ဆွေးနွေးချက်များ

-

ဥရောပနှင့် ဥရောပသမဂ္ဂနိုင်ငံ ၁၀ နိုင်ငံကျော်၊ ယူကရိန်း၊ ကနေဒါနိုင်ငံ ခေါင်းဆောင်များသည် မတ်လ ၂ ရက်က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး ယူကရိန်း အကျပ်အတည်း၊ ဥရောပ ကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ အမေရိကန်၊ ယူကရိန်းခေါင်းဆောင်တို့ကြား ဆွေးနွေးမှု သည် “နှစ်လိုဖွယ်မရှိ အဆုံးသတ်” ခဲ့ပြီးနောက် ကျင်းပသည့် ဤအစည်းအဝေးတွင် ဘက်အသီးသီးက ယူကရိန်း အား အဆင့်လေးဆင့် ထောက်ခံအားပေးမည့် သဘောတူညီမှု တစ်ပြေးညီ ရရှိခဲ့သည်။ ထိုနေ့တွင်ပင် ပြင်သစ်၊ ဗြိတိန်တို့က ရုရှား-ယူကရိန်းကြား တစ်လတာ တစ်စိတ်တစ်ပိုင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို

ဥရောပနှင့် ဥရောပသမဂ္ဂနိုင်ငံ ၁၀ နိုင်ငံကျော်၊ ယူကရိန်း၊ ကနေဒါနိုင်ငံ ခေါင်းဆောင်များသည် မတ်လ ၂ ရက်က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး ယူကရိန်း အကျပ်အတည်း၊ ဥရောပ ကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ အမေရိကန်၊ ယူကရိန်းခေါင်းဆောင်တို့ကြား ဆွေးနွေးမှု သည် “နှစ်လိုဖွယ်မရှိ အဆုံးသတ်” ခဲ့ပြီးနောက် ကျင်းပသည့် ဤအစည်းအဝေးတွင် ဘက်အသီးသီးက ယူကရိန်း အား အဆင့်လေးဆင့် ထောက်ခံအားပေးမည့် သဘောတူညီမှု တစ်ပြေးညီ ရရှိခဲ့သည်။ ထိုနေ့တွင်ပင် ပြင်သစ်၊ ဗြိတိန်တို့က ရုရှား-ယူကရိန်းကြား တစ်လတာ တစ်စိတ်တစ်ပိုင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပူးတွဲအဆိုပြုခဲ့သည်။

ယူကရိန်း အကျပ်အတည်းကိစ္စရပ်များတွင် အမေရိကန်၏ “အေးစက်သောအပြုအမူ” များကို ရင်ဆိုင်နေရပြီး ဥရောပသည် မိမိကိုယ်ကို လုံခြုံရေး၊ စီးပွားရေး စသည့် တောင်းဆိုမှုများကြောင့် “စားပွဲတွင် ထိုင်ရန်” နှင့် အမှန်တကယ် သြဇာလွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေကြောင်း၊ အမေရိကန်နှင့် ဥရောပသည် စဉ်ဆက်မပြတ် အပြန်အလှန် လွန်ဆွဲမှု၊ သဘောထားကွဲလွဲမှုများ သိသာလာခြင်းသည် အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး အက်ကြောင်းကို ပိုမိုနက်ရှိုင်းစေကြောင်း လေ့လာသူများက ထောက်ပြကြသည်။

ယူကရိန်းအပေါ် ရပ်တည်ချက်ကို ဥရောပ ညှိနှိုင်းဆောင်ရွက်ပေး

အမေရိကန်က ရုရှားနှင့် တိုက်ရိုက်ဆွေးနွေးမှုစတင်ချိန်မှစ၍ ဥရောပနိုင်ငံများသည် ယူကရိန်း အကျပ်အတည်း စေ့စပ်ညှိနှိုင်းမှုတွင် “ကလေးစားပွဲဝိုင်း” တွင်သာ ထိုင်နိုင်မည်ကို အစဉ် စိုးရိမ်လျက်ရှိသည်။ အမေရိကန်၊ ယူကရိန်း ခေါင်းဆောင်များကြား အပြင်းအထန် ငြင်းခုံမှုများဖြစ်ပွားပြီးနောက် ဥရောပနိုင်ငံအများအပြားမှ ခေါင်းဆောင် များသည် ဇီလန်စကီးကို ထောက်ခံကြောင်း ပြောကြားခဲ့သလို ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က သံတမန်ရေးအရ စေ့စပ်ညှိနှိုင်းမှုများကို ခပ်စိတ်စိတ် လုပ်ဆောင်ခဲ့ပြီး ဥရောပအစီအစဉ်ကို စတင်ခဲ့သည်။

မတ်လ ၂ ရက်တွင် ကျင်းပသော လန်ဒန်ထိပ်သီးအစည်းအဝေး၏ ရည်ရွယ်ချက်မှာ ဥရောပ၏ ယူကရိန်းအပေါ် ရပ်တည်ချက်ကို ညှိနှိုင်းဆောင်ရွက်ပေးရန်ဖြစ်ပြီး ယူကရိန်းထံ စစ်ရေးအကူအညီများ ဆက်လက်ပံ့ပိုးပေးရေး စသည်တို့ အပါအဝင် ယူကရိန်းအား ထောက်ခံအားပေးမည့် အဆင့်လေးဆင့်ကို တက်ရောက်လာသော ဘက် အသီးသီးက တစ်ပြေးညီ သဘောတူညီခဲ့ကြသည်။

ဗြိတိန် ဝန်ကြီးချုပ် ကီယာစတားမာက ဗြိတိန်နိုင်ငံအနေဖြင့် ယူကရိန်းက လေကြောင်းရန်ကာကွယ်ရေးအတွက် ဒုံးကျည်အစင်း ၅,၀၀၀ ကျော် ဝယ်ယူရာ၌ ဗြိတိန်၏ ပို့ကုန်ဘဏ္ဍာငွေ စတာလင်ပေါင် ၁.၆ ဘီလီယံကို အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်းလည်း ကြေညာခဲ့သေးသည်။ ထိုနေ့တွင်ပင် မက်ခရွန်က ပြင်သစ်၊ ဗြိတိန် ပူးတွဲ အဆိုပြုထားသော ရုရှား-ယူကရိန်းကြား တစ်လတာ တစ်စိတ်တစ်ပိုင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သည် အဓိကအားဖြင့် လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ် ထားသော်လည်း မြေပြင်အပစ်အခတ်ရပ်စဲရေး မပါဝင်ကြောင်း “Le Figaro” သတင်းစာ၏ မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ ထိုနေ့ည BBC ၏ တွေ့ဆုံမေးမြန်းခန်းတွင် ဇီလန်စကီးက ၎င်းသည် “အားလုံးကို သိထား” ကြောင်း ပြောကြားခဲ့သည်။ သို့သော် တစ်ဆင့်တိုး ပြောကြားမှု မပြုခဲ့ပေ။

ဥရောပသည် ဩဇာလွှမ်းမိုးမှုနှင့် ၎င်း၏အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရေးကို ကြိုးပမ်းထိန်းသိမ်းလျက် ရှိကြောင်း၊ ကီယာစတားမာ ပြောခဲ့သည့်အတိုင်း ဥရောပသည် သမိုင်းကြောင်း၏ လမ်းဆုံလမ်းခွတွင် ရောက်ရှိ နေပြီး “မျိုးဆက်တစ်ဆက်တွင် တစ်ကြိမ်သာရှိသည့် ကာလအခိုက်အတန့်” ကို ကြိုဆိုရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းရန် လိုအပ်ကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြခဲ့သည်။

ဥရောပအနေဖြင့် ယူကရိန်းအတွက် “ငြိမ်းချမ်းရေး အစီအစဉ်” ချမှတ်ပေးရန် မျှော်လင့်ကြောင်း အမေရိကန် “The Wall Street Journal” ဆောင်းပါးတွင် ပြောကြားခဲ့သည်။ ဥရောပ၏ အစီအစဉ်သည် ပြီးခဲ့သည့်လက စတင်ခဲ့သော အမေရိကန်နှင့် ရုရှားတို့ကြား တိုက်ရိုက်ဆွေးနွေးပွဲကို ဟန်ချက်ညီအောင် ထိန်းညှိရန် ရည်ရွယ် ထားပုံရသည်ဟု အမေရိကန် CNN ဆောင်းပါးက ယူဆထားသည်။

