တွေပျက်ကွက်တယ်ဆိုကာ အသံထွက်လာတယ်။ အီရန်က နျူကလီးယားလက်နက်ပိုင်ဆိုင်မယ့် အခြေအနေရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို ထောက်ခံချက်ပေးလိုက်တယ်။ တီးဝိုင်းက အတိုင်အဖောက်ညီညီနဲ့ သံစုံထွက်လာတယ်။ အစကတော့ သူတော်ကောင်းတွေလိုလို၊ အားနည်းတဲ့သူဘက် ရပ်တည်သလိုနဲ့ တကယ်လည်းဖြစ်ကော သွေးကစကားပြောဘိသကဲ့သို့ ညီညာဖြဖြ အစ္စရေးဘက်က ရပ်ကြတာပါပဲ။ အစ္စရေးမှားတယ်၊ အီရန်မှန်တယ်ရေးနေတာမဟုတ်ပါဘူး။ နိုင်ငံတကာဆက်ဆံရေးရဲ့ ကြောက်စရာကောင်းတဲ့ လှည့်ကွက်အပြောင်းအလဲတွေကို ထောက်ပြတာ ဖြစ်ပါတယ်။

ဒီနေရာမှာ အီရန်က ပါလက်စတိုင်းမဟုတ်ဘူးလေလို့ ပြောလို့ရပါတယ်။ အီရန်က ဂါဇာမဟုတ်ဘူးလေလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ UN နဲ့ နိုင်ငံတကာက အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေပါတယ်လို့ အကြိမ်ကြိမ်စွပ်စွဲနေတဲ့အချိန်မှာ အစွပ်စွဲခံရသူက နောက်ထပ်စစ်ပွဲတစ်ပွဲသာ ဖန်တီးမယ်ဆိုရင် အကယ်လို့ အခြားနိုင်ငံတစ်နိုင်ငံသာဆို အခြေအနေက တစ်မျိုးဖြစ်ပါလိမ့်မယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး အန္တရာယ်ပြုတယ်ဆိုပြီး NATO ကော၊ UN တပ်တွေကော ဝင်ကြပါလိမ့်မယ်။ အစပိုင်းမှာ အီရန်ဘက်ကပဲ ကာပေးသလိုလို၊ အစ္စရေးကိုပဲ တားဆီးသလိုလို၊ သံတမန်ရေးလမ်းကြောင်းပဲ အားပေးသလိုလိုနာမည်ကောင်းတွေယူပါတယ်။ စစ်မဖြစ်ခဲ့ရင်တော့ ငြိမ်းချမ်းရေးလိုလားသူတွေပေါ့။ အီရန်ရဲ့ ကျေးဇူးရှင်တွေတောင်ဖြစ်ပါလိမ့်ဦးမယ်။

တားလို့မရဘဲ စစ်လည်းဖြစ်ကော ကြားနေလို့ ရတာတောင်မနေကြပါဘူး။ တကယ်စစ်ဖြစ်ရင် အနောက်နိုင်ငံ မဟာမိတ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ကြားနေတယ်ဆိုတာမရှိပါဘူး။ ကြားနေတယ်ဆိုတာ အချောင်သမားဝါဒဖြစ်ပါတယ်။ ဆိုတော့ တကယ့်အရေးအကြောင်းဆိုတော့ အနောက်မဟာမိတ်အားလုံးက အစ္စရေးဘက်ရပ်တည်ကြပါတယ်။ စစ်ကိုအားမပေးပေမယ့် အစ္စရေးရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကို ထောက်ခံတယ်ပေါ့။ အချို့နိုင်ငံတကာအရေးအခင်းတွေက မျက်နှာဖုံးတွေကို ကွာကျစေပါတယ်။

အခုလို ပထမပိုင်းမှာ သူတော်ကောင်းယောင်ဆောင်ကြပေမယ့် သူတို့ နာမည်ပျက်စာရင်းသွင်းထားတဲ့ နိုင်ငံတစ်နိုင်ငံကို တကယ်တိုက်တဲ့အခါ တက်ညီလက်ညီ ကူညီပံ့ပိုးကြတာ အခုအစ္စရေး-အီရန် ပဋိပက္ခမှမဟုတ်ပါဘူး။ အရင်နိုင်ငံတကာအရေးအခင်းတွေမှာလည်း အလားတူပုံစံတွေ မသိမသာကော၊ သိသိသာသာကော မြင်တွေ့ရပါတယ်။ အနောက်နိုင်ငံတွေမှာ သမိုင်းဆိုတာ သူတို့အမြင်နဲ့ အတိအကျမှတ်တမ်းတင်တာဖြစ်ပါတယ်။ တစ်ယောက်က မှတ်တမ်းတင်တာလည်း နောက်တစ်ယောက်က ထပ်ဆင့်မှတ်တမ်းတင်ပါတယ်။ ဆက်လက်အသုံးပြုပါတယ်။

ဆိုလိုတာက လူတစ်ယောက်ကို၊ နိုင်ငံတစ်နိုင်ငံကို မကောင်းမှတ်တမ်းတင်ထားပြီဆိုရင် အစဉ်အဆက်ပါပဲ။ အစီရင်ခံစာတစ်ခုမှာ အဲဒီနိုင်ငံကို မကောင်းရေးထားတယ်ဆိုရင် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ အဲဒီအစီရင်ခံစာကိုပဲ အကိုးအကားပြုကြပါတယ်။ တစ်ဖက်ကပြင်ဆင်တယ်၊ လိုက်လျောညီထွေဖြစ်အောင် နေတယ်ဆိုရင်‌တောင် သူတို့လူမဟုတ်မချင်း တစ်နည်းမဟုတ်ပြဿနာရှာ၊ အပြောင်းအလဲဖြစ်အောင် လုပ်တာပါပဲ။ အခုလည်း အီရန်ဟာ အစ္စရေးနဲ့ တစ်နိုင်ငံချင်းစစ်ဖြစ်တယ်ဆိုပေမယ့် အနောက်အုပ်စုရဲ့ ခဲထားခြင်းကို ခံလိုက်ရပါပြီ။

