တာဆွတ်တိန်း
“တာဆွတ်တိန်း” ကူးတို့ဆိပ်သည် နမ့်တိန်းချောင်းနှင့် သံလွင်မြစ်တို့ ဆုံရပ်ဖြစ်၏။

နမ့်တိန်းချောင်းသည် လင်းခေးမြို့နယ်ကို ဖြတ်သန်းစီးဆင်း၍ တာဆွတ်တိန်းဆိုသော အရပ်၌ “သံလွင်မြစ်” အတွင်းသို့ စီးဝင်ပါသည်။ နမ့်တိန်းချောင်းရေတို့သည် အဝါရောင်ဖြစ်ပြီး သံလွင်မြစ် ရေသည် အဖြူရောင်ဖြစ်၏။ အဝါရောင်နှင့် အဖြူရောင်ရေအလျင်တို့သည် စတင်တွေ့ဆုံ ရာအရပ်၌ အရောင်တစ်ကန့်စီ ကွဲနေကြသေး၏။ သို့သော် ထိုချောင်းရေနှင့် မြစ်ရေတို့သည် တစ်မိုင်ခန့် အရောက် တွင် တစ်ပေါင်းတည်း ပေါင်းစည်းသွားပြီး အေးချမ်းခြင်းသင်္ကေတအဖြစ် တငြိမ့်ငြိမ့်နှင့် ကြည်လင် တောက်ပစွာ တစ်ရောင်တည်းတစ်သွေးတစ်သားတည်း ဆက်လက်စီးဆင်း သွားလေ၏။ ပြည်ထောင်စု မြစ်တစ်စင်းသည် ရှမ်းပြည်နယ်မှ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့အား ဖြတ်သန်း လျက် မုတ္တမပင်လယ်ကွေ့သို့ စီးဝင်ကြပေလိမ့်မည်။
၁၉၈၃ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်၏ တစ်ရက်တွင် ထိုတာဆိတ်တိန်း ကူးတို့ဆိပ်၌ တစ်ညတာ စခန်းချ ရပ်နားခဲ့ဖူးပါသည်။ အရှေ့အနောက် တောင်မတ်မတ်တို့ ဝန်းရံနေသော သဲသောင် ပြင်၌ ချောင်းရေနှင့် မြစ်ရေပူးပေါင်းသံ တဝုန်းဝုန်း၊ သံလွင်မြစ်ရေစီးသံ၊ တောတောင်တို့၏ သစ်ရွက် လှုပ်ခတ်သံ၊ သားကောင်ကြီးငယ်တို့၏ပြေးလွှားအော်မည်သံတို့ကို ဂီတသံစဉ်အဖြစ် ခံစားခဲ့ရသည်ကို အမှတ်ရနေဆဲဖြစ်၏။ စာရေးသူပါဝင်သော တပ်မတော်စစ်ကြောင်းသည် မိုးနဲ၊ လင်းခေးနှင့် မောက် မယ်နယ်မြေမှ ဆီဆိုင်နယ်မြေများအတွင်းသို့ နယ်မြေစိုးမိုးရေးတာဝန်ဖြင့် လှုပ်ရှား ချီတက်ခဲ့ကြခြင်း ဖြစ်ပါသည်။ စစ်ကြောင်းသည် ညအိပ်ပြီးနောက်တစ်ရက် ဖေဖော်ဝါရီနေပူကျဲကျဲ တွင် သံလွင်ကမ်းခြေမှ “လွယ်မောတောင်ကြော”၏ မတ်စောက်မြင့်မားသော တောင်နံရံတို့ကို စတက်ရင်း ခရီးပြင်းနှင်ခဲ့ကြ ရပြန်သည်။
ပေ ၇၀၀၀ ကျော်ခန့်မြင့်သောတောင်ကြောသို့ တစ်ခါတစ်ရံ ၄၅ ဒီဂရီ တစ်ခါတစ်ရံ ၆၀ ဒီဂရီ ခန့် အစောင်းရှိသော တောင်စောင်းတစ်လျှောက် တက်ကြရ၏။ အတက်ကြမ်းလေစွ။ တစ်ခါတစ်ရံ ခပ်ပြေ ပြေ လျှောက်ကြရ၏။ လမ်းတစ်လျှောက် လေတိုက်လိုက်တိုင်း လေနှင့်အတူ ဝေ့ဝေ့ဝဲဝဲပြန့် ကြဲနေသော ရွက်ကြွေတို့ကို နင်းလျှောက်ရ၏။ တဖြည်းဖြည်းမြင့်တက်လာသည်နှင့်အမျှ သံလွင်မြစ် သည် မြင်ကွင်းမှ ပျောက်ကွယ်ခဲ့လေပြီ။ ကျေးရွာမရှိ၊ ရေမရှိ၊ လူသွားလမ်းကြောင်းသာရှိ၏။ ထင်းရှုး တောတို့က မြင့်မား စိမ်းလန်း နေလေ၏။ ထင်းရှုးရွက်လေတိုးသံ တရှဲရှဲ၊ ထင်းရှုးသီးတို့ ကြွေကျသံ တဘုတ်ဘုတ်တို့ ခံစားရင်း ကျောက်တောင်၊ ကျောက်တုံး တောင်စွန်းများ ပြည့်နှက်နေသောအကွေ့ အကောက်များနှင့် မတ်စောက်ပြီး ကျဉ်းမြောင်းလွန်းလှသည့် တောင်ကြောတို့ကို ဖြတ်သန်းရ၏။
ထိုနေ့ နံနက်ပိုင်း ၁၀ နာရီခန့်မှစ၍ တောင်ကြောသို့တက်ခဲ့ရာ ည ၁၀ နာရီ ခန့်မှ တောင်ကြော ပေါ်သို့ရောက်တော့၏။ စခန်းချကြသည်။ ညစာငတ်၏။ ရေပြတ်၏။ စစ်သည်တော်တို့ ရေဆာသော ဒဏ်ကို တစ်ညလုံး အလူးအလဲခံရ၏။ မိမိတံတွေး မိမိတို့မျိုချကြရ၏။ နောက်တစ်နေ့ တောင်ကြော ပေါ်မှတောင်အောက်သို့ ဆင်းရပြန်၏။ ထိုထင်းရှုးတောလမ်းဘေးကနေ အောက်ဘက် တောင်ခြေ ရှုခင်း လယ်ကွင်းတွေရှိသောလွင်ပြင်တစ်ချို့ကို လှမ်း၍မြင်ရ၏။ သာယာအေးချမ်းသည့် မြင်ကွင်းများပင်ဖြစ် ပေ၏။ နံနက် ၁၁ နာရီကျော်ခန့်တွင် တောငှက်ပျောတော တစ်အုပ်ကို ဖြတ်သန်းရ၏။ ရေဆာနေသော စစ်သည်တော်တို့သည် ငှက်ပျောပင်ကိုခုတ်ကြ၍ ငှက်ပျောအူတိုင်ကို ရေဆာပြေစုပ်ကြ၏။ အနီးအနား ရှိ ရွှံ့အိုင်ထဲမှ ပိုးမွှားများပြည့်နေသည့် ရေနောက်နောက်တို့ကိုလည်း အငမ်းမရ လက်ခုပ်ဖြင့်ယူ၍ သောက်ကြရ၏။
ဤသို့ မဲနယ်တောင်တန်းများ၏ မှတ်မှတ်ရရ စတင်ကြိုဆိုမှုအား တစ်ဘဝစာ မမေ့နိုင်ခဲ့ပေ။ တောင်တက်ခရီး သွားဖူးသမျှထဲမှာ အပင်ပန်းဆုံးဖြစ်ခဲ့သည်။ သို့သော် ပြန်လည်စိတ်ကူးမိလေတိုင်း ထည် ဝါလှသည့် မဲနယ်တောင်တန်း၏ သင်းပျံ့သည့်ရနံ့ကို ခံစားရပြန်ပါသည်။ ပျင်းရိခြောက်သွေ့ သော နွေရက်တို့သည် တောင်တန်းများကြောင့် ပိုမိုခမ်းနားခဲ့သည်ဟုလည်း ထင်မိပြန်သည်။
“တောင်စွယ်တန်းတန်း၊ တောလမ်းကွေ့ကွေ့
တက်လမ်း မတ်မတ်၊ ဆင်းလမ်း စောက်စောက်
ကျောက်လမ်းကျဉ်းကျဉ်း၊ လှရှုခင်းနှင့်
သည်ထင်းရူးတော၊ မြစိမ်းကြောမှ
မတ်စောက်မြင့်ခေါင်၊ အို....... မဲနယ်တောင်
ပြာမှောင်မည်းဘိ၊ ထည်လွန်းဘိလည်း
အဆင်းလည်းမမှု၊ အမြင့်လည်းမကြောက်
ငါတို့လက်မမြှောက်၊
ဒူးမထောက်ခဲ့.......” ဟု ရင့်ကြူးမိခဲ့ပါသေးသည်။
မဲနယ်တောင်တန်း
ကျွန်တော်တို့ဖြတ်သန်းခဲ့ကြသည့် “လွယ်မောတောင်တန်း” သည် မိုင် ၃၀ ခန့် ရှည်လျား၏။ လွယ်မောတောင်တန်းနှင့် မဲနယ်တောင်တန်းတို့သည် တစ်ဆက်တစ်စပ်တည်းတည်ရှိ၏။ မဲနယ်တောင် တန်းသည် ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်ဧရိယာအတွင်း တည်ရှိပါသည်။ တောင်မြောက် သွယ်တန်း လျက်ရှိ၏။ အလျား ၃၀ မိုင်ခန့်၊ အနံ ၁၂ မိုင်ခန့်နှင့် အမြင့်ပေ ၇၀၀၀ ခန့် ရှိလေသည်။ တောင်ဇလပ် ပန်းများပွင့်သည့် အမြင့်ပေ ၈၂၆၃ ပေရှိ လွယ်မိုင်းတောင်သည် အမြင့်ဆုံးဖြစ်ပါသည်။
မဲနယ်တောင်ဝန်းကျင်၌ ဖက်ရမ်းကျေးရွာအုပ်စု၊ စံဖူးကျေးရွာအုပ်စု၊ နောင်လိုင်ကျေးရွာ အုပ်စုနှင့် နားခိုက်ကျေးရွာအုပ်စု စသည့် ကျေးရွာ အုပ်စု ၄ စု ရှိပါသည်။ ပအိုဝ်းလူမျိုးများ နေထိုင် ကြပြီး ကျေးရွာပေါင်း ၅၈ ရွာ၊ အိမ်ခြေပေါင်း ၄၉၂၂ အိမ်နှင့် လူဦးရေ ၂၆၀၀၀ နီးပါး နေထိုင် ကြလေသည်။