အမေရိကန်က ယူကရိန်းအပေါ် ဖိအားပေးမှု တိုးမြင့်

ဇီလန်စကီးနှင့်အတူ အမေရိကန်သမ္မတ ထရမ့်၊ ဒုတိယသမ္မတ JD Vance တို့ အပြင်းအထန် ငြင်းခုံ၍ ဆွေးနွေးမှု ပြီးဆုံးခဲ့ပြီးနောက် အမေရိကန် အစိုးရသည် ယူကရိန်းအပေါ် ဆက်လက် ဖိအားပေးခဲ့သည်။

အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးအကြံပေး Michael Waltz က “ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့နဲ့ ပြောဆိုဆက်ဆံနိုင်သလို နောက်ဆုံးမှာ ရုရှားနဲ့ ပြောဆိုဆက်ဆံနိုင်ပြီး ဒီပဋိပက္ခကို အဆုံးသတ်နိုင်မယ့်(ယူကရိန်း) ခေါင်းဆောင်တစ်ယောက် လိုအပ်တယ်” ဟု မတ် ၂ ရက်တွင် မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှု၌ ပြောကြားခဲ့သည်။

အမေရိကန်၊ ယူကရိန်းတို့ အိမ်ဖြူတော်တွင် သတ္တုဆိုင်ရာ သဘောတူညီချက် မရရှိခဲ့ခြင်းနှင့် ပတ်သက်၍ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က “(ရုရှား-ယူကရိန်း) ငြိမ်းချမ်းရေး သဘောတူညီမှု မရှိသည့် အခြေအနေတွင် စီးပွားရေး သဘောတူညီမှုရရှိနိုင်မဟုတ်” ဟု အမေရိကန် CBS ရုပ်သံလိုင်း၏ တွေ့ဆုံ မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့် “ယူကရိန်းထံ ပို့ဆောင်လျက်ရှိသော လုပ်ဆောင်မှု အားလုံးကို ရပ်ဆိုင်းရန်” စဉ်းစားလျက်ရှိကြောင်း၊ ဤလုပ်ရပ်သည် ယူကရိန်းထံ ပို့ဆောင်နေသော ရေဒါ၊ မော်တော်ယာဉ်၊ ခဲယမ်းကျည်နှင့် ဒုံးကျည်စသည်တို့အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း အမေရိကန် “The Washington Post” က အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်း ထုတ်ပြန် ခဲ့သည်။

ယင်းသည် ယူကရိန်း အကျပ်အတည်း ဘက်စုံ အရှိန်မြင့်တက်လာချိန်မှစ၍ အမေရိကန်-ယူကရိန်း ဆက်ဆံရေး အဆိုးရွားဆုံးအချိန်ဖြစ်ကြောင်း၊ အမေရိကန်- ယူကရိန်း နှစ်ဖက်သည် ယူကရိန်းအကျပ်အတည်းကို မည်သို့ ဖြေရှင်းရေးတွင် အလွန်ကြီးမားသော သဘောထားကွဲလွဲမှုများရှိနေပြီး ယူကရိန်းက “သတ္တုထုတ်ကုန်များဖြင့် လုံခြုံမှု ရရှိရန်” ကြိုးပမ်းနေသော်လည်း အမေရိကန်က ပို၍ လိုချင်သည်မှာ သိသာထင်ရှားလှကြောင်း လေ့လာ သုံးသပ်သူများက ထောက်ပြထားသည်။

အမေရိကန်၏ လုပ်ရပ်ကို “မာဖီးယား (Mafia) ပုံစံလုပ်ရပ်” ဟု ဗြိတိန် “The Economist” ဝက်ဘ်ဆိုက်တွင် တင်စားထားသည်။ အမေရိကန်သည် စနစ်အသစ်ကို တည်ထောင်လျက်ရှိရာ ထိုကဲ့သို့သော စနစ်အသစ်တွင် အဆင့်ခွဲခြားမှု စနစ်သစ်ရှိကြောင်း၊ “အမေရိကန်က ထိပ်ဆုံးနေရာမှာနေတယ်။ အမေရိကန်ရဲ့ မဟာမိတ်တွေကို နောက်ဆုံးမှာထားတယ်၊ သူတို့ရဲ့ အားကိုးမှုနဲ့ သစ္စာရှိမှုကို အသုံးချလို့ရတဲ့ အားနည်းချက်တွေလို့ သတ်မှတ်တယ်” ဟု ဆောင်းပါးတွင် ရေးသားထားသည်။

အမေရိကန်နှင့် ဥရောပတို့က အကျိုးအမြတ်အတွက် ယှဉ်ပြိုင်ကြ

ယူကရိန်း အကျပ်အတည်းအား ရင်ဆိုင်ရာတွင် ဥရောပနှင့် အမေရိကန် နှစ်ဖက်လုံးသည် မိမိ၏အကျိုးစီးပွားကို ဦးစားပေးသဖြင့် သဘောထားကွဲလွဲမှုနှင့် ဒွိဟဖြစ်မှုများသည် တစ်နေ့တခြား သိသာထင်ရှားလာပြီး အတ္တလန္တိတ် ဖြတ်ကျော်ဆက်ဆံရေး အက်ကွဲကြောင်း အဆက်မပြတ်နက်ရှိုင်းလာသည်ဟု လေ့လာသုံးသပ်သူများက ယူဆ  ကြသည်။
ဥရောပနှင့် အမေရိကန်သည် ယူကရိန်းအား ဆက်ဆံရာ၌ အနှစ်သာရအရ တူညီမှုမရှိဘဲ မိမိ၏ အကျိုးစီးပွားကိုသာ အာရုံစိုက်ကြသည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဟောင်း Ben Wallace က မကြာသေးမီက မီဒီယာ တွေ့ဆုံ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။ ၎င်းတို့သည် ယူကရိန်းအား စစ်ဘက်ဆိုင်ရာ ပစ္စည်းအဟောင်းများ ထောက်ပံ့ပေးခြင်းဖြင့် အခွင့်ကောင်းယူကာ မိမိစစ်တပ်၏ စစ်ဘက်ဆိုင်ရာပစ္စည်းများအား “အသစ်လဲပေး” ခြင်း ဖြစ်ကြောင်း၊ ဥရောပနှင့် အမေရိကန်က ယူကရိန်းအား ထောက်ပံ့ပေးသည့် ကူညီမှုအများစုမှာ မိမိနိုင်ငံပြည်တွင်း ထုတ်ဖြစ်ပြီး ထိုမှတစ်ဆင့် မိမိအတွက် အလုပ်အကိုင် အများအပြားဖန်တီးပေးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ကီယာစတားမာကလည်း ဗြိတိန်နှင့် ဥရောပ၏ အကျိုးစီးပွားအရ တောင်းဆိုချက်ကို မကွယ်ဝှက်တမ်း ပြောဆို ထားသည်။ ယူကရိန်းအရေးကိစ္စသည် ဗြိတိန်နိုင်ငံ၏ အမျိုးသားလုံခြုံမှု၊ အကျိုးစီးပွားနှင့် ပတ်သက်နေကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားလာကတည်းက ဗြိတိန်သည် လူနေမှုဘဝ အရင်းအနှီး အကျပ်အတည်း၊ စွမ်းအင် အကျပ်အတည်း စသည့် စိန်ခေါ်မှုများကို ခံခဲ့ရကြောင်း၊ ယူကရိန်းအရေးကိစ္စအား ကြိုးပမ်းဖြေရှင်း၍ ဥရောပ ရေရှည်ငြိမ်းချမ်းမှု ဖော်ဆောင်ခြင်းသည် ဗြိတိန်၏ အကျိုးစီးပွားနှင့် ကိုက်ညီသကဲ့သို့ ဥရောပနှင့် ယူကရိန်း၏ အကျိုးစီးပွားနှင့်လည်း ကိုက်ညီကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အမေရိကန်ရဲ့ အမြင်မှာ ကျွန်တော်တို့ (ယူကရိန်း) က ရောင်းချလို့ရတဲ့ အရင်းအနှီးပိုင်ဆိုင်မှုပါပဲ။ ဥရောပသား တွေက သူတို့ဘာသာကိုပဲ ဂရုစိုက်ကြတာပါ” ဟု ယူကရိန်းပြည်သူ Pavard ၏ ပြောကြားချက်ကို ကိုးကား၍ ဗြိတိန် “The Guardian” သတင်းစာတွင် ဖော်ပြထားသည်။

