သတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ တည်ငြိမ်အေးချမ်းစွာကျင်းပ

ဘားအံ - ဧပြီ (၁၃)

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အပျော်အပါးသီဆိုကခုန်မှုများမပါဝင်ဘဲ မြန်မာတို့၏ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန်(အေးသင်္ကြန်)အဖြစ် တည်ငြိမ်အေးချမ်းစွာ ဆင် ယင်ကျင်းပသွားမည်ဖြစ်ရာ တန်ခူးလပြည့်ကျော် ၁ ရက်နေ့ မဟာသင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ လမ်းလျှောက်သင်္ကြန်နှင့်စတုဒိသာမဏ္ဍပ်များဖွင့်ပွဲကို ကျင်းပသည်။

ငလျင်ဒဏ်ခံစားရသည့်ပြည်သူများအား စာနာထောက်ထားအလေးထားသောအားဖြင့် ယခုကဲ့သို့ကျင်းပခြင်း ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညွန့်လင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘားအံမြို့၊ မန်းနဲစန်လမ်းနှင့်ကျော်ဇေယျလမ်းဆုံရှိ လမ်းလျှောက်သင်္ကြန်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းလျှောက်သင်္ကြန်ဧရိယာအတွင်း ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်များမှ တည်ခင်းဧည့်ခံသည့် မဟာသင်္ကြန် အစားအစာများကိုသုံးဆောင်၍ မြန်မာတို့၏ရိုးရာ ယဉ်ကျေးမှုအစဉ်အလာကိုထိန်းသိမ်းသောအားဖြင့် လမ်းလျှောက် သင်္ကြန်(အေးသင်္ကြန်)ကို အေးချမ်းတည်ငြိမ်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့မဘောလုံးကွင်းအတွင်းရှိ ဂုဏ်ယူမြတ်နိုးတန်ဖိုးထား မြန်မာ့ရိုးရာသနပ်ခါးမဏ္ဍပ်၌ ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ပါဝင်နိုင်ရန်ကြိုးပမ်းဆောင်ရွက်နေမှုကိုဂုဏ်ပြုသောအားဖြင့် တစ်ဦးနှင့်တစ်ဦး သနပ်ခါး လိမ်းခြယ်ပေးကြပြီး အောင်သပြေခက်နှင့်အတာရေအေးပက်ဖြန်းပေးကြကာ မည်သူမဆိုဝင်ရောက်သုံးဆောင်နိုင် သော ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စတုဒိသာဗဟိုမဏ္ဍပ်၌ စားသောက်ဖွယ်ရာများကိုလာရောက်သုံးဆောင်နေသူများ အား မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အောင်သပြေခက်ဖြင့်အတာရေအေးပက်ဖြန်၍ ရေပက်ကစားခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ကမ်းနားလမ်းတစ်လျှောက်ရှိ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာနစတုဒိသာမဏ္ဍပ်၊ သယံဇာတရေးရာဝန်ကြီးဌာနစတုဒိသာမဏ္ဍပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးဌာနစတုဒိသာမဏ္ဍပ်၊ စီးပွားရေးရာဝန်ကြီးဌာနစတုဒိသာမဏ္ဍပ်၊ လူမှုရေး၊တိုင်းရင်းသား၊ဥပဒေ၊တရားရေး၊ လွှတ်တော်၊လဝက စုပေါင်းစတုဒိသာမဏ္ဍပ်တို့တွင် စတုဒိသာအဖြစ်တည်ခင်းဧည့်ခံသော သင်္ကြန်ထမင်း၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ် စသည်တို့ကို သုံးဆောင်၍ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အစဉ်အလာနှင့်အညီ အေးချမ်းစွာရေပက်ကစား ခဲ့ကြပါသည်။

Source​: Myanmar National Portal 

ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

မော်လမြိုင်   မတ် ၁၉

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများ ထိန်းသိမ်းမြှင့်တင်ခြင်းနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်အတွက် “We are Myanmar” ဆိုသည့် ပြည်ထောင်စု စိတ်ဓာတ်တိုးတက်ခိုင်မာစေရန် ဆောင်ရွက်ရပါကြောင်း၊ မိမိတို့ တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့်လင်းစွာ တင်ပြဆောင်ရွက်ကြရန် ပြောကြားသည်။

ယင်းနောက် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးတို့သည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ မွန်၊ ကရင်၊ ပအိုဝ်း၊ ရှမ်းနှင့် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များကို ရင်းနှီးစွာ နှုတ်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ

(၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်)

ချစ်ကြည်လေးစားအပ်ပါသော မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများ ခင်ဗျား

ယနေ့ ၂ဝ၂၅ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ နေ့ထူးနေ့မြတ်၌ မွန်ပြည်နယ်နှင့် ဒေသအသီးသီးရှိ မွန်တိုင်းရင်းသားသွေးချင်းညီအစ်ကို မောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေကြောင်းနှင့် ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

မွန်တိုင်းရင်းသားများသည် မြန်မာနိုင်ငံအတွင်းသို့ အစောဆုံးရောက်ရှိနေထိုင်ခဲ့သော လူမျိုးများတွင်ပါဝင်ပြီး ယဉ်ကျေးမှုနှင့်ဗုဒ္ဓဘာသာကို ဦးဦးဖျားဖျားရရှိခဲ့ကြောင်း ရှေးဟောင်းမွန်ကျောက်စာများနှင့် စာပေအထောက်အထားများစွာမှ သက်သေခံလျက်ရှိပါသည်။ ထို့အပြင် မြတ်စွာဘုရားရှင်ပွင့်တော်မမူမီကတည်းက သထုံဒေသဝန်းကျင်တွင် သုဓမ္မဝတီတိုင်းပြည်အဖြစ် ထူထောင်ကာ ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် အနုသုခုမပညာရပ်များကို ထိန်းသိမ်းပြီး ရာမညတိုင်းအဖြစ် ဂုဏ်ကျက်သရေ တင့်တယ်စွာ ရပ်တည်ခဲ့သည်ကိုလည်း တွေ့ရပါသည်။