သူ့ရှေ့မှာ အီရတ်ဆိုလည်း ဒီလိုပဲ နိုင်ငံတကာက လက်မခံပေမယ့် အမေရိကန်က အီရတ်ကို နျူကလီးယားလက်နက်ထုတ်ပါတယ် အကြောင်းပြပြီး စစ်ဝင်တိုက်တဲ့အခါ အနောက်နိုင်ငံမဟာမိတ်တွေတစ်တွဲကြီးပါတာပါပဲ။

 ဒီလိုပဲ လစ်ဗျား၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်ပုံစံတွေ အတိအကျမတူပေမယ့် လူဆိုးစာရင်းသွင်းပြီး ဝင်တိုက်ကြတာပါပဲ။ အခုက ၂၀၀၀ ပြည့်နှစ်၊ ၂၀၁၀ ပြည့်နှစ်တွေ မဟုတ်တော့ပါဘူး ဆိုသည့်တိုင်အနောက်နိုင်ငံတွေရဲ့ စစ်ရေး၊ နိုင်ငံတကာဆက်ဆံရေးအတွေးအခေါ်က မပြောင်းလဲပါဘူး။ ပိတ်ဆို့မယ်။ ပိတ်ဆို့တဲ့ကြားက ဆက်ပြီးကြီးထွားလာရင် တားဆီးမယ်။ တားဆီးတဲ့ကြားက ကြီးထွားလာရင် အခွင့်သင့်ရင် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှာပါပဲ။ သူတို့အချင်းချင်း နိုင်ငံရေးမှာ ဘယ်လောက်အထိ သဘောထားကွဲပြားနေပါစေ။ အရေးအကြောင်း စစ်ဆိုတဲ့အထိဖြစ်ပြီဆိုရင် တစည်းတလုံးရပ်တည်ကြပါတယ်။ လစ်ဗျား၊ ဆီးရီးယား၊ အာဖဂန်နစ္စတန် သူတို့ စစ်ဝင်တိုက်ပြီး အစိုးရတွေ အပြောင်းအလဲဖြစ်ပေမယ့် အခုထိ အဲဒီနိုင်ငံတွေ တစ်နိုင်ငံမှ မငြိမ်းချမ်းသေးပါဘူး။

သာမန် ကမ္ဘာ့ပြည်သူတွေဆိုတာ မေ့မေ့ပျောက်ပျောက်ပါပဲ။ သူတို့က နိုင်ငံရေးနဲ့ ဝေးပါတယ်။ ဆူဆူညံညံဖြစ်ပြီဆိုမှ ထကြည့်ကြတာများပါတယ်။ နိုင်ငံတကာအရေးအခင်းတစ်ခုဆိုတာ အစအဆုံး နှစ်နဲ့ချီပြီးကြာတတ်ပါတယ်။ အချို့ဆို ဆယ်စုနှစ်နဲ့ချီပြီး ကြာပါတယ်။ မျက်ခြည်မပြတ် လေ့လာနေသူတွေသာ မြင်လိုက်တဲ့ကိစ္စတွေရှိပါတယ်။ သတင်းတွေမှာ ညှိနှိုင်းလိုက်၊ ဆွဲဆောင်လိုက်၊ ခြိမ်းခြောက်လိုက်နဲ့ ပြဇာတ်တစ်ပုဒ်ကြည့်နေရသလိုပါပဲ။ နိုင်ငံအများစုကလည်း ကိုယ့်ကို မထိမချင်းငြိမ်ငြိမ်သက်သက်ပဲ နေကြပါတယ်။ အုပ်စုဖွဲ့အနိုင်ကျင့်နေမှန်းသိတဲ့တိုင် တစ်ဖက် နိုင်ငံတွေကလည်း လူဆိုးစာရင်းအသွင်းခံထားရတော့ သနားစရာကောင်းမနေဘူးပေါ့။

ဒီလိုနဲ့ နိုင်ငံတကာဆက်ဆံရေးဆိုတဲ့ ဟန်ဆောင်ပြဇာတ်ကြီးထဲမှာ စီးမျောရင်းအရေးအခင်းတွေ တစ်ခုပြီးတစ်ခု ဖြစ်လာခဲ့တာ အခုကတော့ အီရန်အလှည့်ပေါ့။

အခုနောက်ဆုံး ကနေဒါနိုင်ငံမှာ လုပ်ခဲ့တဲ့ ကမ္ဘာ့ထိပ်သီး စက်မှုခုနစ်နိုင်ငံ အစည်းအဝေးမှာလည်း အီရန်နဲ့ပတ်သက်လို့ ထုတ်ပြန်ချက်က အစ္စရေးဘက်ကပဲ ပြတ်ပြတ်သားသားရပ်တည်ပြီး အီရန်ကို အပြစ်တင်ထားပါတယ်။ အစကတော့ ဥရောပမဟာမိတ်တွေက ထရမ့်နဲ့လည်း အဆင်မပြေ၊ အစ္စရေးကိုလည်း ဂါဇာကိစ္စမှာ မကျေလည်၊ အမေရိကန်နဲ့ အီရန်ကြားပဲ ဝင်ပေးတော့မလို၊ အစ္စရေးနဲ့ အီရန်ကြားပဲ ဝင်ပေးတော့မလိုနဲ့ အမှန်တကယ်စစ်လည်းဖြစ်ကော အားလုံးက အမေရိကန်ဘက်၊ အစ္စရေးဘက်ပဲ ပါသွားကြတာပါပဲ။ နောက်ဆုံးတော့ သူတို့အားလုံး အတူတူပါပဲ။ ။

လာမည့် ရက်သတ္တပတ်တွင် ဘရာဇီးနိုင်ငံ၌ ကျင်းပမည့်  ၁၇ ကြိမ်မြောက် BRICS ထိပ်သီး အစည်း အဝေးသို့ ဝန်ကြီးချုပ် မိုဒီ တက်ရောက်မည်ဖြစ်သော်လည်း၊ ဆွေးနွေးမည့် အစီအစဉ်က ဘာလဲ
-