အမေရိကန် တတ်သိပညာရှင်အဖွဲ့ဖြစ်သည့် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (CSIS) က လတ်တလော ရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည့် အစီရင်ခံစာတစ်ခုတွင် အမေရိကန်က သံတမန်ဆက်ဆံရေးအား စီမံရာတွင် တစ်နေ့တခြား ပိုမိုသိသာလာသော “အရောင်းအဝယ်ပုံစံ ရှုထောင့်အမြင်” ကို ဖော်ပြလာသည်ဟု ထောက်ပြ ထားသည်။
အမေရိကန်-ယူကရိန်း သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက်အပြင် အ‌မေရိကန်က ဂရင်းလန်းကျွန်း၊ ကနေဒါ တို့အပြင် ရုရှား၏ သတ္တုထုတ်ကုန်များကိုပင် စိတ်ဝင်စားမှု ဖော်ပြလာကြောင်း၊ ထရမ့်အုပ်ချုပ်သည့် ကာလအတွင်း ယူကရိန်း၊ ဥရောပ သို့မဟုတ် NATO အဖွဲ့ဖြစ်စေ ၎င်းတို့က မဟာဗျူဟာ အရင်းအမြစ် သို့မဟုတ် စီးပွားရေးအရ လျော်ကြေးများကို “ပြန်လည်ပေးဆပ်မှု” အဖြစ် မပေးနိုင်ပါက အမေရိကန်ထံမှ ၎င်းတို့ ရရှိနိုင်မည့် လုံခြုံရေးအာမခံချက်များမှာ သိသိသာသာလျော့ကျသွားမည်ကို မျှော်မှန်းနိုင်ကြောင်း အစီရင်ခံစာက ဆိုသည်။

ဥရောပက လုံခြုံရေးအာမခံချက်ပေးသည့်အပိုင်းတွင် အမေရိကန်ကို အစားထိုးနိုင်မည့်နိုင်ငံအား ရှာဖွေ၍ မရသေးကြောင်း၊ ထို့ကြောင့် ဥရောပက မိမိကိုယ်ကို ပိုမိုလွတ်လပ်စွာတည်ရှိရေး၊ မိမိကိုယ်ကို ပိုမို အားကိုးရေး အတွက် လေ့လာသင်ယူရမည်ဖြစ်ကြောင်း လစ်သူအေးနီးယားနိုင်ငံ တတ်သိပညာရှင်အဖွဲ့ ပထဝီနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာန ဌာနမှူး Linas Kojala က ယူဆသည်။ 

ကိုးကား-ဆင်ဟွာ

အမေရိကန်-ယူကရိန်း ဆွေးနွေးပွဲ ပျက်ပြီးနောက် အမေရိကန်၊ ဥရောပ နှင့် ယူကရိန်းအကြား တင်းမာမှု ပြင်းထန်လာ

အမေရိကန်ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နေတိုးအဖွဲ့ဝင်များကို ကာကွယ်ရေး အတွက် GDP ၏ (၅) ရာခိုင်နှုန်းကို သုံးစွဲစေလိုကြောင်း မကြာသေးခင်က တိုက်တွန်းချက်နှင့် ပတ်သက်၍ နေတိုးအဖွဲ့ဝင်နိုင်ငံများအကြား သဘောထားများကွဲလွဲလာခဲ့ သည်။ဒေါ်နယ်ထရမ့်၏ လိုလားချက်အရ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ လက်ရှိထည့်ဝင်နေသော အသုံးစရိတ်ထက် နှစ်ဆပိုများနေသည်။ထိုကဲ့သို့ ဒေါ်နယ်ထရမ့်၏ ကာကွယ်ရေးအသုံးစရိတ် ကြီးကြီးမားမားတိုးမြှင့်ရန် အဆိုပြုချက်ကို နေတိုးကအလေးအနက်ထားကြောင်း မပြသ သော်လည်း ၎င်း၏လက်ရှိ ကာကွယ်ရေး အသုံးစရိတ်သတ်မှတ်ချက်ထက် ကျော်လွန်သုံးစွဲရန် သဘောတူဖွယ်ရှိန

အမေရိကန်ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နေတိုးအဖွဲ့ဝင်များကို ကာကွယ်ရေး အတွက် GDP ၏ (၅) ရာခိုင်နှုန်းကို သုံးစွဲစေလိုကြောင်း မကြာသေးခင်က တိုက်တွန်းချက်နှင့် ပတ်သက်၍ နေတိုးအဖွဲ့ဝင်နိုင်ငံများအကြား သဘောထားများကွဲလွဲလာခဲ့ သည်။ဒေါ်နယ်ထရမ့်၏ လိုလားချက်အရ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ လက်ရှိထည့်ဝင်နေသော အသုံးစရိတ်ထက် နှစ်ဆပိုများနေသည်။ထိုကဲ့သို့ ဒေါ်နယ်ထရမ့်၏ ကာကွယ်ရေးအသုံးစရိတ် ကြီးကြီးမားမားတိုးမြှင့်ရန် အဆိုပြုချက်ကို နေတိုးကအလေးအနက်ထားကြောင်း မပြသ သော်လည်း ၎င်း၏လက်ရှိ ကာကွယ်ရေး အသုံးစရိတ်သတ်မှတ်ချက်ထက် ကျော်လွန်သုံးစွဲရန် သဘောတူဖွယ်ရှိနေကြောင်း တာဝန်ရှိသူများနှင့်လေ့လာသုံးသပ်သူများထံမှသိရသည်။

လက်ရှိတွင် နေတိုးအဖွဲ့ဝင်နိုင်ငံအများစုသည် GDP ၏ (၂) ရာခိုင်နှုန်းသာ ကာကွယ်ရေး အတွက် သုံးစွဲနေကြခြင်းဖြစ်ပြီး (၅) ရာခိုင်နှုန်းသို့ တိုးမြှင့်ရန်ကိစ္စမှာမူ ထင်သလောက် လွယ်ကူမည့်ကိစ္စမဟုတ်ပေ။ယင်းအဆိုပြုချက်ကို ဦးဆောင်တိုက်တွန်းသည့် အမေရိကန် ပင်လျှင် ၎င်းသတ်မှတ်ချက်ကို ပြည့်မီရန်လိုအပ်နေသေးသည်။ဂရင်းလန်း၊ကနေဒါ၊ပနားမား တို့နှင့်ပတ်သက်၍ ထရမ့်၏ခြိမ်းခြောက်စကားများကြောင့် နေတိုးအဖွဲ့ဝင်များအကြား စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ၎င်း၏ပထမသက်တမ်းအတွင်း နေတိုးအသုံး စရိတ်အပေါ်အာရုံစိုက် ထားပြီး သတ်မှတ်ချက်မပြည့်မီသည့် မဟာမိတ်များကို အကာအကွယ်ပေးသွားမည် မဟုတ်ကြောင်း ခြိမ်းခြောက်မှုများကလည်း နေတိုးအဖွဲ့ဝင်များကို နှစ်ဆတိုးစိုးရိမ်ကြောင့်ကြ မှုဖြစ်စေသည်။နေတိုးနိုင်ငံများမှတာဝန်ရှိသူများက ကာကွယ်ရေးအသုံးစရိတ်ကိုထပ်မံတိုးမြှင့်ရန် လိုအပ်ကြောင်းထောက်ခံကြသော်လည်း (၅)ရာခိုင်နှုန်းအထိတိုးမြှင့်ရန်မှာမူ အဖွဲ့ဝင်အားလုံး နီးပါးအတွက် နိုင်ငံရေးအရနှင့်သာမက စီးပွားရေးအရပါ မဖြစ်နိုင်ဟု လေ့လာသုံးသပ်သူ များက ပြောကြားထားသည်။