မြင့်မားသော တောင်တန်း၊ တောင်သွယ်၊ တောင်လက်မောင်းများဖြင့် ဆောင်းတွင်းကာလမှာ အအေးဒဏ်လွန်ကဲသည့် ရာသီဥတုရှိလေသည်။ ဆောင်းတွင်းဖြစ်သော်လည်း မိုးက ရွာချတတ်ပြန် သေးသည်။ သို့သော် သဘာဝတောင်တန်း၊ သစ်တော အလှအပများ၊ ရိုးသားမှုအပြည့်နှင့် ရွာလေး များဖြင့် အေးချမ်းသာယာလှပသော ဒေသတစ်ခုဟု ဆိုရပေမည်။
လက်နက်ကိုင်လမ်းစဉ်၏ဆိုးကျိုး
ဤဒေသသည် တစ်ချိန်က ဘိန်းခင်းများစွာ ရှိခဲ့ဖူးသော ဒေသဖြစ်ခဲ့၏။
ဤဒေသ၌ စစ်ပွဲတို့၏ အနိဌာရုံဖြစ်သော-
တိုက်ပွဲတို့၏ ပစ်ခတ်သံများ၊ ပေါက်ကွဲသံများ
ဒဏ်ရာရသူတို့၏ ငြီးတွားသံများ၊ အောင်ပွဲရသူတို့၏ ကြိမ်းဝါးသံများ၊
ဆုံးရှုံးသူတို့၏ ကြေကွဲသံများ၊ ဒေသခံများ၏ အပူမီးများသည် မဲနယ်တောင်တန်းဒေသ ရင်ခွင်တွင် ပဲ့တင်ထပ်ခဲ့ဖူးပါသည်။
တာဆွတ်တိန်းကူးတို့ဆိပ်နှင့် နောင်ထော်ရွာ(Nawngtaw)သည် ၄၅ မိုင်ခန့် ကွာဝေးပါသည်။ စာရေးသူတို့စစ်ကြောင်းသည် ဆီဆိုင်နယ်မြေတွင်လှုပ်ရှားရင်း ၁၉၈၃ ခုနှစ် မတ်လ၂ ရက် တောင်သူ လယ်သမားနေ့၌ ပွန်ချောင်းအရှေ့ခြမ်း ကဒူးကြီး၊ ကဒူးလေးဒေသ ဦးတာကလယ်၏ မွေးရပ်မြေ ဖြစ်သော “နောင်ထော်” ရွာအဝင် ပွန်ချောင်းအတက် ကွမ်းသီးတော၌ ညတိုက်ပွဲ ပြင်းထန်စွာဖြစ် ခဲ့ဖူးပါသည်။
ဟဲဟိုးအခြေစိုက် ခြေမြန်တပ်ရင်းနှင့် ဦးတာကလယ်၏ ရလလဖ(အနီ)၊ သံလွင်မြစ်အရှေ့ ခြမ်းရှိ ဗကပ ကော်(၈၁၅) တိုက်ခိုက်ရေးတပ်တို့ ပူးပေါင်းထားသောတပ်များ၏ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပါသည်။ ရန်သူသည် မိမိတို့ထက်အင်အား ၂ ဆခန့် သာပါသည်။
ထိုထိတွေ့မှုတွင်တပ်မတော်သားအချို့သည်
နိုင်ငံတော်၏ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်ရင်း
အသက်ခန္ဓာစွန့်လွှတ်ခဲ့ရသည်။ အချို့ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
စစ်ပွဲဆိုသည်မှာ ပန်းနှင့်ပေါက်တာ မဟုတ်
ခဲတံနှင့်ရေးခြစ်ခြင်းမဟုတ်သည့်အတွက်
တစ်ဖက်အဖွဲ့များသည်လည်း ထိခိုက်ဒဏ်ရာရကျဆုံးမှု များစွာရှိခဲ့လေသည်။
“စစ်” ကြောင့် နိုင်ငံတော်၏အနာဂတ် အပင်၊ အရွက်၊ အသီးတို့ ကြွေခဲ့ကြရသည်။
နယ်ချဲ့တို့၏ အမွေဆိုးများဟုပင် ဆိုရပေမည်။
သူတို့သည် တောင်ပေါ် မြေပြန့် သွေးခွဲအုပ်ချုပ်ခဲ့ကြသည်။
ဒေသတစ်ခုနှင့်တစ်ခုမတူညီသော အုပ်ချုပ်ပုံ စနစ်များကျင့်သုံးခဲ့ကြသည်။
ဘိန်းစိုက်ပျိုးခြင်းကို နည်းလမ်းပြခဲ့သည်။
ထိုအမွေဆိုးကို “ဗကပ”က ဆက်ကျင့်သုံးသည်။
တိုင်းရင်းသားများအား ဘိန်းစိုက်ခိုင်းပြီး လက်နက်ကိုင် ဩဇာခံများကို မူးယစ်ဆေးဝါး
ရောင်းဝယ်ခြင်းလုပ်ငန်းဖြင့် ရှင်သန်ရပ်တည်စေခဲ့သည်။
ထိုသည်ကို ကြိုက်သည့်အဖွဲ့အစည်းများရှိသလို မကြိုက်သည့်အဖွဲ့အစည်းများလည်း
ရှိသောအခါ အဖွဲ့ခွဲတွေ ပေါ်ပေါက်လာတော့သည်။
အချင်းချင်းတိုက်ခိုက်ကြတော့သည်။
နယ်မြေမအေးချမ်းမှုများနှင့်အတူ ထိုနယ်စပ်ဒေသများသည်
ဖွံ့ဖြိုးမှု များစွာနောက်ကျခဲ့ရလေပြီ။
တရားဥပဒေဘောင်အတွင်းသို့
လက်နက်ကိုင်လမ်းစဉ်နှင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဟူသည့် ရှင်သန်မှုနှစ်ခုသည် ဆန့်ကျင် ဘက်ခြားနားကြောင်း သိရှိလာသည့် တိုင်းရင်းသားအဖွဲ့အစည်းများသည် ၁၉၈၉ ခုနှစ်မှစ၍ တရား ဥပဒေဘောင်အတွင်းသို့ စတင်ဝင်ရောက်ခဲ့လေသည်။
“နာကြည်းမှုတွေကို မေ့ပစ်ပါ။ ကြင်နာမှုတွေကိုတော့ မမေ့ပါနှင့်” ဟူသောဆိုစကားအတိုင်း အတိတ်အကြောင်းတွေ ခဏဘေးဖယ်ထားပြီး အနာဂတ်အတွက် ဆွေးနွေးခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းကြောင်းမှန်ပင် ဖြစ်ပါသည်။
နိုင်ငံတော်သည် ထိုအချိန်မှစ၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စတင်အကောင်အထည် ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။
ဤတွင် အင်းလေး၊ ပင်လောင်း၊ ဆီဆိုင်၊ ကျောက်တန်း၊ မဲနယ်တောင်တန်းနှင့် ဟိုပုံးမြောက် ခြမ်းဒေသတွင်လှုပ်ရှားခဲ့သော ဦးအောင်ခမ်းထီ၏ PNO (Pa-O National Organization) အဖွဲ့သည် ၁၈- ၂- ၁၉၉၁ တွင် တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ပါသည်။
ထို့နောက် ပွန်ချောင်းအရှေ့ခြမ်း ကဒူးကြီး- ကဒူးလေး၊ မဲနယ်တောင်ကြောနှင့် ဟိုနမ့်ဒေသ တွင် အဓိကလှုပ်ရှားခဲ့သူ ဦးတာကလယ်၏ “ရလလဖ” အဖွဲ့သည်လည်း ၉- ၁၀- ၁၉၉၄ တွင် တရားဥပဒေ ဘောင်အတွင်း ထပ်မံဝင်ရောက်လာပါတော့သည်။
နိုင်ငံတော်သည် အပစ်အခတ်ရပ်စဲရေး ရယူသဘောတူညီပြီးနောက် “ရလလဖ” အဖွဲ့ အခြေ ပြုသည့် ဒေသအား ရှမ်းပြည်နယ်တောင်ပိုင်းအထူးဒေသ (၁၃) အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း
ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား နိုင်ငံတော်က နွေးထွေးစွာ ကြိုဆိုခဲ့ပါသည်။
လက်နက်ကိုင်အဖွဲ့အစည်းများအတွက် အထူးဒေသများ သတ်မှတ်ပေးခဲ့ပြီးဒေသဖွံ့ဖြိုးရေးအ တွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ အပစ်အခတ်ရပ်တန့်ပေးရန် အချိန်ကာလများကို သဘောတူညီ ချက်များပေးခဲ့သည်။ ရပ်တည်ရေးအတွက် ရိက္ခာ၊ ငွေကြေး ထောက်ပံ့ပေးခြင်းများ၊ လိုအပ်သော ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ ချက်ခြင်း ဆောင်ရွက်ပေးခဲ့ပါသည်။
လမ်း/တံတား၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ ပြည်သူ့ဆက်ဆံရေး၊ သတ္တုတူးဖော်ထုတ်လုပ်ရေး၊ ဆက်သွယ်ရေး၊ အိမ်ရာဆောက်လုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေး၊ စာရင်းစစ်ဆေးရေး၊ သာသနာရေး၊ ပြည်ထဲရေး၊ လူမှုဝန်ထမ်းနှင့် သမဝါယမလုပ်ငန်း ကော်မတီ စသည့်လုပ်ငန်းကော်မတီ ၁၈ ရပ်ကို ဖွဲ့စည်းကာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်ပေး နိုင်ခဲ့ပါသည်။
