၂၀၂၄ ခုနှစ်အတွင်း ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် အာဖရိကတိုက်ရှိ နိုင်ငံများ ၌ Mpox (မျောက်ကျောက်ရောဂါ) ကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာပြီး ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းတွင် ရောဂါမျိုးကွဲအသစ် (clade Ib) လျင်မြန်စွာကူးစက်လာခဲ့သည်။ နယ်စပ်ဖြတ် ကျော်နှင့် နိုင်ငံတကာကူးစက်ပျံ့နှံ့မှုများ ရှိနေခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်တွင် မျောက်ကျောက်ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေ အနေအဖြစ် ကြေညာခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကူးစက်ဖြစ်ပွားနိုင်ခြေနည်းပ
၂၀၂၄ ခုနှစ်အတွင်း ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် အာဖရိကတိုက်ရှိ နိုင်ငံများ ၌ Mpox (မျောက်ကျောက်ရောဂါ) ကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာပြီး ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းတွင် ရောဂါမျိုးကွဲအသစ် (clade Ib) လျင်မြန်စွာကူးစက်လာခဲ့သည်။ နယ်စပ်ဖြတ် ကျော်နှင့် နိုင်ငံတကာကူးစက်ပျံ့နှံ့မှုများ ရှိနေခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်တွင် မျောက်ကျောက်ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေ အနေအဖြစ် ကြေညာခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကူးစက်ဖြစ်ပွားနိုင်ခြေနည်းပါးသော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများရှိနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ မျောက်ကျောက်ရောဂါ ကာကွယ်ရေးအတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ် ဝင်/ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုအား နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။ ထို့ပြင် လူနာတွေ့ရှိပါက ရောဂါကာကွယ်ထိန်းချုပ် ကုသရေးအတွက် သီးခြားလူနာ ဆောင်များထားရှိရန်၊ လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိရန်နှင့် ပြည်သူ လူထုအတွင်း ရောဂါကာကွယ်ရေးနည်းလမ်းများ ကျန်းမာရေးအသိပညာပေးခြင်းတို့အား အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
မျောက်ကျောက်ရောဂါသည် Mon-key pox virus ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွား သောရောဂါဖြစ်ပြီး ကျောက်ကြီး small pox ဗိုင်းရပ်စ်မိသားစုအတွင်း ပါဝင်ပါသည်။ ကလေးသူငယ်များနှင့် လူငယ်များ တွင် မကြာခဏဖြစ်တတ်သော ရေကျောက် (chicken pox) နှင့်မတူပါ။ တိရစ္ဆာန်မှ ကူးစက်သော ရောဂါဖြစ်ပြီး နို့တိုက်သတ္တဝါများ၊ မျောက်များ၊ ကြွက် များမှတစ်ဆင့် ကူးစက်ဖြစ်ပွားရပါသည်။ မူလက မျောက်များတွင်ဖြစ်ပွားသော ရောဂါဖြစ်သောကြောင့် မျောက်ကျောက် ရောဂါဟု သတ်မှတ်ကြ ခြင်းဖြစ်သည်။ အမှန်အားဖြင့် မျောက်ကျောက်ဗိုင်းရပ်စ် ပိုးကို ၁၉၅၈ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ မျောက်ကျောက်ရောဂါဝေဒနာရှင်တစ်ဦးကို စတင်သတိပြုမိခဲ့ကြသည်။ ၂၀၂၂ ခုနှစ်တွင် အာဖရိက အလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံများ၌ ရောဂါ ပြန့်ပွားခဲ့ပြီး ကမ္ဘာ့နိုင်ငံတချို့၌ပါ ကူးစက်ခံစားခဲ့ရသည်။ ယခု ၂၀၂၄ ခုနှစ်အထိ နိုင်ငံပေါင်း ၁၀၆ နိုင်ငံသို့ ပျံ့နှံ့ဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်ပွားသူ တစ်သိန်းနီးပါးရှိကာ သေဆုံးသူ ၂၀၀ ကျော်ရှိခဲ့သည်။
