တရုတ်က AI တွင် ရင်းနှီးမြှုပ်နှံမှု ယွမ်ဘီလီယံ ၆၀၀ မှ ၇၀၀ အထိရှိမည်

News Image

  • ai

တရုတ်နိုင်ငံသည်    ဉာဏ်ရည်တုနည်းပညာ(AI)အတွက်  ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုသည် ယွမ်ဘီလီယံ  ၆၀၀ မှ ၇၀၀ အထိရှိလာနိုင်ကြောင်း  အမေရိကန်ဘဏ်က ထုတ်ပြန်ထားသည်။

ထိုပမာဏသည် ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံက အသုံးပြုခဲ့သော AI တွင်ရင်းနှီးမြှုပ်နှံမှု ပမာဏထက် ၄၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ်သည်။

အဆိုပါရင်းနှီးမြှုပ်နှံမှု ပမာဏအနက် အစိုးရက အသုံးပြုသော ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယွမ်ဘီလီယံ ၄၀၀ အထိရှိပြီး အင်တာနက် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံ မှုမှာ ယွမ် ၁၇၂ ဘီလီယံအထိရှိလာနိုင်ကြောင်း အမေရိကန်ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံက ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လာခြင်းကြောင့် Deep-Seek ကဲ့သို့သော AI ကုမ္ပဏီများက အချိန်တိုအတွင်း အောင်မြင်လာခြင်းဖြစ်သည် ကိုမြင်တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့က AI နည်းပညာတွင် လွှမ်းမိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေစဉ်  ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

MWD Portal