ဆိုရသော် ထိုအချိန်ကာလများကစ၍ မဲနယ်တောင်အရှေ့ခြမ်းနှင့် အနောက်ခြမ်းဒေသများ အားလုံး၊ မြောက်ပိုင်းက ဟိုပုံး၊ ကျောက်တန်း ၊ လက်သဲ့ဒေသများပါမကျန် ပွန်ချောင်း၏ အရှေ့ဘက်က မိုးနဲ၊ မောက်မယ်၊ ကျိုင်းတောင်း၊ ကျိုင်းခမ်း၊ ကဒူးကြီး၊ ကဒူးလေးဒေသများ၊ ဆီဆိုင်၊ ပင်လောင်း နှင့် တီကျစ်၊ နောင်တရားဒေသများအပါအဝင် နေရာဒေသအားလုံး တည်ငြိမ်အေးချမ်းခဲ့သည်။ နိုင်ငံတော် မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
မဲနယ်တောင်တန်းကြီးပေါ်သို့ ဖြာဆင်းလာသော ငြိမ်းချမ်းရေးရောင်ခြည်သည် ပအိုဝ်းဒေသ များအားလုံးကို အေးမြစေခဲ့သည်၊ ဖွံ့ဖြိုးတိုးတက်စေခဲ့သည်မှာ အငြင်းပွားဖွယ်ရာ မရှိပေ။
နယ်စပ်ရေးရာဝန်ကြီးဌာန
၂၄- ၉- ၁၉၉၂ တွင် စတင်ဖွဲ့စည်းသန္ဓေတည်ခဲ့ပြီး နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နှင့် နယ်စပ်ဒေသရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထား အကောင် အထည်ဖော်ဆောင်ရွက်ပေးနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာနသည် “မဲနယ်တောင်တန်းနှင့် ပွန် ချောင်းဒေသ”တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ မြေသားလမ်း ၆၃ မိုင်၊ ကျောက်လမ်း ၄၇ မိုင် ၇ ဖာလုံ၊ ကတ္တရာလမ်း ၅ မိုင် ၄ ဖာလုံ၊ ကွန်ကရစ် တံတား ၃ စင်း၊ မီးလင်း ရေးလုပ်ငန်း ၁ ခု တို့အား စုစုပေါင်းရန်ပုံငွေ ၃၆၄၄ ဒသမ ၀၄၁ သန်းဖြင့် ဆောင်ရွက်ပေးနိုင် ခဲ့ပါသည်။
၁၉၈၉- ၁၉၉၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတစ်ခုလုံး ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ဆိုလျှင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ လမ်း တံတားလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ အိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ လူမှု ဝန်ထမ်းနှင့် သမဝါယမလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်း၊ ပြည်ထဲရေးဆိုင်ရာလုပ်ငန်း၊ သာသနာရေးလုပ်ငန်း၊ အထွေထွေလုပ်ငန်း၊ ငြိမ်းချမ်းရေး လုပ်ငန်းများ၊ ထောက်ပံ့ငွေအသုံးစရိတ်များ၊ မူးယစ်အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းများနှင့် သဘာဝဘေး လုပ်ငန်းများ စသည့်ဖွံ့ဖြိုးရေး ကဏ္ဍအသီးသီးအတွက် စုစုပေါင်းခွင့်ပြုရန်ပုံငွေ ကျပ် ၄၉၇၀၄ ဒသမ ၅ သန်းဖြင့် ဒေသခံများ၏လိုအပ်ချက်အား ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင် ခဲ့ပြီးဖြစ်ပါသည်။
ထို့ကြောင့်...
မဲနယ်တောင်တန်းဒေသတွင်
မြေလမ်းများ၊ ကျောက်လမ်းများ ကတ္တရာလမ်းများ၊ တံတားများ၊
Box Culvert များဖြင့် သွားရေးလာရေးဖြောင့်ဖြူးခဲ့ပေပြီ၊
ခရီးသွားလုပ်ငန်းများလည်း အတန်အသင့် ဖွံ့ဖြိုးခဲ့လေပြီ။
လမ်းပန်းဆက်သွယ်ရေး တိုးတက်ခိုင်မာလာသည်နှင့်အမျှ
ထောပတ်၊ သနပ်ဖက်၊ ကော်ဖီ တို့အား စီးပွားဖြစ်စိုက်ပျိုးနိုင်၍ ဝင်ငွေတိုးခဲ့ကြလေပြီ၊
ကျေးရွာများတွင် ဆိုလာမီး၊ လျှပ်စစ်မီးများဖြင့် အလင်းရောင်များထိန်ထိန်ညီးခဲ့ပေပြီ၊
သောက်ရေသုံးရေများ ပေါကြွယ်ခဲ့ပေပြီ။
စာသင်ကျောင်းများမှ ကလေးငယ်တို့၏ စာအံသံများလွင့်ပျံ့နေပေပြီ၊
သာသနာရေးရောင်ခြည်သည်လည်း ပိုမိုထွန်းလင်းတောက်ပခဲ့နေလေပြီ။
ဒေသခံများ၏ အပြုံးပန်းများနှင့်အတူ ရာသီအလိုက်ပွဲတော်များမှ
“အိုးစည်သံ၊ မောင်းသံ” ဗေထုံညံတို့သည်လည်း
ဖွံ့ဖြိုးလှပနေသော မဲနယ်တောင်တန်းအနှံ့ ပျံ့နှံ့စည်ဝေခဲ့လေပြီ။

ရင်ထဲက မော်ဖဒေသ ကျွန်တော့်ဘဝမှာ နေရာဒေသတစ်ခုကို နှစ်ကြိမ်နှစ်ခါ ပြန်လည်၍ ရောက်တာမျိုး ကြုံရတတ်ပါသည်။ နတလ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၃ နှစ်တာ ကာလအတွင်း မှာလည်း နှစ်ကြိမ်နှစ်ခေါက် ပြန်လည်ရောက်ခဲ့သည့် မြို့ရွာဒေသများ ရှိခဲ့ပါသည်။ အချို့နေရာများ ကတော့ဖြင့် နှစ်ကြိမ်နှစ်ခါမက မကြာခဏ ရောက်ခွင့်ကြုံခဲ့သည်။ ထိုကဲ့သို့ ရောက်ခွင့်ကြုံသော မြို့ရွာဒေသများကအပြန်၊ နယ်စပ်ဖွံ့ဖြိုးရေးဆိုင်ရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုင်ရာ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်းပါးများရေးတော့မည်ဆိုလျှင် ငယ်စဉ်က ကြည့်ရှုခဲ့ရသည့် ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား၏အမည်က ခေါင်းထဲမှာ အလိုလို ပေါ်လာပါတော့သည်။ ဒါရိုက်တာကြီး အဘ ဦးတ
ရင်ထဲက မော်ဖဒေသ ကျွန်တော့်ဘဝမှာ နေရာဒေသတစ်ခုကို နှစ်ကြိမ်နှစ်ခါ ပြန်လည်၍ ရောက်တာမျိုး ကြုံရတတ်ပါသည်။ နတလ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၃ နှစ်တာ ကာလအတွင်း မှာလည်း နှစ်ကြိမ်နှစ်ခေါက် ပြန်လည်ရောက်ခဲ့သည့် မြို့ရွာဒေသများ ရှိခဲ့ပါသည်။ အချို့နေရာများ ကတော့ဖြင့် နှစ်ကြိမ်နှစ်ခါမက မကြာခဏ ရောက်ခွင့်ကြုံခဲ့သည်။ ထိုကဲ့သို့ ရောက်ခွင့်ကြုံသော မြို့ရွာဒေသများကအပြန်၊ နယ်စပ်ဖွံ့ဖြိုးရေးဆိုင်ရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုင်ရာ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်းပါးများရေးတော့မည်ဆိုလျှင် ငယ်စဉ်က ကြည့်ရှုခဲ့ရသည့် ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား၏အမည်က ခေါင်းထဲမှာ အလိုလို ပေါ်လာပါတော့သည်။ ဒါရိုက်တာကြီး အဘ ဦးတင်ယု ရိုက်ကူးခဲ့သော “မေတ္တာဘုံသို့ နှစ်ခေါက်လေ” ဇာတ်ကား၊ ရုပ်ရှင်မင်းသားက ဦးဇော်ဝမ်း၊ မင်းသမီးက အကယ်ဒမီဒေါ်တင်တင်ညို ထင်ပါသည်။ ထိုဇာတ်ကား အမည်ကို သဘောကျသဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုမိန်းဒေသမှ အပြန်တွင် ဟိုမိန်းမြို့သို့ နှစ်ခေါက် လေဟူ၍ လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့အသွား ခန္တီးနှင့် လဟယ် အကြားက အမြင့်ပေ ၄၉၉၇ ပေရှိ ထိန်ညိုတောင်အား ဖြတ်ကျော်ခဲ့ရသည်ကို အကြောင်းပြု၍ ထိန်ညိုတောင်သို့ နှစ်ခေါက်လေဟူ၍ လည်းကောင်း အမည်ပေးကာ ဆောင်းပါးများ ရေးခဲ့ဖူးပါသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ရေချမ်းပြင် ကူးတို့ဆိပ်မှတစ်ဆင့် ပင်လယ်ဝကိုဖြတ်ပြီး အငူမော် ဆိပ်ကမ်းသို့ စက်လှေဖြင့်ကူးကာ ထိုမှမော်တော်ယာဉ်ဖြင့် အငူမော်-မောင်တောလမ်းအတိုင်း မောင်းသွားလျှင်၂၄ မိုင် သာသာလောက်မှာ ကျောက်ပန္ဒုဟုအမည်ရသည့် ကျေးရွာလေးကို ရောက်ပါသည်။ ပင်လယ်ကမ်းစပ် အနီးမှာ ဆေးတံခေါင်းကြီးသဖွယ် ကျောက်တုံးကြီး တည်ရှိနေသောကြောင့် ကျောက်ပန္ဒုဟု ခေါ်ခြင်း ဖြစ်ကြောင်းသိရ၏။ ထိုရွာလေးမှာ ဒေသခံ ရခိုင်၊ မြို၊ ခမီ တိုင်းရင်းသားများအတွက် နေအိမ်များ ဆောက်ပေးခဲ့ရသည်။ ယင်းဒေသမှအပြန် ကျွန်တော်ဆောင်းပါးတစ်ပုဒ် ရေးလိုက်သောအခါ ပေးလိုက်မိသည့် ခေါင်းစဉ်က ကျောက်ပန္ဒုသို့ နှစ်ခေါက်လေ ဟူ၍----------။
ယခုလည်း ကျွန်တော် တင်ပြမည့် မက်မန်းမြို့လေးနှင့် ပတ်သက်၍ သည်ခေါင်းစဉ်ကိုပဲ ရွေးမိသည်။ ဝန်ထမ်းဘဝ အငြိမ်းစားယူခါနီး ၂၀၁၈ ခုနှစ်ထဲမှာ မက်မန်းကို ပထမအကြိမ် ရောက်ဖြစ်ခဲ့သည်။ ၄ နှစ်ခန့်အကြာ ပြန်လည်ရောက်ခဲ့သည့် ယခုခရီးစဉ်ကမူ ကျွန်တော့်ရင်ထဲက ပြင်းပြသော ဆန္ဒတစ်ခုကို အကြောင်းပြု၍ ရောက်ခဲ့သည်ဟု ပြောရမည်သာ။ စင်စစ်သော်ကား ထိုဒေသတွင် တာဝန်ထမ်းဆောင်ဖူးသော ဝန်ထမ်းများ၊ တပ်မတော်သားများအနေဖြင့် မက်မန်း မြို့လေးကိုလည်းကောင်း၊ မော်ဖဒေသကိုလည်းကောင်း လွမ်းမောတသ အမှတ်ရနေကြပါလိမ့်မည်။ ကျွန်တော်သည်ပင်လျှင် တပ်မတော်သားဘဝဖြင့် မော်ဖဒေသသို့မရောက်ခဲ့သော်ငြားလည်း ၁၉၉၅ ခုနှစ် နတလဝန်ထမ်းဘဝ စသည်နှင့် မော်ဖဒေသက ရင်ထဲသို့ တိုးဝှေ့ဝင်ရောက်လာပါတော့သည်။ မော်ဖ ဒေသသည် နှစ်ပေါင်း ၂၀ နီးပါးမျှ ဗကပတို့၏ ဝင်ရောက်ကြီးစိုး ချယ်လှယ်မှုကို ခံခဲ့ကြရသည်။ အစိုးရအုပ်ချုပ်မှုယန္တရား လက်လှမ်းမမီသော အရပ်ဒေသများဖြစ်၍ ဆင်းရဲနွမ်းပါးမှုနှင့်အတူ အစစ အရာရာ နိမ့်ကျခဲ့ရသည်။ တပ်မတော်က မင်းရန်အောင် စစ်ဆင်ရေးဖြင့် ဆင်နွှဲခဲ့သော ပွိုင့် ၅၇၁၀ ၊ ပွိုင့် ၆၀၂၈ ၊ လွယ်ဟိုလာ တိုက်ပွဲကြီးများအကြောင်းကို ပြန်လည်ကြားသိရသည်။ ၁၉၈၉ ခုနှစ်တွင် ကိုးကန့် ၊ ‘ဝ’ ၊ မိုင်းလား အထူးဒေသ-၄ အဖွဲ့များ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာကြ သောအခါ မော်ဖဒေသသည်လည်း ငြိမ်းချမ်းခြင်းနှင့်အတူ နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများ၏ အသီးအပွင့် များကို ခံစားခွင့်ရရှိသောဒေသဖြစ်ခဲ့သည်။
မော်ဖဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ အစ
၁၉၈၉ ခုနှစ်တွင် မော်ဖဒေသ၌ ကျေးရွာအုပ်စု ၁၁ စု ကျေးရွာပေါင်း ၆၉ ရွာသာ ရှိသေး သည်။ မက်မန်း၊ ကောင်းလန်း၊ အေးကျန့်၊ ငှက်ယောင်း၊ ဝိန်းနောင်၊ ဆွတ်ဝိုး၊ မော်ဝမ်နှင့် တာကော်လေး တို့တွင် အ-မ-က ကျောင်းများ စတင်ဖွင့်လှစ်ပေးပြီး ဆက်လက်၍ မုလု၊ မန်ဝိန်း၊ အိုင်ကလောင်၊ ပန်ခူး၊ နမ့်တော်၊ ရောင်အူ၊ ပန်နင်း၊ ဝမ်းစလောင်း၊ မငေါက်၊ ပန်ပွဲ၊ ကွန်ဟောင်းကြီး၊ တွယ်နောက်နှင့် ငဟောင်တို့တွင် အ-မ-က ကျောင်းများ ဆက်တိုက်ဖွင့်လှစ်ပေးခဲ့သည်။ ကျန်းမာရေး ကဏ္ဍ၌ ၁၉၈၉ ခုနှစ်တွင် မက်မန်း ဆေးရုံ၊ ဆွတ်ဝိုးဆေးရုံ၊ ဝိန်းနောင်ဆေးပေးခန်းများ စတင် ဖွင့်လှစ်ပေးပြီး ဝမ်းစလောင်း၊ ရောင်အူ၊ ငှက်ယောင်း၊ ကောင်းလန်း၊ မုလု၊ တာကော်လေး၊ မန်ဝိန်း တို့၌ ဆေးပေးခန်းများ ဆက်လက်ဖွင့်ပေးခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ၌ မော်ဖဒေသနေ တိုင်းရင်းသား သွေးချင်းများအတွက် တပ်မတော် သက်သာအရောင်းဆိုင် ၁၇ ဆိုင် ဖွင့်လှစ်ပေးကာ ဆန်၊ ဆီ၊ ဆား များကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးပြီး ငါးခြောက် ပိဿာ ၁၀၀၀ ၊ ဆား ပိဿာ ၅၀၀၀ ၊ သကြားနှင့် ဘီစကွတ်မုန့်များ ထောက်ပံ့လှူဒါန်းခဲ့သည်။ နတလ လုပ်ငန်းကော်မတီ အစီအစဉ်ဖြင့် အိမ်မိုးသွပ်များ၊ ပြောင်သွပ်များ၊ ဘိလပ်မြေနှင့် သံမျိုးစုံ၊ 4 KVA မီးစက်များ ပေးပို့လှူဒါန်းခဲ့သည်။ ပညာရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ကလည်း မော်ဖဒေသအတွက် လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းများ ပေးပို့လှူဒါန်းခဲ့ပါသည်။ နတလမှပေးပို့သော မီးစက်များဖြင့် ၁၉၉၀ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့ မှစ၍ မက်မန်း၊ ဝိန်းနောင်၊ ဆွတ်ဝိုးတို့တွင် မီးလင်းစေခဲ့ပြီး ဆက်လက်၍ နမ့်နန်း၊ ဝမ်းစလောင်း၊ တာကော်လေးနှင့် ရောင်အူရွာများသို့ မီးစက်များပေးပို့ မီးလင်းစေခဲ့ပါသည်။
လမ်းပန်းဆက်သွယ်ရေးတွင် တာကော်လေး - မက်မန်းလမ်း၊ လွယ်ပါ - လွယ်ဟိုလာလမ်း၊ ပွိုင့် ၆၀၂၈ - ရောင်အူ - ပန်ဆန်းလမ်းများ စတင်ဖောက်လုပ်ခဲ့ပြီး ဝမ်တာခက်တံတားကို ၁၉၉၀-၁၉၉၁ ဘဏ္ဍာနှစ်၌ စတင်တည်ဆောက်ပေးခဲ့သည်။ မက်မန်းမြို့သစ် တည်ဆောက်ရေးကို ၁၉၉၁ ခုနှစ် ဇူလိုင်လတွင် တပ်မ (၇၇) ၊ နည်းဗျူဟာ (၇၇၃)မှ ဦးစီးဆောင်ရွက်ခဲ့ရာ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။
အမှတ်တရ ရုပ်သံ ထပ်ဆင့်လွှင့်စက်ရုံ