သီဟသုဓမ္မမင်း၊ မနူဟာမင်း စသည့် ထင်ရှားကျော်ကြားသော သာသနာပြုမင်းကောင်းမင်းမြတ်များ၊ ဝေါဆရာတော် ဦးဥတ္တမရမ္တ၊ ဦးသီလဝန္တ (မင်းရွှေငို)စသည့် ကျမ်းဂန်တတ် ရဟန်းပညာရှိများ၊ ပထမဆုံးအနောက်တိုင်းဆေးပညာရှင် ဒေါက်တာရှောလူး၊ သိပ္ပံမောင်ဝ၊ ဒေါက်တာနိုင်ပန်းလှ၊ ဒေါက်တာမင်းတင်မွန် စသည့် ပညာရှိများနှင့် စာပေပညာရှင်များ၊ ရာဇဓိရာဇ်၊ လဂွန်းအိမ်၊ သမိန်ဗရမ်း စသည့် သူရသတ္တိနှင့်ပြည့်စုံသော သူရဲကောင်းများပေါ်ထွန်းခဲ့ပြီး သမိုင်းအစဉ်အလာကြီးမားခဲ့သည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက် မွန်ပြည်နယ်အား ၃၀-၄-၂၀၂၂ ရက်နေ့မှစ၍ ခရိုင်လေးခုနှင့် မြို့နယ် ၁၀ ခုတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းပြီး တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

မွန်ပြည်နယ်သည် အရှေ့ဘက်တွင် ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် မုတ္တမကွေ့၊ မြောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ဘက်တွင် တနင်္သာရီတိုင်းဒေသကြီးတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက် ပထဝီအနေအထားအရ အဓိကကျစွာတည်ရှိနေပါသည်။ ကွန်ရက်သဖွယ်စီးဆင်းနေသော သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အတ္ထရံမြစ်နှင့် ဒုံသမိမြစ်တို့ဖြင့် ရေလမ်း၊ ကုန်းလမ်းဆုံရာ အချက်အချာနေရာတွင်တည်ရှိသော ပြည်နယ်တစ်ခုဖြစ်ပါသည်။

မွန်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင်တည်ရှိသော ပြည်နယ်တစ်ခုဖြစ်သည့်အပြင် ကုန်ကူးသန်းရောင်းဝယ်ရေးအတွက် အရေးပါသောဗဟိုဆိပ်ကမ်းနေရာတစ်ခုဖြစ်ပါသည်။ ထို့အပြင် ရာသီဥတုမျှတကောင်းမွန်ပြီး ရှုမောဖွယ်ရာ တောတောင်မြစ်ချောင်းများ၊ စိမ်းလန်းစိုပြည်သော သစ်တောများ၊ သဘာဝရေမြေသယံဇာတများ၊ ဒေသထွက်သစ်သီးဝလံများ ပေါများဖြစ်ထွန်းကြွယ်ဝပြီး ရေခံမြေခံကောင်းမွန်သော ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။

ဘာသာ၊ သာသနာနှင့်ပတ်သက်၍လည်း မွန်ပြည်နယ်တွင် ထူးခြားထင်ရှားသော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအပါအဝင် ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရား၊ ဆံတော်ရှင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၊ ကျိုက်မရောဆုတောင်းပြည့်ဘုရား၊ ကျိုက္ခမီရေလယ်ဘုရား စသည့်သမိုင်းဝင်တန်ခိုးကြီးဘုရားစေတီများစွာတို့ဖြင့် သာသနာ့ဂုဏ်ရောင် ထွန်းလင်းတောက်ပလျက်ရှိပါသည်။ သာသနာပြုပုဂ္ဂိုလ်များနှင့် ရှင်အရဟံမထေရ်မြတ်ကြီးတို့၏ ကြိုးပမ်းအားထုတ်ခဲ့မှုများကြောင့် စစ်မှန်သော ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရာ နေရာဒေသဖြစ်ခဲ့သည်ကိုလည်း သမိုင်းမှတ်တမ်းများအရ အထင်အရှားတွေ့မြင်ရသည်မှာလည်း ဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။

ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကို မောင်နှမများ ခင်ဗျား

ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံသည် ပြည်သူများ၏ လိုလားချက်နှင့်အညီ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဟူသည့် လောကပါလတရားများထွန်းကားရာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံအဖြစ်သို့ စတင်လျှောက်လှမ်းနေချိန်ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် နိုင်ငံသားအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကို လေးစားလိုက်နာခြင်းနှင့် အသိဉာဏ်ပညာပြည့်ဝခြင်းတို့သည် မရှိမဖြစ်လိုအပ်မည်ဖြစ်ပါသည်။

စည်းလုံးညီညွတ်ခြင်းသည် နိုင်ငံ့အင်အားကို ခိုင်မာတောင့်တင်းစေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ့အကျိုးစီးပွားကို ဖြစ်ထွန်းစေပါသည်။ မျက်မှောက်ကာလခေတ်မီဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများကိုကြည့်ပါက စည်းလုံးညီညွတ်မှုအင်အားဖြင့် အခိုင်အမာတည်ဆောက်ထားကြသည်ကို တွေ့ရှိနိုင်ပါသည်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသော စကားနှင့်အညီ တိုင်းပြည်ကို ပြည်တွင်းအင်အားဖြင့်သာ တည်ဆောက်ကြရမည်ဖြစ်ပါသည်။ သို့သော်လည်း မျက်မှောက်ကာလ မိမိတို့နိုင်ငံ၏အခြေအနေမှာ တည်ဆောက်ရေးကိုမလုပ်နိုင်ဘဲ တိုင်းဖျက်ပြည်ဖျက်ရန်ကို ပြည့်အင်အားဖြင့် ကြိုးစားကာကွယ်နေကြရသဖြင့် တည်ငြိမ်အေးချမ်းမှုအားနည်းပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးနေဆဲ ဖြစ်နေပါသည်။

