တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် မြေပြိုမှုဖြစ်ပွား၊ လူ ၃၀ ကျော် ပျောက်ဆုံးလျက်ရှိပြီး ၂၀၀ ခန့်အား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရ

News Image

  • တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် မြေပြိုမှုဖြစ်ပွား၊ လူ ၃၀ ကျော် ပျောက်ဆုံးလျက်ရှိပြီး ၂၀၀ ခန့်အား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရ

 တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားခြင်းကြောင့် လူ ၃၀ ကျော် ပျောက်ဆုံးလျက်ရှိပြီး ဒေသခံပြည်သူ ၂၀၀ ခန့်အား ဘေးကင်းရာသို့  ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

မြေပြိုမှုသည်   ယီပင်းမြို့  ကျွမ်လျန်ခရိုင်ရှိ ကျင်းပင်းကျေးရွာ၌   ဒေသစံတော်ချိန်  နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြေပြိုမှုအတွင်း လူနေအိမ် ၁၀ လုံးပြိုကျသွားခဲ့ပြီးနောက်  အာဏာပိုင်များက သဘာဝကပ်ဘေးဆိုင်ရာ အမြင့်ဆုံးသတိပေးချက် တစ်ရပ်ကို ပြည်နယ်အတွင်း ထုတ်ပြန်ခဲ့ရသည်။

ကယ်ဆယ်ရေးအဖွဲ့များက လူနှစ်ဦးအား မွန်းလွဲပိုင်းတွင်ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်လုပ်ဆောင်လျက်ရှိသည်။

မြေပြိုမှုဖြစ်ပွားရာဒေသသို့ အာဏာပိုင်အဖွဲ့က ပြည်သူ့လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆေးဝါးကုသရေးနှင့် အခြားအဖွဲ့အစည်းများကို စေလွှတ်ထားကြောင်း သိရသည်။

Source: Myawady Web Portal