၂၀၀၃ခုနှစ်အတွင်း ကျင်းပပြုလုပ်သော နတလလုပ်ငန်းကော်မတီ လေးလပတ်အစည်းအဝေး တစ်ခု၌ ပတလ (ရှမ်း) ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက မက်မန်းမြို့အတွက် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ ခွင့်ပြုပေးပါရန် တင်ပြခဲ့ရာ၊ နတလ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌသည် ရုတ်တရက် အံ့အားသင့်သွားပြီး “ဟာကွာ - မက်မန်းမှာ ရုပ်သံမရှိသေးဘူးလား---- ငါတို့ တည်ပေးခဲ့တဲ့မြို့ကွ၊ ရပြီးပြီထင်နေတာ၊ တော်တော်နောက်ကျနေပြီ၊ ပေးမယ်ကွာ”ဟု ပြော၍ ခွင့်ပြုပေးခဲ့သည်ကို ကျွန်တော် အမှတ်ရမိသည်။ နတလအနေဖြင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံ များကို ၁၉၉၄ ခုနှစ်အတွင်းမှာပင် ပန်ဆန်း၊ မိုင်းမော၊ လောက်ကိုင်၊ မိုင်းယန်း၊ မိုင်းခတ်၊ ဆီလူး၊ မိုင်းလား၊ နမ့်ဖတ်ကာ၊ မိုင်းဆတ်၊ ဘုတ်ပြင်း၊ ကလိန်အောင်၊ တနိုင်းနှင့် ဖာပွန်တို့တွင် တည်ဆောက် ထုတ်လွှင့်ပြသပေးနိုင်ခဲ့ပြီဖြစ်သည်။ ၂၀၀၂ ခုနှစ်အထိမှာပင် ၉၃ ရုံ ခွင့်ပြုချထားပေးပြီး ဖြစ်ပါသည်။
ဤမည်သော အကြောင်းတရားများအပြင် မော်ဖဒေသ၏ စတင်ဖြစ်တည်ရာနှင့် ယခင် ယခု အခြေအနေများကို အတန်အသင့် တွေ့မြင်သိရှိထားသောကြောင့် မော်ဖဒေသ မက်မန်းက ကျွန်တော့် ရင်ထဲသို့ တိုးဝင်ရောက်ရှိနေသည်မှာ ဆယ်စုနှစ်သုံးခုနီးပါးမျှ ရှိနေချေပြီတကား။
လျှပ်တစ်ပြက် မက်မန်း ခရီးစဉ်
မက်မန်းမြို့လေးရှိရာသို့ ဒုတိယအကြိမ် ရောက်ရှိလာခြင်းသည် ကျွန်တော့်ရင်ထဲက ပြင်းပြသောဆန္ဒတစ်ခုကို အကြောင်းပြု၍ ရောက်လာခြင်းဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်သည်။ မည်သို့သော ဆန္ဒများ ဖြစ်ပေါ်နေခဲ့ပါသနည်း။ ၂၀၁၈ ခုနှစ် ဝန်ထမ်းဘဝမှ အငြိမ်းစားယူပြီးကတည်းက မွေးရပ်မြေ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် အတွင်းရှိ အ-ထ-က ကျောင်းများမှ ၉ တန်း၊ ၁၀ တန်း၊ ကျောင်းသား၊ ကျောင်းသူလေးများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် မိမိတာဝန်ထမ်းဆောင်ခဲ့သော နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့သို့ တက်ရောက်ခွင့် ရရှိရေး သိသင့်သိထိုက်သည်များကို ရှင်းလင်းဟောပြောခဲ့သည်။ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များ၏ ရည်ရွယ်ချက်၊ သင်ကြားပေးသော ဘာသာရပ်များ၊ B.Ed ၅ နှစ် သင်တန်း အတွက် သတ်မှတ်ချက်များ၊ ဒီဂရီကောလိပ်များတွင် သင်ကြားပေးသည့် အင်ဂျင်နီယာ A.G.T.I (ဒီပလိုမာ)၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့များအတွက် သတ်မှတ်ချက်များ၊ ဘွဲ့ရ သင်တန်းဆင်းပြီး သည်နှင့် အလုပ်တာဝန်ခန့်ထားပေးမှုများ၊ အရည်အချင်းမီသူများက M.Ed တက်ခွင့်၊ BE, ME တက်ခွင့်၊ MA, M.Sc ဆက်လက်သင်ယူခွင့် ရှိသည်များ၊ ထူးချွန်သူများအနေဖြင့် ပါရဂူဘွဲ့ Ph.D အထိ သင်ယူ နိုင်သည့် အခွင့်အရေးများ၊ သင်တန်းကာလအတွင်း နိုင်ငံတော်က အစစတာဝန်ယူ၍ ကျွေးမွေး စောင့်ရှောက်ထားပုံ၊ စည်းကမ်းတကျ နေထိုင်ရပုံများကို ရှင်းလင်းပြောကြားခဲ့သည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ ဩဝါဒခံယူပြီးမှ ကျောင်းဆင်းရသော တစ်ခု တည်းသော တက္ကသိုလ်ဖြစ်ကြောင်း ဂုဏ်ယူစွာ ရှင်းပြခဲ့သည်။
တက္ကသိုလ်၊ ကောလိပ်များက ထုတ်ဝေသည့် နှစ်လည်မဂ္ဂဇင်း စာအုပ်များကို ကျောင်း စာကြည့်တိုက်များအတွက် ဖြန့်ဝေလှူဒါန်းပေးခဲ့သည်။ ဖွံ့ဖြိုးရေးတက္ကသိုလ်ကို ကြားဖူးကြသော် လည်း ဒီဂရီကောလိပ်များနှင့်ပတ်သက်၍ မသိသူ၊ မကြားဖူးသူ အတော်များပါသည်။ လေးမျက်နှာ မြို့နယ်တွင်သာမက အင်္ဂပူမြို့နယ်၊ ကျွဲသောင် အ-ထ-က မှာလည်း ဟောပြောခဲ့သည်၊ ရေကြည်၊ မြန်အောင်၊ ကျောင်းကုန်းမြို့နယ်များတွင်မတော့ ကိုယ်တိုင်မသွားနိုင်သောကြောင့် အသိမိတ်ဆွေ များကတစ်ဆင့် မဂ္ဂဇင်းစာအုပ်များ၊ လေ့လာရန် မေးခွန်းဟောင်းများ ဖြန့်ဝေပေးခဲ့သည်။ ကချင် ပြည်နယ်အတွင်းရှိ ပူတာအို အ-ထ-က ကျောင်း၌လည်းကောင်း၊ ခေါင်းလန်ဖူးမြို့နယ် အတွင်းရှိ အ-ထ-က ခေါင်လန်ဖူး၊ အ-ထ-က ဇန်ယော့၊ အ-ထ-က(ခွဲ)ရှိန်းခေါင် ကျောင်းများမှ ၁၀ တန်း ကျောင်းသား၊ ကျောင်းသူများအား အ-ထ-က ခေါင်လန်ဖူးတွင်လည်းကောင်း တွေ့ဆုံ၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထိုအကြောင်းအရာများကို အ-ထ-က မက်မန်းရှိ ကျောင်းသား၊ ကျောင်းသူများအား ရှင်းပြချင်သည်။ သူတို့လေးတွေ သိစေချင်သည်။ တက်ရောက်ခွင့်ရစေချင်သည်။ ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ မဖြေဆိုမီကာလမှာပင် မက်မန်းသို့ အရောက်သွားချင်စိတ်က တဖွားဖွား ပေါ်ပေါက်လာသည်။ မိမိက စေတနာထက်သန် ပြင်းပြနေ၍ပဲလားတော့မသိ၊ ခရီးသွားနိုင်ရေး ကူညီ မည့် မိတ်တွေများ ပေါ်ပေါက်လာပါတော့သည်။ နေပြည်တော်က ဦးအောင်မင်းထွန်းနှင့် မက်မန်း မြို့က ဦးမိုးခိုင်တို့ပဲ ဖြစ်သည်။ ဦးမိုးခိုင်ကို မက်မန်းဒေသက လူတွေက ကိုဗလဟု ခေါ်ကြသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံဟောပြောခွင့် ရရှိရေး ကိုတော့ မိမိတို့ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်က မက်မန်းထွေအုပ်၊ မြို့နယ်ပညာရေးမှူးရုံးများနှင့် ဆက်သွယ် ညှိနှိုင်းပေးခဲ့သည်။
