အိန္ဒိယဆေးဝါးစက်ရုံတစ်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွား အနည်းဆုံး ရှစ်ဦးသေဆုံး၍ ဦးရေ ၂၀ ကျော်ဒဏ်ရာရရှိ
ဒေလီ ဇွန် ၃၀
အိန္ဒိယနိုင်ငံ တီလန်နာဂါ ပြည်နယ် ဆေးဝါးစက်ရုံတစ်ရုံ၌ ယနေ့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူရှစ်ဦးသေဆုံး ၍ ဦးရေ ၂၀ ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် စက်ရုံကို ဆီဂါချီဆေးဝါးထုတ်လုပ် ရေးကုမ္မဏီက ပိုင်ဆိုင်ကြောင်း အိန္ဒိယတာဝန်ရှိသူများက ပြော ကြားခဲ့သည်။
စက်ရုံပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများအနက် လေးဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း တီလန်နာဂါပြည်နယ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ယင်းအပြင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စက်ရုံအတွင်း အလုပ်သမား ၁၀ ဦး ပိတ်မိနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် ဆေးဝါးစက်ရုံပေါက်ကွဲမှုဖြစ်ပွားရခြင်း၏ နောက်ခံအကြောင်းရင်းကို အိန္ဒိယ တာ၀န်ရှိသူများက စုံစမ်းစစ်ဆေး နေကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုသည် စက်ရုံ၏ ဓာတ်ပေါင်းဖိုခန်းရှိရာ နေရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း တီလန်နာဂါပြည်နယ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Ref: Xinhua
Trs: KKO
YDNP