တောင်ဆူဒန်တွင် အပေါ့စားလေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူ ၂၀ ဦးသေဆုံး
ခါတွန်း၊ မတော်တဆမှု
တောင်ဆူဒန်နိုင်ငံ ယူနစ်တီပြည်နယ်တွင် ဇန်နဝါရီလ ၂၉ ရက်က အပေါ့စားလေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူ ၂၀ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။
အဆိုပါလေယာဉ်သည် Greater Pioneer Operating Company ပိုင်လေယာဉ်ဖြစ်ပြီး ယူနစ်တီရေနံမြေမှ ဂျူဘားမြို့သို့ ပျံသန်းထွက်ခွာပြီးနောက်မကြာမီ ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပေါ်တွင် တရုတ်နိုင်ငံသားနှစ်ဦး၊ အိန္ဒိယနိုင်ငံသားတစ်ဦးအပါအဝင် ရေနံမြေအလုပ်သမား ၂၁ ဦး လိုက်ပါလာခဲ့ကြောင်းသိရသည်။
လေယာဉ်ပျက်ကျမှုတွင် ကနဦးက လူ ၁၈ ဦးသာ သေဆုံးခဲ့သော်လည်း နောက်ပိုင်းတွင် ဒဏ်ရာရရှိသူများအနက်မှ နှစ်ဦးထပ်မံသေဆုံးသွားခြင်းဖြစ်ကြောင်း ပြည်နယ်သတင်းနှင့် ပြန်ကြားရေးဝန်ကြီး ဂက်ဝက်ဘိုင်ပါက ပြောသည်။
တောင်ဆူဒန်နိုင်ငံတွင် မကြာမီနှစ်များအတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးထိန်းသိမ်းမှုအားနည်းခြင်းကြောင့် လေကြောင်းပျံသန်းမှုများတွင် မတော်တဆမှုများဖြစ်ပွားခဲ့ရကြောင်းသိရသည်။
Source: Myawady Web Portal