ယနေ့ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများနှင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများမှာ နိုင်ငံရေးအမြင်မတူညီမှုများကို အခြေခံသကဲ့သို့ တသီးတခြားရပ်တည်လိုစိတ်နှင့် အတ္တအကျိုးစီးပွားကိုသာ ရှေ့တန်းတင်နေကြခြင်းကြောင့်လည်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ နယ်မြေဒေသအသီးသီးတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတော်အခြေခံအဆောက်အအုံများနှင့် ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်သုဉ်းကာ ဆင်းရဲဒုက္ခရောက်နေကြရပါသည်။ အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် ပြည်တွင်းပြည်ပမှ အမျိုးမျိုးသောပံ့ပိုးမှုများနှင့် သွေးထိုးလှုံ့ဆော်မှုများပါဝင်နေ သည်ကိုလည်း နိုင်ငံသားတိုင်း သတိချပ်သင့်ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားရာမှဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခများအပေါ်တွင် သင်ခန်းစာယူကြရန် အချိန်အခါကျရောက်နေပြီဖြစ်ကြောင်း အသိပေးလိုပါသည်။

ယနေ့လက်နက်ကိုင်တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပတ်သက်သူများကိုလည်း ပြည်သူများ ဒုက္ခရောက်စေပြီး နိုင်ငံကိုအန္တရာယ်ကျရောက်စေမည့်လုပ်ရပ်များကို နိုင်ငံနှင့်ပြည်သူအကျိုးရှေးရှု၍ ရပ်တန့်ပေးကြရန် အသိပေးမှာကြားလိုပါသည်။ နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရန် တိုက်တွန်းအပ်ပါသည်။

ချစ်ကြည်လေးစားအပ်ပါသော မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများ ခင်ဗျား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထု၏ ဆန္ဒဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ပေါ်လာစေရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် တရားမျှတသော၊ သိက္ခာရှိသော၊ နည်းလမ်းကျန မှန်ကန်မှုရှိသော၊ အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးကို သန္နိဋ္ဌာန်ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရွေးကောက်ပွဲကျင်းပနိုင်ရေး လိုအပ်လျက်ရှိသော နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။

ပစ္စုပ္ပန်ကာလ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးတို့၏ ပကတိလိုအပ်ချက်မှာ ဥပဒေနှင့်အညီ အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်စားသောက်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ဘဝဖွံ့ဖြိုးတိုးတက်နိုင်ရေးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူလူထု၏ ပကတိလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါလုပ်ငန်းစဉ်များ အချိန်တိုအတွင်းတွင် ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံက အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရနှင့်အတူ တက်တက် ကြွကြွပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းမှာကြားလိုပါသည်။

စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရန် ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသားပြည်သူအားလုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ ဒေသအလိုက်သဘာဝထွက်ကုန်ကြမ်းများကို အခြေခံသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း MSME များကို အားပေးမြှင့်တင်လျက်ရှိပါသည်။ MSME လုပ်ငန်းများသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အင်အားစုများဖြစ်သည့်အတွက် အဆိုပါလုပ်ငန်းများအား ထိရောက်စွာ ပံ့ပိုးပေးခြင်းအားဖြင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ ရေခံမြေခံကောင်းမွန်ပြီး သဘာဝအရင်းအမြစ်များ ကြွယ်ဝသော မွန်ပြည်နယ်အနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍကို တိုးမြှင့်နိုင်မည်ဆိုပါက ဒေသခံပြည်သူများ၏ ဝင်ငွေတိုးတက်စေမည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ကာ လူမှုစီးပွားဘဝ ယခုထက်ပိုမို၍ တိုးတက်လာနိုင်မည်ဖြစ်ပါသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်းကောင်း၊ တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရာတွင်လည်းကောင်း တိုင်းရင်းသားပြည်သူအားလုံး အသိပညာ၊ အတတ်ပညာပြည့်ဝရေးသည် အဓိကကျပါသည်။ ယနေ့အချိန်တွင် အနာဂတ်အင်အားများဖြစ်သည့် လူငယ်များကို ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများ မြှင့်တင်ကာ ဘက်စုံပညာဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင် ပေးလျက်ရှိပါသည်။ လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်များရရှိပြီး တိုင်းပြည်၏ဂုဏ်ကို မြှင့်တင်လိုစိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ထိန်းလိုစိတ်များ ဖြစ်ပေါ်စေရေးအတွက် စနစ်တကျလေ့ကျင့်ပျိုးထောင်ရန် လိုအပ်မည်ဖြစ်ပါသည်။

ထို့ကြောင့်လည်း နိုင်ငံသားတိုင်း အနည်းဆုံး KG+9 အလယ်တန်းအဆင့် ပြီးမြောက်အောင်မြင်ရေးနှင့် အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များပေါများရေးဟူသည့် ပညာရေးမျှော်မှန်းချက်များ အောင်မြင်စေရန် ကျောင်းများတိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ အဆင့်မြှင့်တင် ပေးခြင်း၊ ဆရာ၊ ဆရာမများ၏ စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ပေါက်လာစေရန် ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက ကဏ္ဍပေါင်းစုံမှဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခုဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။

အနာဂတ်တွင် ထာဝရတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးသာယာဝပြောသော တိုင်းပြည်ဖြစ်ပေါ်လာစေရန်အတွက် တိုင်းရင်းသားပြည်သူအားလုံး၏စိတ်တွင် မြန်မာဆိုသော စိတ်ထားတစ်ခုတည်း အဖြစ်ခံယူနိုင်ရေး အဓိကလိုအပ်သည့် စိတ်ဓာတ်နှင့် ပညာအရာတို့ကို မြှင့်တင်ပေးကြရမည်ဖြစ်ပါသည်။ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသည့် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူအားလုံးသည် စိတ်ဓာတ်ကောင်းမွန်ကြပြီး အသိပညာ၊ အတတ်ပညာ၊ ဆင်ခြင်တုံတရားများဖြင့် စည်းလုံးညီညွတ်စွာ အတူလျှောက်လှမ်းကြမည်ဆိုပါက ပြည်ထောင်စုကြီး၏ ရှေ့ခရီးသည်လည်း အစဉ်ချောမွေ့သာယာနေမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးလုပ်ငန်းများတွင် မွန်ပြည်နယ်နှင့် မွန်တိုင်းရင်းသားများနှင့်အတူ တိုင်းရင်းသားပြည်သူအားလုံးတို့က မိမိတို့ကျရာကဏ္ဍအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ကိုအခြေခံကာ ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်သွားကြရန် အလေးအနက်ထားတိုက်တွန်းလျက် ယနေ့ကျရောက်သည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ကိုးကား : MOI