ယင်းသို့ ညှိနှိုင်းပြီးနောက် မတ်လ ၂ ရက်နေ့တွင် နေပြည်တော် - နမ့်စန်၊ မတ်လ ၃ ရက်နေ့ နမ့်စန် - မိုင်ပျဉ်း၊ မတ်လ ၄ ရက်နေ့ မိုင်းပျဉ်း - မက်မန်း ခရီးစဉ်အတိုင်း မော်တော်ယာဉ်ဖြင့် ထွက်ခွာကာ မက်မန်းမြို့လေးသို့ မွန်းတည့် ၁၂ နာရီ မထိုးမီ အရောက်ဝင်ခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံဟောပြောခြင်းကို မွန်းလွဲ ၁ နာရီအချိန် အ-ထ-က မက်မန်း၏ စာသင်ခန်း တစ်ခုတွင် စီစဉ်ထားကြောင်းသိရသည်။ ကျောင်းအတွက် ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ဒီဂရီကောလိပ်များက ထုတ်ဝေသောစာအုပ်များ လှူဒါန်းမည်၊ မြို့နယ် ပြန်/ ဆက် ရုံးအတွက်လည်း သုတ ရသ စာအုပ် စာဆောင်များလှူရန် တစ်ပါတည်း သယ်ဆောင်လာခဲ့၏။
မက်မန်းမြို့သို့အရောက် ကိုဗလအိမ်မှာပဲ တည်းကြသည်၊ သူ့အိမ်မှာ မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များက လာရောက်စောင့်ကြို နှုတ်ဆက်ကြသည်။ သူတို့နှင့်အတူ အ-ထ-က မက်မန်းကျောင်းသို့ သွားခဲ့ သည်။ စာသင်ကျောင်းက ကိုဗလအိမ်နှင့် နီးနီးလေးပင်။ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သန်းထွေးခင်၊ အ-ထ-က မက်မန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်နှင့် ဆရာ၊ ဆရာမ များက ကျောင်းအဝင်မှ ကြိုကြသည်။ ပြန်/ ဆက် တာဝန်ခံ ဒေါ်လေးလေကိုလည်း ဖိတ်ထားပေး သည်ကိုတွေ့ရ၏။ တက်ရောက်လာသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များမှာ ကျောင်းမှ ၄၆ ဦး၊ ပြင်ပဖြေ ၁၇ ဦး၊ စုစုပေါင်း ၆၃ ဦးဖြစ်ပါသည်။ ထိုအထဲတွင် ကိုရင်များ လည်းပါ၏။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ကြိုးစားဖြေဆိုကြရန် ကနဦး တိုက်တွန်းမှာကြားသည်။ ယင်းနောက် တက္ကသိုလ်၊ ကောလိပ်တွေအကြောင်း ရှင်းပြသည်။ ကျွန်တော်ထင်သည့်အတိုင်းပင် ဖွံ့ဖြိုးရေးတက္ကသိုလ်ကို ကြားဖူးကြသော်လည်း ဒီဂရီကောလိပ်များ အကြောင်းမသိကြပါ။ သေချာရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာအုပ်စာစောင်များ လှူဒါန်း ခဲ့ပါသည်။
မင်းရန်အောင် စေတီကို ဖူးခဲ့သည်
ပထမအကြိမ် ရောက်ခဲ့စဉ်ကလည်း ဖူးခဲ့သည်။ ယခုတစ်ခေါက် မတ်လ ၄ ရက်နေ့ ညနေပိုင်းမှာလည်း မင်းရန်အောင်စေတီတော်ထံပါး ခဝပ်တွား၍ ရှိခိုးကော်ရော် ဖူးမြော်ကြည်ညိုခဲ့ ပါသည်။ မင်းရန်အောင် စစ်ဆင်ရေးတွင် အသက်ပေးလှူခဲ့ကြသော အရာရှိစစ်သည်များအား ရည်စူး၍ မော်ဖဒေသတွင် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားပြီး ဒေသခံတိုင်းရင်းသားများ ကြည်ညိုသဒ္ဓါပွားနိုင် စေရန်နှင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် ရှေ့တန်းအမှတ် (၇၇) ခြေမြန်တပ်မ ဌာနချုပ်နှင့် နည်းဗျူဟာစစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များ ဒေသခံတိုင်းရင်းသား များနှင့် ဖွံ့ဖြိုးရေးဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများဖြင့် မင်းရန်အောင် စေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် မတ် လ ၂၇ ရက်နေ့တွင် စတင်အုတ်မြစ်ချခဲ့ပြီး ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် တည်ဆောက်ပြီးစီး ဘုရားအနေကဇာ တင်ခဲ့သည်။ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ဖိနပ်တော်မှ စိန်ဖူးတော်အထိ ၄၁ ပေ ၄ လက်မရှိကြောင်း ကမ္ဗည်းမော်ကွန်း ကျောက်စာ၌ တွေ့ခဲ့ရ၏။
ထပ်မံဖူးမြော်ရမည့် ရုပ်ပွားတော်တစ်ဆူ
မက်မန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်နှင့် နယ်မြေခံ နယ်ခြားစောင့်တပ်မှ တပ်မှူး ဗိုလ်မှူးစိုင်းယီတို့ ဦးဆောင်ဦးရွက်ပြုကာ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏ အလှူဒါနများပါဝင်လျက် အောင်တော်မူ လာဘမုနိရုပ်ပွားတော် မြတ်ကြီးကို မက်မန်းမြို့ အရှေ့တောင်ယွန်းယွန်း အဘယကုန်းတော်ပေါ်တွင် တည်ထားနေပြီ ဖြစ်သည်။ လိုဏ်ပုံသဏ္ဍာန် ကမ္ဘာလုံးပေါ်တွင် စင်္ကြာမုဒြာ ရုပ်ပွားတော် တစ်ဆူ ထိုင်နေတော်မူဟန် တည်ထားမည်ဖြစ်ပြီး စုစုပေါင်း ဉာဏ်တော်အမြင့် ၄၅ ပေရှိကြောင်း၊ ဘုရားဘွဲ့တော်နှင့် ဘုရား ကုန်းတော်အမည်များကို မက်မန်းမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု ပညာဒီပဘုန်းတော်ကြီး စာသင် တိုက်မှ ဆရာတော်ကြီး မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒာသီရိက သမုတ်ပေးခြင်းဖြစ်ကြောင်း၊ ဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ မန္တလေးမြို့ ဝါးချက် ဦးကျော်သန်း မြန်မာမှုအဖွဲ့က တည်ထား မည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ယင်းရုပ်ပွားတော်ကြီးအနီး၌ နဂါးရုံ ဘုရားတစ်ဆူ တည်ထား ဦးမည်ဖြစ်ပေရာ ကုသိုလ်ရှင်၊ စေတနာရှင်များအနေဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။ အကယ်၍သာ ကျွန်တော်သည် တတိယအကြိမ်မြောက်အဖြစ် မက်မန်းမြို့လေးသို့ ထပ်မံရောက်ခဲ့ပါမူ ယင်းဘုရားအဆူဆူတို့ကို ဖူးမြော်ခွင့်ရပါလိမ့်ဦးမည်။ သို့သော် မသေချာတော့ပြီ။
အေးကျန့်ရွာလေးသို့ အမှတ်တရ
မက်မန်းသို့ ရောက်တုန်းရောက်ခိုက် အေးကျန့်ရွာလေးရှိရာသို့ သွားခဲ့ကြသေးသည်။ ထိုနေရာမှ လှမ်းမျှော်ကြည့်လျှင် ပွိုင့် ၆၀၂၈ တောင်ကုန်း၊ ပွိုင့် ၇၁၂၃ လွယ်ဟိုလာကုန်းတို့ကို မြင်နေရပါသည်။ လွယ်ဟိုလာ ဟုဆိုလိုက်သည်နှင့် ထိုကုန်းအနီးတစ်ဝိုက်မှာ ကျောက်ချဉ်ပေါင်၊ ကျောက်ချင်း၊ တစ်ပင်တိုင်မျှစ်၊ မြက်ကြွပ်၊ ဝါးရောင်းချဉ်၊ ကြိမ်ခါးဖူး၊ မင်းဘောဖူး စသော အသီးအရွက်များ ရှာဖွေစားသောက်ခဲ့ရသည်ကို အမှတ်ရနေမည့် အရာရှိ အကြပ်စစ်သည်များစွာ ရှိနေပါလိမ့်မည်။ နောက်တစ်နေ့ မတ် လ ၅ ရက်နေ့မှာ မက်မန်းမြို့လေးမှ ပြန်လည်ထွက်ခွာခဲ့ ကြသည်။ နှုတ်ဆက်ခဲ့ပါတယ် မက်မန်းမြို့လေးရေ-----------။

