အိန္ဒိယ၌ မြစ်ကူးတံတားပြိုကျမှုဖြစ်ပွား လူနှစ်ဦးသေဆုံး၍ ၃၂ဦး ဒဏ်ရာရရှိ
ဒေလီ ဇွန် ၁၆
အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်တြပြည်နယ် ပူနေးမြို့ ၌ ဇွန် ၁၅ ရက်က မြစ်ကူးတံတား တစ်စင်းပြိုကျခဲ့ရာ အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ရကြောင်း ပြည်နယ်တာဝန်ရှိသူများက ပြော ကြားခဲ့သည်။
ပြိုကျခဲ့သည့်တံတားမှာ အင်ဒရာ ယာနီအမည်ရှိမြစ်ကို ဖြတ်ကျော် တည်ဆောက်ထားသည့် မြစ်ကူး တံတားဖြစ်သည်။
တံတားပြိုကျစဉ်အတွင်း လူ အချို့မြစ်ထဲပြုတ်ကျခဲ့ရာ ရှာဖွေ ရေးလုပ်ငန်းများ လုပ်ဆောင်နေ ကြောင်း မဟာရက်ရှိကြပြည်နယ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တံကားပြိုကျချိန်တွင် လူပေါင်း ၃၂ ဦး ဒဏ်ရာများရခဲ့ပြီး ခြောက်ဦးကို မြစ်ထဲမှကယ်ဆယ်နိုင်ခဲ့သည်။
တံတားပြိုကျမှုအတွင်း ဒဏ်ရာရသူများအနက် ခြောက်ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း အိန္ဒိယ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ အခြေခံ အဆောက်အအုံများ၌ ရှေးယခင်ကပင် ဘေးကင်းလုံခြုံမှုပြဿနာ များရှိခဲ့ရာ အဝေးပြေးလမ်းနှင့်တံတားများပေါ်၌ မတော်တဆမှု များ မကြာခဏဖြစ်ပွားတတ်ကြောင်း သိရသည်။
Ref: Xinhua
Trs: KKO