အိန္ဒိယနိုင်ငံမြောက်ပိုင်း အွတ်တာပရာဒေ့ရှ်ပြည်နယ်တွင် လူအုပ်ပြိုကျ အနည်းဆုံး ၃၉ ဦးသေဆုံး

News Image

  • အိန္ဒိယနိုင်ငံမြောက်ပိုင်း အွတ်တာပရာဒေ့ရှ်ပြည်နယ်တွင် လူအုပ်ပြိုကျ အနည်းဆုံး ၃၉ ဦးသေဆုံး

မွမ်ဘိုင်း၊ မတော်တဆမှု

အိန္ဒိယနိုင်ငံမြောက်ပိုင်း  အွတ်တာပရာဒေ့ရှ်ပြည်နယ်ရှိ ဘာသာရေးပွဲတော်တစ်ခုတွင် ဇန်နဝါရီလ၂၉ ရက် အစောပိုင်းက လူအုပ်ပြိုကျခဲ့ရာ အနည်းဆုံးလူ ၃၉ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်သည်  ဘက်ပက်ခရိုင်မဟာခမ့်မီလာတွင် ဘာသာရေးပွဲတော်ကျင်းပရာနေရာ၌ နံနက်အစောပိုင်းက ဖြစ်ပွားခြင်းဖြစ်ပြီး ၅၀ ကျော် ဒဏ်ရာရရှိသွားသည်။ အဆိုပါပွဲတော်သို့ လူသန်းပေါင်းများစွာလာရောက်ခဲ့ပြီး သေဆုံးသူအရေအတွက်အတိအကျကို အာဏာပိုင်များက ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။

လက်ရှိတွင်  လူအုပ်ပြိုကျမှုကြောင့်သေဆုံးသူများ၏ ရုပ်အလောင်းများကို တာဝန်ရှိသူများက ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်းသိရသည်။

သေဆုံးသူဦးရေမှာ  မြင့်တက်လာဖွယ်ရှိကြောင်း အွတ်တာပရာဒေ့ရှ်ပြည်နယ်ရဲတပ်ဖွဲ့မှ   အရင်းအမြစ်တစ်ခုကပြောသည်။

အဆိုပါပွဲတော်သည် ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ်ထားရာပွဲတော်တစ်ခုဖြစ်ပြီး ၎င်းပွဲတော်အား ရက်သတ္တခြောက်ပတ်ကြာကျင်းပရန် စီစဉ်ထားသည်။

အဆိုပါဘာသာရေးပွဲတော်သို့ လူသန်း၂၀၀ အထိ လာရောက်မည်ဟု တာဝန်ရှိသူများကခန့်မှန်းထားကြောင်းသတင်းဌာနတစ်ခု၏ထုတ်ပြန်ချက်အရသိရသည်။

Source: Myawady Web Portal