Unity is strength.စည်းလုံးခြင်းသည်ခွန်အားဟု အဓိပ္ပာယ်ဆောင်သည့် အနီရောင်အောက်ခံပေါ်မှာ အဖြူရောင်စာလုံးဖြင့်ရေးသားထားသော စာတန်းလေးတစ်ခု။ ထိုအနီရောင်တောက်တောက် စာတန်းလေးရှေ့ ချထားသည်က အချင်းနှစ်ပေ၊ အမြင့် သုံးပေခန့်ရှိ ယမနေသားဖြင့် ထွင်းထုထားသော သားအဖနှစ်ဦးပါဝင်သည့် ထင်းစည်းချိုးရုပ်တုတစ်ခု။ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအပေါ်ထပ်သို့ အတက်အဆင်းပြုလုပ်သော လှေကား၏အလယ်တွင် ခန့်ခန့်ထည်ထည်တည်ရှိနေသည့် ထိုရုပ်တုလေးကို လွန်ခဲ့သော ၁၇ နှစ်ခန့်က ကျွန်တော်ကိုယ်တိုင် ဒါးပိန်မြို့မှ ပန်းပုပညာရှင်များနှင့် ဆက်သွယ်အပ်နှံ ထုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

သားအဖနှစ်ဦးပါဝင်သည့် ထင်းစည်းချိုး ရုပ်တုတစ်ခုဟု ကျွန်တော်ပြောရခြင်းမှာလည်း ယင်းရုပ်တု၏ မူပိုင်လက်ရာရှင်မှာ နိုင်ငံကျော် ကမ္ဘာကျော် ပန်းပုဆရာကြီး ဦးဟန်တင်ဖြစ် ကြောင်း၊ ပြည်ထောင်စုအေးရိပ်ငြိမ်ပြခန်းရှေ့ တွင် စိုက်ထူထားကြောင်း၊ နိုင်ငံတစ်ဝန်း မြို့ရွာ တွေမှာ နောက်ထပ်ပေါ်လာသည့် သားအဖသုံး ယောက်ပါဝင်သည့် ရုပ်တုများသည် သူ၏မူရင်း လက်ရာမဟုတ်သကဲ့သို့ နောက်တိုးလာသည့် သားတစ်ဦး၏ ကိုယ်ဟန်အနေအထားက ကုန်းကုန်းကွကွနှင့်ဖြစ်နေသောကြောင့် ဆရာကြီး အနေဖြင့် များစွာ စိတ်မချမ်းမသာဖြစ်ရကြောင်း ကို သူ၏တပည့် ပန်းချီဆရာကြီးတစ်ဦးက ရှင်း လင်းပြောကြားခဲ့ဖူးပါသည်။
ကျွန်တော်တို့ဦးစီးဌာနသည်ပင်လျှင် ဆရာ ကြီး၏ မူရင်းလက်ရာကိုမှီ၍ သားအဖနှစ်ဦး ထင်းစည်းချိုးနေဟန်ရုပ်တု အပ်နှံပြုလုပ်ခဲ့သည် ပဲထားဦးတော့၊ မူပိုင်ခွင့်အကြောင်းနားလည် လာချိန်၌ မူလပညာရှင် ဆရာကြီးဦးဟန်တင်ကို အလွန်အမင်း အားနာခဲ့ပါသည်။ လွန်ခဲ့သည့် ၁၉၉၉-၂ဝဝဝ ပြည့်နှစ်များဆီမှာတော့ ကျွန် တော်တို့ဝန်ကြီးဌာန ကျွန်တော်တို့ဦးစီးဌာန အပေါ်တွင် Unity is strength စည်းလုံးခြင်း သည် ခွန်အားဆိုသည့် စကားလုံးတစ်ခု၏ ရိုက် ခတ်မှုအရှိန်အဟုန်က အလွန်ပြင်းထန်ခဲ့သည်ဟု ဆိုရမည်သာ။ တပ်မတော်အစိုးရလက်ထက် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုများ၏ အကျိုးရလဒ်အဖြစ် ၁၉၈၉ ခုနှစ် မတ်လမှ ၁၉၉၇ ခုနှစ် ဧပြီလအတွင်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ကြီး ၁၇ ဖွဲ့ တရားဥပဒေဘောင် အတွင်း ဝင်ရောက်လာခဲ့ကြသည်။
၁၉၈၉ ခုနှစ်အတွင်း ရှမ်းပြည်နယ်(မြောက် ပိုင်း)တွင် အထူးဒေသ(၁)ဟု အမည်ပေးခဲ့သော ကိုးကန့်အဖွဲ့၊ အထူးဒေသ(၂)'ဝ'အဖွဲ့၊ အထူး ဒေသ(၃)SSAအဖွဲ့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အထူးဒေသ(၄)ဟု အမည်ပေးခဲ့သည့် မိုင်း လားဒေသမှ ရှမ်း/အခါအဖွဲ့၊ ကချင်ပြည်နယ် တွင် အထူးဒေသ(၁)ဟု အမည်ပေးခဲ့သောNDA အဖွဲ့တို့ ဝင်ရောက်ခဲ့ကြသည်။ ၁၉၉၁ ခုနှစ်တွင် အထူးဒေသ(၅)KDA ကောင်းခါး အဖွဲ့၊ အထူးဒေသ(၆)PNO ပအိုဝ်းအဖွဲ့၊ အထူး ဒေသ (၇) PSLA ပလောင်အဖွဲ့တို့ ဝင်ရောက် လာခဲ့ကြသည်။ ဆက်လက်၍ ၁၉၉၂ ခုနှစ်တွင် ကယားပြည်နယ်အတွင်းမှ အထူးဒေသ(၁) KNGအဖွဲ့၊ ၁၉၉၄ ခုနှစ်တွင် ကချင်ပြည်နယ် အတွင်းမှ အထူးဒေသ(၂)KIO အဖွဲ့၊ ကယား ပြည်နယ်အတွင်း အထူးဒေသ(၂) ကလလတ အဖွဲ့နှင့် အထူးဒေသ(၃) ကယန်းပြည်သစ် ပါတီ အဖွဲ့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရလလဖ (ပအိုဝ်းနီ)အဖွဲ့တို့ ဝင်ရောက်ခဲ့ကြသည်။ ၁၉၉၅ ခုနှစ်တွင်မူKNPP အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ၊ ၁၉၉၆ ခုနှစ်တွင်MTA အဖွဲ့၊ ၁၉၉၇ ခုနှစ်တွင် ဗကပ(ရခိုင်ပြည်နယ်) စသည်ဖြင့် အဖွဲ့ပေါင်း ၁၇ ဖွဲ့ တရားဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ ကြခြင်းဖြစ်ပါသည်။
ထို့အပြင် ကျွန်တော်တို့ မကြာခဏရည်ညွှန်း ဖော်ပြခဲ့ဖူးသော အဖွဲ့ခွဲ ၂၃ ဖွဲ့ဆိုတာလည်း ရှိနေ ပါသေးသည်။ အဖွဲ့ခွဲများဟု သုံးနှုန်းရခြင်းမှာ ၎င်းတို့၏ မူလအဖွဲ့ကြီးများဖြစ်သော KIO ၊ KNPP ၊ KNU ၊ MTA စသည့် အဖွဲ့များ အနေဖြင့် တရားဥပဒေဘောင်အတွင်း ဝင်ရောက် ခြင်းမပြုသေးမီကာလ၌ ထိုအဖွဲ့များထဲမှ ခွဲထွက် ၍ ဝင်ရောက်လာကြသောအဖွဲ့များ ဖြစ်ကြ သည်။ အဖွဲ့ခွဲ၊ အဖွဲ့ငယ်များဟု သုံးနှုန်းနေလင့် ကစား ထိုစဉ်ကဝင်ရောက်လာကြသည့် အဖွဲ့ခွဲ၊ အဖွဲ့ငယ်များဖြစ်ကြသောMTA မှ ခွဲထွက် ဦးကန်ရွက်(ကွယ်လွန်)၏အဖွဲ့ဆိုလျှင် လူအင် အား ၃ဝဝဝ ကျော်ဖြင့် ၁၉၉၅ ခုနှစ် နိုဝင်ဘာလ တွင် ဝင်ရောက်လာကြပြီးမှ SSNA တပ်မဟာ (၆)၊ တပ်မဟာ(၁၁)၊ တပ်မဟာ(၁၉) အနေဖြင့် သိန်းနီ၊ လားရှိုးဒေသ၌ လက်နက်နှင့်ငြိမ်းချမ်း ရေး အပြီးအပိုင် လဲလှယ်ခဲ့ကြခြင်းဖြစ်ပါသည်။ ထို့အတူKNPP မှ ခွဲထွက်သောKNDP အဖွဲ့ ဆိုလျှင်လည်း အင်အား ၄ဝဝ ကျော်၊KNU မှခွဲထွက်လာသည့် DKBA အဖွဲ့ကလည်း အင် အား ၄ဝဝဝ ကျော်၊KNU တပ်မဟာ(၆) တပ်ရင်း(၁၆) ဦးစောသမူဟဲအဖွဲ့က အင်အား ၅ဝဝ ကျော်၊KNU/KNLA အဖွဲ့သည်လည်း အင်အား ၅ဝဝ ကျော် စသည်ဖြင့် လေ့လာမှတ် သားခဲ့ရသည်။
လေ့လာမှတ်သားခဲ့ရသည်ဆိုသော်ငြား ၎င်း အဖွဲ့များအကြောင်းကိုသိလို၍ လိုက်လံမေးမြန်း မှတ်သားခဲ့ခြင်းမျိုးတော့မဟုတ်ပါ။ ၎င်းတို့ကိုယ် တိုင် ကျွန်တော်တို့ဝန်ကြီးဌာန ကျွန်တော်တို့ ဦးစီးဌာနသို့ အသီးသီးအသက ရောက်ရှိလာကြ ပြီး တပ်ဖွဲ့ဝင်မိသားစုများ၏ ရေရှည်ဘဝရပ်တည် ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသောကြောင့် မသိချင် ၍ မရတော့လောက်အောင် ရင်းနှီးခင်မင် ကူညီ ဆောင်ရွက်ခွင့်ရခဲ့ကြခြင်း ဖြစ်ပါသည်။
