ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြား

News Image

  • ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြား

နေပြည်တော် မေ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ မေ ၇ ရက်မှစ၍ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ၁၉၄၁ - ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ ဘနူကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။

ထိုသို့အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် အထူးလေယာဉ်ပေါ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို လက်ခံဖြေကြားခဲ့ပြီး မေးမြန်းဖြေကြားမှုအပြည့်အစုံကို ဖော်ပြလိုက်ရပါသည်။

မေး။ ။ ဗိုလ်ချုပ်မှူးကြီးရှင့်၊ မတ် ၃ ရက်မှ ၉ ရက်အထိ သွားရောက်ခဲ့တဲ့ မြန်မာ-ရုရှား ချစ်ကြည်ရေးခရီးစဉ်အတွင်းမှာ ရရှိခဲ့တဲ့ဆွေးနွေးညှိနှိုင်းမှုရလဒ်များက မြန်မာနိုင်ငံအတွက် များစွာအကျိုးရှိခဲ့ပါတယ်။ ယခု မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကိုတက်ရောက်ခဲ့တဲ့ ခရီးစဉ်မှာလည်း ကျွန်မတို့နိုင်ငံအတွက် ဘယ်လိုအကျိုးရလဒ်တွေ ရရှိခဲ့သလဲဆိုတာ သိချင်ပါတယ်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/index.php/news/69713