သို့သော် ရုရှားသည် ယူကရိန်းပြီးနောက် အခြားနေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ထပ်မံတိုက် ခိုက်လာနိုင်သည်ဟူသော ခြိမ်းခြောက်မှုများနှင့်အတူ ထရမ့်၏တိုက်တွန်းချက် များကြောင့် လာမည့် ဇွန်လတွင် သဟိဂ်၌ပြုလုပ်မည့် နေတိုးထိပ်သီး အစည်းအဝေးတွင် သတ်မှတ်ချက်အသစ်ကို သဘောတူဖွယ်ရှိကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ အဆိုပါ သတ်မှတ်ချက်အသစ်သည် မည်သည့်အတိုင်းအတာအထိရှိနေသည်ဆိုသည်နှင့် ၎င်းသည် ထရမ့်ကို စိတ်ကျေနပ်မှုရှိစေမည်လားကိုမူ စောင့်ကြည့်ရဦး မည်ဖြစ်သည်။နေတိုး အဖွဲ့ဝင်(၃၂)နိုင်ငံက GDP ၏ (၃)ရာခိုင်နှုန်းခန့်ကိုဆွဲတင်ရန် အပြင်းအထန် ငြင်းခုံမှုများ ဖြစ်ပြီးနောက် ယခုအခါ သဘောတူနိုင်လိမ့်မည်ဟု အချို့က မျှော်လင့်နေကြသည်။သို့သော် အချို့အဖွဲ့ဝင်နိုင်ငံများကမူ (၂) ရာခိုင်နှုန်းသို့ ရောက်အောင်ပင် ဆယ်စုနှစ်တစ်ခုကြာခန့် ကြိုးစားခဲ့ရကြောင်းတွေ့မြင်ခဲ့ရပြီးဖြစ်သည်။

အီတလီကာကွယ်ရေးဝန်ကြီး Guido Crosetto က အပြောင်းအလဲတစ်ခု ဖြစ်လာ မည်ဟု မျှော်လင့်ကြောင်း၊သို့သော်ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းနီးပါးအတွက်(၅) ရာခိုင်နှုန်းဆိုသော ပမာဏမှာ မဖြစ်နိုင်ကြောင်း၊ယခင် (၂)ရာခိုင်နှုန်းကိုပင် မနည်းဖြစ် မြောက်အောင် လုံးပန်း နေရကြောင်း ၎င်းကမှတ်ချက်ပြုထားသည်။အီတလီသည် ကာကွယ်ရေး အသုံးစရိတ် အတွက် GDP ၏ (၁.၅) ရာခိုင်နှုန်း ခန့်သာ ထည့်ဝင်နိုင်သောကြောင့် ၎င်းသည် လက်ရှိ သတ်မှတ်ချက်ကိုပင် ပြည့်မီအောင် စွမ်းဆောင်နိုင်ခြင်းမရှိသော အဖွဲ့ဝင်နိုင်ငံ (၈) နိုင်ငံတွင် ပါဝင်နေသေးသည်။ယူကရိန်းနှင့်နယ်နိမိတ်ချင်း ထိစပ်နေသော ပိုလန်သည် နေတိုးအဖွဲ့ဝင် နိုင်ငံများအနက် ကာကွယ်ရေးတွင် GDP ၏ အမြင့်ဆုံးဝေစုကို သုံးစွဲသည့်အဖွဲ့ဝင် ဖြစ်ပြီး ယမန်နှစ်က (၄.၁၂) ရာခိုင်နှုန်းခန့်ရှိမည်ဖြစ်ကြောင်း မဟာမိတ်အဖွဲ့က ခန့်မှန်းထားသည်။ ၎င်း၏နောက်တွင် အက်စ်တိုးနီးယားက(၃.၄၃)ရာခိုင်နှုန်းနှင့်အမေရိကန်က (၃.၃၈) ရာခိုင်နှုန်း သုံးစွဲနေကြောင်းတွေ့ရှိရသည်။

ပြီးခဲ့သောနှစ်တွင် GDP ၏ (၂.၁) ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးစွဲခဲ့သည့် ဆွီဒင်သည်လည်း ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲသင့်ကြောင်း အကြံပြုထားသည်။ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Maria Malmer Stener­gard က “မိမိတို့၏ ကာကွယ်ရေးတွင် ပို၍ရင်းနှီးမြှုပ်နှံရန် လိုအပ်နေကြောင်း ကောက်ခံထားသည့် စစ်တမ်းများက ဖော်ပြနေကြောင်း” ဖော်ပြထားသည်။ သို့သော် ဥရောပနိုင်ငံအများစုသည် ဘတ်ဂျက်အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရပြီး လက်ရှိသတ်မှတ်နှုန်းထား(၂)ရာခိုင်နှုန်းရောက်ရန်ပင် ရုန်းကန်နေကြရသည်။ နေတိုးသည် အဖွဲ့ဝင်နိုင်ငံများထည့်ဝင်သော ကာကွယ်ရေးအသုံးစရိတ်ကို (၂၀၂၄) ခုနှစ်တွင် အမေရိကန် ဒေါ်လာ(၁.၄၇၄) ထရီလီယံရှိမည်ဟု ခန့်မှန်းတွက်ချက်ထားပြီး ယင်းတို့အနက် အမေရိကန်မှ(၉၆၈)ဘီလီယံနှင့် ဥရောပနိုင်ငံများနှင့်ကနေဒါတို့မှ (၅၀၇) ဘီလီယံခန့်ရှိမည် ဟု ခန့်မှန်းထားသည်။ စုစုပေါင်းပျမ်းမျှသည် နေတိုး GDP ၏ (၂ ဒသမ ၇၁) ရာခိုင်နှုန်းခန့် ဖြစ်သည်။ အချို့သောအရာရှိများနှင့် လေ့လာသုံးသပ်သူများက နေတိုးသည် ထရမ့်၏ (၅) ရာခိုင်နှုန်း အကြံပြုချက်ကို လပေါင်းများစွာစေ့စပ်ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင်(၃) ရာခိုင်နှုန်းနှင့် ပိုမိုအနီးစပ်ဆုံးအနေအထားဖြင့် ဆုံးဖြတ်နိုင်ခြေရှိကြောင်း သုံးသပ်ထား ကြသည်။ ပြီးခဲ့သည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမဲဆွယ် စည်းရုံးမှုအတွင်း ထရမ့် သည် (၃) ရာခိုင်နှုန်း သတ်မှတ်ချက်ကို အဆိုပြုခဲ့ပြီး ထိုကဲ့သို့တိုးမြှင့်နိုင်မှုက နေတိုးနိုင်ငံ အများစုအတွက် ကာကွယ်ရေးအသုံး စရိတ်(၃၀)ရာခိုင်နှုန်းခန့်တိုးလာမည်ဟုဆိုသည်။

ရုရှား-ယူကရိန်းပဋိပက္ခနှင့်အတူတိုးမြှင့်သုံးစွဲရန်လိုလာသည့်နေတိုးကာကွယ်ရေး အသုံးစရိတ်ယူကရိန်းတွင် ရုရှားဘက်မှဆင်နွှဲလာသောစစ်ပွဲကြောင့် ဥရောပနိုင်ငံအများအပြားက ထိတ်လန့်တုန်လှုပ်သွားကာ မကြာသေးမီနှစ်များအတွင်း ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့် ခဲ့ကြသည်။ သို့သော် အချို့နိုင်ငံများတွင် ပြည်သူ့ဘဏ္ဍာ ငွေကျပ်တည်းလာခြင်းနှင့်အတူ ကာကွယ်ရေးအသုံးစရိတ်များသည် နိုင်ငံရေးအရ ရေပန်းစားခြင်းမရှိတော့သောကြောင့် နေတိုးနိုင်ငံအစိုးရများအနေဖြင့် ကာကွယ်ရေးအတွက် GDP ၏(၃)ရာခိုင်နှုန်းကို သုံးစွဲရန် လှုံ့ဆော်ရေးမှာမူ လွယ်ကူမည်တော့မဟုတ်ပေ။ အပြည်ပြည်ဆိုင်ရာပညာရှင်များ အသိုင်း အဝိုင်းမှ ကာကွယ်ရေးဘောဂဗေဒပညာရှင် Fenella McGerty က မကြာသေးမီက တိုးတက်မှု များသည် သိသာထင်ရှားသော်လည်း သတ်မှတ်ချက်အသစ်များ ပြည့်မီနိုင်ရေးဆိုလျှင် နိုင်ငံများ အတွက် နှစ်ပေါင်းများစွာအချိန်ယူရမည်ဖြစ်ကြောင်းဖော်ပြခဲ့သည်။“ ဥရောပသည် တိုးတက်မှု များအတွက် အကောင်အထည်ဖော်ရန် အရှိန်အဟုန်ဖြင့်သွားမည် ဆိုလျှင်တောင် သတ်မှတ် ချက်ကို ပြည့်မီရန် နောက်ထပ်(၁၀)နှစ်လောက် အချိန်ယူရမည်ဖြစ်ပါကြောင်း” ဟု ၎င်းက ပြောသည်။ သို့သော် ဥရောပနိုင်ငံအစိုးရအများစုက ဥရောပတိုက်ကြီးကို ကာကွယ်ရန် အတွက် ဆိုလျှင် အမေရိကန်ကို အားကိုးနေခြင်းထက် ကိုယ့်အားကိုယ်ကိုးသင့်ကြောင်း ဖော်ပြထား ကြသည်။