တောင်ကြီးမြို့၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ လှုပ်ရှားမှုအခမ်းအနားကျင်းပ

တောင်ကြီး မတ် ၁၆

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ မကြာသေးခင်က မြန်မာနိုင်ငံအတွက် ဝမ်းမြောက်ဂုဏ်ယူစရာဖြစ်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ‌တော်ကြီးကို ယူနက်စကို အသိအမှတ်ပြုခံခဲ့ရသည်ကိုလည်း အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ယခုတစ်ကြိမ်တွင်လည်း မြန်မာ့သနပ်ခါးကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုသို့ တင်သွင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့သနပ်ခါးကို မြန်မာလူမျိုးများ နှစ်သက်မြတ်နိုးစွာ လိမ်းခြယ်အသုံးပြုခဲ့ကြသည်မှာ ရှေးယခင်ကတည်းကပင်ဖြစ်ပါကြောင်း၊ နှစ်စဉ်သနပ်ခါးပွဲတော်များကိုလည်း နေရာဒေသအလိုက် ရိုးရာမပျက်ပျော်ရွှင်စွာ ဆင်ယင်ကျင်းပလျက်ရှိသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့အသိအမှတ်ပြု ရိုးရာအမွေအနှစ်အဖြစ် အသိအမှတ်ပြုမှုရရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ပြည်သူများအားလုံး ပါဝင်ဆောင်ရွက်ကြသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းပြောကြားသည်။

ထို့နောက် မြန်မာ့ရိုးရာသနပ်ခါး Video Clip ကိုပြသ၍ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသူလေးများက “သနပ်ခါး” တေးသီချင်းဖြင့် သရုပ်ဖော်ကပြတင်ဆက်ပြီး တိုင်းရင်းဆေးဦးစီးဌာနမှ ခရိုင်တိုင်းရင်းဆေးမှူးဒေါ်ခင်သီတာဦးက မြန်မာ့သနပ်ခါးဆေးဖက်ဝင်ပုံများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အမှတ်(၂)အခြေခံပညာအထက်တန်း‌ကျောင်းမှ ကျောင်းသူလေးများက “မြန်မာမလေးပါရှင်” တေးသီချင်းဖြင့်လည်းကောင်း၊ အမှတ်(၁၄)အခြေခံပညာအလယ်တန်း ကျောင်းမှ ကျောင်းသူလေးများက “မြန်မာ့သနပ်ခါး” တေးသီချင်းဖြင့်လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က မြန်မာ့သနပ်ခါးသွေးခြင်းကိုလည်းကောင်း သရုပ်ဖော်ကပြဖျော်ဖြေ တင်ဆက်ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီ နာယကဒေါ်ညိုမီစောက သရုပ်ဖော်ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အခြေခံပညာကျောင်းများမှ အကအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ရှမ်းပြည်နယ်အမျိုးသမီး ကော်မတီနာယက၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ထားထားဝင်းနှင့်အဖွဲ့ဝင်များက တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသူများအား သနပ်ခါးလိမ်းခြယ်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်

Source: https://www.moi.gov.mm/iprd/news/237169

(၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်

တောင်ကြီး၊ ဖေဖော်ဝါရီ ၇

(၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့  အဝေရာမီးပုံးပျံကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဖတ်ကြားပြီး  ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က  (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ မိန့်ခွန်းပြောကြားသည်။

ထို့နောက် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့  ပြခန်းများကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်သည့် ပိုးရယ်အောင်သိန်း၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာစိုးဝင်း၊ Jeng Phang  နော်တောင်၊ ခွန်သန့်ဇော်ထူး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဧည့်သည်တော်များက တိုင်းရင်းသားရိုးရာအစားအစာပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ MSME ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် မြို့တော်ခန်းမ၌ ကျင်းပသည့် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူများအား ဂုဏ်ထူးဆောင်ဆုချီးမြှင့်ပွဲသို့ တက်ရောက်ပြီး စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်) ရရှိသူ ၄၄ ဦးနှင့် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ထူးချွန်ဆုရရှိသူ ၁၂ ဦးတို့ကို ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နယ်စပ်ရေးရာဝန်ကြီးဌာနက ပေးအပ်သည့် ရှမ်းပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများနှင့် ပြည်သူများအတွက် ဆိုလာနှင့် အခြေခံစားသောက်ကုန် စုစုပေါင်း တန်ဖိုး ၅၃ သန်းကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး Jeng  Phang နော်တောင်က အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပေးအပ်သည့် ရှမ်းပြည်နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားပစ္စည်းများကိုလည်းကောင်း ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က လက်ခံရယူကြသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာထူးချွန်ဆု (တတိယအဆင့်)၊ မွေးမြူရေးထူးချွန်ဆု (ပထမအဆင့်၊ တတိယအဆင့်)နှင့်လူမှုထူးချွန် (ပထမအဆင့်) ရရှိသူများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊  ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လူမှုထူးချွန် (ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်) ဆုရရှိသူများကို လည်းကောင်း၊ အားကစား ထူးချွန်ဆု (တတိယအဆင့်) ရရှိသူများ၊ တာဝန်ထမ်း ဆောင်ရာတွင် ပြည်နယ်ဂုဏ်ဆောင်နိုင်ခဲ့ကြသည့်ဌာန၊ အဖွဲ့အစည်းများကိုလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဟုမ္မလင်းမြို့၌ နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပ

