ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

News Image

  • ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျက်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန၊ ဆရာဝန်၊ ဆရာမများနှင့်အတူ လက်တွဲ၍ ဧရာဝတီဖောင်ဒေးရှင်းမှ အင်ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သား နှစ်ရာကျော်တို့က မေတ္တာဖြင့် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့်လည်း မန္တလေးပြည်သူ့ဆေးရုံကြီး (၉)ထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အပျက်အစီးများ ရှင်းလင်းခြင်း၊ ပျက်စီးခဲ့သည့် အစိတ်အပိုင်းများ ပြုပြင်မွမ်းမံပေးခြင်း၊ လိုအပ်သည့် အဲကွန်းများ ဖြည့်စွက်တပ်ဆင်ပေးခြင်း၊ M&E လုပ်ငန်းများ စစ်ဆေးပြုပြင်ပေးခြင်းနှင့် သန့်ရှင်းရေးတို့ကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

Source: Popular Myanmar