ပြင်သစ်နှင့် ဘောလ်တစ်နိုင်ငံတို့က ကာကွယ်ရေးအသုံးစရိတ် ရန်ပုံငွေအတွက် ဥရောပသမဂ္ဂမှချေးငှားရန် တွန်းအားပေးလျက်ရှိသည်။အဆိုပါဆွေးနွေးညှိနှိုင်းမှု၏ ရလဒ်သည် လာမည့်လတွင် ကျင်းပမည့် ဂျာမနီနိုင်ငံ ရွေးကောက်ပွဲအပေါ် မူတည်နေမည်ဖြစ်သည်။ အကြောင်းမှာ ဂျာမနီသည် ယင်းအချက်ကိုကန့်ကွက်နေသောကြောင့်ဖြစ်သည်။ ယခုအချိန်တွင် ဥရောပမဟာမိတ်များအနေဖြင့် ကိုယ့်အားကိုယ်ကိုးရန် နေတိုးကာကွယ်ရေး ရင်းနှီး မြှုပ်နှံမှု အပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သော Camille Grand က ဆိုသည်။ အကြောင်းမှာ ဥရောပ မဟာမိတ်များသည် လက်ရှိတွင် ဝေဟင်ထဲမှာပင် ဆီဖြည့်ခြင်း၊ စစ်ဘက်ဆိုင်ရာ လေကြောင်း ပို့ဆောင်ရေးနှင့်အီလက်ထရွန်နစ်စစ်လက်နက်များ စသည့်ကဏ္ဍများတွင် အမေရိကန်အပေါ် မှီခိုအားထားနေရဆဲကြောင့်ဖြစ်သည်။၎င်းကဏ္ဍအားလုံးမှာ ငွေကုန်ကြေးကျ အလွန်များသည်။ ထိုသို့သော လုံခြုံရေး လိုအပ်ချက်များကြောင့် ဥရောပအနေဖြင့် ကာကွယ်ရေး အသုံးစရိတ် အတွက်တိုးမြှင့်သုံးစွဲသင့်နေသည်။

နေတိုး၏ ကာကွယ်ရေးအသုံးစရိတ်ကိုမည်သူက အများဆုံးသုံးနေသနည်း

အမေရိကန်သည် ကာကွယ်ရေးအသုံးစရိတ် GDP ခွဲဝေမှု တိုးမြှင့်ရေးအတွက် တက်တက်ကြွကြွ ကတောင်းဆိုနေသော်လည်း ၎င်းသည် နေတိုးကာကွယ်ရေးအသုံးစရိတ် အများဆုံးအသုံးချသည့် အဖွဲ့ဝင်မဟုတ်ပေ။ထို့ပြင် ၎င်း၏စီးပွားရေး အရွယ်အစားအရ ၎င်းသည် နေတိုးကို အများဆုံး ထောက်ပံ့ပေးနေသည့် အဖွဲ့ဝင်ဖြစ်နေသည်။ဥပမာအနေဖြင့် (၂၀၂၃) ခုနှစ်က စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာနမှပြုစုထားသော စာရင်းဇယား များအရ အမေရိကန်သည် နေတိုးအသုံးစရိတ်၏ (၆၈) ရာခိုင်နှုန်းကို တာဝန်ယူထားပြီး အခြားသော ဥရောပမဟာမိတ်အဖွဲ့ဝင်နိုင်ငံများက (၂၈) ရာခိုင်နှုန်းခန့်သာ တာဝန်ယူထားကြောင်း တွေ့ရှိရသည်။

ကာကွယ်ရေးအသုံးစရိတ်အများဆုံး သုံးစွဲသည့်အဖွဲ့ဝင်ကို လေ့လာကြည့်ရာ ရုရှား၊ ယူကရိန်းနှင့်ရုရှားမဟာမိတ် ဘီလာရုစ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ပိုလန်နိုင်ငံက အကြီးမားဆုံး သုံးစွဲသူဖြစ်နေကြောင်းတွေ့ရသည်။ (၂၀၁၄) ခုနှစ်တွင် နေတိုး GDP ၏ (၁ .၉) ရာခိုင်နှုန်းကို သုံးစွဲနေသော ၎င်းက (၂၀၂၃) ခုနှစ်တွင် (၃.၉) ရာခိုင်နှုန်းသို့ ခုန်တက်သွားခဲ့ သည်။ ထို့ကြောင့် ၎င်းသည် နေတိုးရှိအဖွဲ့ဝင်(၃၁)နိုင်ငံအနက် ကာကွယ်ရေးအသုံးစရိတ် အများဆုံးသုံးစွဲသူဖြစ်လာခဲ့သည်။ နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ တွက်ကိန်းများအရ တတိယကမ္ဘာစစ်သည် ဥရောပက စတင်မည်ဟု သုံးသပ်ထားကြသည်။ထို့ကြောင့် ရုရှား-ယူကရိန်းစစ်မီး တောက်လောင်ဆဲဖြစ်သော ဥရောပတိုက်အနေဖြင့် ကာကွယ်ရေးကို အရှိန် မြှင့်တင်ရေးကအရေးကြီးနေသည်။သို့သော် နေတိုးအဖွဲ့ဝင်နိုင်ငံများ ကြားမှာပင် သဘောထား ကွဲလွဲမှုများ၊ရပ်တည်ချက်ကွဲလွဲမှုများကြောင့် နေတိုး၏ကာကွယ်ရေးကဏ္ဍကို မြှင့်တင်ရန်မှာ ခဲယဉ်းနေဦးမည်ဖြစ်သည်။သို့ပါသောကြောင့် (၂၀၂၅)ခုနှစ် ဇန်နဝါရီလ (၂၀) ရက်တွင် အမေရိကန်၏ တရားဝင်သမ္မတဖြစ်လာခဲ့သည့် ဒေါ်နယ်ထရမ့်အနေဖြင့် ၎င်း၏အဆိုပြုချက်ကို အောင်မြင်အောင်တိုက်တွန်းဖို့ရာ ၎င်း၏မူအတိုင်း ခြိမ်းခြောက်မှုများဖြင့် ရှေ့ဆက်သွားလော သို့တည်းမဟုတ် အခြားနည်းလမ်းများဖြင့် လုပ်ဆောင်မည်လော စောင့်ကြည့်လေ့လာရဦးမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

Source: (တင်ဇာ) NP News

ဒေါ်နယ်ထရမ့်က နေတိုးကို ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ရန် တိုက်တွန်းနိုင်မည်လား

အာဆတ်အစိုးရကိုဖြုတ်ချပြီးနောက် အသွင်ကူးပြောင်းရေး အစိုးရ၏ဝန်ကြီးချုပ်အဖြစ် ယာယီတာဝန်ယူထားသူ အယ်လ်ရှာဘနီသည် ဆော်ဒီအာရေးဘီးယားနိုင်ငံ၏ ဖိတ်ကြားချက်အရ ရီယာ့ဒ်သို့ ဇန်နဝါရီလ ၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က သွားရောက်ခဲ့ပါသည်။

