တံတားဦးမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 နောက်ဆက်တွဲ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုကြမည့် ကျောင်းသား/ သူများ သောက်သုံးရေရရှိရေးနှင့် မီးဘေးကင်းဝေးစေရေးတို့အတွက် ကွင်းဆင်း စစ်ဆေး

News Image

  • တံတားဦးမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 နောက်ဆက်တွဲ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုကြမည့် ကျောင်းသား/ သူများ သောက်သုံးရေရရှိရေးနှင့် မီးဘေးကင်းဝေးစေရေးတို့အတွက် ကွင်းဆင်း စစ်ဆေး

တံတားဦး ၊ မေ - ၁၆

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ   ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများ သောက်သုံးရေ အပြည့်အဝရရှိရေး၊ မီးဘေးလုံခြုံမှုရေးရှိရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ သက်ဆိုင်ရာကျောင်းများသို့ မေလ ၁၆ ရက်၊ နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည် ။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူအောင်နှင့် ဝန်ထမ်းများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများ သောက်သုံးရေများ အခက်အခဲမရှိစေရေးအတွက် ရေတွင်းကန်များ ၊ သွယ်တန်းထားသည် ရေပိုက်များ စနစ်တကျရှိရေးတို့အပြင် မီးဘေးလုံခြုံရေးအတွက် သဲ ၊ မီးချိတ်၊ မီးကပ်၊ ရေပုံးများနှင့် လှေကားများထားရှိရေး ၊ မီးသတ်ဆေးဘူးများ စနစ်တကျထားရှိရေး ၊ ပေါက်ပြဲနေသော လျှပ်စစ်ဝါယာကြိုးများအသုံးမပြုရေးတို့ကို သက်ဆိုင်ရာ ကျောင်းကြီးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား အသိပေးဆောင်ရွက်ခဲ့ပါကြောင်းနှင့် အခက်အခဲများရှိပါက မိမိတို့ အနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)