ယူကရိန်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး အမှုဆောင်ရှေ့နေချုပ်က သမ္မတ Zelensky ကို ပြင်းပြင်းထန်ထန်ဝေဖန်

News Image

  • ယူကရိန်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး အမှုဆောင်ရှေ့နေချုပ်က သမ္မတ Zelensky ကို ပြင်းပြင်းထန်ထန်ဝေဖန်

ယူကရိန်းနိုင်ငံ၏ အဆင့်မြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အမှုဆောင်ရှေ့နေချုပ်က သမ္မတ ဗလာဒီမာ ဇီလန်စကီးအား နိုင်ငံ၏ လွတ်လပ်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများကို ပြင်းထန်စွာ အားနည်းစေသည်ဟု စွပ်စွဲခဲ့ပြီး ဆန္ဒပြသူများနှင့် အနောက်နိုင်ငံများ၏ ဖိအားကြောင့် ၎င်း၏ဆုံးဖြတ်ချက်ပြန်လည်ပြောင်းလဲမှုသည် ပြန်လည်ကုစားမရနိုင်သော ပျက်စီးမှုကို မဖြေရှင်းနိုင်ဟု သတိပေးခဲ့သည်။ 

ဇီလန်စကီး၏ အထူးအဂတိလိုက်စားမှုတိုက်ဖျက်ရေးရုံး (SAPO) နှင့် အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို (NABU) တို့ကို အုပ်ချုပ်ရေး အာဏာလက်အောက်သို့ ထည့်သွင်းရန် ဆုံးဖြတ်ချက်ကြောင့် ပြည်တွင်း ဆန္ဒပြမှုများ နှင့် နိုင်ငံတကာဝေဖန်မှုများ တိုးပွားနေချိန်တွင် ထိုကဲ့သို့သော ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဇီလန်စကီးက ယခုအခါ အငြင်းပွားဖွယ်ဥပဒေကို ပြန်လည်ရုပ်သိမ်းရန် ဥပဒေကြမ်းအသစ်တစ်ရပ် တင်သွင်းခဲ့သော်လည်း SAPO ၏ ခေါင်းဆောင် အလက်ဇန်းဒါး ကလီမန်ကိုက ပြင်းထန်ပြီး ရေရှည် အကျိုး သက်ရောက်မည့် ပျက်စီးမှုများ ဖြစ်ပြီးသွားပြီဟု ခိုင်မာစွာ ပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