အယ်ရှာဘနီ၏ ဆော်ဒီခရီးစဉ်မှာ ဆီးရီးယားအစိုးရသစ်၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်ဖြစ်ပြီး ဆော်ဒီအာရေးဘီး ယားနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်မှုရှိစေရန် ရည်ရွယ်ထားကြောင်း ဆီးရီးယား ထိပ်တန်းသံတမန်တစ်ဦးက ဆိုထားပါသည်။ 

 "မိမိအနေဖြင့် ဆီးရီးယားနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးသစ် Murhaf Abu Qasra နှင့် အကြီးအကဲ Anas Khattab တို့နှင့်အတူ ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ ရောက်ရှိနေပြီး နှစ်နိုင်ငံအကြား ခိုင်မာသောဆက်ဆံရေး တည်ဆောက်သွားလိုကြောင်း " အယ်ရှာဘနီက ၎င်း၏ X စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။ 

AlJazeera သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ဝန်ကြီးချုပ်သစ်အယ်လ်ရှာဘနီက အနာဂတ်ဆီးရီးယားနိုင်ငံစီမံခန့်ခွဲရေးမူဘောင်အစီအစဉ် အသေးစိတ်ကိုချပြဆွေးနွေးခဲ့ပြီး ဆီးရီးယားအပေါ် အနောက်နိုင်ငံ များ၏ပိတ်ဆို့မှုအားလုံးကို ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့ပါသည်။

ဆီးရီးယားအစိုးရအဖွဲ့အကြီးအကဲ၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ်သွားရောက်ခဲ့သည့် ဆော်ဒီအနေဖြင့် ဆီးရီးယား၏ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်အပေါ် မည်သို့အကျိုးရှိလာမည်ကို စောင့်ကြည့်ရပေမည်။

ကိုးကား - Ajazeera

ဆီးရီးယားဝန်ကြီးချုပ်သစ်၏ ဆော်ဒီခရီးစဉ် မည်သို့ အကျိုးရှိလာနိုင်မည်နည်း

၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပခဲ့သည့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရခဲ့ပြီးနောက် လအနည်းငယ်အတွင်း တရုတ်အစိုးရ၏ မူဝါဒ ချမှတ် သူများသည် လာမည့် လေးနှစ်ကြာ အမေရိကန်-တရုတ် ဆက်ဆံရေးအပေါ် စိုးရိမ် ပူပန်စွာ ဖြင့် စောင့်ကြည့်နေကြကြောင်း ကမ္ဘာ့ထိပ်တန်းသတင်းစာကြီးတစ်ခုဖြစ်သည့် Foreign Affairs မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖော်ပြခဲ့ပါသည်။ တရုတ်အစိုးရက ထရမ့်အစိုးရအနေဖြင့် တရုတ်နိုင်ငံအပေါ် တင်းကျပ်သည့် မူဝါဒများ ချမှတ်လာမည်ကို ကြိုတင် မျှော်လင့်ထားပြီး အဆိုပါမူဝါဒများသည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်၊ နည်းပညာစစ်နှင့် ထိုင်ဝမ် အရေး ပ

၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပခဲ့သည့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရခဲ့ပြီးနောက် လအနည်းငယ်အတွင်း တရုတ်အစိုးရ၏ မူဝါဒ ချမှတ် သူများသည် လာမည့် လေးနှစ်ကြာ အမေရိကန်-တရုတ် ဆက်ဆံရေးအပေါ် စိုးရိမ် ပူပန်စွာ ဖြင့် စောင့်ကြည့်နေကြကြောင်း ကမ္ဘာ့ထိပ်တန်းသတင်းစာကြီးတစ်ခုဖြစ်သည့် Foreign Affairs မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖော်ပြခဲ့ပါသည်။ တရုတ်အစိုးရက ထရမ့်အစိုးရအနေဖြင့် တရုတ်နိုင်ငံအပေါ် တင်းကျပ်သည့် မူဝါဒများ ချမှတ်လာမည်ကို ကြိုတင် မျှော်လင့်ထားပြီး အဆိုပါမူဝါဒများသည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်၊ နည်းပညာစစ်နှင့် ထိုင်ဝမ် အရေး ပြဿနာများသည် ထိပ်တိုက်တွေ့ဆုံမှုကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း သုံးသပ်ပါသည်။ လက်ရှိမှာတော့ ယင်းထင်မြင်ချက်က မကြာမီ လာတော့မည့် တရုတ်-အမေရိကန် ဆက်ဆံရေး မိုးသက်မုန်တိုင်းများအတွက် တရုတ်ဘက်က ကြိုတင်ပြင်ဆင်နေပြီ ဆိုသည်ကို ပြသရာ ရောက်ပါသည်။

ယခုတစ်ပတ်အတွင်း တရုတ်ကုန်ပစ္စည်းအားလုံးအပေါ် ထရမ့်က ၁၀ ရာခိုင်နှုန်း အခွန် ကောက်ခံလိုက်ခြင်းသည် ထိုစိုးရိမ်မှုများအတွက် လုံလောက်သည့် အကြောင်းပြချက်တစ်ခု ဖြစ်သွားပါသည်။ အမေရိကန်၏ လုပ်ရပ်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကလည်း မဆိုင်းမတွ ဆိုသလိုပင် အမေရိကန် ကုန်ပစ္စည်းအချို့အပေါ် အခွန်နှုန်းထား ပြင်ဆင် သတ်မှတ်ခြင်းများ၊ မဟာဗျူဟာမြောက် အရေးပါသည့် သတ္တုအမျိုးအစားများ တင်ပို့မှုကို ကန့်သတ်ခြင်းနှင့် အမေရိကန် အခြေစိုက် Google ကဲ့သို့ အထင်ကရ ကုမ္ပဏီကြီးတစ်ခုကို ပိတ်ဆို့မှု၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကြေညာချက်ထုတ်ခြင်းများကို ခပ်စိပ်စိပ် လုပ်လာပြီး လက်တုံ့ပြန်ခဲ့ပါသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ လက်ရှိအနေအထားက အမေရိကန် ကို ပုခုံးချင်းယှဉ်လောက်သည့် အနေအထား မရှိသေးဘဲ အကန့်အသတ်များ၊ စိန်ခေါ်မှုများ ရှိနေပါသေးသည်။ 

တရုတ် အစိုးရ၏ မူဝါဒချမှတ်သူများသည် ယင်းပြဿနာကို သိထားပြီး ဖြစ်သည့် အတွက်ကြောင့် အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲခြင်းထက် အခြားနည်းလမ်းများကို ရှာဖွေနေဆဲ ဖြစ်ပါသည်။ ထရမ့်၏ ပထမသမ္မတသက်တမ်းတုန်းကလည်း တရုတ်အစိုးရက ၎င်းတို့၏ ချဉ်းကပ်မှုကို အမေရိကန်၏ တရုတ်မူဝါဒနှင့် လိုက်လျောညီထွေဖြစ်အောင် နည်းဗျူဟာများ ပြောင်းလဲကျင့်သုံးလုပ်ဆောင်ခဲ့ပါသည်။ လက်ရှိကာလအတွင်း ထရမ့်၏ မတည်ငြိမ်သေးသည့် မူဝါဒများကို စောင့်ကြည့်နေပြီး တန်ပြန်လုပ်ဆောင်ရန်နှင့် ၎င်းတို့ အတွက် ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် မဟာဗျူဟာနည်းလမ်းအမျိုးမျိုး ကြိုးပမ်း ဖော်ထုတ် နေခြင်းဖြစ်ပါသည်။ သိသာသည့်အချက်တစ်ခုအနေဖြင့် တရုတ်သည် ပြည်တွင်း စီးပွားရေးနှင့် နိုင်ငံခြားဆက်ဆံရေးကို မြှင့်တင်ဖို့ အထူးကြိုးပမ်းနေသည်ဆိုသည့် သတင်း များ တိတ်တဆိတ် ပေါ်ထွက်လာခြင်းပင် ဖြစ်ပါသည်။

