သတင်းများ

(၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မနောအကဖြင့် ဆင်နွှဲနိုင်ရေး ရိုးရာအစဉ်အလာနှင့်အညီ မနောတိုင်စိုက်ထူ

မြစ်ကြီးနား   ဇန်နဝါရီ ၅

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်သော (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားတွင် ပြည်ထောင်စု၏ စည်းလုံးခြင်း၊ စီးပွားလာဘ်လာဘ တိုးပွားစေခြင်းနှင့် အောင်မြင်ခြင်းအထိမ်းအမှတ် မနောအကဖြင့် ဆင်နွှဲနိုင်ရေး ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ရုံးရှေ့မြက်ခင်းပြင်၌ မနောတိုင်ကို ရိုးရာအစဉ်အလာနှင့်အညီ စိုက်ထူခဲ့ကြသည်။

တက်ရောက်

ဦးစွာ မနောတိုင်စိုက်ထူပွဲအခမ်းအနားကို ကတ်သလစ်အသင်းတော်မှ ဘုန်းတော်ကြီး ဖာသာဒေါက်တာဂေါ်လူယုံဝါ၊ နှစ်ခြင်းခရစ်ယာန်အသင်းတော်များမှ သိက္ခာတော်ရဆရာတော်များ ဦးဆောင်၍ မနောပွဲဦးဆောင်သူ နောင်ရှောင်များနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဝတ်ပြုပွဲအစီအစဉ်ကို သိက္ခာတော်ရဆရာတော်က ဆုတောင်းဆက်ကပ်ပေးသည်။

ယင်း‌နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အထိမ်းအမှတ်အဖြစ် ပြည်ထောင်စု၏ စည်းလုံးခြင်း၊ အေးချမ်းသာယာခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရိုးရာအစဉ်အလာနှင့်အညီ မနောအကဖြင့် အောင်မြင်စွာ ကျင်းပဆင်နွှဲနိုင်ရေး ဆုမွန်တောင်းခံပေးနိုင်ရန် ပြောကြားပြီး ဖာသာဒေါက်တာ ဂေါ်လူယုံဝါက ဆုတောင်းဆက်ကပ် ကောင်းချီးတောင်းခံပေးသည်။

ဆက်လက်၍ မနောပွဲဦးဆောင်သူ နောင်ရှောင်ခေါင်းဆောင်က ရိုးရာအစဉ်အလာနှင့်အညီ မနောပွဲတော် ကျင်းပနိုင်ရေး၊ မနောတိုင်စိုက်ထူခြင်းတို့အတွက် ဆုမွန်ကောင်းများတောင်းခံပေးကာ သိက္ခာတော်ရဆရာက ကောင်းချီးပေးပြီး မနောတိုင်အား စုပေါင်းစိုက်ထူခဲ့ကြသည်။

ပြည်နယ်(ပြန်/ဆက်)

Source: ကြေးမုံသတင်းစာ

မြဝတီခရိုင်၌ ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအကအဖွဲ့ ဩဝါဒခံယူပွဲနှင့် ဒုံးမြေချပွဲ ကျင်းပ

မြဝတီ အောက်တိုဘာ ၃၀

နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြဝတီခရိုင်ကိုယ်စားပြု ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကအဖွဲ့၏ ဩဝါဒခံယူပွဲနှင့် ဒုံးမြေချပွဲအခမ်းအနားကို အောက်တိုဘာ ၂၉ ရက်က ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဦးစွာ မြဝတီခရိုင်ကိုယ်စားပြု ကရင်ရိုးရာဒုံးအကအဖွဲ့ ဦးစီးကော်မတီနာယက ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ကရင်တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ‌ဖော်ထုတ်ပြသ ခြင်းသည် ကောင်းမြတ်သော မင်္ဂလာဖြစ်ကြောင်းနှင့် ခရိုင်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် လူငယ် မောင်မယ်များအနေဖြင့် ကြိုးစားယှဉ်ပြိုင်ကြပြီး ဆုများရယူလာမည်ဟု ယုံကြည်ကြောင်း ပြောကြား သည်။

ထို့နောက် မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ဒုံးအက အဖွဲ့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ခရိုက်ကိုယ်စားပြုကရင်ရိုးရာဒုံးအကအဖွဲ့ ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစောအောင်သိန်းမြင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ ခရိုင်ကိုယ်စားပြု ကရင်ရိုးရာဒုံးအကအဖွဲ့မှ ရိုးရာဒုံးမြေချပွဲအခမ်းအနားကို ဆက်လက် ကျင်းပခဲ့ရာ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဒုံးအကအဖွဲ့က ပြိုင်ပွဲဝင်တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)

Source- Myawady Webportal