ဟုမ္မလင်း   ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့၌ နာဂရိုးရာစာပေနှင့် ယဉ်‌ကျေးမှုကော်မတီက စီစဉ်ကျင်းပသည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၁၅ ရက်ညနေပိုင်းက ဟုမ္မလင်းမြို့ နန်ဖွတ်မော်ရပ်ကွက် နာဂရိုးရာကွင်း၌ ကျင်းပသည်။

အခမ်းအနားကို နာဂအကြီးအကဲများနှင့် ဧည့်သည်တော်များက နာဂရိုးရာ ဘန်တုံးထုခြင်းဖြင့် ဖွင့်လှစ်ပြီး နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယကကြီး ဦးပီတာနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းတို့က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကာ နာဂရိုးရာနှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံကို မဖြိုးနေဇာလင်းက ရှင်းလင်းဖတ်ကြားသည်။

ဆက်လက်၍ နာဂအကြီးအကဲများက နှစ်သစ်ကူးလက်ဆောင်ပေးအပ်ခဲ့ပြီး နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ချစ်ကြည်ရေး အားကစားပြိုင်ပွဲဘောလီဘောပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲများတွင် ဆုရရှိသည့်အသင်းသားများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြသည်။

ထို့နောက် ဦးချွေးထောင်းက ဦးဆောင်၍ မီးပုံဝိုင်းကို မီးထွန်းညှိပေး၍ ဖွင့်လှစ်ပြီး ဟုမ္မလင်းမြို့ပေါ်ရှိ နာဂတိုင်းရင်းသားရိုးရာအကများဖြစ်သည့် မကူရီ အမျိုးသားအက၊ အမျိုးသမီးအက၊ တန်ကွန် အမျိုးသားအက၊ အမျိုးသမီးအက၊ ပါရာအမျိုးသမီးအက၊ နာဂရိုးရာဖက်ရှင်ရှိုး၊ လူငယ်နာဂအလန်းဇယားအက၊ ခေတ်ပေါ်နာဂအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

နာဂရိုးရာ နှစ်သစ်ကူးနေ့သည် တောင်ယာ၊ လယ်ယာလုပ်ငန်းများ ပြီးစီးသည့်အချိန်ဖြစ်၍ လုပ်ငန်းအတွေ့အကြုံ ဖလှယ်ခြင်း၊ ရှေ့လာမည့်နှစ်အတွက် လုပ်ငန်းများညှိနှိုင်းခြင်း၊ လုပ်မှားကိုင်မှား အပြစ်များဝန်ခံခြင်း၊ တောင်းပန်ခြင်း၊ လာမည့်နှစ်များတွင် ဆန်ရေစပါး ပေါများအောင် ဆုတောင်းခြင်း၊ ရပ်ဝေး၊ ဆွေမျိုးများနှင့် ပြန်လည်ဆုံတွေ့နိုင်ရန် ဆုတောင်းခြင်းများ ပြုလုပ်သည့်ပွဲ‌တော်ဖြစ်ကြောင်း သိရသည်။ 

 (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကျင်းပ

လွိုင်ကော် ဇန်နဝါရီ ၁၅

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင်ကျရောက်သည့် (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဉာဏ်ထွန်းနှင့် ဒေါက်တာညွန့်ဖေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအဖွဲ့ အကြံပေးအဖွဲ့ဝင် စောဒန်နီယယ်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဦးဉာဏ်ထွန်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေးမှူးတို့က ကယားပြည်နယ်နေ့အထိမ်းအမှတ်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းက အထိမ်းအမှတ်မုခ်ဦးကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် အခမ်းအနားကို ပြည်နယ်ခန်းမ၌ဆက်လက်ကျင်းပရာ သဘာပတိအဖွဲ့ဝင်များရောက်ရှိနေရာယူပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းကို အလေးပြုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်း အမှတ်သဝဏ်လွှာကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်နေ့အထိမ်းအမှတ် နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

ဆက်လက်၍ (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုရရှိသူများ၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပြိုင်ပွဲနှင့် (၂၅) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေးမှူးတို့က ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နယ်စပ်ရေးရာဝန်ကြီးဌာနမှပေးအပ်သည့် 50 KW ဆိုလာအစုံ ၁၀၀ နှင့် ကယားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် ငွေကျပ် ၁၅၁ သိန်းတန်ဖိုးရှိ အခြေခံစားသောက်ကုန်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြန်ကြားရေးဝန်ကြီးဌာနမှပေးအပ်သည့် DTH စလောင်းအစုံ ၅၀ နှင့် Set Top Box အစုံ ၁၀၀ တို့ကိုလည်းကောင်းပေးအပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လက်ခံရယူကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်ကျင်းပသည့် ကယားရိုးရာစပါး ထောင်း၊ ကယား၊ ကယန်းရိုးရာ နပန်းအပါအဝင် ရိုးရာအားကစားပွဲများနှင့် မူကြိုကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲများတွင် ကလေးငယ်များ၊ ကျောင်းသားကျောင်းသူများနှင့် တိုင်းရင်းသားလူငယ်များ ပျော်ရွှင်စွာဝင်ရောက်ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ဆုရရှိကြသူများအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယမန်နေ့ကလည်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်နှင့် ဒေါတမရပ်ကွက်ရှိ ဘူတာလမ်းကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့တက်ရောက်ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဘူတာလမ်းကတ္တရာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲမုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍ လမ်းသစ်ကိုဖြတ်သန်းကြည့်ရှုကာ တက်ရောက်လာသော တိုင်းရင်းသားရိုးရာ အကအဖွဲ့များနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

ယင်းနောက် လွိုင်ကော်မြို့ တည်ဆောက်ဆဲသီရိမင်္ဂလာ ဈေးသစ်လုပ်ငန်းများဆောင်ရွက်နေမှု၊ လုပ်ငန်းပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်ဈေးသစ်တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ လွိုင်ကော်မြို့ ခုတင် ၅၀၀ ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆေးပဒေသာပင် ရန်ပုံငွေကျပ် ၅၅ သိန်း၊ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့်ဝန်ထမ်းများက လက်ခံရယူကြသည်။

