ထိုင်း သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်သွင်းကုန်များကို ပိတ်ပင်မည်ဟု ကမ္ဘောဒီးယားသတိပေး
ဖနွမ်းပင် ဇွန် ၁၆
ထိုင်းနိုင်ငံအနေဖြင့် နယ်စပ် အဝင်အထွက်ကန့်သတ်ချက်များ ကို ပြန်လည်ရုပ်သိမ်းခြင်းမရှိခဲ့ပါ က ထိုင်းသစ်သီးဝလံနှင့်ဟင်းသီး ဟင်းရွက်သွင်းကုန်များကို ပိတ်ပင် မည်ဖြစ်ကြောင်း ကမ္ဘောဒီးယား အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က ယနေ့တွင် သတိပေး လိုက်သည်။
ပြီးခဲ့သည့်လအတွင်းပေါ်ပေါက် ခဲ့သည့် နယ်စပ်ပြဿနာတစ်ရပ် ကြောင့် ထိုင်းနှင့် ကမ္ဘောဒီးယား တို့ကြား ဆက်ဆံရေးတင်းမာ နေစဉ် ကမ္ဘောဒီးယားအမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၏ အဆိုပါ သတိပေးချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
မေ၂၈ရက်ကနှစ်နိုင်ငံနယ်စပ် ပိုင်ဆိုင်ခွင့်အငြင်းပွားဒေသတစ်ခု ၌ ထိုင်းနှင့်ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် များကြား ၁ဝ မိနစ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ရသည်။
ထိုင်းအစိုးရအနေဖြင့် နယ်စပ် ဝင်ပေါက်ကန့်သတ်ချက်များကို . ၂၄ နာရီအတွင်း ပြန်လည်ရုပ်သိမ်း ခြင်းမရှိပါက ကမ္ဘောဒီးယားနိုင်ငံ ကလည်း ထိုင်းသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပို့ကုန်များကို ပြန်လည်ပိတ်ပင်မည်ဖြစ်ကြောင်း ဟွန်ဆန်က ယနေ့ရုပ်သံမိန့်ခွန်း၌ ပြောကြားထားသည်။
လက်ရှိကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၏ ဖခင်ဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်သည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၌ ဩဇာကြီးမား နေဆဲဖြစ်သည်။
ကမ္ဘောဒီးယား နိုင်ငံသည် နယ်စပ်ပြဿနာကိုအကြောင်းပြု ၍ ထိုင်းရုပ်သံဇာတ်လမ်းတွဲများ ပြသခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း သိရသည်။
Ref: Xinhua
Trs: KKO