ဘိုင်ဒင်အစိုးရလက်ထက်က တရုတ်သည် အမေရိကန်ဆီမှာ ရင်းနှီးမြှုပ်နှံခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်းနှင့် ယှဉ်ပြိုင်ခြင်းများကို မဟာဗျူဟာကျကျ ဟန်ချက်ညီညီ လုပ်ဆောင်ခဲ့ပါသည်။ ယခု ထရမ့်လက်ထက်တွင်မူ တရုတ်အစိုးရ၏ မဟာဗျူဟာက ပြည်တွင်း စီးပွားရေးကို ပိုမို ခိုင်မာစေရန်၊ အဓိကအားဖြင့် အိမ်နီးချင်းများနှင့် သင့်မြတ်ရန်အပြင် ကမ္ဘာ့တောင်ခြမ်းနိုင်ငံ များနှင့် နက်ရှိုင်းသည့်ဆက်ဆံရေးတည်ဆောက်ရန် အထူးအာရုံစိုက်နေပါသည်။ လတ်တလော အနေဖြင့် ထရမ့်၏အစီအမံက ရေတိုအောင်မြင်မှုကို ရယူနိုင်သော်လည်း တရုတ်၏အစီအစဉ် က ရေရှည်မှာ ပိုမိုအားသာလာနိုင်မှု ရှိ/မရှိ မေးခွန်းထုတ်ဖွယ်ရှိပါသည်။ တရုတ်ခေါင်းဆောင် ပိုင်းများသည် တရုတ်နိုင်ငံ၏ ကြီးမြတ်သည့်သမိုင်းကြောင်းအပေါ် လေးနက်သည့် ယုံကြည်မှု ရှိခြင်းကြောင့် အမေရိကန်၏ ကမ္ဘာ့ဩဇာအကြီးဆုံးအရိုက်အရာကို အစားထိုးရန် အစဉ်အမြဲ တွေးဆနေကြခြင်း ဖြစ်ပါသည်။ ထရမ့်၏မူဝါဒများသည် အမေရိကန်၏ အင်အားကို လျော့ကျစေပြီး ရေရှည်တွင် အမေရိကန်၏ ကမ္ဘာ့စူပါပါဝါအဖြစ် ရပ်တည်မှုကို လျော့ကျ စေမည်ဟု ၎င်းတို့ဘက်က မျှော်လင့်ထားကြပါသည်။ ထိုသို့ ဖြစ်လာပြီဆိုပါက တရုတ်သည် ယင်းအခွင့်အလမ်းကို အသုံးချဖို့ အသင့်ရှိလာပါမည်။

မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲရေး 

တရုတ်အစိုးရ၏ မဟာဗျူဟာများထဲတွင် အမေရိကန်ပြည်တွင်းရေးပဋိပက္ခ အားကောင်း စေရေးမှာ အဓိကအခန်းကဏ္ဍတစ်ခု ဖြစ်ပါသည်။ ထရမ့် သမ္မတဖြစ်လာပြီးကတည်းက တာစူလာသည့် ကုန်သွယ်ရေးအသာစီးရလိုမှု၊ ဒဏ်ခတ်ပိတ်ဆို့မှုနှင့် ပို့ကုန်ထိန်းချုပ်မှု စသည့် ပုံစံများသည် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုဆီ တွန်းပို့နိုင်ကြောင်း တရုတ်တို့က မျှော်မှန်း ထားပါသည်။ သို့ဖြစ်၍လည်း တရုတ်အစိုးရက စီးပွားရေး ပိုမိုအားကောင်းလာရန်နှင့်ပြည်တွင်းစားသုံးမှုအတွက် လုံခြုံစိတ်ချရရန် နှိုးဆော်မှုအစီအမံများ စတင်ဆောင်ရွက် နေပြီဖြစ်ပါသည်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီး သုံးရက်အကြာ နိုဝင်ဘာလ ၈ ရက် နေ့တွင် တရုတ်အစိုးရက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ ပြီးခဲ့သည့် နှစ်နှစ် အတွင်း ဒေသဆိုင်ရာအစိုးရများ၏ ကြွေးမြီများကို လျှော့ချနိုင်ရန် နည်းလမ်းတစ်ရပ်အနေဖြင့် ပြည်တွင်းဈေးကွက် ခိုင်မာလာစေရန် ဒေါ်လာ ၁.၄ ထရီလီယံကို  ပြည်တွင်း ဈေးကွက် အတွင်း လည်ပတ်စေမည် ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ဒေသဆိုင်ရာအစိုးရများ ရယူ ထားသည့် အကြွေးသည် ဒေါ်လာ ၉ ထရီလီယံခန့်ရှိနိုင်ကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့က ခန့်မှန်းထားပါသည်။ 

ယခုကဲ့သို့ ဖြေရှင်းခြင်းသည် တရုတ်အတွက် ပြည်တွင်းစီးပွားရေးအခြေအနေကို တည်ငြိမ် စေပြီး တရုတ်နိုင်ငံဈေးကွက်အပေါ် နိုင်ငံတကာ၏ ယုံကြည်မှုတိုးမြှင့်စေနိုင်မည်ဖြစ်သဖြင့် ဗဟို အစိုးရက ယခုလို အားပေးလုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ ယင်းသို့ပြည်တွင်း၌ ဒေါ်လာ စီးဆင်းမှု အားကောင်းအောင် ဆောင်ရွက်သည့် အစီအစဉ်အပြီး တစ်လအကြာ ဒီဇင်ဘာ ၉ ရက် နေ့တွင်မူ ဗဟိုအစိုးရက “ပိုမိုတက်ကြွတဲ့ ဘဏ္ဍာရေး မူဝါဒများနှင့် အတန်အသင့် ပျော့ပျောင်းသည့် ငွေကြေးမူဝါဒများ” ကို ချမှတ်သွားမည်ဟု ကတိပြုပြောကြားခဲ့ပါသည်။ ယင်းမှာ ၂၀၁၀ ခုနှစ် တည်းက တင်းတင်းကျပ်ကျပ် ကျင့်သုံးလာသည့် မူဝါဒများကို ဖြေလျှော့ပြီး စီးပွားရေး နှိုးဆော်မှုတွေ လုပ်ဆောင်မည်ဆိုသည့် မူဝါဒဆိုင်ရာ အပြောင်းအလဲပုံစံတစ်ခု ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွက် စီးပွားရေးမူဝါဒများကို ချမှတ်သည့် အစည်းအဝေး တစ်ခု ဖြစ်သည့် တရုတ်နိုင်ငံ၏ ဗဟိုစီးပွားရေးလုပ်ငန်းများဆိုင်ရာ အစည်းအဝေးမှာလည်း ထို အချက်များကို ထပ်မံအတည်ပြုခဲ့ပါသည်။ အဆိုပါ အစည်းအဝေးက ထွက်ပေါ်လာသည့် အကြံပြုချက်များတွင် အစိုးရအသုံးစရိတ် တိုးမြှင့်ရန်၊ အတိုးနှုန်း လျှော့ချရန်နှင့် ပြည်တွင်း ဈေးကွက် မြှင့်တင်ရန်စသည့် အချက်များ အဓိက နေရာက ပါဝင်နေပါသည်။

ထရမ့်အစိုးရက တရုတ်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုရှိနေသည့် တတိယ နိုင်ငံများကို အရေးယူနိုင်သည့်ဆုံးဖြတ်ချက်ကို ချမှတ်ကောင်းချမှတ်လာနိုင်ပါသည်။ အဆိုပါ လုပ်ဆောင်မှုသည် တရုတ်နိုင်ငံ၏စီးပွားရေးကို ထိခိုက်သွားစေနိုင်သော်လည်း ထရမ့်၏ လေးနှစ်တာ သက်တမ်းအတွင်း အလုံးစုံအကျပ်အတည်းထဲကိုတော့ တွန်းပို့နိုင်မည် မဟုတ် ကြောင်း တရုတ်ဘက်က ယုံကြည်နေဆဲဖြစ်ပါသည်။ ထရမ့်၏ ကုန်သွယ်ရေးနှင့် နယ်မြေ ချဲ့ထွင်ရေး ကဲ့သို့သော မူဝါဒများကို နိုင်ငံငယ်များက လက်တလော မလွန်ဆန်နိုင်သော်လည်း ကြာလာသည်နှင့်အမျှ အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာနိုင်စရာရှိသောကြောင့် အမေရိကန် အစိုးရအပေါ် ယုံကြည်မှု လျော့ကျလာနိုင်သလို အမေရိကန်၏ တစ်ဖက်သတ် မူဝါဒများကြောင့် ၎င်း၏ ကမ္ဘာ့ခေါင်းဆောင်ဆိုသည့် အရိုက်အရာကိုလည်း တဖြည်းဖြည်း ထိခိုက်လာစေနိုင်ကြောင်း တရုတ်ဘက်က သုံးသပ်ကြပါသည်။