ထို့နောက် ဖျားနာဆောင်နှင့်သားဖွားမီးယပ်ဆောင်တွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများအားကြည့်ရှုအားပေးကာ လူနာများအတွက် အာဟာရဖြည့်စွက်စာ နှင့် ချီးမြှင့်ငွေများပေးအပ်ပြီး ကျောက်ကပ်တု သန့်စင်ဌာန၊ ရောဂါရှာဖွေရေးဌာန၊ ကွန်ပျူတာဓာတ်မှန်ဌာနနှင့် ဆေးသိုလှောင်ရုံများသို့ လှည့်လည်ကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့ပေါ်ရှိ ရွှေတောင်ပရိယတ္တိ စာသင်တိုက်၌ကျင်းပသည့် ဆန်၊ ဆီ၊ ပဲ၊ ဆား စသောလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များက ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် လွိုင်ကော်မြို့အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသောသာသနိကအဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းငွေ ကျပ် သန်း ၂၃၉ ဒသမ ၀၆၀ နှင့် လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအတွက် လှူဒါန်းငွေကျပ် သိန်း ၁၅၀ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းနှင့် ဦးရွှေကြိမ်းတို့ကပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ ရွှေတောင်ပရိယတ္တိ စာသင်တိုက်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ရေကြီးမြင့်တက်ခဲ့မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေကိုလည်းကောင်း၊ ကယားပြည်နယ်နေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ဗဟိုပြခန်း၊ MSME ပြခန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ သစ်တောနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးပြခန်းများ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုပြခန်းများနှင့် ကယားရိုးရာအစားအစာနှင့် အဝတ်အထည်အရောင်းဆိုင်ပြခန်းတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

Source: Myanmar Digital News

(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်)

ချစ်ကြည်လေးစားရပါသော ကချင်ပြည်နယ်အတွင်းရှိ မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား ယနေ့ကျရောက်သည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့၏ ထူးမြတ်သည့်အခါသမယတွင် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းလုံးတွင်ရှိကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများပြည့်စုံကြပါစေကြောင်း ချစ်ကြည်ရင်းနှီးစွာ ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ရှေးနှစ်ပေါင်းများစွာကပင် စည်းလုံးညီညွတ်စွာအတူ တကွအေးအတူပူအမျှ နေထိုင်လာခဲ့သော မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံးတို့သည် တစ်မြေတည်းနေ တစ်ရေတည်းသောက် ဥမကွဲသိုက်မပျက်နေထိုင်လာခဲ့ကြသည်မှာ ယနေ့ထက်တိုင်ဖြစ်ပါသည်။

တိုင်းရင်းသားမျိုးနွယ်စုများအလိုက် စုစည်းနေထိုင်ရင်း ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံဟူ၍ ထည်ဝါစွာရပ်တည်နေထိုင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး နောက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ကချင်ပြည်နယ်ကောင်စီညီလာခံ၏ ပထမဆုံးညီလာခံ၊ ပထမဆုံးအစည်းအဝေး၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့သည်ကို ဂုဏ်ပြုသည့်အနေဖြင့် ဇန်နဝါရီလ (၁၀) ရက်နေ့ကို “ကချင်ပြည်နယ်နေ့” အဖြစ်သတ်မှတ်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် (၇၇) နှစ်မြောက် ခဲ့ပြီဖြစ်ပါသည်။

ကချင်ပြည်နယ်သည် တန်ဖိုးမဖြတ်နိုင်သော သဘာဝအရင်းအမြစ် များထွက်ရှိရာ ပြည်နယ်တစ်ခုဖြစ်သည့်အပြင် အဖိုးတန်ရတနာများ ပေါကြွယ်ဝစွာထွက်ရှိခြင်း၊ တောတောင်ရေမြေ သဘာဝကောင်းများကြောင့် သီးနှံများစိုက်ပျိုးဖြစ်ထွန်းသည့် ရေခံမြေခံကောင်းများရှိခြင်းနှင့် မြန်မာနိုင်ငံ၏ အလှပဆုံးသော ဧရာဝတီမြစ်ကြီးစတင်စီးဆင်းရာနေရာဖြစ်ခြင်းတို့ကလည်း ပြည်နယ်၏ထူးခြားသော အလှတရားကိုဖော်ပြလျက်ရှိပါသည်။ တစ်နှစ်ပတ်လုံး ဆီးနှင်းများဖုံးအုပ်လျက်ရှိသည့် ရေခဲတောင်များ၏လှပမှုနှင့် အင်းတော်ကြီးအိုင်၊ မြစ်ဆုံတို့၏ သာယာလှပမှုတို့ကလည်း ပြည်နယ်၏ထင်ရှားသောသဘာဝ အလှအပများပင်ဖြစ်ပါသည်။

ထိုကဲ့သို့သော ထူးခြားလှပသည့် သဘာဝအလှအပများနှင့်အတူ ပြည်နယ်အတွင်း ဂျိန်းဖော့၊ လာချိဒ်၊ လော်ဝေါ်၊ လီဆူ၊ ရဝမ်၊ ဇိုင်ဝါး စသည့် ကချင်မျိုးနွယ်စုများနှင့်အတူ တိုင်းလုံ၊ တိုင်းလိုင်၊ တိုင်းခမ်းတီ၊ တိုင်းဆာ၊ တိုင်းလေစသည့် ရှမ်းမျိုးနွယ်စုများ၊ ဗမာတိုင်းရင်းသားများအပြင် အခြားတိုင်းရင်းသားမျိုးနွယ်စုများအပါအဝင် လူဦးရေ (၁၅) သိန်းကျော် အတူတကွ ချစ်ကြည်ရင်းနှီးစွာဖြင့် နေထိုင်လျက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။

