ကန်ဂျူးအာကာသနည်းပညာကုမ္ပဏီက ပုဂ္ဂလိကသတင်းအချက်အလက် လက်ဆင့်ကမ်းပေးပို့ရေး ဂြိုဟ်တုကွန်ရက်တစ်ခုကိုတည်ဆောက်ရန် စီစဉ်ထား

News Image

  • ကန်ဂျူးအာကာသနည်းပညာကုမ္ပဏီက ပုဂ္ဂလိကသတင်းအချက်အလက် လက်ဆင့်ကမ်းပေးပို့ရေး ဂြိုဟ်တုကွန်ရက်တစ်ခုကိုတည်ဆောက်ရန် စီစဉ်ထား

ပေကျင်း ဇွန် ၁၇ 
တရုတ်နိုင်ငံ အခြေစိုက် ကန်ဂျူး အာကာသနည်းပညာကုမ္ပဏီသည် ပုဂ္ဂလိကသတင်း အချက်အလက် လက်ဆင့်ကမ်း ပေးပို့ရေးဂြိုဟ်တုကွန်ရက်တစ်ခု ၁၅ ကို တည်ဆောက်ရန် စီစဉ်ထားကြောင်း ဇွန် ၁၆ ရက်သတင်းများ အရ သိရသည်။
မိမိတို့၏ သတင်းအချက်အလက်လက်ဆင့်ကမ်းပေးပို့ရေး ဂြိုလ်တုကွန်ရက်သည် ဝင်ရိုးစွန်းဒေသများအပါအဝင် တစ်ကမ္ဘာလုံးအတွက် ဝန်ဆောင်မှုပေးနိုင်ကြောင်း ကန်ဂျူးကုမ္ပဏီ တာဝန်ရှိသူများက ပြောကြားသည်။ 
ကန်ဂျူးကုမ္ပဏီ ၏ သတင်းအချက်အလက် လက်ဆင့်ကမ်း ပေးပို့ရေး ဂြိုဟ်ကုကွန်ရက်ကို ပတ်လမ်းနေရာ သုံးနေရာ၌ ထားရှိမည့် ဂြိုဟ်တု ၁၃ စင်းဖြင့်

ဖွဲ့စည်းထားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် အထက်ပါ သတင်းအချက်အလက် လက်ဆင့်ကမ်းပေးပို့မှု ဂြိုဟ်တုကွန်ရက်၏ ပထမဆုံးဂြိုဟ်တုဖြစ်သည့် ကန် ဂျူး-၁ ဂြိုဟ်တုကို တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။ 
ကန်ဂျူးကုမ္ပဏီသည် အလေး ချိန် ကီလိုဂရမ် ၁၇၀၀ ရှိသည့် ကန်ဂျူး ၁ ဂြိုဟ်တုကို ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် လွှတ်တင်ရန် စီစဉ်ထားသည်။
ကန်ဂျူးကုမ္ပဏီသည် ၎င်း၏ ကန်ဂျူး သတင်းအချက်အလက် လက်ဆင့်ကမ်းပေးပို့ရေး ဂြိုဟ်တုကွန်ရက်ကို အာကာသပိုးလမ်းမ၏ တစ်စိတ်ပိုင်းအဖြစ် ရည်ညွှန်းထားကြောင်း သိရသည်။

Ref: Xinhua News

Τrs: KKO

YDNB Newspaper

နည်းပညာသတင်း