အဖွဲ့ခွဲ၊ အဖွဲ့ငယ်များထဲတွင် ဒေသအခေါ် ကျောက်မဲပလောင်ဟုအမည်တွင်သော ဦးကျော် ရင်အဖွဲ့၊ မွန်လက်နက်ကိုင် ဦးအောင်သိုက်ငင်း အဖွဲ့၊ ဦးဂိုးရီ၏ ကရင်နီအမျိုးသားတိုးတက်ရေးပါတီအဖွဲ့၊ ဦးသန်းရွှေ၏ AAအဖွဲ့၊ ဦးလင်းဆိုင် ၏MTA လက်ကျန်အဖွဲ့၊ ဦးရစ်ချဒ်၊ ဦးတဲနယ် တို့၏ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေး ပါတီအဖွဲ့၊ ဦးလောရှာ၏ မော်ချီးအဖွဲ့၊ ဦးမြထွန်း ၏DPAအဖွဲ့၊ ဦးနိုင်စိုက်ချမ်း၏ မွန်ခွဲထွက်အဖွဲ့၊ ဦးမိန်းစင်၏SSA.S ၊ တပ်မဟာ ၇၅၈ အဖွဲ့၊KIA မှ ခွဲထွက်သော ဦးလဆန်အောင်ဝါအဖွဲ့၊ ဖထီးပဒိုအောင်ဆန်း၏KNU ဘုရားကုန်းငြိမ်း ချမ်းရေးအဖွဲ့၊KNU သံတောင်မြောက်ပိုင်းမှ ဦးကိုကြီးအဖွဲ့နှင့် သံတောင်အထူးဒေသ တပ် မဟာ(၂)စောဖဲရီမိုးအဖွဲ့ စသည်တို့လည်း ပါဝင် နေသည်။
MTAအဖွဲ့နှင့်အတူ ဝင်ရောက်လာကြပြီး နောက် ဦးမဟာကြာအဖွဲ့က ဟိုမိန်း၊ ဦးစိုင်းမွန်း အဖွဲ့က မန်ပန်/တန့်ယန်း၊ ဦးလီချန်းအဖွဲ့က နားရိုင်း/နမ့်စန်၊ ဦးလောမားအဖွဲ့က မုံးဟင်/ မုံးဟ(မိုင်းရယ်ဒေသ)တို့တွင် အခြေပြုနေထိုင် ကြသည်။ ကိုးကန့်အဖွဲ့မှ ခွဲထွက်လာသော ဦးမုန် ဆာလအဖွဲ့လည်း ရှိသေးသည်။
အထက်ပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များသည် အချို့က ပြည်သူ့စစ်အဖွဲ့များအနေဖြင့် လည်းကောင်း၊ အချို့က၂ဝဝ၉ ခုနှစ်တွင် အသွင် ပြောင်းလဲဖွဲ့စည်းပေးခဲ့သော နယ်ခြားစောင့် တပ်ရင်း ၂၃ ရင်းတွင်လည်းကောင်း ကူးပြောင်း တာဝန်ထမ်းဆောင်နေကြပြီဖြစ်သည်။ အချို့ တိုင်းရင်းသားခေါင်းဆောင် တော်တော်များ များလည်း ကွယ်လွန်သွားကြပြီဖြစ်၏။ မည်သို့ ဆိုစေ သမိုင်းမှာ သူတို့နာမည်ကို ရေးထိုးချန် ရစ်နိုင်ခဲ့ကြသည်။ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် တစ်နည်းအားဖြင့် အမျိုး သားရေးတာဝန် ကျေပွန်စေဖို့ အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ကြိုးပမ်းအားထုတ်မှုများပင်။
နိုင်ငံတော်အပိုင်းကရော၊ ထိုကဲ့သို့ ဝင်ရောက် လာကြသည့် သူတို့အဖွဲ့တွေကို ဘာတွေဘယ်လို ကူညီဆောင်ရွက်ပေးခဲ့ကြပါသနည်း ဆိုလာ သော်။ အဖြေရှိပြီး ဖြစ်ပါသည်။ ၁၉၈၉ ခုနှစ် မတ် လ ၃၁ ရက်နေ့တွင် ကိုးကန့်အဖွဲ့နှင့် မေလ ၉ ရက်နေ့တွင် 'ဝ'အဖွဲ့များ ဝင်ရောက်လာကတည်း က သူတို့၏ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီဆောင်ရွက်ပေးပါရန် တင်ပြတောင်းဆို လာခဲ့ကြသည်။ နောက်ထပ် ဝင်ရောက်လာမည့် အဖွဲ့များ ရှိနေသေးကြောင်းကိုလည်း သိထား ပြီး ဖြစ်သည်။
ထိုသောအခါ နယ်စပ်ဒေသများနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကို အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနိုင်ရန် အစီ အမံများချမှတ်ခဲ့ရာမှ ၁၉၈၉ ခုနှစ် မေလ ၂၅ ရက်နေ့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည် ဖော်ရေးဗဟိုကော်မတီကို အဖွဲ့ဝင်ငါးဦးဖြင့် လည်းကောင်း၊ ၁၉၈၉ ခုနှစ် မေလ ၃၁ရက်နေ့ တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို အဖွဲ့ဝင် ၁၇ ဦးဖြင့် လည်း ကောင်း၊ လုပ်ငန်းဆပ်ကော်မတီ ၁၈ ခုကို လည်း ကောင်း၊ ၁၉၈၉ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများကိုလည်း ကောင်း အသီးသီး စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ သည်။ နောင်တွင် လိုအပ်ချက်များနှင့်အညီ အင်အားများတိုး၍ ပြင်ဆင်ဖွဲ့စည်းပေးခဲ့ သည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို စတင်ဖွဲ့စည်းစဉ်က ဝန်ထမ်း ၆၄ ဦး တွဲဖက်ပေးခဲ့ရာ နိုင်ငံတော်ကောင်စီရုံးမှ ဝန်ထမ်း ၆ဝ ဦး၊ ပြည်သူ့လွှတ်တော်ရုံးမှ လေးဦး တို့ ပါဝင်သည်။ တပ်မတော်မှ ကူးပြောင်းလာသူ များကိုလည်း နတလလုပ်ငန်းကော်မတီ ဝန်ထမ်း အနေဖြင့်သာ သွားရောက်စေ၍ ပန်ဆန်း၊ မိုင်း လား၊ လောက်ကိုင်၊ မိုင်းမော၊ ဝိန်းကောင်ဒေသ များတွင် ရုံးဖွင့်လျက် ဒေသ၏ ပညာရေး၊ ကျန်း မာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပြန်ကြားရေး၊ စိုက်ပျိုးရေး အစရှိသော လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် နိုင်ခဲ့ကြခြင်းမှာ နတလလုပ်ငန်းကော်မတီတွင် လိုအပ်သောဝန်ကြီးဌာနများကို ထည့်သွင်းဖွဲ့ စည်းထားသည့်အပြင် လုပ်ငန်းဆပ်ကော်မတီ ၁၈ ခုကလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ ကိုယ်စား နယ်စပ်ဒေသများ၌ ရှေ့တန်းကျကျ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြ၍ ဖြစ်ပေ သည်။ နတလလုပ်ငန်းကော်မတီတွင် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးလည်း ပါဝင်နေသကဲ့သို့ ပြည်နယ်နှင့်တိုင်းများရှိ ဒေသဆိုင်ရာလုပ်ငန်း ကော်မတီတွင် တိုင်းမှူးများက ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်နေကြသောကြောင့် နယ်စပ်ဖွံံ့ဖြိုးရေးလုပ်ငန်းအသီးသီး၌ တပ်မတော်သားများ ပါဝင်ထမ်းရွက်ခဲ့ကြသည်။ လမ်းအူကြောင်းရှာ ဖွေခြင်း၊ လမ်းများဖောက်လုပ်ခြင်း၊ တံတား တည်ဆောက်ခြင်းစသော အဓိကလုပ်ငန်းများ ကို စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ အရာရှိစစ်သည်များက ဆောင်ရွက်ပေးသကဲ့သို့ အခြားသော ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး ရေး အစရှိသည့် လုပ်ငန်းများတွင်လည်း တပ်မတော်သားများ၏ လုပ်အားများစွာ ပါဝင်ခဲ့ သည်။
၁၉၉၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနကို စတင်ဖွဲ့စည်းခဲ့ပြီး ထိုမှ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနများ အဖြစ် အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်း ဆောင်ရွက် ခဲ့သည်။
၎င်းအပြင် ၁၉၉၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြဋ္ဌာန်း ပေးခဲ့သည်။