အလုပ်အကိုင်ရှာဖွေသူများအနေဖြင့် အလုပ်လိုအပ်သည့်အခါ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများမှ မည်သို့ဆောင်ရွက်ပေးပါသလဲ။
Upload Image

အလုပ်ရှာဖွေသူများအနေဖြင့် အလုပ်သမားမှတ်ပုံတင်ကတ်ပြား လာရောက်ပြုလုပ် ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး အလုပ်အကိုင်ရှာဖွေသူများ အနေဖြင့် အလုပ်လိုအပ်သည့်အခါ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ လူကိုယ်တိုင်လာရောက်၍ အလုပ်သမားမှတ်ပုံတင်ရမည်။ ဤကဲ့သို့ လူကိုယ်တိုင် လာရောက်မှတ်ပုံတင်ခြင်းဖြင့် မှတ်ပုံတင်သူ၏ အရည်အချင်းနှင့် ကျွမ်းကျင်မှုအခြေ အနေကိုပြည့်စုံစွာရရှိနိုင်ပြီး၊ လျှောက်ထားရာရုံးတွင် ၎င်း၏ အရည်အချင်းနှင့် အ လုပ်အကိုင်ပေါ်ပေါက်လျက်ရှိပါက ချက်ချင်းပင်ဆက်သွယ်ပေးနိုင်ရန်ဖြစ်သည်။ အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးသို့ အလုပ်သမားမှတ်ပုံ တင်ကတ်ပြား လာရောက်လျှောက်ထားပါက ကိုယ်ရေးအချက်အလက်အား စနစ်တကျမှတ်တမ်း တင်နိုင်ရန်အတွက် နိုင်ငံသားမှတ်ပုံတင်ကတ်ပြား(မူရင်း)၊ ပညာအရည်အချင်း အောင်လက်မှတ်(မူရင်း)နှင့် ကျွမ်းကျင်မှုလက်မှတ်(မူရင်း) အထောက်အထားများ ပြည့်စုံစွာတင်ပြပြီး အလုပ်သမားမှတ်ပုံတင်ကတ်ပြား အလလခ(ပုံစံ-၂)ကို ထုတ်ယူရမည်ဖြစ်ပါသည်။
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။