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ဇူလိုင်လ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ၁၇ ကြိမ်မြောက် BRICSထိပ်သီး အစည်းအဝေး တက်ရောက်ရန်အတွက် ဘရာဇီးသို့ တရားဝင်အလည်အပတ် ခရီးသွားရောက်မည် ဖြစ်ပြီး၊ အဆိုပါအစည်းအဝေးသည် ရီယိုဒီဂျနေရိုမြို့တွင် ဇူလိုင်လ ၆ ရက် နေ့ ၇ ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်သည်။  အဆိုပါ ကမ္ဘာ့ အဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံပွဲသည် ဝန်ကြီးချုပ် မိုဒီ၏ ငါးနိုင်ငံ ခရီးစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ ဂါနာ၊ ထရီနီဒက်နှင့်တိုဘာဂို၊ အာဂျင်တီးနားနှင့် နမီးဘီးယား တို့သို့လည်း သွားရောက်မည် ဖြစ်ပါသည်။ ယင်းခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရ

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ဇူလိုင်လ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ၁၇ ကြိမ်မြောက် BRICSထိပ်သီး အစည်းအဝေး တက်ရောက်ရန်အတွက် ဘရာဇီးသို့ တရားဝင်အလည်အပတ် ခရီးသွားရောက်မည် ဖြစ်ပြီး၊ အဆိုပါအစည်းအဝေးသည် ရီယိုဒီဂျနေရိုမြို့တွင် ဇူလိုင်လ ၆ ရက် နေ့ ၇ ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်သည်။  အဆိုပါ ကမ္ဘာ့ အဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံပွဲသည် ဝန်ကြီးချုပ် မိုဒီ၏ ငါးနိုင်ငံ ခရီးစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ ဂါနာ၊ ထရီနီဒက်နှင့်တိုဘာဂို၊ အာဂျင်တီးနားနှင့် နမီးဘီးယား တို့သို့လည်း သွားရောက်မည် ဖြစ်ပါသည်။ ယင်းခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးတို့တွင် ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပါသည်။

ဝန်ကြီးချုပ် မိုဒီ၏ BRICS ထိပ်သီးအစည်းအဝေးအစီအစဉ်

ထိပ်သီးအစည်းအဝေး ကာလအတွင်း ကမ္ဘာ၏ထိန်းကြောင်းမှုစနစ် ပြန်လည်ထူထောင်ရေး၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး၊ ဉာဏ်ရည်တုနည်းပညာသုံးစွဲရာတွင် တာဝန်ခံမှု ရှိစေရေး၊ ရာသီ ဥတုပြောင်းလဲမှု အပေါ် အလေးထားရေး၊ ကမ္ဘာ့ကျန်းမာရေးနှင့် စီးပွားရေး၊ ဘဏ္ဍာရေးကဏ္ဍ စသည့် အဓိကကျသည့် ကမ္ဘာ့ရေးရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားဖွယ် ရှိပါသည်။ ထိပ်သီးအစည်းအဝေး၏ ဘေးဘန်းဆွေးနွေးပွဲအဖြစ် ဘရာဇီး သမ္မတ Luiz Inácio Lula da Silvaနှင့် မိုဒီတို့ တွေ့ဆုံ၍ အိန္ဒိယနှင့် ဘရာဇီးတို့ အကြား ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ စွမ်းအင်၊ အာကာသ၊ နည်းပညာ၊ စိုက်ပျိုးရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် မဟာဗျူဟာ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားရေး ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးသွားရန် မျှော်မှန်းထားပါသည်။

ဝန်ကြီးချုပ် မိုဒီ၏ ငါးနိုင်ငံ ခရီးစဉ်

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် မကြာမီသွားရောက်မည့် ခရီးစဉ်အတွင်း ၎င်း၏ ပထမဆုံး နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အဖြစ် အာဂျင်တီနားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး၊ သမ္မတ Javier Gerardo Milei နှင့် တွေ့ဆုံမည်ဖြစ်ပါသည်။ ခေါင်းဆောင်နှစ်ဦးသည် ယခင် တက်ရောက်ခဲ့သည့် ဖိုရမ်များ၏ ဘေးဘန်းဆွေးနွေးပွဲများတွင် တွေ့ဆုံခဲ့ကြဖူးသော်လည်း၊ ယခု တွေ့ဆုံမှုသည် ပထဆုံးအကြိမ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၏ စံပြတွေ့ဆုံခြင်းဖြစ်ပါသည်။ 

ထိုသို့ တွေ့ဆုံရာ၌ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှု၊ မြေရှားဓာတ်သတ္တုများ၊ စိုက်ပျိုးရေးနှင့် သမားရိုးကျနှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးကြမည်ဖြစ်သည်။   

BRICSဆွေးနွေးပွဲများအတွင်း အိန္ဒိယသည် ၎င်း၏ကာလရှည်ကြာစွာတည်ရှိနေသည့် နယ်စပ် ဖြတ်ကျော် အကြမ်းဖက်မှုအပေါ် စိုးရိမ်ပူပန်မှုများကို ဘရာဇီးနှင့် အာဂျင်တီးနားတို့နှင့်အတူဖော်ပြသွားဖွယ်ရှိသည်။

လေးနိုင်ငံခရီးစဉ်ကို ဂါနာမှစမည်

ဝန်ကြီးချုပ် မိုဒီ၏ ခရီးစဉ်သည် ဂါနာနိုင်ငံသို့ ဇူလိုင်လ ၂ ရက်နှင့် ၃ ရက် အတွင်း အသစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် သမ္မတ John Dramani Mahama ၏ ဖိတ်ကြားချက် အရ သွားရောက်မည် ဖြစ်ပါသည်။ ခရီးစဉ်သည် ဂါနာ၏ စီးပွားရေး ပြန်လည်တည်ဆောက်မှုအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်ကာ၊ စိုက်ပျိုးရေးကဏ္ဍ၊ အနောက် အာဖရိကတွင် ကာကွယ်ဆေး ဖွံ့ဖြိုးတိုးတက်မှု ဗဟိုချက်တစ်ခု ထူထောင်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး စသည့် အရေးပါသော အစီအမံများကို ဆွေးနွေးသွားဖွယ်ရှိကြောင်း ပြည်ပရေးရာဝန်ကြီး Mr. Ravi က ပြောကြားပါသည်။

