မြန်မာလူမျိုးတို့၏ သီတင်းကျွတ်လပြည့်နေ့သည် နေ့ထူးနေ့မြတ်ဖြစ်သလို အဘိဓမ္မာအခါတော်နေ့လည်း ဖြစ်ပါသည်။ သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်းသံဃာတော်တို့ သည် ပဝါရဏာပြုပွဲများ ကျင်းပကြသည်။ မြန်မာဗုဒ္ဓဘာသာဓလေ့အတိုင်း မွန်မြတ်သော စိတ်နေသဘောထားဖြင့် ဂါရဝေါစ၊ နိဝါတောစ တရားကြီးမားပုံကို ပြသသောအနေဖြင့် ဘိုးဘွား၊ မိဘ၊ ဆရာသမားများကို ပူဇော်ဂါရဝပြုလေ့ရှိကြသည်။
လွန်းပိုးအိမ်