ကချင်ပြည်နယ်နေ့နှင့်အတူ ကချင်ရိုးရာမနောပွဲတော်ကြီးသည်လည်း ခွဲခြားမရနိုင်သော အမှတ်သင်္ကေတတစ်ခုဖြစ်ပါသည်။ မနောပွဲတော်တွင် ကချင်တိုင်းရင်းသားမျိုးနွယ်စုများ၏ ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ၊ ရိုးရာအကအလှများကို တည်ငြိမ်လှပကျက်သရေရှိလှသော တိုင်းရင်းသားဝတ်စုံများဖြင့် စုပေါင်းညီညာစွာကပြသည့် မနောအကသည် ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများ၏ စည်းလုံးညီညွတ်မှုကိုဖော်ဆောင်ကာ ပြည်နယ်အေးချမ်းသာယာမှုကို ခိုင်မြဲအောင်တည်ဆောက်ထားနိုင်သော ရိုးရာ ယဉ်ကျေးမှုတစ်ခုဖြစ်ပါသည်။

ကချင်ပြည်နယ်သည် သဘာဝကဖန်တီးပေးထားသည့် ရေခံ၊ မြေခံနှင့် သဘာဝအရင်းအမြစ်များကို လက်တွေ့အသုံးချ၍ ပြည်နယ်၏ စီးပွားရေးကဏ္ဍမြင့်တက်လာနိုင်စေရေး ဖော်ဆောင်နိုင်မည့် အခြေခံကောင်းများနှင့် ပြည့်စုံလျက်ရှိနေပါသည်။ ဒေသထွက် ကုန်ကြမ်းများမှတစ်ဆင့် ကုန်ချောအဆင့်သို့ရောက်ရှိအောင် ဆောင်ရွက်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင်ဆောင်ရွက် လာနိုင်မည်ဖြစ်ပါသည်။

ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသောကာလဖြစ်ပါသည်။ ထို့အတူ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေးတို့အတွက် ဒို့တာဝန်အရေးသုံးပါးနှင့်အညီ ကာကွယ်စောင့်ရှောက်လျက်ရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် ငြိမ်းချမ်းသာယာဝပြောသည့်အနာဂတ်ကို ရည်မှန်းလျက်ကောင်းမွန်သည့် ပစ္စုပ္ပန်ကိုတည်ဆောက်လျက်ရှိသောကြောင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများနှင့် လက်တွဲပြီးအောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ကချင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် အခြားသောကဏ္ဍများတွင် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ သဘာဝသယံဇာတအရင်းအမြစ်များကို ရေရှည် ထိန်းသိမ်းလျက် မျှတမှန်ကန်စွာခွဲဝေအသုံးချနိုင်မည့် စီးပွားရေး မူဘောင်များချမှတ်ဆောင်ရွက်ရန်နှင့် စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို လည်း အလေးထားလုပ်ဆောင်ကြရန် လိုအပ်ပါသည်။ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ အောင်မြင်စေရန်အတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် ကုန်ကြမ်းပစ္စည်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် နည်းပညာပိုင်းဆိုင်ရာများကို ဟန်ချက်ညီညီ ပြည့်စုံစွာရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သော နိုင်ငံရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဖော်ဆောင်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပဓာနကျသော နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးကို နိုင်ငံသူနိုင်ငံသားများအားလုံးက အစိုးရ၊ တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါသည်။

ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိရာ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများ လျော့နည်းပပျောက်စေပြီး ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။ သို့မှသာ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့်သာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတော်အတွက် အသက်တမျှ အရေးပါသောအချိန်ကာလဖြစ်သည့်အတွက် တိုင်းရင်းသားညီအစ်ကိုများအကြား ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားပြည်သူများအားလုံး စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံအကျိုးကို တက်ညီလက်ညီ ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းလိုပါသည်။

ယနေ့ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့နှင့် အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်များကြောင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် လုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများစွာကြုံတွေ့နေကြရပါသည်။ ထိုကဲ့သို့သော ပြည်တွင်းပြည်ပပယောဂများကြောင့် ဆင်ခြင်တွေးတောမှုကင်းမဲ့ကာ နိုင်ငံနှင့်လူမျိုးအကျိုးကို ဖျက်ဆီးနေကြသည့်လုပ်ရပ်များကို ရပ်တန့်စေပြီး မိမိတို့တိုင်းရင်းသားမျိုးနွယ်စုအားလုံးနှင့် ဗလငါးတန်ပြည့်ဝသည့် လူငယ်များအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းသာယာသော ပြည်ထောင်စုကြီးကို လက်တွဲညီညီ စည်းလုံးညီညွတ်စွာ တည်ဆောက်သွားကြရန် တိုက်တွန်းမှာကြား လိုပါသည်။

နိဂုံးချုပ်အနေဖြင့် ကချင်ပြည်နယ်မှ မိဘပြည်သူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်အတူ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးပြီး အမျိုးသားရေးစိတ်ဓာတ်မြင့်မားသည့် တိုင်းရင်းသားပြည်သူများက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ထာဝရငြိမ်းချမ်းရေး၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝမြင့်မားရေး၊ ပြည်ထောင်စုတစ်ဝန်း အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ငြိမ်းချမ်းရေးအခြေခံအုတ်မြစ်တည်ဆောက်ရာတွင် မိမိတို့ကျရာကဏ္ဍအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းပါဝင်ကြိုးပမ်းတည်ဆောက်သွားကြရန် အလေးအနက်ထားတိုက်တွန်းရင်း (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့သို့ ဤဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

Source: www.moi.gov.mm

တာချီလိတ်မြို့၌ ပဉ္စမအကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ

နေပြည်တော်     ဇန်နဝါရီ ၇

ပဉ္စမအကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လားဟူတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ လားဟူတိုင်းရင်းသားများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ပဉ္စမအကြိမ်‌မြောက် လားဟူတိုင်းရင်းသားရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက နှစ်သစ်ကူးပွဲတော် ဂုဏ်ပြုအမှာစကားနှင့် ကြိုဆိုနှုတ်ခွန်ဆက်စကားများ ပြောကြားကြသည်။

