Boeing-787 Dreamliner နည်းပညာပိုင်းချွတ်ယွင်းချက်များဖြစ်ပေါ်

News Image

  • Boeing-787 Dreamliner  နည်းပညာပိုင်းချွတ်ယွင်းချက်များဖြစ်ပေါ်

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံ သို့ပျံသန်းလာသော ခရီးသည်တင် Boeing-787 Dreamliner လေယာဉ်များသည် နည်းပညာပိုင်းချွတ်ယွင်းချက်များဖြစ်ပေါ်သောကြောင့် လမ်းကြောင်းပြန်လှည့်ခဲ့ရကြောင်း RT သတင်းဌာနက ဇွန်လ ၁၇ ရက်တွင်ဖော်ပြထားသည်။

ဇွန်လ ၁၅ ရက်တွင် ဂျာမနီနိုင်ငံ ဖရန့် ဖတ်မြို့မှ အိန္ဒိယနိုင်ငံဟိုက်ဒရာဘတ် မြို့သို့ပျံသန်းလာသော Lufthansa လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်၊ ဇွန်လ ၁၆ ရက်တွင် ဟောင်ကောင်မှပျံသန်းလာသည့် Air India လေကြောင်းလိုင်းမှခရီးသည်တင်လေယာဉ်၊ လန်ဒန်မြို့မှပျံသန်းလာသည့် British Airways လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တို့သည် ချွတ်ယွင်းချက်ဖြစ်ပေါ်ကာ ထွက်ခွာရာလေဆိပ်သို့ပြန်လှည့်ခဲ့ရပြီး ဇွန်လ ၁၇ ရက်တွင် ဆန်ဖရန်စစ္စကို မြို့မှ မွမ်ဘိုင်းမြို့သို့ပျံသန်းလာသည့် Air India လေကြောင်းလိုင်းမှလေယာဉ်သည် ကိုးကတ္တားမြို့သို့ဆင်းသက်ခဲ့ရကြောင်းသိရသည်။

Ref: Sputnik

Photo-  The Telegraph

MWD Daily Newspaper