အီရန်နှင့် အစ္စရေးပဋိပက္ခကြောင့် ကမ္ဘာ့ဈေးကွက်၌ ရေနံဈေးနှုန်းများမြင့်တက်လာ

News Image

  • အီရန်နှင့် အစ္စရေးပဋိပက္ခကြောင့် ကမ္ဘာ့ဈေးကွက်၌ ရေနံဈေးနှုန်းများမြင့်တက်လာ

စင်ကာပူ ဇွန် ၁၆ 
အစ္စရေးနှင့် အီရန်တို့ကြား လက်ရှိဖြစ်ပွားနေသည့် စစ်ရေး  ပဋိပက္ခများကြောင့် ယနေ့တွင် ကမ္ဘာ့ရေနံဈေးကွက်၌ ရေနံ ဈေးနှုန်းများ မြင့်တက်လာခဲ့ ပြုကြောင်း သိရသည်။ အစ္စရေးနှင့် အီရန်တို့ကြား ဇွန် ၁၅ ရက်တွင် တတိယမြောက်နေ့အဖြစ် အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီးနောက် ယနေ့တွင် ကမ္ဘာ့ ရေနံဈေးကွက်၌ ရေနံဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့တွင်ကမ္ဘာ့ရေနံဈေးကွက် ၌ စံမှတ်ရေနံဈေးနှုန်းများမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၀ ဒေါ်လာ တစ်နည်း အားဖြင့် ၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ရေနံစိမ်းတစ်စည် လျှင် အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၉၃ ဒေါ်လာထိ ရောက်ရှိခဲ့သည်။

အစ္စရေးနှင့်အီရန်ကြား ပဋိပက္ခများ ကျယ်ပြန့်လာခဲ့ပါက အရှေ့အလယ်ပိုင်းဒေသမှ ရေနံ ပို့ကုန်လုပ်ငန်းများ ထိခိုက်မည့် အရေးစိုးရိမ်နေကြချိန်တွင် ကမ္ဘာ့ ဈေးကွက်၌ ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နည်းတူ ပဋိပက္ခများ ကြောင့် ဟော်မုဇ်ရေလက်ကြား တစ်လျှောက် ရေနံသယ်ပို့ရေး လုပ်ငန်းများထိခိုက်မည့်အရေးကို လည်း ကမ္ဘာ့နိုင်ငံများက စိုးရိမ် လျက်ရှိသည်။

ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့နေ့စဉ် ရေနံထုတ်လုပ်မှု ပမာဏ၏ငါးပုံတစ်ပုံခန့် တစ်နည်း အားဖြင့် ရေနံစည်ပေါင်း ၁၈ သန်း နှင့် ၁၉ သန်းကြား နေ့စဉ်ဖြတ်သန်း နေသော ရေလမ်းကြောင်းဖြစ်ကြောင်း သိရသည်။

Act Ref: Xinhua

Trs: KKO

Photo - The Economic Times

YDNB Newspaper