ထရီနီဒက်နှင့် တိုဘဂို ခရီးစဉ်

ဇူလိုင်လ ၃ ရက်မှ ၄ ရက်အတွင်း ဝန်ကြီးချုပ်သည် ထရီနီဒက်နှင့် တိုဘဂိုသို့ သွားရောက် လည်ပတ်မည်ဖြစ်ပါသည်။ ယင်းသည် ၁၉၉၉ ခုနှစ်နောက်ပိုင်း အိန္ဒိယ ဝန်ကြီးချုပ်၏ ပထမ ဆုံးသော ကာရေဘီယမ် နိုင်ငံများသို့ သွားရောက်လည်ပတ်ခြင်းဖြစ်ပါသည်။ ခရီးစဉ်သည် သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအရ ဆက်ဆံရေးကို နက်ရှိုင်းစေရန်နှင့် အပြန်အလှန် အကျိုး ရှိစေမည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု ကို ချဲ့ထွင်သွားရန် ဖြစ်ပါသည်။

နမီးဘီးယားသို့ - နောက်ဆုံးခရီးစဉ်

နောက်ဆုံးအနေဖြင့် နမီးဘီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့ က ကွယ်လွန် သွားခဲ့သည့် ကိုလိုနီစနစ်ဆန့်ကျင်ရေး ဦးဆောင်သူ Sam Nujoma အား သွားရောက် ဂါရဝပြုမည် ဖြစ်ပါသည်။  အဆိုပါခရီးစဉ်အတွင်း ငွေပေးချေမှုစနစ် စံသတ်မှတ်ရေး၊ ဘဏ္ဍာရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက် ရေးတို့အတွက် သဘောတူညီချက်တစ်ရပ်ကို အိန္ဒိယနှင့် နမီးဘီးယား နိုင်ငံတို့ အကြား လက်မှတ်ရေးထိုးကြရန်ရှိပါသည်။

၁၇ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်သည့် သိထားသင့်သည့် အချက်များ

၂၀၂၅ BRICS ထိပ်သီးအစည်းအဝေးသည် ယင်းအုပ်စု အဖွဲ့ဝင်များဖြစ်သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနှင့် အဖွဲ့ဝင်အသစ်အဖြစ် ပါဝင်လာသည့် အင်ဒိုနီးရှား၊ အီဂျစ်၊ အီသီယိုပီးယား၊ အီရန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုကဲ့သို့သော အုပ်စုတွင်း နိုင်ငံများ၏အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ဘရာဇီးနိုင်ငံမှ ရယူ၍ ကျင်းပခဲ့သည့် အချိန်ကာလ ဖြစ်ပါသည်။  ယင်းအုပ်စု၏ ဩဇာသက်ရောက်မှု ချဲ့ထွင်ရန် ဆော်ဒီအာရေဗျနိုင်ငံကိုလည်း ဖိတ်ကြားထား ပါသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးကို ရေယိုဒီဂျနေရိုမြို့ရှိ Museum of Modern Art ၌ ကျင်းပမည် ဖြစ်ပြီး ကမ္ဘာ့တောင်ခြမ်းမှ ခေါင်းဆောင်များ အတူတကွ စုဝေးရောက်ရှိ၍ ကမ္ဘာ့ စိန်ခေါ်မှုများကို ၊ ယခင် BRICS ထိပ်သီးအစည်းအဝေးအစီအစဉ်များနှင့်အညီ အဖြေရှာကြမည် ဖြစ်ပါသည်။

အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘရာဇီးနိုင်ငံက ဦးစားပေးရမည့် အချက်များကို “Strengthening Global South Cooperation for More Inclusive and Sustainable Governance” ခေါင်းစဉ် အောက်မှ အောက်ပါအတိုင်း တင်ပြသွားရန်ရှိပါသည်-

  • ဆေးဝါးကုသမှုခွင့်ကို သာတူညီမျှ လက်လှမ်းမီသည့် ကမ္ဘာ့ကျန်းမာရေးစနစ် တိုးတက်စေရန်။

  • လျစ်လျူရှုထားသော အပူပိုင်းဒေသရောဂါများကို ကိုင်တွယ်ဖြေရှင်းခြင်း။

  • ဒေသသုံး ငွေကြေးများနှင့် အခြားငွေပေးချေမှုစနစ်များဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်။

  • ရာသီဥတု ဖောက်ပြန်မှုကို BRICS ၏ ဦးဆောင်မှု အစီအစဉ်ဖြင့် လုပ်ဆောင်ရန်တို့ ဖြစ်ပါသည်။

ထိပ်သီးအစည်းအဝေးတွင် AIနည်းပညာ ထိန်းချုပ်မှုကို တာဝန်သိစွာ ဆောင်ရွက်ရေး၊  ကမ္ဘာလုံး ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးစနစ်များ ပြုပြင်ပြောင်းလဲရေးနှင့် BRICS ၏ အဖွဲ့အစည်းအတွင်း ဖွဲ့စည်းပုံကို ပိုမိုထိရောက်သော ဆုံးဖြတ်ချက်ချမှတ်များ အားကောင်းလာစေရန် အာရုံစိုက် ဆောင်ရွက် သွားမည်ဖြစ်သည်။   

၂၀၂၅ ထိပ်သီး အစည်းအဝေးသည် ပြောင်းလဲနေသော ကမ္ဘာ့ပထဝီဝင်နိုင်ငံရေး အခင်းအကျင်းနှင့် BRICS ၏ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန်နှင့် စီးပွားရေး ထွန်းသစ်စနိုင်ငံများ အတွက် အခြား ရွေးချယ် စရာ အခင်းအကျင်းတစ်ခုကို ဖြစ်ပေါ်လာရန်အတွက်  ကျင်းပခြင်း ဖြစ်ပါသည်။  အဆိုပါအုပ်စုသည် ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေး စံချိန်စံနှုန်းများတွင် အားလုံး ပါဝင်သည့် အုပ်ချုပ်မှုစနစ်ပုံစံကို အလေးပေးဆောင်ရွက်ခြင်းဖြင့် ပိုမိုထင်ရှားသည့် အခန်းကဏ္ဍမှ ပါဝင်လာနိုင်ရန် ရည်မှန်းထားပါသည်။ 

ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ

The Financial Express

နောက်ဆုတ်လို့မရတဲ့စစ်
-

ဒီနေ့ခေတ်မှာ နိုင်ငံတစ်နိုင်ငံကို စစ်စတင်တိုက်ခိုက်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ လွယ်တာမဟုတ်ဘူးဆိုတာ အင်အားကြီးတိုင်း စစ်တိုက်လို့ရတာမဟုတ်ဘူး။ ကိုယ့်ဘက်က စတင်တိုက်ခိုက်တာ မှန်ကြောင်းပြဖို့လိုတယ်။ နိုင်ငံတကာက လက်ခံဖို့လိုတယ်။ လူထုက ကိုယ့်ဘက်ပါဖို့လိုတယ်။ သမိုင်းအထောက်အထား ကျန်ခဲ့ဖို့လိုတယ်။ မဟုတ်ရင် ကျူးကျော်သူ၊ လူဆိုး၊ လူမိုက်နိုင်ငံဖြစ်သွားမှာပေါ့။

ဒါကြောင့် ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း တစ်နိုင်ငံကတစ်နိုင်ငံကို စစ်တိုက်တဲ့အခါ မတိုက်ခင် အချက်အလက်တွေ စုဆောင်းရတယ်။ မဟာမိတ်တွေ ရှာဖွေရတယ်။ သူ့အလွန်ကို စောင့်ရတယ်။ တိုက်မယ့်နိုင်ငံကို လူဆိုးဖြစ်အောင် လုပ်ရတယ်။ သူက စတိုက်လာအောင်ဆွပေးရတယ်။ သူက စမတိုက်ရင်တော့ ကိုယ်ကသွားတိုက်ပေါ့။ လုံခြုံရေးအကြောင်းပြပေါ့။ ငြိမ်းချမ်းရေးအကြောင်းပြပေါ့။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း ကမ္ဘာကြီးမှာ နိုင်ငံအချင်းချင်း စစ်ပွဲများစွာဖြစ်ခဲ့တယ်။ အခုဆို ၂၀၂၅ ခုနှစ်တောင် နှစ်တစ်ဝက်ကျိုး ခဲ့ပြီ။ နိုင်ငံအချင်းချင်း စစ်တွေက ဖြစ်နေတုန်းပဲ။ အခုဆို အစ္စရေးနဲ့အီရန် စစ်ဖြစ်တဲ့သတင်းက ကမ္ဘာ့သတင်းတိုင်းမှာ နေရာယူထားတယ်။

သမိုင်းကိုလေ့လာရင်တော့ ရေးရေးအဖြေပေါ်

ဒီနေ့ခေတ် လူငယ်တွေက ဘာကြောင့်စစ်ပွဲတွေဖြစ်နေမှန်း နားမလည်ကြဘူး။ ဘာကြောင့် စစ်ဖြစ်ချင်နေကြတာလဲပေါ့။ ဘာကြောင့် စစ်ကို မတားဆီးနိုင်သလဲပေါ့။ သူတို့မှာ အဖြေမရှိသလို ဘယ်သူ့ဆီမှာမှ အဖြေမရှိဘူး။ သမိုင်းကိုလေ့လာရင်တော့ ရေးရေးအဖြေပေါ်လိမ့်မယ်။ ဒီကမ္ဘာမှာ အနောက်နိုင်ငံတွေနဲ့ ထိပ်တိုက်တိုးမိရင် အနည်းနဲ့ အများ စစ်ဆိုတာဆီ ဦးတည်သွားလေ့ရှိတယ်။ ထိပ်တိုက်တိုးတယ်ဆိုတာ သာမန်အဆင်မပြေဖြစ်တာ၊ ရန်ဖြစ်တာလောက်ကို ပြောတာမဟုတ် ဘူး။ နိုင်ငံရေးစနစ်ကွဲပြားတာ၊ သူတို့လုံခြုံရေး ခြိမ်းခြောက်တာ၊ နောက်ဆုံး သူတို့ထက်သာသွားမယ့်အခြေအနေရှိတယ်ဆိုရင် စစ်ဆိုတာဖြစ်မှာပဲ။ အခုမဖြစ်လည်း နောင်ဖြစ်မှာပဲ။ ကိုယ့်ဘက်ကသာ မပြောင်းလဲဘူးဆိုရင်ပေါ့။ အပြောင်းအလဲ လုပ်ချင်လုပ်၊ မလုပ်ရင်တော့ ဝိုင်းပယ်ပိတ်ဆို့ခြင်းခံရမယ်။

အမေရိကန်က ပိတ်ဆို့ပြီဆိုတာနဲ့ ဥရောပလည်း ပိတ်ဆို့ပြီပဲ။ အမေရိကန်၊ ဥရောပဆိုတာနဲ့ အနောက်ကမ္ဘာတစ်ခုလုံးပါပြီပဲ။ အနောက်နိုင်ငံတွေ သဲသဲမဲမဲဖြစ်ပြီဆိုတာနဲ့ ဂျပန်တို့၊ ကိုရီးယားတို့လို အမေရိကန်မဟာမိတ်တွေက ပါလာမှာပဲ။ အာရှက ကြားနေသလို ပါးနပ်တဲ့နိုင်ငံတွေလည်း ပါလာမှာပဲ။ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအဖွဲ့တွေ ကလည်း အနောက်အုပ်စုက ဘာမှမပြောခင်ကို အရိပ်ပြအကောင်မြင် သံစုံတီးဝိုင်းလို အသံထွက်လာမှာပဲ။

အနောက်ရဲ့ဗျူဟာက သူတို့နဲ့အဆင်မပြေဘူးဆိုရင် ပိတ်ဆို့ဖယ်ကြဉ်မှုတွေကနေ အားနည်းအောင်လုပ်မယ်။ အတိုက်အခံတွေကို အကူအညီပေးမယ်။ အလိုအလျောက် အတွင်းကနေ ပြိုကွဲသွားအောင် လုပ်မယ်။ မဟုတ်ဘဲ သူတို့ပိတ်ဆို့တဲ့ကြားက တိုးတက်လာပြီ၊ အောင်မြင်လာပြီဆိုရင် နေရာ ဒေသနဲ့ နိုင်ငံအနေအထားပေါ်ကြည့်ပြီး ကိုယ်ထိလက်ရောက် တိုက်ခိုက်ထိန်းချုပ်ဖို့ ကြိုးစားလိမ့်မယ်။ အခု အီရန်လိုမျိုးပေါ့။ အီရန်ကို အနောက်နိုင်ငံတွေက ဝိုင်းဝန်းပိတ်ဆို့တာ ကြာလှပြီ။ အမေရိကန်က ခြောက်လိုက်၊ ဥရောပက ချော့လိုက်နဲ့ အီရန်မှာ အပြောင်းအလဲတွေဖြစ်အောင် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဒီကြားထဲကပဲ အီရန်ကဆက်ပြီး တိုးတက်လာနေခဲ့တယ်။ အနည်းဆုံး လက်နက်အင်အား ကြီးမားလာတယ်ပေါ့။ ဒေသတွင်းက လက်နက်ကိုင်အုပ်စုတွေကို ထောက်ပံ့ပေးနိုင်တဲ့အထိ အင်အားကောင်းလာတယ်။ နောက်ကွယ်မှာ နိုင်ငံကြီးတချို့ကလည်း အီရန်ကို အကူအညီပေးတာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုတာ အဲဒီနိုင်ငံရဲ့ ကိုယ်တိုင်စွမ်းဆောင်မှု မပါဘဲ မဖြစ်နိုင်ပါဘူး။

