ယူကရိန်းကို ထောက်ပံ့နေရသည့် အမေရိကန်အခွန်ထမ်းများ၏ ဝန်ထုပ် ဝန်ပိုး မကြာမီ ပေါ့ပါးသွားနိုင်ကြောင်း NATO ဆိုင်ရာ US ကိုယ်စားလှယ် ပြောကြား

News Image

  • ယူကရိန်းကို ထောက်ပံ့နေရသည့် အမေရိကန်အခွန်ထမ်းများ၏ ဝန်ထုပ် ဝန်ပိုး မကြာမီ ပေါ့ပါးသွားနိုင်ကြောင်း NATO ဆိုင်ရာ US ကိုယ်စားလှယ် ပြောကြား

ဥရောပနိုင်ငံများအနေဖြင့် အမေရိကန်ထံမှ လက်နက်များ ဝယ်ယူ၍ ယူကရိန်းသို့ ထောက်ပံ့ခြင်းမှာ အမေရိကန်အခွန်ထမ်းများ၏ ဝန်ထုပ်ဝန်ပိုး ကို သက်သာရာရစေမည်ဖြစ်ကြောင်း နေတိုးဆိုင်ရာ အမေရိကန် အမြဲတမ်း ကိုယ်စားလှယ် Matthew Whitaker က ပြောကြားလိုက်ပါသည်။

“သမ္မတဒေါ်နယ်ထရမ့်က NATO မဟာမိတ်များအနေဖြင့် အမေရိကန် လက်နက်များနှင့် ခဲယမ်းမီးကျောက်များ ဝယ်ယူပြီး ယူကရိန်းအား ပံ့ပိုး ပေးမည့် ယခုယန္တရားကို ကြေညာခဲ့ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ပါက အမေရိကန်အခွန်ထမ်းပြည်သူများ၏ ဝန်ထုပ်ဝန်ပိုး အတော်ပေါ့သွားမှာပါ” ဟု သံတမန်က Newsmax TV နှင့် အင်တာဗျူးအစီအစဉ်တွင် ပြောကြား ခဲ့ပါသည်။ 

အဆိုပါယန္တရားအသစ်မှာ အမေရိကန်၏ ပါဝင်မှုအဆင့်ကို အားနည်းစေ နိုင်သော်လည်း ၎င်းတို့အတွက် အားကောင်းစေကြောင်း Whitaker က ထောက်ပြထားပါသည်။ 

ဝါရှင်တန်သည် အမေရိကန် အလုပ်သမားများက ထုတ်လုပ်သော လက်နက်များကို ရောင်းချပြီး နိုင်ငံတွင်း အလုပ်အကိုင် ရရှိစေရေးနှင့် နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းကို ပံ့ပိုးပေးနိုင်ပါကြောင်း၊ အမေရိကန် သည် ဥရောပ၏ လုံခြုံရေးတာဝန်ကို တိုက်ကြီးနိုင်ငံများသို့ အောင်မြင်စွာ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း သံတမန် ပြောကြားချက်အရ သိရှိရ ပါသည်။ 

ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နေတိုးအတွင်းရေးမှူးချုပ် Mark Rutte နှင့် တွေ့ဆုံရာတွင် ၎င်းတို့ နှစ်ဦး သည် ဥရောပနိုင်ငံများ၏ ကုန်ကျစရိတ်ဖြင့် ယူကရိန်းသို့ အမေရိကန် လက်နက်များ ပေးအပ်ရန် သဘောတူညီခဲ့ကြောင်း ကြေညာခဲ့ကြ ပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