မြောက်ကိုရီးယားသို့ သမ္မာကျမ်းစာများပို့ရန်ကြိုးပမ်းသူ အမေရိကန်နိုင်ငံသားခြောက်ဦးကို တောင်ကိုရီးယားဖမ်းဆီး

News Image

  • မြောက်ကိုရီးယားသို့ သမ္မာကျမ်းစာများပို့ရန်ကြိုးပမ်းသူ အမေရိကန်နိုင်ငံသားခြောက်ဦးကို တောင်ကိုရီးယားဖမ်းဆီး

မြောက်ကိုရီးယားသို့ သမ္မာကျမ်းစာများပို့ရန်ကြိုးပမ်းသူ အမေရိကန်နိုင်ငံသားခြောက်ဦးကို တောင်ကိုရီးယားဖမ်းဆီး

မြောက်ကိုရီးယားနိုင်ငံသို့    သမ္မာကျမ်းစာများပို့ရန်ကြိုးပမ်းသူ အမေရိကန်နိုင်ငံသားခြောက်ဦးကို တောင်ကိုရီးယားရဲတပ်ဖွဲ့က ဇွန်လ ၂၇ ရက်တွင်ဖမ်းဆီးလိုက်နိုင်ကြောင်းသိရသည်။

အဆိုပါအမေရိကန်နိုင်ငံသားခြောက်ဦးသည် ပလတ်စတစ်ဘူး ထောင်ပေါင်း များစွာတွင် ဆန်များ၊ တစ်ဒေါ်လာတန် ငွေစက္ကူများနှင့် သမ္မာကျမ်းစာများထည့် သွင်း၍ ဂန်းဝါကျွန်းကမ်းလွန်မှ မြောက် ကိုရီးယားနိုင်ငံသို့ပို့လွှတ်ရန်ကြိုးပမ်းနေ စဉ် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကို ခံရခြင်းဖြစ်သည်။

အသက် ၂၀ မှ ၅၀ ကြားဝန်းကျင်ရှိ ထိုအမေရိကန်နိုင်ငံသားများက သဘာဝဘေးအန္တရာယ်များနှင့် ဘေးကင်းလုံခြုံမှု ဆိုင်ရာစီမံခန့်ခွဲရေး အက်ဥပဒေကို ချိုးဖောက်မှုဖြင့် အဖမ်းခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဂန်းဝါကျွန်းသည် တောင်ကိုရီးယားနိုင်ငံမှ မြောက်ကိုရီးယားနိုင်ငံသို့ အနီးဆုံးသွားနိုင်သော နယ်မြေတစ်ခုဖြစ်ပြီး မြောက်ကိုရီးယားကို ဆန့်ကျင်သောအဖွဲ့အစည်းများက ဝါဒဖြန့်မိုးပျံပူဖောင်းများ လွှတ်တင်လေ့ရှိသောနေရာတစ်ခုဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၌ လီဂျေမြောင်က သမ္မတအဖြစ်တာဝန်ယူပြီးနောက် နှစ်နိုင်ငံကြားဆက်ဆံရေး ကောင်းမွန်စေရန် ရည်ရွယ်၍ မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ မိုးပျံပူဖောင်းများလွှတ်တင်၍ ဝါဒဖြန့်ချိမှုများ   လုပ်ဆောင်ခြင်းမပြုရန် တားမြစ်ထားကြောင်းသိရသည်။

Ref: TST

MWD Web Portal