မြန်မာနိုင်ငံ၏KG+12 ပညာရေးစနစ်သစ်သည် နိုင်ငံတကာပညာရေးစနစ်နှင့်ကိုက်ညီမှု ရှိ/မရှိ ဖြေကြား‌ပေးစေလိုပါသည်။

မြန်မာနိုင်ငံတွင် ပြောင်းလဲသင်ကြားပေးလျက်ရှိသည့် KG+12 ပညာရေးစနစ်သစ်သည် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော IGCSE “A” Level နှင့် ကိုက်ညီမှုရှိပါသည်။

တိုင်းရင်းသားဒေသများတွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မည်သို့ စီမံဆောင်ရွက်ထားရှိသနည်း။

တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့် ဒေသများတွင် ဒေသခံဘာသာ စကားဖြင့် မေးမြန်း၍ သန်းခေါင် စာရင်းကောက်ယူနိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနတို့က ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ရောဂါများကိုသိရှိလိုပါသည်။

မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ရောဂါများသည် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပါသည်။