ထရမ့်၏ ယခု ဒုတိယသက်တမ်းအတွင်း ထိုအားနည်းချက်ကို အခွင့်ကောင်းယူပြီး တရုတ်ဘက်က ၎င်း၏ သြဇာလွှမ်းမိုးမှုကို မြန်မြန်ဆန်ဆန် တိုးချဲ့မည်ဆိုသည့် အလားအလာ များမြင်နေရပြီဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ တရုတ်နိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်ခုအဖြစ် ပေါ်ထွက်လာခြင်းနှင့်အတူ အမေရိကန်ကို ကမ္ဘာ့တစ်ဦးတည်းသော စူပါပါဝါ အဖြစ်ကနေ ဖယ်ထုတ်နိုင်ရန် ကြိုးပမ်းချက်က လတ်တလော မဖြစ်နိုင်သေးသော်လည်း တရုတ် ၏ မျှော်မှန်းချက်ထက် ရည်မှန်းချက်အဖြစ် ပိုပြီးနီးစပ်လာနေပြီ ဖြစ်ပါသည်။ “ရာစုနှစ် တစ်ခု အတွင်း မမြင်ဖူးသေးသည့် ပြောင်းလဲမှုကို တွေ့မြင်ရစေမည်” ဆိုသည့်စကား ကို သမ္မတ ရှီက မကြာခဏ ပြောလေ့ရှိပါသည်။ အချုပ်အားဖြင့် တင်ပြရပါက အမေရိကန် ၏ တစ်ကိုယ် ကောင်းဆန်သည့် ပြိုင်ဘက်ကို အလဲထိုးရေးမူဝါဒက အခြားနိုင်ငံများ မတည်မငြိမ်ဖြစ်မှုကို ဖန်တီးပေးရာသာ ရောက်သွားနိုင်ပြီး တရုတ် အစိုးရအနေဖြင့် မည်သည့် မုန်တိုင်းမျိုးပင်ဖြစ်စေ ကျော်လွှားသွားမည်ဆိုသည့် အတွေးကို အကောင်အထည်ဖော်နေပြီ ဖြစ်ပါသည်။ လက်တွေ့မှာ ဖြစ်နိုင်၊ မဖြစ်နိုင်ကတော့ စောင့်ကြည့်ရအုံးမည် ဖြစ်ပါသည်။

ကိုးကား။ https://www.reddit.com/r/geopolitics/comments/1ijy15o/chinas_trump_strategy_beijing_is_preparing_to/

အမေရိကန်အပေါ် တရုတ်ကျင့်သုံးမည့် မဟာဗျူဟာအကြောင်းအား ဆွေးနွေးပေးစေလိုပါသည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် မီစရီ နှင့် တာလီဘန် ယာယီနိုင်ငံခြားရေးဝန်ကြီးမူတာကီတို့သည် ဇန်နဝါရီ ၇ ရက်နေ့က ဒူဘိုင်းတွင် တွေ့ဆုံခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမှုသည် အိန္ဒိယက တာလီဘန်ခေါင်းဆောင်များနှင့် ဆက်ဆံမှုပြုလုပ်လိုသည့် လမ်းစဟု လေ့လာသူများက သုံးသပ်နေကြပါသည်။ 

အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့် နှစ် ၂၀ အတွင်း အာဖဂန် နစ္စတန်ကို အကူအညီပေးရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက်  ဒေါ်လာ ၃ ဘီလီယံ ကျော်ရင်းနှီးမြှုပ်နှံပေးခဲ့ပါသည်။ နှစ်နိုင်ငံအကြား ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေး၊  လူသားချင်းစာနာထောက်ထားသော ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများပြန်လည်လည်ပတ်ရေး၊ အာဖဂန် နစ္စတန်ရှိ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဒုက္ခသည် များကို ‌ထောက်ပံ့ပေးရေးတို့အတွက်  အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ပါသည်။ 

သို့သော် အဆိုပါအစည်းအဝေးမှာ အိန္ဒိယအစိုးရက ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်တွင် လူ ၄၆ ဦး သေဆုံးခဲ့သည်ကို ရှုတ်ချကြောင်းကြေညာချက်ထွက်ပြီးနောက်ပိုင်းမှ ပြုလုပ်ခဲ့သည့်အတွက် မြှုပ်ကွက်များရှိနေနိုင်သည်ဟု ခန့်မှန်းနေကြခြင်း ဖြစ်ပါသည်။

တာလီဘန်သံတမန်ဟောင်းဖြစ်သူ Ikramuddin Kamil အား အိန္ဒိယ-အာဖဂန် သံအမတ်အဖြစ် ခန့်အပ်လိုက်ခြင်းသည် ရုရှား၊ တရုတ်၊ အီရန်နိုင်ငံများနှင့်အလားတူ  တာလီဘန်တို့အတွက် အိန္ဒိယနိုင်ငံသည် စိတ်ဝင်စားစရာဖြစ်နေကြောင်း ခန့်မှန်းရပါသည်။

ကိုးကား -Aljazeera

အိန္ဒိယနှင့် တာလီဘန်တို့တွေ့ဆုံမှု ရိုက်ခတ်မှုရှိနိုင်သလား?

အရှေ့အလယ်ပိုင်း ပဋိပက္ခသည် အခြေခံအား ဖြင့် ဂျူးလူမျိုးနှင့် အာရပ်လူမျိုးစုတို့၏ ပဋိပက္ခ ဖြစ်၏။ နောင်သော် ကိုးကွယ်ရာ ဘာသာများအကြား ပဋိပက္ခအသွင်ပါ ဆောင်လာ၍ ရဟူဒီဘာသာဝင် (ဂျူး)များနှင့် အစ္စလာမ်ဘာသာဝင်(အာရပ်ဆွန္နီ)၊ ပါရှန်(ရှီယိုက်)တို့၏ ပဋိပက္ခအဖြစ်လည်း ကျယ်ပြန့်လာသည်။   

ဤပဋိပက္ခ၏ စတင်မြစ်ဖျားခံရာမှာ ကမ္ဘာဦး အစကပင် ဖြစ်သည်ဟု ဆိုနိုင်သည်။  ခရစ်ယာန် ဘာသာဝင်တို့၏ ဓမ္မဟောင်းကျမ်း (Old Testament) အပါအဝင်ဖြစ်သော အာဒီကပ္ပ ကမ္ဘာဦးကျမ်း (The Book of Genesis) အရ  ဣသရေလ လူမျိုး (အစ္စရေး) များနှင့် အာရပ်လူမျိုးများသည် ဧဗြာဟံ (Abram)ဟုခေါ်သော နယ်မြေအကြီးအကဲ တစ်ဦး ထံမှ  ဆင်းသက်လာခဲ့သည့် ဖအေတူ၊ မအေကွဲ ညီနောင်များဖြစ်သည်ဆို၏။  ဧဗြာဟံနှင့်   ဇနီးကြီး ဆာရာ (Sarah) တို့မှ မွေးဖွားသူ အီဆတ်(Isaac) (သားငယ်)နှင့် ကိုယ်လုပ်တော် မောင်းမငယ် ဟာဂါ (Hagar)တို့မှ အလျင် မွေးဖွားသူ အစ္စမေး(Ismael) တို့အကြား မိခင်ချင်းမပြေနိုင်သည့် အာဃာတများမှ တစ်ဆင့် အမွေဆက်ခံလာသည့် ပဋိပက္ခများက ယနေ့ထက်တိုင်   စစ်မီးများ    မငြိမ်းနိုင်သေးဘဲ တောက်လောင်နေဆဲ ဖြစ်၏။

အရှေ့အလယ်ပိုင်း ပဋိပက္ခကဘာလဲ။