ကနေဒါဝန်ကြီးချုပ် Justin Trudeau သည် ရာထူးမှ နှုတ်ထွက်ရန် ကြေညာ
ကနေဒါဝန်ကြီးချုပ် Justin Trudeau သည် ကိုးနှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက်တွင် ရာထူးမှ နှုတ်ထွက်ရန် ကြေညာခဲ့ကြောင်း BBC က ဖော်ပြထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကနေဒါနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Chrystia Freeland ရုတ်တရက် ရာထူးနုတ်ထွက်ပြီးနောက် ထရူးဒူးအား ၎င်း၏ လစ်ဘရယ် ပါတီအတွင်း ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ပေးရန် တောင်းဆိုမှုများရှိခဲ့သည်။
ကနေဒါနှင့် မက္ကဆီကို နှစ်နိုင်ငံစလုံးမှ ဖြတ်ကျော်လာသည့် ကုန်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း အမေရိကန် ရွေးကောက်ခံ သမ္မတထရမ့်၏ ခြိမ်းခြောက်မှုကလည်း ထရူးဒူး ရာထူးမှ နုတ်ထွက်ရခြင်းက အစိတ်အပိုင်းတစ်ရပ် ဖြစ်နေ ကြောင်း သိရှိရသည်။
ထရူးဒူးသည် ရာထူးမှနှုတ်ထွက်သော်လည်း ပါတီ အကြီးအကဲအသစ်ကို မရွေးချယ်မီအထိ လစ်ဘရယ် ခေါင်းဆောင်အဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ဇန်နဝါရီ ၆ ရက်နေ့တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရွေးကောက်ပွဲကို လာမည့်အောက်တိုဘာလ နှောင်းပိုင်း တွင် ကျင်းပရမည်ဖြစ်ပြီး အတိုက်အခံကွန် ဆာဗေးတစ်ကို ထောက်ခံသူများ ပိုမိုအားကောင်းလာပြီး ၎င်း ဦးဆောင်သော ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်နိုင်ချေများနေကြောင်း သိရှိရသည်။
ကိုးကား - BBC