ဗိုင်းရပ်စ်အမျိုးအစား နှစ်မျိုးရှိပြီး အာဖရိကအလယ်ပိုင်းတွင် ပျံ့နှံ့ဖြစ်ပွား နေသည့် clade I အမျိုးအစား မှာ ရောဂါ ဝေဒနာပြင်းထန်၍ သေဆုံးမှုနှုန်းလည်း၁၀ ရာခိုင်နှုန်းခန့်အထိရှိသည်။ cladeII အမျိုးအစား မှာ အနောက်အာဖရိကတွင် ပျံ့နှံ့ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံများသို့ပါ ပျံ့နှံ့ခဲ့သည်။ ရောဂါဝေဒနာ မပြင်းထန်ဘဲ ၉၉ ရာခိုင်နှုန်း သက်သာပျောက်ကင်းကြပါသည်။ မျောက်ကျောက် ရောဂါကို ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ HIV ရောဂါနှင့် ကိုယ်ခံစွမ်းအား လျော့နည်းသည့် သူများတွင် ရောဂါဝေဒနာပိုမိုပြင်းထန်စွာ ခံစားရနိုင်သည်။
မျောက်ကျောက်ရောဂါသည် ရောဂါပိုး ကူးစက်ခံရသော တောရိုင်းတိရစ္ဆာန်များနှင့် တိုက်ရိုက် ထိတွေ့ခြင်း၊ ရောဂါပိုး ရှိသူနှင့် လိင်ဆက်ဆံခြင်း၊ အရေပြားချင်း ထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ် အချိန်အတော်ကြာတွေ့ဆုံခြင်း၊ လူ၏ အနာများ၊ အညစ်အကြေးများနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊ ရောဂါပိုး ကပ်ငြိနေသော အရာဝတ္ထုများ၊ အသုံးအဆောင် ပစ္စည်းများကို လက်ဖြင့်ကိုင်တွယ်မိရာမှ တစ်ဆင့် ရောဂါပိုး ကူးစက်ခံစားရနိုင်ပါသည်။ ရောဂါပိုးစတင်ဝင်ရောက်ပြီး ၁ ရက်မှ ၂၁ ရက်အတွင်း ရောဂါလက္ခဏာ များ စတင်ဖြစ်ပွားနိုင်သည်။ ရောဂါ လက္ခဏာများအနေဖြင့် ဖျား၍ မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်နှင့် လိင်အင်္ဂါ များတွင် အနီကွက်များနှင့်အတူ အရည် ကြည်ဖုများပေါက်ခြင်း၊ ပြန်ရည်အိတ် (lymph node) များ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင် ကိုက်ခဲခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခန်းခြင်း စသောလက္ခဏာ များ ခံစားရတတ်သည်။
ရောဂါဝေဒနာ ခံစားနေရသူများတွင် အများစုမှာ ဝေဒနာသက်သာစေသော အဖျားကျဆေး၊ အကိုက်အခဲပျောက် ဆေးများနှင့်ကုသခြင်း၊ ရေများများ သောက်ခြင်းဖြင့် အပြည့်အဝ ပြန်လည် ကျန်းမာနိုင်သည်။ တချို့လူများတွင် ပြင်းထန်သောဝေဒနာ ခံစားရသဖြင့် ဗက်တီးရီးယား၊ ဗိုင်းရပ်စ် ပိုးသတ်ဆေး များပေး၍ကုသရသည်။ ဦးနှောက်ရောင်၊ မျက်ကြည်လွှာရောင်၊ အဆုတ်ရောင်နှင့် အရေပြားအနာများ ပိုးဝင်ခြင်းတို့ပါ ခံစားရတတ်သည့်အပြင် အမာရွတ်များကျန်ခဲ့ သဖြင့် ကြည့်ရ ဆိုးခြင်း၊ မျက်ကြည်လွှာ ပျက်စီးသွားခြင်းများ တွေ့ကြုံရနိုင်သည်။ ရောဂါရှိ၊ မရှိကို ရောဂါလက္ခဏာ များသာမက အရည်ကြည်များမှ PCR နည်းပညာသုံး၍ ဗိုင်းရပ်စ် DNA ကို ရှာဖွေရသည်။
ရောဂါလက္ခဏာ ခံစားနေရသူများအနေဖြင့် တခြားသူများအား မကူးစက် စေရန် အရေပြားအနာများ ကောင်းစွာ မကျက်ခင်အထိ မိမိတစ်ယောက်တည်း သီးသန့်နေထိုင်ခြင်း၊ အစားအသောက်၊ အသုံး အဆောင်များ သီးသန့်သုံးစွဲခြင်း၊ ကိုယ်ခံစွမ်းအား ကျနေသောသူများနှင့် ထိတွေ့မှုရှောင်ကြဉ်ခြင်း၊ အပြင်ခဏ ထွက်ရန်လိုအပ်ပါက ပါးစပ်နှင့်နှာခေါင်း စည်းတပ်ဆင်ခြင်း၊ ခြေလက်များကို အဝတ်များဖြင့် ဖုံးထားရန် လက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်းကို အကာအကွယ်မဲ့ မပြုလုပ်ခြင်း၊ လိင်ဆက်ဆံခြင်းမှ ရှောင် ကြဉ်ခြင်းတို့ လိုက်နာဆောင်ရွက်သင့်သည်။ အထူးသဖြင့် ရောဂါပိုးတွေ့ရှိရာ နိုင်ငံများမှ လွန်ခဲ့သော ၂၁ ရက်အတွင်း ပြန်လာသူများ၊ ရောဂါလက္ခဏာခံစား နေရသူများ၊ ထိုသူများနှင့် ထိတွေ့မိသူများ အနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းသွား လာမှုများ ရှောင်ကြဉ်သင့်သည်။ နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့ ကုသမှုခံယူသင့်သည်။