ထို့နောက် လားဟူတိုင်းရင်းသားရိုးရာ လက်ဆေးမင်္ဂလာဆောင်ရွက်ကြပြီး လားဟူတိုင်းရင်းသားများကိုယ်စား မိုင်းဆတ်လားဟူစာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

 ရန်ကုန်တိုင်းဒေသကြီး၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပ

ကရင်နှစ် ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားအလံတင်အခမ်းအနားနှင့် နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ကျင်းပသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီနာယက သီရိပျံချီ ဦးစောထွန်းအောင်မြင့်နှင့်ဇနီး၊ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောဒယ်နီရယ်နှင့်ဇနီး၊ ဒေါက်တာမောင်မောင်နိုင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများနှင့် ကရင်တိုင်းရင်းသား၊ တိုင်းရင်သူများ တက်ရောက်ကြပြီး ကရင်အမျိုးသားအလံကို လွှင့်တင်ကာ အလေးပြုကြသည်။

ထို့နောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဆက်လက်ကျင်းပရာ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဝဏ္ဏကျော်ထင် ဦးဇော်အေးမောင်၊ ဗိုလ်မှူးချုပ် စောဆန်နီနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က ဖားစည်(၉)ချက်တီးပြီး ကရင်လူငယ် (၉)ဦးက ကျွဲချိုမှုတ်၍ အခမ်းအနားဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က ကရင်နှစ်သစ်ကူး နှုတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြားရာ ကရင်မိဘဘိုးဘွားတို့၏ တစ်ခုတည်းသော အမွေအနှစ်နေ့ကြီးဖြစ်ပြီး ကရင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးသည့် ဤကရင်နှစ်သစ်ကူး နေ့ထူးနေ့မြတ်ကြီးကို ကမ္ဘာတည်သရွေ့၊ အရှည်တည်တံ့ခိုင်မြဲအောင်၊ နှစ်စဉ်နှစ်တိုင်း မပျက်မကွက်၊ အမျိုးသားရေး အနှစ်သာရ ပြည့်ဝစွာ ကျင်းပကြရန်၊ ကရင်လူမျိုးတို့၏ ကောင်းမြတ်သော အရည်အချင်းဖြစ်သည့် ရိုးသားဖြူစင်ခြင်း၊ ဖြောင့်မတ်တည်ကြည်ခြင်း၊ သစ္စာတရားကိုလေးစားခြင်း၊ ဘုရားတရားကို ဦးထိပ်ထားခြင်းတို့ကို သားစဉ်မြေးဆက်၊ ဆက်လက်ထိန်းသိမ်းကြရန်၊ ကိုယ်ကျင့်တရားကို လက်ကိုင်ထား၍ ပညာရေးကို အလေးပေးသင်ယူပြီး အလုပ်ကို စည်းကမ်းတကျ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားအားထုတ် လုပ်ကိုင်ကြရန်၊ မိမိနိုင်ငံ အချုပ်အခြာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်ထောင်စုမပြိုကွဲရေးသည် တိုင်းရင်းသားအားလုံး၏ မွေးရာပါတာဝန်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင်၊ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း၊ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့်သာ ရေရည်အဓွန့်ရှည် အောင်မြင်နိုင်မည်ဆိုသည့်အချက်ကို အမြဲရင်ဝယ်ပိုက်ထားကြရန်၊ ကရင်အမျိုးသားအားလုံး၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ရင်း၊ အေးချမ်းသာယာတည်ငြိမ်၍ ညီညွတ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ရှိရန် တက်ညီလက်ညီ ကြိုးပမ်းပါဝင်ဆောင်ရွက်ကြရန်၊ တိုင်းရင်းသား ပြည်သူအားလုံး စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံ့အကျိုးကို တက်ညီလက်ညီဆောင်ရွက်ကြရန်၊ မိမိတို့ကရင်လူမျိုးများ၏ ခေတ်အဆက်ဆက် အမြတ်တနိုးတန်ဖိုးထားခဲ့ကြသည့် ကရင်ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြစ်သော ကရင်လူမျိုးတို့၏ ဘာသာစကား၊ စာပေ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို “မျိုးချစ်စိတ်ဓာတ်” ဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရန်၊ ကရင်လူမျိုးတို့၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ညီအစ်ကိုတိုင်းရင်းသားများနှင့် အတူတကွ လက်တွဲဆောင်ရွက်၍ “ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး”ကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့်၊ တက်ညီလက်ညီ ကြိုးပမ်းတည်ဆောက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ကရင်တိုင်းရင်းသားတို့၏ နှစ်သစ်ကူးနေ့အခမ်းအနားမျိုးကဲ့သို့ ကျန်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့်လည်း မိမိတို့လူမျိုးများ တည်တံ့နေစေရန်အတွက် မိမိတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုများကို မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းကြပါရန်၊ မိမိတို့တိုင်းရင်းသားအချင်း ဥမကွဲသိုက်မပျက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်စည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် မိမိတို့တိုင်းပြည် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြရန် ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ကရင်အမျိုးသားနှစ်သစ်ကူးနေ့အကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ပဲခူးရိုးမတောင်ပေါ်နေ ကရင်လူမျိုးများ၏ ကရင်ရိုးရာ အိုးစည်အက၊ ကွမ်းခြံကုန်းမြို့နယ် ကရင်ရိုးရာဒုံးအက၊ မှော်ဘီမြို့နယ် ကရင်ရိုးရာဝါးညှပ်အက၊ မှော်ဘီမြို့နယ် ကရင်ရိုးရာကြိုးကျစ်အက၊ ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့နယ် ရှားလဖလုံ(လူပျိုကြီးဒုံး)အကနှင့် မှော်ဘီမြို့နယ် ကရင်ရိုးရာဒုံးအကဖြင့်တို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့က ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၁၅၀ ကို ပေးအပ်ချီးမြှင့်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများဖြစ်ကြသည့် ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲနှင့် လက်ဝှေ့ထိုးပြိုင်ပွဲများကို လှည့်လည်ကြည်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။