မြောက်ကိုရီးယားနိုင်ငံကလည်း ဘယ်နိုင်ငံတွေက ဘယ်လိုပဲအကူအညီပေးတယ် ပြောပါစေ။ သူတို့ကိုယ်တိုင် စွမ်းဆောင်နိုင်လို့သာ လက်နက်နိုင်ငံတော်အဖြစ်တည်ဆောက်နိုင်တာဖြစ်ပါတယ်။ မဟုတ်ရင် အချို့အာဖရိကနိုင်ငံတွေလို အကူအညီ ပဲမျှော်တဲ့လက်ဝေခံနိုင်ငံတွေ ဖြစ်သွားမှာပေါ့။ ဒါကြောင့် အီရန်နိုင်ငံ တဖြည်းဖြည်းတိုးတက်လာတာကို အမေရိကန်က စိုးရိမ်ပါတယ်။ ရန်ဖြစ်ထားတဲ့နိုင်ငံလေ။ နျူကလီးယားလက်နက်ကလည်း ပိုင်ဆိုင်တော့မယ်။ ဆိုတော့ မဖြစ်မနေတားဆီးဖို့လိုလာပါပြီ။ မဖြစ်မနေထိန်းချုပ်ဖို့လိုလာပါပြီ။ အီရန်ကို အစ္စရေးက စတင်တိုက်ခိုက်ခြင်းက နျူကလီးယားလက်နက်အကြောင်းပြချက်နဲ့ဖြစ်တယ်။ စစ်စတင်ဖို့ အကြောင်းအရာတစ်ခုခု ပြသဖို့လိုတယ်။ စိတ်ဝင်စားစရာကောင်းတာက အမေရိကန်နိုင်ငံ အမျိုးသားထောက်လှမ်းရေးအကြီးအကဲ Tulsi Gabbard က ပြီးခဲ့တဲ့ မတ်လ ကြားနာပွဲတစ်ခုမှာ အီရန်ဟာ နျူကလီးယားလက်နက်ထုတ်လုပ်မနေပါဘူး၊ ထုတ်လုပ်ဖို့အစီအစဉ် မရှိဘူးဆိုပြီး ကွန်ဂရက်မှာထွက်ဆိုတယ်။ အခုထရမ့်က အီရန်နျူကလီးယားလက်နက်အကြောင်းပြပြီး အစ္စရေးဘက်ကနေ စစ်ထဲဝင်မယ် အသံပြုတယ်။

မီဒီယာတွေက ထရမ့်ကို သမ္မတကြီးရဲ့ ထောက်လှမ်းရေးအကြီးအကဲက လွန်ခဲ့တဲ့ မတ်လတုန်းက လွှတ်တော်မှာ အီရန်က နျူကလီးယားလက်နက်ထုတ်လုပ်မနေပါဘူးလို့ အစီရင်ခံခဲ့တာကို ဘယ်လိုမြင်သလဲမေးတော့ ထရမ့်က “သူပြောတာ ငါဂရုမစိုက်ဘူး” (I don’t care what she said) လို့ တစ်ခွန်းပဲဖြေတယ်။ အီရန်က နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ သိပ်နီးစပ်နေပြီ ဆိုတာ ထပ်ပြောတယ်။ သဘောက ထရမ့်ဟာ သူလုပ်ချင်ရင်လုပ်မှာပဲ။ နောက်ဆုံး အီရန်က နျူကလီးယားကိစ္စ အလျှော့ပေးမယ်ဆိုလည်း လွန်သွားပါပြီ။

နိုင်ငံရေးမှာ ရန်ဖြစ်ပြီးရင် ကျေအေးဖို့ဆိုတာ မဖြစ်နိုင်

အချို့ကိစ္စတွေက နိုင်ငံရေးမှာ ရန်ဖြစ်ပြီးရင် ကျေအေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူပြောင်းပေးမှသာ ဖြစ်ပါမယ်။ ပြောင်းတဲ့သူကလည်း အနောက်နိုင်ငံတွေအလိုကျ လုပ်ဆောင်ဖို့လိုပါတယ်။ ဒီလိုနဲ့ နိုင်ငံငယ်တွေမှာ အနောက်အုပ်စုလိုလားသူနဲ့ အနောက်အုပ်စုဖိအား အလျှော့မလိုလားသူတွေ နှစ်ခြမ်းကွဲပြီး အတွင်းမှာတင် စစ်တွေဖြစ်၊ မတည်ငြိမ် မအေးချမ်းတာ ဆယ်စုနှစ်များစွာရှိပါပြီ။ အခု အီရန် ကတော့ ပိတ်ဆို့မှုအားလုံးကို ကျော်ဖြတ်ပြီး အင်အားကြီးသထက် ကြီးလာပြီဖြစ်လို့ နောက်ဆုံး စစ်ဆိုတာအထိ ဖြစ်လာတော့တာပါပဲ။ အချို့ကလည်း အစ္စရေးနဲ့အမေရိကန်က နျူကလီးယား ဆိုတာ အကြောင်းပြတာဖြစ်တယ်။ တကယ်က တိုက်ချင်လို့ကိုတိုက်တာဖြစ်တယ်လို့ ထောက်ပြ ကြပါတယ်။