မျောက်ကျောက်ရောဂါခံစားရခြင်းမှ ကာကွယ်နိုင်ရန် သံသယလက္ခဏာခံစား ရသူများနှင့် အနီးကပ် တွေ့ဆုံမှုကို ရှောင်ကြဉ်သင့်သည်။ လိင်ဆက်ဆံထိတွေ့ခြင်းအပါအဝင်၊ အရေပြားချင်း ထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ် တွေ့ဆုံခြင်းနှင့် ပါးစပ်မှတစ်ဆင့် အရေပြားသို့ထိတွေ့ခြင်းများကို ရှောင်ကြဉ် ရပါမည်။ အနီးကပ်ထိတွေ့မှုကို ရှောင်လွှဲ၍ မရပါက လက်အိတ်ဝတ်ဆင်ခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (mask) တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာနှင့်ရေ သို့မဟုတ် လက်သန့်ဆေးရည်အသုံးပြု၍ စနစ်တကျ ဆေးကြောသင့်သည်။ သံသယရောဂါ လက္ခဏာခံစားနေရသူ၏ အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ရာတွင် လက်အိတ်ဝတ်ဆင်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ခြင်းတို့ဖြင့် ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်မည် ဖြစ်သည်။ ထို့ပြင် ပြည်သူလူထုအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်း၊ နှာချေ၊ ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာ ဖုံးအုပ်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ခြင်း၊ လက်ကိုဆပ်ပြာနှင့်ရေ သို့မဟုတ် ရေမလို လက်သန့်ဆေးရည်အသုံးပြု၍ စနစ်တကျဆေးကြောခြင်း၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးများ ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ခြင်းများကို လိုက်နာဆောင်ရွက်သင့်သည်။
အသားစိမ်းများကို ကျက်အောင်ချက် စားရမည်ဖြစ်သကဲ့သို့ အရာဝတ္ထု၊ အိပ်ရာ ခင်း၊ မျက်နှာသုတ်ပဝါ၊ အဝတ်အစားများကို သန့်ရှင်းရေးပုံမှန်ပြုလုပ်ရမည်။ လိင်ဆက်ဆံချိန်တွင် ကွန်ဒုံးအသုံးပြုခြင်းသည် မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှုကို မကာကွယ်နိုင်သော်လည်း လိင်မှတစ်ဆင့် ကူးစက်သော ရောဂါတချို့ကို ကာကွယ်နိုင်သည်။ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် မိမိ၏ပတ်ဝန်းကျင် သန့်ရှင်းရေး ကောင်းမွန်စေရန်လည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ မျောက်ကျောက်ရောဂါကာကွယ်ဆေး (JYNN-EOS) သည် ကျောက်ကြီးကာကွယ်ဆေး အမျိုးအစားမှ ဆင့်ပွားဖြစ်လာသည့် ကာကွယ်ဆေးဖြစ်ပြီး လေးပတ်ခြားကာ နှစ်ကြိမ်ထိုးရန်လိုအပ်သည်။ ဒုတိယဆေးထိုးပြီး နှစ်ပတ်အကြာတွင် ကာကွယ် မှုရနိုင်သည်။ အထူးသဖြင့် ရောဂါ ဖြစ်ပွားနိုင်ခြေရှိသူများ၊ လိင်ဆက်ဆံဖက်များသူများ၊ ရောဂါရှိသူ များနှင့် ထိတွေ့ခဲ့သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဓာတ်ခွဲခန်းဝန်ထမ်းများကို ဦးစားပေး ထိုးနှံရန် လိုအပ်သည်။
မည်သူမဆို မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်သကဲ့သို့ တခြားသူကိုလည်း ကူးစက်နိုင်သဖြင့် ကျန်းမာရေး သတိဖြင့် ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ ရောဂါဝေဒနာများခံစားရပါက သက်ဆိုင်ရာကျန်းမာရေးဌာနသို့ သတင်းပို့ ကုသမှုခံယူပြီး တခြား သူများကို မိမိထံမှတစ်ဆင့် မကူးစက်စေရန် သတိထား ဆောင်ရွက်ကြရမည်။ မြန်မာနိုင်ငံအနေ ဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုအောက်တွင် ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်း လိုက်နာဆောင်ရွက်မှုများဖြင့် မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို ကာကွယ်တားဆီးတိုက်ထုတ်ကြရ မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက် ရပါသည်။ ။
ဒေါက်တာ ဥမ္မာစော
၂၀၂၄ ခုနှစ်အတွင်း ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် အာဖရိကတိုက်ရှိ နိုင်ငံများ ၌ Mpox (မျောက်ကျောက်ရောဂါ) ကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာပြီး ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းတွင် ရောဂါမျိုးကွဲအသစ် (clade Ib) လျင်မြန်စွာကူးစက်လာခဲ့သည်။ နယ်စပ်ဖြတ် ကျော်နှင့် နိုင်ငံတကာကူးစက်ပျံ့နှံ့မှုများ ရှိနေခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်တွင် မျောက်ကျောက်ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေ အနေအဖြစ် ကြေညာခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကူးစက်ဖြစ်ပွားနိုင်ခြေနည်းပ