ပိုင်နက်မြေပေါ်မှတစ်ဆင့် ပထမဆုံး ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ဂျပန်တပ်မတော်ပြုလုပ်

News Image

  • ပိုင်နက်မြေပေါ်မှတစ်ဆင့် ပထမဆုံး ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ဂျပန်တပ်မတော်ပြုလုပ်

တိုကျို ဇွန် ၂၅

ဂျပန်ပိုင်နက်မြေပေါ်မှတစ်ဆင့် ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုကို ဂျပန်တပ်မတော်က ပထမဆုံးအကြိမ်အဖြစ် ဇွန် ၂၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ဂျပန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။

ဇွန် ၂၄ ရက် စမ်းသပ်မှုတွင် ဂျပန်တပ်ဖွဲ့ဝင်များသည် ပုံစံ-၈၈ အမျိုးအစား မြေပြင်မှ ရေပြင်ပစ် ဒုံးကျည်တစ်စင်းကို ဟော့ကိုင်းဒိုး ကျွန်းမှတစ်ဆင့် ပစိဖိတ်ရေပြင် အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

ပုံမှန်အားဖြင့် နေရာအကန့် အသတ်နှင့်လုံခြုံရေးပြဿနာများကြောင့် ဂျပန်နိုင်ငံသည် ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုများကို အမေရိကန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့၌ ပြုလုပ်လေ့ရှိသည်။

သို့ရာတွင် လက်ရှိနိုင်ငံတကာ လုံခြုံရေးအခြေအနေများအရ ဂျပန်တပ်မတော်အနေဖြင့် ကျည်စစ်သုံး စစ်ရေးလေ့ကျင့်မှုများကို ဂျပန်မြေပေါ်မှာပင် ပြုလုပ်ရန် လိုပြီဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ဒေသတွင်း စစ်ရေးဩဇာကြီးမားလာချိန်တွင် ဂျပန်တပ်မတော်က ဂျပန်မြေပေါ် မှတစ်ဆင့် ပထမဆုံးဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဂျပန်တပ်မတော်သည် ဇွန်၂၉ ရက်တွင်လည်း ပုံစံ-၈၈ မြေပြင်မှ  ဝေဟင်ပစ်ဒုံးကျည်တစ်စင်း ထပ်မံ စမ်းသပ်ရန် စီစဉ်ထားကြောင်း သိရသည်။

Ref: RT

Trs: KKO

YDNB Newspaper