အခု အစ္စရေးနဲ့ အီရန် အပြန်အလှန်တိုက်ခိုက်တာ ရက်ကြာလာတော့ အမေရိကန်က သူကိုယ်တိုင် ပါလာတော့မယ်ဆိုပြီး အီရန်ကို ခြိမ်းခြောက်ပါတယ်။ တစ်ဖက်မှာ ဥရောပက အီရန်ကို ဂျီနီဗာမှာ ခေါ်တွေ့ ပြီးချော့ပါတယ်။ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီလို အဖွဲ့အစည်းတွေကလည်း ဝင်ရောက် အကဲဖြတ်ကြည့်ရှုခွင့်တောင်းဆိုပါတယ်။ အီရန်က လိုက်လျောပြန်ရင်လည်း အဆုံးအထိ နင်းကြမှာပါ ပဲ။ နောက်ဆုတ်လို့မရပါဘူး။ ဆုတ်တာနဲ့ တောင်းဆို မှုတွေ ထပ်လာမှာဖြစ်ပါတယ်။ နောက်ဆုံးအုပ်ချုပ်သူတွေ နန်းစွန့်မယ်၊ သူတို့လိုလားတဲ့သူတွေ တက်လာမယ်ဆိုရင်တော့ ငြိမ်းအေးပါမယ်။ တစ်နိုင်ငံလုံးက တညီတညာတည်း အနောက်ကတင်ပေးတဲ့ အစိုးရသစ်ကိုထောက်ခံရင် အကြောင်းမဟုတ်ပါဘူး။ မဟုတ်ရင် အတွင်းမှာတင် ပြည်တွင်းစစ်က ဖြစ်နေမှာပါပဲ။ အနည်းဆုံးတော့ နိုင်ငံပြိုကွဲသွားတာပေါ့။ အားနည်းသွားတာပေါ့။ အခု လစ်ဗျား၊ အီရတ်၊ ဆီးရီးယားဖြစ်နေတာ တစ်ပုံစံတည်းပါပဲ။ အဲဒီသုံးနိုင်ငံလည်း အနောက်အုပ်စုနဲ့ အဆင်မပြေ တော့ စစ်တိုက်တာခံရပါတယ်။

သူတို့အားလုံးကို စစ်မတိုက်ခင် လူဆိုးဖြစ်အောင် ပုံဖော်ပါတယ်။ ပိတ်ဆို့တယ်၊ ဒဏ်ခတ် တယ်၊ အတိုက်အခံတွေကို အကူအညီပေးတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လှည့်တိုက်တယ်။ နောက်ဆုံးလိုအပ်ရင် ကိုယ်တိုင်ဝင်တိုက်ပါတယ်။ ဒီလိုရေးသားလို့ စစ်အတိုက်ခံရတဲ့ လစ်ဗျားတို့၊ အီရတ်တို့၊ ဆီးရီးယားတို့က အပြစ်မရှိဘူးလို့ ရေးနေတာမဟုတ်ပါဘူး။ အီရတ်ဆို အိမ်နီးချင်းကူဝိတ်ကို ကျူးကျော်ခဲ့တာရှိခဲ့တယ်။ နောက်ဆုံး အီရတ်မှာ နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ ကြိုးစားနေတယ်အကြောင်းပြပြီး အမေရိကန်က အီရတ်ကို စစ်ဝင်တိုက်တာပါပဲ။ လစ်ဗျားနဲ့ ဆီးရီးယားကတော့ အတိုက်အခံတွေကို အကူအညီပေးလိုက်ရုံနဲ့ အစိုးရတွေ အပြောင်းအလဲဖြစ်သွားတယ်။ ပြောချင်တာ အနည်းဆုံး ဒီနိုင်ငံတွေဟာ အချင်းချင်းတိုက်ခိုက်ကြတဲ့ ပြည်တွင်းစစ်ထဲကို နစ်ဆင်းသွားတယ်။ အနောက်နိုင်ငံတွေကို ရန်ပြုဖို့မပြောနဲ့။ အနောက်နိုင်ငံတွေဆီက အကူအညီရအောင် မျက်နှာချိုသွေးရတဲ့ အခြေအနေဖြစ်သွားတယ်။

အမျိုးမျိုးဖိအားပေးခံရပြီး နောက်ဆုံး စစ်အတိုက်ခံရ

ဒါကြောင့် နိုင်ငံရေးမှာ အချို့ကိစ္စတွေက ဖြစ်ပြီးရင် နောက်ဆုတ်လို့မရဘူး။ မပြတ်မသား လုပ်လို့မရဘူး။ အထူးသဖြင့် အရှေ့အလယ်ပိုင်းလို၊ ဥရောပလို အနောက်နိုင်ငံတွေ အကျိုးစီးပွားရှိတဲ့ နေရာတွေမှာ သူတို့နဲ့အဆင်မပြေတဲ့ နိုင်ငံတွေရှိနေရင် အမျိုးမျိုးဖိအားပေးခံရပြီး နောက်ဆုံး စစ်အတိုက်ခံရမှာပဲ။ အနှေးနဲ့ အမြန်ပဲကွာတယ်။ အနောက်နိုင်ငံတွေဟာ သူတို့ကို ခြိမ်းခြောက်လာတဲ့အထိ မစောင့်ဘူး။ သူတို့ကသာ ခြိမ်းခြောက်နိုင်သူ အနေနဲ့ ရှိချင်တယ်။ အခြားနိုင်ငံတွေ နျူကလီးယားလက်နက် ပိုင်ဆိုင်ခြင်းကို ခွင့်မပြုလိုဘူး။ သူတို့ကသာ ပိုင်ဆိုင်လိုတယ်။ အနည်းဆုံး သူတို့ထီးရိပ်အောက်ကိုခို၊ သူတို့ အကာအကွယ်ပေးမယ်ပေါ့။ သူတို့သာ ကမ္ဘာ့လုံခြုံရေးကို ထိန်းသိမ်းသူတွေ ဖြစ်ချင်တယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးကို သူတို့သာ စောင့်ရှောက်နိုင်တယ်ပေါ့။ ဒါကလည်း အင်အား ကြီးမားလာရင် သူများတွေ ကိုယ့်ထက် အင်အားမကြီးစေချင်တဲ့ လူ့သဘောသဘာဝလည်းဖြစ်တယ်။ ကိုယ်လုပ်သမျှခံ၊ ကိုယ့်ကိုဆရာလာမလုပ်နဲ့ပေါ့။ ကိုယ်ကသာ ပြောသူဖြစ်လိုတယ်။ အပြောခံရသူ မဖြစ်လိုဘူး။ သူများကို လုပ်ထားတော့ ကိုယ့်ကို အလုပ်ခံရမှာ ကြောက်တယ်ပေါ့။

