Burj Khalifa သို့မဟုတ် ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အအုံ

News Image

  • Burj Khalifa သို့မဟုတ် ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အအုံ

ယနေ့အချိန်တွင် ကမ္ဘာ့အမြင့်ဆုံးမိုးမျှော် အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် Burj Khalifa သည် အာရပ်စော်ဘွားနိုင်ငံရှိ ဒူဘိုင်းမြို့တွင် တည်ရှိပါသည်။ အမြင့် ၈၂၈ မီတာ (၂၇၁၇ ပေ) ရှိပြီး ၁၆၃ ထပ်ရှိပါ သည်။ 

Burj Khalifa ကို ၂၀၀၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီ ၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ Burj Khalifa အဆောက်အဦ ဒီဇိုင်းကို Skidmore Owing & Merrill (SOM) က ရေးဆွဲခဲ့ပြီး ပင်မအင်ဂျင်နီယာမှာ Bill Baker ဆိုသူဖြစ်ပါသည်။ အဆိုပါအဆောက်အအုံကို Emaar Properties အုပ်စုက တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ စုစုပေါင်း ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ (အမေရိကန် ဒေါ်လာ သန်း ၁၅၀၀) ဖြစ်ပါသည်။ 

Burj Khalifa သည် လူနေအိမ်များ၊ ဟိုတယ်များ၊ ရုံးခန်းများ၊ ဈေးဝယ်စင်တာများ၊ ရူခင်းကြည့်ရှုရန်နေရာများနှင့် လိုက်ဂူများ ပါဝင်တည်ဆောက်ထားပါသည်။ ပထမ ထပ်မှ ၃၉ ထပ်အထိကို Armani Hotel Dubai နေရာယူထားပြီး အထပ် ၄၀ မှ ၁၀၈ ထပ်အထိကို အဆင့်မြင့်လူနေအိမ်ရာများအဖြစ် အသုံးပြုလျက်ရှိပါသည်။ အထပ် ၁၁၂ ထပ်မှ ၁၅၄ ထပ်ကို ရုံးခန်းများ၊ ကုမ္ပဏီများဖွင့်လှစ်ထားပြီး ၁၄၈ ထပ်( ၅၅၅ မီတာ)တွင် ကမ္ဘာ့အမြင့်ဆုံးရှုခင်းကြည့်ရှုရာနေရာ သတ်မှတ်ထားပါသည်။ အထပ် ၁၆၀ အထက်တွင် ဆက်သွယ်ရေးနှင့်နည်းပညာဆိုင်ရာပစ္စည်းကိရိယာများ ထားရှိပါသည်။

Burj Khalifa သည် ကမ္ဘာ့အမြင့်ဆုံးမိုးမျှော် အဆောက်အအုံဖြစ်သလို အောက်ပါစံချိန်များကိုလည်း ပိုင်ဆိုင်ထားပါသည်-

          (၁)     ကမ္ဘာ့အမြင့်ဆုံးအဆောက်အုံ

          (၂)     ကမ္ဘာ့အမြင့်ဆုံးဓာတ်လှေကား  (၅၀၄  မီတာ)

          (၃)     ကမ္ဘာ့အမြင့်ဆုံးရှုခင်းမျှော်ခုံ (၅၅.၇ မီတာ)

          (၄)     ကမ္ဘာ့အမြင့်ဆုံးပြတိုက်နှင့် အနုပညာပြခန်းများ

          (၅)     တစ်နေ့လျှင် လူ ၁၀,၀၀၀ ကျော်သော ရင်းနှီးမြှုပ်နှံသူများနှင့် ခရီးသွားလည်ပတ်သူများ

Burj Khalifa သည် ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံတစ်ခုဖြစ်သလို ဒူဘိုင်း၏ ခေတ်မီမှု၊ နိုင်ငံတကာထင်ရှားမှုကို အကောင်းဆုံးဖော်ပြပေးနေသည့် သင်္ကေတတစ်ခုဖြစ်ပြီး ဒူဘိုင်းကို နိုင်ငံတကာခရီးသွားမြို့တော်တစ်ခုဖြစ်လာစေရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ 

ကိုးကား-Britannica