ရထားပို့ဆောင်ရေးတစ်ခေတ်ဆန်းသစ် ပြည်သူများသွားလာရေးအဆင်ပြေ
ပြည်သူများ ဆက်သွယ်သွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးအတွက် ကုန်းလမ်းပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေး၊ လေကြောင်းပို့ဆောင်ရေးနှင့် ရထားပို့ဆောင်ရေး ဟူသည့် နည်းလမ်းလေးမျိုးဖြင့် အစဉ်အဆက် ဆောင်ရွက်ခဲ့ရာတွင် ရထားပို့ဆောင်ရေးနည်းလမ်းသည် သယ်ယူပို့ဆောင်စရိတ်အနည်းဆုံးဖြင့် ခရီးသည်နှင့် ကုန်စည်များစွာကို အချိန်တိုအတွင်း သယ်ယူ ပို့ဆောင်ပေးနိုင်သည်။ နှစ်ပေါင်း ၁၄၀ ကျော် သက်တမ်းရှည်ကြာပြီဖြစ်သည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည်။