အနောက်နိုင်ငံမှတင် မဟုတ်ဘူး။ နိုင်ငံတကာ ဆက်ဆံရေးမှာ ဘယ်နိုင်ငံမဆို အင်အားကြီးလာရင် လက်ဦးမှုယူချင်တယ်။

ရှေ့မှာအမြဲအသာရချင်တယ်။ ကိုယ့်လုံခြုံရေးဦးစားပေးတာပေါ့။ အခု ၂၁ ရာစုမှာ အနောက်နိုင်ငံတွေ အင်အားနည်းလာတဲ့တိုင် ဆင်ပိန်ကျွဲပဲ။ ထရမ့်တက်လာပြီးနောက်ပိုင်း အမေရိကန်ဟာ ဆင်ဖြစ် အောင် ပြန်ပြီးကြိုးပမ်းနေကြတဲ့အချိန်၊ ကျွဲကနေ ဆင်လောက်ဖြစ်လာနေတဲ့နိုင်ငံတွေကို အတင်း ပြန်ဆွဲချနေတဲ့အချိန်ဖြစ်တယ်။ အင်အားကြီးတဲ့သူတွေရဲ့ အတွေးအခေါ်၊ အပြုအမူက ဟိုးအရင်ကနဲ့ ဘာမှမပြောင်းလဲဘူး။

အီရန်ဆိုရင် ရုရှားနဲ့ကော၊ တရုတ်နဲ့ကော ရင်းနှီးတယ်။ နှစ်စဉ် သုံးနိုင်ငံ စစ်ရေးပူးတွဲလေ့ကျင့် မှုတွေလုပ်တယ်။ ဆိုတော့ အမေရိကန်က အီရန်ကို ပိုမဲတာပေါ့။ အီရန်ကိုတိုက်ခြင်းဟာ သူ့မဟာမိတ် နိုင်ငံတွေကို ခံရခက်စေတယ်။ အများအမြင်မှာ မဟာမိတ်တွေအနေနဲ့ အရေးအကြောင်းဆို အားမကိုး ရဘူးဆိုပြီးဖြစ်စေတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေသာ မတော်တဆပြိုလဲသွားခဲ့ရင် သူတို့နေရာရောက်လာမယ့် အခြားနိုင်ငံကြီးတွေ သူတို့ထက် မဆိုးပါစေနဲ့သာ ဆုတောင်းရမယ်။ နိုင်ငံတကာဆက်ဆံရေးဆိုတာ အေးအေးနေချင်လည်း နေလို့ ရတာမျိုး မဟုတ်တတ်ဘူး။ တကယ်စစ်ကြီးဖြစ်လာရင် ငါမပါဘူး၊ ကြားနေပါမယ် နေလို့မရတတ်ဘူး။ လျင်တဲ့ နိုင်ငံတွေ၊ လည်တဲ့နိုင်ငံတွေက သူ့ထက်ငါ အင်အားကြီးအောင် အလုအယက် ကြိုးပမ်းနေကြမှာပဲ။ ဒါကြောင့် နိုင်ငံတိုင်းက ကာကွယ်ရေးအတွက် ဆိုပြီး စစ်အင်အားတွေတိုးမြှင့်၊ နောက်ဆုံးအားလုံးက စစ်ပွဲတွေနဲ့ကင်းလို့မရဘူး ဖြစ်လာတယ်။

ကြီးမားတဲ့စစ်ပွဲတွေဆီ ဦးတည်သွားနိုင်

အခုဆို အမေရိကန်က အီရန်ကို ဗုံးကြဲပြီ။ အီရန်ကလည်း လက်တုံ့ပြန်ပြီး ကာတာနိုင်ငံနဲ့ အီရတ်နိုင်ငံက အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ဒုံးကျည်နဲ့ပစ်တယ်လို့ဆိုတယ်။ တစ်ချိန်တည်းမှာ အစ္စရေးနဲ့ အီရန်ကလည်း ဒုံးကျည်တွေနဲ့ အပြန်အလှန်ပစ်ကြတယ်။ အခု အမေရိကန် ကြားဝင်မှုနဲ့ အစ္စရေးနဲ့ အီရန် အပစ်ရပ်တယ် ဖြစ်ပြန်ပြီ။ အခုဒီဆောင်းပါးအဆုံးသတ်နေတုန်းပဲ အစ္စရေးက အီရန်ကို အပစ်ရပ်ချိုးဖောက်တယ်။ သူ့ဘက်က ပြန်တိုက်မယ်ပြောပြန်တယ်။ အခု အပစ်ရပ်လိုက်ပြန်ပြီ။ သေချာတာက စစ်ရပ်လည်း ခဏပဲ။ ကမ္ဘာကြီးက အစ္စရေး - အီရန်စစ်ပွဲထက် ကြီးမားတဲ့စစ်ပွဲတွေဆီ ဦးတည်သွားနိုင်တယ်။ နေရာအနှံ့ စစ်ရိပ်စစ်ငွေ့သန်းလာနေတယ်။ အီရန်ပြီးရင် သူတို့ကိုအန်တုနိုင်တဲ့ တခြားနိုင်ငံတစ်နိုင်ငံဆိုပြီး ပြောနေကြတယ်။ နှစ်ဖက်စလုံးက လိုအပ်ရင် နျူကလီးယား လက်နက်တွေပါ သုံးမှာဖြစ်တယ်။ အင်အားကြီးတာ ထိုင်ကြည့်နေမလား၊ အခုပဲဟန့်တားမလားဆိုတဲ့ အတွေးအခေါ်က လွှမ်းမိုးသွားရင် အင်အားကြီးနိုင်ငံတွေနဲ့ အဆင်မပြေတဲ့ ဘယ်နိုင်ငံမှ မလွတ်နိုင်ပါဘူး။ အခုစစ်ပွဲတွေက နောက်ဆုတ်လို့မရတဲ့စစ်ပွဲတွေ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ ။