ကမ္ဘောဒီးယားရောက် ထိုင်းနိုင်ငံသားများ ထွက်ခွာရန် ထိုင်းသံရုံး သတိပေး

News Image

  • ကမ္ဘောဒီးယားရောက် ထိုင်းနိုင်ငံသားများ ထွက်ခွာရန် ထိုင်းသံရုံး သတိပေး

ဇူလိုင် ၂၄ နံနက်ပိုင်းတွင် နှစ်နိုင်ငံ အငြင်းပွားနယ်မြေ၌ ပစ်ခတ်မှုများကြောင့် အခြေအနေ ပိုမိုတင်းမာလာသဖြင့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ထိုင်းသံရုံးက အိမ်နီးချင်းဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံတွင် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသား ပြန်လည်ထွက်ခွာရန် သံရုံး၏ Facebook စာမျက်နှာမှတစ်ဆင့် သတိပေး ပြောကြားထားပါသည်။ 

လက်ရှိအခြေအနေအရ ကမ္ဘောဒီးယားရောက် ထိုင်းနိုင်ငံသားများအနေဖြင့် ဆက်နေထိုင်ရန် အရေးတကြီးကိစ္စမရှိလျှင် ကမ္ဘောဒီးယား နိုင်ငံကနေ အမြန်ဆုံး ထွက်ခွာသင့်ကြောင်း သတိပေးပြောကြားထားပါသည်။ 

ကြာသပတေးနေ့ (ဇူလိုင် ၂၄) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမှာ ထိုင်းတပ်ဖွဲ့များ၏ ရန်လိုမှုဖြစ်သည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က အခိုင်အမာပြောကြားထားပါသည်။

ထိုင်းစစ်တပ်သည် ၎င်းတို့၏ ပိုင်နယ်ကို ကျော်လွန်ကာ ကမ္ဘောဒီးယား စစ်ဘက်ဆိုင်ရာ စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ကမ္ဘောဒီးယား က ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းလိုသည့် ရပ်တည်ချက်ကို အမြဲထိန်းသိမ်းထားခဲ့သော်လည်း လက်ရှိအခြေအနေမှာ ယခုကဲ့သို့ လက်နက်ကြီး ပစ်ခတ်၍ ကျူးကျော်မှုကို လက်နက်ကိုင်အင်အားဖြင့် တုံ့ပြန်ရုံကလွဲ၍ ရွေးချယ်စရာလမ်းမရှိတော့ကြောင်း ဝန်ကြီးချုပ် ဟွန်မာနက်က ၎င်း၏ Facebook တွင် ဖော်ပြထားပါသည်။

ကိုးကား- Bangkok post

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